ရခိုင်ဒေသ မြောက်ဦးကိုလည်း ပုဂံလိုအသိအမှတ်ပြုခံစေချင်တယ်ဆိုတဲ့ ရခိုင်တိုင်းရင်းသားလေး နေတိုး

နေတိုး ကတော့ ရခိုင်တိုင်းရင်းသားတစ်ဦးဖြစ်ပြီး ဘက်စုံတော်တဲ့အနုပညာရှင်တစ်ဦးဖြစ်တယ်လို့ ပရိသတ်တွေကောက်ချက်ချခံထား ရတဲ့သူတစ်ဦး ဖြစ်ပါတယ်။ တည်ကြည်မှု၊ရိုးရိုးအေးအေးပဲ နေတတ်တဲ့ ပုံစံက မိန်းကလေးတွေ လိုချင်တဲ့ စိတ်ကူးထဲက ဘ၀လက်တွဲဖော် ပုံစံမျိုးပါ။တည်ငြိမ်အေးဆေးပြီး ယောကျာ်းပီသတဲ့အပြုံး ခန့်ညားတဲ့သွင်ပြင်တွေကြောင့် အမျိုးသမီးပရိသတ်တွေရဲ့ အသည်းကျော်ဖြစ်နေရတာပဲ ဖြစ်ပါတယ်။ ။အေးအေးဆေးဆေးပဲ နေတတ် သလို မိန်းကလေးပရိသတ်တွေ ရင်ခုန်သွားအောင် အပြောလေးတွေ၊အမူအရာလေးတွေ မလုပ်ပေမယ့်လည်း နေတိုးကို ကြိတ်ကြွေနေတဲ့ မိန်းကလေးပရိသတ်ကတော့ အများကြီးပါပဲနော်။ အသံလည်းကောင်းပြီး အဆိုပိုင်းမှာလည်းပရိသတ်တွေက သူဆိုတဲ့သီချင်းတွေကို လက်ခံအားပေးကြတာပဲ ဖြစ်ပါတယ်။ကျရာဇာတ်ရုပ်ကိုပီပြင်အောင်သရုပ်ဆောင်ချက်တွေကြောင့် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု ကို (၃) ဆုရရှိထားတာ ဖြစ်ပြီး အောင်မြင်တဲ့ ထိပ်တန်းမင်းသားတစ်ဦးပဲ ဖြစ်ပါတယ်။လတ်တလောမှာအနုပညာလှုပ်ရှားမှုအနေနဲ့ ရွှေကစ်နဲ့ တွဲဖက်သရုပ်ဆောင်ထားတဲ့ နှစ်ပါးသွားUpdate ရုပ်ရှင်ဇာတ်ကားကြီးကိုရုံတင်ပြသတော့မှာဖြစ်တာကြောင့် ပရိသတ်တွေအားပေးဖို့ပြောပြခဲ့ပါတယ်။ ရှေးဟောင်းအမွေအနှစ်တွေနဲ့ပြည့်ဝနေတဲ့ ပုဂံက ကမ္ဘာအမွေအနှစ်စာရင်းဝင်ခဲ့ပုံနဲ့ပတ်သက်ပြီး အရမ်းကိုဂုဏ်ယူဝမ်းမြောက်မိတယ်လို့ဖြေကြားခဲ့ပါတယ်။”ကျွန်တော်ကြိုက်တဲ့ဒေသ ကျွန်တော်သွားချင်တဲ့နေရာတွေထဲမှာ အခုလို ယဉ်ကျေးမှုအမွေအနှစ်တွေရှိတဲ့နေရာတွေ ကိုသွားဖြစ်ပြီး ပုဂံရဲ့အေ ငွ့အသက်တွေက...

သဘင်လောကသားများအတွက် တိုက်ခန်းတွေ ဆောက်လုပ်ပေးနေတဲ့ မင်းသား ဖိုးချစ်

ရန်ကုန်တိုင်းဒေသကြီးမှာ နေထိုင်တဲ့ သဘင်အနုပညာရှင်များ နေစရာအတွက် အခက်အခဲမရှိ အဆင်ပြေနိုင်ဖို့အတွက် သဘင်အဖွဲ့ အစည်း ဥက္ကဋ္ဌ ဖိုးချစ်က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်မှာ သဘင်အိမ်ရာ စီမံကိန်းကြီးကို အကောင်ထည်ဖော်နေပြီး မကြာခင်မှာ သဘင်လောကသားများ ငြိမ်းချမ်းစွာ နေထိုင်နိုင်တော့မှာ ဖြစ်ကြောင်း ကြေညာလိုက်ပါပြီ။ မိသားစု (၅၀၀)နဲ့ (၁၀၀၀) ကြားနေထိုင်ခွင့် ရရှိမှာဖြစ်ပြီး အခြားတိုင်းနှင့်ပြည်နယ်မှ သဘင်အနုပညာရှင်များ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီလျှင် ဝယ်ယူခွင့်ရရှိမှာ ဖြစ်ပါတယ်။ သဘင်အနုပညာရှင်များအပ ပြန်လည်ရောင်းချခြင်း ခွင့်မပြုသလို့ ပြန်လည်ရောင်းချခြင်းလည်း ခွင့်ပြုမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ တန်ဖိုးနည်း အိမ်ရာဖြစ်ပြီး သိန်း (၁၁၀) ကနေ သိန်း (၂၀၀) ကျော်အထိ A ၊ B ၊ C သုံးမျိုးခွဲခြားထားမှာဖြစ်ပါတယ်။(၂၀) ရာခိုင်နှုန်း သာ သွင်းရမှာဖြစ်ပြီး ကျန်တာကို (၁၅ )နှစ်အရစ်ကျနဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။...

ဗစ်တိုးရီးယားလေးအမှုအကြောင်းပြပြီး မရိုးမသားအလှူခံပါက စိစစ်အရေးယူမည်ဟု ရဲတပ်ဖွဲ့ ထုတ်ပြန်

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် Victoria အမှုနှင့်ပတ်သက်၍ ဆေးစာပြန်ကြားချက်၊ CCTV မှတ်တမ်း၊ ဓါတုဗေဒဆိုင်ရာ စစ်ဆေးတွေ့ရှိချက်၊ မေးမြန်းစစ်ဆေးထားသူများ၏ သက်သေခံ ထွက်ဆိုချက်များအပါအဝင် အခြားအခြားသောအထောက်အထားများဖြင့် ခရိုင်ဥပဒေရုံး၏ အကြံပြုချက်နှင့် အညီ တရားရုံးသို့ အမှုစွဲတင်ခဲ့ပါကြောင်း။ CID အနေဖြင့် CCTV အထောက်အထားကို Software နည်းပညာအရ အပြည့်အဝ အထောက်အထားရရှိပြီး ယနေ့ BBC Facebook သတင်းမဖော်ပြခင်ကတည်းက တရားရုံးသက်သေခံ တင်ပြီးဖြစ်ကြောင်း၊ နေပြည်တော်ကုတင် (၁၀၀၀)ဆေးရုံမှ တရားဝင်လက်မှတ်ရေးထိုးပြန်ကြားသော သက်သေခံဆေးစာလည်း မပျောက်ပါသဖြင့် တရားရုံးသက်သေခံတင်ပြီးပါကြောင်း၊ မူကြိုကျောင်း၊ လမ်းပေါ်၊ အိမ် မည်သည့်ဘက်မှမလိုက်ဘဲ စစ်ဆေးခဲ့ပါကြောင်း။ အချို့က မိမိစိတ်အထင်ဖြင့် ရဲတပ်ဖွဲ့ဂုဏ်သိက္ခာကျဆင်းစေရန် စွပ်စွဲချက်များ၊ ဆူပူ ဆန္ဒပြစေရန် လှုံ့ဆော်မှုအရေးအသားများ၊ Victoria အတွက် အလှူခံသည်ဟုအကြောင်းပြ၍ Bank Account ဖွင့် တရားမဝင်အလှူခံနေမှုများ၏ ပထမအဆင့်အနေဖြင့် သက္ကမိုးညို အကောင့် ပိုင်ရှင်အား...

မေးရိုးခွဲစိတ်ပြီးပြန်လာတဲ့ သူ့ကိုကြည့်ပြီး မိခင်ဖြစ်သူ ဆီးချိုတွေတက်သွားခဲ့တဲ့အကြောင်း ပြောပြလာတဲ့ နေမင်း

ကိုရီးယားနိုင်ငံထိသွားရောက်ပြီး ခွဲစိတ်ပြုပြင်မှုလုပ်ခဲ့တဲ့နေမင်းတစ်ယောက် မေးရိုးနဲ့ ပက်သက်ပြီး ထူးထူးခြားခြားပြောင်းလဲသွားတာမျိုးတော့ မရှိဘူးဆိုတဲ့အကြောင်းကို ပြောပြ ခဲ့တာပဲဖြစ်ပါတယ်။ မျက်နှာက အရမ်းကြီး V Shape ပုံစံဖော်တာမဟုတ်ပဲ ပါးဘေးဖက် နှစ်ခြမ်းက မညီတာကြောင့် ညီအောင်ညှိလိုက်တဲ့သဘောအနေနဲ့ပဲ ပြုပြင်လိုက်တယ် လို့ဆိုပါတယ်။ အရင်ကတော့စကားပြောရင် ပါးစပ်ထဲမှာအသားလုံးလေးတွေက အာခေါင် မှာထောက်နေသလိုခံစားရပြီး အသံသိပ်မထွက်တာဖြစ်ပြီး အခုတော့ စကားပြောရင် လွတ်လွတ်လပ်လပ် ပြောလို့ရသွားတယ်လို့ ခံစားရကြောင်း ပြောခဲ့ပါသေးတယ်။ ကိုယ်လှဖို့ထက် ဆေးခန်းကြော်ငြာဖို့ အဓိကထားပြီးလုပ်ခဲ့ကြတာလို့ဆိုပါတယ်။ ခင်မင် သူတွေရဲ့ ဆေးခန်းဖြစ်ပြီး အကူအညီတောင်းတာကြောင့် အခုလိုလုပ်ပေးဖြစ်ခဲ့တယ်လို့ဆို ပါတယ်။ အခုဆိုရင်ခွဲစိတ်ပြီးတာ တစ်လလောက်ပဲကြာသေးတာမို့ ဘာမှထူးထူးခြားခြား ပြောင်းလဲသွားတာမျိုး တော့ မရှိပေမယ့် ပါးစပ်ကတော့ သိပ် ဟ လို့မရပဲ ယောင်နေ သေးတယ်လို့ဆိုပါတယ်။ အနုပညာလောကထဲမဝင်ခင်ကတည်းက ဘန်ကောက်မှာ ခွဲစိတ်ဖို့အစီအစဉ်ရှိခဲ့ပေမယ့် မလုပ်ဖြစ်ခဲ့တဲ့အကြောင်းကိုလည်းပြောခဲ့ပါသေးတယ်။ လွန်ခဲ့တဲ့နှစ်နှစ်လောက်တုန်းကလည်း ကိုရီးယားမှာသွားပြီးခွဲစိတ်ဖို့ စီစဉ်ခဲ့ပေမယ့် မလုပ်ဖြစ်ခဲ့ပါဘူး။ အခုမှပဲ...

ကျောက်ဖြူမြို့နယ်တွင် အသက် ၄ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး အဓမ္မပြုကျင့်ခံရ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် ဂုံးချိန်ကျေးရွာအုပ်စု၊ စေပုပ်ကေကျေးရွာမှာ ဇူလိုင် ၉ ရက်က အသက်၎ နှစ်အရွယ် မိန်းကလးငယ်တဦးကို တရွာတည်းနေသူတဦးက အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ ကျောက်ဖြူမြို့မရဲစခန်းက ပြောပါတယ်။အခင်းဖြစ်တဲ့နေ့က အဆိုပါကလေးငယ်ရဲ့ မိဘတွေက လယ်တောထဲ ကန်းစွန်းရွက် သွားခူးဖို့ အတွက် ကလေးငယ်ကို အဒေါ်ဖြစ်သူထံ အပ်နှံထားခဲ့ပါတယ်။ အဒေါ်ဖြစ်သူက ကလေးငယ်ကို အိမ်မှာထားခဲ့ပြီး ဂုံးချိန်ရွာဈေးသို့ ဈေးသွားဝယ်ပြီး ပြန်လာစဉ် အိမ်နီးချင်း ကိုညီညီဆိုသူက နေအိမ်အခန်းထဲက ထွက်လာတာကို တွေ့ရတာကြောင့် မေးမြန်းရာ ကလေးနဲ့လာရောက်ဆော့ ကစားတာ ဖြစ်ကြောင်း ပြောဆို ထွက်သွားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် ကလေးငယ်ဟာ နေအိမ်ခန်းထဲကနေ ငိုယိုပြီး ထွက်လာတာကြောင့် အဒေါ်ဖြစ်သူက မိန်းကလေးငယ်ကို မေးမြန်းရာမှာ အဓမ္မပြုကျင့်ခံခဲ့ရတယ်ဆိုတာကို သိရှိခဲ့တာပါ။ကလေးရဲ့မိန်းမအင်္ဂါကိုကြည့်ရာမှာ သွေးတွေကိုတွေ့ရှိရတဲ့အတွက် ကလေးကို အဓမ္မပြုကျင့်သူလို့ ယူဆရတဲ့ ကိုညီညီအား ကလေးငယ်ရဲ့ အဒေါ်ဖြစ်သူက တရားလိုပြုလုပ်ကာ...

သက္ကမိုးညိုကို အမှုဖွင့်လှစ်ခြင်းထက် ခေါ်ယူဆွေးနွေးခြင်းက ရဲတပ်ဖွဲ့ပုံရိပ်ပိုမိုကောင်းမွန်စေမည်ဟု ဦးရဲထွဋ် ဆို

သက္ကမိုးညိုအကောင့်ပိုင်ရှင်ကိုအမှုဖွင့်လှစ်ခြင်းထက် ခေါ်ယူဆွေးနွေးခြင်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့ပုံရိပ် ပိုမိုကောင်းမွန်စေမည်ဟု ပြန်ကြားရေးဝန်ကြီးဟောင်းဦးရဲထွဋ်ထံမှ သိရသည်။ ဇူလိုင်လ ၁၀ ရက်တွင် သက္ကမိုးညိုအကောင့်ပိုင်ရှင်ဖြစ်သူ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဒေါက်တာဝင်းကိုကိုသိန်းအား ပျဉ်မနားမြို့နယ်ရဲစခန်းမှ အီထရောနစ်ဥပဒေပုဒ်မ ၃၄(ဃ)ဖြင့်အမှုဖွင့်လှစ်စစ်ဆေးခဲ့ခြင်းနှင့်ပတ်သက်ပြီး ဦးရဲထွဋ်က ၎င်းအသုံးပြုနေသည့် facebook စာမျက်နှာတွင် သုံးသပ်ထားခြင်းဖြစ်သည်။ “တကယ်လို့သူရေးတာတွေက ရဲတပ်ဖွဲ့ရဲ့လုပ်ဆောင်ချက်၊ ရဲတပ်ဖွဲ့ရဲ့ ပုံရိပ်ကိုထိခိုက်စေတယ်ဆိုရင်တောင် သူ့ကိုတွေ့ဆုံဆွေးနွေးအကျိုးအကြောင်းရှင်းပြတာက အမှုဖွင့်ဖမ်းတာထက် ပိုပြီးအကျိုးရှိမယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ပုံရိပ်ကိုလည်းကောင်းမွန်စေလိမ့်မယ်လို့ထင်ပါတယ်။” ဟု ဦးရဲထွဋ်က ရေးသားထားသည်။ လက်ရှိတွင် ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်ပြီးကျောင်းကြီးကြပ်ရေးမှူး၏ ယာဉ်မောင်းဖြစ်သူ အောင်ကျော်မျိုး (ခ)အောင်ကြီးကိုပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်လှစ်ထားသည်။သက်သေခိုင်လုံသည့်အတွက် အောင်ကြီးကိုဖမ်းဆီးအမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီးကလေးငယ်ပြောဆိုထားသည့် ဗီဒီယိုဖိုင်ကိုတရားရုံးသို့ သက်သေအဖြစ်တင်ထားကြောင်း နိုင်ငံတော်သမ္မတအိမ်တော် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားထားသည်။ အောင်ကြီး၏ မိဘနှစ်ပါးကလည်း ၎င်းတို့၏သားမှာ ပြစ်မှုကျုးလွန်မည်မဟုတ်ဟု သတင်းမီဒီယာများနှင့် အင်တာဗျူးများတွင်ဖြေကြားထားသည်။အဆိုပါအမှုနှင့် ပတ်သက်ပြီး လာမည့်ဇူလိုင်လ ၁၅ ရက်၌ နေပြည်တော်ဒက္ခိဏခရိုင်တရားရုံးတွင် စတင်...

ဆိုင်ကယ်ကို အမိုးနဲ့စီးနေကြသူများ နည်းနည်းလေးတော့ လွဲနေတယ် သတိထားကြပါဗျာ

နည်းနည်းလေးတော့ လွဲနေတယ် ခုနောက်ပိုင်း ဆိုင်ကယ်တွေမှာ အမိုးလေးတွေ တော်တော်များများ တတ်စီးနေတာကိုတွေ့ရပါသည်။ နေရောင်ခြည်ဒဏ်ကာကွယ်ဘို့လား/မိုးရွာတဲ့အခါ အကာအကွယ်ဖြစ်အောင်လား /Styleဖြစ်အောင်လို့လား/ထင်မိပါသည်။ သို့သော် ဆိုင်ကယ်စီးစဉ်မှာ မိမိအသက်အန္တရာယ်ကာကွယ်ပေးနိုင်ဆုံး အဓိကအရာဖြစ်သည့် ဆိုင်ကယ်စီးဦးထုပ်ကိုတော့ဖြင့် မေ့လျှော့နေတာလား ? တမင်ချန်ထားခဲ့လေသလား?Showပဲ့မှာဆိုးလို့လား? (နည်းနည်းလေးတော့ လွဲနေတယ်) ဒီအမိုးလေးဟာ ဆိုင်ကယ်မောင်းသူအတွက် အဟန့်အတားတစ်ခုဖြစ်နေသလို/အန္တရာယ် ဖိတ်ခေါ်နေသလိုပါဘဲ (ဥပမာ လေတိုက်မည်/ အခြားယာဉ်တစ်စီးနှင့်တိမ်းရှောင်မည်ဆိုပါက ချိတ်တတ် မှောက်တတ်ပါသည်) ဒါကြောင့် ဆိုင်ကယ်စီးဦးထုပ်လေးလည်း ပါအောင်ဆောင်းစေချင်(အားလုံးအတွက်စေတနာဖြင့် အကြံပြုပေးခြင်းသာ) Credit – နန်း

မြန်မာကြက်တောင်ရိုက် အားကစားမယ် သက်ထားသူဇာ ကမ္ဘာ့အဆင့် ၈၄ တက်လာ

မြန်မာကြက်တောင်ရိုက် အားကစားမယ် မသက်ထားသူဇာဟာ ကမ္ဘာ့ကြက်တောင်ရိုက် အဖွဲ့ချုပ်က မနေ့က ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ အဆင့် ၈၄ အထိ တက်လာပါတယ်။ ၂၀၂၀ အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရဖို့ ကြိုးပမ်းနေတဲ့ မသက်ထားသူဇာဟာ ဇူလိုင်လ ၇ ရက်က အိုင်ဗရီကို့စ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ International Series ကြက်တောင်ရိုက်ပြိုင်ပွဲမှာ ဗိုလ်စွဲပြီး ချန်ပီယံဆု ထပ်မံဆွတ်ခူးရရှိပြီးနောက် ခုလို ကမ္ဘာ့အဆင့်တက်လာတာပါ။ ဒီပြိုင်ပွဲတွေမတိုင်ခင်က ကမ္ဘာ့အဆင့် သတ်မှတ်ချက် ၁၀၁ ရှိနေရာကနေ အဆင့် ၁၇ ဆင့် ထပ်ခုန်တက်လာပြီး အဆင့် ၈၄ ထိရောက်ရှိလာတာလည်းဖြစ်ပါတယ်။ မသက်ထားသူဇာဟာ ၂၀၁၈ အောက်တိုဘာကနေ ၂၀၁၉ ဇူလိုင်လအထိ နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ချန်ပီယံဆု ခြောက်ကြိမ်၊ ဒုတိယဆု တကြိမ်ရထားပါတယ်။ လာမယ့် သြဂုတ်လအတွင်း နိုင်ဂျီးရီးယားနိုင်ငံမှာကျင်းပမယ့် Lagos International Badminton Classics 2019...

(၇) ရက်တာ တရားစခန်း ဝင်နေတဲ့ မိုးပြည့်ပြည့်မောင်

မိုးပြည့်ပြည့်မောင်က (၇) ရက်တာ တရားစခန်းဝင်ပြီး ကုသိုလ်ကောင်းမှုတွေ ပြုလုပ်လျက်ရှိပါတယ်။ သူမပြုလုပ်တဲ့ ကုသိုလ်ကောင်းမှုတွေကိုလည်း ပရိသတ်တွေ သာဓုခေါ်နိုင်အောင် အမျှပေးဝေထားပါသေးတယ်။ Drama မင်းသမီး လို့ အသိအမှတ် ပြုလောက်အောင် အငို၊ အလွမ်း အခန်းတွေကို ပီပြင်အောင်သရုပ် ဆောင်နိုင်သူက မိုးပြည့်ပြည့်မောင် ပါ။ သရုပ်ဆောင် မိုးပြည့်ပြည့်မောင်က လှည်းကူးမြို့နယ် သစ္စာရွှေစည်တရားစခန်းမှာ (၇)ရက်တိုင်တိုင် တရားစခန်းဝင်ပြီး ကုသိုလ်ယူခဲ့တယ်လို့ သိရပါတယ်။ “လှည်းကူးမြို့နယ်သစ္စာရွှေစည်တရားစခန်းတွင်(7)ရက်တိုင်တိုင်ပြုရသောဒါန,သီလ,ဘာဝနာကုသိုလ်ကောင်းမှုတို့အားမိတ်ဆွေအပေါင်းအသင်းသူငယ်ချင်းများကျမနှင့်အတူထပ်တူရစေရန်….အမျှပေးဝေပါသည်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ ဇူလိုင်(၁၀) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။သူမပြုလုပ်ခဲ့သော အလှူဒါနများကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေထားပါသေးတယ်။ သရုပ်ဆောင် မိုးပြည့်ပြည့်မောင်ဟာရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးရင်း ကုသိုလ်ကောင်း မှုတွေလည်း ပြုလုပ်လျက်ရှိတာ တွေ့ရပါတယ်။ နယ်ဖျော်ဖြေပွဲတွေမှာ သီချင်းတွေ သွားဆိုဖြစ်သ လို ဖျော်ဖြေပွဲတွေက ရရှိတဲ့ ငွေကြေးတွေကိုလည်း အလှူအတန်းတွေ ပြုလုပ်တတ်သူပါ။မိုးပြည်ပြည့်မောင်ဟာ သာယာတဲ့ မိသားစု ဘဝလေးကို...

ကောင်းတူဆိုးဘက် အမြဲရှိနေပေးတဲ့ ချစ်သူလေး ခင်လွှမ်းကို မွေးနေ့ဆုတောင်းပေးလိုက်တဲ့ စည်ဖြိုး

စည်ဖြိုးကတော့ အနုပညာလောကမှာ အောင်မြင်နေတဲ့ သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်တာကြောင့်လည်း ပရိသတ်လူကြီးလူငယ်မရွေးအားပေးချစ်ခင်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဆိုလည်းမမှားပါဘူးနော်။။နောက်ပိုင်းမှ သရုပ်ဆောင်တစ်ဦးအနေနဲ့သာမက အဆိုတော်တစ်ဦးအနေနဲ့သီချင်းတွေကိုလည်း သီဆိုနေတာဖြစ်ပြီး မကြာခင်မှာ သူရဲ့ တေးဘယ်ဘမ်ကလည်းထွက်ရှိတော့မှာပါ။ စည်ဖြိုးက သူ့ရဲ့ချစ်သူ သရုပ်ဆောင်မင်းသမီးချောလေး ခင်လွှမ်းနဲ့ အချစ်ရေးကိုလည်း ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ချပြထားတာပဲဖြစ်ပါတယ်။တစ်ဦးနဲ့တစ်ဦးနားလည်မှုအပြည်အ၀ရှိပြီး သာယာပျော်ရွှင်တဲ့ အချစ်ရေးကိုတည်ဆောက်တာကြောင့်ပရိသတ်တော်တော်များများက Idol Coupleအဖြစ်သတ်မှတ်ခြင်းကိုခံရတဲ့ ချစ်စရာစုံတွဲလေးတစ်တွဲလည်းဖြစ်ပါသေးတယ်။ ဒီနေ့မှာတော့ မင်းသမီးချောလေး ခင်လွှမ်းရဲ့ မွေးနေ့ဖြစ်ပြီး စည်ဖြိုးက သူရဲ့ချစ်သူအတွက် မွေးနေ့ဆုတောင်းပေးခဲ့တာပဲဖြစ်ပါတယ်။”ကိုယ့်အတွက် အေးအတူပူအမျှ ဆိုတဲ့ အဓိပ္ပါယ်ကိုဖွင့်ဆိုပြနိုင်ခဲ့သူ။Happy Birthday my Drama Jue !!! မွေးနေ့မှစ ကိုယ်က ဘေးနားအမြဲ ရှိပေးနေမှာဖြစ်တဲ့ အတွက် ဘာဆုမှတောင်ပေးစရာ မလိုတော့ပါဘူးနော်။စပရိုက်တွေဖျော်မတိုက်တတ်ပေမယ့် လိုတဲ့ အချိန်တိုင်းအသုံးတည့်နေစေရမယ်။ကျန်းမာ ချမ်းသာ ဆက်ချစ်ပါ။”ဆိုပြီးစည်ဖြိုးကသူရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ချစ်သူခင်လွှမ်းအတွက်မွေးနေ့ဆုတောင်းပေးထားတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ဒီနေ့မှာ ကျရောက်တဲ့ ခင်လွှမ်းရဲ့မွေးနေ့အတွက် ဆုမွန်ကောင်းလေးတွေတောင်းပေးသွားပါဦးနော်။ Source :...