Category: အားကစား

မြန်မာ့ဂုဏ်ဆောင် သက်ထားသူဇာကို တင်စားချီးကျူးလိုက်တဲ့ သက်မွန်မြင့်

ကမ္ဘာ့အလယ်မှာ မြန်မာရယ်လို့ ရပ်တည်နိုင် အောင်ကြိုးစားနေတဲ့သူတွေအများကြီး ရှိပါတယ်။ မြန်မာတွေဟာ အားကစားမှာ ဘောလုံးလောက်ကို သာ နိုင်ငံတော်အားကစား အဖြစ်အသိမှတ်ပြုထားသလို ဖြစ်နေတော့ တခြားအား ကစားတွေ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီး ယှဉ်ပြိုင်အနိုင်ရယူနိုင်ခဲ့တဲ့ အားကစား အမျိုးအစားတွေ ၊ အားကစားသမားတွေကတော့ အမေ့ခံဘဝကို ရောက်လို့ရောက်မှန်းမသိရောက်နေခဲ့ပါတယ် ။ ဒါပေမယ့် ဒီဘက်ခေတ် ဆိုရှယ်မီဒီယာ ပွင့်လင်းမြင်သာမှု ရှိလာတဲ့ ယနေ့အချိန်ခါမှာတော့ မြန်မာပြည်သူပြည်သားတွေရဲ့ တခြားအားကစားအပေါ်စိတ်ဝင်စားအားပေးမှုကလည်း မြင့်တက်လာခဲ့ပါတယ်။ အဲ့ဒီလို မြင့်တက်လာခဲ့တာနဲ့အမျှ အွန်လိုင်းမီဒီယာတွေရဲ့ ဝန်းရံမှုအရရော ပြည်သူတွေရဲ့ အားပေးမှု အရပါ ထင်သာမြင်လာရှိလာခဲ့တဲ့ နိုင်ငံကိုယ်စားပြုအားကစားတွေလည်း ပမာဏတစ်ခုစာ တိုးလာခဲ့ပါတယ် ။ ပရိသတ်တွေကို ဝမ်းမြောက်စွာ ဖော်ပြပေးချင်တဲ့ သတင်းလေးတစ်ခုရှိပါတယ် ။အဲ့ဒီသတင်းကတော့ မြန်မာနိုင်ငံကိုယ်စားပြု ကြက်တောင်ရိုက် အားကစားမယ် လေးဖြစ်တဲ့ သက်ထားသူဇာ ရဲ့ နောက်ထပ် ချန်ပီယံ ဆုတံဆိပ် ကိုဆွတ်ခူးလာနိုင်တဲ့သတင်းလေးပဲဖြစ်ပါတယ်။...

Benin International 2019 ကြက်တောင်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပြန်တဲ့ နိုင်ငံ့ဂုဏ်ဆောင် သက်ထားသူဇာ

မြန်မာ့အမျိုးသမီး ကြက်တောင် အကျော်အမော် သက်ထားသူဇာဟာ နိုင်ဂျီးရီးယားနိုင်ငံမှာ ကျင်းပနေတဲ့ Benin International 2019 အမျိုးသမီး တစ်ဦးချင်း ကြက်တောင်ပြိုင်ပွဲမှာ ပြိုင်ဘက်ပီရူး ကြက်တောင်မယ်ကို ခက်ခက်ခဲခဲ အနိုင်ကစားပြီး ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပြန်ပါပြီ။မြန်မာနိုင်ငံအတွက် ကြက်တောင်အားကစားနဲ့ နိုင်ငံ့ဂုဏ်ဆောင်ပေးနေတဲ့ သက်ထားသူဇာဟာ ဗိုလ်လုပွဲမှာတော့ ပီရူးကြက်တောင်မယ် Damiela Macias ကို ၁၇-၂၁ ၊ ၂၁-၁၈ ၊ ၂၁-၁၄ ဖြင့် အကြိတ်အနယ် ယှဉ်ပြိုင်ကစားပြီး အနိုင်ရ ဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။ ပြည်သူ့အချစ်တော် သက်ထားသူဇာဟာ ပြီးခဲ့တဲ့ ဇွန်လ၁၆ရက်နေ့က မောရစ်သျှမှာ ကျင်းပပြီးစီးခဲ့တဲ့ Mauritius International Championship 2019 ကြက်တောင်ပြိုင်ပွဲမှာလည်း ဖင်လန်နိုင်ငံသူကို အနိုင်ရပြီး ပူပူနွေးနွေး ရွှေတံဆိပ်ဆွတ်ခူးထားခဲ့တာ ဖြစ်ပါတယ်။ သက်ထားသူဇာဟာ ၂၀၁၈ ခုနှစ်က အီဂျစ်ကြက်တောင်ပြိုင်ပွဲ ၊ ၂၀၁၉ခုနှစ်အတွင်း ယူဂန်ဒါ...

ဖင်လန်နိုင်ငံမှ ကြက်တောင်အားကစားမယ်ကို နှစ်ပွဲပြတ်ဖြင့် အနိုင်ယူပြီး ရွှေတံဆိပ်ဆွတ်ခူးခဲ့တဲ့ သက်ထားသူဇာ

Mauritius ကျွန်းစုနိုင်ငံတွင် ဇွန် ၁၃ မှ ၁၆ ရက်နေ့အထိကျင်းပသော FLEET Mauritius International 2019 ကြက်တောင်ပြိုင်ပွဲ Woman Single တွင် သက်ထားသူဇာက ပြိုင်ဘက်များကို ကျော်ဖြတ်ကာ ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ သက်ထားသူဇာသည် Round-1, Round-2, အဆင့်များကို ကျော်ဖြတ်ပြီး ကွာတားအဆင့်တွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် Mauritius ကျွန်းနိုင်ငံမှ Kate Foo Kune ကို ထပ်မံကျော်ဖြတ်နိုင်ခဲ့သည်။ဆီးမီးဖိုင်နယ်တွင် ကမ္ဘာ့အဆင့် ၉၉ ရှိ အိန္ဒိယနိုင်ငံကစားသမား Sai Uttejitha Rao CHUKKA ကို 13-21, 21-19, 21-16 နှစ်ပွဲ တစ်ပွဲဖြင့်အနိုင်ယူကာ ဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။ ဖိုင်နယ်ပွဲစဉ်ကို ယနေ့၊ ၁၆-၆-၂၀၁၉ တွင် ဆက်လက်ကျင်းပခဲ့ပြီး ဖင်လန်နိုင်ငံမှ ကြက်တောင်ကစားသမား Airi MIKKELA...

ရလဒ်ကို စိတ်ပျက်ပေမယ့် ကစားပုံကောင်းခဲ့ကြောင်း မြန်မာနဲ့ ပွဲအပြီး စင်ကာပူနည်းပြ ပြောဆို

အင်္ဂါနေ့ က နိုင်ငံတကာ ချစ်ကြည်ရေးခြေစမ်းပွဲစဉ်တစ်ခုအဖြစ် စင်ကာပူနိုင်ငံမှာ မြန်မာ့လက်ရွေးစင် အသင်းနဲ့ ကစားခဲ့ရာမှာ သူ့ အသင်းက ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့မေယ့်လည်း အသင်းအနေနဲ့  ကစားပုံကောင်း ခဲ့ပါကြောင်း ဂျပန်လူမျိုး စင်ကာပူလက်ရွေးစင်အသင်းနည်းပြ တက်ဆူမာ ယိုရှီဒါက ပြောဆိုသွားခဲ့ပါတယ်။  အဝေးကွင်းမှာ မြန်မာပရိသတ်တွေရဲ့ တခဲနက် အားပေးမှုနဲ့ အတူ မြန်မာ တိုက်စစ်မှူး အောင်သူနဲ့ ကျော်ကိုကိုတို့ ရဲ့တွဲလုံးကတဆင့် ကျော်ကိုကိုက ကစားချိန် ၅ မိနစ်မှာပဲ မြန်မာအသင်းအတွက် အဖွင့်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ စင်ကာပူအသင်းဟာ တောင်ပံကစားသမား ဂါဘရီယယ် ကွက်ရဲ့ မိနစ် ၂၀ ချေပဂိုးနဲ့  သရေရယူနိုင်ခဲ့ပေမယ့် ကစားချိန် ၆၇ မိနစ်မှာ ကျော်ကိုကိုရဲ့ ဒုတိယဂိုးကို ခွင့်ပြုခဲ့ရကာ ရှုံးပွဲတွေ့ ခဲ့ရတာဖြစ်ပါတယ်။  နည်းပြ ယိုရှီဒါအနေနဲ့ ...

စစ်ကိုင်းယူနိုက်တက်အသင်းကို စပွန်ဆာမရှိဘဲ ဇာတ်ကသည့်ငွေဖြင့် ထောက်ပံ့ပေးထားခြင်းဟု ဇာတ်မင်းသားဖိုးချစ် ပြော

မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ဘောလုံးပြိုင်ပွဲအသင်းများအနေဖြင့် ဝင် ငွေများမရှိဘဲ အသင်းပိုင်ရှင်များ၏စိုက် ထုတ်ငွေများဖြင့် လည်ပတ်နေရသည့်အ ခြေအနေ၌ မိမိမှာစီးပွားရေးလုပ်ငန်းရှင်မဟုတ်သောကြောင့် ဇာတ်ကသည့်ဝင်ငွေ ဖြင့် အသင်းကိုထောက်ပံ့ပေးထားရခြင်း ဖြစ်ပြီး ရာသီကုန်အထိ ထပ်၍ရုန်းကန် သွားရဦးမည်ဖြစ်ကြောင်း အသင်းပိုင်ရှင် ဇာတ်မင်းသား ဖိုးချစ်က ပြောသည်။ စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြု အသင်းအဖြစ် မြန်မာနေရှင်နယ်လိဂ်တွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသော စစ် ကိုင်းယူနိုက်တက်အသင်းအနေဖြင့် ယခု နှစ်ဘောလုံးရာသီတွင် စပွန်ဆာများရ ရှိထားခြင်းမရှိသည့်အပြင် အိမ်ကွင်းပွဲ စဉ်များ၌လည်း ပရိသတ်လာရောက် ကြည့်ရှုအားပေးမှုအဆင်ပြေစေရန် ကွင်း ဝင်ကြေးမကောက်ခံကြောင်းသိရသည်။ ]]ကျွန်တော်က အသင်းပိုင်ရှင်တွေထဲမှာ အချို့တဲ့ဆုံး အသင်းပိုင်ရှင်ပါ။ ဒါ ပွင့်ပွင့် လင်းလင်းပြောတာပါ။ ကျွန်တော်က လုပ် ငန်းရှင်သူဌေးလည်းမဟုတ်ဘူး။ ဘော လုံးအသင်းပိုင်ရှင်တွေထဲမှာ ဟိုးအောက် ဆုံးမှာပါ။ အခုပထမအကျော့ဆိုရင် ကျွန် တော် စပွန်ဆာ တစ်ခုမှမရှိဘူး။ ဝင်ငွေက ဘာမှ မရှိတာ။...