အဝင်းနဲ့ နေခြည်ဦးတို့ပါဝင်မယ့် ”အိပ်မက်တွေမိုးထားတဲ့ အိမ်”

မိုရီဆာကီဝင်းနဲ့ နေခြည်ဦးတို့ ရဲ့ ပထမဆုံးအကြိမ် အတူတူသရုပ်ဆောင်ရမယ့် ရုပ်ရှင်ဇာတ်ကားကြီး ကိုတော့ ‘’အိပ်မက်တွေ မိုးထားတဲ့အိမ်’’ ဆိုပြီးနာမည်ပေးထားတာဖြစ်ပါတယ်။မိုရီဆာကီဝင်းနဲ့ နေခြည်ဦးတို့ပါဝင်မယ့် ရုပ်ရှင်ဇာတ်ကားကိုတော့ ၁၀ လပိုင်းမှာရိုက်ကူးတော့ မယ်လို့ သိရပါတယ်။ နောက်ထပ် သရုပ်ဆောင်များစွာလည်း ပါဝင်တယ်လို့ ထုတ်လုပ်သူ ကိုဝေမင်းမောင်က ပြောပါတယ်။ ‘’အိပ်မက်တွေမိုးထားတဲ့အိမ် ဇာတ်လမ်းတွဲ အား ၂၀၁၉ အောက်တိုဘာလမှစတင်ပြီး ရိုက်ကူးသွားပါတော့မည်။ မိုရီဆာကီဝင်း၊ နေခြည်ဦး၊ ချမ်းမင်းရဲထွဋ်၊ အောင်လေး၊ အုပ်စိုးခန့်၊ ညီနန္ဒ ၊ ရွှေရင်အေး၊ သဲနန္ဒာစိုး ၊ မေနွယ်ထွန်း၊ ဝမ်ဝမ်း၊ ကေညီ၊ ဒါရိုက်တာ ပွင့်သီင်္ဂီဇော်၊ ဇာတ်ညွှန်း မိုးစက်ဝိုင်၊ MNTV နှင့် Myanmar Media 7 တို့မှ ပူးပေါင်းတင်ဆက်သည်’’ ဆိုပြီးတော့ 7Sense Production ရဲ့ ထုတ်လုပ်သူ ကိုဝေမင်းမောင်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဇူလိုင်လ...

သုတအောင်ရဲ့ စနိုက်ကျော်မှုကြောင့် ချစ်သူကိုဆုံးရှုံးလိုက်ရတဲ့ ဟန်ထူးဈာန်

ဟန်ထူးဈာန်ကတော့ အိမ်မက်ဆုံရာ ပြိုင်ပွဲကနေ ပရိသတ်တွေ သတိထားမိလာတဲ့ အဆိုရှင်တစ်ဦးဖြစ်ပြီး ဇာတိကတော့ ပြည်မြို့သားတစ်ယောက်ပဲ ဖြစ်ပါတယ်။ မိန်းကလေးပရိသတ်တွေများစွာဝန်းရံခံနေရတဲ့ သူတစ်ယောက်ဖြစ်တဲ့အပြင် အဆိုပိုင်းသာမက သရုပ်ဆောင်ပိုင်းကိုလည်း စိတ်ဝင်တစားလုပ်ဆောင်တတ်သူတစ်ဦးလည်း လို့ဆိုနိုင်ပါတယ်။ဇာတ်လမ်းတွဲသစ်တွေလည်း ရိုက်ကူးနေပြီး သူ့ရဲ့ပရိသတ်တွေကလည်း ဇာတ်လမ်းတွဲတွေထွက်လာတဲ့အခာမှာ အားပေးစောင့်ကြည့်ဖို့ အသင့်ရှိနေကြတာပဲ ဖြစ်ပါတယ်။ “လိမ်လိမ်မာမာနေပါကလေးရယ်”သီချင်းနဲ့ ပရိသတ်တွေရဲ့ ထပ်မံအားပေးမှုကို ရရှိခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ ထိုသီချင်းဟာ ရေပန်းစားလူကြိုက်များခဲ့တာပဲ ဖြစ်ပါတယ်။သူငယ်ချင်းတွေနဲ့အတူ ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် နေတတ်သူတစ်ယေက်ဖြစ်ပြီး ဘာသာတရားကိုင်းရှိုင်းကာ အလှူအတန်းများကိုမကြာခဏပြုလုပ်လေ့ရှိသူတစ်ဦးလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ နေခြည်ရွှန်းလက်၊သုတအောင်တိုနဲ့ အတူTikTokလေးဆော့ထားတာပဲ ဖြစ်ပါတယ်။ TikTok ပုံစံလေးကတော့ နေခြည်ရွှန်းလက် နဲ့ ဟန်ထူးဈာန်ဟာစုံတွဲတွေ ဖြစ်ကြပြီး နေခြည်ရွှန်းလက်နဲ့သုတအောင်က နှစ်ယောက်ပေါင်းပြီး နောက်ကျောဓားနဲ့ထိုးကာ သစ္စာဖောက်သွားကြတဲ့ပုံစံလေးကို ဆော့ကစားထားကြတာပဲ ဖြစ်ပါတယ်။ဖောက်ပြန်တတ်တဲ့သူက ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ဖောက်ပြန်တတ်တာကို သရုပ်ပြထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေခြည်ရွှန်းလက်၊သုတအောင်နဲ့ ဟန်ထူးဈာန်တို့ရဲ့ TikTok...

မင်္ဂလာတောင်ညွှန့်မြို့နယ်မှာ တိုက်ခန်းအတွင်း ဖောက်ထွင်းခိုးသူက လင်မယားနှစ်ဦးကို ဓားဖြင့်ထိုးမှုဖြစ်စဉ်

မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် နေအိမ်တိုက်ခန်းအတွင်း ဖောက်ထွင်းဝင်ရောက်သူက လင်မယားနှစ်ဦးကို ဓားဖြင့်ထိုးမှု ဇူလိုင် ၃၀ ရက်၊ နံနက် ၅ နာရီခန့်ကဖြစ်ပွားခဲ့ပြီး အမျိုးသားသေဆုံးကာ ဇနီးဖြစ်သူ အပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း အခင်းဖြစ်နေရာမှ စုံစမ်းသိရှိရသည်။အဆိုပါမြို့နယ် ဗိုလ်မင်းရောင်လမ်းနှင့် ၁၁၈ လမ်းထောင့်၊ သဟပုညကာရီဆွမ်းလောင်းဓမ္မာရုံနှင့် မျက်နှာချင်းဆိုင် ခြောက်လွှာတိုက်၏လေးလွှာညာခြမ်း တိုက်ခန်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဓားထိုးခံရသူအမျိုးသမီးက ပတ်ဝန်းကျင်ထံအော်ဟစ်အကူညီတောင်းခံကာ သူခိုးဟုလည်း အော်ဟစ်ခဲ့ကြောင်းသိရသည်။ လူသတ်မှုဖြစ်ပွားသည့် တိုက်အနီးနေထိုင်သူအမျိုးသမီးတစ်ဦးက ” ကျွန်မတို့ဈေးကနေ မနက် ၅ နာရီလောက်မှ အိမ်ပြန်လာတယ်။ တိုက်အောက်ရောက်တော့ ကယ်ကြပါအုံး၊ ကယ်ကြပါအုံးဆိုပြီး အော်သံကြားရတယ်။ ကောင်မလေးတစ်ယောက်အော်သံပါ။ ကျွန်မတို့လည်း အသံဘယ်ကလာတာလဲဆိုပြီး ဘယ်အထပ်ကလဲ ဆိုပြီး မေးတယ်။ နည်းနည်းကြာတော့ လေးလွှာကနေ လက်ကလေးအရင်ထွက်လာတယ်။ ဓားနဲ့အထိုးခံရပါတယ်ဆိုပြီးတော့။ ရဲစခန်းကို ဖုန်းဆက်ပေးမယ်ဆိုပြီး ဖုန်းဆက်တယ်။ ရဲတွေချက်ချင်းရောက်လာပါတယ်။ နောက်အဲ့ကောင်မလေးက ကိုယ်တစ်ပိုင်းထွက်လာတယ်။ အိမ်ထဲမှာလည်း လူသတ်သွားတယ် တစ်ယောက်သေနေတယ်ပေါ့။ ကလေးလေးလည်း...

မုဒိမ်းသမားနေရာတွင် သရုပ်ဆောင်ရန် လာရောက်လျှောက်ထားသူ တစ်ထောင်နီးပါးရှိပြီဖြစ်ကြောင်းပြောပြလာတဲ့ ဒါရိုက်တာ ညိုမင်းလွင်

ဒိမ်းကျင့်ခံရပြီးအသတ်ခံလိုက်ရသည့် မြမြရဲ့အကြောင်းကို ဇာတ်လမ်းအသွင်ပြန်လည်ရိုက်ကူးမည့် ဒါရိုက်တာ ညိုမင်းလွင် က မုဒိမ်းသမားနေရာပ သရုပ်ဆောင်ရန် သရုပ်ဆောင် သုံးဦးခေါ်ယူရာတွင် ယခုလာရောက်လျှောက်ထားသူ တစ်ထောင်နီးပါး ရှိကြောင်း ဒါရိုက်တာညိုမင်းလွင်ကပြောသည်။မြမြ နေရာမှာ ပါဝင်သရုပ်ဆောင်မည့် အမျိုးသမီးသရုပ်ဆောင်ကိုရွေးချယ်ပြီးပြီ ဖြစ်သလို မုဒိမ်းသမား သုံးဦးနေရာတွင် သရုပ်ဆောင်မည့် အမျိုးသားသုံးဦး ကို ဒါရိုက်တာ ညိုမင်းလွင် ကိုယ်တိုင်အသုံးပြုသော လူမှုကွန်ယက်စာမျက်နှာ ကနေ တရားဝင်ကြော်ငြာ ခဲ့သည်။ “မြမြ နေရာမှာ သရုပ်ဆောင်မယ့် သူ ကို ကျွန်တော်ကိုယ်တိုင်ရွေူးချယ်ထားပြီးပါပြီ။သူက ဘယ်လောက်ထိ လုပ်နိုင်မလဲ ဆိုတာကို ကျွန်တော် လည်းသိသလို ကျွန်တော်ဘာကိုဆိုလို ချင်တယ် ဘာကို လုပ်ချင်တယ် ဆိုတာကအစသူသိတယ်။ တစ်ယောက်နဲ့ တစ်ယောက်စိတ်ရှင်းရှင်းလင်းလင်းနဲ့ ယုံယုံ ကြည်ကြည် နဲ့ လုပ်လို့ရတဲ့ မင်းသမီး ထဲမှာသူပါတယ်။ အဲဒါကြောင့် ရိုက်ဖို့ ဆုံးဖြတ်လိုက်တဲ့ အချိန်မှာ သူ့ကို ပဲမျက်စိထဲမှာမြင်တယ်...

ရေနံ​ချောင်း​ ကျေးရွာနှစ်ရွာပဋိပက္ခဖြစ်​စဉ်​မှ ရွာသား ၄ ဦးကို ဖမ်းဆီး

ရေနံ​ချောင်းမြို့နယ်မှာ ​ လူ ၄၀ နီးပါး​သေဆုံးခဲ့ရတဲ့ ရွာနှစ်ရွာ မြေယာအငြင်းပွား ပဋိပက္ခဖြစ်​စဉ်နဲ့ ပတ်သက်ပြီး ကျမ်းကိုင်​ကျွန်း​ကျေးရွာနဲ့ ဖရဲကျွန်း​ကျေးရွာ​နေ ​ဒေသခံ ၄ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး လိုက်ပါတယ်။ဖရဲကျွန်းရွာသား ကိုသန်းဦး၊ ကျမ်းကိုင်ကျွန်းကျေးရွာအုပ်စု ကံသာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းဦး၊ ကံသာကျေးရွာ အိမ်ရှင် ဦးမောင်ဝင်းနဲ့ ဦးဝင်းဦးတို့ကို ရဲတပ်ဖွဲ့က ဇူလိုင် ၃၀ရက် ​နေ့လည်​ပိုင်းက ဖမ်းသွားတာလို့ ဖရဲကျွန်း​ကျေးရွာ အုပ်​ချုပ်​​ရေးမှူး ဦးမျိုး​ဇော်​သန့်​က ပြောပါတယ်​။ ဇူလိုင်​ ၂၃ ရက်​​က ​ဖရဲကျွန်း​ကျေးရွာနဲ့ ကန်​သာ​ကျေးရွာတို့အကြား ဧရာဝတီမြစ်​အတွင်းက ​မြေနုကျွန်းပိုင်​ဆိုင်​​မှုနဲ့ ပတ်သက်လို့ အငြင်းပွားပဋိပက္ခဖြစ်​ခဲ့ရာက လှေမှောက်ပြီး ရွာသား ၄၀ နီးပါး​သေဆုံးခဲ့ရတာပါ။ဒီကနေ့အထိ ဧရာဝတီမြစ်​အတွင်းက အ​လောင်း ၂၇ ​လောင်းသာ မြစ်​အတွင်းကနေ ရှာ​ဖွေ​တွေ့ရှိထားပြီး ၁၀ ဦး​လောက် ပျောက်ဆုံးဆဲဖြစ်ပါတယ်​။ Credit-ဒီဗွီဘီ

ရုပ်ရှင်ကားကြီး ရိုက်ကူးဖို့အတွက် ရောက်ရှိနေတဲ့ ထိုင်းအလှမယ် ဆွန်ဆွန်

ထိုင်းနိုင်ငံမှာသာမက မြန်မာနိုင်ငံမှာလဲ နာမည်ကြီးတဲ့ ထိုင်းအလှမယ် Mae Ya Sun Sun ဟာ ဇူလိုင်လ (၃၀)ရက်နေ့ကမြန်မာနိုင်ငံကို တတိယအကြိမ်ရောက်ရှိလာခဲ့ပါပြီ။ သူမက မြန်မာနိုင်ငံက အနုပညာရှင်တွေနဲ့ ရုပ်ရှင်ကားကြီး ရိုက်ကူးဖို့အတွက် ရောက်ရှိ လာတာ ဖြစ်တယ်လို့လဲ သိရပါတယ်။ ဒီတစ်ခါ ရုပ်ရှင်ကားကြီး ကိုနိုင်င့ကျော်မင်းသားနဲ့ ရိုက်ကူးရမှာဆိုတော့ သူမအနေနဲ့ အရမ်းကို စိတ်လှုပ်ရှား နေတယ်လို့လဲ သိရပါတယ်။ ထိုင်းအလှမယ် Sun Sun ဟာ ပထမဆုံးအကြိမ်အဖြစ် ၂၀၁၈ ခုနှစ် ဇွန်လ ၁၇ ရက်နေ့က မြန်မာနိုင်ငံကို အဆိုတော် ဟန်ထူးဈာန် ရဲ့ သီချင်း Mv မှာ သရုပ်ဆောင်ဖို့အတွက် ဟန်ထူးဈာန် ရဲ့ ဖိတ်ခေါ်မှုကြောင့် ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် သူမက ဒုတိယအကြိမ်အဖြစ် ကုန်ပစ္စည်းမိတ်ဆက်ပွဲတစ်ခုအတွက် ရောက်ရှိလာခဲ့သေးပါတယ်။ သို့ပေမယ့် ၂၀၁၉ခုနှစ် ဇူလိုင်လ...

ရိုက်ကွင်းမှာ ပုဆိုးကျွတ်ကျခဲ့တဲ့ ဦးလွင်မိုးကြောင့် မျက်နှာပျက်ခဲ့ရတဲ့ မခိုင်ကြီး

မခိုင်ကြီးလို့ ချစ်စနိုးခေါ်တဲ့ ထွန်းအိန္ဒြာဗိုလ်ကတော့ ပရိသတ်လူကြီးလူငယ်မရွေး အားပေးမှုကို တခဲနက်ပိုင်ဆိုင်ရရှိထားတာဖြစ်ပါတယ်။ ဟာသကာရိုက်တာဖြစ်ဖြစ် ၊လွမ်းဆွတ်စရာကာရိုက်တာဖြစ်ဖြစ် ကျရာကာရိုက်တာကို ပီပြင်အောင်သရုပ်ဆောင်နိုင်ပြီး” နှောင်းတမြေ့မြေ့”၊”အမေ့နို့ဖိုး”၊”မိုးကုတ်စက်ဝိုင်း”ကို ကျော်လွန်၍ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ အကောင်းဆုံး အကယ်ဒမီ(၃)ဆုကို ပိုင်ဆိုင်ရရှိထားခဲ့တာဖြစ်ပါတယ်။ မခိုင်ကြီးဟာဆိုရင် “သူစိမ်းအိမ်”ရုပ်ရှင်ဇာတ်ကားမှာ ဦးလွင်မိုး၊လင်းဇာနည်ဇော်၊ ဖွေးဖွေးတို့နဲ့ အတူ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီးလာမည့် သြဂုတ်လ (၁)ရက်နေ့မှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။ရုံတင်မပြသခင်ကတည်းက ဒီရုပ်ရှင်ဇာတ်ကားကြီးဟာဆိုရင် စိတ်ဝင်စားစရာများနဲ့ ပြည့်နက်နေတာကြောင့် လတ်တလောမှာ ပရိသတ်တွေသာမက အနုပညာရှင်တော်တော်များများရဲ့ အားပေးမှုကို ရရှိထားတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားလို့လည်း ဆိုနိုင်ပါတယ်။ “သူစိမ်းအိမ်”ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပတ်သက်လို့ ရိုက်ကွင်းမှာ အမှတ်တရအနေနဲ့ ကျန်ရစ်ခဲ့တဲ့ ဗီဒီယိုလေးတစ်ခုကတော့ ပရိသတ်တွေကြားမှာ ရေပန်းစားနေပြီး ကျရာကာရိုက်တာကို စိတ်နစ်ပြီးသရုပ်ဆောင်နေတဲ့ မခိုင်ကြီးကတော့ ပုဆိုးကျွတ်ခဲ့တဲ့ ဦးလွင်မိုးကြောင့် မျက်နှာပျက်ကာရှက်ရွံ့ခဲ့ရတာဖြစ်ပါတယ်။

အိမ်သစ်တက်ပွဲကို ခမ်ခမ်းနားနားကြီးကြီးကျယ်ကျယ်လုပ်ရာမှ မနာလိုစိတ်ဖြစ်ပွားပြီး အလုပ်ခံရတာတဲ့

သတင်းထူးတစ်ခု တင်ပြမယ်……ဒီခေတ်မှာ ဒီလိုရှိသေးလား ပေါ့….ရှိတယ် သိပ်ရှိတယ်။အိမ်သစ်တက်ပွဲကနေ စဖြစ်တာပါ။ အိမ်သစ်တက်ပွဲကို ခမ်ခမ်းနားနားကြီးကြီးကျယ်ကျယ်လုပ်လို့ မနာလိုလို့ အခုလို အောက်လမ်းနည်းနဲ့လုပ်တာတဲ့လေ။ မနာလိုတဲ့စိတ်က သိပ်ကြောက်ဖို့ကောင်းတယ်….သူများထမင်းလည်းလာစားသေးတယ်…..အိမ်ရှင်ကိုလည်း အခုမြင်ရတဲ့အတိုင်း အောက်လမ်းနည်းနဲ့ (လက်ညိုးနဲ့ဆံပင်ပတ်ပြီး)အိမ်ရှင်ဗိုက်ထဲ ဘယ်လိုထည့်သွားလည်းဆိုတာ လုပ်တဲ့လူပဲသိပါလိမ့်မယ်။ အိမ်သစ်တက်ပွဲလုပ်ပြီးတာနဲ့ ဒီပြဿနာစဖြစ်တာပါပဲ။အစက ဗိုက်နာတယ်နောက်တော့ ထမင်းပါစားလို့မရတော့ဘူး။တဖြည်းဖြည်းနဲ့ပိန်လာတယ်။ကုတာလည်း စုံလို့ပါပဲ။ကုန်လိုက်တဲ့ ပိုက်ဆံ။ဆေးရုံမှာခွဲစိပ်တယ်….ဗိုက်နာတာ မသက်သာဘူး….အသားသေးသေးလေး ယူထုတ်တယ်….မထူးဘူး။အခုကျတော့….အထက်လမ်းနဲ့ကုလိုက်တာ ဆေး ငါးခွက်သောက်တယ်…. ပါးစပ်ထဲကနေ လက်ညိုးကိုဆံပင်နဲ့ပတ်ပြီးထွက်လာတယ်။ဒါတွေက ပုံပြင်မဟုတ်ဘူး။ချမ်းသာရင် မနာလိုကြဘူး….ဆင်းရဲရင်လည်း အထင်သေးခံရတယ်….အခုတော့ တကာမလေး ထမင်းစားလို့ရသွားပြီ။ အောက်လမ်းဆိုတာ တကယ်ရှိတယ်။အပြောအဆို အနေအထိုင် ဆင်ခြင်ကြပါ။ လူ့ဘဝခဏလေးမှာ ဘာမှမဖြစ်တာ အကောင်းဆုံးပဲလေ။သူငယ်ချင်းတို့ ဗဟုသုတ အနေနဲ့မျှဝေပေးတာပါ။ ကူပြီး share ပေးပါဦး….။ အရှင်ဓမ္မသေန တစ်ကိုတော်ပရဟိတ

မဟနက အင်းစိန်ရွာမဆရာတော်အပါအဝင် ၂ ပါးအား ဆုံးမသြဝါဒပေးရန်ခေါ်ယူခဲ့ခြင်းမှာ လုပ်ထုံးလုပ်နည်း လွဲနေကြောင်း ဆရာတော်ဦးပါမောက္ခမိန့်ကြား

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(မဟန)က အင်းစိန်ရွာမဆရာတော်အပါအဝင်ဆရာတော်ကြီးနှစ်ပါးအား ဆုံးမသြဝါဒပေးရန် ခေါ်ယူခဲ့ခြင်းမှာ လုပ်ထုံးလုပ်နည်းလွဲမှားနေကြောင်း ဆရာတော်ဦးပါမောက္ခက မိန့်ကြားသည်။နိုင်ငံတော် သံဃမဟာနာယကအဖွဲ့(မဟန)မှ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း(ဗဟို)ဥက္ကဋ္ဌ အင်းစိန်ရွာမဆရာတော် ဦးတိလောကာဘိဝံသနှင့် ဒုတိယဥက္ကဋ္ဌဆရာတော် ဦးသီလက္ခန္ဓာဘိဝံသတို့ကို ဆုံးမသြဝါဒပေးရန် ခေါ်ယူခြင်းနှင့်ပတ်သက်ပြီး ယခုကဲ့သို့မိန့်ကြားခြင်း ဖြစ်သည်။ “ နိုင်ငံတော်သံဃမဟာနာယက သြဝါဒစရိယဖြစ်တဲ့ အင်းစိန်ရွာမဆရာတော် ဦးတိလောကာဘိဝံသက မဟာနာယကဆရာတော်ဘုရားရဲ့ သြဝါဒစရိယဖြစ်တယ်။ သြဝါဒစရိယကသြဝါဒပေးရမှာ။ အခုအခါက သြဝါဒစရိယက သြဝါဒကိုနာယူရမယ်ဆိုတော့ ပြောင်းပြန်ဖြစ်နေတယ်။ ကျောင်းဆရာဆရာမများက ကျောင်းသားတွေကိုစာသင်ပေးရမှာ။ အဲဒီလိုမဟုတ်ဘဲနဲ့ ကျောင်းသားတွေကနေပြီးတော့ ကျောင်းဆရာ၊ ဆရာမကို ပြန်ပြီးတော့သင်ပေးနေတယ်။ ပြောင်းပြန်ကြီးဖြစ်နေတယ်။ ဘုန်းကြီးကတော့ လုပ်ထုံးလုပ်နည်း လွဲမှားနေတယ်လို့ထင်တယ်” ဟု မကွေးကျောင်းဆရာတော် ဦးပါမောက္ခက အကုန်သိသတင်းဌာနသို့ မိန့်ကြားသည်။ ပြီးခဲ့သည့်ဇွန်လ ၁၆ ရက်နှင့် ၁၇ ရက်က အောင်ဆန်းတောရတပ်ဦးကျောင်းတွင် ပြုလုပ်ခဲ့သော အမျိုးဘာသာသာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း(ဗဟို) နှစ်ပတ်လည်စုံညီတွေ့ဆုံပွဲနှင့် သြဝါဒခံယူပွဲကိစ္စနှင့် ပတ်သက်၍ အင်းစိန်ရွာမဆရာတော် ဦးတိလောကာဘိဝံသနှင့်...

ဝမ်းရေးကြောင့် ဖိနပ်ချုပ်စားရတဲ့ ဇာတ်ပို့ ကိုပါကျဲကို တစ်ဖက်တလှမ်းက ကူညီပေးခဲ့ပြန်တဲ့ မြညိုလေး

ဇာတ်လမ်းတွဲမင်းသမီးလေး မြတ်သူသူဇင် ကတော့” ပျားရည်အိုင်” ဇာတ်လမ်းတွဲမှာ မြညိုဆိုတဲ့ဇာတ်ကောင်နဲ့ ပရိသတ်အားပေးမှု အပြည့်အဝရရှိလာခဲ့တဲ့ သူလေးပဲ ဖြစ်ပြီး မြညိုလို့ ပရိသတ်တွေမသိခင်ကတည်းက “ကံကံ၏အကျိုး”ဇာတ်လမ်းတွဲ ၊ချစ်ခွန်းခြွေသီချစ်သူဆီ၊ ရတနာထဲကရတနာ ၊တို့အပြင် ဝင်္ကပါစံအိမ်ဇာတ်လမ်းတွဲတွေပါ တို့မှာပါဝင်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ ရန်ကုန်ပရိသတ်တွေသာမက နယ်ပရိသတ်တွေပါ အားပေးချစ်ခင်ကြတဲ့သူလေးပဲ ဖြစ်ပါတယ်။ ရိုးရိုးယဉ်ယဉ်လေးနဲ့ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်တတ်သူလေးဖြစ်ပြီး ပရိသတ်တွေအပေါ်မှာလည်း တလေးတစားဆက်ဆံတတ်သူလေးပဲ ဖြစ်ပါတယ်။အင်တာဗျူးတိုင်းမှာလည်း ပွင့်လင်းရိုးသားစွာ ဖြေဆိုတတ်သူလေးဖြစ်တာကြောင့် ပရိသတ်တွေရဲ့အချစ်ကိုပိုမို ရရှိလာသူလေးဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေမရှိတာကြောင့် ဖိနပ်ချုပ်တဲ့အလုပ်ကိုလုပ်ရင်း ငွေရေးကြေးရေး အခက်အခဲဖြစ်နေတဲ့ ဇာတ်ပို့သရုပ်ဆောင် ကိုပါကျဲ ကို မြညိုလေးရဲ့ ကိုရီးယားမှာရှိတဲ့ အစ်မတစ်ယောက်က အလှူငွေလှူဒါန်းတဲ့အတွက် ကိုယ်စားလှူဒါန်းပေးခဲ့တာပဲ ဖြစ်ပါတယ်။”ကိုပါကျဲကို ကိုရီးယားမှာရှိတဲ့ အစ်မတစ်ယောက်က လှူတဲ့အလှူလေးမှာ ကိုယ်စားလှူပေးခဲ့ပါတယ်။ ကိုပါကျဲရဲ့အပျော်တွေနဲ့ ထပ်တူလည်းပျော်နေမိပါတယ် ။ကိုယ်စားလှူပေးရပေမယ့် အရမ်းကျေနပ်ပီတိဖြစ်မိပါတယ်။ “လို့ဆိုကာ လှူဒါန်းနေတဲ့ပုံရိပ်လေးတွေနဲ့အတူ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာ မှာ...