Category: ပြည်တွင်းသတင်း

ပြည်ကြီးတံခွန်မြို့နယ်ရှိ ဝေယံဘုံကျောင်းတိုက်ဝန်းအတွင်းမှ တရားမဝင်သစ် ၃ တန်ကျာ်ကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ် ကြည့်ရှု့ သတင်းပို့ စနစ်-CMRS ဖြင့် သတင်းပေးပို့ ချက်အရ ၁၁-၆-၂၀၁၉ ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ဆရာတော် များပါဝင်သောပူးပေါင်းအဖွဲ့ကပြည်ကြီးတံခွန်မြို့နယ်၊(ဂ)ရပ် ကွက်၊ ဇော်ဂျီလမ်းနှင့်ကုသိုလ်တော်လမ်းကြားရှိ ဝေယံဘုံကျောင်းတိုက်ဝန်းအတွင်းမှ တရားမဝင်ပိတောက်/တမလန်းခွဲသား/ဓါးရွေ (၈၇) ချောင်း (၃.၁၃၄၂)တန်အား ဖမ်းဆီးရမိခဲ့သည်။ တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေးကို စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟုလည်း မြန်မာနိုင်ငံသစ်တောဦးစီးဌာနမှ ယနေ့ (ဇွန် ၁၃) ညနေပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။ Credit-မူရင်းရေးသားသူ

မန္တလေးတွင် ယာဉ်ရပ်နားရန် အခွန်ဆောင်ထားသောနေအိမ်များရှေ့တွင် အခြားယာဉ်များ ဝင်ရောက်ရပ်နားပါက ဒဏ်ရိုက်အရေးယူမည်

“ မသိကြသေးတဲ့ ပုဂ္ဂိုလ်များအတွက်” ဒီလို မျဉ်းဝါ အမှတ်အသား တားထားတဲ့ အိမ်ရှေ့ လမ်းပေါ်မှာ ၁- မိမိတို့ မော်တော်ယာဉ်များကို မရပ်မိကြပါစေနဲ့၊ ၂-အကယ်၍ ရပ်လိုပါကလည်း အိမ်ရှင်ကို အသိပေး ခွင့်တောင်းပြီးမှသာ ရပ်ကြပါ။ ၃- အခွန်ဆောင်ထားတဲ့ အိမ်ရှင်က မကျေ နပ်လို့ စည်ပင်ကို တိုင်းကြားလိုက်လျှင် ဒဏ်ငွေ ၅၀၀၀ဝိ/ကျပ်မှ ၁၀၀၀၀ဝိ/ကျပ်ဟူပါသတဲ့။၎- အကယ်၍ လူမရှိပဲ မော်တော်ယာဉ် ရပ်ထားခဲ့လို့ တိုင်ကြားခံရလျှင် Wheel lock အခတ်ခံရမှာဖြစ်ပြီး ကရိန်နဲ့ အဆွဲခံရမှာ ဖြစ်ပါသတဲ့။ ” စည်ကမ်းမသိ ဒဏ်ခံရမြဲ၊ စည်ကမ်းသိ သတိဖြစ်ခဲ” ဖြစ်နေမှာ စိုးလို့ပါ။ Credit-မေတ္တာဖြင့် ( အရှင်ကဝိန်)

“လက်ဆောင်” ကဗျာပယ်ဖျက်ခြင်းမှာ အစိုးရတွင်တာဝန်ရှိဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ပြော

သင်ရိုးများပယ်ဖျက်ခြင်းကို ပညာရေးဝန်ကြီးဌာနမှပြုလုပ်သည်မှန်သော်လည်း အစိုးရတွင် တာဝန်ရှိကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှဥက္ကဋ္ဌ ဦးသန်းဌေးက ပြောလိုက်သည်။  နေပြည်တော်တွင် ဇွန်လ ၁၁ ရက်ကကျင်းပသော လေဘေးသင့်ပြည်သူများထောက်ပံ့ပွဲတွင် ယခုကဲ့သို့ ပြောခြင်း ဖြစ်သည်။  “ ဆေးလိပ်ကဗျာနဲ့ပတ်သက်လို့လည်းပဲ ဒီနေ့ပညာရှင်တွေဆွေးနွေးနေကြတာအများကြီးပါ။ အဲဒီတော့ တစ်ဦးတစ်ယောက်ရဲ့စိတ်ကူးလေးတစ်ချက်နဲ့ လွယ်လွယ်ကူကူသင်ရိုးတွေဖျက်တယ်ဆိုတာလည်းပဲ တကယ်တော့အစိုးရတစ်ရပ်အနေနဲ့ ဒါအစိုးရကလုပ်တာပဲလေ။ ပညာရေးဝန်ကြီးဌာန မည်သည့် အစိတ်အပိုင်းကပြုပြင်သည်ဖြစ်စေ အစိုးရတာဝန်ရှိမှလုပ်လို့ရတာ။ တာဝန်ခံကိုခံရမယ်။တာဝန်ယူကိုယူရမယ်။ ကျွန်တော်တို့အစိုးရ၊ ကျွန်မတို့အစိုးရက ပြင်လိုက်တာပါလို့ ဒါလက်ကိုခံရမှာပဲ’’ ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှဥက္ကဋ္ဌ ဦးသန်းဌေးက ပြောသည်။ အဋ္ဌမတန်းမှ မယ်ခွေ၏ လက်ဆောင်ကဗျာတွင် ဆေးလိပ်သောက်သည့်အကြောင်းအရာပါဝင်သည်ဆိုကာ သင်ရိုးမှပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။ “ မယ်ခွေရဲ့လက်ဆောင်ကဗျာနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့်မေးပါတယ်။ အဋ္ဌမတန်း မြန်မာစာမှာ မယ်ခွေလက်ဆောင်ကဗျာကို ဖြုတ်ပြီးတော့ အေးခွင့်မဖန်ကဗျာထည့်တဲ့ကိစ္စဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ပညာရေးဝန်ကြီးဌာနကညွှန်ချုပ်တစ်ယောက်ပေါ့။ အဲဒီညွှန်ချုပ်ကိုမေပြည်တော်ကုတင် ၁၀၀၀ က ပါမောက္ခ ဆရာဝန်တစ်ယောက်က ကျန်းမာရေးအရဆေးလိပ်ဆန့်ကျင်ရေးဆောင်ရွက်မှုတွေ လုပ်နေတယ်။...

မန္တလေးကျုံးအရှေ့ဘက်တွင် မည်သူမဆို အခမဲ့စားသုံးနိုင်သည့် Food Box ထားရှိ

မန္တလေးကျုံးရဲ့ အရှေ့ဘက် ၆၆ လမ်း၊ ၂၂ လမ်းနဲ့ ၂၃ လမ်းကြားမှာ လူမျိုးဘာသာ အဆင့်အတန်းမရွေး မည်သူမဆို အခမဲ့ဝင်ယူ စားသုံးနိုင်တဲ့ Food Box တခုကို ပရဟိတ အဖွဲ့တခုက စီစဉ်ပေးထားပါတယ်။ဒီ Food Box နေရာမှာ အရင်က အခမဲ့စာကြည့်တိုက်ပုံးရှိခဲ့ပေမယ် ဇွန်လ ၁၀ ရက်က စတင်ပြီး စာအုပ်၊ ဂျာနယ်တွေအပြင် အအေးဘူးနဲ့ အဆာပြေမုန့်တွေပါ ထည့်ပေးထားတာ ဖြစ်ပါတယ်။ ဒီ Food Box မှာ လိုအပ်တဲ့ အအေးဘူးနဲ့မုန့်တွေကို One To One ပြည်သူကူညီရေး ပရဟိတအဖွဲ့က အမြဲလာရောက် ဖြည့်စွက်လှူဒါန်းနေတာဖြစ်ပြီး ပုဂ္ဂလိက အလှူရှင်တချို့ ကလည်း လာရောက်လှူဒါန်းတာတွေ ရှိနေပါတယ်။One To One ပြည်သူကူညီရေး ပရဟိတအဖွဲ့မှ ဦးဝမ်းက “အခုလို Food Box...

မန္တလေးတွင် မီနီအိုးဝေ ကားသမား အသတ်ခံရ

မန္တ​လေးမှာ ညပိုင်းကျွဲဆွဲကန်ကားကြီးကွင်းကနေ အငှားလိုက်သွားတဲ့သုံးဘီးဆိုင်ကယ်သမားခရီးသည်၎ယောက်မှ နတ်ရေကန်းအနီး ဓားနဲ့ထိုးပြီး သုံဘီးလုယတ်မှုခံရပြီ။ သုံးဘီးပိုင်ရှင်သေဆုံးသွားပြီးတရားခံများမမိသေးပါ။ သုံးဘီးလည်းပြန်တွေ့ပါပြီ။ မြစိမ်းရောင်ခန်းမရှေ့ ၃၅ ၉၀ နားထားခဲ့တာပါ မနေည ၈း၀၀လောက်က အိမ်ကနေကျွဲဆည်ကန်ကိုဧည်သည်လိုက်ပို့ပြီး အထွက်မှာမြစ်ငယ်သွားမှာမို့လိုက်ပို့ခိုင်းတာလူ ၄ ယောက်တဲ့။ တစ်ယောက်ကအချောက်လို့ပြောပါတယ်။ လိုက်ပို့ရင်လမ်းမှာဆီဝင်ထည့်တော့ဆီဆိုင်ကပြောတာပါ။ သူကညပိုင်းဆွဲတဲ့သူမဟုတ်ဘူးတဲ့။ မနေ့ညကကြုံလို့လိုက်ပို့ဖြစ်သွားတာပါ။ ပြီးတော့ သူ့သုံးဘီးကမီးတပ်မထားဘူး။ ကားထဲမှာသူဆုံးတော့ဆေးရုံကနေဖုန်းဝင်လာတာ လမ်းမှာကားတိုက်လို့ပါဆိုပြီး ညိမ်းသုခနာမူကူညီရေးကားနဲ့ အခြောက်တစ်ယောက်ထဲလာပို့ပြီး လက်မှတ်မထိုးဘဲ ပြန်ထွက်သွားတာတဲ့ အဲ့ဒါနဲ့လူမူရေးအသင်းကိုလိုက်သွားတော့ သူမရှိဘူးထွက်သွားပြီ။ သူ့လိပ်စာရော သူ့ဖုန်းနံပါတ်ပါမသိ့ဘူးလို့ပြောပါတယ်။ ဖြစ်နိုင်ရင်အကိုတို့ခရီးသည်နဲ့ကျွန်တော်တိုကြားမှာ သံဇကာခတ်ထားရင် နည်းနည်းတော့စိတ်ချရပါမယ်ဗျာ။ သူလုပ်ခံရတဲ့ပုံစံက အနောက်ကနေချုပ်ပြီး ညာဘက်ရင်အုံကိုဓားနဲ့ထိုးထားတာပါ။ သူထဲကပိုက်ဆံငါးသောင်းနဲ့ဖုန်းယူသွားပါတယ်။ ညဘက်ထွက်ရင်သတိအမြဲရှိပါစေ ။ မူရင်း-Apple Apple.

မသေခင်လှူချင်လို့ ခဏခဏမဖမ်းပါနဲ့ဆိုပြီး မျက်ရည်တွေနဲ့ပြောပြလာတဲ့ မဟာဗန္ဓုလမ်းမ​ပေါ်က ပေါင်မုန့်သည် အဘွားအို

ဘယ်အချိန်လာဖမ်းမှာလဲဆိုပြီး စိုးရိမ်တစ်ကြီးနဲ့ မဟာဗန္ဓုလလမ်းမပေါ် ၃၂လမ်းထိပ်မှာ ပေါင်မုန့်ရောင်းနေတဲ့ ဒေါ်သန်းသန်းတစ်ယောက် ဝယ်သူကို မျှော်နေရှာပါတယ်။ မကြာသေးခင်ကာလက သူရောင်းတဲ့နေရာနဲ့ ပတ်သက်ပြီး တိုင်ကြားခံရလို့ သူ့ပေါင်မုန့်တွေ အသိမ်းခံခဲ့ရပါတယ်။သူ့အတွက် ကျောတစ်ခင်းစာအိပ်စက်ဖို့ ၊ဆေးကုသဖို့၊ ဝမ်းရေးအတွက် ဒီပေါင်မုန့်ကို သူဆက်ရောင်းမှ ရမှာပါ။ ဒါကြောင့် ငွေနှစ်သိန်းချေးယူပြီး ဒီနေရာလေးမှာပဲ ပြေးတစ်လှည့် ပုန်းတစ်လှည့် ပြန်ဖွင့်နေပါတယ်။ ဒီအကြောင်းကို Myanmar Times TV (MTTV) က ရိုက်ကူးတင်ဆက်ထားပါတယ်။ ပရိသတ်ကြီးအတွက် ပေါင်မုန့်သည် အဖွားအိုရဲ့ interview ဗီဒီယိုဖိုင်လေးကိုဖော်ပြပေးလိုက်ပါတယ်နော်။ video ကြည့်ရန် Video Source : myanmar Time

လက်ထောက်ကထိကဆရာတစ်ဦး မီးပျက်လို့ အဆောင်ဝရန်တာထွက်အိပ်ရာမှ ပြုတ်ကျသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ စီးပွားရေး တက္ကသိုလ် မှ လက်ထောက် ကထိက ဆရာတစ်ဦး သည် မီးပျက်၍ လေဝင်လေထွက်ရသော အဆောင် ဝရန်တာကို ထွက်အိပ်ရာက ပြုတ်ကျ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ဇွန်လ ၁၂ ရက်တွင် သတင်း ရရှိသည်။ သေဆုံးသူမှာ အသုံးချ ဘောဂဗေဒ ဌာန မှ လက်ထောက် ကထိက ဦးဇော်မျိုး ဖြစ်ပြီး အသက် ၃၀ အရွယ်ခန့် ရှိသူ တစ်ဦး ဖြစ်ကာ ဗန္ဓုလ အဆောင်၏ ဝရန်တာမှ ဇွန်လ ၁၂ ရက် နံနက်ပိုင်း ၁ နာရီကျော်အချိန်တွင် ပြုတ်ကျသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ဦးဇော်မျိုးသည် ဗန္ဓုလ အဆောင် ၏ အဆောင်မှူးလည်း ဖြစ်ကာ ကျောင်းသား အချို့ နှင့် ဆရာ ဦးဇော်မျိုးတို့...

မလိကျွန်းရေပြင်တွင်မျောလာသည့် ပိုင်ရှင်မဲ့ အိုက်စ်(ရေခဲ)မူးယစ်ဆေးများ ရေတပ်ဆယ်ယူသိမ်းဆည်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ မလိကျွန်းရေပြင်မှာ အိုက်စ်(ရေခဲ)မူးယစ်ဆေးများလို့ ယူဆရတဲ့ ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးတွေ မျှောပါနေတာကို မနေ့က ရေတပ်က ဆယ်ယူသိမ်းဆည်းရမိခဲ့ပါတယ်။ဇွန်လ ၁၁ ရက်နေ့က မလိခြေစိုက်ရေတပ်စခန်းက ရေတပ်သားတွေ ပင်လယ်ပြင်အတွင်း ကင်းလှည့်ဆောင်ရွက်နေစဉ် မလိကျွန်းမြောက်ဘက် ၄ မိုင်လောက် အကွာ မှာ ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးတွေ ရေပြင်မှာ မျှောပါနေတာကိုတွေ့ရှိခဲ့တာပါ။ တရုတ် လက်ဖက်ခြောက် DAGUANYIN စာတမ်းပါအိတ် တကီလိုဝင် ၂၁ ထုတ်နဲ့ ရေထဲ အနည်းငယ်ဝင်ပျော်ဝင်နေတဲ့ တကီလိုပါ ၂ ထုပ်စုစုပေါင်း ၂၃ ထုပ် (၂၃ ကီလိုနီးပါး)ကို သိမ်းဆည်းရမိပြီး ပုလောမြို့နယ် ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်ထားပါတယ်။မြိတ်ခရိုင်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက “မလိကျွန်းကမ်းစပ်နားမှာ အိုက်စ်(ရေခဲ)မူးယစ်ဆေးဝါးလို့ ယူဆထားရတဲ့အရာတွေ မျှောနေလို့ တာဝန်ရှိသူတွေ လိုက်သွားပါတယ်။ ဒီနေ့လည်း ထပ်တွေ့ပါ တယ်။ မလိကျွန်းအုပ်စုနဲ့ ပတ်ဝန်းကျင်ကျေးရွာတွေမှာ လိုက်လံ ရှာဖွေစစ်ဆေးနေ...

ဂိမ်း စွဲလန်းမှုပပျောက်ရေး လုပ်ဆောင်နိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ကျောင်းသား ကျောင်းသူတွေကြားထဲမှာ ဂိမ်းအလွန်အကျွံစွဲလမ်းမှုပပျောက်ရေးလုပ်ဆောင်သွားဖို့ လိုအပ်တယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ဇွန်လ ၁၂ ရက်နေ့က နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းဗဟိုမှာ ကျင်းပတဲ့ ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲမှာ မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောကြားသွားခဲ့တာပါ။ ၂၀၁၆ ခုနှစ်မှဆောင်ရွက်ခဲ့တဲ့ (2016) Myanmar Global School Health Survey –GSHS အရ ကျောင်းသား၊ ကျောင်းသူ ခြောက်ဦးလျှင်တစ်ဦးသည် video ကြည့်တာနဲ့ ဂိမ်းကစားတာ စတဲ့ Screen time အသုံးပြုချိန် ပိုများလာတာကိုတွေ့ရတယ်လို့ စစ်တမ်းကို ကိုးကားပြီး ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။ဒါ့အပြင် ဆယ်ကျော်သက်လူငယ်တွေအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အကြံပြုထားတဲ့ တစ်နေ့ကို အနည်းဆုံး တစ် နာရီလောက် ကိုယ်လက်လှုပ်ရှားမှုရှိရမယ်ဆိုတဲ့ အချက်မှာလည်း ကျောင်းသား ကျောင်းသူ ၁၀ ယောက်မှာ ၁ ယောက်ပဲရှိနေတယ်လို့ဆိုပါတယ်။ ကျောင်းသားလူငယ်တွေရဲ့...

ကြံ့ခိုင်ရေးပါတီ အာဏာရပါက သင်ရိုးမှဖြုတ်လိုက်သော မယ်ခွေကဗျာကို ပြန်လည်ပြဋ္ဌာန်းပေးမည်

အဋ္ဌမတန်း မြန်မာစာ သင်ရိုးညွှန်းတမ်းကနေဖယ်ရှားခဲ့တဲ့ မယ်ခွေရဲ့ လက်ဆောင်ကဗျာ ကို အာဏာရချိန်မှာ ပြန်လည် ပြဋ္ဌာန်းပေးမယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီက ကတိပေး ပြောကြားလိုက်ပါတယ်။ ကြံ့ခိုင်ရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက “ပြန်ပြီး ပြင်ခြင်းမပြင်ခြင်းသည် လုပ်ပိုင်ခွင့်ရှိသော ပုဂ္ဂိုလ်များရဲ့ အကြောင်းအရာသာ ဖြစ်တော့တယ်။ သူတို့ လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ နောက်ထပ် မသိချင်ယောင်ဆောင်ပြီး နောက်တနှစ် ထပ်ဆွဲပြီးတော့ ဒီထဲကနေ ဖယ်ထားသည်ဖြစ်စေ ကျနော်တို့ ကာလကျရင် ပြန်ပြီးတော့ ပြဋ္ဌာန်းပေးမယ့်ကိစ္စဖြစ်တယ်လို့ ကတိပေးပါတယ်ဗျာ”လို့ ပြောပါတယ်။ လက်ဆောင်ကဗျာကို လူတဦးတယောက်ရဲ့ စိတ်ကူးနဲ့ တင်ပြမှုကို လွယ်လွယ်ကူကူ သင်ရိုးညွှန်းတမ်းကနေ ဖျက်ခဲ့တာဖြစ်တဲ့အတွက် အစိုးရအနေနဲ့ တာဝန်ယူဖြေရှင်းရမယ့် အချက်ဖြစ်တယ်လို့လည်း ဆိုပါတယ်။ကြံ့ခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌက ဇွန်လ ၁၁ ရက်က နေပြည်တော်၊ ဇေယျာသီရိမြို့နယ်မှာ ကျင်းပတဲ့ လူထုတွေ့ဆုံပွဲနဲ့ လေဘေးသင့်ပြည်သူတွေကို ထောက်ပံ့တဲ့ အခမ်းအနားအပြီးမှာ ဖြေကြားခဲ့တာပါ။...