Category: အားကစား

ကမ္ဘာ့အဆင့် (၇၃) အထိမြင့်တက်လာခဲ့တဲ့ မြန်မာ့ဂုဏ်ဆောင်ကြက်တောင်မယ် သက်ထားသူဇာ

ကြက်တောင်အားကစားနည်းနဲ့ မြန်မာပြည်ရဲ့ဂုဏ်ကို ဆောင်ပြီးရင်ဆောင်နေတဲ့ ကြက်တောင်မယ်သက်ထားသူဇာကတော့ အခုအခါမှာလည်း မြန်မာတွေအတွက် ထပ်မံဂုဏ်တက်စေခဲ့ပြန်ပါပြီ။ အဲဒါကတော့ သက်ထားသူဇာဟာ သြဂုတ်လ (၁၃) ရက်နေ့က နောက်ဆုံးထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ အဆင့် (၇၃) နေရာအထိ မြင့်တက်လာခဲ့တာပဲ ဖြစ်ပါတယ်။ သက်ထားသူဇာဟာ ဂရိနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဟယ်လက်စ်အိုးပင်း(Hellas Open)ကြက်တောင်ပြိုင်ပွဲမှာ မလေးရှားကြက်တောင်မယ်ကို အံအားသင့်ဖွယ် (၂) ပွဲပြတ်နဲ့ ရှုံးနိမ့်ပြီး ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ အဲဒီလိုရှုံးနိမ့်ခဲ့ပေမယ့် သက်ထားသူဇာဟာ ပြိုင်ပွဲတစ်လျှောက်စွမ်းဆောင်ရည်ကောင်းတွေကို ပြသနိုင်ခဲ့ပြီး ဗိုလ်လုပွဲမှာလည်း အမှတ်ကွာဟချက် သိပ်မရှိသလို့ အခုဆိုကမ္ဘာ့အဆင့်မှာ (၁၀) ဆင့်အထိ ခုန်တက်လာခဲ့တာပဲဖြစ်ပါတယ်။ သက်ထားသူဇာဟာ အရင်က ကမ္ဘာ့အဆင့် (၈၃) ရရှိထားတာပဲဖြစ်ပါတယ်။ မြန်မာ့ဂုဏ်ဆောင် သက်ထားသူဇာဟာ နိုင်ငံတကာပြိုင်ပွဲတွေမှာ ချန်ပီယံဆုရရှိပြီး မြန်မာတွေအတွက် မကြာခဏ ဆိုသလို ဂုဏ်ဆောင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် သက်ထားသူဇာဟာ မြန်မာပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို...

အနိုင်ရရှိခဲ့တဲ့ ဆုကြေးငွေတွေကို မိဘမဲ့ဂေဟာမှာ သွားရောက်လှူဒါန်းပေးရင်းပျော်ရွှင်ခဲ့တဲ့ မြန်မာ့လက်ဝှေ့ချန်ပီယံ ဒေဝ

သြဂုတ်လ ၂ ရက်နေ့ မကြာသေးမီကထိုးသတ်ခဲ့တဲ့ WLC KING OF NINE LIMBS ပြိုင်ပွဲကြီးကတော့ ပရိသတ်တွေအကြိုက်တွေ့ခဲ့တဲ့ ပြိုင်ပွဲတစ်ပွဲလည်း ဖြစ်ခဲ့မယ်ထင်ပါတယ်။ အမေရိကန်နိုင်ငံသား UFC ဖိုက်တာတစ်ဦးဖြစ်တဲ့ Seth Baczynski ကို မြန်မာ့လက်ဝှေ့နည်းအတိုင်း မန္တလေးမြို့မှာ ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး အမိုက်စားတိုက်ကွက်တွေနဲ့ ပရိသတ်တွေ သဘောကျလောက်အောင် ထိုးသတ်ပြနိုင်ခဲ့တာပဲဖြစ်ပါတယ်။ အမေရိကန်နိုင်ငံသား UFC ဖိုက်တာတစ်ဦးဖြစ်တဲ့ Seth Baczynski ကို အလဲထိုးနိုင်ခဲ့ပြီး ရရှိလာတဲ့ ငွေကြေးတွေထဲက အချို့ကို မိဘမဲ့နေရာတွေကို သွားရောက်လှူဒါန်းခဲ့ကြောင်းသိရပါတယ်။ အဆိုပါ လှူဒါန်းမှုနဲ့ပတ်သက်ပြီးဒေဝကတော့ ” ပျော်စရာနေ့လေးတစ်နေ့ပါ။ကျွန်တော်နဲ့ကျွန်တော့်အမျိုးသမီးအီရီနာနဲ့ကျွန်တော့်မိတ်ဆွေလေးတွေရှိတဲ့ NAC ကိုသွားလည်ခဲ့ပါတယ်။မိဘမရှိတော့တဲ့သူတို့လေးတွေအတွက်ကျွန်တော်တို့နှလုံးသားမှာနေရာတစ်ခုရှိနေပါတယ်။၂၀၁၆တုန်းကကျွန်တော်တစ်ခေါက်ရောက်ခဲ့သေးတယ်။သူတို့အရွယ်ရောက်လာတာအရမ်းမြန်တာပဲ။ကျွန်တော်တို့သူတို့အတွက်စားစရာတွေ၊သကြားလုံးတွေ၊အရုပ်တွေယူသွားပြီးပိုက်ဆံလည်းလှူခဲ့ပါတယ်။ဒါပေမဲ့သူတို့အကြိုက်ဆုံးကစားစရာက ရွက်ဖျင်တဲလေးတွေဖြစ်နေတယ်။အထဲဝင်ပြီးကစားကြတာဗြောင်းကိုဆန်နေရောပဲ။ကောင်လေးတွေကိုကျွန်တော့ထိုးကွင်းတွေပြတော့သူတို့သဘောကျကြတယ်ဗျ။သူတို့ကလက်ဝှေ့သင်ခိုင်းလို့လက်ဝှေ့ရေးပြတာသင်ပေးခဲ့သေးတယ်။ကျွန်တော်သူတို့ကိုအရမ်းချစ်တာပဲ။” ဟူ၍ ရေးသားထားတာပဲဖြစ်ပါတယ်။ အဆိုပါ အလှူအတွက် ဒေဝကတော့ ကုန်ကျမှုတွေကိုပေးရုံသာမက ကိုယ်တိုင်လုပ်အားဖြင့်ဝင်ရောက်ကူညီပေးခဲ့ကြောင်း သိရပါတယ်။ ဒါအပြင် လက်ဝှေ့ဝါသနာရှင်ကလေးတွေနဲ့အတူ လက်ဝှေ့ကစားပြခြင်းတွေကိုလည်း လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ လေးစားစရာကောင်းတဲ့ မြန်မာ့လက်ဝှေ့ချန်ပီယံဒေဝတို့...

ဟန်ဂေရီနဲ့ပိုလန်ကစားသမားတွေကိုပြတ်ပြတ်သားသားအနိုင်ယူပြီး ကွာတားဖိုင်နယ်တက်သွားခဲ့တဲ့ သက်ထားသူဇာ

ကြက်တောင်အားကစားကနေမြန်မာ့ကြက်တောင်လောကအတွက်အောင်မြင်မှုတွေယူပေးနေတာကတော့သက်ထားသူဇာပဲဖြစ်ပါတယ်။နိုင်ငံတစ်ကာပြိုင်ပွဲတွေမှာအောင်မြင်မှုဆုတံဆိပ်တွေကိုဆွတ်ခူးပေးပြီးကမ္ဘာ့အဆင့်၈၃နေရာမှာရပ်တည်နိုင်အောင်စွမ်းဆောင်ပေးထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူကတော့ခုမှာလည်းဂရိနိုင်ငံမှာကျင်းပနေတဲ့ Hellas Open 2019 ကြက်တောင်ရိုက်ပြိုင်ပွဲမှာလည်းနောက်တစ်ဆင့်တက်ရောက်သွားခဲ့တာဖြစ်ပါတယ်။သူကတော့လက်ရည်စစ်ပြိုင်ပွဲကနေဝင်ရောက်ယှဉ်ပြိုင်ရတာဖြစ်ပြီး ခုမှာလည်း၃၂ယောက်နဲ့၁၆ယောက်အဆင့်ရှုံးထွက်တွေကိုဖြတ်ကျော်အနိုင်ယူခဲ့တာဖြစ်ပါတယ်။ သူကတော့ဟန်ဂေရီနဲ့ပိုလန်ကစားသမားတွေကိုပြတ်ပြတ်သားသားအနိုင်ယူခဲ့တာဖြစ်ပါတယ်။နောက်နေ့ကွာတားဖိုင်နယ်မှာလည်း ယူကရိန်းနိုင်ငံသူနဲ့တွေ့ဆုံရမှာဖြစ်ပါတယ်။ပရိသတ်တွေလည်းနိုင်ငံတစ်ကာမှာအောင်မြင်မှုတွေဆွတ်ခူးပြီးမြန်မာဂုဏ်ဆောင်နေတဲ့သက်ထားသူဇာကိုလည်းအားပေးကြပါဦးနော်။ Source:မြန်မာ့ကြက်တောင်အားကစားသမားများ

ဒီ လူ့ဘီလူးကြီးကို အောင်လအန်ဆန် နိုင်ပါ့မလား

လာမယ့် အောက်တိုဘာ (၁၃)ရက်မှာ မြန်မာ့နာမည်ကျော် တိုက်ခိုက်ရေးသမား အောင်လအန်ဆန် နဲ့ ထိုးသတ်ရမယ့် ဖိလစ်ပိုင်-အမေရိကန် သွေးနှောကပြားကြီး ဗီရာက သူနဲ့အောင်လအန်ဆန် တို့ရဲ့ ထိုးသတ်ရမယ့်ပွဲစဉ်အကြောင်းကို မင်းသားကြီး The Rock ဆီ ဖောက်သည်ချခဲ့ပါတယ်။ One Championship ကနေ စီစဉ်တဲ့ စကားပြောခန်းအစီအစဉ်တစ်ခုမှာ Hobbs & Shaw ရုပ်ရှင်ကို လောလောလတ်လတ် ထွက်ရှိထားတဲ့ မင်းသားကြီး The Rock နဲ့ MMA တိုက်ခိုက်ရေး ချန်ပီယံကြီး ဗီရာ တို့ ပါဝင်ခဲ့ကြတာပါ။သူတို့က Hobbs & Shaw ရုပ်ရှင်ထဲက တိုက်ခိုက်ရေးဆိုင်ရာ သရုပ်ဆောင်မှုတွေအကြောင်း ပြောဆိုခဲ့ကြပြီး ဗီရာ က The Rock ရဲ့ လက်သီးထိုးကွက်တွေ၊ တိုက်ခိုက်မှုသရုပ်ဆောင်ချက်တွေကို ချီးကျူးခဲ့တယ်။ အဲဒီနောက်မှာတော့ ဗီရာ က သူ့အနေနဲ့ လာမယ့်လမှာ...

WLC ရဲ့ ခရူဆာဝိတ် ကမ္ဘာ့ ချန်ပီယံ ခါးပတ်ယူလိုက်တဲ့ ဒေဝ

မြန်မာ့ ရိုးရာလက်ဝှေ့ အလွတ်တန်း ချန်ပီယံဟောင်း ဒေဝ ခေါ် ဒေ့ဗ်လက် (ကနေဒါ) ဟာ UFC ဖိုက်တာ ဟောင်း ဆက်သ်ဘက်ဇင်စကီး (အမေရိကန်) ကို အနိုင်ယူပြီး WLC – World Lethwei Championship ရဲ့ ရဲ့ ခရူဆာဝိတ် ကမ္ဘာ့ ချန်ပီယံ ခါးပတ်ကို ရယူလိုက်ပါတယ်။ သြဂုတ်လ (၂) ရက်နေ့ ည က မန္တလေးမြို့မှာ ကျင်းပခဲ့တဲ့ WLC ရဲ့ King of Nine Limbs ပွဲစဉ် ခေါင်ပွဲမှာ ဒေ့ဗ်က အနိုင်ယူခဲ့တာပါ။ ဒေ့ဗ်ဟာ ပထမအချီက စပြီး ပွဲစဉ်တလျှောက် အသာစီးရယူကာ ထိုးသတ်နိုင်ခဲ့သလို ဒုတိယအချီမှာလည်း အသာစီးထိုးသတ်နိုင်ခဲ့တာကြောင့် ပြိုင်ဘက်ကစားသမားက အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။ ဓာတ်ပုံ – ရွှေအင်းသားခင်မောင်ဝင်း

ဖေဖေ့ရဲ့မျက်နှာလေးကို ကိုင်ပြီးနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ အောင်သူရဲ့သားချောလေး Koe Koe

ပရိသတ်ကြီးရေ ဘောလုံးသမားအောင်သူနဲ့ သရုပ်ဆောင်ပိုးအိအိခန့်တို့ ဇနီးမောင်နှံက တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြပြီး နားလည်မှုအပြည့်နဲ့ချစ်ခြင်းမေတ္တာတွေခိုင်မြဲနေတာကြောင့် ပရိသတ်တွေကတောင် အားကျရပါတယ်နော်။အောင်သူကတော့ အရမ်းတော်တဲ့ဘောလုံးသမားဖြစ်ပြီး ဝါသနာပါရာအလုပ်ကိုလည်းတစိုက်မက်မက်လုပ်ဆောင်နေသလို ချစ်ဇနီးလေးကိုလည်း ယုယကြင်နာမှုတွေအပြည့်အဝပေးတတ်သူဖြစ်ပါတယ်။ အောင်သူနဲ့ပိုးအိအိခန့်တို့ကတော့ ဇူလိုင်လ၂၀ရက်နေ့မှာ သားဦးလေးတစ်ယောက်ကို မွေးဖွားထားပြီး ပိုးအိအိခန့်ကတော့ ချစ်ခင်ပွန်းနဲ့တူတဲ့ သားချောလေးကို မွေးဖွားပေးနိုင်လို့ အတိုင်းမသိကိုဝမ်းသာပျော်ရွှင်ခဲ့ရပါတယ်။အောင်သူကလည်း သားလေးကို တစိမ့်စိမ့်ကြည့်ပြီး လက်ကမချနိုင်ရလောက်အောင် အရမ်းချစ်တာဖြစ်လို့ ပိုးအိအိခန့်နဲ့အောင်သူတို့က ပျော်ရွှင်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်သွားပါပြီနော်။ သားလေးကိုတော့ “koekoe”လို့ ချစ်စနိုးခေါ်ဝေါ်ပြီး ပိုးအိအိခန့်တို့ ဇနီးမောင်နှံကတော့ သားလေးကို သေသေချာချာဂရုစိုက်စောင့်ရှောက်နေတာပဲဖြစ်ပါတယ်။အခုဆိုရင်လည်း ဖေဖေအောင်သူက သားလေးနားမှာအိပ်ပျော်နေပြီး koekoeလေးကလည်း ဖေဖေ့ရဲ့မျက်နှာကိုကိုင်ကာ အိပ်ပျော်နေလို့ ချစ်စရာသားအဖနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။ Source:Aung Thu

မြန်မာကြက်တောင် အားကစားမယ် သက်ထားသူဇာ အိုလံပစ်အဆင့် သတ်မှတ်ချက် အဆင့် ၃၄ တွင် ရပ်တည်နေ

၂ဝ၁၉ ခုနှစ် အတွင်း နိုင်ငံတကာကြက် တောင်ရိုက် ပြိုင်ပွဲများတွင် ချန်ပီယံဆုများဆွတ်ခူးနိုင်ခဲ့သော မြန်မာအားကစားမယ် သက်ထားသူဇာမှာ အိုလံပစ်အဆင့်သတ်မှတ်ချက် ၃၄ တွင် ရပ်တည်နေလျက်ရှိသည်။ ဂျပန်နိုင်ငံတွင်ကျင်းပမည့် ၂ဝ၂ဝ တိုကျို အိုလံပစ်ပြိုင်ပွဲဝင်ခွင့်အတွက် ပြင်ဆင်နေလျက်ရှိသော မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာမှာ ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်မှထုတ်ပြန်လိုက်သည့် အဆင့်သတ်မှတ်ချက်တွင် အဆင့် ၈၄ တွင်ရပ်တည်နေလျက်ရှိပြီး အိုလံပစ်အဆင့်သတ်မှတ်ချက် (BWF Olympic Qualification) တွင် ရမှတ် ၇၅ဝဝ ဖြင့် အဆင့် ၃၄ ၌ ရောက်ရှိနေသည်။ အိုလံပစ်ကြက်တောင်အားကစားနည်းတွင် ဝင်ပြိုင်ခွင့်ရရှိမည့် ကစားသမားများကို ၂ဝ၂ဝ ဧပြီလ ၌ထုတ်ပြန်မည့် Ranking ဖြင့် သတ်မှတ်သွားမည်ဖြစ်ရာ ကမ္ဘာ့အဆင့် (၁-၁၆) အဆင့်တွင် နိုင်ငံတစ်ခုမှ ကစားသမားနှစ်ဦးဝင်ခဲ့လျှင် နှစ်ဦးစလုံးမှ အိုလံပစ် ပြိုင်ပွဲဝင်ပြိုင်ခွင့်ရရှိမည်ဖြစ်ပြီး အဆင့် (၁၇)နှင့် နောက်ပိုင်းဝင်ခဲ့လျှင် တစ်နိုင်ငံကို တစ်ဦးသာဝင်ပြိုင် ခွင့်ပြုသွားမည်ဖြစ်သည်။...

၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ မြန်မာအသင်း ဂျပန်နှင့်တစ်အုပ်စုထဲကျရောက်

၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့်အတွင် မဲနှိုင်အုပ်စုခွဲပွဲကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ AFC ရုံးချုပ်တွင် ဇူလိုင် ၁၇ ရက်တွင် ကျင်းပပြုလုပ်သည်။မြန်မာအသင်းသည် ဖီဖာဘောလုံးအဆင့်သတ်မှတ်မှုဇယားတွင် နေရာကောင်းရရှိနေခြင်း၏ အကျိုးကျေးဇူးအဖြစ် ပထမအဆင့် ခြေစစစ်ပွဲများကို ကစားစရာမလိုအပ်ဘဲ ဒုတိယအဆင့်မှစတင် ခြေစစ်ပွဲဝင်ခွင့် ရရှိခဲ့သည်။ ဖီဖာ၏ဘောလုံးအဆင့်သတ်မှတ်ချက်အရ အဆင့် ၁၃၈ တွင်နေရာယူထားသော မြန်မာအသင်းသည် မဲပုံး (၄) တွင် ကျရောက်ပြီး မိမိတို့ထက် အဆင့်သတ်မှတ်ချက် မြင့်မားသော အသင်း ၄ သင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။မြန်မာအသင်းသည် အုပ်စု (F) တွင် ဂျပန်၊ မွန်ဂိုလီးယား၊ တာဂျစ်ကစ္စတန်၊ ကာဂျစ်တို့နှင့် အိမ်ကွင်းအဝေးကွင်းစနစ်ဖြင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ရမှတ်အများဆုံး ၂ သင်းသည် တတိယအဆင့် ခြေစစ်ပွဲသို့ တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။ ရမှတ်အများဆုံး ၂ သင်းတွင်ပါဝင်ခြင်းမရှိပါက Asian Continental Cup တွင် ပါဝင်ယှဉ်ပြုင်ရမည်ဖြစ်သည်။...

မြန်မာကြက်တောင်ရိုက် အားကစားမယ် သက်ထားသူဇာ ကမ္ဘာ့အဆင့် ၈၄ တက်လာ

မြန်မာကြက်တောင်ရိုက် အားကစားမယ် မသက်ထားသူဇာဟာ ကမ္ဘာ့ကြက်တောင်ရိုက် အဖွဲ့ချုပ်က မနေ့က ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ အဆင့် ၈၄ အထိ တက်လာပါတယ်။ ၂၀၂၀ အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရဖို့ ကြိုးပမ်းနေတဲ့ မသက်ထားသူဇာဟာ ဇူလိုင်လ ၇ ရက်က အိုင်ဗရီကို့စ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ International Series ကြက်တောင်ရိုက်ပြိုင်ပွဲမှာ ဗိုလ်စွဲပြီး ချန်ပီယံဆု ထပ်မံဆွတ်ခူးရရှိပြီးနောက် ခုလို ကမ္ဘာ့အဆင့်တက်လာတာပါ။ ဒီပြိုင်ပွဲတွေမတိုင်ခင်က ကမ္ဘာ့အဆင့် သတ်မှတ်ချက် ၁၀၁ ရှိနေရာကနေ အဆင့် ၁၇ ဆင့် ထပ်ခုန်တက်လာပြီး အဆင့် ၈၄ ထိရောက်ရှိလာတာလည်းဖြစ်ပါတယ်။ မသက်ထားသူဇာဟာ ၂၀၁၈ အောက်တိုဘာကနေ ၂၀၁၉ ဇူလိုင်လအထိ နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ချန်ပီယံဆု ခြောက်ကြိမ်၊ ဒုတိယဆု တကြိမ်ရထားပါတယ်။ လာမယ့် သြဂုတ်လအတွင်း နိုင်ဂျီးရီးယားနိုင်ငံမှာကျင်းပမယ့် Lagos International Badminton Classics 2019...

“UFC ဖိုက်တာ ခါဘစ်ကို ကျော်ဖြတ်ပြီး International Fighter of the Year ဆုကို အောင်လ အန်ဆန်း ထိုက်ထိုက်တန်တန် ဆွတ်ခူး”

UFC ဖိုက်တာ ခါဘစ်ကို ကျော်ဖြတ်ပြီး International Fighter of the Year ဆုကို အောင်လ အန်ဆန်း ထိုက်ထိုက်တန်တန် ဆွတ်ခူးမြန်မာ့ စပါးအုံ မြွေကတော့ မြန်မာ့ ဂုဏ် ထပ်ဆောင်ပြန်ပြီဗျာ။ ကမ္ဘာတစ်ဝှမ်းက ဖိုက်တာတွေနဲ့ ယှဉ်ပြိုင်ပြီး World MMA Awards 2019 ဆုပေးပွဲမှာ International Fighter of the Year ဆုကို ခက်ခက်ခဲခဲ ဆွတ်ခူးခဲ့ပါပြီ။ သူဟာ မက်ဂရီဂေါ်ကို အနိုင်ယူခဲ့တဲ့ ခါဘစ်ကို ကျော်လွန်ပြီး ဒီဆုကို ဆွတ်ခူးသွားခဲ့တာပါ။ခင်ဗျား တာဝန်ကျေတယ် ကိုအောင်လ။ မြန်မာ့ဂုဏ် ဆောင်ပေးတဲ့အတွက် ကျေးဇူးပါ။ဟဲဗီးဝိတ် ချန်ပီယံ ဗီရာ ကိုလည်း နိုင် ပါစေဗျာ။