Category: ပြည်တွင်းသတင်း

မိုက်ကယ်ကျော်မြင့်အား လက်ခံထားခဲ့သော ယောက္ခမဖြစ်သူကို ဝရမ်းပြေးလက်ခံထားရှိမှုဖြင့် အမှုဖွင့်

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ကုန်းကံရွာနေ မိုက်ကယ်ကျော်မြင့်ရဲ့ ယောက္ခမဖြစ်သူ အသက် ၈၀ အရွယ် ဦးကျော်မောင်ကို ရာဇသတ်ကြီး ပုဒ်မ ၂၁၆ ဝရမ်းပြေး အိမ်မှာလက်ခံထားရှိမှုနဲ့ အမှုဖွင့် အရေးယူလိုက်တယ်လို့ ပင်းတလဲရဲစခန်းက ပြောပါတယ်။ ဝမ်းတွင်းမြို့နယ် ပင်းတလဲရဲစခန်း တာဝန်ကျရဲအရာရှိက “မိုက်ကယ်ကျော်မြင့်ကို မနေ့က သူ့ယောက္ခမအိမ်မှာ ဖမ်းမိတယ်။ ဒီနေ့မနက်ပဲ သူ့ယောက္ခမ ဦးကျော်မောင်ကို ဝရမ်းပြေး လက်ခံထားမှုနဲ့ အမှုဖွင့်တယ်”လို့ ပြောပါတယ်။ရန်ကုန် တောင်ဒဂုံမြို့နယ်ရှိ အစ္စလာမ်ဘာသာဝင်တွေရဲ့ ယာယီဝတ်ပြုနေရာကို မေလ ၁၄ ရက်နဲ့ ၁၆ ရက် ညတွေက မိုက်ကယ်ကျော်မြင့်နဲ့ သီဟမျိုးနိုင်တို့ဦးဆောင်တဲ့ လူစုလူဝေးက လာရောက် တားမြစ်ခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မိုက်ကယ်ကျော်မြင့်ကို တောင်ဒဂုံမြို့နယ် အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ပြီး အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ မြို့နယ်တရားရုံးမှာ အမှုဖွင့်ခဲ့ရာမှာ မိုက်ကယ်ကျော်မြင့်က ထွက်ပြေးတိမ်းရှောင်နေခဲ့တာပါ။မိုက်ကယ်ကျော်မြင့်နဲ့သီဟမျိုးနိုင်တို့ကို ဝရမ်းထုတ်ပြီး...

မီတာဖတ်စာရေး အင်အားမလုံလောက်မှုကြောင့် မီတာခများ ခန့်မှန်းကောက်ခံနေရ

မွန်ပြည်နယ်အတွင်း မီတာဖတ်စာရေးအင်အားမလုံလောက်မှုကြောင့် အိမ်စေ့မီတာ ဖတ်နိုင်ခြင်းမရှိဘဲ ခန့်မှန်းကောက်ယူနေရ ခြင်းများရှိနေကြောင်း မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီးဌာနမှ သိရသည်။ မနိုင်ဝန်ထမ်းနေရ “မီတာစာရေးတစ်ယောက်ကို မီတာအလုံး ရေ ၈၀ဝ ဖတ်ရမယ်လို့ သတ်မှတ်ထားတယ်။ ဒါပေမဲ့ သက်ဆိုင်ရာမြို့နယ် လျှပ်စစ်ရုံးတွေမှာ မီတာစာရေးအင်အား အလုံအလောက်မရှိဘူး။ မီတာဖတ်စာရေးအလိုရှိတယ်လို့ ကြော်ငြာထား ပေမယ့်လည်း လာရောက်လျှောက်ထားတဲ့ သူမရှိဘူး။ အဲဒီတော့ ဖတ်ရမယ့်ဧရိယာနဲ့ လူအင်အားနဲ့က မမျှတဘူးဖြစ်နေတယ်။ သူ့ကို သတ်မှတ်ပေးထားတာ ၈၀ဝ၊ အမှန်တကယ် တာဝန်ယူလုပ်နေရတာက ၁၅၀ဝ ဆိုတော့ သူ့အနေနဲ့ ပြန်စဉ်းစားကြည့်ရင် မနိုင်ဝန် ထမ်းနေရတယ်။ မီတာနဲ့ပတ်သက်ပြီး လကုန်လို့ ဘေလ်မထွက်နိုင်ရင်လည်း အရေးယူခံရဦး မယ်။ အဲဒီတော့ သူတို့မှာလည်း တချို့နေရာ တွေကိုခန့်မှန်းပြီး ထည့်ရတာမျိုးတွေရှိလာ တယ်”ဟု မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးအဖြစ် အသစ်ခန့်အပ်ခြင်းခံရ သည့် ဝန်ကြီးဦးလှထွန်းက...

စနစ်သစ်မှာ လေးတန်းအောင်ပြီး ခြောက်တန်းကို တက်ရောက်သင်ကြားရတဲ့အကြောင်းအရင်း

စတုတ္တတန်း (Grade 5) အောင်မြင်သူတွေက အခုပညာသင်နှစ်ကစပြီး သင်ရိုးသစ် နဲ့ သင်ကြားတဲ့ (ဆဌမတန်း) Grade 6 ကို ပြောင်းလဲသင်ကြားနေရပြီဖြစ်ပါတယ်။သင်ရိုးညွှန်းတမ်းအသစ်မှာ KG တန်း၊ ပထမတန်း (Grade 1) ၊ ဒုတိယတန်း (Grade 2) ၊ တတိယတန်း (Grade 3) စသည်ဖြင့်ခေါ်ဆိုပြီး မူလတန်းအဆင့်ကို Grade (5) အထိ သတ်မှတ်ထားတာပါ။ဒါကြောင့် သင်ရိုးဟောင်းနဲ့ စတုတ္တတန်း (Grade 5 ) အောင်မြင်ပြီးသူတွေအနေနဲ့ စနစ်သစ်နဲ့ သင်ကြားမယ့် အလယ်တန်းအဆင့် ဆဌမတန်း (Grade 6) ကို တက်ရောက်သင်ကြားရတာဖြစ်ပါတယ်။ စနစ်သစ်အပြောင်းအလဲမှာ လေးတန်းအောင်ပြီး ခြောက်တန်းကို ရောက်သွားတယ်လို့ ထင်နေကြတဲ့အပေါ် ပညာရေးသုတေသနစီမံကိန်းနဲ့ လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်လတ်ထွန်းက အခုလိုရှင်းပြပါတယ်။“ စနစ်သစ်အရ Grade 6 သည်...

ဓာတ်တိုင်​များ တင်​ထားသည့်​ကားကို ဆရာဝန်​ ၆ ဦးလိုက်​ပါလာသည့်​ကားမှ ၀င်​တိုက်​ရာ ၃ဦး​သေဆုံးပြီး ၃ဦး ဒဏ်​ရာရ

ဖျာပုံ-ကျိုက်လတ်-မအူပင် ကားလမ်း ပေါ်ရှိ ဖျာပုံမြို့၊အမှတ် (၁၆)ရပ်ကွက် ဘက်ခြမ်း ချောင်းတွင်းတံတား ခြေဆင်းကွေ့တွင် ဇွန်လ (၁၁)ရက်နေ့ နံနက် ၃ နာရီ ၃၀ မိနစ်အချိန်ခန့်က ဓာတ်တိုင်များတင်ထားပြီးရပ်ထားသည့် (၁၀)ဘီးကား ယာဉ်အမှတ် YGN 9H 3464 အား ယာဉ်မောင်း ဒေါက်တာဝေယံမျိုးထက် မောင်းနှင်းလာသော ဆရာဝန်(၆)ဦးစီးနှင်းလိုက်ပါလာသော ကား YGN 6K 7877 မှ ဝင်တိုက်မိရာ ကွန်ကရစ်ဓာတ်တိုင်များမှာ ကားနောက်မှန်အထိ ထိုးဝင် ပေါက်ထွက်သွားပြီး ယာဉ်မောင်း ဒေါက်တာဝေယံမျိုးထက်တွင် ယာမျက်ခုံးပေါက်ပြဲဒဏ်ရာ၊ယာပါး ပေါက်ပြဲ ဒဏ်ရာ၊ယာမေးရိုးပေါက်ပြဲ ဒဏ်ရာ၊လည်ပင်းပေါက်ပြဲ ဒဏ်ရာတို့ဖြင့် သေဆုံးခဲ့ပြီး ဒေါက်တာ အေးမြတ်သူတွင် မျက်နှာပေါက်ပြဲ ပိန်ချိုင့် ဒဏ်ရာ ဖြင့်သေဆုံးခဲ့ကာ ဒေါက်တာ ပန်ဂျာထွယ် မှာ ယာဘက်ဦးခေါင်း၊မျက်နှာယာ ဘက်ခြမ်း ပိန်ချိုင့် ပေါက်ပြဲ ဒဏ်ရာ တို့ဖြင့် သေဆုံးခဲ့ပါတယ်။...

ကျောက်မဲမြို့မှ အရပ် ၃ ပေရှိကျောင်းသူ ဆယ်တန်းစာမေးပွဲ ၄ နှစ်ဆက်ဖြေဆိုရာ အောင်မြင်

ကျောက်မဲမြို့မှ အရပ် ၃ ပေသာရှိသော ကျောင်းသူ မအင်ကြင်းခိုင်သည် ၄င်း၏အရပ်နှင့် ကျောင်းတက်ရသည်မှာ အဆင်မပြေဖြစ်ခဲ့သော်လည်း ဇွဲမလျှော့ပဲ ကြိုးစားခဲ့ရာ ၂၀၁၈-၁၉ ခုနှစ် ပညာသင်နှစ် တက္ကသိုလ် ၀င်စာမေးပွဲတွင် လေးနှစ်မြောက်ကြိုးစားမှုအဖြစ် စာမေးပွဲအောင်မြင်ခဲ့ကြောင်းသိရသည်။ ဖြေဆိုခဲ့ပြီး ပညာသင်ကြားရာ၌ အရပ်အမောင်းကြောင့် လွယ်အိပ်လွယ် သည်မှစ၍ စာသင်ခုံတွင် ထိုင်ရချိန်များ၌ အဆင်မပြေဖြစ်ခဲ့သော်လည်း သူငယ်ချင်းများ ဖေးကူမှုဖြင့် ကြိုးစားခဲ့သည်ဟုဆိုသည်။“ဆယ်တန်းအောင်တယ်ဆိုတာ သူ့ဆရာမတွေဖုန်းဆက်လာတော့ အရမ်းကိုဝမ်းသာသွားလို့ ဖုန်းကိုင်ထားတဲ့ လက်တွေတောင်တယ်။ သမီးလေးဆယ်တန်းအောင်သွားတာ ထီပေါက်သလို ဝမ်းသာတယ်။ မအောင်မချင်း ဖြေမှာလို့ပြောခဲ့ဘူးတယ်။ အခုတော့ သူပြောတဲ့အတိုင်း အောင်သွားပြီ” ဟု မိခင်ဖြစ်သူ ဒေါ်ညွန့်ညွန့်က ပြောသည်။ မအင်ကြင်းခိုင်မှာ ခုံနံပတ် ရမ-၁၀၇၉ ဖြင့် ဖြေဆိုခဲ့ပြီး အသက် ၂၀ နှစ်ပြည့်တော့မည်ဖြစ်၍ တက္ကသိုလ်ဝင်တန်းအောင်မြင်ရန် သူငယ်ချင်းများဖေးကူမှုနှင့်အတူ ဇွဲမလျှော့ပဲ အရမ်းကြိုးစားခဲ့ကြောင်း၊ သူငယ်ချများက အောင်မြင်သွားခဲ့စဉ် စိတ်ဓါတ်...

ဝရမ်းထုတ်ခံထားရသော မိုက်ကယ်ကျော်မြင့်အား ၎င်း၏ ယောက္ခမ အိမ်တွင်ဖမ်းမိ

ဝရမ်းထုတ်ထားသူ မိုက်ကယ်ကျော်မြင့်အား ဝမ်းတွင်းမြို့နယ်၊ ဖလမ်းကျင်းကျေးရွာရှိ ၎င်း၏ ယောက္ခမဖြစ်သူ နေအိမ် တွင် ယနေ့မွန်းလွဲ ၁ နာရီခွဲခန့်က ဖမ်းမိခဲ့ကြောင်း ဝမ်းတွင်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်က ဧရာဝတီသို့ အတည်ပြုပြောသည်။ ယောက္ခမဖြစ်သူထံ မိုက်ကယ်ကျော်မြင့် လာရောက်တည်းခိုနေကြောင်း ပြည်သူတဦး၏ သတင်းပေးချက်အရ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လတ်တလောတွင် ၎င်းအား မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့တွင် ဖမ်းဆီးထိန်းသိမ်းထားကာ အမှုစွဲထားရာ ရန်ကုန်တိုင်း ဒေသကြီး၊ တောင်ဒဂုံရဲစခန်းသို့ လွှဲပြောင်းမည်ဖြစ်ကြောင်း သိရသည်။ မိုက်ကယ်ကျော်မြင့် ဦးဆောင်သည့် လူများအနေဖြင့် မေလ ၁၅ ရက်နေ့ညနှင့် ၁၆ ရက်နေ့ညများတွင် တောင်ဒဂုံမြို့နယ်၊ ၂၆ ရပ်ကွက်၊ ၆၄ ရပ်ကွက်၊ ၁၀၆ ရပ်ကွက်တို့ရှိ ဘာသာရေးဝတ်ပြုနေရာများအား ဝတ်ပြုခြင်းမပြုရန် ဝင်ရောက်တာမြစ်မှုများ ပြုလုပ်ခဲ့သည်။ ထိုလုပ်ဆောင်မှုကြောင့် ဦးဆောင်သူ မိုက်ကယ်ကျော်မြင့်နှင့် သီဟမျိုးနိုင် ဆိုသူတို့အား အစိုးရအား အကြည်ညိုပျက် စေမှု...

လမ်းဘေးခွေးတွေကို လာရောက်ဖမ်းဆီးချိန် ဝှက်ထားပါက အကန့်အသတ်မရှိလက်ခံနိုင်တဲ့ နောင်ဘဝဆိုတဲ့နေရာကို ပို့ရလိမ့်မည်ဟုဆို

လမ်းဘေးခွေးတွေကို ဂေဟာပို့ဖို့ ဖမ်းချိန်မှာ ဝှက်မထားဖို့နဲ့ ဂေဟာက လက်မခံနိုင်တော့ရင် နောက်ကျကျန်နေတဲ့ ခွေးတွေကို အကန့်အသတ်မရှိလက်ခံတဲ့ နောင်ဘဝ လို့ အမည်ရတဲ့ နေရာကို ပို့ရလိမ့်မယ်လို့ ဗဟန်း မြို့နယ် စည်ပင်ကော်မတီ ဥက္ကဋ္ဌက ပြောပါတယ်။ လမ်းဘေးလေလွင့်ခွေးတွေကို ရှင်းလင်းဖို့အတွက် ကြိုတင်ကြေညာထားရင် ဝှက်ထားတတ်ကြတယ်လို့ သူက ဆိုပါတယ်။ဒါကြောင့် ဦးဝင်းဗိုလ်က အခုလို ဖမ်းပို့နေတာကို ကြည်ကြည်ဖြူဖြူကူညီကြဖို့ လူမှုကွန်ရက်ကနေ အသိပေးလိုက်တာပါ။“အဲဒီကိစ္စနဲ့ပတ်သက်လို့ ဝှက်ထားတတ်သူများကို အသိပေးပါရစေ။ အခုလမ်းပေါ်က ခွေးတွေကို ဖမ်းပို့နေတာဟာ အဲဒီလက်ခံတဲ့နေရာက လက်ခံနိုင်တဲ့ ခွေးအကောင်ရေ သတ်မှတ်ချက် ရှိပါတယ်။သတ်မှတ်အကောင်ရေပြည့်သွားရင် ဆက်လက်မခံတော့ပါ။ အဲဒါကြောင့် ခုချိန်မှာ ဖမ်းပြီး ပို့နေတာကို ကြည်ကြည်ဖြူဖြူနဲ့ ဝိုင်းဝန်းကူညီကြပါ။ လက်ခံနေတဲ့နေရာမှာ ဆက်လက်မခံ နိုင်တော့ဘူးဆိုရင် နောက်ကျကျန်နေတဲ့ခွေးတွေကို အကန့်အသတ်မရှိ လက်ခံတဲ့ နောင်ဘဝလို့ အမည်ရတဲ့ နေရာကို ပို့ရပါလိမ့်မယ်။ လက်ခံနိုင်တဲ့ ခွေးဂေဟာမရှိလို့...

မင်္ဂလာဒုံမြို့နယ်အတွင်းတရားမဝင် သစ်တင်ကားဖမ်းဆီးရာမှ ရဲတပ်ဖွဲ့ဝင်(၁) ဦး ဒဏ်ရာရရှိပြီး ပစ်ခတ်ဖမ်းဆီးရ

မင်္ဂလာဒုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဇွန်လ ၉ ရက်နေ့ နံနက်စောစော ၆ နာရီအချိန် ရဲလှည့်ကင်းယာဉ်ဖြင့်နယ်မြေအတွင်းလှည့်ကင်းဆောင်ရွက်စဉ် မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီး ကျေးရွာ၊ ဇေကမ္ဘာ R (၁၁)လမ်းပေါ်တွင် မောင်းနှင်လာသော 2D×××× (၆)ဘီးယာဉ်အား မသင်္ကာဖွယ်တွေ့ရှိ၍ တားဆီးစစ်ဆေးရန်ပြုလုပ်စဉ် ရပ်တန့်ပေးခြင်းမရှိသည့်အပြင် ကားခေါင်း ခန်းပါလူများမှဓားရှည်များ ထောင်ပြကာ လေးခွဖြင့်စတင်ပစ်ခတ်ခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင် (၁)ဦး၏ ဝဲပုခုံးထိမှန်ဖူးယောင်ဒဏ်ရာရရှိခဲ့ပြီး ၎င်းယာဉ်က ဆက်လက်မောင်းနှင်ထွက်ပြေး သွားကြောင်း၊ အဆိုပါယာဉ်ထွက်ပြေးလွတ်မြောက်စေရန် 9C××××MARK II ယာဉ်မှ လှည့်ကင်းယာဉ်အား တားဆီးပိတ်ဆို့မောင်းနှင်နေခြင်းများ ပြုလုပ်ကြောင်း၊ ၎င်းယာဉ်အား လှည့်ကင်းယာဉ်မှ ကျော်တက်ပြီး(၆)ဘီးယာဉ်အား ဆက်လက်လိုက်လံဖမ်းဆီးစဉ် ထောက်ကြန့်မြို့၊ လမ်းဆုံအရောက် ရဲတပ်ဖွဲ့မှ သတိပေးပစ်ခတ်တားဆီးရာ ယာဉ်၏နောက်ဘီးအား ထိမှန်ပြီး ၎င်းယာဉ်သည် အမှတ်(၃)လမ်းမကြီး ပိတ်ဆို့ရှာဖွေရေးဂိတ်ရှိ ဘယ်ရီဂိတ်အတားအဆီးများ အားလည်းကောင်း၊ အမြန်လမ်းမကြီးတိုးဂိတ်မောင်းတံအားလည်းကောင်း ဝင်တိုက်၍ ဆက်လက် မောင်းနှင်ထွက်ပြေးပြီး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်(၆/၁)အနီးတွင်...

တောင်ငူမြို့က စေတီဌာပနာ ဖောက်ထွင်းခံရ

ဖောက်ထွင်းခံရတဲ့ ဥမင်တောရကျောင်းကစေတီကို တည်ထားကိုးကွယ်ထားတာ တစ်နှစ်ကျော်ကာလသာရှိသေးပြီး ယခုပျံလွန်တော်မူသွားပြီဖြစ်တဲ့ ယခင်ကျောင်းထိုင်ဘုန်းကြီးက တည်ထားခဲ့တာပါ။ တောရဘုန်းကြီးကျောင်းရှိ စေတီတစ်ဆူကဌာပနာများကို ဖောက်ထွင်းခိုးယူမှုဖြစ်စဉ်တစ်ခု ဇွန်လ (၆)ရက်နေ့က ပဲခူးတိုင်းဒေသကြီးတောင်ငူမြို့နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။ ယခုဖြစ်စဉ်နဲ့ပက်သက်ပြီး တရားခံများကို ယနေ့ထိ စုံစမ်းဆဲဖြစ်ကာ ဖမ်းမမိသေးကြောင်း တောင်ငူမြို့နယ် ထုံးဘိုရဲစခန်းကနေ သိရပါတယ်။ တောင်ငူမြို့နယ် ဒိုးသောင်ကျေးရွာအုပ်စု၊ ပေါင်းလောင်းတိမ်ကျေးရွာ၊ ဥမင်တောရကျောင်းက(၂၄)ပစ္စည်းပဌာန်းစေတီတော် ဖောက်ထွင်းခိုးယူခံရတာပါ။ ဖြစ်စဉ်နဲ့ ပက်သက်လို့ သက်ဆိုင်ရာ နယ်မြေရဲစခန်းကို ဓူဝံ ကဆက်သွယ်မေးမြန်းတဲ့အခါမှာ“ သိရတာက ဇွန်လ(၆)ရက်နေ့ မနက်(၁၀)နာရီလောက်မှသိရတာ။ ဇွန်လ(၅)ရက်နေ့ ညနေပိုင်းကထိ ပုံမှန်တိုင်းဘာမှမဖြစ်သေးဘူးဆိုတော့ ကြားအချိန်အတွင်းမှာ ဖြစ်သွားတာ အချိန်တော့ အတိအကျပြောလို့မရဘူး။ တရားခံတွေကိုလည်းမမိသေးဘူး စုံစမ်းဆဲဆိုတော့ အတိအကျပြောလို့မရသေးဘူး။ စေတီထဲမှာ ဌာပနာပိတ်ထားတဲ့ ရွှေထည်တွေပါသွားတယ်။ တန်ဖိုးက (၁၁)သိန်းကျော်ကျော်လောက်ရှိမယ်။ အခုတရားခံတွေကို ပုဒ်မ (၂၉၅)၊ (၄၅၇) တို့နဲ့ အမှုဖွင့်ပြီး စုံစမ်းရှာဖွေနေတယ်” လို့ ဇွန်လ(၁၀)ရက်နေ့က...

အမြန်လမ်းမကြီးတွင် ထမင်းစားပြီးအပြန် လမ်းဖြတ်ကူးစဉ် ဒုရဲအုပ် ၁ ဦး ကားတိုက်ခံရပြီး သေဆုံး

ရန်ကုန်-နေပြည်တော်အမြန်လမ်း ရဲကင်းက ဒုရဲအုပ်တယောက် မနေ့ညက ထမင်းစားပြီး အပြန် လမ်းဖြတ်ကူးစဉ် ကားတိုက်ခံရလို့ သေဆုံးခဲ့ပြီး သူ့ကို အမြန်လမ်းမကြီး ဥပဒေနဲ့ အမှုဖွင့်လိုက်ပါတယ်။ မနေ့ည ၁၀ နာရီခွဲမှာ ရန်ကုန်-နေပြည်တော် အမြန်လမ်း မိုင်တိုင် ၁၅၈ စမိုးရဲကင်းက ဒုရဲအုပ်ထွန်းဝင်းဟာ လမ်းတဘက်မှာရှိတဲ့ စုပေါင်း သန့်စင်ခန်းနား ဈေးဆိုင်က ထမင်းစားပြီး ပြန်အလာမှာ လမ်းဖြတ်ကူးစဉ် ကားတိုက်ခံခဲ့ရတာလို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ပါတယ်။နေပြည်တော်ကနေ ရန်ကုန်ကို မောင်းလာတဲ့ ဟွန်ဒါဖစ်ကားက တိုက်မိခဲ့တာဖြစ်ပြီး ဒုရဲအုပ်ဟာ နေရာမှာပဲ သေဆုံးခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ တာဝန်အပ အမြန်လမ်းမပေါ် ဖြတ်သန်းသွားလာတာကြောင့် ဆိုပြီး အမြန်လမ်းမကြီး ဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ စမိုးရဲကင်းစခန်းမှူး ရဲအုပ်မင်းနိုင်က ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ထားတဲ့အတိုင်းပဲဖြစ်ပြီး ဖြစ်စဉ်အပေါ် မှတ်ချက်မပေးခဲ့ပါဘူး။ Credit-အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူး