မုန်တိုင်းတိုက်ခတ်မှုကြောင့် ယိမ်းယိုင်ခဲ့တဲ့ဘ၀ကို အသစ်ပြန်လည် တည်ဆောက်နေတဲ့ ရဲတိုက်

သူကတော့ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာယူထားတဲ့ အနုပညာရှင်တွေထဲက တစ်ယောက်လို့လည်းဆိုနိုင်ပါတယ်။ ခုဆိုရင် ပရိသတ်တွေ စောင့်မျော်နေတဲ့ ရဲတိုက်ရဲ့ဇာတ်ကားတွေကို ဆက်တိုက်ကြည့်ခွင့်ရတော့မှာပါ။ သူကတော့အကြောင်းအမျိုးမျိုးကြောင့် ဥပဒေကပေးအပ်တဲ့အပြစ်ဒဏ်ကိုခံခဲ့ရပြီး ခုဆိုရင် နောင်တတွေကိုလည်း ရရှိထားတာဖြစ်ပါတယ်။ မုန်တိုင်းတိုက်ခတ်မှုကြောင့် ယိမ်းယိုင်ခဲ့တဲ့ဘ၀ကို အသစ်ပြန်လည် တည်ဆောက်နေတယ်ဆိုတဲ့အကြောင်းကို မီဒီယာတွေနဲ့တွေဆုံစဉ်ဖြေကြားခဲ့တာဖြစ်ပါတယ်။ “မုန်​တိုင်း​လေး​တေတိုက်​ခိုက်​တဲ့အတွက် အနည်းငယ်​ယိမ်းယိုင်​သွားပါတယ် ခုချိန်​မှာပြန်​လည်​ပြီး​တော့ သရုပ်​​ဆောင်​​လောကထဲကို ကိုယ့်​ကိုကိုယ်​ယုံကြည်​စိတ်​ချမူအပြည့်​နဲ့. အရင်​တုန်းက ကျွန်​​တော်​ကိုပရိတ်​သတ်​​တွေ အသိမမှတ်​ပြု​လေ့ရှိကြတဲ့ ယုံကြည်​မူနဲ့ ဒီ​လောကထဲကိုပြန်​ဝင်​လာတာပါ၊ ကိုယ့်​ပရိသတ်​က​တော့ဝမ်းသာမှာပဲ ဘာလို့ဆို​တော့ ကားအ​ဟောင်း​တွေပဲကြည့်​​နေရတာရိုး​နေ​လောက်​ပြီ ။ ကျွန်တော်ထောင်ထဲက လွတ်ပြီးကာမှ ရိုက်ခဲ့တဲ့ ဇာတ်ကားတွေမှာ *ဒဏ္ဍာရီမိုး* ကားတစ်ကားပဲ အဆင်ပြေပြေ၊ ကောင်းကောင်းမွန်မွန် ပြီးဆုံးသွားတယ်။ ကျန်တဲ့ကားတွေက နည်းနည်းကုန်ကျစရိတ် ချွေတာပြီး ရိုက်တဲ့ ကားတွေပါလာတော့ ကျွန်တော်ကိုယ်တိုင် စိတ်ပျက်လာတယ် အဲအတွက်မရိုက်ဘဲ ခဏ နားနေခဲ့တယ်”လို့ပြောပြထားပြီးတော့ *ဒဏ္ဍာရီမိုး* ရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီးတော့လည်း “အဲကား​လေးက ကျွန်​​တော်​အတွက်​ အမှတ်​တရ​ဖြစ်​​စေတဲ့ကား​လေးပါ ဘာလို့ဆို​တော့ကျွန်​​တော်​ခံစားချက်​​တော်​​တော်​များများကို တူးစွပြီး​တော့ သရုပ်​​ဆောင်​ရတဲ့...

ချစ်​သူ​ကောင်​မ​လေးကို သာသာ​လေးချီပြီး Workout လုပ်​ပြလိုက်​တဲ့ သင်​ဇာဝင့်​​ကျော်​ရဲ့ချစ်​သူ

အဆီပိုမရှိ ကျစ်​လစ်​ကြံ့ခိုင်​တဲ့ ခန္ဓာကိုယ်​​ကောက်​​ကြောင်းအလှကို ပိုင်​ဆိုင်​ထားတဲ့ မင်းသမီး​ချော​လေး သင်​ဇာဝင့်​​ကျော်​က​တော့ လှပတဲ့ရုပ်​ရည်​နဲ့ ချစ်​စရာ​ကောင်းတဲ့ စိတ်​ထားကို ပိုင်​ဆိုင်​ထားသူ​လေးပါ။ ချစ်​စရာ​ကောင်းတဲ့ သင်​ဇာ​လေးက​တော့ သူမကို ​ပျော်​ရွှင်​​အောင်​ထားတဲ့ ချစ်​သူကိုလည်း ပိုင်​ဆိုင်​ထားတာပဲ ဖြစ်​ပါတယ်​။ လတ်​တ​လောမှာ​တော့ သင်​ဇာ့ရဲ့ချစ်​သူက သူမကို​တွေ့ဖို့ မြန်​မာနိုင်​ငံသို့ ​ရောက်​ရှိ​နေတာဖြစ်​ပြီး Gym အတူကစား​​နေကြတဲ့ သူမတို့နှစ်ဦး​ရဲ့ဗီဒီယို​လေးကို လူမှုကွန်​ယက်​မှာ ထုတ်​ပြလိုက်​တာ​တွေ့ရပါတယ်​။ ပရိသတ်​​တွေအတွက်​ သင်​ဇာဝင့်​​ကျော်​ကို သာသာ​လေးချီပြီး Workout လုပ်​ပြလိုက်​တဲ့ သင်​ဇာ့ချစ်​သူ​ကောင်​​လေးရဲ့ ဗီဒီယို​လေးကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။ အရမ်း​တွေRo​နေပါပြီ သင်​ဇာရယ် 😍😍😍 ချစ်​သူနဲ့ အတူ Workout လုပ်​​နေတဲ့ သင်​ဇာဝင့်​​ကျော်​ရဲ့ ဗီဒီယို အကြင်​နာအနမ်း​တွေ ​ခြွေ​နေတဲ့ သင်​ဇာဝင့်​​ကျော်​ရဲ့ဗီဒီယို သင်​ဇာဝင့်​​ကျော်​က​တော့ လက်​ရှိမှာ ရုပ်​ရှင်​ဇာတ်​ကားကြီး​တွေ ဆက်​တိုက်​ ရိုက်​ကူးဖြစ်​​နေပြီး တစ်​ခြား​သောအနုပညာအလုပ်​​တွေလည်း လုပ်​ဖြစ်​​နေတယ်​လို့ သိရပါတယ်​။ ခရီးသွားရတာကို ဝါသနာပါတဲ့ သင်​ဇာ​လေးက​တော့ မကြာခဏဆိုသလို ပြည်​တွင်း၊...

သူမရဲ့သမီးလေးတွေနဲ့ပက်သက်ပြီး ဝေဖန်သူတွေကို ပြတ်ပြတ်သားသားပြောဆိုလိုက်တဲ့ နန္ဒာလှိုင်

အနုပညာအလုပ်တွေနဲ့ဝေးကွာခဲ့တာ ဆယ်စုနှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်တဲ့ ထပ်ဆင့်အကယ်ဒမီနန္ဒာလှိုင် တစ်ယောက် သူမရဲ့သမီးလေးတွေနဲ့ပက်သက်ပြီး ဝေဖန်ပြောဆိုသူတွေကို သတိပေးထားတဲ့ စာလေး ရေးသားလိုက်တာပဲဖြစ်ပါတယ်။ ဘယ်မိဘမဆို ကိုယ့်သားသမီးကို အကောင်းဆုံးဖြစ်စေချင်ကြတာ သဘာဝပါပဲ။ ကိုယ်ကကောင်းစေချင်လို့ လုပ်ပေးတဲ့အရာတွေကို ဘယ်လိုလေးလုပ်လိုက်ပါလားဆိုပြီး ဝေဖန်ပြောဆိုတာတွေကို မိဘတိုင်းသဘောမကျကြပါဘူး။ နန္ဒာလှိုင်တစ်ယောက် သူမသမီးလေးတွေရဲ့ ပုံရိပ်လေးတွေကို တင်တဲ့အခါတိုင်းမှာလည်း ဝေဖန်သူ အချို့ဟာ သမီးလေးတွေကို ဘယ်လိုလုပ်ပါဆိုပြီး ပြောဆိုနေတာတွေမှာ သမီးလေးတွေ စိတ်ထိခိုက်စေမယ့် စကားလုံးပါလာခဲ့ရင် ပြောတဲ့သူကို Block လုပ်ပစ်မယ်လို့ ပြောလိုက်တာပဲဖြစ်ပါတယ်။ သမီးလေးတွေရဲ့ ငယ်ဘဝအမှတ်တရပုံရိပ်လေးတွေမှာ ဒီလိုပြောဆိုတာတွေကတော့ မိဘတစ်ယောက်အနေနဲ့ သည်းမခံချင်စရာပါပဲ။ နန္ဒာလှိုင်တစ်ယောက် ” သမီးလေးတွေကြီးရင်ပြန်ကြည့်ဖို့အတွက်ပုံလးတွေစိတ်လိုလက်ရတင်နေတယ်နော် သဘောမကျရင်ကျော်သွားပါ ဘယ်သူကမှအတင်းကြီးမကြည့်ခိုင်းမန့်မပေးခိုင်းပါဘူးတခုတော့ပြောထားမယ်သမီးလေးတွေစိတ်ကိုထိခိုက်စေမယ့်အသုံးအနှုန်းတွေပါလာရင်တခါထဲဘလော့ပါမယ် ဟိုလိုလုပ်ပါလားဒီလိုလုပ်ပါလားဒီအတိုင်းထားထားလားလာမလုပ်ပါနဲ့ ကျမကအမေပါ” ဆိုပြီး သူမရဲ့ခံစားချက်ကို ပွင့်ပွင့်လင်းလင်းပြောပြလိုက်တာပဲဖြစ်ပါတယ်။

“ချစ်သူကို အစားများများစားမှ ချစ်ဖို့ကောင်းကြောင်း ပြောလာတဲ့ သားဂန်း”

သားဂန်းကတော့ ပရိသတ်​အား​ပေးမူကိုရရှိထားတဲ့ အဆို​တော်​​တွေထဲက တစ်​​ယောက်​လို့​ပြောရမှာပါ။ သီချင်း​အေး​အေး​လေး​တွေနဲ့ ပရိသတ်​ရင်​ထဲထိ​အောင်​ သီဆို​နိုင်​တဲ့အ​ဆို​တော်​တစ်​​ယောက်​ လည်းဖြစ်တယ်။သားဂန်းက ချစ်သူဖြစ်တဲ့ ဘေဘီမောင်ကို အစားများများစားတဲ့​ကောင်​မ​လေး​တွေကပြည့်​ပြည့်​​ဖောင်း​ဖောင်း​လေးနဲ့ ချစ်​ဖို့​ကောင်းနယ်​ဆိုတာကို သူရဲ့လူမှုကွန်​ရက်ကနေပြောပြလိုက်တာပါ။ ​ဘေဘီမောင်ကလည်း လက်ရှိအနုပညာလောကမှာ အာင်မြင်မှုရရှိနေတဲ့ သူတစ်ယောက်ပါ။ သူတို့နှစ်ဦးဟာဆိုရင် တခြားလူတွေအားကျလောက်အောင်အရမ်းချစ်ကြတဲ့ချစ်သူတွေပဲဖြစ်ပါတယ်။ မ မရှိလို့မောင်မဖြစ်သလို့ မောင်မရှိလို့လည်းမ မဖြစ်တဲ့ အရမ်းအားကျစရာ ကောင်းတဲ့စုံတွဲလေးပဲဖြစ်ပါတယ်။ သားဂန်းတစ်ယောက်ကတော့ လတ်တလောမှာတော့ချစ်သူဦးဆောင်မှုကိုပဲကြိုက်နှစ်သက်နေတဲ့လူတစ်ယောက်လည်းဖြစ်တယ် ။ သူတို့နှစ်ယောက်ရဲ့ စားသောက်ဆိုင်တစ်ခုမှာ ချစ်ကြည်နူးစွာ ရိုက်ကူခဲ့တဲ့ပုံလေးတွေကို “အစားများများစားတဲ့မိန်းကလေးတွေကိုချစ်ပါ သူတို့က ကျန်းမာရေးကောင်းပီး ပြည့်ပြည့်ဖောင်းဖောင်းလေးနဲ့ချစ်ဖို့ကောင်းတယ်ဗျ❤️“ ဆိုပြီးတော့ သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားတာဖြစ်ပါတယ်။ပရိသတ်ကြီးရော သားဂန်းလို အစားများများစားတဲ့မိန်းက​လေး​တွေက ပြည့်​ပြည့်​​ဖောင်း​ဖောင်း​လေးတွေကိုချစ်လားဆိုတာမှတ်ချက်လေးရေးပေးခဲ့ပါဦး။

အိမ်ထောင်သက် (၁၄) နှစ်ပြည့်သွားခဲ့တဲ့ထိ ပိုင်ဇေရဲထွန်းကို ရွေးချယ်ခဲ့တာ မမှားဘူးလို့ ဆိုလာခဲ့တဲ့ ဇနီးလေး ဇင်သဲနိုင်

အနုပညာလောကထဲမှာ အရမ်းကို ရိုလွန်းတဲ့ စုံတွဲလေးတစ်တွဲဖြစ်တဲ့ မင်းသား ပိုင်ဇေရဲထွန်း နဲ့ ဇနီးဖြစ်တဲ့ ဇင်သဲနိုင်တို့က တော့ သားသားမီးမီး လေးတွေရရှိတဲ့ထိ အချစ်မပျက်တဲ့ပြင် နွေးထွေးတဲ့ အိမ်ထောင်စု မိသားစုဘ၀လေးကို ပို်င်ဆိုင်ထားတာဖြစ်ပြီး ပရိသတ်တွေပါ မက အနုပညာရှင်တွေကပါ အားကျရတဲ့ သူတို့စုံတွဲလေးကတော့ လက်ရှိမှာ အိမ်ထောင်သက်(၁၄)နှစ်ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ ပိုင်ဇေရဲထွန်း အသက်(၂၈) နှစ်မှာ လက်ထပ်ခဲ့တဲ့ အသက်(၁၈) နှစ်အရွယ် ချစ်စရာကောင်မလေးက တော့ လက်ရှိမှာ အသက်(၃၂) နှစ် အရွယ်၊ သားသမီး (၃) ယောက်ရဲ့ မိခင်၊ အိမ်သူသက်ထားလေးဖြစ်သည်တိုင် ဘေးနားကနေ ပါရမီဖြည့် ပေးနေခဲ့တာဖြစ်ပြီး အသက်အရွယ်(၁၀) နှစ် ၀န်းကျင် ကွာခြားပေမဲ့လည်း ရဲရဲဝင့်ဝင့်တဲ့ ချစ်လို့ လက်တွဲခဲ့ကြတဲ့ သူတို့အိမ်ထောင်ရေးလေးဟာ ယနေ့တိုင် ခိုင်မြဲနေကြဆဲဖြစ်ပါတယ်။ ခင်ပွန်းအပေါ် ပါရမီဖြည့်ဘက် အနေန့ သာမက ကျေးဇူးရှင်တစ်ယောက် အဖြစ်ပါ...

အသက် ၅၈ နှစ်ပြည့်ပြီဖြစ်တဲ့အကယ်ဒမီများရှင် မို့မို့မြင့်အောင်

အကယ်ဒမီများရှင် မို့မို့မြင့်အောင်ဟာ ဒီနေ့(မေလ ၂၅)ရက်နေ့မှာပဲ အသက် ၅၈ နှစ်ပြည့်မွေးနေ့ပွဲကို ခဝဲခြံ မျက်မမြင်ကျောင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ နေ့လယ်စာ အာဟာရဒါန အလှူနဲ့ မွေးနေ့ကိတ်လည်း ခွဲခဲ့ပါသေးတယ်။ ဒီအလှူကတော့ ပရိသတ်တွေက သူမအတွက်လုပ်ပေးတဲ့ Surprise တစ်ခုဖြစ်တယ်လို့ သိရပါတယ်။ ဒီမွေးနေ့ အလှူလေးကိုတော့ မေလ ၂၅ ရက်နေ့ နေ့လယ် ၁၁ နာရီက အကယ်ဒမီ မို့မို့မြင့်အောင်ရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ Live လွှင့်ခဲ့တာဖြစ်ပါတယ်။ မွေးနေ့ရှင် မို့မို့မြင့်အောင်အတွက် မျက်မမြင်ကျောင်းမှာ ကျောင်းသား၊ ကျောင်းသူများနဲ့အတူ သူမကို ချစ်ကြတဲ့ We Love လေးတွေကလည်း Happy Birthday သီချင်းလေးတွေကို သံပြိုင် သီဆိုခဲ့ကြပါတယ်။ မို့မို့မြင့်အောင်ကိုယ်တိုင်ကလည်း ကျေနပ်အားရ ဝမ်းသာပီတိဖြစ်ခဲ့ပါသေးတယ်။ မို့မို့မြင့်အောင်နဲ့ သူမကိုချစ်ကြတဲ့ အမာခံပရိသတ်လေးတွေဟာ မကြာခဏဆိုသလို အလှူအတန်းတွေလုပ်၊ ပျော်ပျော်ပါးပါး တွေ့ဆုံဖြစ်ကြတာတွေရှိပါတယ်။ ဒီပရိသတ်လေးတွေကြောင့်လည်း...

ချစ်သူ ကို တန်ဖိုးကြီး စိန်လက်စွပ် နဲ့ လက်ထပ်ခွင့်တောင်းလိုက်တဲ့ ဂျာမနီနိုင်ငံသားလေး Mikis

ဂျာမနီနိုင်ငံသားလေး Mikis Weber နဲ့ မြန်မာမလေး စုစုဝေတို့ချစ်သူနှစ်ဦးကတော့ တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေအပြည့်နဲ့ သာယာပျော်ရွှင်တဲ့ အချစ်ရေးတစ်ခုကို နှစ်ကိုယ်တူပုံဖော်နေကြတာပဲ ဖြစ်ပါတယ်။ မိသားစုတွေလို သံယောဇဉ်နဲ့ ရှေ့ဆက်နေကြတဲ့ သူတို့စုံတွဲလေးကတော့ လတ်တလောမှာ ဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် ဒီတစ်ခါမှာတော့ Mikis Weber က ချစ်သူလေးကို လက်စွပ်လေးပေးပြီး လက်ထပ်ခွင့် တောင်းလိုက်တဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ Mikis Weber နဲ့ မြန်မာမလေး စုစုဝေတို့ချစ်သူနှစ်ဦး လတ်တလောမှာ Sedona ဟိုတယ်က ပုံရိပ်တစ်ချို့ကို လူမှုကွန်ယက်မှာ တင်လိုက်တာကြောင် ပရိသတ်တွေကြားမှာ ဝေဖန်မှုအနည်းငယ် ရှိနေတာပါ။ ဘယ်လိုပဲ ဝေဖန်မှုတွေ ရှိနေပါစေ သူတို့ချစ်သူနှစ်ဦးကတော့ တစ်ယောက်ကို တစ်ယောက်တန်ဖိုးထား ချစ်ကြတာကြောင့် Mikis က ချစ်သူလေးကို တန်ဖိုးကြီး လက်စွပ်လေး ချစ်သက် လက်ဆောင် အဖြစ်ပေးတယ်လို့...

ချစ်သူကို ချစ်ရက်နဲ့လမ်းခွဲခဲ့ရတာပါ ဆိုတဲ့အောင်ရေချမ်း

ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာရေပန်းစားနေတဲ့ ကိုတင်ဖေလို့ခေါ်တဲ့ အောင်ရေချမ်းကိုတော့ အထူး မိတ်ဆက်ပေးစရာမလိုဘူးထင်ပါတယ်။ သူကတော့ ချစ်သူနဲ့(၃)နှစ် ကြာလက်တွဲခဲ့ပြီးတော့ အကြောင်းမတိုက်ဆိုင်လို့လမ်းခွဲခဲ့ရတာဖြစ်ပါတယ်။ ချစ်ရဲ့ နဲ့လမ်းခွဲခဲ့ရတာပါဆိုတဲ့အကြောင်းကို မီဒီယာတွေနဲ့တွေ့ဆုံစဉ်ရင်ဖွင့်ပြောကြားခဲ့တာဖြစ်ပါတယ်။ ”ပြဿနာဖြစ်တာတော့ခုမှမဟုတ်ပါဘူး။ ဟိုးအရင်တည်းကပါ သူက ကလေးစိတ်ရှိတော့ အရင်တည်းက အချစ်ရေးပြဿနာလေးတွေရှိတယ်။ကျွန်တော်ကအနုပညာရှင်တစ်ယောက်ဖြစ်တယ်။ အဲတော့ကျွန်တော်နဲ့တွဲလုပ်တဲ့အနုပညာရှင် ညီအကိုမောင်နှမတွေက မောင်နှမတွေပဲ ကျွန်တော်လည်းသစ္စာတရားနဲ့ အလုပ်လုပ်တယ် အချိန်တန်ရင်အိမ်ပြန်တယ်။ ပြီးရင်ချစ်သူနဲ့တွေ့ ဒါပဲကျွန်တော်လုပ်ခဲ့တာ ဒါပေမယ့် အလုပ်တွေများလာတဲ့အချိန်မှာတစ်ယောက်နဲ့ တစ်ယောက်က အချိန်မပေးနိုင်လို့ မတိုက်ဆိုင်ပဲ လမ်းခွဲခဲ့ရတာပါ ။ ချစ်ရဲ့နဲ့ လမ်းခွဲလိုက်တာလို့လည်းပြောလို့ရပါတယ်လို့ ပြောပြထားပြီးတော့ အနုပညာရှင်နဲ့ အပြင်လူကွာခြားတယ်ဆိုတာကိုလည်း “ကျွန်တော်အနုပညာရှင်တွေက တခြားစီပွားရေးသမား၊ ကျောင်းသား၊ ဝန်ထမ်းတွေနဲ့တော့မတူဘူးပေါ့နော်။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့အနုပညာရှင်တွေက မင်းသမီးတွေနဲ့ ဖက်ရမယ် ကြင်နာရမယ် အဲလိုမျိုးအများကြီးရှိတော့ ဘယ်သူမဆို ကိုယ့်ရည်းစားတစ်ယောက်ကို တခြားကောင်မလေးရဲ့ရင်ခွင်မှာ ရုတ်တရက်မြင်နေရင်တော့ အပြင်မိန်းကလေးတစ်ယောက်အနေနဲ့ ခံစားရမယ်ဆိုတာလည်း ကျွန်တော်နားလည်ပါတယ်။ အဲဒါကြောင့်ကျွန်တော်တို့အနုပညာရှင်တွေကိုနားလည်ပေးကြပါလို့ပြောချင်ပါတယ်။ နောက်ထပ်အချစ်ရေးကတော့ နောက်ဆိုဘယ်တော့မှရှိလာတော့မှာမဟုတ်ပါဘူး။ အနုပညာကိုပဲပိုချစ်တယ်...

အိမ်​​ထောင်​သက်​တမ်း (၁၄)နှစ်​တိတိ ပြည့်​သွားပြီဖြစ်​တဲ့ ပိုင်​​ဇေရဲထွန်းနဲ့ ဇင်​သဲနိုင်​တို့ဇနီး​မောင်​နှံ

သရုပ်ဆောင်ပိုင်ဇေရဲထွန်းကတော့ အသက် ၂၈နှစ်အရွယ်မှာ ၁၈နှစ်သာရှိသေးတဲ့ ကောင်မလေးကို လွန်ခဲ့တဲ့ ၁၄ နှစ်က အချစ်တစ်ခုတည်းကိုသာကြည့်ပြီး လက်ထပ်ယူခဲ့တာပါ။ အသက်ငယ်ပေမယ့် ရင့်ကျက်တဲ့ ချစ်ဇနီးလေးကြောင့်လည်း ချစ်စရာသားသားမီးမီးလေးတွေနဲ့အတူ အနုပညာအလုပ်တွေလည်း လုပ်ကိုင်ရင်း ပျော်ရွှင်အေးချမ်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပါ။ သူတို့ဇနီးမောင်နှံနှစ်ဦးကတော့ ဒီနေ့ မေလ ၂၅ ရက်နေ့မှာ အိမ်ထောင်သက်တမ်း ၁၄ နှစ်တိတိပြည့်သွားပြီပဲ ဖြစ်ပါတယ်။ ပိုင်ဇေရဲထွန်းရဲ့ချစ်ဇနီးလေးကတော့ အိမ်ထောင်သက်တမ်း ၁၄ နှစ်ပြည့်လေးမှာ ငယ်​ငယ်​ရွယ်​ရွယ်မှာစတင်ခဲ့တဲ့ သူမတို့ရဲ့အိမ်ထောင်ရေးအကြောင်းကို ဝေမျှပေးခဲ့ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေအတွက် သာယာလွန်းတဲ့ အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားတဲ့ ပိုင်ဇေရဲထွန်းတို့ ဇနီးမောင်နှံနှစ်ဦးရဲ့အကြောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ ဇင်​သဲနိုင်​က​တော့ “အိမ်ထောင်သက်(၁၄)နှစ် ကိုကို့အသက်လေးဆယ့်နှစ် ဆယ်စုနှစ်တစ်စုကို နောက်ပြန်ရစ်ကြည့်တော့ကလေးသာသာအရွယ်ကောင်မလေးရဲ့ ယုံကြည်မှု ရွေးချယ်မှုတွေမမှားဘူးကိုကို🥰 ကိုကို့အပေါ်ဂရုစိုက်မှုတွေ အချစ်တွေလျော့သွားတယ်လို့နည်းနည်းတောင်မတွေးလိုက်ပါနဲ့ ထုထည်သိပ်ကြီးမားလာလို့ တည်ငြိမ်နေခြင်းမျိုးပါ 💞သဲရဲ့ခြေလှမ်းတိုင်းမှာ ကိုကိုကကျေးဇူးရှင်ဖြစ်သလို ကိုကို့ခြေလှမ်းတိုင်းမှလည်း သဲကပါရမီဖြည့်နေဦးမှာ❤️နှစ်ပေါင်းများစွာမှတ်တိုင်တွေတူတူစိုက်ထူကြဦးစို့ လွန်ခဲ့တဲ့(၁၄)နှစ် ကိုကို ၂၈နှစ် သဲ...

Gym က သူငယ်ချင်းတွေကို လွမ်းတယ်ဆိုတဲ့ စန္ဒီမြင့်လွင်

စန္ဒီမြင့်လွင်က ကိုယ်ဝန်လွယ်ထားရတဲ့ အချိန်မှာ သူလွမ်းနေတဲ့အရာလေးတွေကို ရင်ဖွင့်ထားတာဖြစ်ပါတယ်။ အရင်လို စီးနေကျ ဒေါက်ဖိနပ်အမြင့်ကြီးကို လွမ်းတယ် ဆိုတာလည်း ပါပါသေးတယ်။ မကြာခင် လပိုင်းလောက်မှာ သမီးဦးလေး မွေးတော့မယ့် စန္ဒီမြင့်လွင်က အပျိုတုန်းက စီးနေကျ ဒေါက်ဖိနပ်တွေ၊ ဝတ်နေကျ ဘောင်းဘီအကျပ်တွေနဲ့ သွားနေကျ Gym ကို လွမ်းနေတယ်လို့ ဆိုပါတယ်။ သူအမြဲသောက်နေကျ ကော်ဖီကိုလည်း အရမ်းလွယ်တယ်ဆိုပြီး ပြောထားပါတယ်။ “စီးနေ ကျဒေါက်ဖိနပ်အမြင့်ကြီးလွမ်းတယ်၊ ဝတ်နေကျ ဘောင်းဘီအကျပ်တွေလွမ်းတယ်၊ ဝတ်နေကျ အပေါ်ထပ်ကုတ်အင်ကျီတွေလွမ်းတယ်၊ဆိုးနေကျဆံပင်အရောင်တွေလွမ်းတယ်၊ သောက်နေကျကော်ဖီအရမ်းလွမ်းတယ်၊ စတိတ်စင်ရိုးပွဲတွေအရမ်းလွမ်းတယ်၊ တူတူသွားနေကျရိုးပွဲတူတူဆိုနေကျသူငယ်ချင်းတွေလွမ်းတယ်။ သွားနေကျ gym တွေလွမ်းတယ် gym ကသူငယ်ချင်းတွေလဲလွမ်းတယ်” ဆိုပြီး မေလ(၂၄) ရက်နေ့က စန္ဒီမြင့်လွင်ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။ သူမလွမ်းတဲ့အရာလေးတွေက သမီးလေး မွေးပြီးလို့ သမီးလေးမျက်နှာမြင်ရင် ပျောက်သွားမယ်ဆိုတာ သိပါတယ်တဲ့။“ဒါတွေအားလုံးသမီးလေးမွေးပီးရင်သမီးလေးမျက်နှာမြင်တာနဲ့ ပျောက်သွားမှာဆိုတာသိပေမဲ့လဲ မသိဘူးလွမ်းတယ်” လို့ သူမက...