Category: ပြည်ပသတင်း

နေပြည်တော်မှ သက်ငယ်မုဒိမ်းအမှုတွင် တရားခံဟုယူဆရသူကို လူစားထိုးခြင်းမဟုတ်ဟု ဒုရဲချုပ်ပြော

နေပြည်တော်ရှိ Wisdom Hill မူကြိုကျောင်းတွင်ဖြစ်ပွားသည့် သက်ငယ်မုဒိမ်းမှုနှင့်ပတ်သက်ပြီး တရားခံဟု ယူဆရသူ အောင်ကျော်မိုး(ခ) အောင်ကြီးကို လူစားထိုးခဲ့ခြင်းမဟုတ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုရဲချုပ်အောင်နိုင်သူကပြောသည်။နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်တွင် ဇွန်လ ၅ ရက်ကကျင်းပသည့်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ “ ကျွန်တော်တို့ရဲတပ်ဖွဲ့ကချစ်ခြင်း၊ မုန်းခြင်းမပါဘူး။ ကျွန်တော်တို့ဟာအားလုံးအတွက်လုပ်တာပါ။ ကျွန်တော်တို့ဆီလာအမှုဖွင့်တယ်ဆိုတာ မသိတဲ့သူလာအမှုဖွင့်တယ်ဆိုရင်လည်း ကျွန်တော်တို့က ဒီအမှုကိုကျွန်တော်တို့ကိုယ်တိုင်ခံစားပြီးမှ လုပ်ကြတာပါ။ ဒီလိုမရှိပါဘူး” ဟု ဒုရဲချုပ်အောင်နိုင်သူက ပြောသည်။ အမှုနှင့်ပတ်သက်၍ စွပ်စွဲခံရသူအောင်ကြီးအား ပထမအကြိမ်စစ်ဆေးပြီး ပြန်လည်လွှတ်ပေးလိုက်ခြင်းမှာလည်း သက်သေမခိုင်လုံသဖြင့် သက်သေခိုင်မာစေရန် အမှုတည်ဆောက်ပြီးဖမ်းဆီးတရားစွဲဆိုတင်ပို့ခြင်းဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။အဆိုပါအမှုနှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတနှင့်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကလည်း အမှုမှန် ပေါ်ပေါက်ရေး ညွှန်ကြားထားကြောင်း သိရသည်။ Credit- အကုန်သိ

ဒရိုင်ဘာ ဟာ ကလေးငယ်ကို လက်နဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခဲ့တာလို့ ဒုရဲချုပ်ပြော

နေပြည်တော် မူကြိုကျောင်းက ကလေးငယ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုဖြစ်စဉ်မှာ သံသယတရားခံ ယာဉ်မောင်းက ကလေးငယ်ကို လက်နဲ့ လုပ်ခဲ့တာဖြစ်တယ်လို့ ဒုတိယ ရဲချုပ်ကပြောပါတယ်။ဒါ့အပြင် အခုသံသယရှိသူအောင်ကျော်မိုးဟာ ပြုလုပ်သူဖြစ်တယ်လို့ ကလေးကိုယ်တိုင်က ထွက်ဆိုထားတာဖြစ်ပြီး ကလေးငယ်ဟာ ကျောင်းမှာလည်း တခြားသူတွေကို Friend လို့ခေါ်ပြီး အဖေအရွယ်တွေကို ကိုကို လို့ပဲ ခေါ်တဲ့ အကျင့်ရှိတယ်လို့ ရဲဗိုလ်ချုပ်အောင်နိုင်သူ ကပြောပါတယ်။ “ကျွန်တော်တို့ရဲ ရဲ့ တင်ပြချက်သည် ခိုင်မာတဲ့ အထောက်အထားနဲ့ စွဲတာပါ။”ကလေးကပြောထားပါတယ် သူ့ကို လက်နဲ့လုပ်တယ်လို့ပြောထားပါတယ်။ အဲ့တာဆို ဘာဖြစ်လို့ Sperm (သုတ်) ရှိတာလည်းလို့ မေးပါမယ်။ သူလည်း ဒီလိုစိတ်များရှိနေခဲ့ရင် ဒီထဲမှာ နှိုက်ထားပြီးတော့ ကလေးကိုနှိုက်လိုက်ရင် ကလေးဆီကို Sperm (သုတ်) ကပါသွားနိုင်ပါတယ်။”” လို့ ဒီနေ့ ဇူလိုင်လ ၅ ရက်နေ့က နေပြည်တော်က သမ္မတအိမ်တော် မှာပြုလုပ်တဲ့ သတင်းစာရှင်လင်းပွဲအတွင်း...

နေပြည်တော်တွင်ဖြစ်ပွားခဲ့သော သက်ငယ်မုဒိမ်းမှုကို သမ္မတကိုယ်တိုင် အဂတိတိုက်ဖျက်ရေးအဖွဲ့ဖြင့် စစ်ဆေးသင့်ဟု ဆို

နေပြည်တော်ရှိ Wisdom Hill ကျောင်းတွင်တက်ရောက်နေသည့် ၃ ခန့်အရွယ်ကလေးငယ် အဓမ္မပြုကျင့်ခံရမှုကို နိုင်ငံတော်သမ္မတကိုယ်တိုင် အဂတိတိုက်ဖျက်ရေးအဖွဲ့ဖြင့် စစ်ဆေးသင့်ကြောင်း တရားလွှတ်တော်ရှေ့ နေဦးငိုင်ဆာ့ခ်က အကြံပြုတိုက်တွန်းလိုက်သည်။နေပြည်တော်တွင်ဖြစ်ပွားခဲ့သော သက်ငယ်မုဒိမ်းမှုကို သမ္မတကိုယ်တိုင် အဂတိတိုက်ဖျက်ရေးအဖွဲ့ဖြင့် စစ်ဆေးသင့်ဟု ဆို တရားလွှတ်တော်ရှေ့နေဦးငိုင်ဆာခ့်က ၄င်း၏ Facebook စာမျက်နှာတွင် ဇူလိုင်လ ၄ ရက်က ယခုကဲ့သို့ ရေးသားအကြံပြုထားခြင်းဖြစ်သည်။ “နေပြည်တော် ကလေးငယ်ကျူးလွန်ခံမှုနှင့်ပတ်သက်၍ပြည်ထဲရေးဝန်ကြီးဌာန၊ရဲတပ်ဖွဲ့၊ ရှေ့နေချုပ်ရုံး၊ကျန်းမာရေးဝန်ကြီးဌာနသည် အစိုးရအဖွဲ့ဝင်ဌာနများဖြစ်၍ နိင်ငံတော်သမ္မတက တိုက်ရိုက်ညွှန်ကြား ကွပ်ကဲနိုင်ပါတယ်။(တရားရေး၊ရွေးကောက်ပွဲကော်မရှင်၊အခြေခံဥပဒေခုံရုံးနဲ့မတူပါ)အမှုစုံစမ်းစစ်ဆေးခြင်း ၊ အမှုတည်ဆောက်ခြင်း၊ ဥပဒေအကြံပြုခြင်းအဆင့်ဆင့်မှာ သံသယဖြစ်ဖွယ်တွေ့ရင် အဂတိတိုက်ဖျက်ရေး ကော်မရှင်ကိုကိုင်တွယ်စေသင့်သည်ဟုယူဆပါတယ်။ ဒါကြောင့် အမှုနှင့်ဆက်စပ်သက်ဆိုင်သူ နစ်နာသူမိသားစု၊ သက်သေများ၊ စုံစမ်းစစ်ဆေးသူများ၊အမှုတည်ဆောက်သူများ၊ အနှောင်အဖွဲ့ ကင်းကင်းရှင်းရှင်းဖြင့် ပြောဆိုကိုင်တွယ်ဆောင်ရွက်ကြပါရဲလားဆိုတာ ပြည်သူတွေသံသယရှင်းအောင် သမ္မတကြီးကိုယ်တိုင် အဂတိတိုက်ဖျက်ရေးအဖွဲ့ဖြင့် စစ်ဆေးစေသင့်ကြောင်း အများပြည်သူအကျိုးအတွက် စေတနာဖြင့်တင်ပြအပ်ပါတယ်’’ ဟုတရားလွှတ်တော်ရှေ့နေဦးငိုင်ဆာ့ခ်က ရေးသားထားသည်။ ဖြစ်စဉ်မှာ နေပြည်တော်ကောင်စီ၊ ဒက္ခိဏသီရိခရိုင်၊ ဇမ္မူသီရိမြို့နယ်...

ထိုင်းလူမှုကွန်ယက်မှာ နာမည်ကြီးနေသည့် ဇနီးနဲ့အတူ ကြက်ကြော်ရောင်းနေသူ ဂျာမန်နိုင်ငံသားမှာ အင်တာပိုရဲတပ်ဖွဲ့က အလိုရှိနေသူ တရားခံပြေးဖြစ်နေ

ထိုင်း နိုင်ငံ နကော်ရချစီမား ခရိုင်မှာ ဇနီးကို ကူပြီး ကြက်ကြော်ရောင်းပေးနေတဲ့ ဂျာမန် နိုင်ငံသား (MR.FERNSEBNER MAXIMILIAN) မက်ဇီမီလီယံ ဟာ ဂျာမန်မှာ စီးပွားရေးလုပ်ငန်း၇ှင်ဆိုပေမယ့် ဇနီးဖြစ်သူရဲ့  နေရပ်မှာ ကြက်ကြော်ကူရောင်းပေးနေတာလို့  ဆို၇ှယ်နဲ့  လူမှုကွန်ယက်တွေမှာ ဖေါ်ပြနေကြပါတယ်။ ဆို၇ှယ်မှာ နာမည်ကြီးလာတော့ မီဒီယာတွေကလာရောက် မေးမြန်းကြ အင်တာဗျူးကြသလို ဒေသခံရဲတွေကလည်း မိတ်ဖြစ်ဆွေဖြစ် သွားရောက်ကြက်ကြော်ဝယ်စားခဲ့ကြပါတယ်။ ခုတော့ အဆိုပါ ဂျာမန် အမျိုးသားဟာ အင်တာပို (နိုင်ငံတကာမှုခင်းတပ်င်္ဖွဲ့ ) က အလိုရှိနေတဲ့ မူယစ်ဆေးနဲ့  သက်ငယ်မုဒိမ်း တရားခံဖြစ်နေတာ ထိုင်းရဲက သိသွားခဲ့ပါပြီ။ ဒီရက်ပိုင်းက တရားခံကို ဖမ်းဆီးဘို့  သွားခဲ့ရာမှာ ရဲကားတွေအလာမှာ လတရားခံဟာ တောထဲထွက်ပြေးသွားခဲ့ကြောင်း သိရပါတယ်၊ တရားခံပုန်းအောင်းနေတဲ့ သစ်တောအတွင်းမှာ နှစ်ရက်ကြာပိတ်ဆို့ ...

ကန်ဒေါ်လာ (၈၆) သန်းကို ခွဲဝေယူရမယ့် Song စုံတွဲ

Song Joong Ki နဲ့ Song Hye Kyo တို့ဟာ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ခွဲဝေယူရမှာဖြစ်ပါတယ်။ကွာရှင်းပြတ်စဲကြမယ့် ဇနီးမောင်နှံတွေရဲ့ ထုံးစံအတိုင်း Song Joong Ki နဲ့ Song Hye Kyo တို့ဟာ သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို တစ်ယောက်တစ်ဝက် ခွဲယူကြဖို့ ရုံးတော်ကိုဦးတိုက် လျှောက်ထားတယ်လို့ သိရပါတယ်။ ကိုရီးယားမီဒီယာတွေရဲ့အဆိုအရ Song Joong Ki နဲ့ Song Hye Kyo တို့ ဇနီးမောင်နှံဟာ ကိုရီးယားဝမ် (၁၀၀) ဘီလီယံ (ကန်ဒေါ်လာ ၈၆ သန်း) ပိုင်ဆိုင်တယ်လို့ သိရပါတယ်။ အဲဒီပိုင်ဆိုင်မှုတွေကို Song Joong Ki နဲ့ Song Hye Kyo တို့ဟာ ခွဲဝေယူရမှာဖြစ်ပါတယ်။ Song Hye Kyo ဟာ Samseong...

မြန်မာလုပ်သား ၅၀ ကျော်လိုက်ပါလာသည့်ဘတ်စ်ကား မဲဆောက်လမ်းတွင် မီးလောင်

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အ၀င်မှာ မြန်မာရွှေ့ပြောင်း အလုပ်သမား ၅၂ ဦး စီးနင်းလိုက်ပါလာတဲ့ ဘတ်စ်ကားတစီး ဇွန်လ ၃၀ ရက်က မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ နှစ်ထပ်ဘတ်စ်ကားကားကြီးဟာ မဲဆောက်မြို့ အ၀င်လမ်းမကြီးအမှတ် ၁၂ မဲဆောက်နဲ့ ကီလိုမီတာ ၆၀ ကျော်မှာ မနေ့ မွန်းလွဲပိုင်းအချိန်က ကားမောင်းနေစဉ် စက်ခန်းထဲက မီးလောင်ခဲ့ပြီး မြန်မာရွှေ့ေ့ပြာင်း အလုပ်သမားတွေကတော့ ကားပေါ်က ဆင်းပြီး ထွက်ပြေးခဲ့ ကြလို့ အသက်ဘေးက လွတ်မြောက်သွားပါတယ်။ ဘတ်စ်ကားပေါ်မှာ မြန်မာအလုပ်သမား အမျိုးသား၄၂ ဦး၊ အမျိုးသမီး ၉ ဦးနဲ့ ကလေး ၁ ဦး စုစုပေါင်း ၅၂ ဦးလိုက်ပါလာတာပါ။မြန်မာအလုပ်သမားတွေဟာ ထိုင်းနိုင်ငံတောင်ပိုင်းကနေ လာရောက်တာဖြစ်ပြီး မဲဆောက်နယ်စပ်ကတဆင့် မြန်မာနိုင်ငံ မြ၀တီမြို့သို့သွားရောက်ကာ နေရပ်ပြန်ကြမှာ ဖြစ်ပါတယ်။ Credit-ဒီဗွီဘီ  

လမ်းဘေးခွေးလေးကို ခေါ်ယူမွေးစားခဲ့သည့် ခွေးချစ်သူမိန်းကလေး ခွေးရူးပြန်ရောဂါနှင့် သေဆုံးခဲ့ရ

နော်ဝေနိုင်ငံကနေ ဖိလစ်ပိုင်နိုင်ငံ ကို အားလပ်ရက်အပန်းဖြေခရီးထွက်လာ တဲ့ ဘာဂစ်တီကယ်လက်စတက်ဒ်လို့အ မည်ရတဲ့ အသက်၂၄နှစ်အရွယ် မိန်းက လေးက ခွေးရူးပြန်ရောဂါနဲ့ သေဆုံးသွား ခဲ့ရရှာပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ ခရီး ထွက်နေတုန်း လမ်းမှာတွေ့ခဲ့တဲ့ လေလွင့် ခွေးလေးတစ်ကောင်ကို ဘာဂစ်တီက ဟိုတယ်ထိ ခေါ်ယူလာခဲ့ကာ ရေချိုးသန့် စင်ပေးပြီး အစာကျွေးမွေးကာ ပြုစုစောင့် ရှောက်ပေးခဲ့တာဖြစ်ပါတယ်။ ဟိုတယ်မှာ ခွေးလေးနဲ့အတူ ဆော့ကစားနေချိန်မှာပဲ ဘာဂစ်တီဆီမှာ ခွေးရဲ့သွားနဲ့ကိုက်ခြစ်မိ တဲ့ဒဏ်ရာတွေရခဲ့တာဖြစ်ပါတယ်။ ဒါပေ မယ့်ဘာဂစ်တီက လိုအပ်တဲ့ဆေးကုသမှု မျိုး ချက်ချင်းမပြုလုပ်ခဲ့ဘဲ ဒဏ်ရာကို ရေ နဲ့ပဲဆေးကြောသန့်စင်ခဲ့တာဖြစ်ပါတယ်။ ခရီးကနေပြန်ရောက်လာခဲ့ပြီးနောက် နာ မကျန်းဖြစ်ပြီး အရေးပေါ်ကိုခဏခဏ ရောက်လာခဲ့ရပြီး ကျန်းမာရေးအခြေအ နေလည်း သိသိသာသာတိုးတက်မှုမရှိခဲ့ ပါဘူး။ ရက်အနည်းငယ်အကြာမှာပဲ ဘာ ဂစ်တီက ဆေးရုံမှာတင်အသက်သေဆုံး သွားခဲ့ရှာပါတယ်။ နှစ်ပေါင်း ၂၀၀ အတွင်း နော်ဝေးနိုင်ငံမှာ ခွေးရူးပြန်ရောဂါကြောင့်...

(၉) မိုင်ဝေးတဲ့ ကျောင်းကိုရောက်ဖို့ ကလေးတွေကို အိတ်ထဲထည့်ပြီး ရေစီးသန်တဲ့မြစ်ကိုကူးကာ ကျောင်းကြို/ပို့လုပ်နေသူ

ပညာရေးဆိုတာ နိုင်ငံတစ်ခုရဲ့ အနာဂတ် အသီးအပွင့်တွေ ဖြစ်ပါတယ်။ ပညာရေးအားကောင်းတဲ့ နိုင်ငံတွေက ကမ္ဘာကို စိုးမိုး အုပ်ချုပ်နေတာ အားလုံး မျက်မြင်ကိုယ်တွေ့ ဖြစ်ပါလိမ့်မယ်။ စင်္ကာပူရဲ့ ဂန္ထဝင်ဝန်ကြီးချုပ် လီကွမ်ယုက “ပညာသာ တတ်ပါစေ…ပညာမတတ်တဲ့သူတွေ သူ့အလိုလို ကျွန်ခံလာလိမ့်မယ်”လို့ ပြောခဲ့တာ အားလုံး ကြားဖူးမယ်ထင်ပါတယ်။ နောက်ဆုံးတော့ ပညာတတ်တဲ့သူတွေကပဲ ထိပ်တန်းကို ရောက်ကြရတာပါ။ စင်္ကာပူလို အလွန်သေးငယ်တဲ့ နိုင်ငံလေးဟာ အခုဆိုရင် အရှေ့တောင်အာရှ နိုင်ငံတွေမှာ စီးပွားရေး၊ လူမှုရေး၊ ပညာရေးမှာ ထိပ်တန်းအဆင့် ဖြစ်နေပါပြီ။ ဒါဟာ ပညာရဲ့ အသီးအပွင့်တွေကို ခံစားနေရတာပါ။အခု အခုအဖြစ်အပျက်ကတော့ ဗီယက်နမ်နိုင်ငံက နယ်စွန်နယ်ဖျားလေးမှာ ဖြစ်ပါတယ်။ အမျိုးသားတစ်ယောက်ဟာ ကျောင်းသားလေးတွေကို နိုင်လွန်အိတ်ကြီးထဲကို ထည့်ပြီး၊ ရေစီးသန်တဲ့မြစ်ကိုကူးကာ ကျောင်းအကြိုအပို့ လုပ်နေပါတယ်။ ဒါဟာ ကျွန်တော်တို့အတွက် ထူးဆန်းပေမယ့် ဒီဒေသမှာတော့ မထူးဆန်းပါဘူး။ သူတို့တစ်တွေဟာ မိုးရာသီဆိုရင်...

ဂျပန်ရထား(၂၆) စီးကို အချိန်တစ်နာရီကြာ ကြန့်ကြာစေခဲ့တဲ့ ပက်ကျိတစ်ကောင်

ဂျပန်နိုင်ငံက ရထားတွေဟာ အင်မတန်အချိန်တိကျသလို စက်ပစ္စည်းအကောင်းစားတွေချည်း သုံးထားတယ်ဆိုပြီးတော့ နာမည်ကျော်ပါတယ်။ ဒါပေမယ့် မေလ(၃၀) ရက်နေ့ မနက်(၉း၄၀) အချိန်မှာတော့ အချိန်မှန်ပါတယ်ဆိုတဲ့ ဂျပန်ရထားတွေဟာ ပက်ကျိတစ်ကောင်ကြောင့် အချိန်တစ်နာရီကြာ နှောင့်နှေးကြန့်ကြာခဲ့ရတယ်လို့ soranews24 သတင်းအရ သိရပါတယ်။ ဖြစ်ပုံကတော့ မိုဂျိဘူတာရုံနဲ့ စပေ့စ်ဝေါ ဘူတာရုံကြားက ကာဂိုရှီမာလိုင်း၊ ကိုကူရာနဲ့ ဂျိုနိုဘူတာရုံနှစ်ခုကြားက နစ်ပိုလိုင်းတွေဟာ မီးတွေပြတ်ပြီး မှောင်အတိကျသွားခဲ့တာ ဖြစ်ပါတယ်။ ရလဒ်အနေနဲ့ ရထား(၂၆) စီးဟာ တစ်နာရီနီးပါးကြာအောင် ခရီးမဆက်နိုင်ပဲ ဖြစ်ခဲ့ရတဲ့အပြင် လူပေါင်း (၁၂,၀၀၀) နီးပါးဟာ ခရီးစဉ်တွေ နောက်ကျခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒါနဲ့ မီးရထားဝန်ထမ်းတွေက မီးပြတ်သွားရတဲ့အကြောင်းရင်းကို သိရှိဖို့အတွက် disconnector switch ရှိရာဆီ လာခဲ့ကြပါတယ်။ Disconnector switch ဆိုတာကတော့ အရေးပေါ်အခြေအနေကြုံလာရင် မီးပြုပြင်လို့ရအောင် လျှပ်စစ်လမ်းကြောင်းလွှဲပေးတဲ့နေရာ ဖြစ်ပါတယ်။ ဒီနေရာက အရေးကြီးတာကြောင့် လူတွေ၊...

ကျကျန်ခဲ့တဲ့ ပိုက်ဆံအိတ်ကို ပြန်ပေးလို့ အလုပ်နဲ့ နေစရာရသွားသူ အိုးမဲ့၊အိမ်မဲ့အမျိုးသား

“မရှိခိုးနိုး မလှစုန်းမျိုး” လို့ လူတွေ ဆိုစမတ်ပြုကြပေမဲ့ ကမ္ဘာပေါ်မှာ ဥစ္စာပစ္စည်းမရှိပေမဲ့ တကယ့်ကို ရိုးသားဖြောင့်မတ်တဲ့ လူတွေ အနည်းနဲ့ အများတော့ ရှိပါသေးတယ်။ ယခုလည်း ထိုင်းနိုင်ငံက အသက် ၄၅နှစ်အရွယ် Woralop ဆိုတဲ့ အိုးမဲ့ အိမ်မဲ့ အမျိုးသားတစ်ဦးဟာ လုပ်ငန်းရှင်တစ်ဦးရဲ့ ပိုက်ဆံအိတ်ကျကျန်ခဲ့ပေမဲ့ ရိုးရိုးသားသား ပိုင်ရှင်ထံ ပြန်ပေးခဲ့ပါတယ်။ ထိုပိုက်ဆံအိတ်ထဲမှာ ထိုင်းဘက် ၂၀၀၀၀ (အမေရိကန်ဒေါ်လာ ၅၇၇)နဲ့အတူ ခရက်ဒစ်ကတ်တွေလည်း ပါဝင်ပါတယ်။ Woralop ဟာ မြေအောက်ရထားဘူတာရဲ့ ကြမ်းပြင်တစ်နေရာမှာ အိပ်နေတုန်း အဆိုပါ ပိုက်ဆံအိတ် ပြုတ်ကျသွားတာကို တွေ့ခဲ့ရတာပါ။ အဲ့ဒီနောက် ပိုက်ဆံအိတ်ကို ကောက်ပြီး သူ့ဘဝမှာ ဒီလောက်များတဲ့ ငွေပမာဏကို တစ်ခါမှ မမြင်ဖူးဘူးလို့ ဆိုပါတယ်။ ဒီပိုက်ဆံတွေဟာ လုပ်ငန်းရှင်တစ်ဦးအတွက် ဘာမှ မပြောပလောက်ပေမဲ့ သူ့အတွက်တော့ ကောင်းကောင်းအသုံးချနိုင်လောက်တဲ့ ငွေပမာဏတစ်ခုပါ။ ဒါပေမဲ့လည်း...