ရှေ့တန်းပြန်လာတဲ့ သားသုံးယောက်ရဲ့ Surprise လုပ်မှုကြောင့် မျက်ရည်ကျခဲ့ရတဲ့ မိဘနှစ်ပါး

သား သ မီးနဲ့ မိဘ နယ်မြေခြားဝေကွာနေရင်တောင် မိဘတွေမှာ စိတ်ပူပြီး သားသမီးပြန်အလာကို အမြဲစောင့်မျော်နေတတ်ပါတယ်။ ယခုလို ရှေ့တန်းသွားနေရတဲ့ သားသမီးတွေအဆို မိဘတွေက သူတို့ဆီကို အမြန်ဆုံးပြန်လာဖို့ ဘယ်လောက်တောင် မျှော်နေမိမလဲ Lifestyle_Myanmar ပရိတ်သတ်ကြီးပဲ စဉ်းစားကြည့်ကြပါ။ ယခုအဖြစ်အပျက်လေးကတော့ ဖိလစ်ပိုင်နိုင်ငံက မိဘနှစ်ပါးရဲ့ အဖြစ်အပျက်လေးပဲဖြစ်ပါတယ်။ ခင် ပွန်းဖြစ်သူ Gerado Garcia Jr နဲ့ ဇနီးဖြစ်သူ Milvina Garcia တို့မှာ သားသုံးယောက်ရှိပါတယ်။ သားသုံးယောက်စလုံးက ရှေ့တန်းကာလ မိဘတွေနဲ့ ကွဲကွာနေတာ ၅လလောက်ရှိနေပါပြီ။ သားအကြီးဆုံးဖြစ်သူ John Melvin Garcia ဟာ ဖိလစ်ပိုင်လေတပ် 15Strike Wing လေကြောင်း စစ်ဆင်ရေးရဲ့ ရှေ့ပြေးလေယာဉ်မှူးတစ်ဦးလည်းဖြစ်ပါတယ်။ သားအလတ်ဖြစ်သူ George Bernard Garcia နဲ့ သားအငယ် Gerson...

မိသားစု အိမ်စရိတ်လေးရအောင် Taxi ထွက်မောင်းတော့မယ် ဆိုတဲ့ သရုပ်ဆောင် ဦးဧရာ

ဟာသ သရုပ်ဆောင်ကြီး လူရွှင်တော် ဦးဧရာလို့ ပြောလိုက်တာနဲ့ မသိတဲ့သူ မရှိလောက်အောင် ရှားပါးလွန်းလှပါတယ်။ ကျရာဇာတ်ရုပ်ကို ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့ ဝါရင့် သရုပ်ဆောင်တွေပဲဖြစ်ပါတယ်။ ကျန်းမာရေးမကောင်းလို့ အလုပ်မလုပ်နိုင်တဲ့ ဦးဧရာကတော့ စားဝတ်နေရေးသိပ်အဆင်မပြေတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ မကြာခင်အချိန်ကပဲ ဦးဧရာက ခါးခွဲစိတ်ထားတာပဲဖြစ်ပါတယ်။ ဦးဧရာကတော့ အနုပညာအလုပ်တွေမလုပ်ကိုင်ရတော့တာကြောင့် စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေတာပဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေ မရှိတော့လို့ မိသားစု အိမ်စရိတ်လေး ရအောင် Taxi ထွက်မောင်းတော့မယ် ဆိုပြီးပြောခဲ့ပါတယ်။ ပရိသတ်ကြီးအတွက် ဦးဧရာရဲ့ interview ဗီဒီယိုဖိုင်လေးကို ဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလဲ Video လေးကြည့်ပြီး Share ပေးကြပါဦးနော်။ ကြည့်ရှုအားပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။ video ကြည့်ရန် Video Source : myanmar Celebrity

ကမ္ဘာပတ်ဖို့အတွက် ပိုက်ဆံရှိစရာမလိုကြောင်း ပြသနေတဲ့အနောက်နိုင်ငံသားတွေ

ဘာလုပ်ချင်လဲလို့ ကျွန်တော့်ကိုမေးရင် ကျွန်တော်ကတော့ ကမ္ဘာပတ်ချင်တယ်လို့ပဲဖြေမိမှာပါပဲ။ ဒါပေမဲ့ ဒီနိုင်ငံခြားသားတွေလိုတော့ မဟုတ်ဘူးပေါ့။ ကမ္ဘာပတ်ဖို့ လမ်းဘေးမှာနေပြီး ပိုက်ဆံတောင်းနေတဲ့ နိုင်ငံခြားသားတော်တော်များများကို ကျွန်တော်တို့တွေ ဆူးလေတို့၊ တရုတ်တန်းတို့မှာလည်း မြင်ဖူးကြတယ်မဟုတ်လား။ ဒီလိုမျိုး ကမ္ဘာပတ်ချင်လို့ဆိုတဲ့ အကြောင်းပြချက်မျိုးနဲ့ အနောက်နိုင်ငံသားတွေဟာ အာရှနိုင်ငံတော်တော်များများမှာ အများပြည်သူစိတ်အနှောက်အယှက်ဖြစ်အောင် လုပ်မှန်းမသိလုပ်နေခဲ့ကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး လူမှုကွန်ယက်တွေမှာ ဓာတ်ပုံတွေနဲ့တစ်ကွ ဝေဖန်ရှုံ့ချထားတဲ့ Bored Panda မှ ဖော်ပြချက်ကို ကိုးကားဖော်ပြလိုက်ရပါတယ်။ အရင်တုန်းက လွယ်အိတ်ကြီးတွေတကားကားနဲ့ ရိုးရိုးသားသားကမ္ဘာပတ်ကြတဲ့သူတွေ ရှိပါတယ်။ သူတို့တွေကိုတော့ Backpackers တွေလို့ခေါ်ပါတယ်။ အဲဒီစကားလုံးကို သရော်သလိုလုပ်ပြီး အခုပကမ္ဘာပတ်ဖို့ပိုက်ဆံတောင်းနေသူတွေကိုတော့ begpacker တွေလို့ ခေါ်နေကြပါတော့တယ်။ ဘန်ကောက်မှာတော့ အဲဒီလို begpackers တွေကို ထောာင်ချမယ်ဆိုပြီး ဥပဒေအသစ်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ ဒါက တရုတ်နိုင်ငံမှာဖြစ်ပါတယ်။ မူရင်းဓာတ်ပုံတင်ထားတဲ့ @peteryuill ဆိုတဲ့ Instagram user ကတော့ အဲဒီလူဟာ...

မုဒိမ်းမှုတွေ ပပျောက်ဖို့ တခွန်းတည်း ပြောလိုက်တဲ့ လွင်မိုး

အကယ်ဒမီ ဆုပေးပွဲကြီးပြီးကတည်းက “တစ်ခွန်းတည်းပြောမယ်” ဆိုတဲ့ စကားလုံးနဲ့ လွင်မိုးနဲ့ကတစ်သားတည်းဖြစ်လာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ကိစ္စတခုခုကိုပြောချင်ပြီဆိုရင် တစ်ခွန်းတည်းပြောလိုက်မယ် ဆိုတဲ့ စကားက လူမှုကွန်ယက်စာမျက်နှာတွေမှာ ဘန်းစကားလိုဖြစ်သွားခဲ့ပါသေးတယ်။ ဒီစကားကို လွင်မိုးက ယခုရက်ပိုင်းမှာဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး တစ်ခွန်းတည်းပြောမယ် ဆိုတဲ့ စကားနဲ့ တစ်ခွန်းတည်းထိထိမိမိပြောလာပါတယ်။ သူပြောလာတဲ့ အကြောင်းအရာကတော့ ပြည်သူလူထုတွေကြားမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေဘဲ ဖြစ်ပါတယ်။ လတ်တလောမှာ ဆိုရင် လူမှုကွန်ယက်မှာ တင်မက ပြည်သူတွေအချင်းချင်းကြားမှာ အပြောများနေတဲ့ သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေဘဲ ဖြစ်တယ်။ မုဒိမ်းမှုကျူးလွန်သူတွေဟာ လူမမယ်ကလေးလေးတွေအထိ မျက်စိကျလာကြပါတယ်။ မိန်းမငယ်လေးတွေ အပျို၊အအိုမရွေး ကျူးလွန်သူခံရသူတွေရှိခဲ့ပြီး ယခုလပိုင်းတွေမှာတော့ အသက် ၃နှစ်ဝန်းကျင် ကလေးလေးတွေ ကို ကျူးလွန်ခံနေရပါတယ်။ ဒီလိုဖြစ်ပျက်တွေ ပပျောက်ဖို့ဆိုတာ တရားဥပဒေစိုးမိုးရေးက များစွာလိုအပ်သလို ၊ မိဘတွေဆီမှာလဲ တာဝန်အပြည့်အ၀ရှိလာပါတယ်။ ဒါ့အပြင် ကလေးအချင်းချင်း ကျူးလွန်တယ်ဆိုတဲ့...

၁၇ နှစ်အရွယ်အမျိုးသားက ၃ နှစ်ကျော်အရွယ်မိန်းကလေးအား အဓမ္မပြုကျင့်ရန် ကြံစည်မူဖြစ်ပွား

မတ္တရာမြို့နယ်တွင် ၁၇ နှစ်အရွယ်အမျိုးသားက အခန်းချင်းကပ်လျက်နေထိုင်သည့် ၃ နှစ်ကျော်အရွယ် မိန်းကလေးအား အဓမ္မပြုကျင့်ရန် ကြံစည်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ မြို့သစ်(၂)ရပ်ကွက်နေ ဒေါ်…..သည် ဇူလိုင်လ ၁၃ ရက်၊ နေ့လယ် ၂ နာရီခန့်က နေအိမ်တိုက်ခန်းအပေါ်ထပ်တွင် သမီးဖြစ်သူ မ……၊ (၃)နှစ်(၃)လမှာ အိပ်ပျော်နေချိန် အိမ်နီးချင်းအိမ်သို့ အလည်သွားပြီး ကွမ်းယာတောင်းစား၍ နာရီဝက်ခန့်အကြာ၌ ပြန်လာရောက်စဉ် အိပ်ယာထဲတွင် သမီးဖြစ်သူငိုနေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။ သမီးဖြစ်သူကို ငိုရသည့်အကြောင်းအရင်းအား ဒေါ်…… မှ မေးမြန်းခဲ့ရာမှ အဆိုပါဖြစ်စဉ်ကို သိရှိခဲ့ရခြင်း ဖြစ်သည်။“အဲဒီကောင်လေးနဲ့ ကလေးမလေးရဲ့အဖေတို့က ဆိုင်ကယ်ရောင်းဝယ်ရေးဆိုင်မှာ အလုပ်အတူတူကြတယ်။ ဆိုင်ပိုင်ရှင်က သူ့ဆီကဝန်ထမ်းတွေကို နေစရာပေးထားတယ်။ အဲဒီပေးတဲ့အခန်းမှာပဲ သူတို့တွေက နေကြတာပေါ့။ ကလေးမလေးရဲ့အမေက သူ့သမီးအိပ်နေတုန်းမှာ သူ့အိမ်ဘေးကအိမ်တစ်အိမ်ကို အိမ်လည်သွားတယ်။ ကွမ်းသွားပြီးလည်း တောင်းစားရင်းပေါ့။ နာရီဝက်လောက်ကြာလို့ အိမ်ပြန်တဲ့အခါ သမီးဖြစ်သူငိုနေတာကိုမေးကြည့်ရာကနေ...

မြေးမလေးမွေးဖွားနေတုန်း ရင်တုန်ခဲ့ရတဲ့ အကြောင်း ပြောလာတဲ့ စန္ဒီမြင့်လွင်မိခင်

နိုင်ငံကျော် အဆိုတော်မလေး စန္ဒီမြင့်လွင်ဟာ ဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ သူလေးပါ။ သူမက လူငယ်အဆိုတော်များစွာထဲမှာ အောင်မြင်မှုများစွာ ရရှိထားသူလေး ဆိုလည်း မမှားပါဘူး ။သူမရဲ့ သီချင်းလေးတွေက လူငယ်ပရိသတ်တွေ ရဲ့ အကြိုက်ပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ စန္ဒီမြင့်လွင်က သမီးလေးကို မွေးဖွားလိုက်တာပါ။ စန္ဒီမြင့်လွင်မိခင်က သမီးလေး မွေးဖွားနေတုန်း ရင်တုန်ခဲ့ရတယ်လို့ ပြောတဲ့အကြောင်းကို  ချစ်ပရိသတ်တွေအတွက် ဖော်ပြပေး လိုက်ပါတယ်။ ဒီနေ့ 12:45:28 Sunday မှာ တော့ စန္ဒီမြင့်လွင်တို့ရဲ့ သမီးလေး Treasure ဟာ လူ့လောကထဲရောက်လာခဲ့ပါပြီ ။ သမီးလေးက ချစ်စရာကောင်းပြီး 6lb ရှိတယ်လို့ သိရပါတယ်။စန္ဒီမြင့်လွင် မိခင်က မြေးလေး ကို အောင်မြင်စွာ မွေးဖွားနိုင်လို့ အတိုင်းမသိ ဝမ်းသာနေတဲ့ အကြောင်းကို ခုလို ပြောထားပါတယ်။ စန္ဒီမြင့်လွင် မိခင်က ”...

လှော်ကားဥယျာဉ်အနီး တွေ့ရှိခဲ့သည့်အလောင်း(၃)လောင်းမှာ လူမှောင်ခိုကူးခံရသူများဖြစ်နိုင်ဟု ရဲတပ်ဖွဲ့ ထုတ်ပြန်

မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်နယ်မြေရဲစခန်းအပိုင်၊ လှော်ကားလမ်းအနီးတွင် ပြင်ပဒဏ်ရာမတွေ့ရှိဘဲ သေဆုံးနေသည့် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားနှစ်ဦး၏အလောင်းတို့မှာ လူမှောင်ခိုကူးခံရသူများ ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ခဲ့သည်။ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်နယ်မြေရဲစခန်းအပိုင်၊ ပြည်လမ်းနှင့် အမှတ်(၄)လမ်းမ တို့အား ဆက်သွယ်ဖောက်လုပ်ထားသော လှော်ကားလမ်း၊ လှော်ကားမောင်းတံဂိတ် တောင်ဘက် ၂ ဖာလုံခန့်အကွာ လမ်းအနောက်ဘက်လမ်းဘေးတွင် ဇူလိုင်လ ၁၃ ရက်၊ နံနက် ၈ နာရီခွဲခန့်က (၁၉)နှစ်အရွယ် အမျိုး သမီးတစ်ဦး၊ (၁၈)နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် (၁၇)နှစ်အရွယ် အမျိုးသားတစ်ဦးတို့ကို သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း ထောက်ကြန့်နယ်မြေရဲစခန်းမှ သိရသည်။ အဆိုပါသေဆုံးသူများအနက် အမျိုးသမီးဖြစ်သူသည် ပက်လက်အနေအထားဖြင့်လည်းကောင်း၊ ၎င်း၏ဘေးတွင် အမျိုးသားနှစ်ဦးမှာ မှောက်လျက်အနေအထားဖြင့်လည်းကောင်း သေဆုံးနေသည်ကို တွေ့ရှိရခြင်းဖြစ်သည်။ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကနဦးဆေးစစ်ဆေးချက်များအရ လေမွန်းကြပ်၍သေဆုံးခြင်းဖြစ်နိုင်ပြီး ပြင်ပဒဏ်ရာမရှိကြောင်း၊ ၎င်းတို့၏အနီးတွင်မစားရသေးသော ကြွပ်ကြွပ်အိတ်ဖြင့်ထုပ်ထားသည့် ထမင်းထုပ် ၃ ထုပ်နှင့် အလောင်းများတွင်သဲများကပ်နေသည်ကို တွေ့ရှိရသဖြင့် တစ်နေရာရာတွင် သေဆုံးခဲ့သည့်အတွက်...

ထိုင်းနိုင်ငံက ထိုင်းပရိသတ်တွေအတွက် ပထမဦးဆုံး Fan Meeting လုပ်ပေးတော့မယ့် ပိုင်တံခွန်

နိုင်ငံကျော် မော်ဒယ်၊ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ပိုင်တံခွန်က ရှည်လျားတဲ့ အရပ်အမောင်းနဲ့ ယောကျာ်းဆန်တဲ့ မျက်နှာကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲမင်းသားလေးတစ်ဦး ဖြစ်နေတာပဲ ဖြစ်ပါတယ်။ အေးဆေးတည်ငြိမ်စွာနေတတ်တဲ့ ပိုင်တံခွန်ကို လူငယ်ပရိသတ်တွေသာမက လူကြီးတွေကပါ ချစ်ခင်အားပေးကြတာကို တွေ့ရပါတယ်။ ပိုင်တံခွန်က လက်ရှိမှာလည်း ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေပြီး အနုပညာလောကမှာ နေရာတစ်နေရာ အခိုင်အမာရရှိထားသူပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်ရဲ့ ကျော်ကြားမှုက ပြည်တွင်းမှာသာမက ပြည်ပအထိပါ ထိုးဖောက်အောင်မြင်တာပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်က အာရှနိုင်ငံအတွင်းက နာမည်ကြီး အင်တာနက် ဝက်ဆိုက်ဒ်တွေမှာ မကြာခဏဆိုသလို ဖော်ပြခံရတဲ့ မင်းသားတစ်ဦးပဲ ဖြစ်ပါတယ်။ အခုဆိုရင် ပိုင်တံခွန်က ထိုင်းနိုင်ငံက ရုပ်သံလိုင်းတွေနဲ့ မီဒီယာတွေမှာ ဖော်ပြခြင်း ခံနေရပြီး ထိုင်းနိုင်ငံက မိန်းကလေးပရိသတ်တွေကြားမှာ တော်တော်လေး ရေပန်းစားနေတာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံမှာပါ အောင်မြင်မှုတွေ တရှိန်ထိုးရရှိနေတဲ့ ပိုင်တံခွန်က ထိုင်းနိုင်ငံက ပရိသတ်တွေနဲ့...

နောက်နောင်မှာ အမှန်တရားကို မဖော်ထုတ်ရဲတော့မှာစိုးရိမ်တယ်ဆိုတဲ့ ပိုးဖြူ

နေပြည်တော် ပုဂ္ဂလိက မူကြိုကျောင်းက ကလေးမလေး လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတဲ့အပေါ် အမှုမှန်ပေါ်ပေါက်ရေး မြို့ကြီးတော်တော်များများမှာ ဆန္ဒပြတောင်းဆိုနေကြပါပြီ။ သက်ငယ် မုဒိမ်းမှုတွေ အရင်ကလည်း ဖြစ်ခဲ့ပေမယ့် ဒီ ဗစ်တိုရီးယားအမှုကတော့ အွန်လိုင်းမှာ လူပြော အများဆုံးနဲ့ အပျံ့နှံ့ဆုံးဖြစ်ခဲ့ပါတယ်။ဒီလို ဆန္ဒမပြခင်က မြန်မာနိုင်ငံက ဖေ့စ်ဘွတ်ခ်သုံးစွဲသူ တော်တော်များများဟာ တရားမျှတမှုကို တောင်းဆိုတဲ့ ဗစ်တိုရီးယား ပရိုဖိုင်တွေ ပြောင်းလဲတာ၊ ဌာနဆိုင်ရာတွေရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ တင်တဲ့ ပို့စ်တွေမှာ ဒီအကြောင်းကို မှတ်ချက်ပေးတာတွေ အများအပြားလုပ်ခဲ့ကြပါသေးတယ်။ဒီအမှုဟာ အွန်လိုင်းကတဆင့် လူတွေလမ်းပေါ်ထွက် ဆန္ဒပြတဲ့အဆင့်အထိ အရှိန်ကောင်းလာခဲ့တာပါ။ဒီအမှုအကြောင်းလူသိအောင် ဖေ့စ်ဘွတ်ခ်ကနေ တိုက်ရိုက်ဗွီဒီယို ထုတ်လွှင့်ခဲ့သူကတော့ မပိုးဖြူပါ။ လတ်တလောအခြေအနေတွေအကြောင်း သူ့ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။ မေး။ ညီမကို ဖမ်းတယ်၊ တရားစွဲတယ်ဆိုပြီး သတင်းတွေ ထွက်နေတာရှိတယ်။ အဲဒါက ဘယ်လိုလဲ။ဖြေ။ မဟုတ်ဘူး။ အဲနေ့တုန်းက ညီမနေပြည်တော်တက်တာ၊ လမ်းမှာကားပျက်တယ်။ ဖုန်းကလည်း...

မဟာဃောသိတာ ရုံစေတီတော်ကြီးပြုပြင်ရန် တိုင်းဝန်ကြီးချုပ်ထံ သိန်း(၁၅၀၀) လှူဒါန်းခဲ့တဲ့ နန္ဒာလှိုင်တို့ မိသားစု

နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချော နန္ဒာလှိုင် ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ နိုင်ငံကျော်အနုပညာရှင်တစ်ဦးပါ။ သူမသရုပ်ဆောင်ရိုက်ကူးခဲ့တဲ့ ဇာတ်ကားများစွာရှိတာကြောင့် သူမကို ချစ်တဲ့ ပရိသတ်အခိုင်အမာရရှိထားသူပါ။ အောင်မြင်မှုများစွာ ရရှိပိုင်ဆိုင်ခဲ့တဲ့ သူမက ခုဆိုရင် သူမချစ်တဲ့ မိသားစုလေးနဲ့ ဘဝကိုအေးချမ်းစွာဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ပရိသတ်ကြီးအတွက် နန္ဒာလှိုင် တို့ ရဲ့ ဇေကမ္ဘာမိသားစုရဲ့ အလှူ ပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ရုပ်ရှင်သရုပ်ဆောင် နန္ဒာလှိုင်တို့မိသားစု က မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ရွာခိုင်ကျေးရွာရှိ ကောဏာဂုံမြတ်စွာဘုရားသီတင်းသုံးတော်မူခဲ့ဘူးသောကျောင်းမြေနေရာမှာ တည်ထားကိုးကွယ်ခဲ့ တဲ့ မဟာဃောသိတာရုံစေတီတော်ကြီးကိုပြန်လည်ပြုပြင်ရန်နှင့် ကမ်းပါးပြိုကျမှုမရှိစေရန်အတွက် မြေထိန်းနံရံတည်ဆောက်ရန် အလှူတော်ငွေ ကို တိုင်းဝန်ကြီးချုပ်ထံလှူဒါန်းပေးအပ်ခဲ့တယ်လို့ ခုလို ပြောထားပါတယ်။ နန္ဒာလှိုင်က ” ဇေကမ္ဘာကုမ္ပဏီ ဒု ဥက္ကဌ ဦးဇေသီဟ နှင့် ဇနီး ဒေါ်နန္ဒာလှိုင်၊ သမီး ဇေဝတီလှိုင်၊ ဇေရတီလှိုင်၊ ဇေမဒီလှိုင်...