Category: ပြည်တွင်းသတင်း

ယခုနှစ်တောင်ပြုန်းပွဲတော် ကျင်းပနိုင်တော့မည်မဟုတ်

မြန်မာနိုင်ငံတွင် ထင်ရှားကျော်ကြားသော ပွဲတော်တစ်ခုဖြစ်သည့် တောင်ပြုန်းပွဲတော်ကို ယခုနှစ်တွင် ကိုဗစ် ၁၉ ဂယက်ကြောင့် ကျင်းပနိုင်တော့မည်မဟုတ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌဦးကျော်ကျော်က ပြောသည်။ တောင်ပြုန်းပွဲတော်ကို အနော်ရထာမင်းတည်ထားခဲ့သော ဆုတောင်းပြည့်ဘုရားပွဲတော်နှင့်အတူ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်ရှိ တောင်ပြုန်းကြီးကျေးရွာတွင် နှစ်စဉ် ဝါခေါင်လအတွင်း ရှစ်ရက်ကြာ ကျင်းပလေ့ရှိသော်လည်း ယခုနှစ်တွင်မူ လတ်တလောအခြေအနေများကြောင့် ပွဲတော်ကျင်းပရန် မဖြစ်နိုင်တော့ကြောင်း ဦးကျော်ကျော်က ပြောသည်။ “ကိုဗစ် ၁၉ ကြောင့် ဘုရားပွဲနဲ့ ပတ်သက်လို့၊ ဒါမှမဟုတ် တောင်ပြုန်းအရှင်နှစ်ပါးပွဲတော်နဲ့ပတ်သက်လို့ လုပ်ပိုင်ခွင့်က ဘာမှလုပ်လို့မရနိုင်တဲ့ အခြေအနေပါ။ အခုက တစ်ကမ္ဘာလုံး ဖြစ်တဲ့အခြေအနေဆိုတော့ ဘာမှလုပ်လို့မရနိုင်တဲ့ အခြေအနေပါ။ အရင်နှစ်တွေမှာဆိုရင် အခုအချိန်ဆို ပွဲတော်ဆိုင်ရာ လုပ်ငန်းလေလံတွေ စတင်ခေါ်နေပါပြီ။ ဒီနှစ်ပွဲတော်က မဖြစ်နိုင်တော့ပါဘူး”ဟု ဦးကျော်ကျော်က ပြောသည်။ ကိုဗစ် ၁၉ ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်သဖြင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ကိုဗစ်...

ထိုင်းရောက်ကျွမ်းကျင်လုပ်သား တစ်သန်းကျော် မြန်မာနိုင်ငံကို ပြန်လာစရာမလိုတော့

လိုအပ်တဲ့ အချက်အလက်တွေကို ထိုင်းဖက်မှာ လိုက်ပါ ဆောင်ရွက်ပေးဖို့ထိုင်းနဲ့မြန်မာ အစိုးရအဖွဲ့တွေက သဘောတူညီခဲ့တာပါ။ ကိုဗစ်ကာလအတွင်း ထိုင်းနိုင်ငံရောက်ကျွမ်းကျင်မြန်မာလုပ်သားတစ်သန်းကျော်အတွက် ပတ်စ်ပို့သက်တမ်းတိုးဖို့ ကိစ္စတွေကို ထိုင်းနိုင်ငံမှာပဲလုပ်ပေးသွားတော့မယ်လို့ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်က ပြောလိုက်ပါတယ်။ “ ထိုင်းနိုင်ငံမှာ လုပ်ငန်း ကျွမ်းကျင်တဲ့ မြန်မာလုပ်သား တစ်သန်းနဲ့ တစ်သိန်းကျော်ကျန်နေတယ်။ ပတ်စ်ပို့နဲ့ CI နဲ့ အလုပ်သွားလုပ်ကြတာ။ သူတို့က လေးနှစ်ပြည့်ရင် သက်တမ်းတိုးဖို့ ဒီကိုပြန်လာရမယ်။ ဒါပေမယ့် ထိုင်းအစိုးရက ပြန်မလွှတ်တော့ဘူး။ သက်တမ်းတိုးမယ့်ကိစ္စတွေကို ထိုင်းမှာပဲ လုပ်ပေးဖို့ ထိုင်းနိုင်ငံ အလုပ်သမား ဝန် ကြီး ဌာနဘက်က ညှိနှိုင်းတဲ့အတွက် ကျွန်တော်တို့ ဝန်ကြီးဌာနဘက်ကလည်း သဘောတူထားပါတယ်။ ဒါကြောင့် ဒီတစ်သန်းကျော်က ပြန်လာစရာမလိုတော့ပါဘူး။ ဟိုမှာပဲ အလုပ်ဆက်လုပ်ရမှာပါ။ ”လို့ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်က ပြောသွားတာပါ။ လက်ရှိအချိန်မှာ ထိုင်းနိုင်ငံကနေ ပြန်လာခဲ့တဲ့ မြန်မာရွှေ့ပြောင်းလုပ်သား...

မန္တလေးမြို့လယ်ကောင်တွင် ညအချိန်၌ ဆိုင်ကယ်စီးလာသူ နှစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွား

မန္တလေးမြို့ ၂၆ ဘီ လမ်းပေါ်တွင် ဆိုင်ကယ်စီးလာသူ အမျိုးသားအား သေနတ်ဖြင့် ပစ်ခတ်မှု ဇွန် ၂၇ ရက် ည ၈ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဇွန် ၂၇ ရက် ည ၈ နာရီဝန်းကျင်ခန့်က ၂၆ ဘီလမ်း ၇၈ လမ်းနှင့် ၇၉ လမ်း ကြားတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး မောင်းနှင်လာသော ဆိုင်ကယ်ပေါ်မှ အမျိုးသားအား သေနတ်ဖြင့် အနီးကပ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ပြည်ကြီးတံခွန်တွင် နေထိုင်သည့် မောင်မိုးဟိန်းကို (၁၇ နှစ်) မောင်းနှင်လာသည့် ဆိုင်ကယ်နှင့် အနီးကပ်ဘေးမှရှိသည့် အခြားဆိုင်ကယ်ပေါ်မှ အမျိုးသားနှစ်ဦးက ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ ” ကျွန်တော့် သားလေးက ဆိုင်ကယ်မောင်းလာတာ။ သူ့နောက်မှာ သူငယ်ချင်းက ထိုင်လိုက်လာတယ်။ အဲဒီအချိန်...

ရသေ့တောင်တွင် အချုပ်သား ၃ ဦး အချုပ်ခန်းဖောက် ထွက်ပြေး

ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ်တွင် ယနေ့ ဇွန်၂၇ရက်နံနက်အစောပိုင်း၌ အချုပ်သား၃ဦးသည် အချုပ်ခန်းကိုဖောက်၍ ထွက်ပြေးလွတ်မြောက်သွားကြောင်း ရသေ့တောင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောသည်။ “ဒီမနက် ၄ နာရီမှာ ဖြစ်တာလို့ သိရတယ်။ နှစ်ယောက်က ဖုန်းခိုးမှုနဲ့ အချုပ်ကျနေတာ။ တစ်ယောက်ကတော့ အကြမ်းဖက်မှုနဲ့လို့ သိရတယ်” ဟု၎င်းကပြောသည်။ လွတ်မြောက်နေသည့် အချုပ်သားများကို ပြန်လည်ဖမ်းဆီးရန် ရဲတပ်ဖွဲ့က အပူတပြင်း ရှာဖွေနေသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ ဓားများကိုင်ဆောင်သည့် မျက်နှာဖုံးစွပ်လူလေးဦးက စစ်တွေမြို့ပေါ်ရှိ ကမ္ဘောဇဘဏ်ကို ညနေဘဏ်ပိတ်ချိန်တွင် ဝင်ရောက်ဓါးပြတိုက်မှုတစ်ခုလည်း ယခုလအတွင်း ဖြစ်ပွားခဲ့ပြီး ငွေသိန်း၁၈၀၀ ဝန်းကျင်ဆုံးရှုံးခဲ့သည်။ဓားပြတိုက်မှုတွင် ပါဝင်သူ နှစ်ဦးကို ဖမ်းဆီးရမိသော်လည်း ကျန်နှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည်။ ရသေ့တောင်မြို့နယ်အပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်းနယ်မြေသည် တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့ အကြား တိုက်ပွဲများပြင်းထန်နေပြီး နယ်မြေတည်ငြိမ်မှု ရရှိနိုင်ရန်အတွက် တပ်မတော်က ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ပိုမိုထိရောက်သော အုပ်ချုပ်ရေးစနစ်တစ်ခုဖော်ဆောင်ရန် လိုအပ်နေကြောင်း...

ဘားအံတက္ကသိုလ် ကျောင်းသူရဲ့ အလောင်းကို ချောက်ထဲကနေ သယ်ယူပြီး ဆေးရုံပို့ စစ်ဆေး

ဇွဲကပင်တောင် တောင်ထိပ်အနီး အောက်က ချောက်ထဲမှာ သေဆုံးလျက်ပြန်တွေ့ထားတဲ့ ဘားအံ တက္ကသိုလ် ကျောင်းသူ ရဲ့ အလောင်းကို သယ်ယူပြီး စစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ ဘားအံ ဆေးရုံ ကို ပို့လိုက်ပြီ လို့ ကူညီ ကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဘားအံတက္ကသိုလ် သတ္တဗေဒ အထူးပြု ဂုဏ်ထူးတန်း ပထမနှစ် တက်ရောက်နေသူ အဲဒီ ကျောင်းသူဟာ ဇွန်လ ၂၅ရက် ညနေ ၃ နာရီခွဲ ဝန်းကျင် အချိန်က ဇွဲကပင်တောင်ပေါ်တက်ရင်း ပျောက်ဆုံးနေခဲ့ပြီး ဒီကနေ့ ဇွန် ၂၇ ရက်နေ့မှာ သက်ဆိုင်ရာက ဒရုန်းနဲ့ ရှာဖွေရေးဆက်လုပ်ရာမှာ ဇွဲကပင်တောင် စေတီရင်ပြင် အနီး ကိုရင်ပြုတ်ကျချောက် ကမ်းပါး အောက်ဘက်မှာ ပြန်လည် တွေ့ရှိခဲ့တာပါ။ ဇွန်လ ၂၅ရက် ညနေ ၃:၃၀ အချိန်က...

အမေနဲ့အဖေ အိမ်ထောင်ကွဲတဲ့အချိန်က အရမ်းဒုက္ခရောက်ခဲ့ရကြောင်း ပြောလာတဲ့ လိမ္မော်သီး

ဒီလိုအခြေအနေလေးဖြစ်အောင် မနည်း ပြန်ကြိုးစားခဲ့ရတာ။ မိဘနှစ်ပါး လမ်းခွဲပြီးနောက်ပိုင်း ဘဝကို သုညကနေ ပြန်စခဲ့ရတဲ့ သူမအဖို့ ဒီလိုအခြေအနေရောက်အောင် (၁၁)နှစ်လောက် ပြန်ကြိုးစားခဲ့ရတယ်လို့ သူမက ဆိုပါတယ်။ သမီးအကြီးဆုံးဖြစ်တဲ့ လိမ္မောသီးက မိသားစုအတွက် သူမကိုယ်တိုင် ဦးစီးပြီးရုန်းကန်နေရသူပါ။ မိဘနှစ်ပါး လမ်းခွဲလိုက်တဲ့အချိန် (၂)နှစ်အတွင်းမှာ အရမ်းကို ဒုက္ခရောက်ခဲ့ပြီး သုညကနေ ဒီလိုအခြေအနေရောက်အောင် သူမပြန်ကြိုးစားခဲ့ရတာလို့ ဆိုပါတယ်။ “ဆယ်တန်းဘော်ဒါနေတဲ့အချိန်မှာ အိမ်က အဆင်မပြေဘူး။အမက မသိဘူး ဘော်ဒါဆောင်မှာရောက် နေတာဆိုတော့ ပြီးသွားတော့မှ အမေနဲ့အဖေကအဆင်မပြေဘူး အိမ်ထောင်ကွဲပြီ ဘာညာဆိုတော့ အကုန်လုံး ခွဲထုတ် ရောင်းစရာရှိတာရောင်း ၂နှစ်လောက်အတွင်းမှာ တော်တော် ဒုက္ခရောက်ခဲ့တာ။ ပြီးတော့မှ အမအမေ့ကို ပြောတယ်သမီးလုပ်ကျွေးမယ်ဆိုပြီး သုညကနေ ဘဝကို ပြန်စ ခဲ့တာ။ ဘာတစ်ခုမှ မရှိတဲ့ဘဝကနေ ဒီဘဝရောက်အောင် အမ (၁၁)နှစ် ကြိုးစားလာခဲ့ရတာ” လို့ သူမက ပြောပါတယ်။...

ဇွဲကပင်တောင်မှာ ပျောက်ဆုံးနေတဲ့ တက္ကသိုလ်ကျောင်းသူ ကို သေဆုံးလျှက်တွေ့ရှိ

ကရင်ပြည်နယ် က ဇွဲကပင်တောင်မှာ ပျောက်ဆုံးနေတဲ့ တက္ကသိုလ်ကျောင်းသူကို တောင်စောင်းတစ်နေရာမှာ ဒီကနေ့ မနက်ပိုင်းက သေဆုံးလျှက် တွေ့ရတယ်လို့ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ မီးသတ်တပ်ဖွဲ့ဆီကသိရပါတယ်။ မီးသတ်တပ်ဖွဲ့အပါအဝင် ကူညီကယ်ဆယ်ရေးအဖွဲ့တွေက အဲ့ဒီကျောင်းသူရဲ့ ဆိုင်ကယ်သော့တွေ့ရှိတဲ့နေရာတစ်ဝိုက်ကို  ဒရုန်းအသုံးပြုကာ ရှာဖွေရာမှာတော့  တောင်စောင်းတစ်နေရာမှာ  ကျောင်းသူရဲ့ အလောင်းကိုတွေ့ရှိခဲ့တာပါ။ လက်ရှိမှာ တော့ မီးသတ်တပ်ဖွဲ့က အလောင်းတွေ့ရာ နေရာကို  ဆင်းကာ  သယ်ယူဖို့ လုပ်ဆောင်နေပါတယ်။ ဘားအံတက္ကသိုလ်မှာပညာသင်ကြားနေတဲ့ သတ္တဗေဒ ဂုဏ်ထူးတန်း ပထမနှစ်ကျောင်းသူဟာ ပြီးခဲ့တဲ့ ဇွန် ၂၅ ညနေပိုင်းက ဇွဲကပင်တောင်ကို တစ်ယောက်တည်း တက်ခဲ့တာလို့သိရပါတယ်။ အဲ့ဒီနောက်  နေထိုင်ရာအဆောင်ကို ပြန်မရောက်လာတဲ့အတွက် မိခင်ဖြစ်သူကိုယ်တိုင်က ရဲစခန်းမှာ လူပျောက်တိုင်တန်းချက် ဖွင့်ခဲ့တာပါ။ ကျောင်းသူရဲ့ ဖိနပ်နဲ့ ဆိုင်ကယ်သော့ကို တောင်တက်လမ်းရဲ့ တစ်နေရာစီမှာ တွေ့ရှိခဲ့ရပြီး အခုဒီမနက်မှာတော့ ဆိုင်ကယ်သော့တွေ့ရှိတဲ့ တောင်ကမ်းပါးစွန်းရဲ့ နေရာကို ရှာဖွေမှုပြုလုပ်ရမှာ အလောင်းကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဆဲဗင်းဒေး

တီးတိန်မြို့နယ်မှာ အိန္ဒိယပြန် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာတစ်ဦး သေဆုံး

အိန္ဒိယနိုင်ငံကပြန်လာပြီး ချင်းပြည်နယ် တီးတိန်မြို့နယ် ဒိမ်ပီးကျေးရွာမှာ အသွားအလာ ကန့်သတ်ထားတဲ့ သံသယလူနာ အမျိုးသားတစ်ဦးဟာ ဇွန်လ ၂၆ ရက်နေ့ မနက်ပိုင်းက သေဆုံးသွားတယ်လို့ တီးတိန်မြို့နယ်ဆေးရုံအုပ်ကြီးက RFA ကို အတည်ပြု ပြောဆိုပါတယ်။ အဲဒီအမျိုးသားဟာ ဒိမ်ပီးကျေးရွာမှာ ဇွန်လ ၁၀ နေ့ကစပြီး အသွားအလာ ကန့်သတ်နေထိုင်နေတာ ဖြစ်ခဲ့ပြီး ဇွန်လ ၂၅ ရက်နေ့က ကိုယ်အပူချိန် မြင့်တက်လာတဲ့အတွက် တီးတိန်မြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ပြီး ဆေးကုသမှု ခံယူနေတာဖြစ်ပါတယ်။ “မနေ့က ကိုယ်အပူချိန် တအားတက်တော့ ညနေပိုင်းမှာ တီးတိန်မြို့ဆေးရုံကို သယ်လာကြတယ်။ ဒါပေမဲ့ ဒီနေ့ မနက်ပိုင်းမှာ ဆုံးသွားတယ်၊ သူ့မှာ အရင်ကတည်းက ငှက်ဖျားရောဂါအခံ ရှိတယ်လို့သိရတယ်’’ လို့ တီးတိန်မြို့ Covid-19 အ‌ရေးပေါ်ကော်မတီ (Emergency Committee Volunteer) အဖွဲ့က ကိုမုန်နိုးက ပြောပါတယ်။...

ဇွဲကပင်တောင်တက်ရင်း မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးသွားသဖြင့် ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နေ

ဘားအံမြို့က တက္ကသိုလ်ကျောင်းသူ တစ်ဦးဖြစ်တယ်လို့သိရပါတယ်။ ဘားအံမြို့ရှိ ဇွဲကတင်တောင်တက်လမ်းမှာ မိန်းကလေးငယ်တစ်ဦးပျောက်ဆုံးနေမှုကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေပါတယ်။ ပျောက်ဆုံးသွားတဲ့ မိန်းကလေးက တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်ပြီး မနေ့ကညကတည်းက သူမနေထိုင်ရာအဆောင်ကို ပြန်လည်မရောက်ရှိခဲ့ဘူးလို့သိရပါတယ်။ ပတ်ဝန်းကျင်ရဲ့ ပြောပြချက်အရ အဆိုပါမိန်းကလေးက ဇွဲကတင်တောင်ပေါ်တက်သွားပြီး လက်ရှိအချိန်အထိပြန်ဆင်းလာတာမတွေ့ရသေးတာကြောင့် တောင်တက်တောင်ဆင်းလမ်းတစ်လျှောက် ရှာဖွေရေးလုပ်ငန်းတွေဆောင်ရွက်လျှက်ရှိနေပါတယ်။ “ မိနိးကလေးက မနေ့က ဆိုင်ကယ်နဲ့ သူနေတဲ့အဆောင်ကနေ တစ်ယောက်တည်းထွက်သွားတာ။ သူ့ဆိုင်ကယ်ကို ဇွဲကပင်တောင်ခြေမှာရပ်ထားတာတွေ့တယ်။ ပြီးတော့ သူမရဲ့ ဖိနပ်ကိုလည်း ဇွဲကပင်တောင်တစ်နေရမှာတွေ့တော့ တောင်အောက်ကိုပြန်မရောက်သေးတာ သေချာတယ်။ မတော်တဆကြောင့်လား ဘာလဲဆိုတာတော့ လူမတွေ့မချင်းပြောလို့တော့မရသေးဘူး”လို့ ဘားအံခရိုင် မီးသတ်ဦးစီးမှူး ဦးသန့်ဇင်ဝင်းက ပြောပါတယ်။ ဒီကနေ့ မနက်ပိုင်းကစပြီး ဇွဲကပင်တောင်တက်တောင်ဆင်းလမ်းအတိုင်း မီးသတ်တပ်ဖွဲ့ဝင်များနဲ့ ရှာဖွေရေးလုပ်နေသလို တောင်ပတ်လည်ကိုလည်း Drone နဲ့ရှာဖွေတာတွေလုပ်နေတယ်လို့ ဦးသန့်ဇင်ဝင်းကပြောပါတယ်။ သူမက မနေ့က ညနေပိုင်းက တောင်ခြေမှာ ဆိုင်ကယ်ကို ရပ်ထားခဲ့ပြီး အလှူခံဌာနမှာ အလှူငွေ (၅၀၀၀)လှူဒါန်းပြီးမှ တောင်ပေါ်ကို...

ကျွန်းလှမြို့နယ် ဒုအုပ်ချုပ်ရေးမှူးနှင့် ရဲအရာရှိ ၄ ဦးကို အဂတိလိုက်စားမှုဖြင့် အရေးယူ

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးကိုကိုနဲ့ ကျွန်းလှမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်မျိုးဦး အပါအဝင် ရဲအရာရှိ ၄ ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်လှစ် အရေးယူလိုက်တယ်လို့ ကော်မရှင်က ဒီကနေ့ ထုတ်ပြန်ပါတယ်။ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည် ရေဝပ်ဧရိယာအတွင်း တရားမဝင် ရွှေမျောတွေနဲ့ ပတ်သက်ပြီး အဂတိလိုက်စားတဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေကို စုံစမ်းစစ်ဆေးအရေးယူ ဆောင်ရွက်ပေးဖို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ လွှဲပြောင်း ပေးပို့ခဲ့တဲ့အမှု ဖြစ်ပါတယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးကိုကိုဟာ တရားမဝင် ရွှေမျောလုပ်ကိုင်သူတွေထံက ငွေကျပ် ၃၀၀,၀၀ဝ ကိုလည်းကောင်း၊ ရဲမှူး အောင်မျိုးဦးက ငွေကျပ် ၅၅၀,၀၀ဝ ကို နှစ်ကြိမ်ခွဲပြီး လည်းကောင်း၊ ဒုတိယရဲမှူး သန်းထိုက်က...