စည်ပင်ဧည့်ရိပ်သာတွင် ခိုးမှုကျူးလွန်သည့် အမတ်တစ်ဦး၏ ချွေးမကို ဖမ်းဆီး

နေပြည်တော် စည်ပင်ဧည့်ရိပ်သာ (၂) တွင် ကျပ်သိန်း ၁၄၀ ခန့် တန်ဖိုးရှိ လက်ဝတ်ရတနာပစ္စည်းများကို ခိုးယူမှုဖြင့် ပြည်သူ့လွှတ်တော်အမတ်တစ်ဦး၏ ချွေးမဖြစ်သူကို ဇူလိုင် ၁၃ ရက် နံနက် ၁ နာရီက ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ခိုးမှုဖြင့် ဖမ်းဆီးခံရသူ မမိုးသူသူအောင်မှာ ပြည်သူ့လွှတ်တော် အမတ်တစ်ဦး၏ ချွေးမဖြစ်ပြီး ဇူလိုင် ၁၁ ရက် ညပိုင်းက စည်ပင်ဧည့်ရိပ်သာ (၂) အဆောင် (၁၁) အခန်း (၁) တွင် ကုတင်ပေါ်တင်ထားသည့် ဆလင်းဘတ်အိတ်ကို ပြတင်းပေါက်မှ လက်ဖြင့် လှမ်းဆွဲ၍ အိတ်ထဲရှိ ရွှေဘူးကို ခိုးယူခဲ့ခြင်းဖြစ်သည်။ “ခိုးယူသွားတဲ့ ပစ္စည်းတွေ ပြန်ရပါပြီ။” ဟု လက်ဝတ်ရတနာများ ခိုးယူခံရသည့် ပြည်သူ့ လွှတ်တော်အမတ်က ပြောသည်။လက်ဝတ်ရတနာပစ္စည်းများ ပျောက်ဆုံးခဲ့သည့် ပြည်သူ့လွှတ်တော်အမတ်မှာ အခင်းဖြစ်ညက အပြင်သွားစဉ် အခန်းတွင် ဇနီးဖြစ်သူတစ်ဦးသာ...

Bangkok လေကြောင်းလိုင်းမှ ပုဂံသို့ တိုက်ရိုက်ပျံသန်းရန် ခွင့်ပြုချက်တောင်းခံလာခြင်းကို လတ်တလောခွင့်မပြုထား

Bangkok Airways လေကြောင်းလိုင်း ဘန်ကောက်မှ ပုဂံသို့ တိုက်ရိုက်လေကြောင်းခရီးစဉ်ပျံသန်းရန် ခွင့်ပြုချက်တောင်းခံလာခြင်းအား လေကြောင်းဦးစီးဌာနမှ လတ်တလောခွင့်မပြုနိုင်ဟု အကြောင်းပြန်ထားကြောင်း သတင်းရရှိသည်။ ပုဂံဒေသအား မကြာခင်က ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခြင်းခံရပြီးဖြစ်သည်။ ယင်းသို့ကမ္ဘာ့အမွေ အနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရခြင်းမရှိ ခင်ကပင် နိုင်ငံတကာတွင် ကျော်ကြားပြီး နိုင်ငံခြားသားခရီးသွား အများအပြားလာ ရောက်လည်ပတ်လေ့လာကြသည့် ဒေသတစ်ခုဖြစ်ပြီး ယခုကဲ့သို့ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ဒေသတစ်ခုဖြစ်လာသည့်အချိန်တွင် နိုင်ငံတကာမှ ခရီးသွားများ လာရောက်လည်ပတ်လေ့လာရန် ပိုမိုစိတ်ဝင်စားလာကြမည်ဖြစ်သည့်အတွက် နိုင်ငံတကာလေကြောင်းလိုင်းများက တိုက်ရိုက်လေကြောင်းခရီးစဉ် ပျံသန်းရန် စိတ်ဝင်စားလာကြခြင်း ဖြစ်သည်။မြန်မာနိုင်ငံလေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ပုဂံ-ညောင်ဦးလေဆိပ်သည် အပြည်ပြည်ဆိုင်ရာလေဆိပ်မဟုတ်သည့်အတွက် လတ်တလောတွင် အဆိုပါ ဘန်ကောက်-ပုဂံ တိုက်ရိုက်ခရီးစဉ်အား ခွင့်မပြုနိုင်ဟု အကြောင်းပြန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။“ညောင်ဦးလေဆိပ်က အပြည်ပြည်ဆိုင်ရာလေဆိပ်တစ်ခုမဟုတ်တဲ့ ပြည်တွင်းလေဆိပ်တစ်ခုဖြစ်တာကြောင့် Bangkok Airways လေကြောင်းလိုင်းရဲ့ဘန်ကောက်ကနေ ပုဂံကို တိုက်ရိုက်ခရီးစဉ် ပျံသန်းခွင့်တောင်းခံခြင်းကို လတ်တလေခွင့်မပြုနိုင်သေးပါဘူးလို့ အကြောင်းပြန်ထားပါတယ်” ဟု...

သူမရဲ့သွယ်လျလှပတဲ့ပေါင်တံသွယ်လေးနဲ့အတူ ဖြူဖွေးဝင်းမွတ်တဲ့အတွင်းသားအလှကိုလှစ်ဟပြထားတဲ့ သင်ဇာဝင့်ကျော်

သူမရဲ့လှပတဲ့ခန္ဓာကိုယ်ကောက်ကြောင်းတွေနဲ့sexyကျကျပွဲတက်ဖက်ရှင်တွေကပရိသတ်တွေသာမကတက်သစ်စမော်ဒယ်တွေတောင်အားကျနေရတာကတော့ မင်းသမီးချောလေးသင်ဇာဝင့်ကျော်ပဲ ဖြစ်ပါတယ်။ သူမကတော့အောင်မြင်မှုတွေကြောင့်လည်းအနုပညာအလုပ်တွေကိုမပြတ်တမ်းတောက်လျှောက်လုပ်ကိုင်ရပြီးသူ့ရဲ့အနုပညာတိုင်းကိုလည်း ပရိသတ်တွေက အားပေးနေရတာပါ။ သင်ဇာရဲ့မျက်နှာလေးဟာ အမြဲတမ်းအေးချမ်းတည်ငြိမ်နေပြီး ချိုသာလွန်းတဲ့အသံလေးကြောင့်လည်း မိန်းကလေးပရိသတ်များပါ အားပေးချစ်ခင်နေကြတာပဲ ဖြစ်ပါတယ်။ သင်ဇာဟာ အနုပညာလမ်းကြောင်းပေါ်မှာ ဆယ်စုနှစ်ကျော်တိုင်အောင် အောင်မြင်မှုတွေနဲ့ယနေ့ထက်ထိလျှောက်လှမ်းနေတာလည်း ဖြစ်ပါတယ်။ ဝေဖန်မှုတွေရှိနေပင်မယ့်လည်း ရှေ့ဆက်လျှောက်ရမယ့်လမ်းကြောင်းအတိုင်းလျှောက်လှမ်းနေတာပါ။ သင်ဇာကတော့ လွန်ခဲ့တဲ့မိနစ်ပိုင်းက သူမရဲ့လူမှုကွန်ယက်ပေါ်မှာ အမိုက်စားပုံရိပ်လေးတွေတင်ထားတာပဲ ဖြစ်ပါတယ်။ သူမရဲ့သွယ်လျလှပတဲ့ပေါင်တံသွယ်လေးနဲ့အတူ ဖြူဖွေးဝင်းမွတ်တဲ့အတွင်းသားအလှကိုလှစ်ဟပြထားတဲ့သင်ဇာရဲ့အကြမ်းစားပုံရိပ်လေးတစ်ခုကို တင်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သင်ဇာရဲ့အမိုက်စားအလှတရားတွေကို အားပေးကြပါဦးနော်။ Photo – Thinzar Wint Kyaw

မိုးဆက်အားကောင်းနိုင်၍ ရေဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရန် ဒေါက်တာထွန်းလွင် သတိပေး

ကချင်၊ စစ်ကိုင်းနှင့် မွန်ပြည်နယ်မှ မြို့နယ် ၁၀ ခု၌ ရေဘေးကြုံတွေ့နေစဉ် ဇွန်လ ၁၅ ရက်နောက်ပိုင်းကစ၍ သိသိ သာသာ မိုးအားကောင်းနိုင်သော ကြောင့် ရေဘေးကြိုတင်ကာ ကွယ်ရေး စနစ်တကျဆောင်ရွက် ထားရန် မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေး သည်။ လတ်တလော၌ ကချင်ပြည် နယ်၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ဗန်း မော်၊ တနိုင်း၊ ဆော့လော်နှင့် ခေါင်လန်ဖူးမြို့၊ စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီး၊ ကသာနှင့် ဟုမ္မ လင်းမြို့၊ မွန်ပြည်နယ် ဘီးလင်း မြို့တွင် လူဦးရေ ၄,၀၀၀ ကျော် ရေဘေးကယ်ဆယ်ရေး စခန်း များတွင် ခိုလှုံနေရသည်။ ဧရာဝတီမြစ်ရေ စိုးရိမ်ရေ မှတ် အနီးရောက်နေသော မြစ် ကြီးနားမြို့တွင် ယခုနှစ်မြစ် ရေ မြင့်တက်သည့် ပုံစံအလွန် မြန် ဆန်သည်ဟု ဒေသခံများက...

ငွေကျပ် ၂ သိန်းသာကုန်ကျသည့် မြန်မာလူငယ်များ၏ သိပ္ပံရုပ်ရှင်ဇာတ်လမ်းတို(ရုပ်သံ)

မြန်မာလူငယ်တွေ စုပေါင်းပြီး ကုန်ကျငွေ ၂ သိန်းနဲ့ ရိုက်ကူးထားတဲ့ သိပ္ပံရုပ်ရှင် ဇာတ်လမ်းတိုဟာ လတ်တလော ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှု ကွန်ရက်စာမျက်နှာပေါ်မှာ ရေပန်းစားနေပါတယ်။“The Earth” လို့ အမည်ပေးထားတဲ့ ဒီရုပ်သံဗွီဒီိယိုဖိုင်ကိုတော့ The Turbulence Production ကနေ တင်ဆက်လိုက်တာဖြစ်ပြီး ရုပ်သံဗွီဒီယိုဖိုင်အညွှန်းမှာတော့ ခုလိုရေး သားဖော်ပြထားခဲ့တာပါ။ “ဒီတခါတော့ ကျွန်တော်တို့ Turbulence အဖွဲ့သားတွေ တယောက်နည်းနည်းစီ စုထည့်ပြီး စုစုပေါင်း ငွေအကုန်အကျ ၂ သိန်းနဲ့ ရိုက်ထားတဲ့ ShortFilm လေးပါ။ ကိုယ် ပိုင် idea နဲ့ မူပိုင် design နဲ့ ပထမဆုံး costume စလုပ်ဖြစ်တဲ့ကားလေးပါ ( Main Character ကိုပဲ ပြောတာပါ😂 )။ မှားတာပါခဲ့ရင်လည်း သည်းခံပြီးကြည့်ပေးကြပါ။ လူငယ်တွေအနေနဲ့ဆက်ကြိုးစားပါဦးမယ်”စစ်ပွဲ၊ သယံဇာတယိုယွင်းပျက်စီးမှု၊ သစ်တောပြုန်းတီးမှု၊ လေထုညစ်ညမ်းမှု၊ ကမ္ဘာကြီး...

လှိုင်သာယာတွင် ရေခဲသေတ္တာ ဖွင့်ရာမှ ဓာတ်လိုက်ပြီး အမျိုးသား(၁)ဦး သေဆုံး

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာဆေးရုံသို့ ဇူလိုင်လ ၁၀ ရက်နေ့ ညနေ ၆ နာရီခွဲ အချိန်တွင် အမျိုးသားတစ်ဦးဓာတ်လိုက်သေဆုံးပြီး ရောက်ရှိနေကြောင်း သတင်းအရ လှိုင်သာယာ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ လှိုင်သာယာမြို့နယ်၊ (၂၂) ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းရှိ စားသောက်ဆိုင်မှ အကြော်ဆရာ လုပ်ကိုင်သူ အောင်ဆန်းမိုး(ခ)ရွာသား(၂၇)နှစ်ဖြစ်ပြီး ၎င်းသည် ငါးကြော်ရန်အတွက် စားသောက် ဆိုင်အကြော်ခန်းရှိ ရေခဲသေတ္တာအားဖွင့်စဉ် ရေခဲသေတ္တာနှင့် မီးပလပ်ခုံမှာ ဝိုင်ယာရှော့ဖြစ်ကာ ဓာတ်လိုက်၍ သေဆုံးသွားကြောင်း သိရှိရသဖြင့် လှိုင်သာယာမြို့မရဲစခန်း၊ သေမှုသေခင်း အမှတ်စဉ် (၄၄/၂၀၁၉)ဖြင့် အမှုရေးဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။ Credit-ရဲဇာနည်

တောင်ကိုရီးယားတွင် ခွေးချစ်သူအဖွဲ့နှင့် ခွေးသားစားသူများအဖွဲ့ ထိပ်တိုက်ဆန္ဒပြ

တောင်ကိုရီးယားနိုင်ငံမှာ ဇူလိုင် ၁၂ ရက်နေ့က ခွေးချစ်သူတွေနဲ့ ခွေးသားစားသူတွေ နှစ်ဖွဲ့ ထိပ်တိုက် ဆန္ဒပြခဲ့ကြပါတယ်။တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ဇူလိုင် ၁၂ ရက်နေ့က ခွေးသားစားဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတွေ ဆန္ဒပြခဲ့ကြပြီး အဲဒီဆန္ဒပြပွဲမှာ အမေရိကန်မင်းသမီး ကင်မ် ဘေဆင်ဂါလည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။ “စကားမပြောနိုင်တဲ့ ခွေးတွေအတွက် ကျမတို့က သူတို့ရဲ့ အသံတွေကို ထုတ်ဖော်ပေးတာ” လို့ ကင်မ် ဘေဆင်ဂါက ကြွေးကြော်ခဲ့ပါတယ်။တချိန်တည်းမှာပဲ တဖက်မှာလည်း ခွေးသားစားသူတွေအဖွဲ့က ဆန္ဒပြနေပြီး သူတို့နှစ်ဖွဲ့အကြား ရဲတပ်ဖွဲ့ဝင်တွေက တန်စီ နေရာယူထားကြပါတယ်။အမျိုးသားလွှတ်တော်အဆောက်အအုံရှေ့မှာ ခွေးချစ်သူတွေ အယောက် ၁၀၀ လောက်ဟာ ခွေးသေပုံတူရုပ်တွေကို ခုံပေါ်တင်ပြီး အနက်ရောင် ဆန္ဒပြ ဆိုင်းဘုတ်တွေကိုလည်း ကိုင်ဆောင်ထားကြပါတယ်။ ခွေးတွေကို အသားအတွက် သတ်ဖြတ်တာကို ခွင့်ပြုထားတဲ့ တိရစ္ဆာန်ကာကွယ်ရေး ဥပေဒ ပြင်ဆင်ဖို့လည်း လွှတ်တော်ကို တောင်းဆိုခဲ့ကြပါတယ်။“အသားစားဖို့အတွက် ခွေးတွေကို တရားမဝင် သတ်ဖြတ်တာကို...

အကယ်ဒမီဒွေးသာ သက်ရှိထင်ရှားရှိနေသေးမယ်ဆိုရင် မင်းသားမလုပ်ဘူးဆိုတဲ့ နေမင်း

ပြည်ပ မှမြန်မာနိုင်ငံကိုပြန်ရောက်လာခဲ့သည့်အချိန်မှာအကယ်ဒမီဒွေးသာသက်ရှိထင်ရှားရှိနေသေးရင် သရုပ်ဆောင် အလုပ်ကို မလုပ်ဘဲ ဒွေးဇာတ်ကားတွေကိုသာထုတ်လုပ်သည့် ထုတ်လုပ်သူ အဖြစ်ရပ်တည်ချင်ကြောင်းသရုပ်ဆောင် နေမင်းက အကုန်သိသတင်းဌာန ကိုရင်ဖွင့်ပြောကြားခဲ့ပါသည်။ သရုပ်ဆောင် နေမင်း က အကယ်ဒမီဒွေးနှင့် မဆုံတွေ့ခဲ့သော်လည်း အတုယူခဲ့ရတာတွေ အများကြီးရှိသည့်အပြင် ဒွေး သီဆိုခဲ့သည့် “စကြာဝဠာကိုဗဟိုပြု၍ “ ဆိုသည့်သီချင်းကိုဇာတ် ၀င်တေးအဖြစ်ပြန်လည်သီဆိုခဲ့ဖူးကြောင်းပြောပြခဲ့သည်။ “ ကိုသားကြီး(ဒွေး) နဲ့ ကျွန်တော်မဆုံဖြစ်လိုက်ဘူးဆိုပေမယ့် အနုပညာသမားတွေအချင်းချင်းတော့ dictionary တစ်အုပ်လိုလည်း ဖြစ်တယ်။ နောက်တစ်ခုကတော့ ကျွန်တော့် အနုပညာရဲ့ ရေသောက် မြစ်တစ်ခုလည်းဖြစ်တယ်။ကျွန်တော်တို့ ဆင့်ပွားကူးယူခဲ့ရတဲ့ အနုပညာတွေလည်းရှိတယ်။ အတုယူ ခဲ့တာရှိတယ် အများကြီးပါပဲ။ ကျွန်တော်ကြိုက်လွန်းအားကြီးလွန်းလို့ ကိုသားကြီး သီချင်း ကို ပြန်ဆိုထားတာတွေလည်းရှိတယ်။ကျွန်တော့် ဇာတ်ကားလေးတွေထဲမှာ အဲဒါလေးတွေပြန်သုံးဖြစ်တယ်။ ဇာတ်ဝင်တေး အဖြစ်ပြန် ဆိုဖြစ်တယ်။ “စင်္ကြ၀ဠာကို ဗဟိုပြု၍ “ ဆိုတဲ့သီချင်းကို အစ်ကို့ အသံနဲ့ ကျွန်တော့် အသံလေးကိုရော...

ဒုတိယကမ္ဘာစစ်မှာ ပုဂံကို ဗုံးကြဲမခံရအောင် ကာကွယ်ပေးခဲ့တဲ့ အင်္ဂလိပ်လူမျိုး ပါမောက္ခကြီး ဒေါက်တာလုစ်

ဒေါက်တာလုစ်ကို သမိုင်းပါမောက္ခအဖြစ် သိကြပါတယ်။ မြန်မာအစ ကျောက်ဆည်ကအဆိုကို တင်သွင်းသူနဲ့ ပုဂံအကြောင်း စာအုပ်ကြီး သုံးတွဲ ရေးခဲ့သူအဖြစ် မြန်မာပြည်မှာ သိပါတယ်။ပုဂံကို ဗုံးကြဲမခံရအောင် သူကာကွယ်ခဲ့တာကိုတော့ သတိမူမိသူ နည်းပါတယ်။ ၁၉၄၄ ခုနှစ် ဒုတိယ ကမ္ဘာစစ်အတွင်း လန်ဒန် အရှေ့တိုင်းပညာသင်ကျောင်းမှာ ခေတ်ဟောင်း မြန်မာဘာသာ၊ ပျူနဲ့ မွန်ဘာသာ ကထိကအဖြစ် တာဝန်ထမ်းဆောင် နေတဲ့ မစ္စတာလုစ်က မဟာမိတ်တပ်တွေကို ဆက်သွယ်ပြီး သမိုင်းကြောင်းအရ တန်ဖိုးကြီးတဲ့ ပုဂံကို မထိခိုက်အောင် စစ်ဆင်ရေးတွေ မလုပ်ဖို့ ပန်ကြားခဲ့ပါတယ်။ ဒါကြောင့် စစ်ရေးအရ အချက်အချာကျတဲ့ ပုဂံနားမှာ တိုက်ပွဲကြီးတွေ ဖြစ်ခဲ့ပေမယ့် မြို့ကို ဗုံးကြဲခံရမှုက ကင်းလွတ်ခဲ့ပါတယ်။ ပုဂံလောက် ကံမကောင်းတဲ့ မန္တလေးနဲ့ ရန်ကုန်ကတော့ ဗုံးဒဏ်ကို ဆိုးဆိုးရွားရွားခံခဲ့ရပြီး နောက်ဆုံးမြန်မာနန်းတော် မီးလောင်ပျက်စီးခဲ့ပါတယ်။ ပုဂံကို ကယ်တင်ခဲ့တဲ့ လုစ်ကို ဂုဏ်ပြုတဲ့အနေနဲ့...

တစ်နှစ်ပြည့်တော့မယ့် တစ်ရက်ကြီး တစ်ရက်ငယ်ကြတဲ့ လွင်ထက် နဲ့ မြတ်သူ

ပရိသတ်တွေချစ်တဲ့ အနုပညာရှင်တွေရဲ့ ကလေးလေးတွေထဲမှာ လူအများရဲ့စိတ်ဝင်စားမှုကိုခံရပြီး မွေးကတည်းက ပရိသတ်အခိုင်အမာရရှိထားတဲ့ မျိုးဆက်သစ်လေးတွေဖြစ်ပါတယ်။ သူတို့နှစ်ယောက်မှာ လွင်ထက်ကတော့ သရုပ်ဆောင် လွင်မိုးရဲ့ မြေး၊ မော်ဒယ်သရုပ်ဆောင် ယွန်းဝတီလွင်မိုး နဲ့ ထက်ဦးလှိုင် တို့ရဲ့ သားဦးလေးဖြစ်ပြီး သူ့ကို ၂၀၁၈ ခုနှစ် သြဂုတ်လ (၆)ရက်နေ့က သြစတေးလျနိုင်ငံမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ လွင်ထက်လေးကတော့ အဖေအမေထက် အဖိုးအဖွားတွေနဲ့ နေရတာ ပိုများပြီး ချစ်စရာကောင်းတဲ့ ကလေးလေးပါ။ သူ့ကို တွေ့လိုက်ရင် ပရိသတ်တွေက အရမ်းချစ်ကြတာကြောင့် မိဘတွေကလဲပျော်ရွှင်ရပါတယ်။ သားလေးကတော့ လာမယ့် သြဂုတ်လ(၆)ရက်နေ့မှာဆိုရင် အသက် (၁)နှစ်ပြည့်တော့မှာလဲ ဖြစ်ပါတယ်။ လွင်ထက်လေး ထက် တစ်ရက်ငယ်တဲ့ သားသားလေးကတော့ နိုင်ငံကျော်အနုပညာရှင် တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် မြင့်မြတ် နဲ့ ခင်သူအောင် တို့ရဲ့ သားဦးလေး မြတ်သူ ဘဲဖြစ်ပါတယ်။ သူလေးကိုလဲ ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေများသလို...