တာဝန်ကျရာကျောင်းက တပ်မိသားစုဝင်ကလေးများရဲ့ ယနေ့ကြုံတွေ့ခဲ့ရသော စိတ်မခိုင်စရာ မြင်ကွင်းလေး

ကျွန်တော်တာဝန်ကျရာကျောင်းသည်တပ်မိသားစုဝင်များ၏ကလေးတွေအများစုတက်သောကျောင်းဖြစ်ပါသည်။ ယနေ့ကြုံတွေခဲ့ရသောမြင်ကွင်းကစိတ်မခိုင်လျှင်မျက်ရည်ကျမိမည်။ ဖခင်များမှာရှေ့တန်းစစ်မြေပြင်ထွက်ခွာမည်ဖြစ်သောကြောင့်ကျောင်းသို့သူတို့၏သားသမီးကလေးများအားလာရောက်နှုတ်ဆက်ကြရာကျွန်တော့်၏G3ကလေး မိဘ ၃ /၄ဦးခန့်လာကြသည်။ “သမီးစာကြိုးစားနော်/သားစာကြိုးစားနော်/လိမ်လိမ်မာမာနေနော်/ဆရာ့စကား/ဆရာမစကားနားထောင်နော်/ဖေကြီးပြန်လာမှာတဲ့”သားဖြစ်သူသမီးဖြစ်သူလေးများမှရှေ့တန်းထွက်စစ်ယူနီဖောင်းအပြည့်အစုံနဲ့သူတို့၏ဖခင်ကိုဖက်၍ငိုကြသည်။ကျွန်တော်G3အတန်းပိုင်ဆရာဒီမြင်ကွင်းကိုကြည့်ရင်းမျက်ရည်ဝဲဆို့နစ်ကြွေကွဲရပါဘီလေ။ဆရာဆိုတော့ဟန်လုပ်ရင်း “သားတို့သမီးတို့ရယ်ဆရာတစ်ယောက်လုံးရှိသေးတာ ဘာအားငယ်စရာလိုလဲ။သားတို့သမီးတို့ရဲ့ဖေကြီးပြန်လာရင်းဆရာပါလိုက်ကြိုပေးမှာ။ဆရာတစ်ယောက်လုံးရှိသေးတယ်ဘာမှအားမငယ်နဲ့သမီးလေးသားလေးတို့ရယ်။”လို့အားပေးမိခဲ့ပါတယ်ဗျာ။KG/G1/G2/G3/G-5ကလေးများသည်အသိအမြင်ရှိနေကြဘီလေ။ရှေ့တန်းစစ်မြေပြင်ထွက်ရမယ်ဆိုတော့ ပြန်လာမယ်ပြောပြီးပြန်မလာတော့တဲ့သူတို့သူငယ်ချင်းတွေရဲ့ဖေဖေတွေအကြောင်းကိုလည်းမြင်တွေ့ကြားသိနေရတော့။ကျောင်းပေါက်ဝကနေပြန်ထွက်သွားနေတဲ့သူတို့ဖခင်တွေကိုလှမ်းပြောလိုက်ပုံက “ဖေဖေရေရှေ့တန်းကမြန်မြန်ပြန်လာခဲ့နော်တဲ့” ကျွန်တော်လဲကလေးတွေဟိုတဖက်အကွယ်ကိုလှည့်ပြီးကျွန်တော့်မျက်ဝန်းကိုကလေးတွေမသိအောင်သုတ်နေမိလေရဲ့😢😢😢ကျွန်တော့်ရဲ့G3ကလေးတွေခံစားချက်ကိုကျွန်တော်ထပ်တူထပ်မျှခံစားရမိပါတယ်။မည်သည့်ကလေးမှသူတို့ရဲ့ဖခင်ရှေ့တန်းထွက်မှာကိုမလိုလားကြတော့။ပြန်မလာမှာကိုမလိုလားကြတော့ပါ။ အင်းးးးးးးး စစ်ပွဲတွေအေးငြိမ်းပါစေ။ မြန်မာပြည်ကြီးငြိမ်းချမ်းပါစေ။ အေးချမ်းသာယာပါစေ။မိသားစုတွေပျော်ရွှင်ချမ်းမြေ့ကြပါစေ။ Credit-W.Y.M.H

မြန်မာပြည်ကြီးအေးချမ်းပါစေဆိုပြီး မေတ္တာပို့နေရတာစိတ်ထဲမကောင်းလိုက်တာ ဆိုတဲ့ စမိုင်းလ်

နိုင်ငံကျော် သရုပ်ဆောင် မင်းသမီး စမိုင်လ်းဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ သူလေးပါ။ သူမက ချစ်စရာကောင်းတဲ့ မိသားစုနဲ့အတူ ဘဝကိုပျော်ရွှင်အေးချမ်းစွာဖြတ်သန်းနေကြတာပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ စမိုင်းလ် က လက်ရှိမြန်မာနိုင်ငံမှာ တိုက်ပွဲတွေဖြစ်နေတာနဲ့ ပတ်သက်ပြီးပြောထားတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ တစ်ချိန်က စမိုင်းလ် တို့ဇနီးမောင်နှံ က ဘဝကို ခက်ခက်ခဲခဲ ကြိုးစား ရုန်းကန်ခဲ့ရပြီး ခုချိန်မှာဆိုရင် အေးချမ်းသာယာပြီး လူတိုင်းအားကျရတဲ့ အေးချမ်းသာယာတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားတာပါ။ စမိုင်းလ် က သူမတို့ ခုလို ချမ်းချမ်းသာသာ နေရတာက ဘုရားတရားကို အမြဲမမေ့ခဲ့တာကြောင့်လို့ ဖြေထားတာရှိသလို ခုနောက်ပိုင်းမှာ အလှူအဒါန်း များစွာကို လှူဒါန်းနေတာ တွေ့ရပါတယ်။ ဒီတစ်ခါမှာတော့ စမိုင်းလ် က လက်ရှိမြန်မာနိုင်ငံမှာ ရေဘးသင့်တာကြောင့်ပြည်သူတွေ ဒုက္ခတွေနဲ့ ကြုံနေရသလို လတ်တလောမှာလည်း တိုက်ပွဲများဖြစ်နေတာကြောင့် မြန်မာနိုင်ငံကြီး ဒုက္ခတွေနဲ့ ကြုံတွေ့နေရတဲ့အတွက် စမိုင်းလ်က ခုလို...

လူအား၊ ငွေအားတင်မကဘဲ အသက်ပါပေးပြီး ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့တဲ့ ဦးထွန်းမြင့်ရဲ့ ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်များ

ဒီနေ့ လားရှိုး စစ်ပွဲထဲ ပိတ်မိနေသူတွေ့ကို ကယ်ထုတ်ဖို့ လူနာတင်ယာဉ် ကိုယ်တိုင်မောင်း သွားကူရင်း ပစ်ခတ်ခံရလို့ ကွယ်လွန်သွားခဲ့သူ ဟာဂျီမွတ်စ်သဖားဘိုင်(ခ)ဦးထွန်းမြင့် အသက် ၅၇နှစ်မှာ မိခင်အိုနဲ့ ဇနီး၊ သားသမီးတွေ ကျန်ရစ်ခဲ့တယ်။ ဟာဂျီဆပ်ကို ဒီနေ့ ညနေ အဆွရ်ဆွလားသ်အပြီးမှာ မြေချ (ဒဖနာ)မယ်လို့ မိသားစုက ဆုံးဖြတ်ထားတယ်။ လားရှိုးအနီးဝန်းကျင်မှာ ပစ်ခတ်မူတွေ ရှိနေပေမဲ့ ကိုထွန်းမြင့် နောက်ဆုံးခရီးကို လားရှိုးမြို့ ခံတွေ အင်တိုက်အားတိုက် လိုက်ပါပို့ ဆောင်ဖို့ ပြင်ဆင်နေပါတယ်။ ဒီခေတ်မှာ ပရဟိတ လူတိုင်းနီးပါးလုပ်တယ်။ တချို့က ငွေပေးပြီး ပရဟိတလုပ်တယ်။တချို့က ချွေးပေးပြီး လုပ်အားနဲ့ ပရဟိတလုပ်တယ်။ တချို့က အချိန်ပေးပြီး ပရဟိတလုပ်တယ်။ ဒီနေ့ ကွယ်လွန်သွားတဲ့ ဦးထွန်းမြင့်ကတော့သူပရဟိတလုပ်တဲ့ တလျှောက်လုံး ငွေအားကော လုပ်အားကောပေးပြီး အချိန်ထုတ် ကူညီခဲ့ယုံမက အသက်ပါပေးပြီး လုပ်ပြခဲ့တယ်။ အရှင်မြတ်သခင် ကွယ်လွန်သူ...

သံဃာတော် ၃၀၀၀ ဝါဆိုသင်္ကန်းကပ်ပွဲအခမ်းအနားအတွက် အလှူငွေ ၁၀သိန်းလှူဒါန်းခဲ့တဲ့စမိုင်းလ်မိသားစု

နိုင်ငံကျော် သရုပ်ဆောင် မင်းသမီး စမိုင်လ်းဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ သူလေးပါ။ သူမက ချစ်စရာကောင်းတဲ့ မိသားစုနဲ့အတူ ဘဝကိုပျော်ရွှင်အေးချမ်းစွာဖြတ်သန်းနေကြတာပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ စမိုင်းလ် တို့မိသားစုမှ သံဃာတော် ၃၀၀၀ ဝါဆိုသင်္ကန်းကပ်ပွဲအခမ်းအနားအတွက် အလှူငွေ ၁၀သိန်းလှူဒါန်းခဲ့တဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ တစ်ချိန်က စမိုင်းလ် တို့ဇနီးမောင်နှံ က ဘဝကို ခက်ခက်ခဲခဲ ကြိုးစား ရုန်းကန်ခဲ့ရပြီး ခုချိန်မှာဆိုရင် အေးချမ်းသာယာပြီး လူတိုင်းအားကျရတဲ့ အေးချမ်းသာယာတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားတာပါ။ စမိုင်းလ် က သူမတို့ ခုလို ချမ်းချမ်းသာသာ နေရတာက ဘုရားတရားကို အမြဲမမေ့ခဲ့တာကြောင့်လို့ ဖြေထားတာရှိသလို ခုနောက်ပိုင်းမှာ အလှူအဒါန်း များစွာကို လှူဒါန်းနေတာ တွေ့ရပါတယ်။ ဒီတစ်ခါမှာတော့ စမိုင်းတို့ မိသားစု က အောင်ဇမ္ဗူဆရာတော်ဘုရားကြီးရဲ့သံဃာ ၃၀၀၀ ဝါဆိုသင်္ကန်းကပ်ပွဲအခမ်းအနားအတွက် အလှူငွေ ၁၀သိန်းဆက်ကပ်လှူဒါန်းခဲ့တယ် လို့ ပြောထားပါတယ်။ စမိုင်းလ်...

နိုင်ငံတော်အတွက် အသက်ပေးလှူသွားသော ဗိုလ်ကြီး ကျော်ရဲဝင်းနှင့် ကျဆုံးစစ်​သည်​များ၏ ဈာပန

နိုင်ငံတော်အတွက် အသက်ပေးလှူသွားသောဗိုလ်ကြီး ကျော်ရဲဝင်း DSA- 50 အပါအဝင်​ ကျဆုံးစစ်​သည်​များ၏ ဈာပန ၁၇.၈.၂၀၁၉၊RIPကောင်းရာဘုံဘဝရောက်ကြပါစေ ဖြစ်စဉ်သတင်းTNLAနှင့်မဟာမိတ်များ၏ တိုက်ခိုက်မှုကြောင့် ဗိုလ်ကြီးတစ်ဦး အပါအ၀င် စစ်သည်၊ ရဲ နှင့်အရပ်သား ၁၄ ဦးသေဆုံး ၊ ရဲ ၄ ဦး ပျောက်ဆုံးနေပြင်ဦးလွင်နှင့် နောင်ချိုမြို့နယ်တွင် ပလောင်TNLA နှင့် မဟာမိတ်များ၏ ယနေ့ တိုက်ခိုက်မှုကြောင့် တပ်မတော်မှ ဗိုလ်ကြီး ၁ ဦး အပါအ၀င် စစ်သည် ၉၊ ဦး၊ ရဲ ၃ ဦး ၊ အရပ်သား ၂ ဦး သေဆုံးပြီး ရဲတပ်ဖွဲ့ဝင် ၄ ဦးပျောက်ဆုံးလျက်ရှိကြောင်း တပ်မတော်သတင်းရပ်ကွက်ထံမှ သိရှိရသည်။ ပြင်ဦးလွင်ရှိ DSTA ကျောင်း တိုက်ခိုက်ခံရမှုတွင် အရပ်သား၁ ဦး သေဆုံးခဲ့ကြောင်း၊ ရှမ်းပြည်နယ် နောင်ချိုမြို့နယ်၊ နောင်ချိုတိုးဂိတ်တွင်...

ရေ​ဘေးအတွက်​ တကယ်​လိုအပ်​တဲ့ စားနပ်​ရိက္ခာတွေ ကားတစ်​စီးအပြည့်​တင်​ပြီး သွား​ရောက်​လှူဒါန်း​​နေတဲ့ ခိုင်​နှင်း​ဝေ

ဝါရင့်​မင်းသမီးတစ်​ဦးဖြစ်​တဲ့ ခိုင်​နှင်း​ဝေက​တော့ ပရဟိတနဲ့ပတ်​သတ်​ပြီး စိတ်​အားထက်​သန်​လွန်းသူတစ်​ဦးမို့ ပရိသတ်​​တွေက ပရဟိတမင်းသမီးကြီးလို့​တောင်​ တင်​စား​ခေါ်​ဝေါ်ကြရသူတစ်​ဦးပါ။ အခက်​အခဲဖြစ်​​နေတဲ့ ဘယ်​​နေရာမဆို ပါဝင်​ကူညီတဲ့ ခိုင်​နှင်း​ဝေက​တော့ လတ်​တ​လောမှာလည်း မွန်​ပြည်​နယ်​ ​ရေ​ဘေးအတွက်​ တကယ်​လိုအပ်​မယ်​ထင်​တဲ့ စားနပ်​ရိက္ခာ​တွေကို ကားတစ်​စီးအပြည့်​တင်​ပြီး သွား​ရောက်​လှူဒါန်း​နေတဲ့အ​ကြောင်း လူမှုကွန်​ယက်​မှာ ​ဝေမျှ​ပေးထားတာ ​တွေ့ရပါတယ်​။ ချစ်ပရိသတ်တွေအတွက် ​ရေ​ဘေးအတွက်​ တကယ်​လိုအပ်​မယ့်​ စားနပ်​ရိက္ခာ​တွေ ကားတစ်​စီးအပြည့်​ သွား​ရောက်​လှူဒါန်း​နေတဲ့ ခိုင်​နှင်း​ဝေရဲ့ အ​ကြောင်းကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​​။ ခိုင်​နှင်း​ဝေက​တော့ “မနက်ဖန်ရေဘေးအလှူသွားဖို့ ဒီနေ့ညနေ ပစ္စည်းကားကိုအရင်လွှတ်လိုက်ပါပြီရှင်…ကားကဌားလို့မရ, အလှူရှင်တွေရဲ့လှူမယ့်ပစ္စည်းတွေစောင့်ရနဲ့ ညနေကမှ ပစ္စည်းကားထွက်နိုင်တယ်…၇ရက်သား,သမီး အလှူရှင်များရဲ့ ကိုယ်စား ကျမကိုယ်တိုင်သွားရောက်ပြီး ရေဘေးကြောင့်အခက်အခဲဖြစ်နေသော မိသားစုများထံသို့တိုက်ရိုက်လှူဒါန်းပေးသွားမှာဖြစ်ပါတယ်.ပါဝင်လှူဒါန်းပေးကြပါသော အလှူရှင်များအားလုံးကို ရေဘေးကြောင့်အခက်ခဲကြုံတွေ့နေရသောပြည်သူများကိုယ်စားကျေးဇူးအထူးတင်ရှိပါတယ်” ဆိုပြီး သူမရဲ့အလှူအ​ကြောင်း မ​နေ့ညက ​ရေးသားထားတာပါ။ အဆင်​သင့်​ ​ဖောက်​စားလို့ရမယ့်​ ငါး​သေတ္တာဗူး ​တွေ…။ ဟင်းချက်​ဖို့အတွက်​ ဆန်​​တွေ၊ ဆီ​တွေကလည်း ကားထဲ အပြည့်​ပဲ​နော်​…။ အဆင်​သင့်​ စားလို့ရမယ့်​ ငပိ​ဘူး​တွေ၊...

ရှမ်းမြောက်မှာ တိုက်ပွဲပြင်းထန်၊ပရဟိတ လူနာတင်ကား ၁ စီး အပစ်ခံရ၊ ၁ ဦး သေဆုံး

ရှမ်းပြည်နယ်၊ လားရှိုးကနေ သိန္နီမြို့အထွက် ၁၂ မိုင်အကွာ နမ့်တွန်းရွာအနီးမှာရှိတဲ့ မီးလောင်နေတဲ့ ဆီဆိုင်မှာ ပိတ်မိနေသူတွေကို ကယ်ဆယ်ဖို့သွားရောက်တဲ့ လားရှိုးအခြေစိုက် လူငယ်ပရိဟိတအသင်းကားကို လက်နက်ကြီးကျည်ထိမှန်တဲ့အတွက် ကားထဲပါလာတဲ့ အသင်းဥက္ကဋ္ဌ သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။”ကား ၃ စီးသွားတာ၊ ရှေ့ဆုံးကားကို စနိုက်ပါနဲ့ လှမ်းပစ်တယ်၊ ပြီးတော့ RPG နဲ့ ထုတယ်၊ အသင်းဥက္ကဋ္ဌက ကျသွားပါပြီ၊ လူငယ် ၃ ယောက်လည်း ဒဏ်ရာတွေနဲ့ ဆေးရုံပေါ် ရောက်နေပါတယ် လို့ လားရှိုးလူငယ်ပရဟိတအသင်းဝင် ကိုအောင်ကျော်ဦးက ပြောပါတယ်။လက်နက်ကြီးကျည်ထိမှန်ခဲ့တဲ့ လူငယ်ပရဟိတအသင်းကားက ဒဏ်ရာရသူတွေကို လားရှိုးပြည်သူ့ဆေးရုံကို ပို့ဆောင်ထားရပါတယ်။ ဒါပေမဲ့ တိုက်ပွဲဖြစ်နေတဲ့ နေရာတွေမှာ ပိတ်မိနေတဲ့ အရပ်သားတွေကို ကယ်ဆယ်လို့ မရသေးဘူး လို့ ကိုအောင်ကျော်ဦးက ပြောပါတယ်။တဆက်တည်းမှာပဲ ညီနောင်မဟာမိတ် ၃ ဖွဲ့ ကနေပြီးတော့ “တိုက်ပွဲဖြစ်နေတဲ့...

ဟွာဝေးကုမ္ပဏီအပေါ် ပေးထားသည့် လျှော့ပေါ့မိန့်ကို အမေရိကန်က သက်တမ်းတိုးဖွယ်ရှိ

ဟွာဝေးနည်းပညာ ကုမ္ပဏီအပေါ် ပေးထားတဲ့ လျှော့ပေါ့မိန့်ကို အမေရိကန် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သက်တမ်းတိုးဖွယ်ရှိတယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ခုက သြဂုတ် ၁၆ ရက်မှာ ပြောလိုက်ပါတယ်။အဲဒီ လျှော့ပေါ့မိန့်ဟာ ဟွာဝေးကို အမေရိကန် ကုမ္ပဏီတွေဆီက ကုန်ပစ္စည်းဝယ်ခွင့်ပြု ထားပြီး နောက်ထပ် ရက်ပေါင်း ၉၀ သက်တမ်းတိုးလိမ့်မယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။ ဒီလို သက်တမ်းတိုးတာဟာ သြဂုတ် ၁၉ ရက်မှာ သက်တမ်းကုန်မယ့် သဘောတူညီချက်ကို အသစ်တဖန် ပြန်မွေးဖွားစေပြီး ဟွာဝေးကို ဆက်သွယ်ရေးနည်းပညာ ကွန်ရက်တွေ ဆက်ရှိစေကာ ဟွာဝေးဟန်းဆက်တွေအတွက် ဆော့ဖ်ဝဲလ်အပ်ဒိတ်တွေ ဆက်ပေးစေနိုင်ပါတယ်။ အမေရိကန် သမ္မတ ထရမ့်နဲ့ တရုတ်သမ္မတ ရှီတို့ဟာ ဟွာဝေးကိစ္စနဲ့ပတ်သက်လို့ ဒီသီတင်းပတ်ကုန်မှာ ဖုန်းဆက်ဆွေးနွေးဖွယ်ရှိတယ်လို့ သတင်းရင်းမြစ်တခုကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြပါတယ်။ Credit-ဒီဗွီဘီ

လားရှိုးမြို့ လူနေအိမ်ပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ

17-8-2019 နေ့လည် ၁၂း၃၀  လားရှိုးမြို့၊ ရပ်ကွက်(၁၂)အောင်သစ္စာတိုးချဲ့ရပ်ကွက်ဘက်တွင်  လူနေအိမ် ၂ လုံးပေါ်သို့ လက်နက်ကြီးကျည်ဆံကျရောက်ထိမှန်ခံရသဖြင့် အိမ်တစ်လုံး မီးလောင်ပျက်စီးသွားပြီး  နောက်တစ်လုံးမှာလဲ ထိခိုက်ပျက်စီးမှုများကြောင်းသိရပါတယ်။ လူနေအိမ်သို့ လက်နက်ကြီးကျည်ထိခိုက်ခံရမှုကြောင့် အမျိုးသမီးတစ်ဦးခြေထောက်ထိခိုက်(စိုးရိမ်ရ)ဒဏ်ရာ၊ ကလေးငယ်တစ်ဦး  ဦးခေါင်းထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်းသတင်းရရှိပါတယ်။ Credit-Nay Myo

လားရှိုးမြို့ မြို့မဈေးရှိ ဆိုင်ပိုင်ရှင်များ ဆိုင်တွေကိုပိတ်ကုန်ကြပါပြီ

လားရှိုးမြို့ မြို့မဈေးရဲ့ လက်ရှိအခြေနေ17.8.2019 နေ့လည် 12:00နာရီအချိန်ခန့်တွင် လားရှိုးမြို့ မြို့မဈေးရှိ ဆိုင်ပိုင်ရှင်များ ဆိုင်တွေကိုပိတ်ကုန်ကြပါပြီ။ ရိက္ခာတွေဝယ်ထားကြပါ၊ကားဆိုင်ကယ်ဆီတွေအပြည့်ဖြည့်ထားကြပါ၊Emergency အိတ်(မှတ်ပုံတင်၊အိမ်ထောင်စု၊အဝတ်စား၊စားစရာ၊အသုံးဆောင်ပစ္စည်း)လေးတွေ ပြင်ထားကြပါ။ Photo – Original