ဝင်းနှင့် ဇော်အရေး အာဆီယံနိုင်ငံများမှ လက်မှတ်များဖြင့် ထိုင်းဘုရင်ထံ အသနားခံစာတင်မည်

လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ ထိုင်းဘုရင်ထံ အသနားခံစာတင်ရန် အာဆီယံအရပ်ဘက်အဖွဲ့များဖိုရမ်တွင် ကမ်ပိန်းပြုလုပ်ကာ ကောက်ယူရရှိထားသည့် လက်မှတ်များကို စက်တင်ဘာ ၂၀ ရက်တွင် ထိုင်းဘုရင်ထံ ပေးပို့သွားမည်ဖြစ်ကြောင်း Equality Myanmar ၏ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောကြားသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ စက်တင်ဘာလ ၁၈ ရက်က ရန်ကုန်မြို့ရှိ Local Resourse Center အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် အာဆီယံလူထုဖိုရမ်နှင့် အာဆီယံ အရပ်ဘက်အဖွဲ့အစည်းများ ဖိုရမ်ကိစ္စ သတင်းစာရှင်းလင်းပွဲ၌ မီဒီယာများမီဒီယာများမေးမြန်းရာတွင် ပြန်လည်ဖြေကြားခြင်းဖြစ်သည်။ “လက်မှတ်တွေက ရပြီ။ ဒီစာက ရိုးရိုးစာမဟုတ်ဘူး ထိုင်းဘုရင်ကို ပို့ရမှာမို့လို ထီးသုံးနန်းသုံး ရှိတယ်။ အင်္ဂလိပ်လိုကတော့ပြီးသွားပြီ။ ထိုင်းကို ပို့မယ်ဆို ထီးသုံးနန်းသုံး စကားလုံးနဲ့ ပို့မှာဖြစ်တယ်။ ပို့တယ်ဆိုရင် ဒီကအကုန်လုံး အရပ်ဘက် အဖွဲ့အစည်းတွေ နာမည်နဲ့ ပို့မှာဖြစ်တယ်။ Copy ကိုတော့ ထိုင်းနိုင်ငံဆိုင်ရာ...

သိပ်လှတဲ့ သတို့သမီးလေးတစ်ယောက်အဖြစ် မကြာခင်မြင်တွေ့ရတော့မယ့် ခင်လေးနွယ်

လီဆူးတိုင်းရင်းသူမလေးတစ်ယောက်ဖြစ်တဲ့ မင်းသမီးချောလေးခင်လေးနွယ်ကတော့ တိုင်းရင်းသူလေးပီပီ ရိုးသားပွင့်လင်းပြီး သဘောမနောကောင်းသူတစ်ယောက်ဖြစ်ပါတယ်နော်။အခုချိန်မှာဆိုရင်တော့ ခင်လေးနွယ်က အနုပညာအလုပ်တွေနဲ့အလှမ်းဝေးကွာနေပြီး သူငယ်ချင်းတွေနဲ့အတူ နိုင်ငံအစုံကို ပျော်ပျော်ပါးပါးခရီးထွက်ကာ အေးချမ်းစွာနေထိုင်နေတဲ့ အပျိုကြီးမမတစ်ယောက်ဖြစ်ပါတယ်။ ခင်လေးနွယ်က သက်မွန်မြင့် ယုသန္တာတင် မပုံ့ စတဲ့သူငယ်ချင်းတွေနဲ့ အရမ်းခင်မင်ရင်းနှီးပြီး စိတ်တူကိုယ်တူပေါင်းသင်းကြတဲ့ BFFသူငယ်ချင်းတွေပါနော်။အပျိုကြီးမမအရွယ်ဖြစ်တဲ့ ခင်လေးနွယ်က အမြဲတမ်းနုပျိုလန်းဆန်းနေပြီး ဆယ်ကျော်သက်လေးလို လှပနေတာဖြစ်ပါတယ်။အနုပညာအလုပ်တွေနဲ့အလှမ်းဝေးကွာနေတဲ့ ခင်လေးနွယ်ကို ပရိသတ်တွေကတော့အားပေးချစ်ခင်နေကြဆဲပါနော်။ ခင်လေးနွယ်ကတော့ မကြာတော့မယ့်အချိန်မှာ ချစ်ရသူနဲ့အတူတူ နှစ်ကိုယ်တူဘဝလေးကို တည်ဆောက်တော့မှာဖြစ်လို့ သူငယ်ချင်းတွေကလည်း ထပ်တူဝမ်းသာပေးကြပါတယ်နော်။အခုဆိုရင်တော့ Lavender ပန်းခင်းကြီးထဲမှာ သတို့သမီးဝတ်စုံအဖြူရောင်လေးနဲ့ အလှကြီးလှနေပြီး ပန်းခင်းကြီးနဲ့အပြိုင် လှသွေးကြွယ်နေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။ Photo Credit:Khin Lay Nwe’s IG

ဒဂုံတက္ကသိုလ် ဖယ်ရီကားတစ်စီး တိမ်းမှောက်လို့ လူ ဆယ်ဦး ပြင်းထန်ဒဏ်ရာရ

ဒဂုံတက္ကသိုလ် ကြိုပို့စတစ်ကာ ကပ်ထားတဲ့ ဖယ်ရီယာဉ်တစ်စီး ဒီနေ့ စက်တင်ဘာ ၁၉ ရက် မနက်ပိုင်းက တိမ်းမှောက်ခဲ့ရာ လူဆယ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ယာဉ်ပေါ်မှာ လိုက်ပါစီးနင်းလာသူတွေက စက်ရုံအလုပ်သမားတွေ ဖြစ်ပြီး လက်ရှိ ဒဏ်ရာရသူ ၁၀ ဦးကို အင်းစိန်ဆေးရုံ ခွဲစိတ်ဆောင်နဲ့ အရိုးကြောဆောင်တို့မှာ ဆေးကုသမှု ခံယူနေတယ်လို့သိရပါတယ်။“မှောက်တဲ့ကားက ကျောင်းဖယ်ရီကားပေမယ့် စာမေးပွဲတွင်းကာလဆိုတော့ ကျောင်းကို မဆွဲပါဘူး။ အခုဒဏ်ရာရတာက စက်ရုံအလုပ်သမားတွေပါ။ ဒဏ်ရာပြင်းထန်ပေမယ့် စိုးရိမ်စရာတော့မရှိဘူးလို့ ကျွန်တော်တို့သိရပါတယ်” လို့ အခင်းဖြစ်စဉ်ကို သွားရောက်ကူညီခဲ့တဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ မှ မောင် က ဓူဝံ ကိုပြောပါတယ်။ အဆိုပါ ယာဉ်ဟာ ပြည်လမ်းပေါ်မှာ အရှိန်လွန်ပြီး လမ်းလယ်တုံးတွေကို ဝင်တိုက်မိပြီး တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။တိမ်းမှောက်ခဲ့တဲ့ယာဉ်ဟာ ပုံမှန်ကျောင်းဖွင့်ချိန်ကာလတွေမှာ ဒဂုံတက္ကသိုလ်ကို ပြေးဆွဲတဲ့ ဖယ်ရီယာဉ်ဖြစ်ပြီး ယခု စာမေးပွဲကာလတွင်းမှာ ကျောင်းသို့ ပြေးဆွဲခြင်းမရှိဘဲ စက်ရုံအလုပ်သမားတွေအတွက်...

မန်းလေးမှာနေသူများ အားလုံးသတိထားကြပါ မနေ့က နေ့လည် ၁၂ နာရီခန့်က အိမ်ကို အလှူခံယောင်ဆောင်ပြီး လူ ၅ ယောက်အရင်လာကြတယ်

အားလုံး သတိထားကြပါ ⛔⛔⚠️မနေ့က နေ့လည် ၁၂နာရီခန့်က အိမ်ကို အလှူခံယောင်ဆောင်ပီး လူ ၅ ယောက်အရင်လာကြတယ် အပြင်သွားခါနီးခြံတံခါးဖွင့်ထားတာနဲ့ ကြုံတော့ အတင်းဝင်လာပီး ရေဘေးသင့်အတွက်ဆိုပီး လှူခိုင်းတယ် ( အမရပူရ ဥက္ကဌကြီးရဲ့ လက်မှတ်နဲ့ စာရွက်တွေ ပါယူလာပြတယ် ) မလှူတော့ဘူး ပြောလဲမရဘူး လှူရမယ်ဆိုပီး ယောက်ျား၅ယောက်က ကျမကို ဇွတ်ကပ်လာကြတယ် .. ဝိုင်းထားတယ်.. ပြောနေရင်းနဲ့ သူတို့အုပ်စု လူ ၄ ယောက်ထပ်ရောက်လာတယ် ခြံအပြင်မှာကျ ၃ ယောက်စောင့်နေတယ် အခြေနေမကောင်းတော့ဘူးဆိုတာသိလို့ ဘယ်လောက်ပဲဖြစ်ဖြစ် အလှူငွေထည့်လိုက်မယ်ဆိုပီး ( မဟုတ်ရင်ခြံထဲကနေ မထွက်ဘူး ) ပိုက်ဆံသွားယူလိုက်အုံးမယ် ဆိုပီး အိမ်ထဲသွားတုန်းရှိသေးတယ် လူတယောက်က ခြံထဲက ဂိုဒေါင်ဘက်ကို ပြေးဝင်သွားတယ် ( အိမ်ထဲက လူတွေ အကုန်တွေ့တယ် cctv လဲတပ်ထားတယ် ) လွယ်အိတ်ကိုလဲ...

ဝေဠုကျော်ဘက်မှ ကန့်ကွက်ထားတဲ့ သက်သေများအား တရားရုံးမှ ခွင့်ပြု

ပြီးခဲ့တဲ့အပတ် ရုံးချိန်းမှာ သရုပ်ဆောင် ဝေဠုကျော်ဘက်မှ လျှောက်လွှဲချက်တင် ကန့်ကွက်ခဲ့တဲ့ သင်းသင်းဘက်မှ သက်သေများကို တရားရုံးမှ ယနေ့၊ စက်တင်ဘာလ ၁၉ ရက်နေ့မှာ ခွင့်ပြုကြောင်း အမိန့် ချမှတ်ခဲ့ပါတယ်။ တရားလိုဖြစ်သူ သင်းသင်းဘက်မှ တရားရုံးသို့ သက်သေအဖြစ် တင်သွင်းထားသော သက်သေခံ အသံဖိုင်များကို ဝေဠုကျော်ဘက်မှ စက်တင်ဘာလ ၅ ရက်နေ့ ရုံးချိန်းမှာ ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။ နောက်တကြိမ် ရုံးချိန်းကိုတော့ စက်တင်ဘာလ ၂၇ ရက်နေ့ကို ချိန်းဆိုခဲ့ပြီး သက်သေခံ အသံဖိုင်များကို ဆက်လက် စစ်ဆေးသွားမယ်လို့ သိရပါတယ်။ Credit-ဧရာဝတီ  

သရုပ်ဆောင်လင်းလက်ဟိန်းကို လူသတ်မှုအား ကျူးလွန်ရန် အားထုတ်မှုပုဒ်မဖြင့် ဖမ်းဆီးအမှုဖွင့်

သရုပ်ဆောင်လင်းလက်ဟိန်းကို လူသတ်မှုအား ကျူးလွန်ရန် အားထုတ်မှုပုဒ်မဖြင့် ယနေ့(စက်တင်ဘာလ ၁၉ ရက်)၊ နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့မရဲစခန်းတွင် ဖမ်းဆီအမှုဖွင့်ထားကြောင်း သိရသည်။ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဆယ်သိန်းရပ်ကွက်တွင် စက်တင်ဘာလ ၁၉ ရက်၊ နံနက် ၅ နာရီခွဲခန့်က သရုပ်ဆောင်လင်းလက်ဟိန်း(ခ)သန်းထိုက်ဦး၊ (၃၆)နှစ်သည် ဟင်္ဂလန်သံပြားချောင်းနှင့် ကတ်ကြေးတို့ကို ကိုင်ဆောင်ပြီး သောင်းကျန်းနေသောကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်ထိန်းသိမ်းစဉ် အုပ်ချုပ်ရေးမှူးကို ဟင်္ဂလန်သံပြားချောင်းဖြင့် ပြန်လည်ရိုက်နှက်ခဲ့ကြောင်း သင်္ဃန်းကျွန်းမြို့မရဲစခန်းမှ သိရသည်။ “ပုံမှန်အနေအထားနဲ့ဆိုရင်တော့ လူတစ်ယောက်အနေနဲ့ ဒီလိုလုပ်မှာမဟုတ်ဘူး။ ဆေးကြောင်နေတာလား ဘာလားဆိုတာ ဆေးစာအဖြေထွက်လာမှပဲ သိနိုင်မယ်။ အခုလောလောဆယ်တော့ စစ်ဆေးနေတုန်းပဲ ရှိပါသေးတယ်” ဟု ရဲအရာရှိတစ်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သရုပ်ဆောင်လင်းလက်ဟိန်း(ခ)သန်းထိုက်ဦး၊ (၃၆)နှစ် (သင်္ဃန်းကျွန်းမြို့နယ်၊ ရတာနာပုံလမ်း၊ ဆယ်သိန်းရပ်ကွက်နေသူ)ကို သင်္ဃန်းကျွန်းမြို့မရဲစခန်း၌ (ပ)၁၂၈၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၀၇ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ အဆိုပါပုဒ်မ-၃၀၇ ဆိုသည်မှာ...

အာရှယူ-၁၆ ခြေစစ်ပွဲတွင် မြန်မာ ယူ-၁၆ အသင်း ထိုင်းအသင်းကို ၄ ဂိုးပြတ်ရှုံးနိမ့်

မနေ့ညက ရန်ကုန် သုဝဏ္ဏကွင်းမှာ ကန်သွားတဲ့ အာရှယူ-၁၆ ခြေစစ်ပွဲ အုပ်စု (ကေ)ပွဲစဉ်မှာ မြန်မာယူ-၁၆ အသင်းက ထိုင်းယူ-၁၆ အသင်းကို ၄ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားပါတယ်။မြန်မာအသင်းနဲ့ ထိုင်းအသင်း ခြေစွမ်းကွာဟမှု ကြီးမားတာကို အရှိအတိုင်း လက်ခံရမယ်လို့ မြန်မာယူ- ၁၆ နည်းပြ ဦးမင်းသူက ပွဲအပြီးမှာ ပြောပါတယ်။ ထိုင်းယူ-၁၆အသင်းရဲ့ စပိန်နည်းပြ ဗာလီရိုဂါစီယာကတော့ သူတို့ အသင်းကို တနှစ်ခွဲလောက် လေ့ကျင်ပြင်ဆင်ခဲ့သလို ဥရောပထွက်ပြီး ပြိုင်ပွဲတွေ ကစားခဲ့လို့ ခြေစွမ်းပြနိုင်ခဲ့ပြီး ယူ-၁၇ ကမ္ဘာ့ဖလားဝင်ပြိုင်ခွင့်ရဖို့အထိ မျှော်မှန်းထားတဲ့အသင်းဖြစ်တယ်လို့ ပြောပါတယ်။ မြန်မာယူ-၁၆ အသင်းဟာ အုပ်စုဒုတိယပွဲစဉ်အဖြစ် စက်တင်ဘာ၂၀ရက်မှာ တောင်ကိုရီးယား၊ စက်တင်ဘာ၂၂ မှာ တရုတ်တိုင်ပေအသင်းနဲ့ ဆက်ပြီးကစားရမှာဖြစ်ပါတယ်။မနေ့ညနေက ကန်သွားတဲ့ တောင်ကိုရီးယားနဲ့ တရုတ်တိုင်ပေအသင်းတို့ ပွဲစဉ်မှာတော့ တောင်ကိုရီးယားက ၁၀ ဂိုးပြတ်အနိုင်ရသွားပါတယ်။ အာရှယူ-၁၆ ခြေစစ်ပွဲ အုပ်စု...

မွေး​နေ့လက်​​ဆောင်​​ပေးဖို့ သိန်း ၁၅၀၀ ​ကျော်​သုံးထားတယ်​ဆိုတဲ့ ဇနီးရဲ့စကား​ကြောင့်​ စိတ်​လှုပ်​ရှား​နေတဲ့ ​ရွှေထူး

ပရိသတ်အချစ်တော်အနုပညာရှင်တွေဖြစ်ကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့နှစ်ဦးကတော့ တစ်ဦးဆီမှာ တစ်ဦး စစ်မှန်တဲ့ ချစ်ခြင်းတရားတွေကို ရှာဖွေတွေ့ရှိခဲ့ကြတာမို့ အခက်​အခဲ​တွေကြားက ​ပျော်ရွှင်စရာကောင်းတဲ့ အိမ်​​ထောင်​​ရေးကို နှစ်ကိုယ်တူပုံဖော်နေကြတာပါ။ ရွှေမှုံရတီကတော့ လတ်​​လောမှာ ခင်​ပွန်းရဲ့​မွေး​နေ့အတွက်​ သိန်း ၁၅၀၀ ​ကျော်​သုံးထားတဲ့အ​ကြောင်း ​​ပြောပြ​နေတဲ့ ချစ်​စရာ ဗီဒီယို​လေးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဝေမျှပေးထားတာ ​တွေ့ရပါတယ်။ ချစ်​ဇနီး​ချော​လေးရဲ့ စကား​ကြောင့်​ ​ရွှေထူးတစ်​​ယောက်​ အရမ်းကို စိတ်​လှုပ်​ရှား​နေတာပါ​နော်​။ ချစ်ပရိသတ်​​တွေ​အတွက်​ မိန်းမက သိန်း​ထောင်​​ကျော်​တန်​ ​မွေး​နေ့လက်​​ဆောင်​​ပေးမယ်​ဆိုလို့ စိတ်​လှုပ်​ရှား​နေတဲ့ ​ရွှေထူးရဲ့ ဗီဒီယိုကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။ ​ရွှေမှုံရတီက​တော့ ” present လိုချင် နေ တဲ့ ကောင်လေး present ပေး ရန် စိတ် လှုပ်ရှား နေ သော် မိမိ” ဆိုပြီး ချစ်​ရတဲ့ ခင်​ပွန်းကို ချစ်​တယ်​ တဖွဖွ​ပြောရင်း အဆိုပါဗီဒီယို​လေးကို ​ဝေမျှ​ပေးထားတာပါ။ လက်​​ဆောင်​ရမှာမို့...

အကယ်​ဒမီဆုရှင်​​သော်​ဇင်​လိုမဖြစ်​ရ​အောင်​ ပိုက်​ဆံသာစုထား ​ရောဂါဖြစ်​ရင်​ဘန်​​ကောက်​မှာ​ဆေးကုနိုင်​​အောင်

အကယ်​ဒမီဆုရှင်​​သော်​ဇင်​လိုမဖြစ်​ရ​အောင်​ ပိုက်​ဆံသာစုထား ​ရောဂါဖြစ်​ရင်​ဘန်​​ကောက်​မှာ​ဆေးကုနိုင်​​အောင်​ မြန်မာပြည်ကဆရာဝန်တွေ ပညာမညံ့ပါဘူး ညံ့နေတာက ????? ဒီတစ်​​ခေါက်​ ဘန်​​ကောက်​​ရောက်​​တော့…မိုးလင်းတာနဲ့ လင်​မယားနှစ်​​ယောက်​ဟိုတယ်​က ထွက်​လာ.Taxi တားပြီး…Bumrungrad Hospital..​နောက်​တစ်​​နေ့လည်း..ဘန်​ရွမ်​ဂလပ်​ ..​နောက်​တစ်​​နေ့လည်း..ဘန်​ရွမ်​ဂလပ်​..​နေ့တိုင်း ဘန်​ရွမ်​ဂလပ်​ကို သွားခဲ့ရပြီး မိုးချုပ်​မှ ဟိုတယ်​ကို ပြန်​​ရောက်​ကြတာပါ..ဘန်​ရွမ်​ဂလပ်​ Bumrungrad ဆိုတာက​တော့ ဘန်​​ကောက်​က နာမည်​ကြီး ​ဆေးရုံတစ်​ခုပါပဲ.. ဒီ​နေရာမှာ ကြို​ပြောထားချင်​တာက ဘန်​​ကောက်​မှာ ​ဆေးသွားကုတယ်​ ​ဆေးသွားစစ်​တယ်​..ဆိုတဲ့..ခပ်​ကြွားကြွား ပို့စ်​မျိုး​မြန်​မာ ဆရာဝန်​​တွေ ​ဆေးရုံ​တွေကို တိုက်​ခိုက်​တဲ့ပို့စ်​မျိုး​ရေး​တော့မယ်​လို့ ကျွန်​မကို မထင်​ကြ​စေချင်​တာပဲဖြစ်​ပါတယ်​ ဘန်​ရွမ်​ဂလပ်​ မှာ ကိုယ်​တိုင်​ ​ဆေးမကုဖူး​ပေမဲ့လို့ ဒီ​ဆေးရုံနဲ့ က​တော့ လွန်​ခဲ့တဲ့ ၇နှစ်​ ၈နှစ်​​လောက်​ကတည်းကစပြီး ရင်းနှီးကျွမ်းဝင်​မှ​တွေရှိ​နေခဲ့ပါတယ်​ကျွန်​မရဲ့ခင်​ပွန်းဟာ လွန်​ခဲ့တဲ့ ၁၄နှစ်​​လောက်​ကတည်းက ဒီ​ဆေးရုံကြီးမှာ နှလုံးနဲ့ပတ်​သက်​တဲ့ ကုသမှုတစ်​ခုလုပ်​ခဲ့ဖူးပြီး ယ​နေ့ထက်​တိုင်​ သူ့နှလုံးဆရာဝန်​ကြီးနဲ့ တစ်​နှစ်​ကို အနည်းဆုံးတစ်​ခါ​တော့ ​တွေ့ဆုံ​နေရဆဲပါ ကျွန်​မ ခင်​ပွန်းကိုအ​ကြောင်းပြုပြီး ဒီ​ဆေးရုံကို​ ပထမဆုံး​ရောက်​ဖူးတဲ့ လွန်​ခဲ့တဲ့...

သမီးဖြစ်သူ ယွန်းဝတီလွင်မိုးရဲ့ ကိုယ်ဝန်ရင့်မာရှိခဲ့စဉ်က ပုံရိပ်လေးတွေကို ချပြလိုက်တဲ့ မေသူ

မင်းသားကြီးလွင်မိုးရဲ့ သမီးချောလေးဖြစ်သူ ယွန်းဝတီလွင်မိုးက ဘိုဆန်တဲ့မျက်နှာနဲ့ ပရိသတ်တွေရဲ့ အသည်းနှလုံးကို ဖမ်းစားထားသူလေးပါ။ ယွန်းဝတီလွင်မိုးက လက်ရှိမှာတော့ မိသားစုနဲ့ ခွဲခွာပြီး သြစတေးလျမှာ ခင်ပွန်းဖြစ်သူနဲ့အတူတူ ကျောင်းတက်နေတာပဲ ဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုးက အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ သားလေး Liam ကို မွေးဖွားခဲ့ပြီး အခုဆိုရင် ကလေးမေမေတစ်ယောက်အဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုးက သားလေး Liam ကို (၂၀၁၈) ခုနှစ် သြဂုတ်လ (၆) ရက်နေ့က သြစတေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ မွေးဖွားခဲ့တာဖြစ်ပြီး Liam လေးက အခုဆိုရင် တစ်နှစ်ကျော်အရွယ်ကို ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ယွန်းဝတီလွင်မိုးရဲ့ မိခင်ဖြစ်သူ မေသူက ယွန်းဝတီလွင်မိုး မီးမဖွားခင် သုံးရက်အလိုက သြစတေးလျမှာ မိသားစုတွေနဲ့ လျှောက်လည်ခဲ့တဲ့ ပုံရိပ်တွေကို ချစ်ရတဲ့ ပရိသတ်တွေဆီ မျှဝေထားပါတယ်။ ယွန်းဝတီလွင်မိုးက မွေးခါနီး ဖွားခါနီးအချိန်မှာတောင်...