Category: ပြည်တွင်းသတင်း

တာချီလိတ်က ပထမဆုံးလူနာတွင် Covid-19 ရောဂါပိုးပြန်တွေ့

တာချီလိတ်မြို့က ပထမဆုံး Covid-19 အတည်ပြုလူနာမှာ ရောဂါပျောက်ကင်းပြီးနောက် တစ်လကျော်အကြာတွင် ရောဂါပိုးပြန်တွေ့ရှိရပါတယ်။ ပထမဆုံးလူနာဖြစ်တဲ့ ရန်ကုန်က ပြန်လာတဲ့ ခွဲစိတ်ဆရာဝန်ဟာ ရန်ကုန်ကိုပြန်ဖို့ ပြန်လည်ဆေးစစ်တဲ့နေရာမှာ ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ တာချီလိတ်က ပထမဆုံး Covid-19 အတည်ပြုလူနာမှာ မေလ ၂၀ရက်မှာ ကျိုင်းတုံဆေးရုံက ရောဂါပျောက်ကင်းကြောင်း ယူဆလို့ ဆင်းခွင့်ပြုခဲ့တာ ဖြစ်ခဲ့ပြီး ဇွန်လ ၃၀ရက်က ဆေးစစ်အဖြေမှာ Covid-19 ရောဂါပိုး ပြန်တွေ့ကြောင်း အဖြေထွက်ခဲ့ခြင်း ဖြစ်ပါတယ်။ “ပုံမှန်ဆိုရင်တော့ ပြန်စစ်ရတာမရှိဘူး။ ဒါပေမယ့် သူက ရန်ကုန်ပြန်မယ်ဆို‌တော့ စိတ်ချရအောင် ပြန်စစ်လိုက်တာမှာ ပိုးပြန်တွေ့တာ” လို့ ရှမ်းအရှေ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ လက်ရှိမှာ သူနဲ့ ထိတွေ့သူများကို လိုက်လံစုံစမ်းနေကြောင်းသိရပြီး ဆေးရုံပြန်လည်တက်ရောက်ပြီး ကုသရမယ်လို့လဲ သိရပါတယ်။ အခုလို ရောဂါပိုးပျောက်ကင်းလို့ ဆင်းရုံက ဆင်းရပြီးနောက် ရောဂါပိုးပြန်လည်တွေ့ရှိမှုဟာ ပထမဆုံး ဖြစ်ပါတယ်။...

တေးသံရှင်မနော ပြန်လည်တောင်းပန်ရန် ရတနာပုံတက္ကသိုလ်ကျောင်းသားအချို့ တောင်းဆို

တေးသံရှင်မနောရဲ့ လူပျို MTV ဟာ ရတနာပုံတက္ကသိုလ်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အတွက် တစ်ပတ်အတွင်းပြန်လည်တောင်းပန်ဖို့ တက္ကသိုလ် ကျောင်းသားတချို့က တောင်းဆိုလိုက်ပါတယ်။ တေးသံရှင် မနောပါဝင်သီဆိုသရုပ်ဆောင်ထားပြီး ဒါရိုက်တာ သူကျော်သူ ရိုက်ကူးထားတဲ့ လူပျိုတေးသီချင်းရုပ်သံဟာ ရတနာပုံတက္ကသိုလ် ကျောင်းအုပ်ချုပ်ရေးအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိပဲ တက္ကသိုလ်ဝန်းအတွင်းမှာ ရိုက်ကူးထားတာ၊ ရုပ်သံမှာ သရုပ်ဆောင်ထားမှုတွေဟာ ရတနာပုံ တက္ကသိုလ် ကျောင်းသားကျောင်းသူတွေနဲ့ ဆရာဆရာမတွေရဲ့ ဂုဏ်သိက္ခာကိုကျဆင်းတဲ့ ပုံစံမျိုး ဖြစ်နေတယ်လို့ ရတနာပုံ တက္ကသိုလ် ကျောင်းသား ကျောင်းသူ တစ်ချို့က ပြောပါတယ်။ ဒီ MTV ရုပ်သံဟာ တက္ကသိုလ်ရဲ့ ဂုဏ်သိက္ခာထိခိုက်စေတဲ့အတွက် ကျောင်းအုပ်ချုပ်ရေး တာဝန်ရှိသူတွေထံ တစ်ပတ်အတွင်း တောင်းပန်ဖို့ကိုလည်း ဇူလိုင်လ ၁ ရက်နေ့မှာ တက္ကသိုလ် ကျောင်းသားတွေက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ရတနာပုံတက္ကသိုလ် ရှေးဟောင်းသုတေသနပညာ တက်ရောက်နေတဲ့ တတိယနှစ် ကျောင်းသား ကိုမျိုးချစ်ဇော် က...

ဟားခါးတွင် နေစရာအိမ်မရှိသည့်ပြည်သူများအတွက် အစိုးရက အိမ်နေရာမြေကွက် မဲနှိုက်ချပေး

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်း ၁၀ နှစ်၊ နှစ် ၂၀ နေထိုင်ခဲ့ပြီး နေစရာအိမ်မရှိသူတွေအတွက် ဇူလိုင် ၁ ရက်နေ့မှာ အိမ်နေရာမြေကွက်တွေ မဲနှိုက်စနစ်နဲ့ ချထားပေးမယ်လို့ ဟားခါးမြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးငွန်ဗုန်းက ပြောပါတယ်။ မြေဧရိယာ ၆၇၆ ဧကအတွင်း မြေကွက်တွေကို ပထမ၊ ဒုတိယ၊ တတိယ စသဖြင့် အဆင့် ၃ ဆင့်ခွဲကာ မဲနှိုက်ချထားပေးမှာ ဖြစ်ပြီး ပထမအဆင့် မြေကွက် ၁ ပေ ပတ်လည်ကို ကျပ်ငွေ ၁၅၀၀၊ ဒုတိယအဆင့်ကို ကျပ်ငွေ ၉၀၀ နဲ့ တတိယအဆင့်ကို ၅၀၀ ကျပ် စသဖြင့် ဈေးနှုန်းသတ်မှတ်ထားတယ်လို့ သိရပါတယ်။ မြေကွက်ပေါင်း ၈၀၀ လောက်အထဲက အစိုးရအဆောက်အဦ၊ ဘာသာရေးအဆောက်အဦတွေအတွက်ချန်ထားပြီး မြေကွက် ၅၉၂ ကွက်ကို မဲနှိုက်စနစ်နဲ့ အိမ်နေရာချထားဖို့ရှိရာ...

၆၆ နှစ်အမျိုးသားက ၁၇ နှစ်မိန်းကလေးကို အဓမ္မပြုကျင့်

ကျောက်တံခါးမြို့တွင် အသက် ၆၆ အရွယ်အမျိုးသားက အသက် ၁၇ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့သည်ဆိုမှုကို ဖမ်းဆီးအရေးယူထားကြောင်း ယနေ့ဇူလိုင် ၁ ရက်တွင် ရဲတပ်ဖွဲ့ထံမှ သိရသည်။ ဖြစ်စဉ်မှာ ဇွန် ၃၀ ရက် နံနက် ၁၁ နာရီခန့်တွင် ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့နယ်၌ အသက် ၅၃ အရွယ် အမျိုးသမီးကြီးတစ်ဦးသည် နေအိမ်၌ရှိနေစဉ် အသက် ၁၇ နှစ်အရွယ်၎င်း၏ သမီးမှာ ရွာထဲသို့ အလည်သွားရောက်ခဲ့သည်။ သမီးဖြစ်သူနေအိမ်သို့ ပြန်လာစဉ် တုံကန်ချောင်းကမ်းပါးအနီးအရောက်၌ တစ်ရွာတည်းနေ စိန်လှိုင် (၆၆)နှစ်က လှမ်းခေါ်၍ လက်ကိုအတင်းဆွဲခေါ်ပြီး ခြုံပုတ်အတွင်း တွန်းလှဲကာ အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့သည်။ အဆိုပါ အဓမ္မပြုကျင့်မှုကို တစ်ရွာတည်းနေ ငါးထွက်ရှာသူ အမျိုးသမီး ၂ ဦးက တွေ့ မြင်ခဲ့သောကြာင့် ထိုသို့မလုပ်ရန်တားမြစ်စဉ် စိန်လှိုင်က ထွက်ပြေးသွားခဲ့ရာ သမီးဖြစ်သူကို...

(၁၇) ကြိမ်မြောက် အောင်ဘာလေသိန်းထီပေါက်စဉ် တိုက်ရန် အစ/အဆုံး

(၁၇)ကြိမ်မြောက် ထီပေါက်စဉ် ၁.၇.၂၀၂၀(အစ/အဆုံး) သိန်းတစ်သောင်းငါးထောင်ဆု- ည ၈၅၃၀၉၅။ သိန်းတစ်သောင်းဆု- ဖ ၇၈၇၃၅၄။ သိန်းငါးထောင်ဆု- ဃ ၈၄၇၉၃၀ / ဓ ၄၀၆၈၂၀။ သိန်နှစ်ထောင်ဆု- ဍ ၂၆၆၀၈၇ – မ ၈၁၈၅၄၉ – ဇ ၈၈၇၅၁၀ – ဌ ၃၂၀၀၁၈ – ဝ ၅၇၉၁၉၇ သိန်တစ်ထောင်ဆု – ဍ ၆၀၈၃၁၉(POWER ထီဆိုင်ကြီး ပြင်ဦးလွင်) – ဝ ၁၂၀၃၆၄ – ဌ ၁၄၄၁၆၅ – ကဃ ၈၉၈၃၅၀ – ယ ၅၅၄၅၉၀ – ဆ ၃၅၆၉၁၀ – ဂ ၃၉၄၃၂၅ ဝေဝေဆာဆာပဒေသာ(၃)သိန်းဆု အက္ခရာနဲ့ရှေ့ဂဏန်း (၅) လုံးအစဉ်လိုက်တူရမယ် – ကင...

စစ်တွေမှာ ရဲတပ်ကြပ်ကြီးတစ်ဦး နေအိမ်ခြံဝင်းအတွင်း ဓားထိုးခံရပြီးသေဆုံး

ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှာ ဇွန်လ ၂၆ ရက်နေ့ည ၈ နာရီကျော်လောက်မှာ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဓားထိုးခံလိုက်ရပြီး သေဆုံးသွားတယ်လို့ မကျည်းမြိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းရွှေမောင်က ဘီဘီစီကို အတည်ပြုပြောကြားပါတယ်။ ဓားထိုးခံလိုက်ရတဲ့ ရဲတပ်ဖွဲ့ဝင်ဟာ စစ်တွေမြို့ အမှတ် ၁ ရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်ကြပ်ကြီး မောင်မောင်သန်းဖြစ်ပြီး စစ်တွေမြို့နယ် နယ်ထိန်းရဲတပ်ဖွဲ့ရဲ့ ဒုတိယခေါင်းဆောင်လည်းဖြစ်တယ်လို့ ဦးသိန်းရွှေမောင်က ပြောပါတယ်။ ရဲတပ်ကြပ်ကြီးတစ်ဦးအခုလို နေအိမ်ခြံဝင်းအတွင်း ဓားထိုးခံလိုက်ရတာနဲ့ပတ်သက်လို့ အမှတ်၁ ရဲစခန်းမှူး ရဲမှူးအောင်မြဦးကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံပြောဆိုခြင်းမရှိတဲ့အတွက် အဆက်အသွယ် မရရှိခဲ့ပါဘူး။ ရဲတပ်ကြပ်ကြီး မောင်မောင်သန်းဟာ ဇွန်လ ၂၉ ရက် ညနေပိုင်း ၈ နာရီကျော်ခန့်အချိန်မှာ အလုပ်ကနေ မကျည်းမြိုင်ရပ်ကွက် မှာရှိတဲ့ သူ့ရဲ့နေအိမ်ကို ပြန်လာတဲ့အချိန် နေအိမ်ခြံ တံခါးဝမှာ အမည်မသိလူနှစ်ဦးက နောက်ကလိုက်လာပြီး ဓားနဲ့ထိုးသတ်သွားခဲ့တာဖြစ်တယ်လို့ ဇနီးသည်ရဲ့ပြောပြချက်အရသိရကြောင်း အုပ်ချုပ်ရေးမှူး ဦးသိန်းရွှေမောင်က ပြောပါတယ်။...

သတိမေ့နေတဲ့ (၁၅) ရက်အတွင်းမှာ မွေးရပ်မြေရွာလေးကိုပြန်ရောက်သွားတဲ့ ဦးမန်းဝင်း

လွန်ခဲ့တဲ့ရက်ပိုင်းတွေက စိုးရိမ်စရာအခြေအနေကိုရင်ဆိုင်ခဲ့ရတဲ့ ဦးမန်းဝင်းရဲ့ကျန်းမာရေးအခြေအနေကိုတော့ ပရိသတ်တွေလည်း သိရှိပြီးဖြစ်မှာပါ။ ဦးနှောက်သွေးယိုစိမ့်မှုကြောင့် အရေးပေါ်ဆေးရုံတင်ကာ ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး (၁၅) ရက်လောက် ပြန်မနိုးလာခဲ့တဲ့ဦးမန်းဝင်းကို သမီးဖြစ်သူက သတိမေ့နေတဲ့အချိန်ဘယ်တွေရောက်နေသလဲ ဖြည်းဖြည်းချင်းမေးမြန်းခဲ့တဲ့အခါမှာတော့ ” ဖေကြီး ဟိုရက်က ဘယ်တွေရောက်နေတာလဲ ” ” ပြောမယ် ” ” ဖေကြီး ဒီလောက်အကြာကြီး ဘယ်တွေသွားနေတာလဲ “” ရွာရောက်နေတာ ” ( အဖေ့ဇာတိ ကမာကယာကျေးရွာပါ )” အဖေ့ကို ဘယ်သူခေါ်သွားတာလဲ ” ” ဘယ်သူမှမခေါ်ဘူး သူ့ဘာသာရောက်နေတာ ” ” ရွာမှာဘယ်သူနဲ့တွေ့ခဲ့သေးလဲ ” ” အမေနဲ့ ” ( အဖေ့ရဲ့အမေ အဖွားနဲ့ပါ ) ” အဖွားက ဘယ်မှာနေလဲအဖေ ” ” သူ့အိမ်လေးမှာနေတယ် ” ” အဖွားက စကားပြောလား...

ဇူလိုင် ၁ ရက်မှစ၍ ယာဉ်ပိုင်ရှင်ကိုယ်တိုင် လာရောက်စရာမလိုဘဲ အမည်ပြောင်းခွင့် ပေးမည်

ဇူလိုင် ၁ ရက်မှစ၍ ယာဉ်ပိုင်ရှင်ကိုယ်တိုင် လာရောက်စရာမလိုဘဲ အမည်ပြောင်း ဆောင်ရွက်ခွင့်ပေးသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှူဦးစီးဌာနမှ ဇွန် ၃၀ ရက်တွင် အသိပေးကြေညာထားသည်။ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှူဦးစီးဌာနမှ ယာဉ်အမည်ပြောင်းဆောင်ရွက်ရာတွင် လက်ရှိဖြစ်ပေါ်နေသည့် COVID-19 ကပ်ရောဂါကြောင့် လူစုလူဝေးမဖြစ်စေရန်နှင့် အကြောင်းအမျိုးမျိုးကြောင့်ယာဉ်ပိုင်ရှင်များ လူကိုယ်တိုင်လာရောက်ရေး အခက်အခဲမဖြစ်စေရန် ရည်ရွယ်၍ ယာဉ်အမည်ပြောင်းပိုင်ရှင်ကိုယ်တိုင် လုပ်ငန်းလာရောက်ဆောင်ရွက်ခြင်းအား ဖြေလျှော့ပေးခြင်းဖြစ်သည်။ “အရင်က ယာဉ်အမည်ပြောင်းဆောင်ရွက်တာကို ပိုင်ရှင်ကိုယ်တိုင်လာရောက်ဆောင်ရွက်ဖို့ လုပ်ထားတာကနေ ကိုဗစ်ရောဂါကြောင့် လူစုလူဝေးမဖြစ်စေဖို့နဲ့ ပိုင်ရှင်တွေအခက်အခဲမရှိစေဖို့အတွက် ဇူလိုင် ၁ ရက်ကစပြီး ယာဉ်အမည်ပေါက်ပြောင်းလဲတာကို ပိုင်ရှင်ကိုယ်တိုင်လာရောက်ဆောင်ရွက်ဖို့မလိုတော့ဘဲ ဖြေလျှော့ပေးခဲ့တာဖြစ်ပါတယ်”ဟု နေပြည်တော်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှူဦးစီးဌာနရုံးချူပ်မှ ညွှန်ကြားရေးမှူး ဦးမျိုးကျော်အောင်က ဇွန် ၃၀ ရက်တွင် မြန်မာတိုင်းမ်သို့ ပြောကြားသည်။ ယာဉ်ဝယ်ယူခြင်းအတွက် ပြည်တွင်းအခွန်ဦးစီးဌာနတွင် အခွန်စည်းကြပ်မှုခံယူ ပြီးကြောင်း အခွန်ပုံစံ၌ အမည်ပေါက်ပေးဆောင်သူ၏ နိုင်ငံသားစိစစ်ရေးကတ်မူရင်း၊ အိမ်ထောင်စုလူဦးရေစာရင်း(ပုံစံ-၁၀)မူရင်း၊ အရောင်းအဝယ်စာချုပ်၊ ပြည်တွင်းအခွန်တွင် ယာဉ်ဝယ်ယူခြင်းအတွက်...

ကမ္ဘာ့ကူးစက်ကပ်ရောဂါဖြစ်နိုင်တဲ့ တုပ်ကွေးပိုးသစ် တရုတ်မှာတွေ့

ကမ္ဘာ့ကူးစက်ကပ်ရောဂါဖြစ်လာနိုင်တဲ့ တုပ်ကွေးပိုးသစ်တစ်မျိုးကို သိပ္ပံပညာရှင်တွေက တရုတ်နိုင်ငံမှာ ရှာတွေ့ခဲ့ပါတယ်။ ဒီပိုးက အခုတလောမှာမှ ထွက်ပေါ်လာတာ ဖြစ်ပြီး ဝက်တွေမှာ ဒီပိုးသယ်ဆောင်ထား ဖြစ်ပါတယ်။ အဲဒီပိုးက လူတွေကိုလည်း ကူးစက်လာနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ အဲဒီပိုးသစ်ဟာ မျိုးဗီဇ ထပ်ပြောင်းလဲသွားနိုင်လို့ လူချင်း လွယ်လွယ်ကူကူ ကူးစက်ရာက တစ်ကမ္ဘာလုံးကူးစက်ရောဂါ ဖြစ်သွားမှာကို သုတေသနသမားတွေက စိုးရိမ်နေကြပါတယ်။ အဲဒါက ချက်ချင်းဖြစ်လာမယ့် ပြဿနာ မဟုတ်ပေမဲ့ လူတွေကို ကူးစက်နိုင်မယ့် လက္ခဏာအပြည့်ရှိလို့ အနီးကပ် စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ အဲဒီပိုးက အသစ်ဖြစ်လို့ လူတွေက ဒီပိုးကို ခုခံအား နည်းနည်းပဲရှိတာ ဒါမှမဟုတ် လုံးဝ မခုခံနိုင်တာတွေ ဖြစ်နိုင်ပါတယ်။ ဝက်တွေမှာတွေ့ရတဲ့ ပိုးကို ထိန်းချုပ်ဖို့နဲ့ ဝက်ထုတ်လုပ်ရေးက လုပ်သားတွေကို သေချာစောင့်ကြည့်တာတွေ မြန်မြန်ဆန်ဆန်လုပ်ဖို့ Proceedings of the National Academy...

ဆိုင်ကယ်စီးလာသူစုံတွဲအား သေနတ်ဖြင့်ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်တွင် အသုံးပြုခဲ့သည့်သေနတ်မှာ ကျောင်းဆရာမ အငြိမ်းစားတစ်ဦးထံမှရရှိသဖြင့် ၎င်းကိုပါ စစ်ဆေးအရေးယူ

မန္တလေးမြို့တွင် ဆိုင်ကယ်စီးလာသူ စုံတွဲအား ရည်းစားဟောင်းမှ သေနတ်ဖြင့်ပစ်ခတ်မှုတွင် အသုံးပြုခဲ့သည့်သေနတ်မှာ ကျောင်းဆရာမ အငြိမ်းစားတစ်ဦးထံမှ ရရှိသဖြင့် ၎င်းကိုပါ အရေးယူစစ်ဆေးမှုများ ပြုလုပ်နေကြောင်း တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ ထို့ပြင် အဆိုပါအမှုတွင် ကျူးလွန်သူများအနက် အသက်မပြည့်သေးသူများပါဝင်ကြောင်း သိရသည်။ သေနတ်ပစ်မှုကျုးလွန်သူ မောင်…မှာ ၁၉ နှစ်နှင့် ပါဝင်ခဲ့သူသုံးဦးမှာ ၁၆ နှစ်နှင့် ၂၀ နှစ် အရွယ်များ ဖြစ်ကြကြောင်း သိရသည်။ ” သေနတ်က ဘယ်ကရလဲဆိုတော့ ဆရာမထဲကရတာလို့ သိရတယ်။ ဆရာမကလည်း ဘယ်ကရတာလဲဆိုတော့ သူ့အဖေဆီကရတယ်လို့ သိရတယ်။ သူ့အဖေက လဝကက။ တရားဝင်ကိုင်တယ်လို့ ပြောတယ်။ အဲဒါကတော့ ဖြစ်နိုင်မဖြစ်နိုင်စုံစမ်းရမှာပေါ့။ သူ့အဖေကလည်းဆုံးသွားပြီ။ အဲလိုအခြေနေတော့ရှိတယ်။ မပြီးသေးဘူးပေါ့ စစ်နေတာက။ အဲတော့ စစ်ဆေးပေါ်ပေါက်ချက်အရ ဥပဒေအကြံတောင်းပြီးမှ အမှုစွဲဆိုတာတွေ လုပ်ရမှာပေါ့။ အတိကျတော့ ပြောမရသေးဘူး။ ဘာလက်နက်ကိုင်အဖွဲ့နဲ့မှလည်း မဆိုင်ဘူး။ သောင်းကျန်းသူနဲ့လည်း...