ရန်ကုန် – ဒလ တံတား စီမံကိန်း စတင်ပါက YBS ယာဉ်လိုင်းအချို့ လမ်းကြောင်းပြောင်းပြေးဆွဲမည်

ရန်ကုန် – ဒလတံတား စီမံကိန်း စတင်ပါက YBS ယာဉ်လိုင်းအချို့ကို ယာဉ်လမ်းကြောင်း ပြောင်းလဲပြေးဆွဲပေးသွားမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။အဆိုပါ စီမံကိန်းကို သြဂုတ်လတွင် အကြိုအင်ဂျင်နီယာ လုပ်ငန်းများစတင်သွားမည်ဖြစ်ပြီး ချဉ်းကပ်တံတားကို ဘုန်းကြီးလမ်းမှ စတင်ဆောင်ရွက်မည်ဖြစ်သည့်အတွက် စီမံကိန်းကာလအတွင်း အဆိုပါ လမ်းကြောင်းတွင် ပြေးဆွဲနေသည့် YBS ယာဉ်များ ယာဉ်လမ်းကြောင်းပြောင်းလဲပြေးဆွဲရန် လမ်းကြောင်းများရှာဖွေနေပြီး ယခုလအတွင်း ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။ “ချဉ်းကပ်တံတားက ဘုန်းကြီးလမ်းကနေစမှာ။ ဒီလမ်းကြောင်းမှာ ပြေးဆွဲနေတဲ့ YBS ယာဉ်တွေက လမ်းကြောင်းပြောင်းဖို့ လို အပ်တယ်။ အဲဒီအတွက်လည်း သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းပြီးတော့ လမ်းကြောင်းတွေရှာဖွေနေတယ်။ ခရီးသည်တွေ အဆင်ပြေအောင်ပဲ ဆောင်ရွက်ပေးသွားမှာပါ။ လမ်းကြောင်းသိတာနဲ့ တစ်ပြိုင်နက် ထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်”ဟု ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ရန်ကုန် နှင့်...

မြန်မာပြည်ကစားသုံးသူတွေရေ..”မိမိကျန်းမာရေးကို မိမိဖာသာ ကာကွယ်ကြပါတော့…”

မြန်မာပြည်က စားသုံးသူတွေရေ…”မိမိကျန်းမာရေးကို မိမိဖာသာ ကာကွယ်ကြပါတော့…”စားသုံးသူ တို့ ရေ ကိုယ့်ဖာသာသာ ကာကွယ်ကြပါတော့… ကင်ဆာ မျိုးစုံဖြစ်နေတဲ့မြန်မာပြည်သူပြည်သားတွေအတွက် သတိပေးပါရ စေ။ ငရုတ် ဖလံဖြူ မှိုတက်တွေနဲ့ ဆိုးဆေးအနီရောင်အမှုန့် တွေ ရောနှောမဲ့မြင်ကွင်းပါ ။စားသုံးသူတွေကတော့ ရှိတာကို ၀ယ်စားကြမှာပဲ။ ဒါတွေကို သေချာစစ်ဆေး ပြီးထိထိရောက်ရောက်အ ရေးယူသင့်တယ်။ ဒီလို လူတွေ အသက်အန္တရယ်ရှိတဲ့ စားသောက်ကုန် တွေကို ဖျက်ဆီးသင့်တယ် ။ ဒီပုံဟာ ၂၀၁၈ခုနှစ် နှစ်လည်လောက်ကတည်းက တက်လာတဲ့ပုံပါ။ ဒါပေမဲ့ ဒါ တွေ ကို ဘယ်လို အ ရေးယူလိုက်ပါတယ် ဆိုတဲ့ အသံတော့ အခုထိ မကြားရ သေးပါဘူး။ ထိရောက်တဲ့အ ရေးယူဆောင်ရွက်မူတွေ မရှိရင်တော့ ဒါတွေက ဆက်လုပ်နေမှာပဲ။ မစားကြပါနဲ့လို့ ပဲ ပြောနေရုံနဲ့က မပြီးပါ။ စားဖို့ မသင့်လို့ ပြောနေရုံနဲ့မပြီးပါ။...

ပထမဆုံးတွေ့လိုက်တဲ့ အချိန်မှာပဲ တူမလေးကို လက်ကမချနိုင်အောင် ချစ်မဝဖြစ်နေတဲ့ စိုးပြည့်သဇင်

ပရိသတ်ကြီးရေ.. ဒီကနေ့ တနင်္ဂနွေနေ့ လေးကတော့ ပရိသတ်အချစ်တော် အနုပညာရှင်ညီအစ်မတွေုဖစ်ကြတဲ့ စိုးညီမအစ်မ မိသားစုတွေရဲ့ မင်္ဂလာရှိလွန်းတဲ့ ပျော်ရွှင်စရာ နေ့ရက်လေးပဲ ဖြစ်ပါတယ်နော်..။ ဒီဒီးလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ စန္ဒီမြင့်လွင်ကတော့ ဒီနေ့ ဇူလိုင်လ(၁၄)ရက်နေ့ နေ့လည်ပိုင်းမှာပဲ သမီးဦးလေးကို မွေးဖွားလိုက်တာမို့ စိုးညီအစ်မတွေရဲ့ ကြည်နူးစရာ နေ့ရက်လေးပါပဲနော်..။ မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ ချစ်တူမလေးကို ပထမဆုံး သွားရောက်တွေ့ဆုံတဲ့ အချိန်မှာတင်ပဲ အသည်းယားစရာကောင်းလောက်အောင် ချစ်ဖို့ကောင်းနေတဲ့ တူမလေးကို လက်ကမချနိုင်လောက်အောင် ချစ်မဝဖြစ်နေပါတယ်နော်..။ တူမလေးကို ချီရင်း ပြုံးပျော်နေတဲ့ စိုးပြည့်လေးရဲ့ ချစ်ခြင်းတရားတွေအပြည့်နဲ့ ဂရုဏပုံရိပ်လေးတွေကတော့ မြင်သူတိုင်းကို ကြည်နူးမှုလေးတွေနဲ့အတူ အပျော်လေးတွေ ကူးစက်စေပါတယ်နော်..။ “တူမချောလေးနဲ့ပထမဦးဆုံးတွေ့ဆုံခြင်း…” ဆိုပြီးတော့ ချစ်တူမလေးနဲ့အတူ ဓာတ်ဖမ်းခဲ့တဲ့ အမှတ်တရပုံလေးတွေကိုလည်း မျှဝေထားပါသေးတယ်နော်..။ ချစ်ရမယ့် တူမလေးတစ်ယောက် ထပ်တိုးလာလို့ ပျော်နေတဲ့ စိုးပြည့်လေးကတော့ မိခင်တစ်ယောက်ဖြစ်သွားပြီဖြစ်တဲ့ အစ်မဖြစ်သူ စန္ဒီမြင့်လွင်ကိုလည်း အားပေးစကားလေးတွေပြောရင်း...

ရှေ့တန်းပြန်လာတဲ့ သားသုံးယောက်ရဲ့ Surprise လုပ်မှုကြောင့် မျက်ရည်ကျခဲ့ရတဲ့ မိဘနှစ်ပါး

သား သ မီးနဲ့ မိဘ နယ်မြေခြားဝေကွာနေရင်တောင် မိဘတွေမှာ စိတ်ပူပြီး သားသမီးပြန်အလာကို အမြဲစောင့်မျော်နေတတ်ပါတယ်။ ယခုလို ရှေ့တန်းသွားနေရတဲ့ သားသမီးတွေအဆို မိဘတွေက သူတို့ဆီကို အမြန်ဆုံးပြန်လာဖို့ ဘယ်လောက်တောင် မျှော်နေမိမလဲ Lifestyle_Myanmar ပရိတ်သတ်ကြီးပဲ စဉ်းစားကြည့်ကြပါ။ ယခုအဖြစ်အပျက်လေးကတော့ ဖိလစ်ပိုင်နိုင်ငံက မိဘနှစ်ပါးရဲ့ အဖြစ်အပျက်လေးပဲဖြစ်ပါတယ်။ ခင် ပွန်းဖြစ်သူ Gerado Garcia Jr နဲ့ ဇနီးဖြစ်သူ Milvina Garcia တို့မှာ သားသုံးယောက်ရှိပါတယ်။ သားသုံးယောက်စလုံးက ရှေ့တန်းကာလ မိဘတွေနဲ့ ကွဲကွာနေတာ ၅လလောက်ရှိနေပါပြီ။ သားအကြီးဆုံးဖြစ်သူ John Melvin Garcia ဟာ ဖိလစ်ပိုင်လေတပ် 15Strike Wing လေကြောင်း စစ်ဆင်ရေးရဲ့ ရှေ့ပြေးလေယာဉ်မှူးတစ်ဦးလည်းဖြစ်ပါတယ်။ သားအလတ်ဖြစ်သူ George Bernard Garcia နဲ့ သားအငယ် Gerson...

မိသားစု အိမ်စရိတ်လေးရအောင် Taxi ထွက်မောင်းတော့မယ် ဆိုတဲ့ သရုပ်ဆောင် ဦးဧရာ

ဟာသ သရုပ်ဆောင်ကြီး လူရွှင်တော် ဦးဧရာလို့ ပြောလိုက်တာနဲ့ မသိတဲ့သူ မရှိလောက်အောင် ရှားပါးလွန်းလှပါတယ်။ ကျရာဇာတ်ရုပ်ကို ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့ ဝါရင့် သရုပ်ဆောင်တွေပဲဖြစ်ပါတယ်။ ကျန်းမာရေးမကောင်းလို့ အလုပ်မလုပ်နိုင်တဲ့ ဦးဧရာကတော့ စားဝတ်နေရေးသိပ်အဆင်မပြေတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ မကြာခင်အချိန်ကပဲ ဦးဧရာက ခါးခွဲစိတ်ထားတာပဲဖြစ်ပါတယ်။ ဦးဧရာကတော့ အနုပညာအလုပ်တွေမလုပ်ကိုင်ရတော့တာကြောင့် စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေတာပဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေ မရှိတော့လို့ မိသားစု အိမ်စရိတ်လေး ရအောင် Taxi ထွက်မောင်းတော့မယ် ဆိုပြီးပြောခဲ့ပါတယ်။ ပရိသတ်ကြီးအတွက် ဦးဧရာရဲ့ interview ဗီဒီယိုဖိုင်လေးကို ဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလဲ Video လေးကြည့်ပြီး Share ပေးကြပါဦးနော်။ ကြည့်ရှုအားပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။ video ကြည့်ရန် Video Source : myanmar Celebrity

ကမ္ဘာပတ်ဖို့အတွက် ပိုက်ဆံရှိစရာမလိုကြောင်း ပြသနေတဲ့အနောက်နိုင်ငံသားတွေ

ဘာလုပ်ချင်လဲလို့ ကျွန်တော့်ကိုမေးရင် ကျွန်တော်ကတော့ ကမ္ဘာပတ်ချင်တယ်လို့ပဲဖြေမိမှာပါပဲ။ ဒါပေမဲ့ ဒီနိုင်ငံခြားသားတွေလိုတော့ မဟုတ်ဘူးပေါ့။ ကမ္ဘာပတ်ဖို့ လမ်းဘေးမှာနေပြီး ပိုက်ဆံတောင်းနေတဲ့ နိုင်ငံခြားသားတော်တော်များများကို ကျွန်တော်တို့တွေ ဆူးလေတို့၊ တရုတ်တန်းတို့မှာလည်း မြင်ဖူးကြတယ်မဟုတ်လား။ ဒီလိုမျိုး ကမ္ဘာပတ်ချင်လို့ဆိုတဲ့ အကြောင်းပြချက်မျိုးနဲ့ အနောက်နိုင်ငံသားတွေဟာ အာရှနိုင်ငံတော်တော်များများမှာ အများပြည်သူစိတ်အနှောက်အယှက်ဖြစ်အောင် လုပ်မှန်းမသိလုပ်နေခဲ့ကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး လူမှုကွန်ယက်တွေမှာ ဓာတ်ပုံတွေနဲ့တစ်ကွ ဝေဖန်ရှုံ့ချထားတဲ့ Bored Panda မှ ဖော်ပြချက်ကို ကိုးကားဖော်ပြလိုက်ရပါတယ်။ အရင်တုန်းက လွယ်အိတ်ကြီးတွေတကားကားနဲ့ ရိုးရိုးသားသားကမ္ဘာပတ်ကြတဲ့သူတွေ ရှိပါတယ်။ သူတို့တွေကိုတော့ Backpackers တွေလို့ခေါ်ပါတယ်။ အဲဒီစကားလုံးကို သရော်သလိုလုပ်ပြီး အခုပကမ္ဘာပတ်ဖို့ပိုက်ဆံတောင်းနေသူတွေကိုတော့ begpacker တွေလို့ ခေါ်နေကြပါတော့တယ်။ ဘန်ကောက်မှာတော့ အဲဒီလို begpackers တွေကို ထောာင်ချမယ်ဆိုပြီး ဥပဒေအသစ်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ ဒါက တရုတ်နိုင်ငံမှာဖြစ်ပါတယ်။ မူရင်းဓာတ်ပုံတင်ထားတဲ့ @peteryuill ဆိုတဲ့ Instagram user ကတော့ အဲဒီလူဟာ...

မုဒိမ်းမှုတွေ ပပျောက်ဖို့ တခွန်းတည်း ပြောလိုက်တဲ့ လွင်မိုး

အကယ်ဒမီ ဆုပေးပွဲကြီးပြီးကတည်းက “တစ်ခွန်းတည်းပြောမယ်” ဆိုတဲ့ စကားလုံးနဲ့ လွင်မိုးနဲ့ကတစ်သားတည်းဖြစ်လာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ကိစ္စတခုခုကိုပြောချင်ပြီဆိုရင် တစ်ခွန်းတည်းပြောလိုက်မယ် ဆိုတဲ့ စကားက လူမှုကွန်ယက်စာမျက်နှာတွေမှာ ဘန်းစကားလိုဖြစ်သွားခဲ့ပါသေးတယ်။ ဒီစကားကို လွင်မိုးက ယခုရက်ပိုင်းမှာဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး တစ်ခွန်းတည်းပြောမယ် ဆိုတဲ့ စကားနဲ့ တစ်ခွန်းတည်းထိထိမိမိပြောလာပါတယ်။ သူပြောလာတဲ့ အကြောင်းအရာကတော့ ပြည်သူလူထုတွေကြားမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေဘဲ ဖြစ်ပါတယ်။ လတ်တလောမှာ ဆိုရင် လူမှုကွန်ယက်မှာ တင်မက ပြည်သူတွေအချင်းချင်းကြားမှာ အပြောများနေတဲ့ သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေဘဲ ဖြစ်တယ်။ မုဒိမ်းမှုကျူးလွန်သူတွေဟာ လူမမယ်ကလေးလေးတွေအထိ မျက်စိကျလာကြပါတယ်။ မိန်းမငယ်လေးတွေ အပျို၊အအိုမရွေး ကျူးလွန်သူခံရသူတွေရှိခဲ့ပြီး ယခုလပိုင်းတွေမှာတော့ အသက် ၃နှစ်ဝန်းကျင် ကလေးလေးတွေ ကို ကျူးလွန်ခံနေရပါတယ်။ ဒီလိုဖြစ်ပျက်တွေ ပပျောက်ဖို့ဆိုတာ တရားဥပဒေစိုးမိုးရေးက များစွာလိုအပ်သလို ၊ မိဘတွေဆီမှာလဲ တာဝန်အပြည့်အ၀ရှိလာပါတယ်။ ဒါ့အပြင် ကလေးအချင်းချင်း ကျူးလွန်တယ်ဆိုတဲ့...

၁၇ နှစ်အရွယ်အမျိုးသားက ၃ နှစ်ကျော်အရွယ်မိန်းကလေးအား အဓမ္မပြုကျင့်ရန် ကြံစည်မူဖြစ်ပွား

မတ္တရာမြို့နယ်တွင် ၁၇ နှစ်အရွယ်အမျိုးသားက အခန်းချင်းကပ်လျက်နေထိုင်သည့် ၃ နှစ်ကျော်အရွယ် မိန်းကလေးအား အဓမ္မပြုကျင့်ရန် ကြံစည်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ မြို့သစ်(၂)ရပ်ကွက်နေ ဒေါ်…..သည် ဇူလိုင်လ ၁၃ ရက်၊ နေ့လယ် ၂ နာရီခန့်က နေအိမ်တိုက်ခန်းအပေါ်ထပ်တွင် သမီးဖြစ်သူ မ……၊ (၃)နှစ်(၃)လမှာ အိပ်ပျော်နေချိန် အိမ်နီးချင်းအိမ်သို့ အလည်သွားပြီး ကွမ်းယာတောင်းစား၍ နာရီဝက်ခန့်အကြာ၌ ပြန်လာရောက်စဉ် အိပ်ယာထဲတွင် သမီးဖြစ်သူငိုနေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။ သမီးဖြစ်သူကို ငိုရသည့်အကြောင်းအရင်းအား ဒေါ်…… မှ မေးမြန်းခဲ့ရာမှ အဆိုပါဖြစ်စဉ်ကို သိရှိခဲ့ရခြင်း ဖြစ်သည်။“အဲဒီကောင်လေးနဲ့ ကလေးမလေးရဲ့အဖေတို့က ဆိုင်ကယ်ရောင်းဝယ်ရေးဆိုင်မှာ အလုပ်အတူတူကြတယ်။ ဆိုင်ပိုင်ရှင်က သူ့ဆီကဝန်ထမ်းတွေကို နေစရာပေးထားတယ်။ အဲဒီပေးတဲ့အခန်းမှာပဲ သူတို့တွေက နေကြတာပေါ့။ ကလေးမလေးရဲ့အမေက သူ့သမီးအိပ်နေတုန်းမှာ သူ့အိမ်ဘေးကအိမ်တစ်အိမ်ကို အိမ်လည်သွားတယ်။ ကွမ်းသွားပြီးလည်း တောင်းစားရင်းပေါ့။ နာရီဝက်လောက်ကြာလို့ အိမ်ပြန်တဲ့အခါ သမီးဖြစ်သူငိုနေတာကိုမေးကြည့်ရာကနေ...

မြေးမလေးမွေးဖွားနေတုန်း ရင်တုန်ခဲ့ရတဲ့ အကြောင်း ပြောလာတဲ့ စန္ဒီမြင့်လွင်မိခင်

နိုင်ငံကျော် အဆိုတော်မလေး စန္ဒီမြင့်လွင်ဟာ ဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ သူလေးပါ။ သူမက လူငယ်အဆိုတော်များစွာထဲမှာ အောင်မြင်မှုများစွာ ရရှိထားသူလေး ဆိုလည်း မမှားပါဘူး ။သူမရဲ့ သီချင်းလေးတွေက လူငယ်ပရိသတ်တွေ ရဲ့ အကြိုက်ပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ စန္ဒီမြင့်လွင်က သမီးလေးကို မွေးဖွားလိုက်တာပါ။ စန္ဒီမြင့်လွင်မိခင်က သမီးလေး မွေးဖွားနေတုန်း ရင်တုန်ခဲ့ရတယ်လို့ ပြောတဲ့အကြောင်းကို  ချစ်ပရိသတ်တွေအတွက် ဖော်ပြပေး လိုက်ပါတယ်။ ဒီနေ့ 12:45:28 Sunday မှာ တော့ စန္ဒီမြင့်လွင်တို့ရဲ့ သမီးလေး Treasure ဟာ လူ့လောကထဲရောက်လာခဲ့ပါပြီ ။ သမီးလေးက ချစ်စရာကောင်းပြီး 6lb ရှိတယ်လို့ သိရပါတယ်။စန္ဒီမြင့်လွင် မိခင်က မြေးလေး ကို အောင်မြင်စွာ မွေးဖွားနိုင်လို့ အတိုင်းမသိ ဝမ်းသာနေတဲ့ အကြောင်းကို ခုလို ပြောထားပါတယ်။ စန္ဒီမြင့်လွင် မိခင်က ”...

လှော်ကားဥယျာဉ်အနီး တွေ့ရှိခဲ့သည့်အလောင်း(၃)လောင်းမှာ လူမှောင်ခိုကူးခံရသူများဖြစ်နိုင်ဟု ရဲတပ်ဖွဲ့ ထုတ်ပြန်

မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်နယ်မြေရဲစခန်းအပိုင်၊ လှော်ကားလမ်းအနီးတွင် ပြင်ပဒဏ်ရာမတွေ့ရှိဘဲ သေဆုံးနေသည့် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားနှစ်ဦး၏အလောင်းတို့မှာ လူမှောင်ခိုကူးခံရသူများ ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ခဲ့သည်။ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်နယ်မြေရဲစခန်းအပိုင်၊ ပြည်လမ်းနှင့် အမှတ်(၄)လမ်းမ တို့အား ဆက်သွယ်ဖောက်လုပ်ထားသော လှော်ကားလမ်း၊ လှော်ကားမောင်းတံဂိတ် တောင်ဘက် ၂ ဖာလုံခန့်အကွာ လမ်းအနောက်ဘက်လမ်းဘေးတွင် ဇူလိုင်လ ၁၃ ရက်၊ နံနက် ၈ နာရီခွဲခန့်က (၁၉)နှစ်အရွယ် အမျိုး သမီးတစ်ဦး၊ (၁၈)နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် (၁၇)နှစ်အရွယ် အမျိုးသားတစ်ဦးတို့ကို သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း ထောက်ကြန့်နယ်မြေရဲစခန်းမှ သိရသည်။ အဆိုပါသေဆုံးသူများအနက် အမျိုးသမီးဖြစ်သူသည် ပက်လက်အနေအထားဖြင့်လည်းကောင်း၊ ၎င်း၏ဘေးတွင် အမျိုးသားနှစ်ဦးမှာ မှောက်လျက်အနေအထားဖြင့်လည်းကောင်း သေဆုံးနေသည်ကို တွေ့ရှိရခြင်းဖြစ်သည်။ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကနဦးဆေးစစ်ဆေးချက်များအရ လေမွန်းကြပ်၍သေဆုံးခြင်းဖြစ်နိုင်ပြီး ပြင်ပဒဏ်ရာမရှိကြောင်း၊ ၎င်းတို့၏အနီးတွင်မစားရသေးသော ကြွပ်ကြွပ်အိတ်ဖြင့်ထုပ်ထားသည့် ထမင်းထုပ် ၃ ထုပ်နှင့် အလောင်းများတွင်သဲများကပ်နေသည်ကို တွေ့ရှိရသဖြင့် တစ်နေရာရာတွင် သေဆုံးခဲ့သည့်အတွက်...