တက္ကသိုလ်ဝင်စာမေးပွဲကို ဂုဏ်ထူး (၄) ဘာသာဖြင့်အောင်မြင်ခဲ့သော်လည်း ပညာဆက်သင်ဖို့ အခက်အခဲရှိနေသူ

အကူအညီတောင်းခံခြင်း။မောင်ဇင်မြတ်ဖြိုး သည် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (၄) ဘာသာဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သော်လည်း မိမိဝါသနာပါသော ပညာရပ်သင်ကြားနိုင်ဖို့ အခက်အခဲဖြစ်နေပါသည်။ မောင်ဇင်မြတ်ဖြိုးသည် မွေးချင်း ၃ ယောက်ထဲမှာ အကိုအကြီးဆုံးဖြစ်သလို ဖခင်ဆုံးသွားပြီးကတည်းက သူ၏အမေနှင့် ကျဘမ်းလုပ်ငန်းဖြင့် လုပ်ကိုင်စားသောက်လျှက်ရှိကာ အခက်အခဲများရှိနေပါသည်။စေတနာရှင်ပြည်သူများ ကူညီပေးနိုင်ပါရန် အကူအညီတောင်းခံအပ်ပါသည်။ ကိုယ်ရေးအချက်လက်များ အမည်-မောင်ဇင်မြတ်ဖြိုး / အဖ -ဦးမင်းလွင်(ကွယ်လွန်) / အမိ -ဒေါ်ခင်လဲ့ဝေ / ဂုဏ်ထူးရဘာသာရပ်-သချာင်္ ဓာတုဗေဒ ရူပဗေဒ ဇီဝဗေဒ / မွေးချင်း- ၃ ယောက် / အလုပ်အကိုင် -ကျဘမ်း / နေရပ်လိပ်စာ-တုံတောကျောင်းရွာ-လက်ပံတောင်းအုပ်စု-ဆားလင်းကြီးမြို့နယ်-စစ်ကိုင်းတိုင်းဒေသကြီး ဆက်သွယ်ရန်- 09 256312315 / 09 956502462 Credit-အလင်းမြေ

ခြေဥပြင်ဆင်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာတင်သွင်းမှုကို တပ်မတော်က ကန့်ကွက်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီမှ တင်သွင်းသော အစီရင်ခံစာမှာ ဖွဲ့စည်းပုံတွင် ပြဋ္ဌာန်းချက်များနှင့်မကိုက်ညီဟု တပ်မတော်သားကိုယ်စားလှယ်များက သဘောထားမှတ်ချက်ပေးထားကြောင်း သိရသည်။ အဆိုပါအစီရင်ခံစာကို ယနေ့(ဇူလိုင်လ ၁၅ ရက်)က ကျင်းပသည့် ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် (၁၃) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့ခြင်း ဖြစ်သည်။ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဆောင်ရွက်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ၁၂ နှင့် ကိုက်ညီခြင်း မရှိသောကြောင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ကော်မတီဖွဲ့စည်းရန် အဆိုတင်သွင်းစဉ် ကတည်းကပင် ကန့်ကွက်ခဲ့ခြင်းဖြစ်ကြောင်း၊ သို့ရာတွင် ပြည်ထောင်စုလွှတ်တော်က မဲခွဲအတည်ပြုပြီး အဆိုပါကော်မတီကို ဖွဲ့စည်းခြင်းဖြစ်၍ ပြင်ဆင်ရေးပူးပေါင်းကော်မတီတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာသောကြောင့် တက်ရောက်ခဲ့ပါကြောင်း တင်ပြထားသည်။ ယင်းကဲ့သို့ လွှတ်တော်တက်ရောက်စဉ်တွင်လည်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များမှ ပြင်ဆင်ရန် အဆိုပြုချက်များတင်သွင်းခြင်း၊ သဘောထားမှတ်ချက်တို့ကို ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း၊ ယခု ပူးပေါင်းကော်မတီ၏အစီရင်ခံစာ လုပ်ငန်းစဉ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း ၁၂ ပါဖွဲ့စည်းပုံ...

Miss Universe Myanmar ရဲ့ National Director ဖြစ်သူ ဒေါ်စိုးယုဝေရဲ့ ခင်ပွန်း ကွယ်လွန်

အလှမယ်ပြိုင်ပွဲတွေများစွာပြုလုပ်ခဲ့ပြီး လက်ရှိချိန်ထိ မြန်မာနိုင်ငံမှ အလှမယ်ပေါင်းများစွာကို မွေးထုတ်ပေးခဲ့တဲ့ Miss Universe Myanmar Organization ရဲ့ National Director တစ်ဦးဖြစ်တဲ့ ဒေါ်စိုးယုဝေ ဟာ ခင်ပွန်းဖြစ်သူ ဦးတင်မောင်အေး ကို ယနေ့ မြန်မာစံတော်ချိန် ၅နာရီ နဲ့ ၃၇ မိနစ်မှာ အပြီးတိုင် စွန့်လွှတ်ခွဲခွာလိုက်ရပါပြီ ။ သူမ ရဲ့ ခင်ပွန်းဖြစ်သူ ဟာ စင်ကာပူနိုင်ငံမှာ ဆေးကုသမှုခံယူရင်း ကွယ်လွန် ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒေါ်စိုးယုဝေရဲ့ ခင်ပွန်းဖြစ်သူဟာ ဇွန်လ ၂၃ရက်နေ့အထိ ဖေ့စ်ဘုတ်အသုံးပြုနေ သေးတယ်လို့ ယူဆရပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ သူတင်ထားတဲ့ ပို့စ်တွေကို မတွေ့မြင်ရတော့ပါဘူး ။ သူက မိန်းမဖြစ်သူ ဒေါ်စိုးယုဝေ ရဲ့ 7th Miss Universe Myanmar ပြိုင်ပွဲကြီးအတွက် ဂုဏ်ပြုစကားတောင်ဆိုခဲ့ပါသေးတယ်။ အဲ့ဒီနောက်မှာတော့ သူတို့ဇနီးမောင်နှံရဲ့...

ပျောက်ဆုံးနေသောမူကြိုကျောင်းဆရာမလေးအား (၁၀) ရက်အကြာ၌ကြိုးကွင်းစွပ်အသတ်ခံရသည့်အနေထားဖြင့် ပြန်လည်တွေ့ရှိ

မုဒုံမြို့နယ်ကော့ခပုံကျေးရွာမှ (၆.၇.၂၀၁၉)ရက်နေ့ညနေ၌ ပျောက်ဆုံးနေသော မူကြိုကျောင်းဆရာမအား ( ၁၅.၇.၁၉)ရက်နေ့ ညနေ၃ နာရီချိန်ခန့်၌ ကွမ်တာကျေးရွာ ဆည်းမြောင်အနီးရှိ ချောင်းအတွင်းတွင် ဂုံနီအိတ်အပြာရောင်ဖြင့် ထုတ်ထားသော အထုတ်တစ်ထုတ်အတွင်း၌ ပျောက်ဆုံးနေသူအား လည်ပင်ကြိုးကွင်း စွပ်လျက် အသတ်ခံရသည် အနေထားဖြင့် အနီးနားပါတ်ဝန်းကျင်မှ တွေ့ရှိခဲ့၍ မုဒုံမြို့မရဲစခန်းသို့အကြောင်းကြားသောကြောင့် မုဒုံမြို့မရဲစခန်းမှ စခန်းမှူးနှင့်အဖွဲ့သည် အခင်းဖြစ်ရာသို့သွားရောက်ပြီးမှတ်တမ်းဓာတ်ပုံများရယူခြင်း၊ မုဒုံအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ၊ စေတနာအလင်းရောင် နာကူ အဖွဲ့တို့မှ သေဆုံးသူ၏ ရုပ်အလောင်းအားဆယ်ယူ၍ မုဒုံမြို့နယ်ဆေးရုံ ရင်ခွဲရုံးသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။ ယင်းဖြစ်စဉ်နှင့်ပါတ်သက်၍ မုဒုံမြို့မရဲစခန်း သေမှုသေခင်းဖွင့်လျက် အသေးစိပ်စစ်ဆေးဆောင်ရွတ်လျက်ရှိကြောင်း သတင်းရရှိသည်။ Credit-အမြွာညီနောင်

အဖေနဲ့အမေကို ကွန်ဒိုက်တိုက်ခန်းဝယ်ပေးပြီး Surprise လုပ်လိုက်တဲ့ တိုင်ရွန်

သရုပ်ဆောင်နဲ့ မော်ဒယ် တိုင်ရွန်ဟာ စွဲဆောင်မှုရှိတဲ့ မျက်နှာနဲ့ ခန္ဓာကိုယ် အချိုးအစားကြောင့် မိန်းကလေူပရိသတ်တွေကြားမှာ ရေပန်းစားသူတစ်ဦးပါ။ တိုင်ရွန်က လက်ရှိမှာလဲ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေပြီး အောင်မြင်မှုတွေ ရရှိနေသူတစ်ဦးပါ။ တိုင်ရွန်က အခုလက်တလောမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေပါတယ်။ သမာအာဇီဝအလုပ်နဲ့ အလုပ်လုပ်ကိုင်ရင်း မိဘကို ရှာကျွေးနေတဲ့ သားလိမ္မာလေး တိုင်ရွန်က ဒီတစ်ခေါက်မှာတော့ ဖေဖေနဲ့ မေမေ ပျော်အောင်လို့ Surprise အကြီးကြီး လုပ်ခဲ့ပါတယ်။အဲ့ဒါကတော့ တိုင်ရွန်က သူစုဆောင်းထားတဲ့ ပိုက်ဆံတွေနဲ့ အဖေနဲ့အမေကို ကွန်ဒိုတိုက်ခန်းကြီးတစ်ခန်း လက်ဆောင်ပေးခဲ့တာပဲဖြစ်ပါတယ်။ တိုင်ရွန်က သူ့ရဲ့အပျော်လေးကို အခုလိုပဲ မျှဝေထားပါတယ်။ “ဘဝမှာ အပျော်ဆုံးနေ့ ကျွန်တော် အိမ်မက်တွေ တကယ်ဖြစ်ခဲ့ပါပြီ ကျွန်တော် အဖေနဲ့ အမေ အပေါ် ငယ်ငယ်ကဆိုးခဲ့တယ်။ ပညာရေးဆုံးခမ်းမတိုင်ခဲ့ဘူး။ သူတို့ ဖြစ်စေချင်တဲ့အရာတွေမလုပ်ပေးနိုင်ခဲ့ဘူး။ ကျွန်တော့် မှာ ငယ်ငယ်ကတည်းက...

Victoria လေးအမှုမှာ CID ရဲ့ မှားယွင်းတဲ့ စွပ်စွဲချက်တွေကို ထောက်ပြလိုက်တဲ့ ဥပဒေရေးရာ ကျွမ်းကျင်သူ ဦးခင်မောင်မြင့်

နေပြည်တော် Wisdom Hill မူကြိုကျောင်းမှာ တက်ရောက်နေတဲ့ ကလေးငယ်တဦးကို အဓမ္မ ပြုကျင့်မှုနဲ့ တရား ရုံးက ပြန်လည်လွတ်ပေးခဲ့သူ သံသယ တရားခံ အောင်ကြီးကို ရဲတပ်ဖွဲ့ကတော့ နောက်တကြိမ်ဖမ်းဆီးပြီး မုဒိမ်းမှု ပုဒ်မ ၃၇၆ နဲ့ အမှုဖွင့် တရားစွဲထားပါတယ်။ ဒီအမှုနဲ့ပတ်သက်လို့ ပြည်သူလူထု ဘက်ကလည်း ရဲတပ်ဖွဲ့ ရဲ့ ဆောင်ရွက်လုပ်ကိုင်ပုံတွေအပေါ် ဝေဖန်ပြော ဆိုမှု တွေ ပြုလုပ်ခဲ့ကြသလို စစ်မှန်တဲ့ တရားခံ ဖမ်းဆီးနိုင်ဖို့ ဆန္ဒထုတ်ဖော် တောင်းဆိုတာတွေလည်း ရန်ကုန်၊ မန္တလေးအပါအဝင် မြို့အချို့မှာ ပြုလုပ်ခဲ့ကြပါတယ်။ လတ်တလော အခြေအနေတွေမှာ ရဲတပ်ဖွဲ့ရဲ့ အမှုကိုင်တွယ် တရားရုံးတင်မှုတွေ၊ ဝေဖန်သူတွေအပေါ် တရားစွဲ မှုတွေ၊ အားနည်းချက်တွေအပေါ် ဥပဒေပိုင်းဆိုင်ရာ သုံးသပ်မှုအနေနဲ့ ဥပဒေရေးရာ ကျွမ်းကျင်သူ တဦး ဖြစ်သလို ထောင်မှူးကြီးဟောင်းဖြစ်တဲ့ ဦးခင်မောင်မြင့်ကို ဧရာဝတီသတင်းဌာန သတင်းထောက်...

မဲဆောက်တွင် မြန်မာနိုင်ငံဘက် တင်ပို့ရောင်းချမည့် ပိန်ဆေးများကို ဖမ်းဆီး

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ စိတ်နဲ့အာရုံကြောထိခိုက်စေတဲ့ ဓာတုဆေးအသုံးပြု ကိုယ်အလေးချိန် လျှော့ချဆေး (ပိန်ဆေး) တွေ ဖမ်းဆီးမိခဲ့ပါတယ်။ပိန်ဆေးတွေ ထုတ်လုပ်ရောင်းချနေကြောင်း သတင်းရတဲ့အတွက် မဲဆောက်မြို့နယ် ရဲတပ်ဖွဲ့၊ မဲဆောက်ခရိုင် အထူးစုံစမ်း စစ်ဆေးရေးတပ်ဖွဲ့နဲ့ ကျန်းမာရေးဦးစီးဌာန ၀န်ထမ်းတွေ ပါဝင်တဲ့ အဖွဲ့ဟာ မနေ့က မဲဆောက်မြို့ထဲမှာ လိုက်လံ စစ်ဆေးဖမ်းဆီးခဲ့တာပါ။ တာဝန်ရှိသူတွေဟာ မဲဆောက်မြို့ မယ်တော်အုပ်စု ရပ်ကွက် ၂၊ ထာ့ဆိုင်လွတ်အုပ်စု ရပ်ကွက် ၁ နဲ့ မယ့်ကာဆာအုပ်စု ရပ်ကွက် ၆ စတဲ့ နေရာ ၃ ခုက ဆေးဝါးထုတ်လုပ်ရောင်း ချနေတဲ့ ကုမ္ပဏီ ၃ ခုကို ၀င်ရောက်စစ်ဆေးပြီး ထုတ်လုပ်ပြီး ပိန်ဆေးတွေနဲ့ ဆေးထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ကုန်ကြမ်းတွေကို ၀င်ရောက်သိမ်းဆည်းခဲ့ပါတယ်။ Cybetramine ခေါ် မူးယစ်ဆေးဝါးအနွယ်ဝင် ဓာတုဆေးတမျိုးနဲ့ ပိန်ဆေးဖော်စပ်ကြောင်း သတင်းရရှိပြီး အဆိုပါ...

ဗစ်တိုးရီးယားအမှု တရားသူကြီး ၂ ပါးထိုင် တရားခွင်စနစ်ဖြင့် စစ်ဆေးမည်

နေပြည်တော်ရှိ Wisdom Hill ပုဂ္ဂိလက မူကြိုကျောင်းက ကျောင်းသူလေး ဗစ်တိုးရီးယားရဲ့အမှုကို တရားသူကြီး ၂ ပါးထိုင် တရားခွင်စနစ်နဲ့ စစ်ဆေးမှာ ဖြစ်ပြီး စစ်ဆေးရာမှာ ထူးခြားတာ ၃ ခုရှိမယ်လို့ ဒီအမှု လေ့လာဖို့လာတဲ့ ရှေ့နေတွေက ပြောပါတယ်။အမှုနဲ့ပတ်သက်ပြီးတရားခံအဖြစ် စွပ်စွဲဖမ်းဆီးထားတဲ့ ကိုအောင်ကြီးကို ဒီနေ့ နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးထုတ်ရာမှာ ရှေ့နေအသင်းကိုယ်စားလှယ်တွေ လာရောက် လေ့လာခဲ့ပြီးနောက် ပြောဆိုခဲ့တာပါ။ ဒီအမှုကို သာမန်အမှုတွေလို တရားသူကြီးတယောက်တည်း စစ်ဆေးမှာ မဟုတ်ဘဲ ခရိုင် တရားသူကြီးနဲ့ ဒု ခရိုင်တရားသူကြီး ၂ ဦးထိုင်တရားခွင်စနစ်နဲ့ စစ်ဆေးမယ်လို့ တရားရုံးရဲ့ ပြန်ကြားရေးအရာရှိကလည်း အတည်ပြုပြောပါတယ်။ဒီအမှုနဲ့ ပတ်သက်ပြီး စောင့်ကြည့်လေ့လာနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က “ထူးခြားတဲ့အချက်အနေနဲ့ ကျနော်တို့ကို ညှိနှိုင်းတာကတော့ ကလေးကို စစ်တဲ့အခါ ရိုးရိုးသာမန် တံခါးပိတ်စစ်ရုံတင်မဟုတ်ဘူးပေါ့။ Video Conferencing နဲ့စစ်မယ်လို့...

ကမ္ဘာကျော်မန်ယူကစားသမားတွေနဲ့အတူ ညစာစားခွင့်ရမယ့် မဟာအခွင့်အရေးကို ရရှိခဲ့တဲ့ နေ၀င်း

ကိုယ်ရူးသွပ်စွဲလန်းတဲ့ ဘောလုံးသမားတွေကို အပြင်မှာမျက်ဝါးထင်ထင်တွေ့ဆုံခွင့်ရဖို့ဆိုတာ ဘောလုံးပရိသတ်တိုင်း မက်နေကြတဲ့အိပ်မက်တစ်ခုပါပဲ။ Snare အဖွဲ့ဝင် နေ၀င်းကတော့ အဲဒီလိုအခွင့်အရေးမျိုးကို လက်ဝယ်ပိုင်ဆိုင်ထားခဲ့ပြီပဲဖြစ်ပါတယ်။ နေ၀င်းဟာ စင်ကာပူနိုင်ငံမှာ International Champions Cup အဖြစ် ယှဉ်ပြိုင်ကစားမယ့် မန်ယူအသင်းနဲ့ အင်တာမီလန်အသင်းတို့ရဲ့ ပွဲစဉ်ကို သွားရောက်ကြည့်ရှုခွင့်ရမှာပဲ ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ ပွဲပြီးသွားရင်လည်း နေ၀င်းဟာ Manchester Unitedရဲ့ Global Spirits Partner ဖြစ်တဲ့ Chivas Regal ရဲ့ဖိတ်ခေါ်မှုနဲ့ ကမ္ဘာကျော်စူပါစတားတွေနဲ့ အတူတူ ညစာစားခွင့်ကိုပါ ရရှိဦးမှာပါ။ မန်ယူအသင်းရဲ့ အဲဒီခရီးစဉ်မှာ ပေါ့ဂ်ဘာ၊ လင်ဂတ်၊ ရက်ဖို့ဒ်၊ မာရှယ်လ်၊ ဒီဂီယာ၊ မာတစ်၊ စမောလင်း အစရှိတဲ့ ကမ္ဘာကျော်ဘောလုံးကြယ်ပွင့်တွေ အစုံအလင်ပါဝင်သွားမှာပဲ ဖြစ်ပါတယ်။ အဲဒီလို ကမ္ဘာကျော်ကြယ်ပွင့်တွေနဲ့ ညစာအတူစားခွင့်ရမယ့်အတွက် နေ၀င်းတစ်ယောက်အလွန်ပျော်ရွင်နေမယ်ဆိုတာ ပြောစရာတောင်လိုမယ်မထင်ပါဘူး။ ဒါကြောင့်လည်း နေ၀င်းဟာ လှုမှုကွန်ရက်ကနေ “Hey...

YBS စီးရာတွင် ကဒ်ဖြင့်ငွေပေးချေသည့် YPS ကဒ်များ မကြာခင်ရောက်ရှိလာတော့မည်

YPS is coming ! ခရီးသွားလားရေးအဆင်ပြေလွယ်ကူစေဖို့ YPS Card တွေမကြာမှီလူကြီးမင်းတို့ ရှေ့သို့ရောက်ရှိလာတော့မှာပါ ။YPS Card များကိုစတင်အသုံးပြုချိန်မှာတော့ Flat Fare System ဖြင့်ယာဉ်စီးခ များကိုကောက်ခံသွားမှာ ဖြစ်ပါတယ် ။ YBS Bus ကားများရဲ့ Front Door မှာ POS machine တစ်ခု ၊ Back Door မှာ POS machine တစ်ခု တပ်ဆင်ထားမှာဖြစ်ပြီး ကားပေါ်တက်လျှင် YPS Card ဖြင့် Front Door ရှိ POS machine တွင်တစ်ကြိမ် ၊ Back Door ရှိ POS machine တွင်တစ်ကြိမ် ထိပေးရမှာဖြစ်ပါတယ် ။နောက်ပိုင်းမှာတော့ Distance-based fare sytem ကိုတစ်ဆင့်ချင်းပြောင်းလဲသွားမှာဖြစ်ပါတယ်။ ယခုလတွင်...