YBS စီးရာတွင် ကဒ်ဖြင့်ငွေပေးချေသည့် YPS ကဒ်များ မကြာခင်ရောက်ရှိလာတော့မည်

YPS is coming ! ခရီးသွားလားရေးအဆင်ပြေလွယ်ကူစေဖို့ YPS Card တွေမကြာမှီလူကြီးမင်းတို့ ရှေ့သို့ရောက်ရှိလာတော့မှာပါ ။YPS Card များကိုစတင်အသုံးပြုချိန်မှာတော့ Flat Fare System ဖြင့်ယာဉ်စီးခ များကိုကောက်ခံသွားမှာ ဖြစ်ပါတယ် ။ YBS Bus ကားများရဲ့ Front Door မှာ POS machine တစ်ခု ၊ Back Door မှာ POS machine တစ်ခု တပ်ဆင်ထားမှာဖြစ်ပြီး ကားပေါ်တက်လျှင် YPS Card ဖြင့် Front Door ရှိ POS machine တွင်တစ်ကြိမ် ၊ Back Door ရှိ POS machine တွင်တစ်ကြိမ် ထိပေးရမှာဖြစ်ပါတယ် ။နောက်ပိုင်းမှာတော့ Distance-based fare sytem ကိုတစ်ဆင့်ချင်းပြောင်းလဲသွားမှာဖြစ်ပါတယ်။ ယခုလတွင်...

” ဦးဇော်ကြီးကို တီဗွီ အပေါ်စက်အောက်စက်နဲ့ ငွေတွေပါ လှူလိုက်တဲ့ မင်းသမီး ဘေဘီမောင်”

ရုပ်ရှင်လောကမှာ ပရိသတ်တွေကို ရသခံစားမှုတွေပေးစွမ်းနိုင်တဲ့ ဇာတ်ပို့ဇာတ်ဆောင်တွေထဲက လူကြမ်းကြီး ဦးဇော်ကြီးအတွက် မော်ဒယ်သရုပ်ဆောင် ဘေဘီမောင်က သွားရောက်ကူညီခဲ့ပါတယ်…ဦးဇော်ကြီးတို့မိသားစုမှ မိသားစု သုံးယောက်ရှိပြီး ငွေကြေးချို့တဲ့တာဖြစ်တဲ့အတွက် ဘေဘီမောင်ရဲ့အလှူကြောင့် ကျေးဇူးစကားတွေအထပ်ထပ်နဲ့ဝမ်းသာပီတိဖြစ်ရပါတယ်…. ခုလိုလှူဒါန်းတဲ့အထဲမှာ ဘေဘီမောင်ရဲ့ သူငယ်ချင်းတွေလည်း ပါဝင်ခဲ့တာဖြစ်ပြီး တီဗီတွေ အောက်စက် အပေါ်စက်တွေနဲ့ အ၀တ်အစားတွေကို လှူဒါန်းခဲ့တာလည်းဖြစ်ပါတယ်….. မွန်မြတ်တဲ့အလှူအတွက် သာဓုခေါ်သလို ၀မ်းသာပီတိလည်းဖြစ်မိပါတယ်……

Victoria လေးအမှုမှာ CID ရဲ့ မှားယွင်းတဲ့ စွပ်စွဲချက်တွေကို ဒဲ့ပြောလိုက်တဲ့ ဥပဒေရေးရာ ကျွမ်းကျင်သူ ဦးခင်မောင်မြင့်

နေပြည်တော် Wisdom Hill မူကြိုကျောင်းမှာ တက်ရောက်နေတဲ့ ကလေးငယ်တဦးကို အဓမ္မ ပြုကျင့်မှုနဲ့ တရား ရုံးက ပြန်လည်လွတ်ပေးခဲ့သူ သံသယ တရားခံ အောင်ကြီးကို ရဲတပ်ဖွဲ့ကတော့ နောက်တကြိမ်ဖမ်းဆီးပြီး မုဒိမ်းမှု ပုဒ်မ ၃၇၆ နဲ့ အမှုဖွင့် တရားစွဲထားပါတယ်။ ဒီအမှုနဲ့ပတ်သက်လို့ ပြည်သူလူထု ဘက်ကလည်း ရဲတပ်ဖွဲ့ ရဲ့ ဆောင်ရွက်လုပ်ကိုင်ပုံတွေအပေါ် ဝေဖန်ပြော ဆိုမှု တွေ ပြုလုပ်ခဲ့ကြသလို စစ်မှန်တဲ့ တရားခံ ဖမ်းဆီးနိုင်ဖို့ ဆန္ဒထုတ်ဖော် တောင်းဆိုတာတွေလည်း ရန်ကုန်၊ မန္တလေးအပါအဝင် မြို့အချို့မှာ ပြုလုပ်ခဲ့ကြပါတယ်။ လတ်တလော အခြေအနေတွေမှာ ရဲတပ်ဖွဲ့ရဲ့ အမှုကိုင်တွယ် တရားရုံးတင်မှုတွေ၊ ဝေဖန်သူတွေအပေါ် တရားစွဲ မှုတွေ၊ အားနည်းချက်တွေအပေါ် ဥပဒေပိုင်းဆိုင်ရာ သုံးသပ်မှုအနေနဲ့ ဥပဒေရေးရာ ကျွမ်းကျင်သူ တဦး ဖြစ်သလို ထောင်မှူးကြီးဟောင်းဖြစ်တဲ့ ဦးခင်မောင်မြင့်ကို ဧရာဝတီသတင်းဌာန သတင်းထောက်...

မြန်မာနိုင်ငံလုံးဆိုင်ရာ ရှေ့နေများမှ ဗစ်တိုးဒီးယားလေးအတွက် စတင်လှုပ်ရှားတော့မည်

Victoria လေးရဲ့ အမှုအတွက် အမှန်တရား ဖော်ထုတ်ရေး စတင်လှုပ်ရှားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာလွတ်လပ်သော ရှေ့နေများအသင်းချုပ် ထုတ်ပြန် …..သတင်းထုတ်ပြန်ချက်၎/၂၀၁၉ ၁-နိုင်ငံတဝှန်းလုံးတွင်သမီးငယ်လေး Victoria ၏အမှု၊ အမှန်တရားပေါ်ပေါက်ရေးအတွက် စိုးရိမ်စိတ်များ အကြီးအကျယ်မြင့်တက်လျက်ရှိသည်။၂-ယင်းအမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏သတင်းစာရှင်းလင်းပွဲ၌ ထုတ်ပြန်ကြေငြာချက်များသည် အမှုအားစစ်ဆေးကြားနာမည့် တရားရုံးအပေါ်မလိုလားအပ်သော သြဇာသက်ရောက်မှု၊ စကားဦးသန်းမှုဖြစ်စေသည်ဟု ယူဆဖွယ်ရှိနေပါသည်။၃-အပြည်ပြည်ဆိုင်ရာ လူမှုရေးနှင့်နိုင်ငံရေးသဘောတူစာချုပ် (International Covenant on Civil and Political Rights-ICCPR)က နှင်းအပ်ထားသောစွပ်စွဲခံရသူ၏ အခွင့်အရေးများကို ထိခိုက်နိုင်သည်ဟုလည်းယူဆနိုင်ပါသည်။ ၄-မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်း (ILAM)သည် ညီနောင်ရှေ့နေအဖွဲ့အစည်းများဖြစ်သည့် မြန်မာနိုင်ငံရှေ့နေအသင်း (MLA)၊ မြန်မာနိုင်ငံရှေ့နေများကွန်ရက်(MLN) မြန်မာနိုင်ငံ မီဒီယာရှေ့နေများကွန်ရက် (MMLN)၊ ပြည်ထောင်စု ရှေ့နေများအသင်းတို့နှင့်အတူ ဤအမှု၏ဖြစ်စဉ်တိုင်းကို သတိကြီးစွာ စောင့်ကြည့်သွားမည်ဖြစ်ပါသည်။၅-DNA ကိစ္စနှင့်ပတ်သက်၍ အမေရိကန်ရှေ့နေအသင်း (ဥပဒေစိုးမိုးရေး) (American Bar Association-Rule of Law Initiative-ABAROLI) ၊လွတ်လပ်စွာထုတ်ဖော်ခွင့်ဆိုင်ရာ

သူ့ရဲ့အမိုက်စားဇိမ်ခံကားကြီးကိုထုတ်ပြလိုက်တဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ Video

နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကို ဆယ်စုနှစ်ကျော်တိုင်အောင်ဆွဲယူဖမ်းစားထားနိုင်သူကတော့ စိုင်းစိုင်းခမ်းလှိုင်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ဖန်တီးမှုအနုပညာတိုင်းကို လူတိုင်းကမချီးကျူးပဲ မနေနိုင်အောင်ကိုဖြစ်ရတာပါ။ သရုပ်ဆောင်၊အဆိုတော်သာဖြစ်ရုံသာမကပဲ ဝတ္ထုများကိုရေးသားတဲ့ စာရေးဆရာတစ်ဦးဖြစ်ပါတယ်။ စိုင်းစိုင်းဟာ အနုပညာမျိုးရိုးရှိသူမဟုတ်ပဲ ကိုယ့်ဒူးကိုယ်ချွန်ကာ အောင်မြင်မှုရရှိအောင်ကြိုးစားခဲ့သူတစ်ယောက်ပါ။ သူ့ရဲ့သီချင်းတိုင်းဟာကိုလည်း လူကြီးလူငယ်မရွေးကြိုက်နှစ်သက်ကြတာပါ။ ဒါ့အပြင် ကိုယ်ပိုင်Production ထောင်ကာ တက်သစ်စအဆိုတော်များကိုလည်း မြေတောင်မြှောက်ပေးသူတစ်ယောက်လည် ဖြစ်ပါတယ်။ အခုတစ်ခေါက်မှာလည်း သူ့ရဲ့ပရိသတ်တွေနဲ့တွေ့ဆုံရန် မန္တလေးရွှေမြို့တော်ကြီးကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။ သူရဲ့လူမှုကွန်ယက်မှာတော့ အမိုက်စား ကားကြီးကိုထုတ်ပြလိုက်တာပဲ ဖြစ်ပါတယ်။ ဒီကားကြီးဟာ ဇိမ်ခံကားပုံစံမျိုးပဲ ဖြစ်ပြီး ကားထဲမှာ တီဗီပါထည့်သွင်းထားတာပဲဖြစ်ပါတယ်။ စိုင်းစိုင်းကတော့ သူ့ရဲ့ Insgtagram myday လေးမှာတော့ ကားပေါ်မှာ ဂိမ်းဆော့ကာအပန်းဖြေနေတဲ့ ဗီဒီယိုလေးကို ဝေမျှထားတာပါ။ ပရိသတ်ကြီးအတွက်ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။ Credit – swelsonenews

ဗစ်တိုးရီးယားအမှု အမှုမှန်ဖော်ထုတ်သွားမည်ဟု ဒရိုင်ဘာအောင်ကြီး၏ ရှေ့နေပြော

နေပြည်တော်တွင်ဖြစ်ပွားသည့် ဗစ်တိုးရီးယားအမှုနှင့်ပတ်သက်ပြီး စွပ်စွဲခံရသူ အောင်ကျော်မျိုး(ခ) အောင်ကြီး လွတ်မြောက်ရေးနှင့် အမှုမှန်ပေါ်ပေါက်ရေးဖော်ထုတ်သွားမည်ဟု စွပ်စွဲခံရသူ၏ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။ နေပြည်တော် Wisdom Hill မူကြိုကျောင်းတွင် တက်ရောက်နေသည့် အသက် ၃ နှစ်ခန့်အရွယ် မိန်းကလေးအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုနှင့်ပတ်သက်ပြီးစွပ်စွဲခံရသူ အောင်ကြီးကိုနေပြည်တော် ဒက္ခိဏခရိုင်တရားရုံးတွင် ဇူလိုင်လ ၁၅ ရက်ကပထမအကြိမ်ရုံးထုတ်ရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ “ အမှန်တရားဖော်ထုတ်ဖို့ကနံပါတ်(၁)ပါ။ အမှန်ဘက်မှာဘယ်သူတွေရှိမလဲ။ အမှားဘက်မှာဘယ်သူတွေ ရှိမလဲပေါ့။ သွားမယ့်လမ်းကြောင်းကသုံးခုပါ။ နံပါတ်(၁)က ကျွန်တော်ယုံကြည်တယ်။ ကိုအောင်ကြီးဟာ ဥပဒေအကူအညီလိုတယ်လို့ထင်လို့လိုက်တာ။ ကိုအောင်ကြီးကိုဒီအမှုကနေလွတ်အောင် ဆောင်ရွက်မယ်။ နောက်တစ်ခုက အဲဒီလိုလွတ်အောင်ဆောင်ရွက်ခြင်းကနေ တကယ်ကိုအောင်ကြီးမဟုတ်ဘူးဆိုတာကို ဖော်နိုင်ရင်ဘယ်သူလဲဆိုတာ၊ ဘယ်သူတွေများဖြစ်သလဲဆိုတာအတတ်နိုင်ဆုံးဖော်ထုတ်ရမယ်။ ကန့်သတ်ချက်တွေတော့ရှိတာပေါ့။တတိယကတော့ အဲဒီလိုပေါ်တယ်ဆိုရင် ဘယ်သူတွေက ကိုအောင်ကြီးကို ပုံချသလဲဆိုတဲ့ရည်ရွယ်ချက်နဲ့ ဆောင်ရွက်တာပါ” ဟု ရှေ့နေဦးခင်မောင်ဇော်ကပြောသည်။ ဇူလိုင်လ ၁၅ ရက်ရုံးချိန်းတွင် အမှုစစ်ဆေးခဲ့ခြင်းမရှိသေးဘဲ နှစ်ဖက်သက်သေအနေအထား၊ ရုံးချိန်းခေါ်ဆိုမှု အပိုင်းနှင့်အမှုစီမံခန့်ခွဲမှုအပိုင်းကိုသာ ဆောင်ရွက်ခဲ့ကြောင်း ၎င်းကဆက်ပြောသည်။...

ဗစ်တိုးရီးယားအမှုအတွက် တရားလိုဖက်က သက်သေ ၂၆ ယောက် တင်ထား

အမှုမှာ သံသယတရားခံ အောင်ကြီးကို ရဲတပ်ဖွဲ့ဖက်ကနေ အောင်ကြီးကျူးလွန်ကြောင်း သက်သေ ၂၆ ယောက် အထိ တင်ထားတာဖြစ်ပါတယ်။ ဒီကနေ့ နေပြည်တော်က ဒက္ခိဏခရိုင်တရားရုံးမှာ ဗစ်တိုးရီးယားအမှုနဲ့ပတ်သက်ပြီး ယာဉ်မောင်းအောင်ကျော်မျိုး (ခ) အောင်ကြီးကို ပထမဆုံးအကြိမ်ရုံးထုတ်ရာမှာ တရားလိုဖက်က သက်သေ ၂၆ ယောက် တင်ထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီနေ့ ရုံးထုတ်မှာ သက်သေတွေကို စစ်ဆေးတာမျိုးမလုပ်ဘဲနဲ့ ရှေ့နေပါဝါယူတာနဲ့ ဥပဒေနှင့်ဆိုင်သည့်အချက်အလက်များကိုသာတင်ပြခဲ့တာဖြစ်ပါတယ်။ဒီနေ့ ဇူလိုင်လိုင်လ ၁၅ ရက်နေ့မှာတော့ တရားရုံးကို လူအများအပြားစိတ်ဝင်တစားလာရောက်ပြီး စောင့်ဆိုင်းနေခဲ့ကြပါတယ်။ တရားရုံးကတော့ အမှုကြားနာနေစဉ်မှာ လာယောက်နားထောင်လိုသူ တွေအတွက် နေရာ ၅၀ လောက် စီစဉ်ပေးထားတယ်လို့ ဆိုပါတယ်။ ဒီအမှုကို လာမယ့် ဇူလိုင်လ ၂၄ ရက်နေ့မှာ စတင်စစ်ဆေးမှုတွေပြုလုပ်သွားမှာဖြစ်တယ်လို့ ယာဉ်မောင်းအောင်ကျော်မျိုး (ခ) အောင်ကြီးရဲ့ ရှေ့နေဖြစ်သူ ရှေ့နေဦးခင်မောင်ဇော်က ပြောပါတယ်။ ဒီအမှုကိစ္စနဲ့ပတ်သက်ပြီး ပြည်သူတွေအကြားဝေဖန်မှုတွေအများအပြားရှိနေပေမယ့်...

မှိုတက်နေတဲ့ အစားအစာတွေဝယ်မိခဲ့လို့ သားလေးအတွက် စိုးရိမ်ခဲ့ရတဲ့ သက်မွန်မြင့်

သက်မွန်မြင့်က သားလေးစားချင်တဲ့ အစားအစာကို ဝယ်လာပြီးမှ မှိုတက်နေမှန်းသိလို့ စိတ်မကောင်းဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ အရင်တုန်းကလည်း ဒီလိုကိစ္စမျိုး ရှိခဲ့ဖူးတဲ့ အကြောင်းတွေ ရင်ဖွင့်ပြောပြလာပါတယ်။ သက်မွန်မြင့်ဟာ သားလေး အားချစ် စားချင်တယ်ဆိုလို့ ဝယ်ပေးလိုက်တဲ့ အသီးဗူးထဲမှာ မှိုတွေပါလာလို့ အံ့အားသင့်ခဲ့ရပါတယ်တဲ့။ အဲဒီနောက်သားလေးအတွက်လည်း စိတ်ပူပြီး အရမ်းစိတ်မကောင်းဖြစ်ခဲ့တယ်လို့ ရင်ဖွင့်ပြောပြလာပါတယ်။‘’အားချစ်လေးက စားချင်တယ်ဆိုလို့ ဝယ်ပေးမယ် ယူလိုက်ဆိုတော့ ယူလာတယ်။ ဒီတိုင်းမထည့်ပဲ ဆစ်မိလို့ပေါ့။ မှိုဖြစ်နေပြီ အသီးက ပုံထဲကဟာက သပ်သပ် ယူလာတဲ့ဟာက မှိုရှိရုံ လန့်ပြီး တခြားဟာရှာမိတော့ ပိုဆိုး ပုံထဲကဟာဆို မှိုတောင် တော်တော်ရှည်နေပြီ! အရမ်းစိတ်ပူသွားတယ်။ ဒါ မရောင်းသင့်တော့ဘူးလေ။ ဒါ အန္တရာယ် ဖြစ်နေပြီ။ အသီးလေးတွေ ရွေးခွင့်ပေးတဲ့ နေရာတွေရှိတယ်။ နေရာကွာခြားမှုပေါ်မူတည်ပြီး အသီးလတ်တာ သိပ်ကွာတာပဲ စိတ်တောင်မကောင်းဘူး’’လို့ ဇူလိုင်လ ၁၅ ရက်နေ့ မနက် ၁၀...

လူနာကြည့် မလာပါနဲ့ မြန်မာလူမျိုးများ ဆေးရုံမှာ လူနာကြည့်သွားတဲ့အခါ သိထားစရာအချက်များ

နောက်ဆုံးထွက်သက်ကို ပင်ပမ်းကြီးစွာ ဖြတ်ကျော်ရမယ့်နေရက်တွေ၊အချိန်တွေ ရောက်လာတဲ့အခါ ကျေးဇူးပြုပြီး လူနာကြည့်၊လူနာအားပေး မလာပါနဲ့တော့(၁)-စကားပြောဖို့ကိုပင် မနည်းအားယူနေရမယ့်အချိန်မှာ နေကောင်းလား၊သက်သာလားဆိုတဲ့ သင့်မေးခွန်းတွေ မဖြေချင်တော့ပါ(၂)-ရေမွှေးဆွတ်ပြီး ငါ့အနား လာမရပ်ပါနဲ့ (အမွှေးနံ့၊ချွေးနံ့၊ဟင်းနံ့တွေကိုတောင် မခံနိုင်တော့တာကို သတိပြုမိပါစေ)။(၃)-ဝတ္တရားအရ လူနာမေးလာရင်း ဆယ်လ်ဖီလာမဆွဲပါနှင့် ( ထွက်ခွာရတော့မယ့် ငါ့ကိုဘေးနားထားပြီး သင်ပျော်ပြမနေပါနှင့်၊ငါ့ကိုချစ်ရင် အားနာပါ၊ သံဝေဂလိုလိုဘာလိုလိုနှင့် ငါချစ်တဲ့သူတွေကို ငါ့ရုပ်သွင်အား မပြပါနှင့်)။(၄)-လူနာမေးလာတဲ့အခါ ငါလေလည်ချင်တာတွေ ကျင်ငယ်စွန့်ချင်တာတွေ ကျင်ကြီးစွန့်ချင်တာတွေကို အောင့်ထားရတဲ့အခါ ငါ့အတွက် တကယ်ပင်ပမ်းလွန်းလို့ပါ။(၅)-ငါ မတတ်နိုင်လို့ ဆေးဖိုးဝါးခတွေ ပေးတဲ့အခါ ငါမသိအောင်ပေးပေးပါ။ နောက်ဆုံးထွက်သက်မှာ ကျေးဇူးတရားတွေက ငါ့ကိုအင်အားထက် ဖိအားတွေဖြစ်ချင် ဖြစ်သွားစေနိုင်ပါတယ်။(၆)-ကျေးဇူးပြုပြီး သူများအကြောင်းတွေ ငါ့ကို လာမပြောပါနဲ့ နောက်ပိုင်းသံယောဇဉ်တွေ ဖြတ်ဖို့ကြိုးစားနေရသူအတွက် စိတ်အနှောက်အယှက်ကြီးစွာ ဖြစ်ရပါတယ် သိလည်း မသိချင်တော့ပါလေ။(၇)-ကလေးတွေ ခေါ်မလာပါနှင့် ကလေးငိုသံ၊ကလေးဆူသံ၊ပြေးလွှားဆော့ကစားသံတွေက ငါ့အာရုံကိုအနှောက်အယှက်ကြီးစွာဖြစ်ရပါတယ်။(၈)-ခြေစမ်းလိုက်၊လက်စမ်းလိုက်၊ကြွက်သားစမ်းလိုက်၊အင်္ဂါကြည့်လိုက်၊ဝမ်းကြည့်လိုက်တွေ လာမလုပ်ကြပါနှင့်တော့ ဝေဒနာခွာနေတဲ့ ငါ့အတွက် ဒေါသကိုဖြစ်သွားစေနိုင်ပါတယ်။(၉)-တစ်ယောက်တစ်မျိုး ဆေးနည်းတွေ လာမပေးကြပါနှင့်...

နေပြည်တော် ဗစ်တိုးရီးယား အမှု သံသယ တရားခံ အောင်ကြီး၏ ပထမဆုံး ရုံးထုတ်

နေပြည်တော်ရှိ ပုဂ္ဂလိက မူကြိုကျောင်းတခုတွင် အသက် ၃ နှစ် မပြည့်သေးသည့် မိန်းကလေးငယ် တဦး မတရားပြုကျင့်ခံခဲ့ရမှုအတွက် သံသယ တရားခံအဖြစ် အောင်ကြီးဆိုသူကို ရဲတပ်ဖွဲ့က မုဒိမ်းမှုဖြင့် တရားစွဲဆိုထားရာ ယနေ့ နေပြည်တော်ရှိ ဒက္ခိဏခရိုင်တရားရုံးတွင် ပထမဆုံး ရုံးထုတ် စစ်ဆေးတော့ မည် ဖြစ်သည်။ ယနေ့ ရုံးချိန်းသို့ တရားရင်ဆိုင်နိုင်ရန် ၂ ဖက် ရှေ့နေများ၊ ကလေးငယ် ဗစ်တိုးရီးယားအတွက် လာရောက်ဝန်းရံကြသူများ၊ မီဒီယာများဖြင့် တရားရုံးရှေ့ တွင် စည်းကားလျက်ရှိသည် တရားရုံးကလည်း လုံခြုံရေး တိုးမြင့်ထားသည်ကို တွေ့ရသည်။ Credit- 7 Day