ခရီးသွားရင်း တောမီးလောင်နေတာတွေ့လို့ လုပ်အားပေး မီးငြိမ်းခဲ့တဲ့ နေထူးနိုင်

မင်းသားချောနေထူးနိုင်ကတော့ ပရဟိတစိတ်အပြည့်နဲ့ ကူညီလေ့ရှိသူတစ်ယောက်မို့ ပရိသတ်တွေလေးစားချစ်ခင်နေရသူပါ။ Covid-19 ကာလမှာလည်း တတ်နိုင်သမျှလှူဒါန်းနေတဲ့အပြင် ရေနံချောင်းမြို့က သူ့ရဲ့ရုပ်ရှင်ခြံကိုလည်း Quarantine ဝင်မယ့်သူတွေ အသုံးပြုခွင့်ပေးထားပါသေးတယ်။ ဒါ့အပြင် အပူပိုင်းဒေသတွေ အပူလျော့ကျဖို့နဲ့ ကမ္ဘာကြီးစိမ်းလန်းစိုပြေဖို့အတွက် နှစ်စဉ်နှစ်တိုင်း သစ်ပင်စိုက်ပျိုးဖို့လည်း စဉ်ဆက်မပြတ်ကြိုးစားနေသူပါ။ ဒီနှစ်မှာတော့ တစ်နေရာနဲ့ တစ်နေရာလည်း သွားလာဖို့မလွယ်ကူခဲ့တာကြောင့် ဒေသခံတွေကိုပဲ သစ်ပင်စိုက်ဖို့ Challenge ခေါ်ခဲ့ပြီး ဆုချီးမြင့်မယ့် အစီအစဉ်လေးတစ်ခုပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ကိုယ်တိုင်လည်း သစ်ပင်စိုက်ဖို့အားသန်သူပီပီ မနေ့ကတော့ ပခုက္ကူမြို့မှာ သစ်ပင်စိုက်ပျိုးဖို့ မြေနေရာသွားရောက်ကြည့်ရှုခဲ့ပါတယ်တဲ့ ပရိသတ်ကြီးရေ ပခုက္ကူသွားရင်း လမ်းမှာ မထင်မှတ်ဘဲ တောမီးလောင်တာကို တွေ့ရှိခဲ့တာကြောင့် သူကိုယ်တိုင်လုပ်အားပေးကူညီပြီး ငြိမ်းသတ်ခဲ့ရပါတယ်တဲ့.. သစ်ပင်စိုက်ဖို့ သွားတဲ့သူရှေ့မှာမှ သစ်ပင်တွေကို အပြတ်ဖြုတ်ဖို့လောင်နေတဲ့ တောမီးကိုတော့ နေထူးနိုင်က လမ်းသွားရင်း မနေသာတော့ဘဲ ဝင်ရောက်ငြိမ်းသတ်ခဲ့ကြောင်း မျှဝေခဲ့တာပဲဖြစ်ပါတယ်။

ပြည်တော်ပြန်တွေကိုဒေါသမဖြစ်ဖို့ ပြည်သူတွေကိုအတိုင်ပင်ခံတိုက်တွန်း

ပြည်ပမှာလုပ်ကိုင်နေကြသူတွေရဲ့ ဝင်ငွေက သူတို့မိသားစုအတွက်ပဲလို့မမြင်ကြဖို့လည်းပြောခဲ့ပါတယ်။ ပြည်တော်ပြန်တွေကို ရောဂါပိုးရှိနိုင်တယ်ဆိုပြီး အစိုးရိမ်လွန်ရာကနေ ဒေါသဖြစ်တာမျိုးတွေ ရှိနေပြီး နိုင်ငံရပ်ခြားမှာ ခက်ခက်ခဲခဲ ရုန်းကန်ဝမ်းစာရှာနေရတာကို နားလည်ဖို့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေတွေကို တိုက်တွန်းပြောကြားခဲ့ပါတယ်။ ဒီကနေ့ မေလ ၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ Facebook အကောင့်ကတစ်ဆင့် အသိပေးပြောကြားလိုက်တာပါ။ “ အချို့က ပြည်တော်ပြန်တွေ ရောဂါပိုးရှိနိုင်တယ်ဆိုပြီး အစိုးရိမ် လွန်ရာက ဒေါသဖြစ်ကြပါတယ်။ ဘယ်သူမှ ရောဂါမဖြစ်ချင်ကြ ပါဘူး။ ဘယ်သူကမှလည်း နိုင်ငံရပ်ခြားမှာ ပင်ပင်ပန်းပန်းသွားပြီး ဝမ်းစာမရှာချင်ကြပါဘူး။ နယ်စပ်က ပြန်လာတဲ့ အလုပ်သမားအများစုက အခက်အခဲများကြားက အလုပ်လုပ်ကြရတာပါ။ နောက်ပြီးရတဲ့ ဝင်ငွေက လုပ်သူနဲ့မိသားစုအတွက်ပဲလို့ မမြင်ပါနဲ့။ ပြည်တွင်းကို ရောက်လာတဲ့ငွေတွေက နိုင်ငံရဲ့စီးပွားရေး လည်ပတ်မှုထဲကို ရောက်သွားခြင်းအားဖြင့် နိုင်ငံရဲ့တိုးတက်ဖွံ့ဖြိုးရေးကိုအထောက်အကူပြုပါတယ်။ “ လို့ အတိုင်ပင်ခံကဆိုပါတယ်။ ပြည်ပကပြန်လာသူတွေဆီကနေ ၂၀၁၉ခုနှစ်အတွင်း ဘဏ်များမှတဆင့်တရားဝင်ရရှိငွေမှာ...

တရားဟောဆရာ ဒေးဗစ်လား အမှု အာမခံ ပယ်ချ

ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ရေး ကာလတွင်း ကန့်သတ်ချက် စည်းကမ်းတွေကို ချိုးဖောက်ပြီး လူစုလူဝေး လုပ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ရုံးတင်ခံထားရတဲ့ တရားဟောဆရာ စောဒေးဗစ်လား နဲ့ ဦးဝေထွန်း (နဝရတ် တေးသံသွင်း) တို့ကို ဒီနေ့ ဇွန် ၃ ရက်မှာ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်တရားရုံး မှာ ဒုတိယအကြိမ် ရုံးထုတ်ခဲ့ပါတယ်။ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အမှုဖွင့်အရေးယူထားတဲ့ ဒီအမှုမှာ စွပ်စွဲခံရသူတွေဘက်က အာမခံလျှောက်ထားခဲ့ပေမယ့် တရားရုံးက ပယ်ချခဲ့ပါတယ်။ လာမယ့် ရုံးချိန်းကို ဇွန်လ ၈ ရက်နေ့ မှာ ပြန်လည် ချိန်းဆိုထားပါတယ်။ ဘီဘီစီ

ညောင်လေးပင်တွင် ကိုဗစ်- ၁၉ လူနာသစ် ၁ ဦးတွေ့ရှိ၊ လူနာနှင့် ထိတွေ့ခဲ့သူများကို စုံစမ်းရှာဖွေနေ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်မှာ ဇွန်လ ၃ ရက်နေ့ မနက်ပိုင်းက ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁ ဦးတွေ့ရှိခဲ့တဲ့အတွက် သူနဲ့ထိတွေ့ ဆက်စပ်ခဲ့သူတွေကို စုံစမ်းရှာဖွေနေတယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။ ဓာတ်ခွဲအတည်ပြုလူနာအမှတ် ၂၃၃ ဟာ မေလ ၂၅ ရက်နေ့မှာ ထိုင်းနိုင်ငံက ပြန်လာခဲ့တာ ဖြစ်ပြီး ပဲခူးမြို့ဘုရားကြီး quarantine စခန်းမှာ ၄ ရက်တာနေထိုင်ခဲ့တာ​ဖြစ်ပါတယ်။ မေလ ၂၉ ရက်နေ့မှာ ညောင်လေးပင်မြို့ အထက (၂) ကျောင်း Faciality Quarantine စင်တာမှာ တညအိပ်ခဲ့ပြီ ပြွန်တန်ဆာမြို့ သီတဂူစက္ကုဒါနဆေးရုံ Faciality Quarantine ကို မေလ ၃၀ ရက်နေ့မှာ ရောက်ရှိခဲ့တာလို့ဆိုပါတယ်။ ညောင်​လေးပင်မြို့နယ် ​ဆေးရုံအုပ်​ကြီး ဒေါက်တာ သောင်းဒန်ဦး က “လူနာအမှတ် ၂၃၃ ဟာ ကိုယ်ပူ ဖျားနာ ချောင်းဆိုးခြင်း...

မန္တလေးတိုင်းဝန်ကြီးချုပ်ကဲ့သို့ မလိမ့်တပတ်စကားများမပြောဟု ကြံ့ခိုင်ရေးအမတ်ဝေဖန်

မန္တလေးတိုင်း ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်လို မလိမ့်တပတ်စကားတွေ မပြောဘူးလို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး (USDP)ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က ဝေဖန်ပြောကြားလိုက်ပါတယ်။ “ဟိုဘက်က မန်းလေးတိုင်းက လက်ရှိ ဝန်ကြီးချုပ်ကြီး ဒေါက်တာဇော်မြင့်မောင်ပြောသလို ကျနော်တို့က ရာထူးလိုချင်လို့ မဟုတ်ဘူး။ လုပ်ပိုင်ခွင့်လိုချင်လို့ဆိုတဲ့ မလိမ့်တပတ်စကားတွေ ကိုယ်တို့က မပြောဘူး”လို့ ဦးမောင်မြင့်က ပြောပါတယ်။ ကြံ့ခိုင်ရေးပါတီအနေနဲ့ လာမယ့် ရွေးကောက်ပွဲမှာ အကောင်းဆုံး အသန့်ရှင်းဆုံးနဲ့ ရှိတဲ့ Resource တွေ အကုန် ထုတ်သုံးပြီး နိုင်အောင်လုပ်မယ်လို့လည်း ဆိုပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ရာခိုင်နှုန်းများများ အနိုင်ရရှိပြီး လွှတ်တော်ထဲ များများရောက်ကာ နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်နိုင်တဲ့ ဥပဒေတွေ၊ ဖျက်သွားတဲ့ ဥပဒေတွေကို ပညာရှင်တွေနဲ့ ကျန်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ပြန်လည်ရေးဆွဲ အသက်သွင်းမယ်လို့ လည်း ပြောပါတယ်။ ဒီဗွီဘီ

လူနာအမှတ် ၂၃၁ ဟာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ထိတွေ့မှုများတဲ့ ကျန်းမာရေးမှူးတစ်ဦးလည်းဖြစ်

ဇွန် ၂ရက်နေ့က ကျန်းမာရေးဌာန ရဲ့ထုတ်ပြန်ချက်ထဲမှာ မူဆယ်မြို့က အသက်၃၀ အရွယ် အမျိုးသမီး တစ်ဦးဖြစ်သူ လူနာအမှတ် ၂၃၁ ဟာ ပြည်ပသွားထားတာမျိုးမရှိသလို အတည်ပြုလူနာတွေနဲ့ ထိတွေ့ခြင်းမရှိသူလို့ဖော်ပြခဲ့ပြီး သူဟာမုံးပေါ်ကျေးလက်ကျန်းမာရေးမှူးဖြစ်တယ်လို့ မူဆယ်ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဟန်နိုင်စိုးက ဘီဘီစီကိုပြောပါ တယ်။ မြန်မာနိုင်ငံမှာ ကိုဗစ် – ၁၉ ပိုးတွေ့လူနာအသစ်ထပ်တိုးလာတာတွေရှိပေမယ့် ပြည်တွင်းကူးစက်မှုအနေနဲ့မရှိတာဟာ မေ ၁၈ ရက်ကစပြီး ၂ပတ်ကျော်ရှိသွားပြီဖြစ်ပါတယ်။ ပြည်ပကပြန်လာပြီး ကွာရမ်တင်းဝင်သူတွေထံကပဲတွေ့နေရတာဖြစ်လို့ ပြည်တွင်းကူးစက်မှုမရှိတာကြောင့် မကြာခင်ကာလမှာ ရောဂါပိုးကူးစက်မှုကို ထိန်းချုပ်နိုင်တော့မယ်လို့ အများ ကမျှော်လင့်နေကြတာပါ။ ဒီအချိန်မှာပဲ ဇွန် ၂ ရက်နေ့က ထပ်တိုးလူနာအသစ်စာရင်းကို ကျန်းမာရေးဌာနက ထုတ်ပြန်ခဲ့ရာမှာတော့ ပြည်ပခရီးသွားရာဇဝင်မရှိသလို အတည်ပြု လူနာတွေနဲ့ ထိတွေ့ခြင်းမရှိသူအဖြစ် လူနာအမှတ် ၂၃၁ ကိုဖော်ပြခဲ့ပြီးတဲ့နောက်မှာတော့ ပြည်တွင်းကူးစက်မှုပြန်ရှိလာတာလားလို့ အများပြည်သူအကြားစိုးရိမ်ပူပန်တာတွေလည်းရှိလာပါတယ်။ ကျန်းမာရေးဝန်ထမ်းတစ်ဦးလည်းဖြစ်တဲ့ လူနာအမှတ် ၂၃၁ ဘယ်လိုကူးစက်ခံခဲ့ရသလဲဆိုတာအခုထိဘယ်လိုသုံးသပ်ရဲမလဲမသိသေးဘူးလို့ ဒေါက်တာဟန်နိုင်စိုးကပြောပြပါတယ်။ ‘...

ဦးရဲမင်းဦးကို ရန်ကုန်တိုင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးအဖြစ် အတည်ပြုခန့်အပ်

နေပြည်တော် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးအဖြစ် ဒီကနေ့ ဇွန်လ ၃ ရက်နေ့ ရန်ကုန်တိုင်းလွှတ်တော်အရေးပေါ်အစည်းအဝေးမှာ အတည်ပြုခန့်အပ်လိုက်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ကန့်ကွက်သူမရှိတဲ့အတွက် ဦးရဲမင်းဦးဟာ စီမံဘဏ္ဍာဝန်ကြီးအဖြစ် တာဝန်ပေး ခန့်အပ်ခံခဲ့ရတာပါ။ ရန်ကုန်တိုင်း စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းဟာ ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ ကင်ဆာရောဂါနဲ့ကွယ်လွန်ခဲ့တဲ့အတွက် သူ့နေရာမှာ အစားထိုးဖို့ ဦးရဲမင်းဦးကို ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ဇွန်လ ၂ ရက်နေ့ တိုင်းလွှတ်တော်အရေးပေါ်အစည်းအဝေးမှာ အဆိုပြုခဲ့တာပါ။ ဦးရဲမင်းဦးဟာ နေပြည်တော်စည်ပင်ဘဏ်ဥက္ကဋ္ဌတာဝန်ကို ၂၀၁၉ ဇန်နဝါရီမှာ စတင်ထမ်းဆောင်ခဲ့ပြီး နေပြည်တော်စည်ပင်သာယာရေးကော်မတီဒုဥက္ကဋ္ဌနဲ့ ဒုမြို့တော်ဝန် တာဝန်ကို ၂၀၁၉ ဇွန်လမှာ စတင်ထမ်းဆောင်ခဲ့သူပါ။ ဦးရဲမင်းဦးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဗဟိုစီးပွားရေးကော်မတီနဲ့ ပြန်ကြားရေး ကော်မတီတို့မှာ ၂၀၁၃ ခုနှစ်မှာ လုပ်ကိုင်ခဲ့ပါတယ်။ ဘဏ်လုပ်ငန်းကို ကျွမ်းကျင်သူဖြစ်ပြီး ငွေကြေးနဲ့ဘဏ်လုပ်ငန်းဆိုင်ရာ ကဏ္ဍတွေကို လေ့လာသုံးသပ်သူတစ်ဦးဖြစ်ပါတယ်။ ဘီဘီစီ

မိတ္ထီလာက ဆရာဝန် ကို ဘာသာရေးပုဒ်မတွေနဲ့ နေ့ချင်းပြီး အမိန့်ချ

လူမှုကွန်ရက်ပေါ်မှာ သံဃာတော်တွေကို ဝေဖန်ခဲ့တဲ့ Kyaw Win Thant အကောင့်ပိုင်ရှင်ဆရာဝန်ကို မေလ ၁၉ ရက်နေ့က ဖမ်းဆီးထားခဲ့ပြီး သာသနာညှိုးနွမ်းစေမှုအပါအဝင် ဘာသာရေးစိတ်ကို နာကြည်းစေအောင် ဆောင်ရွက်မှုပုဒ်မ နဲ့ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် တရားရုံးက ဇွန်လ ၂ ရက်နေ့ မှာ ထောင်ဒဏ် ၁ နှစ် ၉ လ ကျခံဖို့ အမိန့်ချမှတ်လိုက်တယ်လို့ ချမ်းအေးသာစံမြို့နယ် မန္တလေးတိုင်း တရားရုံး ပြန်ကြားရေးအရာရှိ ဦးကျော်မျိုးဝင်းက ပြောပါတယ်။ သူ့ကို ပုဒ်မ ၂၉၄ (ခ)အရ ထောင်ဒဏ် ၃ လနဲ့ ပုဒ်မ ၂၉၅ (က) အရ ၁ နှစ် ၆ လ သီးခြားစီ ကျခံစေဖို့ အမိန့်ချမှတ်လိုက်တာဖြစ်တယ်လို့လည်း ဦးကျော်မျိုးဝင်းက ပြောပါတယ်။ အသက် ၃၁ နှစ်အရွယ် ဆရာဝန်တစ်ဦးဖြစ်တဲ့...

မုဒိတာအိမ်ရာ ၁ တွင်နေထိုင်သည့် အမျိုးသမီးများကို ကာယိအိနြေ္ဒပျက်ပြားအောင် နှောင့်ယှက်နေသည့် နိုင်ဂျီးရီးယားနိုင်ငံသားများကို ထိရောက်စွာ အရေးယူခြင်းမရှိသဖြင့် နေထိုင်သူများအခက်တွေ့နေရ

မရမ်းကုန်းမြို့နယ်ရှိ မုဒိတာအိမ်ရာ (၁) တွင် နေထိုင်သည့် အမျိုးသမီးများကို ကာယိနြေ္ဒပျက်ပြားအောင် နှောင့်ယှက်နေသည့် နိုင်ဂျီးရီးယား နိုင်ငံသားများကို ထိရောက်စွာ အရေးယူခြင်း မရှိသဖြင့် အိမ်ရာနေထိုင်သူများ အခက်တွေ့နေကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများထံ အသိပေး၊ တင်ပြမှုများ ပြုလုပ်ထားသော်လည်း ထိရောက်မှုမရှိသဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဆက်လက်တင်ပြမည်ဖြစ်ကြောင်း မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ပြောကြားသည်။ အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူ၊ မြို့တော်ဝန် စသည်ဖြင့် တာဝန်ရှိသူအသီးသီးကို မေးမြန်းသော်လည်း တာဝန်ယူမှုမရှိဘဲ ဘောလီဘောပုတ်နေသည်ဟု ဦးရန်ရှင်းက ပြောကြားသည်။ “ အစိုးရအဖွဲ့ တာဝန်ရှိသူကို လေးကြိမ်၊ မြို့တော်ဝန်ကို ခြောက်ကြိမ်မက ပြောခဲ့တယ်။ ထွေအုပ်ကိုပြောရင် စည်ပင်က လုပ်ရမယ့် ကိစ္စ၊ စည်ပင်ကိုပြောရင် ထွေအုပ်က လုပ်ရမယ်။ ဘော်လီဘော ပုတ်နေတယ်။ အဲဒီလိုပြောနေရာကနေ အခုထိမပြီးဘူးဖြစ်သွားတယ်။ ၂၀၂၀ ပုံမှန်လွှတ်တော်အစည်းအဝေးမှာ...

ဦးနှောက်သွေးယိုစိမ့်လို့ ဆေးရုံတင်လိုက်ရတဲ့ ဦးမန်းဝင်း

လူရွှင်တော် ဟာသသရုပ်ဆောင် မန်းဝင်းကို ဇွန်လ(၁) ရက်နေ့ ညနေပိုင်းက ပင်လုံဆေးရုံကြီးမှာ ဆေးရုံတင်လိုက်ရတယ်လို့ သိရပါတယ်။ သူဟာ ဦးနှောက်သွေးယိုစိမ့်မှုကြောင့် ခွဲစိတ်ကုသရမယ်လို့ သမီးဖြစ်သူ ကြည်ဖြူမန်းဝင်းက ပြောပါတယ်။ ” ဖေဖေ ဦးမန်းဝင်း ဦးနှောက် သွေးယိုစိမ့်မှုကြောင့် ပင်လုံဆေးရုံမှာ ဒီည ဦးနှောက်ခွဲစိတ်မှု ပြုလုပ်ရပါမယ်။ ဆေးရုံသို့ လိုက်ပါ ပို့ဆောင်ပေးပါသော ရှင်သန်ခွင့် လူမှုကူညီရေးအသင်းအား အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင်” ဆိုပြီးတော့ သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဇွန်လ(၁) ရက်နေ့ ညနေ ၆ နာရီခွဲကျော်က ရေးသားထားတာ တွေ့ရပါတယ်။ မန်းဝင်းရဲ့ ကျန်းမာရေးကို စိတ်ပူနေကြတဲ့ ပရိသတ်တွေကလည်း Comment ကနေတဆင့် အမြန်နေကောင်းဖို့ ဆုတောင်းပေးနေတာ တွေ့ရပါတယ်။ ဦးမန်းဝင်းဟာ ဖေဖော်ဝါရီလအတွင်းက နှလုံးရောဂါကြောင့် ရုတ်တရက် ဆေးရုံတင်ခဲ့ရတယ်လို့ သိရပါတယ်။ သူ့ရဲ့ ကျန်းမာရေး အခြေအနေဟာ စောင့်ကြည့်ရမယ့်...