မူဆယ်တွင် သေနတ်ဖြင့်လိုက်လံပစ်ခတ်သဖြင့် တရုတ်နိုင်ငံသား ၁ ဦးသေဆုံး

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ပေါ်မှာ ဒီနေ့ ဇူလိုင် ၁၆ ရက်မနက်က ဆိုင်ကယ်စီးလာတဲ့ တရုတ်နိုင်ငံသားတဦးကို ကားတစီးပေါ်ကနေ သေနတ်နဲ့ မသေမချင်း လိုက်လံပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။ဒီမနက် ၁၁ နာရီခွဲလောက်က လူတဦးဟာ ဆိုင်ကယ်စီးပြီး မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုန်း လမ်းမကြီးအတိုင်းမောင်းနှင်လာစဉ် မတ်တူးကားတစီးက အနောက်ကနေ လိုက်လံ ပစ်ခတ်ခဲ့ရာမှာ လဲကျသေဆုံးသွားခဲ့တယ်လို့ အပစ်ခံရသူကို ဆေးရုံသို့ ကူညီသယ်ဆောင်ပေး ခဲ့တဲ့ မူဆယ်မြို့ ဂရုဏာလူမှုကူညီရေး အသင်း ဥက္ကဋ္ဌ ဦးသောင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်တို့ရောက်သွားတော့ အပစ်ခံရသူက အဲဒီနေရာမှာတင် ပွဲချင်းပြီး သေဆုံးနေ ပါပြီခင်ဗျ။ သေနတ်ဒဏ်ရာက နောက်စေ့မှာ ၄ ချက်၊ လက်ဖျံကြောမှာ ၁ ချက်၊ ခါးမှာ ၁ ချက်၊ တင်ပါးမှာ ၁ ချက် စုစုပေါင်း ၇ ချက်ထိပါတယ်ခင်ဗျ။...

ဆရာတော် မောင်းနှင်လာသည့်ကား ဝင်တိုက်၍ ပထမတန်းကျောင်းသားတစ်ဦး သေဆုံး

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် သာဂရမြို့ မြောက်ဖက် ၂ မိုင်ခန့်အကွာ ဒေဝကျေးရွာ အနီးတွင် ဇူလိုင် ၁၅ ရက် နေ့ လယ် ၁၂ နာရီ ၄၅ မိနစ်အချိန်ခန့်က ဆရာတော်တစ်ပါး မောင်းနှင်လာသည် ယာဉ်မှ နေ့လယ် ထမင်းစားကျောင်းဆင်းလာ သည့် ကျောင်းသားကလေးငယ်များအား အရှိန်လွန်ကာ ဝင်တိုက်မိခဲ့သည့်အတွက် ကလေးငယ်တစ်ဦးသေဆုံးသွားခဲ့ကြောင်း သိရသည်။ ရန်ကုန် – မန္တလေး ကားလမ်းအတိုင်း မြောက်မှတောင်သို့ ဆရာတော် ဥူးပညာဇောတ ( ၃၃ )နှစ် ဥသျှစ်ကုန်းရွာ သံတောင်ကြီး မြို့နယ် နေသူမောင်းနှင်လာသည် TOYOTA VITZ 9M ——- ယာဉ်သည် ဒေဝကျေးရွာ ဘုန်းတော်ကြီးကျောင်းရှေ့ တောင် ဘက်အလွန် ကားလမ်းအနောက်ဘက် မြေသားလမ်း အတိုင်းသွားနေသည့် ကျောင်းသား၊ကျောင်းသူများအား အရှိန်လွန်ဝင် တိုက်မိခဲ့သည့်အတွက် မောင်ဘုန်းကျော်မြင့်( ၇) နှစ်...

သစ်တံခါးဆရာတော်ဘုရားထံ ဗောဓိညောင်ပင်တော ရေစက်ချအလှူပွဲလေးအထမြောက်လို့ ပီတိဖြစ်နေတဲ့ ဆုပန်ထွာ

ပန်ပန်လို့ချစ်စနိုးခေါ်တဲ့ ဆုပန်ထွာကတော့ အောင်မြင်နေတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်သလို အဆိုတောတစ်ယောက်လည်းဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးကြမ်းမှုကို သေလောက်အောင်ချစ်တယ်ဆိုတဲ့ အခွေလေးနဲ့ အများကြီး သိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်။ဗောဓိညောင်(၁၀)ပင် အဓိဌာန်ဝင်နိုင်အောင် ဗောဓိညောင်ပင်တွေကို စိုက်ပျိုးလှူဒါန်းခဲ့တာဖြစ်ပြီးတော့ မိုးရွာနေတနတဲ့ ကြားက ကိုယ်တိုင်သန့်ရှင်းရေးတွေကို လုပ်ခဲ့တာဖြစ်ပြီးတော့ ဒီတခါမှာတော့ ဗောဓိညောင်(၁၀)ပင် ကို ရေစက်ချလှူဒါန်းတာအောင်မြင်ခဲ့တာဖြစ်ပါတယ်။ “သစ်တံခါးဆရာတော်ဘုရားကိုယ်တိုင် ဘုရားအနေကဇာတင်နဲ့ အလှူရေစက်ချအခမ်းအနားပွဲကို စွယ်တော်ဘုရားဝန်းထဲက “ဗောဓိညောင်ပင်တော” ထဲမှာအောင်အောင်မြင်မြင် ရေစက်ချပေးခဲ့ပါပြီ။ “ဗောဓိညောင်(၁၀)ပင် အဓိဌာန်ဝင်ကြသူများအားလုံးရဲ့အလှူအထမြောက်ခဲ့ပါပြီရှင်။ ကိုယ်စေတနာနဲ့ကြိုးစားလုပ်ပေးခဲ့တဲ့ကုသိုလ်တွေကြောင့် အဓိဌာန်ဝင်သူတွေအဆင်ပြေကြတယ်ပြောတာနဲ့တင် ပီတိလေးနဲ့အမောပြေပါတယ်ရှင်” ဆိုပြီးတော့ သူမရဲ့ အလှူလေးအထမြောက်လို့ပီတိဖြစ်နေတာကို လူမှုကွန်ရက် စာမျက်နှာမှာ ရင်ဖွင့်ပြောပြခြ့တာဖြစ်ပါတယ်။ ဓမ္မမိတ်ဆွေ ညီအစ်မတွေများလွန်းလို့ ဘုန်းဘုန်းပြောသလိုကိုယ့်ဘက်က အပြုံးလေးတစ်ပွင့်များမပေးခဲ့မိရင် ခွင့်လွှတ်ပေးဖို့တောင်းပန်ရင်း၊ အားလုံးကိုချစ်ပါတယ်လို့လည်း ပြောပြခြ့ပါသေးတယ်နော်။ပရိသတ်ကြီးရေ အလှူလေးအထမြောက်လို့ ပီတိဖြစ်နေရတဲ့ ပန်ပန် အတွက် မှတ်ချက်လေး ပြောပြခဲ့ပါဦးနော်။

ဧရာဝတီဘဏ် အငယ်တန်းစားရေးမက ဘဏ်အပ်ငွေ သိန်း(၂၁၀၀) ကို သူ့ရည်းစားဖြစ်သူရဲ့ ငွေစာရင်းထဲ လွှဲပြောင်းပေးမှုဖြစ်ပွား

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့ ၁၀၃၀ အချိန် မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်ရှိ ဧရာဝတီ ဘဏ်ခွဲ(၄၅)တာဝန်ခံ မအိသူမြင့်(၂၉)နှစ် သည် ဘဏ်လုပ်ငန်းဆောင်ရွက်နေစဉ် ၎င်းဘဏ်မှ အငယ်တန်း စာရေး မနှင်းဦးဝေ(၂၆)နှစ်မှ ဒေါ်ကြင်မြင့်(၅၅)နှစ် ပိုင်ဆိုင်သည့် ငွေစာရင်းအမှတ်အား သုံးစွဲ၍ ငွေကျပ် ၂,၁၀၀ သိန်းအား ၎င်း၏ ရည်းစားဖြစ်သူ ဖြိုးဝေစိုး(၂၅)နှစ်၏ ငွေစာရင်းသို့လွှဲပြောင်းပေးခဲ့ရာ ဖြိုးဝေစိုးက ငွေကျပ် ၂,၁၀၀ သိန်းအနက်မှ ငွေကျပ် ၁,၇၀၀ သိန်းအား လှိုင်သာယာမြို့နယ်ရှိ ဧရာဝတီဘဏ်ခွဲ(၂)မှ ထုတ်ယူသွားခဲ့ကြောင်း တွေ့ရှိရသဖြင့် မနှင်းဦးဝေနှင့် ဖြိုးဝေစိုးတို့အား ဘုရင့်နောင်နယ်မြေ ရဲစခန်း(ပ)၁၂၄၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၀၈/၁၁၄(စာရေးမှ ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု၊ အားပေးကူညီမှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။  

မီတာခတိုးမြှင့်ကောက်ခံခြင်းကို ဆိုင်းငံထားရန် အစိုးရသို့ တိုက်တွန်းကြောင်း အရေးကြီးအဆို လွှတ်တော်သို့ တင်ခွင့်မရ

လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံခြင်းကို ဆိုင်းငံထားရန် အစိုးရသို့ တိုက်တွန်းထားသည့် အရေးကြီးအဆိုအား လွှတ်တော်သို့ တင်သွင်းခွင့်မရခဲ့ကြောင်း သိရသည်။အဆိုကို လွှတ်တော်သို့ တင်သွင်းရန် ဇူလိုင်လ ၁၅ ရက်က ပြည်ထောင်စုလွှတ်တော် ညွှန်ကြားရေးမှူးချုပ်ထံသို့ တင်ပြခဲ့ပြီး အ ဆိုပါ ကိစ္စမှာ လွှတ်တော်အနေဖြင့် ရှင်းလင်းရန်မလိုသောကြောင့် တင်သွင်းခွင့် မပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “အန်ကယ့်အမြင်ကတော့ လျှပ်စစ်ဝန်ကြီးဌာနက စီးပွားရေးလုပ်တဲ့ ဝန်ကြီးဌာန မဟုတ်ဘူး။ ပြည်သူအတွက် အလုပ်လုပ်တဲ့ ဌာန၊ စီးပွားရေး လုပ်တယ်ဆိုရအောင်လည်း စဉ်းစားကြည့်လေ။ သူတို့က ဘယ်သူ့ပိုက်ဆံနဲ့ လုပ်တာလဲ။ ပြည်သူအခွန် အ ကောက်နဲ့ လုပ်တာလား”ဟု အဆိုကို တင်သွင်းရန်ကြိုးပမ်းခဲ့သည့် မိတ္ထီလာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက သတင်းမီဒီယာများသို့ ပြောသည်။ မီတာခဈေးတက်ခြင်းနှင့်ပတ်သက်ပြီး ပြည်သူများ ကုန်ဈေးနှုန်းကြီးနေသောအချိန်၊ မဖြစ်မနေ ပြည်သူတိုင်း ထမ်းဆောင်ရမည့် အခွန်အကောက်များ ထမ်းဆောင်နေရချိန်တွင် မီတာခပါ ထပ်တက်လာပါက...

မန္တ​လေးတိုင်းတွင် လျှပ်စစ်မီး ခိုးယူသုံးစွဲသူများထံက ဒဏ်ကြေးငွေ ကျပ် ၁ ဘီလီယံကျော်ရရှိ

မန္တ​လေးတိုင်းမှာ ပြီးခဲ့တဲ့ ၁၄ လအတွင်း တရားမဝင်ဓာတ်အားခိုးယူ သုံးစွဲမှုပေါင်း ၁၀၁ မှု တွေ့ရှိခဲ့ပြီး ဒဏ်ကြေးငွေ ကျပ်သန်းပေါင်း ၁၀၂၁သန်းကျော် ရရှိခဲ့တယ်လို့ မန္တ​လေးတိုင်း ဒေသကြီး လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ကနေ သိရပါတယ်။၂၀၁၈ ခုနှစ် ဧပြီလကနေ ၂၀၁၉ခုနှစ် မေလအတွင်း အခုလို ဒဏ်ကြေးငွေ ကျပ်သန်းပေါင်း ၁၀၀၀ ကျော် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ဓာတ်အားတရားမဝင်ခိုးယူသုံးစွဲမှုမှာ စက်ရုံအလုပ်ရုံတွေက ခိုးယူသုံးစွဲတာ အများဆုံး ဖြစ်ပြီး သံရည်ကြိုစက်ရုံအချို့က ခိုးယူသုံးစွဲမှု ပိုမိုများပြားတယ်လို့ မန္တ​လေးတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဒုတိုင်း အထွေထွေမန်နေဂျာ ဦးမြင့်လွင် ကပြောပါတယ်။ “စက်ပစ္စည်းတွေဝန်အားက ဘယ်လောက်ရှိတယ်ဆိုတာ ကျနော်တို့ ခန့်မှန်းလို့ ရတယ်လေ။ တနာရီသုံးရင် ဘယ်လောက်ရှိတယ်။ တနေကုန်သုံးရင် ဘယ်လောက်ရှိတယ်။ နှစ်ဆယ့်လေးနာရီ သုံးရင် ဘယ်လောက်ရှိတယ်။ သို့သော်လည်းပဲ သူ့ရဲ့ယူနစ်တွေကို ပြန်ကြည့်လိုက်ရင် သူ့ စက်ရုံပမာဏနဲ့ သူသုံးစွဲနေတဲ့...

စောင့်ထိန်းအပ်တဲ့ လူမှုစည်းကမ်းတစ်ခု ကိုပြောပြလာတဲ့ စိုင်းစိုင်း နဲ့ ချစ်သုဝေ

ပြည်သူလူထုတွေကြားမှာ အရမ်းကို ဟစ်ဖြစ်နေတဲ့ ဗစ်တိုးရီးယားလေးကိစ္စနဲ့ ပတ်သက်ပြီး အနုပညာရှင်များစွာက ၀န်းရံခဲ့ကြပါတယ်။ ဒီလိုဝန်းရံကြတဲ့ နေရာမှာ ချစ်သုဝေ နဲ့ လင်းလင်းတို့ ကတော့ အစွမ်းကုန်ကူညီခဲ့ကြသူတွေပါ။ ယနေ့မှာတော့ သမီးလေးနဲ့ ပတ်သက် တဲ့ သတိထားရမယ့် အကြောင်းအရာတွေကို ပြောထားတဲ့ မေတ္တာရပ်ခံပန်ကြားချက်ကို ပြန်လည်မျှဝေရင်း စောင့်ထိန်းအပ်တဲ့ လူမှုစည်းကမ်းဘဲ ဆိုကာ အဆိုတော်၊သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင် နဲ့ ချစ်သုဝေတို့က ရေးသားဖော်ပြခဲ့ပါတယ်။ မေတ္တာရပ်ခံပန်ကြားချက် ထဲမှာတော့ သမီးတို့မိသားစုဟာ တရားရုံးကို လာရောက်ထွက်ဆိုဖို့ရှိတာကြောင့် အဲ့ဒီအချိန်မှာ သမီးလေး အပါအ၀င် မိသားစုတွေရဲ့ ဓါတ်ပုံကို ရိုက်ကူးခြင်း၊ မျှဝေခြင်းတွေ လုံးဝမလုပ်ကိုင်ဖို့ တောင်းပန်ထားပါတယ်။ သူတို့ရဲ့ မေတ္တာရပ်ခံချက် အပြည့်အစုံကတော့ “သမီးလေး ဗစ်တိုးရီးယားနဲ့ မိသားစု တရားရုံးကို လာရောက်ထွက်ဆိုတဲ့အခါ မိသားစုဝင်တွေနဲ့ အထူးသဖြင့် သမီးလေးရဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို မတင်ဖို့ မီဒီယာတွေကို...

လူတိုင်းလူတိုင်း နီလန်းလိုဖြစ်ရပ်မျိုးလေးမကြုံရပါစေနဲ့လို့ ဝမ်းနည်းစရာသီချင်းလေးနဲ့ ဆုတောင်းပေးလိုက်တဲ့ နီလန်း

အချစ်က ဘဝတစ်ခုလို့ပြောရမယ်ဆိုရင်လည်း မမှားပါဘူး။ အချစ်ရှိလို့ ဘဝမှာ နေရတာပျော်ရွှင်ပြီး အဓိပ္ပါယ်ရှိလာခဲ့သူတွေလည်း အများကြီးပါ။ အချစ်ကြောင့် ဘဝကြီးကို စတေးပစ်ရလောက်အောင်အထိ အချစ်ကြီးတတ်သူတွေလည်း ဒီလောကကြီးမှာ တွေ့မြင်ကြားသိနေကြရတာမို့ အချစ်ရဲ့ အခန်းကဏ္ဍက ဘဝမှာ ဘယ်လောက်အရေးပါလဲဆိုတာ တွေးမိကြမှာပါ။ မြန်မာအိုင်ဒေါ Season-3 ကတဆင့် လူသိများထင်ရှားလာတဲ့ နီလန်းဟာလည်း အချစ်ရဲ့ ထိုးနှက်မှုဒဏ်တချို့ကို ခံစားခဲ့ရပါတယ်။ ပြိုင်ပွဲဝင်နေစဉ်ကာလအတွင်းမှာ ချစ်သူရဲ့ ကွယ်လွန်သွားမှုသတင်းဟာ နီလန်းလို လူငယ်အရွယ်လေးအတွက်တော့ ဖြတ်ကျော်ဖို့ ခက်ခဲတဲ့ တောင်တစ်ခုဖြစ်နေခဲ့ပါတယ်။ သို့ပေမယ့် သူမကိုချစ်တဲ့ပရိသတ်တွေရဲ့ အားပေးမှုတွေကြောင့် မြန်မာအိုင်ဒေါရဲ့ 2nd Runner Up အထိ ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။ နီလန်းဟာ နှုတ်ဆက်ထွက်ခွာသွားခဲ့တဲ့ ချစ်ရသူလေးကို ချင်းပြည်ပြန်တိုင်း သတိတရနဲ့ သွားရောက်နှုတ်ဆက်ခဲ့ပါတယ်။ ချစ်သူနဲ့အတူ ရှိခဲ့တဲ့အချိန်တွေကိုလည်း အမြဲတမ်း သတိတရရှိနေတဲ့ သူမရဲ့ လွမ်းဆွတ်မှုအတိုင်းအတာတွေကိုလည်း မကြာခဏ တွေ့မြန်ရပြန်ပါသေးတယ်။ နီလန်းကတော့ ဒီနေ့လေးမှာ သူမချစ်သူကိုရည်ရွယ်ပြီးတော့ ရေးသားထားတဲ့ ဝမ်းနည်းဖွယ်သီချင်းလေးကို ပရိသတ်တွေဆီအရောက်ပေးပို့ခဲ့ပါတယ်။ ပြီးတော့ သူမလိုအဖြစ်မျိုး လူတိုင်းမကြုံတွေ့ရပါစေနဲ့လို့လည်း ဆုတောင်းပေးထားပြန်ပါသေးတယ်။ ဒီသီချင်းလေးထဲမှာတော့ နီလန်းက...

သူထူးစံနဲ့ ရည်းစားဖြစ်ခဲ့တာ ပြောလို့မပြီးဘူးဆိုတာကို တုန့်ပြန်လိုက်တဲ့ ခွန်းဆင့်နေခြည်

ပရိသတ်တွေကို အဆိုပိုင်းနဲ့ရော သရုပ်ဆောင်ပိုင်းနဲ့ပါ ညို့အားပြင်းပြင်းနဲ့ဖမ်းစားထားတဲ့ ပရိသတ်အချစ်တော်ခွန်းဆင့်နေခြည်ဟာအနုပညာလောကနဲ့ နည်းနည်းအလှမ်းဝေးခဲ့ပြီး လက်ရှိအချိန်မှသာ မှောဝင်သမန်းကျားဆိုတဲ့ကားနဲ့ ပြန်လည်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ ဒီမှော်ဝင်သမန်းကျား ရုပ်ရှင်ကားကြီးနဲ့ အမျိုးသားဇာတ်ဆောင်ဆုကို သူထူးစံက ရရှိခဲ့ပါတယ်။ အခုနောက်ပိုင်း ပရိသတ်တစ်ချို့က အင်တာဗျူးဖြေရင် သူထူးစံနဲ့ အရင်က ရည်းစားဖြစ်ခဲ့တာကိုပဲ ပြောနေတယ်ဆိုပြီး ဝေဖန်မှုတွေအပေါ်မှာ အင်တာဗျူးတစ်ခုကနေ တုန့်ပြန်လိုက်ပါတယ်။ ခွန်းဆင့်နေခြည်က “အဓိက အစ်မပြောချင်တာကတော့ ကိုသူထူးစံနဲ့ မခွန်းဆင့်ဆိုတာက ဟိုးအရင်ကလေးဘဝထဲက သူငယ်ချင်းပါ။ သူငယ်ချင်းကနေ တဖြည်းဖြည်းနဲ့ ဒီလိုမျိုး ရင်းနှီးပြီး မိတ်ဆွေ အဆင့်ရောက်တယ် ချစ်သူဖြစ်ခဲ့တယ်။ဒါကတော့ အမှန်အတိုင်း ပြောပြတာပါ။ ဒါကိုပဲ ပြောလို့ မပြီးဘူးလားဆိုပြီး လူတွေကလိုက်လိုက်ပြောကြတယ်။ ဒါပေမယ့် မခွန်းဆင့်က ပြောလို့မပြီးစရာအကြောင်းလဲမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ မခွန်းဆင့်လဲ အခု လက်ရှိအချိန်မှာ ကိုယ့် life နဲ့ကိုယ် ကိုယ့်ရဲ့ပါတနာရှိတယ် ချစ်သူရှိတယ်။ သူလဲ သူ့အိမ်ထောင်နဲ့သူ ။ ပြီးတော့လဲ...

ဗုဒ္ဓဘာသာခံယူလိုက်ပြီး ရွှေသင်္ကန်းကပ် ကိုယ်တိုင်ဂုဏ်တော်တွေရွတ်ဖတ်ပူဇော်နေတဲ့ ဘူဂေးရီးယားသူ

ကိုယ်ယုံကြည်ရာဘာသာတရားကို လွတ်လပ်စွာကိုးကွယ်ခွင့်ရရှိထားကြတဲ့အတိုင်း ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လို့ ကိုယ်တိုင် ဗုဒ္ဓဘာသာအဖြစ် ခံယူလိုက်ကြသူတွေလည်း အများအပြားပါ။ မြန်မာနိုင်ငံက လူဦးရေအများစုဟာ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကိုးကွယ်ကြသူတွေဖြစ်ပြီးတော့ ဘာသာတရားအပေါ်မှာလည်း ကိုင်းရှိုင်းရိုသေ လိုက်နာကြသူတွေဖြစ်ပါတယ်။ ယခုလည်း နိုင်ငံခြားသူတစ်ဦးဖြစ်တဲ့ ဘူဂေးရီးယားနိုင်ငံသူလေးတစ်ယောက် ဗုဒ္ဓဘာသာကို ခံယူပြီးတော့ ကိုယ်တိုင် ရွှေသင်္ကန်းကပ် ဂုဏ်တော်တွေ ရွတ်ဖတ်ပူဇော်နေတာဟာ လေးစားစရာကောင်းလွန်းလှပါတယ်။ အတုယူဖွယ်ကောင်းလှတဲ့ ဘူဂေးရီးယားသူလေးရဲ့ ဘာသာတရားအပေါ် ကိုင်းရှိုင်းပုံကို ဖော်ပြပေးလိုက်ပါတယ်။