Category: အနုပညာ

ကာလတန်ဖိုး (၁၂၀၀၀)ကျပ် ရှိ ကတ်တမင်း(၁၀)ပြားကို ဖြိုးပြည့်စုံရဲ့ ကားအတွင်းမှာ သိမ်းဆည်းရရှိခဲ့

အဆိုတော် ဖြိုးပြည့်စုံနဲ့ တေးရေးဆရာ နှစ်ဦးတို့ကို သတင်းပေးမှုအရ မူးယစ်အဖွဲ့တပ်ဖွဲ့က အောက်တိုဘာလ (၇) ရက်နေ့ ညနေပိုင်းမှာ ရန်ကုန်မြို့ မြန်မာပလာဇာ ရှော့ပင်းမောလ်တွင် ဖမ်းဆီးခဲ့တဲ့ သတင်းက တော်တော်လေး ဟိုးလေးတကြော်ကြော် ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဖြိုးပြည့်စုံအတွက် ပရိသတ်တွေက စိတ်မကောင်းခြင်းများစွာ ဖြစ်နေကြသလို မယုံကြည်နိုင်ဖြစ်နေကြတာကိုလည်း တွေ့ရပါတယ်။ ဖြိုးပြည့်စုံက ထိုဆေးပြားများကို ထိုင်းနိုင်ငံမှ သူကိုယ်တိုင် ဝယ်ယူခဲ့ကြောင်း ပြောဆိုခဲ့ပြီးနောက် မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲက ဒီနေ့မှာတော့ ဆေးပြားများရဲ့ ပုံပန်းသဏ္ဍာန်ကို ပြသခဲ့ပါတယ်။ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ရဲ့ ပြောဆိုချက်အရ ” ဖြစ်စဉ်မှာ အောက်တိုဘာလ ၇ ရက်နေ့ ၁၇၃ဝ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၄၀)ရန်ကုန် (မြောက်)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဗဟန်းမြို့နယ်၊ ဆရာစံ ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်း၊...

သူငယ်ချင်းဖြစ်သူ ဖြိုးပြည့်စုံရဲ့ ဆေးစစ်ချက်အဖြေကိုစောင့်ပေးဖို့ အားလုံးကို မေတ္တာရပ်ခံလိုက်တဲ့ နီနီခင်ဇော်

လတ်တလော လူမှုကွန်ယက်မှာ နာမည်ကြီးနေတဲ့ အဆိုတော် ဖြိုးပြည့်စုံရဲ့သတင်းကြောင့် ပရိသတ်တွေရော အနုပညာရှင်အချင်းချင်းကပါ အရမ်းကို စိတ်မကောင်းဖြစ်နေကြရတာပါ။ ရင်းနှီးတဲ့ သူငယ်ချင်းတွေကလည်း ဖြိုးပြည့်စုံရဲ့အကြောင်းကို သေချာသိနေကြတာမို့ မယုံနိုင်ဖြစ်နေကြတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဖြိုးပြည့်စုံရဲ့သူငယ်ချင်းတစ်ဦးဖြစ်တဲ့ နီနီခင်ဇော်က သူငယ်ချင်း ဖြိုးပြည့်စုံအတွက် တိကျတဲ့ ဆေးစစ်ချက်တွေ ထွက်လာတဲ့အထိ စောင့်ပေးကြဖို့ အားလုံးကို မေတ္တာရပ်ခံလိုက်တာ တွေ့ရပါတယ်။ အခုလို အခက်အခဲကြုံတွေ့နေရတဲ့အချိန်မှာ သူငယ်ချင်းအတွက် ရှေ့ကနေ ရပ်တည်ပေးတဲ့ နီနီခင်ဇော်ကတော့ သူငယ်ချင်းကောင်း ပီသပါတယ်နော်။ ချစ်ပရိသတ်တွေအတွက် သူငယ်ချင်းလို အကိုလို ခင်ရတဲ့ ဖြိုးပြည့်စုံအတွက် ပရိသတ်တွေကို မေတ္တာရပ်ခံလိုက်တဲ့ နီနီခင်ဇော်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ နီနီခင်ဇော်ကတော့ “ကိုဖြိုးကို စိတ်ပူပေးကြတဲ့သူများ အားလုံး ခဏအချိန်ကလေး စောင့်ပြီး တိကျတဲ့ ဆေးစစ်ချက်အဖြေတွေထွက်လာတဲ့အထိ စောင့်ပေးကြဖို့ မေတ္တာရပ်ခံပါရစေ အမှန်တရားကိုစောင့်နေပါတယ် အကို့ကိုယုံကြည်ရင်း အကောင်းဆုံး ဆုတောင်းပေးပါ 🙏WestandwithPPS ”...

ဖြိုးပြည့်စုံဆီမှာတွေ့ရတဲ့ ထိုင်းနိုင်ငံကဆေးပြားဆိုတာနဲ့ ပက်သတ်ပြီးပြောလာတဲ့ အိမ့်ချစ်

မနေ့က အောက်တိုဘာလ (၇) ရက်နေ့က အဆိုတော် ဖြိုးပြည့်စုံ မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံရတယ်ဆိုတဲ့ သတင်းနဲ့ ပက်သတ်ပြီး တစ်နိုင်ငံလုံး ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဖြိုးပြည့်စုံအတွက် စိတ်မကောင်းကြသလို အနုပညာရှင်အသိုင်းအဝိုင်းက ညီအစ်ကိုမောင်နှမတွေကလည်း အမှန်တရားတစ်ခု ထွက်ပေါ်လာဖို့ ဝိုင်းဝန်းကြိုးစားနေကြတာ ဖြစ်ပါတယ်။ နိုင်ငံကျော် အဆိုတော် အိမ့်ချစ်ကလည်း ဖြိုးပြည့်စုံအတွက် စိတ်မကောင်းခြင်းများစွာ ဖြစ်နေခဲ့တာကို တွေ့ရပါတယ်။ ဒီနေ့မှာတော့ အိမ့်ချစ်က ဖြိုးပြည့်စုံဆီမှာ တွေ့ရှိရတဲ့ ထိုင်းနိုင်ငံက ဝယ်လာတဲ့ ဆေးပြားနဲ့ ပက်သတ်ပြီး အခုလိုပဲ ပြောပြလာပါတယ်။ “Playmore ဆိုတာထိုင်းက 7/11 တွေမှာတောင် ဝယ်လို့ရတဲ့ပူရှိန်းသကြားလုံးပါ။ တော်တော်များများလည်း သိကြပါတယ်။ Google မှာရှာလိုက်ရင်တောင် သိနိုင်ပါတယ်။ စားတဲ့သူများလို့ online shopping တွေမှာတောင် ရောင်းတဲ့သကြားလုံးလေးတွေပါ။” ‘ဝဋ်ကြွေးပါလို့ဆပ်ရတဲ့သဘောပါ။ အချိန်တန်တော့ အရာအားလုံးဖြေရှင်းပြီးသား ဖြစ်သွားပါလိမ့်မယ်။ ဘာသာရေးလုပ်တဲ့သူမို့...

အဆိုတော်ဖြိုးပြည့်စုံပါ အဆိုတော် ၂ ဦးနှင့် တေးရေးဆရာတို့ကို မူးယစ်ပုဒ်မဖြင့် ဖမ်းဆီးအမှုဖွင့်

အဆိုတော်ဖြိုးပြည့်စုံ၊ အဆိုတော်ရော်နီဆန်းလွင်နှင့် တေးရေးဆရာ ငြိမ်းချမ်းကိုတို့ကို မူးယစ်ဆေးဝါးပုဒ်မဖြင့် ဗဟန်းမြို့မရဲစခန်းတွင် ဖမ်းဆီးအမှုဖွင့်ထားကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ မြန်မာပလာဇာမြေနီထပ်ရှိ ကော်ဖီဆိုင်ရှေ့တွင် အောက်တိုဘာလ ၇ ရက်၊ ညနေ ၅ နာရီခွဲခန့်က သက်ဆိုင်ရာမူးယစ်တပ်ဖွဲ့မှ သတင်းအရစောင့်ဆိုင်းနေစဉ် အဆိုတော်ဖြိုးပြည့်စုံ၊ (၃၂)နှစ်၊ အဆိုတော်ရော်နီဆန်းလွင်၊ (၃၂)နှစ်နှင့် တေးရေးဆရာ ငြိမ်းချမ်းကို၊ (၂၄)နှစ်တို့ကို တွေ့ရှိခဲ့သဖြင့် ခေါ်ယူစစ်ဆေးခဲ့ရာ မော်တော်ယာဉ်နောက်ခန်းအတွင်းမှ A တံဆိပ်ပါ KETAMINE ဟုယူဆရသော ဖြူဝါရောင်ဆေးပြား ၁ ပြားလျှင် ၀.၄ ဂရမ်ခန့် ၁၀ ပြားအား ရှာဖွေသိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ “သူတို့တွေ မူးယစ်သတင်းအရ စောင့်ဆိုင်းနေတုန်းမှာ တွေ့ရှိခဲ့လို့ ရှာဖွေရင်းကနေ ဖမ်းဆီးရမိခဲ့တာပါ။ လက်ရှိမှာတော့ သူတို့တွေကို စစ်ဆေးနေတုန်းပါပဲ” ဟု ရဲအရာရှိတစ်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အဆိုတော်ဖြိုးပြည့်စုံ၊ (၃၂)နှစ်၊...

ရင်းနှီးသူတွေလက်ထဲရောက်နေပြီဖြစ်တဲ့ မင်းသမီးချောလေး ချစ်စနိုးဦးရဲ့မင်္ဂလာဖိတ်စာ

မင်းသမီးချော​လေး ချစ်စနိုးဦးက​တော့ ချိုသာတဲ့အပြုံး​လေးနဲ့ ပရိသတ်​​တွေရဲ့ ချစ်​ခင်​အား​ပေးမှုကို အပြည့်​အဝရရှိထားသူတစ်​ဦးပါ။ သရုပ်​​ဆောင်​ပိုင်းမှာသာမကပဲ အဆိုပိုင်းမှာ​ရော ထူးချွန်​တဲ့ ချစ်စနိုးဦးက​တော့ ချစ်စရာအသံလေးနဲ့လည်း ပရိသတ်​​တွေကို ဖမ်းစားထားသူ​လေးပဲ ဖြစ်​ပါတယ်​။ လတ်​တ​လောမှာ​တော့ ချစ်​စနိုးဦးက သူမချစ်ရသူနဲ့ လက်ထပ်ပွဲကြီးဆင်နွှဲဖို့ ရင်းနှီးသူတွေဆီ လိုက်ဖိတ်နေပြီပဲ ဖြစ်ပါတယ်။ ချစ်စနိုးဉီးရဲ့ ပရိသတ်တွေကတော့ သူမရဲ့ မင်္ဂလာသတင်းလေးအကြောင်းကြားပြီး အရမ်းကို ဝမ်းသာနေကြတာပါနော်။ ချစ်ပရိသတ်တွေအတွက် ရင်းနှီးသူတွေလက်ထဲရောက်နေပြီဖြစ်တဲ့ မင်းသမီးချောလေး ချစ်စနိုးဉီးရဲ့ရိုးရိုးရှင်းရှင်း မင်္ဂလာဖိတ်စာလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။ အဆိုတော် မင်းသမီးချောလေး ချစ်စနိုးဉီးကတော့ သူမရဲ့ ချစ်သူ အဆိုတော် တေးရေးဆရာ ကိုဖိုးသားနဲ့ လာမယ့် အောက်တိုဘာလ ၂၆ ရက်နေ့၊ Novotel Hotel မှာ ကျင်းပပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။ ရိုးရိုးလေးနဲ့ ချစ်ဖို့ကောင်းတဲ့ ကိုဖိုးသားနဲ့ ချစ်စနိုးဉီးတို့ရဲ့ မင်္ဂလာဖိတ်စာလေး ကိုဖိုးသားနဲ့ ချစ်စနိုးဉီးတို့နှစ်ဉီးကတော့ နားလည်မှုတွေ၊ အချစ်တွေနဲ့ လက်တွဲလာခဲ့တာ...

အဆိုတော် ဖြိုးပြည့်စုံ မူးယစ်ဆေးမှုဖြင့်အဖမ်းခံရတဲ့အကြောင်း ပြောပြလာတဲ့ အဆိုတော် မိုးမိုး

တေးသံရှင် ဖြိုးပြည့်စုံကို မှုးယစ်ဆေးဝါး သုံးစွဲမှုဖြင့် ဒီကနေ့ ညနေပိုင်းက ရန်ကုန်မြို့ မြန်မာပလာဇာရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် အရပ်ဝတ်ရဲများက ဝင်ရောက်ဖမ်းဆီးသွားကြောင်းသိရပါတယ်။ ကနဦးသတင်းအလက်အလက်များအရ တေးသံရှင်ဖြိုးပြည့်စုံနှင့်အတူ အခြားအမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတာတွေ့ရပါတယ်။ အသေးစိတ်သတင်းအချက်အလက်များကို ဆက်လက်စုံစမ်းနေပြီး အချိန်နှင့်တပြေးညီဆက်လက်တင်ပြသွားပါမယ်။ အဆိုတော် မိုးမိုးကလဲ ဖြိုးပြည့်စုံအဖမ်းခံခဲ့ရတာနဲ့ပတ်သက်ပြီးပြောပြလာခဲ့ပါတယ်။ Credit : Akonthi

အဆိုတော် ဖြိုးပြည့်စုံ မူးယစ်ဆေးသုံးစွဲမှုဖြင့် မြန်မာပလာဇာတွင် ဖမ်းဆီးခံရ (ရုပ်သံ)

အလွမ်းအဆွေး သီချင်းများနဲ့ လူငယ်တွေအကြား ရေပန်းစား ကျော်ကြားနေတဲ့ လူငယ်တေးသံရှင်တဦးလည်းဖြစ်၊ ဆရာဝန်တဦးလည်း ဖြစ်တဲ့ အဆိုတော် ဖြိုးပြည့်စုံတယောက် မူးယစ်ဆေးဝါးအမှုနဲ့ ဖမ်းဆီး ထိန်းသိမ်းခံထားရတယ်လို့ သိရပါတယ်။ မူရင်း သတင်း အပြည့်အစုံကို အောက်မှာ ဖော်ပြထားပါတယ်- အောက်တိုဘာ၇။ အဆိုတော်ဖြိုးပြည့်စုံကို ယနေ့ညနေ၆နာရီခန့်က မြန်မာပလာဇာတွင် မှုးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံ ထားရကြောင်းကို ရန်ကုန်တိုင်းဒေသကြီး ပြည်ထဲရေးဝန်ကြီးဌာနရုံးမှ တာဝန်ရှိသူတဦးမှ အတည်ပြု ပြောကြားကြောင်း ကနဦးသတင်းရရှိပါသည်။ ယခုခေတ်လို မူးယစ်ဆေးဝါးများ အလွယ်တကူ ရရှိနေတဲ့ ခေတ်ကြီးထဲမှာ အနုပညာရှင်များအနေနဲ့ မူးယစ်ဆေးရဲ့ ဆွဲဆောင်မှုကို လွတ်အောင် ရှောင်တိမ်းဖို့ဆိုတာ အဓိကကျတဲ့ အချက်တခု ဖြစ်ပါတယ်။ အမှန်တကယ်တော့ ကိုယ့်ရဲ့ အနုပညာ ဖန်တီးမှုဟာ ကိုယ့်အပေါ်မှာပဲ မူတည်တာပါ။ ဘယ်မူးယစ်ဆေးဝါးကိုမှ မမှီခိုပါဘူး။ မူးယစ်ဆေးဝါးကြောင့် အနုပညာ ပိုဖန်တီးနိုင်တယ်ဆိုတဲ့ စကားဟာ ယုံတမ်း စကားပဲ ဖြစ်ပါတယ်။...

ဝါကျွတ်မှာ ချစ်သူနဲ့ ရွှေလက်တွဲတော့မယ့် ချစ်စနိုးဦး

ချစ်စနိုးဦးကတော့ အောက်တိုဘာလထဲမှာ ချစ်သူတဲ့ ထိမ်းမြားလက်ထပ်တော့မှာ ဖြစ်ပါတယ်။မင်္ဂလာပွဲအတွက် ကြိုတင်ပြင်ဆင်ရင်းနဲ့ ပျော်လို့နေပါပြီ။ သရုပ်ဆောင် ချစ်စနိုးဦးကတော့ ဝါထွက်မှာ ချစ်သူနဲ့ ရွှေလက်တွဲတော့မှာ ဖြစ်ပါတယ်။ မင်္ဂလာဦးဆွမ်းကျွေးကို အောက်တိုဘာ (၂၀) ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်ပြီး စုလျားရစ်ပတ်ထိမ်းမြားမင်္ဂလာကိုတော့ အောက်တိုဘာ (၂၆) ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ မင်္ဂလာညစာစားပွဲကိုတော့ နိုဝင်ဘာ(၂) ရက်နေ့မှာ ကျင်းပသွားမှာပါ။ ပွဲအတွက် ပြင်ဆင်နေရင်း ပျော်လည်းပျော်နေပြီလို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ ‘’သူများတွေကတော့ပြောတယ်၊ ယောက်ျားမယူနဲ့တဲ့ ဒါပေမယ့် သူများတွေတောင် ယူတာပဲနော် ကိုယ်လည်း ယူကြည့်ချင်တာပေါ့။ အခုလောလောဆယ်ကေ တာ့ အရမ်းပျော်နေပါတယ်။ အရင်တုန်းကတော့ မင်္ဂလာဝတ်စုံတွေ ဝတ်ရတာ အလုပ်အတွက်ပေါ့။ ဒါပေမယ့် ကိုယ့်ပွဲအတွက် ကိုယ်ပြင်ဆင်ရင်း စိတ်လည်းပင်ပန်းရတယ်။ ပျော်လည်း ပျော်ပါတယ်’’ လို့ သူကဆိုပါတယ်။ ချစ်စနိုးဦးဟာ...

သူမကူညီပေးလိုက်လို့ အိမ်ဆိုင်လေးနဲ့ အဆင်ပြေသွားတဲ့ ဒေါ်နန်းခမ်းဝါကြောင့် ပီတိဖြာနေတဲ့ ခိုင်နှင်းဝေ

လိုအပ်​တဲ့​နေရာ​တွေမှာ အ​ရှေ့ဆုံးက​နေ ရပ်​တည်​ကူညီပြီး အများ​ကောင်းကျိုးကို ကြည့်​တတ်​လွန်းလို့ ပရိသတ်​တွေက ပရဟိတ မင်းသမီးကြီးလို့​တောင်​တင်​စား​ခေါ်​ဝေါ်ကြတဲ့ သရုပ်ဆောင်​ခိုင်နှင်းဝေက​တော့ သူမရဲ့ မွန်​မြတ်​တဲ့စိတ်​ထား​လေး​ကြောင့်​ပရိသတ်​တွေ လေးစား ချစ်ခင်ကြသူတစ်​ဦးပဲ ဖြစ်​ပါတယ်​။ ခိုင်​နှင်း​ဝေက​တော့ လက်​ရှိမှာ အခက်အခဲတွေ ကြုံတွေ့နေရတဲ့ ဇာတ်ပို့သရုပ်ဆောင် ဒေါ်နန်းခမ်းဝါကို ဈေးဆိုင်လေး တည်ပေးခဲ့တာ အရမ်းအဆင်ပြေသွားလို့ ပီတိဖြစ်နေရတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ သူတစ်ပါးရဲ့အပျော်ကို ဖန်တီးပေးရသူလောက် ပျော်ရွှင်စရာကောင်းတဲ့သူ ကမ္ဘာပေါ်မှာ မရှိနိုင်ဘူးဆိုတာ ပြသခဲ့တဲ့ ခိုင်နှင်းဝေကတော့ တကယ့်ကို လေးစားစရာ စိတ်ဓါတ်ပိုင်ရှင်လေးပါပဲနော်။ ချစ်ပရိသတ်တွေအတွက် အနုပညာရှင်အချင်းချင်း အားနည်းသူကို ကူညီတတ်တဲ့ ခိုင်နှင်းဝေရဲ့လေးစားစရာ စိတ်ဓါတ်လေးအကြောင်း ဖော်ပြပေးလိုက်ပါတယ်နော်။ ခိုင်နှင်းဝေကတော့ ‘ကျမလှူပေးခဲ့တဲ့ အလှူလေးတခုက အဆင်ပြေတယ်ဆိုတာသိရလို့ ရင်ထဲမှာကြည်နူးမိပါတယ်…အိမ်ရှေ့မှာပဲဖွင့်ထားတဲ့ အိမ်ဆိုင်လေးမို့လို့ ညဘက်အထိဖွင့်လို့ရတယ်တဲ့…အခုထပ်ပိုပြီးအဆင်ပါစေ, ဆိုင်ကိုလည်းထပ်မံတိုးချဲ့နိုင်ပါစေလို့ဆုတောင်းပေးပါတယ်ရှင် 🙏🏻🙏🏻🙏🏻” ဆိုပြီး ဒီထက်လည်း ပိုအဆင်ပြေစေဖို့ ဆုတောင်းထားပေးပါသေးတယ်။ ဇာတ်ပို့သရုပ်ဆောင် ဒေါ်နန်းခမ်းဝါရဲ့ဆိုင်လေးနာမည်ကတော့ “သမီးလေးရဲ့မေတ္တာရိပ်”...

သိန်း(၇၀) ကနေ သိန်း(၁၀၀) အတွင်းပေးမယ်ဆိုပြီး ပျော်တော်ဆက်ဖို့ လာငှားတဲ့ သူကို ပြတ်ပြတ်သားသား ငြင်းဆိုလိုက်တဲ့ မြညိုလေ

မြညိုလို့ ပရိသတ်တွေ ချစ်စနိုးနဲ့ ခေါ်ဝေါ်ကြတဲ့ မြတ်သူသူဇင်ကတော့ တစ်ဟုန်ထိုးအောင်မြင်လာတဲ့ ဇာတ်လမ်းတွဲ မင်းသမီးလေး တစ်ဦးပါနော်။” ပျားရည်အိုင် ” ဇာတ်လမ်းတွဲမှာ ” မြညို ” ဆိုတဲ့ ဇာတ်ကောင်လေးနဲ့ ပရိသတ်တွေသတိထားမိလာဆိုပေမယ့် မြညို လို့ ပရိသတ်တွေမသိခင်ကတည်းက “ကံကံ၏အကျိုး” ဇာတ်လမ်းတွဲ ၊ချစ်ခွန်းခြွေသီချစ်သူဆီ၊ ရတနာထဲကရတနာ ၊တို့အပြင် ဝင်္ကပါစံအိမ်ဇာတ်လမ်းတွဲတွေပါ တို့မှာပါဝင်ခဲ့တဲ့သူလေးပါတစ်ယောက်ပါ။ လက်ရှိမှာလည်း MRTV- (4 ) မှာ ပြသလျက်ရှိတဲ့ တတိယမြောက်ဆုံမှတ် ဇာတ်လမ်းတွဲမှာ ” ယွန်းမေခ” အဖြစ် ပါဝင်ထားပြီး မကြာသေးမီကလည်း ငွေဆောင်ကမ်းခြေ သို့ သွားရောက်ကာအနုပညာအလုပ်တွေ လုပ်ဆောင်ခဲ့ပါသေးတယ်။မြညိုလေးကတော့ စီးပွားရေး သမားတွေ ပဲ တက်ရောက်မယ့် ပွဲတစ်ပွဲကို တက်ရောက်ကာ အတူတူကပေးပြီး အတူတူအရက်သောက်ပေးဖို့ လာငှားတဲ့သူကို ပြတ်ပြတ်သားသားတုံ့ပြန်ခဲ့ပါတယ်။ငှားခအနေနဲ့ သိန်း(၇၀) ကနေ သိန်း(၁၀၀) အတွင်းပေးမယ်လို့ဆိုကာ လာငှားခဲ့သူကို...