သမီးလေးနဲ့ ပြန်ဆုံနိုင်မယ့် တနေ့နေ့ကို မျှော်လင့်နေတယ်ဆိုတဲ့ ထက်ထက်မိုးဦး

ဘဝမှာ ပူလောင်မှုတွေထဲက အဆိုးဝါးဆုံးပူလောင်မှုဟာလည်း ကိုယ်မွေးထားတဲ့ သားသမီးတွေနဲ့ တကွဲတပြား ရှင်သန်နေရတာပါပဲ။ ထက်ထက်မိုးဦးဟာ တချိန်က သူမနာမည်နဲ့ ခေတ်တစ်ခုကို အောင်မြင်အောင် ထူထောင်နိုင်ခဲ့ပေမယ့်လည်း သူမဘဝဖြတ်သန်းခဲ့ရမှုတစ်ချို့ကတော့ အခက်အခဲတွေနဲ့ပါ။ ထက်ထက်မိုးဦးဟာ သမီးလေး စစ်လွန်းဝတီကိုမွေးဖွားခဲ့ပေမယ့် ယနေ့အချိန်မှာတော့ သူမတစ်ဦးတည်း ဘဝကို ရပ်တည်ရှင်သန်နေရတာဖြစ်ပါတယ်။ ထက်ထက်မိုးဦးဟာ ကံတရားကြောင့်ဖြစ်လာတဲ့အရာတွေအပေါ်မှာ ဖြေသိမ့်ပြီးတော့ ရှင်သန်နေခဲ့ပါတယ်။ သူမ အသက် (၇) နှစ်အရွယ်မှာ မိထွေးနဲ့ နေထိုင်ခဲ့ရပြီးတော့ ယခု သမီးလေးကို မွေးဖွားပြီး (၇) နှစ်အကြာမှာလည်း သမီးလေးနဲ့ ဝေးခဲ့တာကြောင့် သူမရဲ့ ငယ်စဉ်ဘဝအချိန်တွေကို ပြန်လည်တွေးမိနေခဲ့တာဖြစ်ပါတယ်။ သူမဘဝအတွက်တော့ အဲ့ဒီအချိန်တွေဟာ မိသားစုအသိုက်အဝန်းနဲ့မဟုတ်ဘဲ တစ်ယောက်တည်း အပြင်လောကကို ဖြတ်သန်းရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ထက်ထက်ဟာ သူမသမီးလေးကို ဝမ်းနဲ့လွယ်ပြီးမွေးဖွားထားတာဖြစ်တဲ့အတွက်ကြောင့် ဘယ်မိဘမှ ကိုယ်မွေးထားတဲ့ သားသမီးကို အစိမ်းဖြတ်မဖြတ်နိုင်ဘူးလို့ ဝမ်းနည်းစွာနဲ့ ဆိုပါသေးတယ်။ ဒါပေမယ့်လည်း ဖြစ်လာခဲ့တဲ့ ကံတရားကြောင့် အခြေအနေတစ်ခုကို လက်ခံရပေမယ့်...

မင်္ဂလာတောင်ညွှန့်မြို့နယ် ၁၁၈ လမ်းတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုအား CID က ကိုင်တွယ်စုံစမ်းနေ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မင်္ဂလာညွှန့်ရပ်ကွက်၊ အမှတ် (၇၉/၄၁) ၄ လွှာတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုအား မှုခင်းသတင်းတပ်ဖွဲ့ (CID) မှ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းရင်းမြစ်တခုမှ သိရသည်။ဖြစ်စဉ်မှာ ဇူလိုင်လ ၃၀ ရက်နေ့မနက် ၄ နာရီကျော်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ မင်္ဂလာတောင်ညွန့်ရပ်ကွက်၊ ၁၁၈ လမ်းထိပ်၊ အမှတ်(၇၉/၄၁) (၄)လွှာ တိုက်ခန်းအား လူတဦးက ဖောက်ထွင်းဝင်ရောက်စဉ် အိမ်ရှင်များနိုးလာသည့်အတွက် ၎င်းက အိမ်ရှင်များကိုဓားဖြင့်ထိုးကာ ပစ္စည်များလုယူထွက်ပြေးခဲ့ရာ အိမ်ရှင်အမျိုးသားမှာ ရရရှိသည့်ဓားဒဏ်ရာများဖြင့် ပွဲချင်းပြီးသေဆုံးခဲ့ပြီး၊ ဇနီးဖြစ်သူမှာ ကျောကုန်းတွင် ဓါးဒဏ်ရာများ(စိုးရိမ်ရ) ရရှိခဲ့ခြင်းဖြစ်သည်။ “ဖြစ်စဉ်ကတော့ ည ၂ နာရီနဲ့၊ ၃ နာရီကြားမှာ သေတယ်လို့သိရတယ်။ ကျောမှာ ဓားဒဏ်ရာအပြည့်နဲ့ မနက် ၆ နာရီလောက်ကျတော့ တာဝန်ရှိပုဂ္ဂိုလ်တွေက သွားတယ်ပေါ့နော်။ သွားပြီး တံခါးကိုခေါက်တော့ သေဆုံးတဲ့သူရဲ့အမျိုးသမီးက တံခါးကိုဖွင့်ပေးတယ်။ အဲ့ဒီ တခါးဖွင့်ပေးတဲ့အမျိုးသမီးမှာလဲ...

လှိုင်​သာယာ ​ပေါ်ဆန်း​မွှေး ၄ လမ်း မိသားစုလိုက်​​လူသတ်​မှုဖြစ်စဉ် အစအဆုံးအား မျက်မြင်ကိုယ်တွေ့ဖြစ်ခဲ့တဲ့ သမီးဖြစ်သူရဲ့ ရေးသားမှုအပြည့်အစုံ

လွန်​ခဲ့တဲ့ ရက်​ပိုင်း​လေးအတွင်းကပဲ လှိုင်​သာယာ​၊ ​ပေါ်ဆန်း​မွှေး ၄ လမ်းမှာ တိုက်​သစ်​​ဆောက်​ဖို့အတွက် ​အိမ်​ရှင်​​တွေက ငှါးရမ်းအလုပ်​​ပေးထားတဲ့ ပန်းရံအလုပ်​သမားတစ်​ဦးက ညသန်း​ခေါင်​ချိန်​ အိမ်​​ပေါ်တက်​ပြီး အိမ်​ရှင်​​တွေကို မိသားစုလိုက်​သတ်​ဖြတ်​မှု အခင်း ဖြစ်​ပွားခဲ့ပါတယ်​။အဲ့ဒီ အခင်းဖြစ်​စဉ်​မှာ သမီးဖြစ်​သူရဲ့ မျက်​စိ​ရှေ့မှာတင်​ပဲ မိဘနှစ်​ပါးအသတ်​ခံခဲ့ပြီး မိခင်​က ပွဲချင်းပြီး​သေဆုံးခဲ့သလို ဖခင်​က ​အ​ရေး​ပေါ်ဌာနမှာကုသမှုခံယူ​နေရတယ်​လို့ သမီးဖြစ်​သူရဲ့​​ရေးသားထားခဲ့တာပါ။ သမီးဖြစ်​သူမှာ သတင်းအပြည့်​အစုံမဟုတ်​ဘဲ ​လျှော့​​ပေါ့​ရေးသားထားချက်​​တွေ​ကြောင့်​ မိဘနှစ်​ပါးအသတ်​ခံရတဲ့ဖြစ်​စဉ်​အမှန်အတိုင်း​​ကို မိခင်​ရဲ့ဈာပနအတွင်း ရင်​နာနာနဲ့ပဲ အခုလို​ဖြေရှင်းပြသွားတာ ​တွေ့ရပါတယ်​။ “ဖြစ်စဉ်အပြည့်စုံဖတ်​​ပေးပါရန်​… လှိုင်​သာယာ ​ပေါ်ဆန်း​မွှေး ၄ လမ်း လူသက်​မှု -ေ​​​​​တာ်​စပ်​သူ #သမီး သတင်းအမှားများ ​ပေါ့​လျော့ထား​သောသတင်းများ​ကြောင့်​ ရင်​နာနာနှင့်​တင်​လိုက်​ရပါသည်​။ ကျမ၏အ​ရှေ့တွင်​မိဘနှပါး အသက်​ခံခဲ့ရပါသည်​။ မိခင်​ဖြစ်​သူမှာ ပွဲချင်း​သေဆုံး ခဲ့ပြီး ဖခင်​ဖြစ်​သူမှာအ​ရေး​ပေါ်ဌာနသို့​ရောက်​​နေပါသည်။ဖြစ်​စဉ်​မှာ ​မောင်​ရဲနိုင်​ထွန်းဆိုသူသည်​ တိုက်​သစ်​​ဆောက်​​နေ​သောကျမတို့အိမ်​၌ အလုပ်​သမား(ပန်းရံဆရာအတွဲ)အဖြစ်​လာ​ရောက်​လုပ်​ကိုင်​သည်​မှာ( ၂ )ပတ်​မပြည့်​​သေးပါ။ ထိုသူအား အလွန်​လိမ္မာ​သော အလုပ်​သမားတစ်​ဦး အဖြစ်သတ်မှတ်ပီး ​​​လုပ်​နိုင်​ကိုင်​နိုင်​သူဟုချီးကျူ...

ဟန်ထူးဈာန်နဲ့အတူ ဘုရားတွေလိုက်ဖူးနေတဲ့ ထိုင်းအလှမယ် ဆွန်ဆွန်

မြန်မာပြည်ကပရိသတ်တွေက ချစ်သလို မြန်မာပြည်ကိုလဲ ချစ်တဲ့ ထိုင်းအလှမယ် ဆွန်ဆွန်ဟာ ယနေ့မှာတော့ ရန်ကုန်မြို့တွင်း ဘုရားတွေ လိုက်လံဖူးမျှော်နေပါတယ်။ သူဟာ ရန်ကုန်မြို့ရဲ့ ဗိုလ်တစ်ထောင်ဘုရားကို မြန်မာပြည်ရောက် တိုင်းလာရောက်ဖူး မျှော်လေ့ရှိပြီး သူက ဗိုလ်တစ်ထောင် ဘိုဘိုးကြီးဆီမှာ အမြဲ ဆုတောင်းတယ်လို့လဲ သိရပါတယ်။ သူက ဘိုးဘိုးကြီး ကို မြန်မာပြည်ကို အမြဲလာရပါစေဆိုပြီး ဆုတောင်းတာကြောင့် အလုပ်ကိစ္စနဲ့ မြန်မာပြည်ကို ထပ်မံရောက်ရှိလာခဲ့တာဟာ ၂ကြိမ်တိုင်တိုင်ရှိခဲ့ပြီ ဖြစ်ပါတယ်။ ဆွန်ဆွန်ဟာ မြန်မာပြည်ကို ရောက်ရှိခဲ့တာဟာ ယခုချိန်ထိဆိုရင် ၃ကြိမ်တိုင်တိုင် ရှိနေပြီ ဖြစ်ပါတယ်။ သူက ယခုအခါ ရောက်ရှိခဲ့တာ ကတော့ ရုပ်ရှင်ကားကြီးတစ်ကားအတွက် မြင့်မြတ်နဲ့ အတူရိုက်ကူးဖို့ေ၇ာက်လာခဲ့တာဖြစ်တယ်လို့လဲ သိရပါတယ်။ သူဟာ ယနေ့မှာတော့ ရန်ကုန်မြို့တွင်းလည်ပတ်နေပြီး မကြာခင်မှာတော့ ကလောမြို့ကို ရိုက်ကူးရေးအတွက် သွားရောက်တော့မှာ ဖြစ်တယ်လို့လဲ သိရပါတယ်။ ဟန်ထူးဈာန်ကတော့ ဆွန်ဆွန်ကို...

Master, Visa စသည့် Prepaid ကတ်များကို ကျပ်ငွေပေးချေရာ၌အသုံးပြုပါက အရေးယူမည်

Master, Visa, UPI နှင့် JCB Prepaid ကတ်များကို ပြည်တွင်း၌ ကျပ်ငွေဖြင့်ပေးချေရမည့်နေရာများတွင် အသုံးပြုပါကအရေးယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သိရသည်။ လက်ရှိ ပြည်တွင်းမှစားသောက်ဆိုင်များနှင့် Shopping Mall များတွင် မြန်မာကျပ်များဖြင့်ဝယ်ယူရာ၌ ဘဏ်အမည်အပြင် စားသောက်ဆိုင်များ၊ Shopping Mall အမည်များပါရှိသည့် Master, Visa, UPI နှင့် JCB Prepaid ကတ်များအသုံးပြုကာဝယ်ယူမှုများရှိနေသည့်အပေါ် ယခုကဲ့သို့ပြောခြင်း ဖြစ်သည်။ “ ကြိုတင်ငွေဖြည့်ကတ်ကိုင်ဆောင်သူတွေသိထားရမှာက ကျပ်ငွေနဲ့ အသုံးပြုဖို့မဟုတ်ဘူး။ ကျပ်ငွေနဲ့ အသုံးပြုနေတာတွေကို စစ်ဆေးတွေ့ရှိတယ်။ ဒါမျိုးတွေတွေ့နေရလို့ ဘဏ်တွေကို သတိပေးစာထုတ်ပြန်တာ ဖြစ်ပါတယ်။ သတိပေးထားတာတောင် သုံးစွဲနေတာတွေ့ရင် အရေးယူဆောင်ရွက်မှာပါ။ ဘယ်လိုပုံစံမျိုးနဲ့ အရေးယူဆောင်ရွက်မလဲဆိုတာကိုတော့ မပြောနိုင်သေးဘူး”ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံခြားငွေ စီမံခန့်ခွဲမှုဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ပြည်တွင်းဘဏ်များအနေဖြင့် Master , Visa , UPI...

ဝင်ငွေသိန်းဆယ်ချီရပြီး ဇာတ်ပို့တွေကို ပြန်မကြည့်ဘူးလို့ ပြောသူကို တုန့်ပြန်လိုက်တဲ့ မြတ်သူသူဇင်

MRTV 4ရဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲတွေမှာပါဝင်သရုပ်ဆောင်ရင်း ပရိသတ်အခိုင်အမာရရှိခဲ့တဲ့ မင်သမီး မြတ်သူသူဇင်ဟာ ပရိသတ်တွေရဲ့ ပြောဆိုမှုတစ်ခုကို ခံလိုက်ရပါတယ်။ သူမဟာ တက်သစ်စအောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အရမ်းကို အောင်မြင် ကျော်ကြားနေတဲ့ မင်းသမီးတစ်ယောက်တော့ မဟုတ်သေးပါဘူး ။ သူမကို ပရိသတ်တွေက ၀င်ငွေတွေ သိန်းဆယ်ချီရနေပြီး အဆင်မပြေတဲ့ ဇာတ်ရံ၊ဇာတ်ပို့ တွေကို ပြန်ကြည့်သင့်တယ် ဘာလို့မကြည့်တာလဲလို့ ဆိုပြီး ဝေဖန်ပြောဆိုတာခံခဲ့ရတယ်လို့ သူမကပြောပါတယ်။ သူမ ကိုပြောတဲ့သူတွေကို တည့်ပြန်ပြောလိုက်ပုံကတော့ “အော် ကိုယ်ကနာမည်ကြီးမင်းသမီးကြီးကျလို့ 😣 အော် ကိုယ်က အရမ်းအောင်မြင်နေတာကျလို့😣 လှူချင် ကူချင်တာပေါ့ ဒီလောကသားချင်းမှမဟုတ်ဘူး အဆင်မပြေတဲ့သူ တကယ် ဒုက္ခရောက် နေတဲ့လူသားတွေအတွက် အကျိုးပြုနိုင်တဲ့ လူသားတဦးဖြစ်ချင်တာပါ 😣 ကိုယ်ခုထက်ပိုကြိုးစားနေပါတယ်ကွယ် စိတ်ရှိသလောက် နောက်ပြန်လှည့်မကြည့်စတမ်း လှူနိုင်ဖို့အရေး ကိုယ်ကြိုးစားနေပါတယ် ကိုယ့်မိသားစုအတွက် ကျေးဇူးရှင်မိဘတွေဆရာသမားတွေ မိတ်ဆွေတွေ အားလုံးအတွက် ကိုယ်ခုထက်ပိုကြိုးစားပါ့မယ် 😣”...

သြဂုတ်လ ၆ ရက်၌ အာရီယန်- ၅ ဒုံးပျံဖြင့် Myanmar sat-2 ဂြိုလ်တုလွှတ်တင်မည်

လာမည့် သြဂုတ်လ ၆ ရက်၌ အာရီယန်- ၅ ဒုံးပျံဖြင့် Myanmar sat-2 ဂြိုလ်တုလွှတ်တင်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှသိရသည်။ဇူလိုင်လ ၃၀ ရက်၌အကုန်သိသတင်းဌာန၏ဆက်သွယ်မေးမြန်းမှုအပေါ် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ၀န်ကြီးဌာနမှညွှန်ကြားရေးမှူး ဦးဝင်းအောင်က ဖြေကြားပေးခြင်းဖြစ်သည်။ “ ပထမက ၂၄ ရက်နေ့လွှတ်တင်ဖို့မှာ အာရပ်စော်ဘွားနိုင်ငံကဒုံးပျံကပျက်ကျသွားတော့ သေချာအောင် ပြန်စစ်တဲ့သဘောနဲ့ ရွှေ့လိုက်တယ်။ဒုတိယ ၃ ရက်နေ့ဖြစ်သွားတယ်။ အဲဒီမှာလည်းတစ်ခါ အခုဒုံးပျံမှာ ထည့်ပေးမယ့် ဂြိုလ်တုကအသင့်မဖြစ်ဘူး။ အဲဒါနဲ့ ထပ်ရွှေ့တယ်။ အခုသြဂုတ်လ ၆ ရက်ပေါ့။ သူတို့ ပြင်သစ်စံတော်ချိန်ညနေ ၄ နာရီမှာ လွှတ်တင်မယ်။ ကျွန်တော်တို့ဆီမှာတော့ သြဂုတ်လ ၇ ရက်၊ မနက် ၂ နာရီပေါ့။ အာရီယန် ၅ ဒုံးပျံနဲ့ ဂြိုလ်တုကပါသွားမယ်’’ဟု ၄င်းက ပြောသည်။အဆိုပါ myanmar sat-2 ဂြိုလ်တုသည် တောင်အမေရိကတိုက် ၊ မြောက်အတ္တလန်တိတ်...

အမေကို အရမ်းသိတဲ့ သားကြီးခိုင်ခန့်မောင်အကြောင်း ပြောလာတဲ့ ခိုင်နှင်းဝေ

ပရဟိတ မင်းသမီးကြီးလို့​တောင်​ တင်​စား​ခေါ်​ဝေါ်ကြတဲ့ သရုပ်ဆောင်​ ခိုင်နှင်းဝေက​တော့ သူမရဲ့ မွန်​မြတ်​တဲ့စိတ်​ထား​လေး​ကြောင့်​ ပရိသတ်​​တွေ လေးစားအားကျ ချစ်ခင်ကြသူတစ်​ဦးပါ။ အလှူအတန်းတွေမှာလည်း လက်မနှေးလှတဲ့ ခိုင်​နှင်း​ဝေက​တော့ လက်​ရှိမှာ မိဘမဲ့က​လေး​တွေကိုလည်း သူမကိုယ်​တိုင်​ ​မိခင်​အဖြစ်​ခံယူပြီး ​မွေးစား​နေတာပဲ ဖြစ်​ပါတယ်​။ ဒီ​နေ့​လေးမှာ​တော့ ခိုင်​နှင်း​ဝေက သူမမွေးစားထားတဲ့ ကလေးတွေထဲက အကြီးဆုံးဖြစ်တဲ့ သားကြီး ခိုင်ခန့်မောင်အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အသက်ငယ်ငယ်လေးနဲ့ အမေကို သိနေပြီဖြစ်တဲ့ ခိုင်နှင်းဝေရဲ့သားကြီးကတော့ တကယ့်ကို ချစ်စရာကောင်းလှပါတယ်နော်။ ချစ်ပရိသတ်တွေအတွက် အရမ်းကိုချစ်စရာကောင်းပြီး လိမ္မာလွန်းတဲ့ သားအကြီးအကြောင်း ကြည်နူးစွာ ပြောပြလာတဲ့ ခိုင်ခန့်မောင်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ ခိုင်နှင်းဝေကတော့ “ကျမရဲ့သားကြီးခိုင်ခန့်မောင် ❤❤❤ ဒီနေ့ကျမရိုက်ကူးရေးလုပ်တော့ သူ့ကိုချီထားတာလေ. အမေပြောသမျှကို မော့ကြည့်နေလိုက်တာ ကျမသားရဲ့မျက်လုံးလေးတွေက မေမေပြောနေတာတွေကိုနားလည်နေသလိုလို, မေမေဘယ်လောက်ပင်ပန်းသလဲဆိုတာစာနာသလိုလို, မေမေသားတို့အကြောင်းတွေပြောနေတယ်ဆိုတာသိနေသလိုလို,အင်တာဗျူးရိုက်နေတဲ့ မိနစ်၃၀လောက်ကို လုံးဝဂျီမကျပဲ,မအော်ပဲ,မငိုပဲ ငြိမ်ငြိမ်လေးနေပေးနေတာ 💖ပုံမှန်ဆို အိပ်နေချိန်ကလွဲလို့ တချိန်လုံးဆော့နေတာလေ,...

နိုင်ငံတော်သမ္မတရဲ့အသက်ကို ၇၀ နှစ် အထိသာ သတ်မှတ်ဖို့ ကြံ့ခိုင်ရေးပါတီ အကြံပြု

နေပြည်တော်၊ဇူလိုင်လ(၃၀)ရက်။ ဖွဲ့ စည်ပုံအခြေခံဥပဒေပါ နိုင်ငံတော်သမ္မတနဲ့ ဒုသမ္မတတို့ ရဲ့ အသက်အရွယ်သတ်မှတ်ချက်ကို အသက် ၇၀ နှစ် အထိသာ သတ်မှတ်ပေးဖို့ ကြံ့ခိုင်ဖွံ့ ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က လွှတ်တော်သို့ အကြံပြုဆွေးနွေးသွားပါတယ်။သည်ကနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ဖွဲ့ စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာအပေါ် ဆွေးနွေးရာမှာ အခုလို အကြံပြုဆွေးနွေးသွားတာဖြစ်ပါတယ်။ ဦးမောင်မြင့်က အခြေခံဥပဒေ အခန်း(၃)ပါ ပုဒ်မ ၅၉(ဂ)နဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတ နဲ့ ဒုသမ္မတများ ရွေးချယ်တင်မြှောက်တင်မြှောက်ခြင်းခံရသူဟာ အနည်းဆုံး အသက် ၄၀ နှစ်ပြည့်ပြီး ၇၀ နှစ်ထက် မကြီးသူဖြစ်ရမယ်လို့ အကြံပြုဆွေးနွေးသွားတာဖြစ်ပါတယ်။ အခြေခံဥပဒေပါ မူလပြဌာန်းထားတဲ့ ပုဒ်မ ၅၉(ဂ)မှာတော့ ရွေးချယ်တင်မြှောက်ခြင်းခံရသူဟာ အနည်းဆုံး အသက် ၄၅ နှစ်ပြည့်ပြီးသူဖြစ်ရမည်လို့ သာ ပြဌာန်းထားပြီး ဘယ်အသက်အရွယ်အထိ ဆိုတာတော့ ကန့် သတ်ထားခြင်းမရှိပါဘူး။ ဦးမောင်မြင့်က`ဒီအချက်ကလည်း...

ပုပ္ပါးကို ရောက်တိုင်း လှူဖြစ်တဲ့ မျိုးမျိုးခိုင် ရဲ့အလှူ

ရုပ်ရှင် နဲ့ ဗွီဒီယို ဇာတ်ပို့သရုပ်ဆောင် မျိုးမျိုးခိုင်ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။သူမက ဟာသ သရုပ်ဆောင်တစ်ဦးဆိုလည်း မမှားပါဘူး ။ သူမပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားတိုင်းမှာ လည်း ပရိသတ်တွေကို သူမရဲ့ပြောင်မြောက်တဲ့အနုပညာပြကွက်တွေနဲ့ဖမ်းစားနိုင်သလို ကျရာဇာတ်ရုပ်ကို ပီပြင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်သူတစ်ဦးလည်း ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ချစ်ပရိသတ်တွေအတွက် သရုပ်ဆောင်မျိုးမျိုးခိုင်ရဲ့ အမြဲလှူဖြစ်တဲ့ အလှူအကြောင်းကိုဖော်ပြပေးလိုက်ပါတယ်နော်။ သရုပ်ဆောင်မျိုးမျိုးခိုင်က ရိုက်ကူးရေးအတွက် ပုပ္ပားကိုရောက်ရှိနေတာပဲ ဖြစ်ပါတယ်။သူမက ပုပ္ပားကိုရောက်တိုင်း မြောက်ကလေးတွေကို အစာကျွေးပြီး အလှူလုပ်လေ့ရှိပါတယ်တဲ့။ သူမရဲ့အလှူပုံရိပ်ကလေးတွေကို ဖေ့စ်ဘွတ်ပေါ်မှာဖော်ပြထားပါတယ်။ ပုပ္ပားကိုရောက်တိုင်း အမြဲလှူဖြစ်နေတဲ့ ကုသိုလ်လေးပါ သူမကို အဝေးကနေ လှူခိုင်းတဲ့သူတွေရှိရင်လည်း လှူပေးဖြစ်တယ်။ကိုယ်တိုင်လည်း အမြဲလှူဖြစ်ပါတယ်ဆိုတဲ့ သရုပ်ဆောင် မမျိုးမျိုးခိုင် ရဲ့ အလှူပုံရိပ်ကလေးတွေကို ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။ ဇာတ်ပို့သရုပ်ဆောင် မျိုးမျိုးခိုင် ရဲ့အလှူပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ကြည့်ရှုပေးကြတဲ့ ပရိသတ်ကြီးကိုကျေးဇူးအထူးတင်ရှိပါတယ်နော်။