အမှုရင်ဆိုင်နေရပေမယ့် ဝေဠုကျော်ကို ခုထိ ချစ်နေဆဲပါဆိုတဲ့ အလှမယ် သင်းသင်း

ကာမလိမ်လည်မှုနဲ့ ဝေဠုကျော်ကို တရားစွဲပြီး တစ်နိုင်ငံလုံးကို ဟိုးလေးတစ်ကျော် ဖြစ်သွားစေသူက အလှမယ် သင်းသင်း ဖြစ်ပါတယ်။ သင်းသင်းဘက်က အားပေးတဲ့ ပရိသတ်တွေ ရှိသလို ဝိုင်းပြီး ရှုတ်ချတဲ့ ပရိသတ်တွေလည်း ရှိနေဆဲပါ။ အမှု ရင်ဆိုင်နေဆဲ ကာလ ဖြစ်ပေမဲ့ ဝေဠုကျော်နဲ့ ပတ်သက်တဲ့ ခံစားချက် အငွေ့အသက်လေးကိုတော့ သင်းသင်းက ခုလို ပြောသွားပါတယ်။ “ဘာပဲပြောပြော မိန်းကလေး တစ်ယောက်မှာ သိက္ခာတွေ အများကြီး ရှိပါတယ်။ သာမန် မိန်းကလေး တစ်ယောက်အနေနဲ့ လူငယ်ဆိုတော့ နှလုံးသားရေးရာကို ရှေ့တန်းတင်တယ်လို့ ပြောချင်ပြောပါ။ သူလည်း ကိုယ့်ကို သံယောဇဉ် ရှိတယ်။ ညီမကလည်း သံယောဇဉ်ရှိလို့ ရိုးရိုး ချစ်ခဲ့ကြတယ်။ အခုလည်း သူ့ကို မုန်းလို့လား ဆိုတော့ မမုန်းပါဘူး။ အခုလည်း သံယောဇဉ် ရှိပါတယ်။ ချစ်ပါတယ်။ ဒါပေမဲ့ မိန်းမဆိုတော့...

မြန်မာကြက်တောင် အားကစားမယ် သက်ထားသူဇာ အိုလံပစ်အဆင့် သတ်မှတ်ချက် အဆင့် ၃၄ တွင် ရပ်တည်နေ

၂ဝ၁၉ ခုနှစ် အတွင်း နိုင်ငံတကာကြက် တောင်ရိုက် ပြိုင်ပွဲများတွင် ချန်ပီယံဆုများဆွတ်ခူးနိုင်ခဲ့သော မြန်မာအားကစားမယ် သက်ထားသူဇာမှာ အိုလံပစ်အဆင့်သတ်မှတ်ချက် ၃၄ တွင် ရပ်တည်နေလျက်ရှိသည်။ ဂျပန်နိုင်ငံတွင်ကျင်းပမည့် ၂ဝ၂ဝ တိုကျို အိုလံပစ်ပြိုင်ပွဲဝင်ခွင့်အတွက် ပြင်ဆင်နေလျက်ရှိသော မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာမှာ ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်မှထုတ်ပြန်လိုက်သည့် အဆင့်သတ်မှတ်ချက်တွင် အဆင့် ၈၄ တွင်ရပ်တည်နေလျက်ရှိပြီး အိုလံပစ်အဆင့်သတ်မှတ်ချက် (BWF Olympic Qualification) တွင် ရမှတ် ၇၅ဝဝ ဖြင့် အဆင့် ၃၄ ၌ ရောက်ရှိနေသည်။ အိုလံပစ်ကြက်တောင်အားကစားနည်းတွင် ဝင်ပြိုင်ခွင့်ရရှိမည့် ကစားသမားများကို ၂ဝ၂ဝ ဧပြီလ ၌ထုတ်ပြန်မည့် Ranking ဖြင့် သတ်မှတ်သွားမည်ဖြစ်ရာ ကမ္ဘာ့အဆင့် (၁-၁၆) အဆင့်တွင် နိုင်ငံတစ်ခုမှ ကစားသမားနှစ်ဦးဝင်ခဲ့လျှင် နှစ်ဦးစလုံးမှ အိုလံပစ် ပြိုင်ပွဲဝင်ပြိုင်ခွင့်ရရှိမည်ဖြစ်ပြီး အဆင့် (၁၇)နှင့် နောက်ပိုင်းဝင်ခဲ့လျှင် တစ်နိုင်ငံကို တစ်ဦးသာဝင်ပြိုင် ခွင့်ပြုသွားမည်ဖြစ်သည်။...

ရုပ်ရှင်ခေတ် ကောင်းနေတဲ့အချိန်မှာ ရုပ်ရှင် ပြန်ရိုက်ချင်တယ်လို့ ပြောလာတဲ့ ရီဝေယံ

တချိန်က နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲဖြစ်တဲ့ ရီဝေယံကတော့ အနုပညာအလုပ်တွေနဲ့ဝေးကွာနေခဲ့တာ အတော်ကြာခဲ့ပြီဖြစ်ပါတယ်။ သို့ပေမယ့် ယနေ့လိုရုပ်ရှင်ခေတ်ကောင်းနေတဲ့အချိန်မှာတော့ သူက ရုပ်ရှင်ပြန်ရိုက်ချင်တယ်လို့ပြောလာပါတယ်။ “ရုပ်ရှင် ပြန်ရိုက်နေတဲ့အချိန်၊ ရုပ်ရှင်ခေတ် ကောင်းနေတဲ့ အချိန်ဆိုတော့ ရုပ်ရှင် ပြန်ရိုက်ချင်တာပေါ့နော်။ ကားကြိုက်တာလေးတွေ ရှိရင် ရိုက်မယ်။ နောက်ပိုင်းလည်း စဉ်းစားထားတာ ရှိပါတယ်။ ရုပ်ရှင်လို နည်းနည်းလည်း လွယ်လာတယ်၊ ရိုက်ကူးရေးလည်း လွယ်လာတယ်ဆိုတော့ ကိုယ်ကြိုက်တဲ့ ဇာတ်လမ်းလေးတွေ ရှိရင် ရိုက်ဖို့တော့ ရှိတယ်။ တယောက်တည်းတော့ မဟုတ်ပါဘူး။ ရင်ဘတ်ချင်း တူတဲ့လူတွေ ရှိရင် ရိုက်ဖြစ်မှာပါ”လို့ ပရိသတ်နဲ့ အချိန်အတော်ကြာ ဝေးကွာနေတဲ့ သရုပ်ဆောင် ရီဝေယံက ပြောပါတယ်။ Credit-ဧရာဝတီ

အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး ရင်ဆိုင်ကြုံတွေ့ ဖြတ်သန်းခဲ့ရတာတွေကို ပြောပြလာတဲ့ ဒွေးရဲ့ ဇနီးဖြစ်သူ မိုးမိုး

မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသားတစ်လက်ဖြစ်ခဲ့တဲ့ သရုပ်ဆောင်ဒွေးကတော့ သူချစ်တဲ့မိသားစု၊ ပရိသတ်တွေနဲ့ ခွဲခွာသွားခဲ့တာ နှစ်အတော်ကြာသွားခဲ့ပြီဖြစ်ပါတယ်။ သရုပ်ဆောင်ဒွေးကွယ်လွန်သွားပြီးနောက်မှာတော့ ဇနီးဖြစ်သူ မိုးမိုးတစ်ယောက် သားသမီး (၂) ယောက်နဲ့အတူ စင်ကာပူနိုင်ငံမှာ နှစ်အတော်ကြာသွားရောက်နေထိုင်ပြီး သားနဲ့သမီးကို ပညာတတ်ကြီးဖြစ်အောင် စင်ကာပူနိုင်ငံမှာပညာသင်ကြားပေးခဲ့တာဖြစ်ပါတယ်။ ယခုချိန်မှာတော့ ရန်ကင်းမှာ ထမင်းဆိုင်လေးတစ်ဆိုင်ဖွင့်လှစ်ထားတဲ့အပြင် သူမနေထိုင်ရာ FMI ထဲမှာလည်း စက်ချုပ်ဆိုင်လေးဖွင့်လှစ်ထားခဲ့တာဖြစ်ပါတယ်။ သရုပ်ဆောင် ဒွေး ရဲ့ ဇနီးဖြစ်သူ မိုးမိုးကတော့ သူမဖြတ်သန်းခဲ့ရတဲ့ အိမ်ထောင်ရေးတလျှောက် ကြုံတွေ့ရင်ဆိုင် ဖြေရှင်းခဲ့ရတာတွေကို ပရိသတ်ကြီးသိရအောင် Let’s Talk အစီစဉ်ကနေ မျှဝေပြောပြထားခဲ့တာဖြစ်ပါတယ်။ ZA- သူ့ဘဝနဲ့ပတ်သက်ပြီးတော့လည်း ဒီလိုရှင်သန်ရပ်တည်မှုတွေမှာ အမရဲ့ကြိုးစားရပ်တည်ပေးမှုတွေဟာ ဘယ်တော့မှ မေ့လို့မရတဲ့ အခန်းကဏ္ဏတစ်ခုဖြစ်ပါတယ်။ ပိုက်ဆံတွေမရှိတဲ့အချိန်တုန်းက ပိုက်ဆံတွေကို အရမ်းလိုချင်ခဲ့တယ်ပေါ့နော်။ ပိုက်ဆံ ပိုက်ဆံ ရှင်မရှိလည်းရတယ် ကိစ္စမရှိဘူး ပိုက်ဆံပဲအရမ်းလိုချင်ခဲ့တယ်။ အေး အဲဒီပိုက်ဆံတွေ အောင်မြင်ကျော်ကြားမှုတွေရသွားတဲ့အချိန်မှာ ကျမအဲဒါတွေမလိုချင်တော့ဘူး ကျမယောက်ကျားကိုပဲ ကျမပြန်လိုချင်တယ်ဆိုတဲ့ ခံစားမှုမျိုးပေါ့နော် ကျတော်အမကိုတွေ့ရင်...

၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ မြန်မာအသင်း ဂျပန်နှင့်တစ်အုပ်စုထဲကျရောက်

၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့်အတွင် မဲနှိုင်အုပ်စုခွဲပွဲကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ AFC ရုံးချုပ်တွင် ဇူလိုင် ၁၇ ရက်တွင် ကျင်းပပြုလုပ်သည်။မြန်မာအသင်းသည် ဖီဖာဘောလုံးအဆင့်သတ်မှတ်မှုဇယားတွင် နေရာကောင်းရရှိနေခြင်း၏ အကျိုးကျေးဇူးအဖြစ် ပထမအဆင့် ခြေစစစ်ပွဲများကို ကစားစရာမလိုအပ်ဘဲ ဒုတိယအဆင့်မှစတင် ခြေစစ်ပွဲဝင်ခွင့် ရရှိခဲ့သည်။ ဖီဖာ၏ဘောလုံးအဆင့်သတ်မှတ်ချက်အရ အဆင့် ၁၃၈ တွင်နေရာယူထားသော မြန်မာအသင်းသည် မဲပုံး (၄) တွင် ကျရောက်ပြီး မိမိတို့ထက် အဆင့်သတ်မှတ်ချက် မြင့်မားသော အသင်း ၄ သင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။မြန်မာအသင်းသည် အုပ်စု (F) တွင် ဂျပန်၊ မွန်ဂိုလီးယား၊ တာဂျစ်ကစ္စတန်၊ ကာဂျစ်တို့နှင့် အိမ်ကွင်းအဝေးကွင်းစနစ်ဖြင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ရမှတ်အများဆုံး ၂ သင်းသည် တတိယအဆင့် ခြေစစ်ပွဲသို့ တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။ ရမှတ်အများဆုံး ၂ သင်းတွင်ပါဝင်ခြင်းမရှိပါက Asian Continental Cup တွင် ပါဝင်ယှဉ်ပြုင်ရမည်ဖြစ်သည်။...

မြန်မာတပ်မတော်အရာရှိများကို စစ်လက်နက်ပြပွဲတက်ရောက်ခွင့် အစ္စရေးပိတ်ပင်

အစ္စရေးနိုင်ငံမှာ ပြုလုပ်မယ့် စစ်လက်နက်ပစ္စည်းဆိုင်ရာပြပွဲကို မြန်မာ့တပ်မတော် အရာရှိတွေ လာရောက်ဖို့ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်လိုက်တယ်လို့ အစ္စရေး နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။မြန်မာ့တပ်မတော်အနေနဲ့ နိုင်ငံတကာ လက်နက်ရောင်းဝယ်ခွင့် ပိတ်ပင်ထားမှုနဲ့ ငြိစွန်းနေတဲ့အတွက် ခုလိုလုပ်ဆောင်တာလို့ ဆိုပါတယ်။ မြန်မာနိုင်ငံကို စစ်လက်နက်ရောင်းဝယ်မှု ရပ်ဆိုင်းလိုက်တဲ့နောက်ပိုင်းမှာ အခုလို လက်နက်ပြပွဲကို တပ်မတော်အရာရှိတွေ လာရောက်မယ့်အပေါ် အစ္စရေးအနေနဲ့ ပြည်ဝင်ခွင့် ဗီဇာထပ်မံ ထုပ်မပေးတော့ဘဲ ပိတ်ပင်လိုက်တာလည်း ဖြစ်ပါတယ်။ပြီးခဲ့တဲ့ ဇွန်လဆန်းက အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့မှာ ကျင်းပတဲ့ ကာကွယ်ရေးနဲ့ ပြည်တွင်းလုံခြုံရေးဆိုင်ရာ ပြပွဲမှာတော့ မြန်မာတပ်တော်က အရာရှိတွေ သွားရောက်လေ့လာ ခဲ့ပါတယ်။ Credit-ဒီဗွီဘီ

အထူးကုဆေးရုံက ပုတ်ပွနေတဲ့မျက်နှာထားနဲ့ ဧည်ကြိုတွေကြောင့် ဒေါသထွက်ခဲ့ရတဲ့ မေပန်းချီ

ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် မေပန်းချီဟာ အနုပညာအလုပ်တွေလုပ်ရင်း စီးပွားရေးတွေလဲ လုပ်ကိုင်နေကာ မိဘကိုရှာဖွေ ကျွေးမွေး နေတဲ့ သမီးလိမ္မာလေးပါ။ သူမက ယနေ့မှာတော့ စိတ်ဆိုးနေတယ်လို့ ယူဆရတဲ့ စာသားတစ်ချို့ကိုရေးပြီး ဖေ့စ်ဘုတ်ပေါ် တင်လိုက်ပါ တယ်။ သူရေးသားခဲ့တဲ့ အထဲမှာ မိခင်ဖြစ်သူ နေမကောင်းလို့ အထူးကုဆေးခန်းတစ်ခုကိုသွားရောက်ပြသခဲ့ရာမှာ ကြုံတွေခဲ့ရတဲ့ ဖြစ်ရပ်ကို ပရိသတ်တွေဆီ ရင်ဖွင့်လာတာဘဲ ဖြစ်ပါတယ်။ မေပန်းချီ ရေးသားခဲ့တဲ့ အပြည့်အစုံကတော့ “ ကျွန်မ မချမ်းသာပါဘူး ဒါပေမဲ့ ကိုယ့်အမေ တစ်ခုခုဖြစ်ရင် ပိုက်ဆံကို မရမကရှာပြီး ဘန်ကောက်မှာပဲပြတယ်။ ချမ်းသာလို့တော့ မဟုတ်ဘူး သူများနိုင်ငံရဲဆရာဝန်တွေ ဆရာမတွေ့ဆက်ဆံရေး လူနာပေါ်ဂရုစိုက်မူ့ တွေက လူနာကိုရောဂါတစ်ဝက် သက်သာစေ တယ်။ ပိုက်ဆံ ကုန်ရကျိုးနပ်တယ် နောက်လှည့်ကြည့်စရာမလိုဘူး စိတ်ချရတယ် လူနာမြင်တာနဲ့ ဘာလုပ်ရမလဲ တန်းသိတယ်” “ ဒီနေ့အဖြစ်အပျက်ကြောင့် မြန်မာပြည်က ဆေးရုံဆေးခန်းတချို့ကို...

ရိုးရိုးသားသား ဆေးကုသပြီးရရှိထားတဲ့ ငွေကျပ် သိန်း(၁၀၀၀)နဲ့ ကျေးဇူးရှင် ဖခင်ကို ခြေအစုံဦးခိုက်ကာ ကန်တော့ခဲ့တဲ့ ဒေါက်တာ အောင်သီဟ

ဒေါက်တာ အောင်သီဟ ကတော့ အနုပညာလောကမှာ အနုပညာရှင်တွေ အားကိုးအားထားပြုနေရတဲ့ အလှအပရေးရာ ဆရာဝန်တစ်ယောက်ဖြစ်ပြီး ကိုယ်တိုင်ကလည်း ဆေးကုသရင်း မော်ဒယ်လ်တစ်ယောက်အနေဖြင့်လည်း ကြော်ငြာတွေ လက်ခံရိုက်ကူးပေးနေရတာမို့ အနုပညာလောကရဲ့ တစ်စိတ်တပိုင်းလို့ ဆိုရမှာပါ။ ချောမောပြီး ကြည့်ကောင်းတဲ့ မျက်နာ နဲ့အတူ အလုပ်အကိုင်မှာလည်း စေ့စပ်သေချာတာကြောင့် နှုတ်ခမ်းနီလေးတွေရဲ့ နှုတ်ဖျားမှာ ရေပန်းစားနေတဲ့ ဆရာဝန်လူချောလေးလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒေါက်တာ အောင်သီဟ ဟာ သူကိုယ်တိုင် ရိုးရိုးသားသားဆေးကုသကာ စုဆောင်းထားတဲ့ ငွေ သိန်း(၁၀၀၀) ကျပ်တိတိကို ဖခင်ဖြစ်သူကို ကန်တော့ ခဲ့တာဖြစ်ပြီး မိဘကို ပြန်လည် လုပ်ကျွေးကာ ထောက်ပံ့နိုင်တဲ့ သားကောင်းတစ်ယောက်မို့ ပရိသတ်အများရဲ့ အားကျခြင်းကို ခံနေရတာလည်းဖြစ်ပါတယ်။ အလှအပရေးရာ ဆရာဝန်တစ်ယောက် အဖြစ် အသက်မွေးဝမ်းကြောင်းပြုကာ ရှာဖွေထားတဲ့ ဒီငွေတွေနဲ့ မကြာခင်မှာ ကျရောက်တော့မဲ့ မွေးနေ့မှာ ကားအသစ် တစ်စီး ၀ယ်ယူဖို့ အစပိုင်းမှာ...

အိချောပိုကိုယ်စား ဦးဇော်ကြီးကို အလှူငွေပေးအပ်ခဲ့တဲ့ ယုန်လေး

ပရိသတ်အချစ်တော် မင်းသမီးချောလေး အိချောပိုဟာ ဇာတ်ပို့သရုပ်ဆောင် ဦးဇော်ကြီးရဲ့ စားဝတ်နေရေးအခက်အခဲတွေအတွက် ငွေကျပ် ၃ သိန်းကို လှူခဲ့တယ်လို့ သိရပါတယ်။ ကျူးကျော်တဲမှာနေထိုင်ပြီး စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့ ဇာတ်ပို့သရုပ်ဆောင် ဦးဇော်ကြီးအတွက် အိချောပိုက ငွေကျပ် ၃ သိန်းလှူခဲ့တယ်လို့ သိရပါတယ်။ ဒီအလှူကိုတော့ ယုန်လေးက ကိုယ်တိုင်ဆောင်ရွက်ပေးခဲ့တာပါတဲ့။ ‘’ညီမလေးရေ လှူပေးလိုက်ပြီနော်။ ရှုတင်မှာဆုံလို့ ညီမလေး အိချောပို မှ ဦးဇော်ကြီးအတွက် ကူချင်တယ်ဆိုလို့ ဦးဇော်ကြီးလက်ထဲကို၃သိန်း လှူပေးခဲ့ပြီးပါပြီ’’ ဆိုပြီးတော့ ဇူလိုင်လ ၁၇ ရက်နေ့ ညနေ ၃ နာရီ ၄၂ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့တာ တွေ့ရပါတယ်။ လက်ရှိမှာတော့ ဦးဇော်ကြီးဟာ ယုန်လေးကိုယ်တိုင် ဒါရိုက်တာအဖြစ်ရိုက်ကူးတဲ့ MAFIA City ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်နေတာဖြစ်ပါတယ်။ မကြာသေးခင်တုန်းကလည်း ယုန်လေး ၊ မြင့်မြတ် နဲ့...

ဖြုံဘူးရွာမှာ တစ်အိမ်တက်ဆင်း လျှောက်လည်ရင်း တောသူမလေး လုံးလုံးဖြစ်နေတဲ့ ဝတ်မှုံရွှေရည်

ပရိသတ်ကြီးရဲ့အချစ်တော် မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ဟာ အသားအရည်ကောင်းရုံသာမကပဲ သူမရဲ့ဖက်ရှင်လေးများဟာလည်း လူတိုင်းငေးမောရလောက်အောင်လှရက်နိုင်လွန်းသူပါ။ အမြဲတမ်းဖော်ဖော်ရွေရွေနဲ့ ရိုးသားပွင့်လင်းတဲ့စိတ်ထားလေးကြောင့်လည်း ပရိသတ်တွေက အရိပ်တကြည့်ကြည့်နဲ့ ချစ်မဝဖြစ်နေရတာပါ။ ဒါ့အပြင် ကျရာဇာတ်ရုပ်တိုင်းကိုလည်း ပီပြင်စွာသရုပ်ဆောင်မှုတွေကြောင့်လည်း အနုပညာရှင်တိုင်းက ချီးကျူးနေရတာပါ။ ရွှေကစ်လေးဟာ လတ်တလောမှာလည်း ဆရာမခင်ခင်ထူးရဲ့ နာမည်ကြီးဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ ” ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ် ” ကို ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးရန်အတွက် ရေစကြိုမြို့နယ် ဖြုံဘူးရွာကိုရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ သူမဟာ ဒီဇာတ်ကားကြီးမရိုက်ကူးခင် သရုပ်ဆောင်မယ့် ကာရိုက်တာကိုအံဝင်ခွင်ကျဖြစ်ရန် အတွက်ကြိုတင်သွားရောက်နေထိုင်နေတာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးမှာ ရွှေကစ်ဟာ ကျေးတောသူလေး ခင်နှောင်းအဖြစ်ပါဝင်သရုပ်ဆောင်မှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သရုပ်ဆောင်များဖြစ်ကြတဲ့ မို့မို့မြင့်အောင်၊ အေးဝတ်ရည်သောင်း၊ ဒေါင်းနဲ့ ထူးအောင် တို့လည်း ပါဝင်ကြမှာပဲ ဖြစ်ပါတယ်။ အခုတစ်ခေါက်မှာလည်း ရွှေကစ်လေးက သနပ်ခါးပါးကွက်ကျားလေးလိမ်းပြီး ခါးမောက်လေးဆောင်းကာ ရွာထဲကိုသွားရောက်လည်ပတ်နေတာပါ။ သူမရဲ့ လှုပ်ရှားမှုတေကိုလည်း ရွှေကစ်ရဲ့ပရိသတ်တွေက အချိန်နဲ့တစ်ပြေးညီ ဝေမျှပေးနေတာပဲ...