သမီးလေး Treasure ကို အောင်မြင်စွာမွေးဖွားလိုက်ပြီဖြစ်တဲ့ မေမေစန္ဒီမြင့်လွင်

နိုင်ငံကျော် အဆိုတော်မလေး စန္ဒီမြင့်လွင်ဟာ ဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ သူလေးပါ။ သူမက လူငယ်အဆိုတော်များစွာထဲမှာ အောင်မြင်မှုများစွာ ရရှိထားသူလေး ဆိုလည်း မမှားပါဘူး ။သူမရဲ့ သီချင်းလေးတွေက လူငယ်ပရိသတ်တွေ ရဲ့ အကြိုက်ပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ စန္ဒီမြင့်လွင် နဲ့ သူမ ခင်ပွန်းတို့ မျှော်လင့်စောင့်မျှော်နေတဲ့ ရင်သွေးလေး က လူ့လောကထဲ ရောက်လာခဲ့ပါပြီ ။ ချစ်ပရိသတ်တွေအတွက် စန္ဒီမြင့်လွင် နဲ့ လွန်ခဲ့တဲ့ နာရီအနည်းငယ်ကမှ လူ့လောကထဲ ရောက်လာတဲ့ သမီးလေး ရဲ့ ပုံလေးကို ဖော်ပြပေး လိုက်ပါတယ်။ စန္ဒီမြင့်လွင် က ချစ်ရတဲ့ ခင်ပွန်းနဲ့အတူ အနုပညာအလုပ်တွေ ကြိုးစားလုပ်ရင်း အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ သူမက မကြာသေးခင်ကမှ လူ့လောက ထဲ ရောက်လာမယ့် သမီးလေးအတွက် ချစ်စရာကောင်းတဲ့ အခန်းလေးကို ပြင်ဆင်ထားတယ်လို့...

(၂၉) နှစ်ပြည့်မွေးနေ့မှာ ထမင်းကြော်နဲ့ ဧည့်ခံပြီး မွေးနေ့ပွဲကျင်းပခဲ့တဲ့ သင်းသင်း

ပရိသတ်တွေ သိထားပြီးသားဖြစ်တဲ့ အလှမယ် သင်းသင်း ဟာဆိုရင် MMPA Organization မှ ခန့်အပ်ခဲ့တဲ့ Ms Tourism Ambassador ဆု ကို ရရှိထားသူပါ။ ဒါပေမယ့် သူမရဲ့ လူမှုရေးပြဿနာတွေကြောင့် သင်းသင်းက အလှမယ်သရဖူကို Organization မှ ပြန်အသိမ်းခံခဲ့ရပေမယ့် သူမဝါသနာပါရာ အနုပညာလမ်းမပေါ်မှာ ဆက်လက်လျှောက်လှမ်းနေတာပဲ ဖြစ်ပါတယ်။ မနေ့က ဇူလိုင်လ(၁၃)ရက်နေ့ကတော့ သင်းသင်းရဲ့ ၂၉ နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ သင်းသင်းရဲ့ မွေးနေ့ပွဲကို ရန်ကုန်မြို့ Cafe 20 မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ သင်းသင်းရဲ့ မွေးနေ့ပွဲကို ညီဘွားညီ၊ ဆောင်းအိနြေ္ဒထွန်း နဲ့ အခြားသော မိတ်ဆွေအပေါင်းအသင်းတွေများစွာ တက်ရောက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ သင်းသင်းက ထူးထူးခြားခြားအနေနဲ့ သူမရဲ့ မွေးနေ့ပွဲတက်ရောက်လာသူကို ထမင်းကြော်နဲ ဧည့်ခံကျွေးမွေးခဲ့တာပဲ ဖြစ်ပါတယ်။ ထမင်းကြော်ကတော့ သင်းသင်းရဲ့...

ဖုန်းအရမ်းဆော့လွန်းတဲ့ကလေးကို ပညာပေးလိုက်တဲ့ မိခင်ရဲ့လုပ်ရပ် လူမှုကွန်ယက်မှာရေပန်းစား

ကလေးမိဘများ ဖုန်းဆော့လွန်းတဲ့ မိမိရဲ့ သားသားမီးမီးလေးတွေကို တကယ်ချစ်တယ်ဆိုရင် ဒီနည်းလမ်းလေးကို သုံးလိုက်ကြပါလို့ ချစ်ပရိသတ်ကြီးကို အကြံကောင်းလေးပေးလိုက်ပါရစေ။ ဖုန်း အရမ်းဆော့တဲ့ ကလေးကို ဖုန်းမဆော့နဲ့လို့ ပြောလို့ ပြောမရခဲ့ရင် ကလေး အိပ်ချိန်မှာ Eyeshadow ကို အခုလို ပုံပါတိုင်း လိမ်းပေးလိုက်ပါ..။ ကလေးနိုးလာချိန်မှာ ကလေးရဲ့ မျက်လုံးကိုမြင်တော့ လန့်ပြီးငိုပြ ပြာယာခတ်ပြလိုက်ပါ။ ဒါဆိုရင်ကလေးလည်း ကြောက်ပြီးနောက်ဆော့ရဲတော့မှာ မဟုတ်တော့ပါဘူး..။ ခဏလောက်တော့ ကလေးစိတ်ဆင်းရဲသွားမှာတော့ အမှန်ပါပဲ..။ ဒါပေမယ့် မိမိရဲ့ ရင်သွေးငယ်လေး ဖုန်းဆော့တာများလွန်းလို့ ဦးနောက်၊ မျက်လုံး နှင့် အာရုံကြောများ တစ်ခုခု ပျက်စီး ဆုံးရှုံးလိုက်ရမှာနဲ့ စာရင် တခဏတာ စိတ်ဆင်းရဲစေလိုက်တာ မပြောပလောက်ဘူးလို့ မြင်ပါတယ်။ Credit-အလင်းမြေ

ဖားကန့်ဒေသတွင် ကျင်းဟောင်းရေကန်အတွင်း မြေစာပုံပြိုကျရာ လူလေးဦးမျောပါပျောက်ဆုံးနေ

ဖားကန့်မြို့နယ် အေးမြသာယာရပ်ကွက် ဗလခကျေးရွာအနီးရှိ ပိုင်ဖြိုးသီဟကုမ္ပဏီတွင် ဇူလိုင် ၁၃ ရက် နံနက် ၁၀ နာရီခွဲခန့် က ကျင်းဟောင်းရေကန်အတွင်းသို့ မြေပြိုကျမှုဖြစ်ပွားရာ တစ်ဖက်ကမ်းပါးမှ လူလေးဦးမှာ ရေကန်ထဲတွင် နစ်မြုပ်ပျောက်ဆုံးခဲ့ကြောင်း၊ ကုမ္ပဏီတစ်ခုနှင့်တစ်ခု ခြားထားသည့် ဒိုင်ကျန်မြေသားများ အမြင့်ပေ ၁၀၀ ခန့်မှ ပြိုကျခဲ့ခြင်းဖြစ်ပြီး လူငါးဦး ရေထဲမျောပါသွားရာတွင် တစ်ဦးသာ အသက်ရှင် ကျန်ရစ်ခဲ့ကြောင်း သိရသည်။ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင်က “ကျွန်တော်တို့ မွန်းလွဲပိုင်းမှာ ရှာနေဆဲဖြစ်ပါတယ်။ တစ်ဦးကို ဆေးရုံပို့ထားတယ်။ ကျန်လေးဦးက ပျောက်ဆုံးနေဆဲပါ” ဟု ပြောကြားသည်။ ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့စာရင်းများအရ ပျောက်ဆုံးသူလေးဦးမှာ ကချင်တိုင်းရင်းသားများဖြစ်ပြီး အသက်ရှင်လျက်ပြန်တွေ့ရသူမှာ အသက် ၃၂ နှစ်အရွယ်ရှိ မိုးညှင်းမြို့ တွင် နေထိုင်သည့် ဦးနော်ဆိုင်းဆိုသူဖြစ်ကြောင်း ပြောကြားသည်။၂၀၁၉ ခုနှစ်တွင် ဖားကန့်ဒေသ၌ မြေ ပြိုကျမှု၊ နွံကန်ပေါက်ကျမှုကြောင့် ဧပြီ...

ဒေါ်အောင်ဆန်းစုကြည်ကိုမြင်တိုင်း စိတ်ခွန်အားရတယ်ဆိုတဲ့ ခရစ္စတီးနားခီ

ခရစ္စတီးနားခီက သူမအတွက် စိတ်ခွန်အားဖြစ်စေသူကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဖြစ်ကြောင်းပြောပါတယ်။ ဒါပေမယ့် ခင်ပွန်းဖြစ်သူကလည်း သူမအတွက် အားကိုးစရာတစ်ယောက်ဖြစ်ခဲ့ပါတယ်တဲ့။ဒါရိုက်တာ ခရစ္စတီးနားခီဟာ သူမကိုယ်တိုင် စိတ်ဓာတ်ကျစရာတွေရှိရင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ကြည့်ပြီး အားတင်းတယ်လို့ဆိုပါတယ်။ ‘’အလုပ်နဲ့ဘဝကို attachment ခွဲခြား ကွဲပြားစွာ နေနိုင်မှသာ ဒီနိုင်ငံမှာ ဒီလို ကြည်လင်စွာပြုံးနိုင်ပါလိမ့်မယ်။ အမြဲတမ်း ယောင်္ကျားကလည်း သတိပေးသလို ကိုယ်တိုင်လည်း စိတ်ဓါတ်ကျခါနီးတိုင်း အမေစုကို အမြဲမြင်ပြီး ဘာမှမဟုတ်သေးဘူးလို့သတိပေးမိ အားပြန်တင်းရင်းနဲ့သာ ပတ်ချာလည်နေမိ’’ ဆိုပြီးတော့ ဇူလိုင်လ ၁၃ ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ ဒါရိုက်တာ ခရစ္စတီးနားခီက လက်ရှိမှာ အောင်မြင်တဲ့ ဒါရိုက်တာ တစ်ယောက်ဖြစ်လို့နေပါပြီ။ ဒီလောကထဲကို စတင်ဝင်ရောက်ခဲ့စဉ်က ရုပ်ရှင်ကို ပေါ်ပင်လုပ်ပြီး ရိုက်တယ်ဆိုတဲ့ စကားတွေလည်း ရှိခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။ ‘’လမ်းကြောင်း နှစ်ခုရှိနေတဲ့...

မကြာခင်မှာ လွှတ်တင်တော့မယ့် မြန်မာနိုင်ငံပိုင်ဂြိုဟ်တုကြောင့် ရရှိလာမယ့် အခွင့်အရေးများ

ကိုယ် ပိုင်ဂြိုဟ်တု လွှတ်ပြီတဲ့လား?အာကာသထဲမှာ ၀ဲပျံ နေတဲ့ အရာ ၀တ္ထုတွေ နဲ့ အဆက်အသွယ် ပြတ်နေခဲ့တာ ကြာခဲ့ပါပြီ ။ အခု တလော တော့ ဒီ အသံတွေ ကို ပြန် နားစွင့် နေမိခဲ့ပါတယ် ။ ဘာတဲ့ . . . မြန်မာ နိုင်ငံ က ကိုယ်ပိုင် ဂြိုဟ်တုလွှတ်တင် တော့မည် ဆိုပါလား ဒါနဲ့ ပဲ အရင်တုန်းက Memory တွေ ပြန်ထုတ်ပြီး ဟိုရှာ ဒီရှာ လိုက်ရှာ လိုက်ရတယ် ။ ၀ိုးးးးး တကယ်ကို လွှတ်တော့မှာပဲ . . . . သတင်း ကလည်း အမှန်ပဲ . . . . ဒါပေမယ့် အပြင်မှာ...

ပုဂံမှာ ရွှေမြန်မာတို့ရဲ့ရှက်စရာကောင်းတဲ့ စိတ်ဓာတ်

ရန်ကုန်-ပုဂံ အဝေးပြေးကားဂိတ် ရွှေမြန်မာတို့ရဲ့ ရွှေပုဂံကနေနှုတ်ဆက်လိုက်ပါတယ်~~မနက်စောစောစီးစီးကြုံတွေ့လိုက်ရတဲ့ ရွှေမြန်မာတို့ ရဲ့ရှက်စရာစိတ်ဓာတ်လေးတွေအကြောင်းပြောပြချင်လို့ပါ~~ရန်ကုန်-ပုဂံ အဝေးပြေးကားဂိတ်မှာ ရွှေရွှေတို့ရဲ့ ရွှေကားကြီးဟာ မနက်အစောကြီးဆိုက်ပါလေရောလား~ရွှေကားကြီးပေါ်မှာ ဂျာမနီဆိုတဲ့တောကရွယ်တူကောင်မလေးတစ်ယောက်လည်းပါလာပေါ့~ရွှေကားပေါ်ကဆင်းပြီး ရွှေဖယ်ရီပေါ်( ဟိုက်ဂျက် ကားဟောင်း) ထိုင်ပြီးကားဆရာထိုင်အစောင့်… အားလားလား ရွှေညာမြေက ရိုးသားလွန်းတဲ့ တစ်ဖက်သားကို ကူညီချင်စိတ်အပြည့်ရှိတဲ့ ကိုအညာသား တက္ကစီသမားကြီးတွေက ဝိုင်းအာလိုက်ကြတာများ~~~နိုင်ငံခြားသားဖယ်ရီစီးလို့မရဘူးဆိုဘဲ ~~ ဘာဖြစ်လို့လဲသူလည်း ဒီကားစီးလာတာ ညီမတို့နဲ့တူတူ ဘဲလို့ပြန်ပြောတော့ ~~ အဲ့လိုဆို ကားလိုင်းနဲ့ တက္ကစီသမားတွေကြားပြဿနာဖြစ်သွားမှာပေါ့ ဒါ စနစ်တဲ့~~ ကောင်မလေးကလည်း ဟိုတလောလေးကတင်ရောက်ဖူးပြီးသား UNESCO World Heritage Site ဖြစ်သွားလို့ နောက်တစ်ခေါက်ပြန်လာတာ ~ တစ်ခြားသူတွေကလည်း စိတ်ဝင်စားမှုတွေအရမ်းမြင့်နေတယ်ဆိုလို့ ကိုယ်တွေမှာ ပီတိဖြစ်ရုံရှိသေး~ခုတော့ အာ့ဆိုလည်း ကွကိုယ်ရှင်းပြလိုက်ကြ ဆိုတော့ E လိုပြောတတ်တဲ့သူကိုပြေးခေါ်လာပြီး ဖယ်ရီပေါ်ကဆင်းခိုင်းတယ် ~~ ကောင်မလေးကလည်း မဆင်းဘူး ~~သူကဘာဖြစ်နေလို့လဲတဲ့ Entrance Fees 10...

ကောက်စိုက်နားချိန်မှာ ဖြူဖြူကျော်သိန်းရဲ့ အတွင်းကြေသီချင်းကိုအပီဟဲပြီး ​ကနေကြတဲ့ ​​ကောက်​စိုက်​သမများရဲ့ ဗီဒီယိုလေး

ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ လူမှုကွန်ယက်မှာ နာမည်ကြီးနေတဲ့ ဗီဒီယိုလေးကိုဖော်ပြပေးချင်ပါတယ်။ ဒီဗီယိုလေးကတော့ ကျေးလက်က ကောက်စိုက် သမလေးတွေ ကောက်စိုက်နားချိန်မှာ သီချင်းဆိုပြီး ပျော်ရွှင်စွာကနေကြတဲ့ ဗီဒီယိုလေးပဲဖြစ်ပါတယ်။ အဖွဲ့လိုက် ပျော်ပျော်ရွှင်ရွှင်နဲ့ သီဆို ကနေကြတာ အရမ်းကိုပျော်စရာကောင်းပါတယ်။ အလုပ်ပင်ပန်းလို့ ခဏနားချိန်လေးမှာ ကိုတိုင်သီဆိုထားပြီး ကနေကြတဲ့ အန်တီကြီးတွေရဲ့ ဗီဒီယိုလေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလဲ ဗီဒီယိုလေးကြည့်ပြီး သဘောကျရင် Share ပေးသွားကြပါဦးနော်။ ပရိသတ်ကြီးလဲ ဗီဒီယိုလေးကြည့်ပြီး ဘဝအမောတေံပြေပြောက်ကြပါစေနော်။ video ကြည့်ရန်

ဘုန်းကြီးဆီက သင်္ကန်းပြန်ဝယ်ပြီးလှူတာ ကုသိုလ်ရပါသလား ငရဲကြီးပါသလား?

မင်္ဂလာပါ ဦးဇင်း။ တခုလောက်မေးချင်လို့ပါ။ သူများလှူ ပြီးသား ပစ္စည်းတခုကို ကိုယ်က ပြန်ဝယ်ပီး ပြန်လှူရင် ကုသိုလ်မရဖူးဆိုတာဟုတ်ပါသလား။ ဥပမာ ပြောရ ရင် ဘုန်းကြီးကျောင်းမှ သင်္ကန်းတွေပေါများနေလို့ တပည့်တော်မက အသစ်တခု မဝယ်တော့ပဲ အဲသင်္ကန်းကိုပဲ ဘုန်းကြီးစီ ဝထ္ထုငွေနဲ့ပြန်ဝယ်ပီး ပြန်ပီး လှူရင် ကုသိုလ်မရဖူးလို့ပြောတာကြားဖူးလို့ပါ။ အဲတာ ဟုတ်ပါသလား။ အဲ့လိုလုပ်ရင် ငရဲကြီးတတ်ပါတယ် ဒကာမ။ ဘာကြောင့်လဲဆိုတော့ ရဟန်းတော်က ပိုက်ဆံ မသုံးရဘူး၊ ပစ္စည်း မရောင်းရဘူး၊ ဖလှယ်မှုကိုလည်း မပြုရပါဘူး။ ဒကာမကို ရဟန်းတော်က သင်္ကန်းတွေ ပိုက်ဆံနဲ့ လဲလိုက်ရင် ရောင်းရင် ရဟန်းတော်ကလည်း ငရဲကျမယ် ဒကာမကလည်း ဝိနည်း နဲ့ သာသနာတော်ကို ဖျက်ဆီးနေတဲ့အတွက် ငရဲကြီးတတ်ပါတယ်။ ဝိနည်းကို မလိုက်နာတတ်တဲ့ ရဟန်းတော်တွေကို ဝိနည်းမှာ မလိုက်နာအောင် ထောက်ပံ့ပေးတဲ့ ဒကာ ဒကာမတွေက အကုသိုလ်...

နောက်နှစ်ထဲမှာ မင်္ဂလာသတင်း ကြားရတော့မယ် ဆိုတဲ့ ကောင်းထက်ဇော်

နိုင်ငံကျော် အစီအစဉ်တင်ဆက်သူတစ်ဦးဖြစ်တဲ့ ကောင်းထက်ဇော် က Forever Group မှ စီစဉ်ထုတ်လွှင့်တဲ့ MRTV- 4, Channel 7 အစရှိတဲ့ free to air ရုပ်သံလိုင်းတွေမှာ အစီအစဉ် တင်ဆက်သူအဖြစ် လုပ်ကိုင် ဆောင်ရွက် နေသူဖြစ်ပါ တယ်။ သူက အစီအစဉ်ကြေညာသူဖြစ်နေပေမယ့် လဲ ယခုနောက်ပိုင်းမှာဆိုရင်ကြော်ငြာတွေမှာပါ ပါဝင်သရုပ်ဆောင် လာခဲ့ပြီဘဲ ဖြစ်ပါတယ်။ သူက အသက်၃၃ နှစ်အရွယ် လူပျိုကြီးတစ်ဦးဖြစ်ပြီး နောက်နှစ်ထဲမှာတော့ မင်္ဂလာသတင်း ကြားရတော့မယ် လို့ဆိုပါတယ်။ ကောင်းကြီးက ဇွန်လနောက်ဆုံးအပတ်လောက်က မိသားစုတွေနဲ့အတူ သာသနာ့ဘောင်ဝင်ခဲ့ပြီး အဲ့ဒီလိုသာသနာ့ ဘောင်ဝင်တဲ့အထဲမှာ သူ့ရဲ့ချစ်သူကောင်မလေးကဘာ သီလရှင်ဝတ်ခဲ့တာလို့လဲပြောခဲ့ပါတယ်။ ကောင်မလေးက ဖားအံကဖြစ်ပြီး သူ့အနေနဲ့ သူတို့သေချာညှိနှိုင်းပြီးတဲ့ အခါမှာတော့ ပရိသတ်တွေကိုရော မီဒီယာတွေကိုပါ အတိအလင်းကြေညာပေးသွားမယ်လို့ ဆိုပါတယ်။ ကောင်းထက်ဇော်ဟာ လူကြိုက်များတဲ့ စားမယ်ဝါးမယ် အစီအစဉ်၊ (၅)တန်းနဲ့ပြိုင်ဘယ်သူနိုင်...