Category: ပြည်တွင်းသတင်း

စင်ကာပူမှာ ခပ်ခွာခွာနေရန်စည်းမျဉ်းနဲ့ အိမ်မှာနေရန် သတိပေးချက် ချိုးဖောက်သူများ ထောင်ဒဏ်၊ ငွေဒဏ် ကျခံရနိုင်

ခြောက်လအထိ ထောင်ဒဏ်ဖြစ်စေ၊ စင်ကာပူဒေါ်လာ ၁၀,၀၀၀ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရနိုင်ပါတယ်။ စင်ကာပူနိုင်ငံမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ဟန့်တားရေး စည်းမျဉ်းတွေကို မလိုက်နာတဲ့ လူတစ်ဦးချင်းစီ၊ ပွဲအခမ်းအနားစီစဉ်သူများနဲ့ အဆောက်အအုံပိုင်ရှင်များ ထောင်ဒဏ်နဲ့ငွေဒဏ်များ ချမှတ်ခံရနိုင်ကြောင်း သိရပါတယ်။ မတ်လ ၂၆ ရက် စင်ကာပူဒေသစံတော်ချိန် ည ၁၁ နာရီ ၅၉ မိနစ်မှာ စတင်သက်ရောက်ခဲ့တဲ့ စည်းမျဉ်းအသစ်များအရ ထိုသို့ ထောင်ဒဏ်နဲ့ငွေဒဏ်များ ချမှတ်ခံရနိုင်တာ ဖြစ်ပါတယ်။ အိမ်မှာနေရန် သတိပေး အကြောင်းကြားခံထားရသူတွေကိုလည်း မလိုက်နာပါက အလားတူပြစ်ဒဏ်များ ချမှတ်ခံရနိုင်တယ်လို့ ဆိုပါတယ်။ ကူးစက်မြန်ရောဂါအက်ဥပဒေ (Infectious Diseases Act) အရ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းအသစ်များက လူများ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေကြရန် စင်ကာပူဝန်ကြီးဌာနပေါင်းစုံပါဝင်တဲ့ COVID-19 လုပ်ငန်းအဖွဲ့ (COVID-19 Multi-Ministry Taskforce) က ညွှန်ကြားထားတဲ့...

တရုတ်နိုင်ငံက တန်ချိန် ၂.၄၅ ခန့်ရှိ COVID-19 ရောဂါတိုက်ဖျက်ရေးဆိုင်ရာ ဆေးပစ္စည်းကိရိယာများ မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် ထောက်ပံ့

တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ ထောက်ပံ့သော COVID-19 ရောဂါတိုက်ဖျက်ရေးဆိုင်ရာ ဆေးပစ္စည်း ကိရိယာများ ဒုတိယအသုတ်အဖြစ် မတ် ၂၆ ရက် ညပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာခဲ့ကြောင်း တရုတ်သံရုံး၏ သတင်းထုတ်ပြန်မှုအရ သိရသည်။ ဒုတိယအသုတ် ရောက်ရှိလာသော အဆိုပါ ဆေးပစ္စည်း ကိရိယာများကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai မှ မြန်မာနိုင်ငံအစိုးရ ကိုယ်စားလှယ်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ယခုထောက်ပံ့ပေးအပ်သည့် ဆေးပစ္စည်းကိရိယာများတွင် တစ်ကိုယ်ရည်သုံး ရောဂါကာကွယ်ရေးဝတ်စုံ (PPE) ၅၀၀၀၊ N95 နှာခေါင်းစည်း ၅၀၀၀ နှင့် တစ်ခါသုံးနှာခေါင်းစည်း ၂ သိန်းတို့ပါဝင်ပြီး စုစုပေါင်း တန်ချိန် ၂.၄၅ ရှိကြောင်း တရုတ်သံရုံး၏ သတင်းထုတ်ပြန်သည်။ထို့ပြင်...

ရောဂါဖြစ်ပွားရာ နိုင်ငံများမှ ပြန်လာသူများကို ခွဲခြားဆက်ဆံပါက နောက်ဆက်တွဲအန္တရာယ်နှင့် ဆိုးကျိုးဖြစ်ပွားနိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးပြော

ပြည်သူများအနေဖြင့် ရောဂါဖြစ်ပွားရာ နိုင်ငံများမှ ပြန် လာသူများကို ခွဲခြားဆက်ဆံ ခြင်းမျိုး မပြုလုပ်ရန်နှင့် ခွဲခြား ဆက်ဆံပါက ပုန်းကွယ်ရှောင်ပုန်း မှုများ ဖြစ်ပေါ်လာနိုင်ပြီး နောက် ဆက်တွဲအန္တရာယ်နှင့် ဆိုးကျိုးများဖြစ်ပွားနိုင်သည်ဟု ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာမြင့် ထွေးက ပြောသည်။ မတ်လ ၂၅ ရက်က ဝန်ကြီး ဌာနရုံး၌ ပြုလုပ်သည့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး၌ ပြောကြားခြင်း ဖြစ်သည်။ မြန်မာနိုင်ငံအတွင်း COVID -19 ရောဂါပြန့်ပွားမှု မရှိစေရန် ယင်းရောဂါပိုးတွေ့ရှိသူ သုံးဦးနှင့် ထိတွေ့ခဲ့သူများအားလုံးကို ရှာ ဖွေဖော်ထုတ်၍ အသွားအလာ ကန့်သတ်ခြင်း၊ ရောဂါစောင့် ကြပ် ကြည့်ရှုခြင်းတို့ ဆောင် ရွက်နေပြီး COVID-19 ရောဂါ ဖြစ်ပွားသူတွေ့ရှိပါက ဆောင် ရွက်ရမည့် ကျန်းမာရေးနှင့် အား...

မင်္ဂလာတောင်ညွှန့်မှ ကိုဗစ်ရောဂါလူနာ အသက်အန္တရာယ်စိုးရိမ်ရ၊ မြို့နယ်အတွင်း လမ်းဘေးဈေးများပိတ်ပြီး ဆိုင်များ ပါဆယ်သာရောင်းချရန် ဒေသန္တရ အမိန့်ထုတ်ပြန်မည်

မင်္ဂလာတောင်ညွှန့်မြို့နယ်မှ Covid 19 ကိုဗစ်ရောဂါလူနာ အသက်အန္တရယ်စိုးရိမ်ရပြီး မြို့နယ်အတွင်း လမ်းဘေးဈေးများပိတ်ရန်၊ ဆိုင်များအားလုံးပါဆယ်သာ ရောင်းချရန် မြို့နယ် အဆင့် ဒေသန္တရ အမိန့် ယနေ့ ထုတ်ပြန်မည်ဖြစ်ကြောင်း မင်္ဂလာတောင်ညွှန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောကြားသည်။ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်သော အသက် (၆၉) နှစ် အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးသည် နှာခေါင်းကင်ဆာရောဂါကို ဩစတြေးလျ နိုင်ငံတွင် (၁) လခန့် ဆေးကုသမှုခံယူခဲ့ပြီး မြန်မာနိုင်ငံသို့ အပြန်တွင် စင်္ကာပူနိုင်ငံ၌ (၄) ရက်ခန့် နေထိုင်ခဲ့ပြီးနောက် (၁၄-၃-၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ ကြောင်း၊ (၁၈-၃-၂၀၂၀) ရက်နေ့မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် လည်ချောင်းနာခြင်း လက္ခဏာများ ခံစားခဲ့ရသဖြင့် (၂၅-၃-၂၀၂၀) ရက်နေ့မှစတင်၍ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး တွင် စောင့်ကြည့်လူနာအဖြစ် သီးခြားထားရှိ၍ အထူးကြပ်မတ်ခန်း...

COVID-19 စောင့်ကြည့်ခံ အမေရိကန်ပြန် သတို့သား၏ မင်္ဂလာဆောင်ကို တားမြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန်းနီမြို့မှာ အမေရိကန်နိုင်ငံကနေ အလည်အပတ်ပြန်လာတဲ့ မြန်မာနိုင်ငံသားတဦးဟာ COVID-19 ရောဂါ ရှိ၊ မရှိ စောင့်ကြည့်ခံနေရစဉ် မင်္ဂလာဆောင်ဧည့်ခံပွဲ အခမ်းအနား ကျင်းပတဲ့အတွက် တားမြစ်လိုက်တယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက ပြောပါတယ်။ မြန်မာနိုင်ငံသား အသက် ၃၈ နှစ်အရွယ် မောင်လုတ်ဆိန်းဇော်သိန်းဟာ အမေရိကန်နိုင်ငံကနေ မြန်မာနိုင်ငံကို မတ်လ ၁၂ ရက်က မိသားစု ၃ ဦးနဲ့အတူ အလည်အပတ် ပြန်လာပြီး မတ် ၂၇ ရက်နေ့မှာ သိန်းနီးမြို့ အမှတ် ၃ ရပ်ကွက်၊ ဦးဖော်ဒါထွန်းနေအိမ်မှာ မင်္ဂလာအကြိုနဲ့ မတ် ၂၈ ရက် ဒီကနေ့မှာ မင်္ဂလာဆောင်အခမ်းအနားကို ကျင်းပဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ သိန်းနီမြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်ဦးက “ယူအက်စ်အေက ပြန်ရောက်လာတဲ့သူ ရှိပါတယ်။ ကျနော်တို့လည်း လောလောဆယ် စောင့်ကြည့်နေတယ်။ ကျနော်တို့ကတော့ နိုင်ငံခြားပြန်တွေ စာရင်းကောက်ပြီးတော့ စောင့်ကြည့်နေပါတယ်။...

မင်္ဂလာတောင်ညွှန့်ကရောဂါပိုးရှိသူရဲ့မိသားစုဝင်တွေပူးပေါင်းဆောင်ရွက်မှုအားနည်းနေဟု လွှတ်တော်ကိုယ်စားလှယ်ပြော

လူနာနေအိမ်ကိုတော့ Lock Down လုပ်ထား ရန်ကုန်တိုင်းက အသက် ၆၉ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ COVID-19 ရောဂါပိုးတွေ့ရှိတယ်လို့ သတင်းထုတ်ပြန်ပြီးနောက် လူနာ နေထိုင်တဲ့ မင်္ဂလာတောင်ညွှန့်မြို့နယ် ၁၀၁ လမ်းက ရှစ်ထပ်တိုက်တစ်ခုလုံးကို Lock Down လုပ်လိုက်ပြီလို့ မင်္ဂလာတောင်ညွှန့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက Duwun ကိုပြောပါတယ်။ အဲဒီရှစ်ထပ်တိုက်မှာ လူနာရဲ့ မိသားစုဝင် ၁၁ စု၊ လူဦးရေ စုစုပေါင်း အယောက် ၂၀ နေထိုင်ပြီး လူနာရဲ့ မိသားစုဝင်တစ်ဦးမှာ လူနာမှာ ရောဂါပိုးတွေ့ရှိတယ်ဆိုတာကို လက်မခံနိုင်တာကြောင့် အခု Lock Down လုပ်မယ့် အခြေအနေနဲ့ပတ်သက်ပြီးပူးပေါင်းဆောင်ရွက်ရာမှာ အခက်အခဲတွေရှိနေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်ဦးလှဌေးက ဆိုပါတယ်။ “လူနာက နှာခေါင်းကင်ဆာရှိတာ နှစ်နှစ်လောက်ရှိပြီ။ နိုင်ငံခြားမှာ သွားကုတယ်။ ပြန်လာတယ်။ မသက်သာရင်ပြန်သွားကုတယ်။အခုနောက်ဆုံးအခြေအနေရောက်ပြီးပြန်လာတယ်။ နေအိမ်မှာထားပြီး နောက်ဆုံးအခြေအနေကို စောင့်နေတာပေါ့။စောင့်နေတဲ့အချိန်မှာ မနေ့က...

မီနီအိုးဝေကို COVID-19 Positive လူနာနှင့် အတူလိုက်ပါစီးနင်းခဲ့သည့် အမျိုးသားတစ်ဦးကိုပါ စုံစမ်းနေ

မန္တလေးရှိ COVID-19 ရောဂါ Positive အမျိုးသား စီးနင်းခဲ့သည့် မီနီအိုးဝေယာဉ်မောင်းမှ အစစ်ဆေးခံရန် ဆက်သွယ်လာခဲ့ပြီး ၎င်းစီးနင်းစဉ်က အတူပါလာသည့် အမျိုးသားတစ်ဦးကိုပါ စုံစမ်းနေကြောင်း ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးထံမှ သိရသည်။ အဆိုပါ COVID-19 ရောဂါ Positive အမျိုးသား နေထိုင်ခဲ့သည့် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက် မမ၂၇ တိုက်နံပတ် ၆ အား ဝင်ထွက်သွားလာခွင့်ကိုလည်း နံနက်၉နာရီခန့်မှစ၍ ပိတ်လိုက်ပြီဖြစ်သည်။ “အမေရိကန်နိုင်ငံသား စီးနင်းခဲ့တဲ့ မီနီအိုးဝေ ယာဉ်မောင်းက လာရောက်ဆက်သွယ် အစစ်ဆေးခံခဲ့ပါတယ်။ သူနဲ့အတူ နှစ်ယောက်ပါလာတယ်လို့ သိရပြီး အဲဒီလူက လမ်းမှာဆင်းနေခဲ့တယ်လို့ ပြောတယ်။ အခုတော့ ဒီတိုက်ခန်း တစ်ခုလုံးကို ဝင်ထွက်သွားလာခွင့် ပိတ်လိုက်ပါပြီ။ လူနာရဲ့ အမျိုးသမီးကိုလည်း ဆေးရုံပို့လိုက်ပါပြီ။ ကျန်တဲ့မိသားစုဝင်တွေကိုလည်း ခုဆေးစစ်ဆေးမှုတွေ...

မင်္ဂလာတောင်ညွှန့်ရှိ COVID-19 ပိုးတွေ့သူမှာ ကင်ဆာရောဂါ၏ နောက်ဆုံးအဆင့်ကို ခံစားနေရသူဖြစ်

မင်္ဂလာတောင်ညွန့်ရှိ COVID-19 ပိုးတွေ့သူနှင့် မိသားစုဝင်နှစ်ဦးကို ဝေဘာဂီဆေးရုံသို့ပို့ထား ရန်ကုန်-COVID-19 ပိုးတွေ့ရှိသော မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အသက်(၆၉)နှစ်အရွယ်အမျိုးသားနှင့် ၎င်း၏မိသားစုဝင်နှစ်ဦးကို ဝေဘာဂီအထူးကုဆေးရုံသို့ ပို့ဆောင်ထားကြောင်း ယင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောသည်။ ရောဂါပိုးတွေ့ရှိသူနှင့် အတူနေမိသားစုများနေထိုင်လျက်ရှိသော မင်္ဂလာတောင်ညွန့်မြို့နယ် အမှတ်(၁၀၈)၊၁၀၁ လမ်းရှိ ရှစ်ထပ်တိုက်အား ယနေ့နံနက်ကစတင်ကာ Lockdown ချ၍ နေအိမ်အဝင်အထွက် ကန့်သတ် ထားပြီးဖြစ်သည်ဟု ၎င်းက ဆိုသည်။ “ကျွန်တော်တို့ ဒီကနေ့နံနက်ပိုင်းမှာပဲ ရောဂါပိုးတွေ့ရှိသူနေထိုင်တဲ့ ရှစ်ထပ်တိုက်ကို တာဝန်ရှိသူတွေနဲ့ တိုင်ပင်ပြီး Lockdown လုပ်လိုက်တယ်။ တစ်တိုက်လုံးက သူ့(ပိုးတွေ့လူနာ) မိသားစုဝင်တွေပဲ နေထိုင်ကြတာ”ဟု ဦးလှဌေးက ပြောသည်။ ထို့ပြင် လူနာနှင့် မိသားစုဝင်များအသုံးပြုခဲ့သော အိမ်စီးကားနှင့် နေအိမ်ဝန်းကျင်ကိုလည်း ကျန်းမာရေး ဝန်ထမ်းများနှင့် စည်ပင်သာယာဝန်ထမ်းများပူးပေါင်းကာ ပိုးသတ်ဆေးများဖျန်းထားကြောင်း ၎င်းက ရှင်းပြသည်။ COVID-19 ပိုးကူးစက်ခံရသော အမျိုးသားသည် လွန်ခဲ့သော...

COVID-19 လူနာ စီးနင်းခဲ့တဲ့ မီနီအိုးဝေယာဉ်မောင်း ကိုယ်တိုင်လာရောက်အစစ်ဆေးခံ

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မတ်လ ၂၇ ရက်နေ့ နံနက်အစောပိုင်းက COVID 19 ပိုးတွေ့ရှိထားတဲ့ လူနာ အသစ် (၂) ယောက်ကိုထုတ်ပြန်ကြေငြာခဲ့တာဖြစ်ပါတယ်။ အဆိုပါ လူနာဟာ အမေရိကန်နိုင်ငံသားခံယူထားသူဖြစ်ပြီးတော့ Qatar Airline နဲ့ ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိလာခဲ့တာပါ။ ဇာတိဖြစ်တဲ့ မန္တလေးမြို့သို့ ခိုင်မန္တလေး အလုံပိတ်ယာဉ်နဲ့ စီးနင်းလာခဲ့တာဖြစ်ပြီးတော့ ကားဝင်းမှ သူနေထိုင်ရာ မြရည်နန္ဒာတိုက်ခန်းသို့ မီနီအိုးဝေနဲ့ ပြန်ခဲ့တာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဖော်ပြချက်ထဲမှာ ပါရှိခဲ့တာဖြစ်ပါတယ်။ ကားဝင်းမှ မြရည်နန္ဒာတိုက်ခန်းသို့ ပို့ဆောင်ပေးခဲ့တဲ့ မီနီအိုးဝေ ယာဉ်မောင်းဟာ ကိုယ်တိုင်လာရောက်အစစ်ဆေးခံခဲ့တယ်လို့ သိရပါတယ်။ လူနာ စီးနင်းခဲ့တဲ့အိုးဝေယာဉ်ကိုလည်း ပိုးသတ်ဆေးဖျန်းလုပ်ငန်းစဉ်တွေ ဆောင်ရွက်နေတာဖြစ်ပါတယ်။ From Thet Mg’s FB  

ထိုင်းမှ နေရပ်ပြန် မြန်မာအလုပ်သမား တနေ့တည်း ၅၀၀၀ ကျော် ဝင်ရောက်

မြဝတီနယ်စပ် ထိုင်း- မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားကနေ မတ်၂၆ ရက်က နေရပ်ပြန် မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသား ၃၄၄၁ ဦးနဲ့ အမျိုးသမီး ၁၅၇၁ စုစုပေါင်း ၅၀၁၂ ဦး ရှိတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံအတွင်း COVID-19 အသက်ရှူလမ်းကြောင်း ကူးစက်ရောဂါ ကာကွယ်ရေး အစီအမံများအရ မတ်လ ၂၆ ရက်က စတင်ပြီး ခရိုင်၊ မြို့နယ်၊ ကျေးလက်ဒေသများအထိ ကူးသန်းသွားလာ တာနဲ့ နေအိမ်ပြင်ပ ထွက်တာတွေကို အချိန်အကန့်အသတ်နဲ့ သွားလာကြဖို့ အရေးပေါ် အခြေအနေ ထုတ်ပြန်လိုက်တာပါ။ ထုတ်ပြန်ချက် ချိုးဖောက်ပါက ထောင်ဒဏ်နဲ့ ငွေဒဏ်တွေ ချမှတ်အရေးယူသွားမယ်လို့ ဆိုပါတယ်။ မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် COVID-19 ရောဂါ ထိန်းချုပ်ကာကွယ်ရေး ကာလအတွင်း ဗီဇာ သက်တမ်း ၃ လ နေထိုင်ခွင့်ပြုတာ၊ လုပ်ခလစာတွေအတွက် အလုပ်သမား...