Category: အနုပညာ

အဖေများနေ့မှာ ငယ်ငယ်ကတည်းက နုပျိုနေတဲ့ ဖေဖေဦးခင်လှိုင်အကြောင်းကို ပရိသတ်တွေကို ကြွားခဲ့တဲ့ သဇင်ထူးမြင့်

ဒီနေ့ ဇွန်လ (၂၁) ရက်နေ့ အဖေများနေ့မှာတော့ အနုပညာရှင် မင်းသားမင်းသမီး တွေ တော်တော်များများဟာ သူတို့ရဲ့ ဖခင်အတွက် အဖေများနေ့အမှတ်တရ စာလေးတွေ ရေးသားခဲ့ကြပါတယ် ။ အဖေတွေရဲ့ ဂုဏ်ကျေးဇူးတွေကို ဒီနေ့မှာ တခမ်းတနားရေးသားပြီး အဖေများနေ့အတွက်ဂုဏ်ပြုခဲ့ကြတာပါ ။ ဟာသ သရုပ်ဆောင် လူရွှင်တော် ဦးခင်လှိုင်ရဲ့ သမီးအငယ်ဆုံးလေးဖြစ်တဲ့ သဇင်ထူးမြင့်ကတော့ အဖေများနေ့မှာ Happy Father’s Day ဖေဖေကငယ်ငယ်ကအတိုင်း ခုထိနုပျိုနေတုန်းပဲ ဆိုတဲ့စာသားလေးနဲ့အတူ အသက်၎နှစ်ပြည့်မွေးနေ့က ဖေဖေဦးခင်လှိုင်နဲ့တွဲရိုက်ထားတဲ့ ပုံရယ် ဒုတိယပုံကတော့ ဖေဖေဦးခင်လှိုင်ရဲ့ပွဲဦးထွက်ရုပ်ရှင် ‘ချိုးရုပ်’Red carpet showနေ့ပုံလေးနဲ့အတူ ယှဉ်တွဲပြီး ပရိသတ်တွေကို ဖေဖေဘယ်လောက်နုပျိုကြောင်း ကြွားခဲ့တာပဲဖြစ်ပါတယ် ။ ဦးခင်လှိုင်ကတော့ သဲရဲ့ ပို့စ်အောက်မှာ ဖေဖေရယ် မေမေရယ် မိသားစုကြီးကို ချစ်သော သားတွေသမီးတွေ ဘဝကြီးတိုးတက်အောင်မြင်ပြီးထာဝရပျော်ရွှင်နေနိုင်အောင်ဖေဖေရယ်မေမေရယ်အမြဲကြိုးစားနေပါ့မယ် ဆိုတဲ့ ကြည်နူးဖွယ်မှတ်ချက်လေးကို ရေးသားထားတာလည်းတွေ့ရပါတယ်...

ဖခင်နဲ့ ခင်ပွန်းအတွက် ဂုဏ်ပြုစကားဆိုခဲ့တဲ့ အိန္ဒြာကျော်ဇင်

အဖေများနေ့ အမှတ်တရစကားတွေပြောလာပါတယ်။သရုပ်ဆောင် အိန္ဒြာကျော်ဇင်ဟာ အဖေများနေ့မှာ အဖေရှိတဲ့ သားသမီးတိုင်းကို အားကျတယ်လို့ဆိုလာပါတယ်။ အိန္ဒြာကျော်ဇင်ကတော့ အဖေများနေ့မှာ သူမရဲ့ ဖခင်ကို လွမ်းဆွတ် သတိရနေပါတယ်။ ဒါကြောင့် ခင်ပွန်းဖြစ်သူနဲ့ သူမရဲ့ ဖခင်အတွက် အဖေများနေ့ အမှတ်တရအဖြစ် ဂုဏ်ပြုစကားဆိုခဲ့ပါတယ်။ ” ကျွန်မ၏ တန်ဖိုးမဖြတ်နိုင်သော ဖေဖေ နှင့် ကျွန်မ၏ တန်ဖိုးရှိသော ခင်ပွန်း တို့အတွက် ဂုဏ်ပြုပါသည်။ အဖေရှိသောသူတိုင်းကို အားကျပါ၏ ။ “Happy Father’s Day”အဖေများအားလုံးကို လေးစားလျှက်…..” ဆိုပြီးတော့ ဇွန်လ (၂၁) ရက်နေ့ မနက် ၁၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ အိန္ဒြာကျော်ဇင်ဟာ မိခင်ရယ်၊ ခင်ပွန်းရယ်၊ သမီးကြီး ၊ သားလေးတို့နဲ့ အတူ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်။ သူမဟာ အနုပညာနဲ့...

မင်းသွေးရဲ့ မွေးနေ့မှာ ကုသိုလ်ပြုပေးခဲ့တဲ့ နေတိုး

ဒီနေ့(ဇွန်လ ၂၁) ရက်ဟာ မင်းသွေးရဲ့ မွေးနေ့ပါ။ မင်းသွေးရဲ့ မွေးနေ့မှာ နေတိုးနဲ့ အတူ မိသားစုဝင်တွေက ကောင်းမှုကုသိုလ်တွေ လုပ်ပေးခဲ့ကြပါတယ်။ နေတိုးကတော့ ဇွန်လ(၂၁) ရက်နေ့မှာကျရောက်တဲ့ မင်းသွေးရဲ့ မွေးနေ့အတွက် အလှူအတန်းတွေ လုပ်ရင်း ကုသိုလ်ပြုပေးခဲ့တယ်လို့ ဆိုပါတယ်။ မင်းသွေးနဲ့ နေတိုးရဲ့ပရိသတ်တွေကလည်း ဒီအလှူအတွက် သာဓု ခေါ်ဆို ခဲ့ကြပါသေးတယ်။ “ဒီနေ့ ကွယ်လွန်သူ – သရုပ်ဆောင်- မင်းသွေး (ခ) နေမင်းအောင် ( ခေါ် )ညီလေးငယ်အားရည်စူး၍ဆွမ်းဆက်ကပ် ပြီးတော့ ရခိုင်စစ်ရှောင်ပြည်သူများအတွက် တဲအိမ်(၁၅)လုံးကို အလိုတော်ပြည့်ဆရာတော်ကြီးအား ဦးထိပ်ထားလျက် ရန်ကုန်မြို့ အလိုတော်ပြည့်ကျောင်းတိုက်သို့လှူဒါန်းခဲ့ပါတယ်။ပရိသတ်များအားလုံးကုသိုလ်အမျှရပြပါစေခင်ဗျာ” ဆိုပြီးတော့ နေတိုးရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ ဇွန်လ ၂၁ ရက်နေ့က ရေးသားခဲ့တာ ဖြစ်ပါတယ်။ နေတိုးတို့မိသားစုဟာ ကွယ်လွန်သွားပြီ ဖြစ်တဲ့ မင်းသွေးအတွက် လစဉ်လတိုင်း အလှူအတန်းတွေ ပြုလုပ်ပေးခဲ့သလို မင်းသွေး...

ကိုယ်ဝန်စရှိတည်းက Covid ကြောင့်ခွဲနေရတဲ့ ခင်ပွန်းနဲ့ပြန်လည်ဆုံတွေ့ပြီးပျော်ရွှင်နေတဲ့ ပန်းအိဖြူ

တေးသံရှင် ပန်းအိဖြူကတော့ မြန်မာသံ သီချင်းအေးအေးလေးတွေကို အေးချမ်းတည်ငြိမ်တဲ့ အသံလေးနဲ့ သီဆိုတတ်တဲ့ မြန်မာသံအဆိုရှင်တစ်ဦးပဲဖြစ်ပါတယ် ။ ပရိသတ်တောင်းဆိုမှုအများဆုံး မြန်မာသံတေးစီးရီးဆုကို ရရှိထားတဲ့သူတစ်ယောက်ဖြစ်သလို သူမရဲ့ရှည်လျား လှပလွန်းတဲ့ ဆံပင်ရှည်ကြီးနဲ့ နန်းဆန်တဲ့ပုံရိပ်လေးတွေကြောင့် ပရိသတ်အချစ်ပိုနေရတဲ့အနုပညာရှင်တစ်ယောက်ပါ ။ သူမရဲ့ရင့်ကျက်တည်ငြိမ်တဲ့အလှတွေကိုတော့ စာဖွဲ့မကုန်နိုင်ပါဘူး ပရိသတ်ကြီးရေ ..။ တေးသံရှင် ပိုးအိဖြူကတော့ ချစ်သူဖြစ်တဲ့ ဗိုလ်ကြီးနေဇော်ထွန်းနဲ့ အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာ အခုဆိုရင် ပထမဆုံးရင်သွေးလေးကို လွယ်ထားရပြီဖြစ်ပါတယ် ။ သူမကိုအားပေးကြတဲ့ ပရိသတ်တွေကြောင့် အားတက်ရပေမယ့် ခင်ပွန်းဖြစ်သူကတော့ Covid ကာလတွေ မှာတာဝန်နဲ့ အဝေးရောက်နေလို့ မတွေ့ဆုံဖြစ်ခဲ့ပေမယ့် ဇွန်လ (၁၈) ရက်နေ့မှာတော့ ဗိုက်ကလေး နှစ်လကတည်းက ကိုဗစ်ကြီးကြောင့် မတွေ့ဖြစ်တော့တဲ့ သားသားလေးဖေဖေ အနားရောက်လာတုန်း ဗိုက်ကလေးနဲ့ အမှတ်တရလေးပါရှင့်… ဆိုတဲ့စာသားလေးနဲ့အတူ ခင်ပွန်းဖြစ်သူပြန်လာလို့ ပျော်ရွှင်နေတဲ့ သူမတို့ ဇနီးမောင်နှံရဲ့ အမှတ်တရပုံရိပ်လေးကို ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။ ခင်ပွန်းပြန်လာလို့ပျော်နေတဲ့...

ဝေဘာဂီဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို သွားရောက်ဂုဏ်ပြုခဲ့တဲ့ ပိုင်တံခွန်

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် မော်ဒယ်လ် သရုပ်ဆောင် မင်းသားချော ပိုင်တံခွန်ကတော့ မနေ့က ဇွန်လ (၁၉)ရက်နေ့က ဝေဘာဂီ ဆေေးရုံကို သွားရောက်ခဲ့ပါတယ်။ သွားရောက်ခဲ့တဲ့ အကြောင်းအရင်းကတော့ ဝေဘာဂီဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို သွားရောက်ဂုဏ်ပြုကာ လက်ဆောင်တွေသွားပေးခဲ့တာပဲဖြစ်ပါတယ်။ ပိုင်တံခွန်ကတော့ ကမ္ဘာ့ကပ်ရောဂါအဖြစ်သတ်မှတ်ထားတဲ့ Covid -19 ရောဂါပိုး ပြည်ပနိုင်ငံတွေမှာ ဖြစ်ပွားနေစဉ်ကတည်းက ပြည်ပနိုင်ငံတွေမှာ သွားရောက်လုပ်ကိုင်ရမယ့် အနုပညာအလုပ်တွေကိုပါရပ်နားထားခဲ့ပြီး Covid ကူးစက်ပျံပွားမှုမဖြစ်အောင် ကာကွယ်ခဲ့တဲ့ သူတစ်ယောက်ပါ။ ကိုယ်တိုင်ကလည်း ရောဂါပိုးနဲ့ပတ်သက်ပြီးကာကွယ်ခဲ့သလို အခုလို မြန်မာနိုင်ငံမှာရောဂါဖြစ်ပွားနေချိန်မှာလည်း ကုသပေးနေတဲ့ ဆရာဝန်တွေ သူနာပြုတွေ ကျန်းမာရေးဝန်ထမ်းတွေအတွက်ကို ”ရဲရင့်ခြင်း အတွက် ချစ်ခြင်းလက်ဆောင် ” အနေဖြင့် Royal Myanmar Teamix များ၊ အထွေထွေ အလှူငွေ၊ နေ့လည်စာ နှင့် အမှတ်တရ လက်ဆောင်များပေးရင်း သွားရောက်ဂုဏ်ပြုပေးခဲ့တာပဲဖြစ်ပါတယ်။ ဝေဘာဂီဆေးရုံက ဆရာဝန်များ၊...

အမေစုမွေးနေ့အတွက် ဆုတောင်းပေးခဲ့တဲ့ စာရဲ့ အသုံးအနှုန်းအပေါ် ဝေဖန်နေမှုတွေကို ဖြေရှင်းလိုက်တဲ့ ဟန်ထူးဈာန်

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် အဆိုတော် ဟန်ထူးဈာန်ကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ သီချင်းဆိုပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဂီတအနုပညာအလုပ်တွေကို စတင်လုပ်ကိုင်ခဲ့သူပဲဖြစ်ပါတယ်။ ဟန်ထူးဈာန်ကတော့ သူ့ရဲ့ အနုပညာအလုပ်တွေကို ညီမဝမ်းကွဲတော်စပ်သူ ဈာဈာန်ဟန်သာနဲ့အတူ တွဲလုပ်ကိုင်နေသူပါ.။ ဟန်ထူးဈာန်ကတော့ ဇွန်လ(၁၉)ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အတွက် မွေးနေ့ ဆုတောင်းစာလေးကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ပြီး မကြာမှီမှာပဲ လာရောက် ပြောဆိုကြတဲ့ သူတစ်ချို့ကြောင့် ရှင်းပြတဲ့ စာလေးကို “ကျွန်တော် #ဘွားဘွားစု လို့ခေါ်ဝေါ်သုံးနူန်းမှု့ကို အပြစ်ပြောဆိုပြီး (အမေစုလို့ ကလေးကအစ တစ်နိုင်ငံလုံးကခေါ်နေတာပါ။ အပိုသိပ်လုပ်တယ် ။အံ့သြပါ့ အမလေး အဘွားစုတဲ့လား အန်တီစုလို့ခေါ်လည်း ရပါတယ်။ အသက်ကြီးကြီးသွားသလို ခံစားရတယ် အမေစုလို့ပဲ ခေါ်ပါ။ or စသဖြင့်စကားများ…)Comment မှာသော်လည်းကောင်း၊ ChatBox မှာသော်လည်းကောင်း လာရောက် ရေးသားသူများအားလုံးကို...

လူရွှင်တော်ကြီးတွေကို ထမင်းဧည့်ခံကျွေးပြီး ဆန်၊ဆီ၊ဆားအစုံအလင်နဲ့ ကန်တော့ခဲ့တဲ့ ဖြူဖြူထွေး

ပရိသတ်အချစ်တော် ဖြူဖြူထွေးကတော့ သူ့ပါဝင်ရင်ရိုက်ကူးရတဲ့ကြော်ငြာတိုင်းမှာ အလုပ်မရှိဘဲ ခက်ခဲနေလောက်တဲ့ ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင်ကြီးတွေ အမြဲထည့်ရိုက်ကာ ကြော်ငြာကိုလည်း ဇာတ်လမ်းဆန်ဆန်ရိုက်ကူးလေ့ရှိသူပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ဖြူဖြူထွေးရဲ့ တိုင်းရင်းဆေးတစ်ခုကြော်ငြာမှာတော့ ဝါရင့်ဟာသသရုပ်ဆောင်တွေဖြစ်တဲ့ ဦးငြိမ်းချမ်း၊ဦးစိန်ရိုးနဲ့ဦးကောင်းစံ တို့လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဖြူဖြူထွေးကတော့ ဝါရင့်ဟာသသရုပ်ဆောင်တွေဖြစ်တဲ့ ဦးငြိမ်းချမ်း၊ဦးစိန်ရိုးနဲ့ဦးကောင်းစံ တို့နဲ့အတူ ရိုက်ကူးထားတဲ့ ကြော်ငြာဗီဒီယိုလေးကို “ဘဝသမားလေးဆိုသူရှိမှ အဆင်ပြေတာ စိန်ဒေါင်းနီတိုင်းရင်းဆေးထုတ်လုပ်ရေး” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။ ပရိသတ်တွေကတော့ အခုလိုကြော်ငြာတွေမှာ ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင်ကြီးတွေ အမြဲထည့်ရိုက်တာကြောင့် ချီးကျူးစကားထားကြပါသေးတယ်။ သူဟာ ကြော်ငြာရိုက်ကူးပြီတာနဲ့ ဝါရင့်ဟာသသရုပ်ဆောင်တွေဖြစ်တဲ့ ဦးငြိမ်းချမ်း၊ဦးစိန်ရိုးနဲ့ဦးကောင်းစံ တို့ကို အိမ်မှာထမင်းဧည့်ခံကျွေးပြီး ဆန်ဆီဆေးဆားအစုံအလင်နဲ့ ကန်တော့ခဲ့တဲ့အကြောင်းကို “ဖြူဖြူ ပြောပြမတတ်အောင် ပီတိဖြစ်မိပါတယ်” လို့ပြောထားပါတယ်။ ပရိသတ်ကြီးရေ ပရိသတ်အချစ်တော် မင်းသမီးချောလေး ဖြူဖြူထွေးကတော့ တိုင်းရင်းဆေးကြော်ငြာတစ်ခုမှာ အတူတူပါဝင်သရုပ်ဆောင်ကြတဲ့ ဝါရင့်ဟာသသရုပ်ဆောင်တွေဖြစ်တဲ့ ဦးငြိမ်းချမ်း၊ဦးစိန်ရိုးနဲ့ဦးကောင်းစံ တို့ကို ကြော်ငြာရိုက်ကူးမှုပြီးတာနဲ့ ဆန်ဆီဆေးဆားအစုံအလင်နဲ့ ကန်တော့ခဲ့တာနော်။

အမေစုရဲ့မွေးနေ့အတွက် ကိတ်မုန့်သွားပို့ခဲ့တဲ့ စမိုင်းလ်

စမိုင်းလ်ကတော့ မနက်ဖြန်မှာကျရောက်တဲ့ အမေစုရဲ့မွေးနေ့အတွက်ကို ICJ သို့သွားခဲ့ကြတဲ့မောင်နှမတွေကိုယ်စား မွေးနေ့ကိတ်မုန့်သွားပို့ခဲ့တဲ့အကြောင်းကို “ICJ သို့သွားခဲ့ကြတဲ့မောင်နှမတွေကိုယ်စားမနက်ဖြန်မှာကျရောက်မဲ့အမေစုရဲ့မွေးနေ့အတွက်ကိတ်မုန့်သွားပို့” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။ ဇွန်လ(၁၉)ရက်နေ့ဖြစ်တဲ့ မနက်ဖြန်ကတော့ မြန်မာတစ်နိုင်ငံလုံးသာမက ကမ္ဘာကလူတွေပါလေးစားချစ်ခင်ကြည်ညိုနေရတဲ့ အမေစုရဲ့(၇၅) နှစ်ပြည့်မွေးနေ့လေးပဲ ဖြစ်ပါတယ်။ အမေ့ကိုလေးစားချစ်ခင်ကြတဲ့ သားသမီးတွေကတော့ အမေစုရဲ့မွေးနေ့လေးကို မှတ်မှတ်ရရလေးဖြစ်အောင် စီစဉ်နေကြတာဖြစ်ပြီး စမိုင်းလ်ကတော့ မြန်မာနိုင်ငံအတွက်အစိုးရိမ်ရဆုံး အခြေအနေတစ်ခုလို့သတ်မှတ်နိုင်တဲ့ကိစ္စတစ်ခုဖြစ်တဲ့ ICJ ရဲ့တရားစွဲဆိုခြင်းကို ကြားနာမှုမှာ နယ်သာလန်နိုင်ငံအထိ သွားရောက်ဝန်းရံခဲ့တဲ့ မောင်နှမတွေကိုယ်စား အမေစုရဲ့မွေးနေ့အတွက်ကိတ်မုန့်သွားပို့ခဲ့ပါတယ်တဲ့။ ပရိသတ်ကြီးရေ စမိုင်းလ်ကတော့ ဇွန်လ(၁၉)ရက်နေ့ဖြစ်တဲ့ မနက်ဖြန်မှာကျရောက်မယ့် အမေစုရဲ့(၇၅) နှစ်ပြည့်မွေးနေ့အတွက် ICJ ရဲ့တရားစွဲဆိုခြင်းကို ကြားနာမှုမှာ နယ်သာလန်နိုင်ငံအထိ သွားရောက်ဝန်းရံခဲ့တဲ့ မောင်နှမတွေကိုယ်စား မွေးနေ့ကိတ်ကို ယနေ့ကတည်းက သွားရောက်ပို့ပေးခဲ့ပါတယ်တဲ့နော်။

အနှိမ်ခံရတဲ့ ဝတုတ်ဘဝက ကျွတ်ချင်တယ်ဆိုတဲ့ ရွှေပိုးအိမ်

ရွှေပိုးအိမ်ကတော့ ဝဝပြည့်ပြည့်လေးနဲ့ ချစ်ဖို့ကောင်းတဲ့အပြင် စိတ်ထားကောင်းသူတစ်ယောက်မို့ ပရိသတ်တွေအချစ်ပိုနေရသူတစ်ယောက်ပါ။ ပရိသတ်တွေရဲ့အားပေးမှုကြောင့် ရရှိလာတဲ့အနုပညာကြေးတွေကိုလည်း ဝေစုခွဲပြီး ပြန်လည်လှူဒါန်းလေ့ရှိသူတစ်ယောက်ပါ။ အရင်တုန်းက ဝတဲ့သူတစ်ယောက်ဖြစ်ခဲ့ပေမယ့်လို့ အခုချိန်မှာ အရမ်းလှလာပြီဖြစ်တဲ့ရွှေပိုးအိမ်ကတော့ မကြာခဏဆိုသလို အရင်တုန်းက ပုံလေးတွေကိုလည်း မျှဝေပြီး စိတ်အားငယ်တတ်သူတစ်ယောက်ပါ။ ဒီတစ်ခေါက်မှာလည်း ဟိုးအရင်တုန်းက ပုံရိပ်တချို့နဲ့အတူ “ဝခဲ့ဖူးတယ်…အခုလဲ ဝနေတုန်းပဲ… ငါ ဘယ်တော့မှ ပိန်မှာလဲ အားငယ်တယ် စိတ်ဓါတ်ကျတယ်… အနှိမ်ခံရတဲ့ ဝတုတ်ဘဝက ဘယ်တော့ ကျွတ်မှာလဲ မသေခင် ပိန်ဖူးသွားချင်တယ်” ဆိုပြီး ရင်ထဲကခံစားချက်တို့ကို ထုတ်ဖော်လာခဲ့ပါတယ်။ လူမှုအသိုင်းအဝိုင်းမှာ ဝတာကို နှိမ်စရာတစ်ခုလို သဘောထားပြီးဆက်ဆံလေ့ရှိကြတာကြောင့် ရွှေပိုးအိမ်ကတော့ အားငယ်စရာတစ်ခုလိုဖြစ်နေတဲ့ သူ့ခန္ဓာကိုယ်အနေအထားနဲ့ပတ်သက်ပြီး စိတ်ဓာတ်ကျနေတဲ့အကြောင်း ရေးသားမျှဝေခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ရွှေပိုးက ပြည့်ပြည့်လေးနဲ့ ချစ်ဖို့ကောင်းတဲ့သူလေးတစ်ယောက်ဆိုတာတော့ မေးနေစရာတောင်လိုမယ်မထင်ပါဘူးနော်.. အားငယ်နေတဲ့ရွှေပိုးအိမ်အတွက် အားပေးစကားလေး ပြောပေးခဲ့ပါဦး။

ရေဗက္ကာဝင်းရဲ့ဖွင့်ဟလာမှုကို ပြန်လည်ဖြေရှင်းချက်ထုတ်ခဲ့တဲ့ ခင်ပွန်းဟောင်း

မနေ့ကညကတော့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ရေဗက္ကာဝင်းနဲ့ ခင်ပွန်းဟောင်းတို့ရဲ့ အိမ်ထောင်ရေးပြဿနာအပြန်အလှန်ပြောဆိုမှုတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ လွန်ခဲ့တဲ့လတွေကတည်းက စတင်ခဲ့တဲ့ဒီပြဿနာကတော့ အခုချိန်မှာ ပိုမိုကြီးထွားလာတယ်လို့ ဆိုရမှာပါ။ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းပြတ်စဲပြီးတာမကြာသေးတဲ့ ရေဗက္ကာဝင်းကတော့ အခုလိုဖြစ်လာခြင်းရဲ့အဓိကပြဿနာကို မီဒီယာတစ်ခုမှာ အကြမ်းဖျဉ်း ဖြေရှင်းခဲ့ပြီး မနေ့ညကတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ “လတ်တလောမှာ Drama အရမ်းခင်းပြီး တလောကလုံးကို လိမ်ညာနေတဲ့ သူတစ်ယောက်အကြောင်းကို မပြောချင်လဲ ပြောရတော့မလိုဖြစ်နေပါပြီ” လို့ဆိုကာ တတိယလူနဲ့ခင်ပွန်းဟောင်းတို့ကြောင်းကို တိတိကျကျ ရေးသားမျှဝေခဲ့ပါတယ်။ ခင်ပွန်းဟောင်းဖြစ်သူနဲ့ တတိယမိန်းကလေးတို့ အကြောင်းကို အသေးစိတ်တိတိကျကျ ချပြခဲ့ပြီးနောက်မှာတော့ ခင်ပွန်းဟောင်းဖြစ်သူဘက်က ရေဗက္ကာဝင်းပြောခဲ့တဲ့အချက်တွေကို ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ ခင်ပွန်းဟောင်းဖြစ်သူ ကိုကောင်းကျော်ဆွေကတော့ “ကျနော် သူများ အရှက်မခွဲ ချင်ဘူးဗျာ…..( နောက်ကြောင်း ပြန်လှည့်လိုစိတ် အရှင်းမရှိပါ)” လို့ရေးသားခဲ့ပေမယ့် အထင်မြင်လွဲမှားမှုရဲ့နောက်ဆက်တွဲ ပြဿနာတွေဖြစ်လာမှာဆိုးတဲ့အတွက် ရေဗက္ကာဝင်းရဲ့ စာတချို့ကို ပြန်လည်ဖြေရှင်းခဲ့ပါတယ် ပရိသတ်ကြီးရေ.. မနေ့ညက ပျံ့နှံ့ခဲ့တဲ့ရေဗက္ကာဝင်းနဲ့ ခင်ပွန်းဟောင်းဖြစ်သူတို့ရဲ့...