Category: အနုပညာ

ချွေးနဲစာလေးနဲ့ လူအယောက်(၁၀၀၀)ကျော်ကိုဆန်လှူဒါန်းပေးသွားမယ့် ခင်လှိုင်တို့မိသားစု

ပရိသတ်ရဲ့အချစ်တော်အနုပညာရှင်ခင်လှိုင်ကတော့ ဇာတ်ပို့ဇာတ်ရံတစ်ယောက်အနေနဲ့ ပရိသတ်ရဲ့အချစ်ကိုသိမ်းပိုက်ထားသူတစ်ယောက်ပါ။နှစ်ပေါင်းများစွာ ကြာအောင် အနုပညာခရီးလမ်းမှာ မှေးမှိန်မပျောက်ကွယ်သွားတဲ့အပြင် လက်ရှိအချိန်မှာ ဒါရိုက်တာတစ်ယောက်အနေနဲ့လည်း ရပ်တည်နေပြီဖြစ်ပါတယ်။သူ့ရဲ့ ပွဲဦးထွက်ဇာတ်ကားတွေဖြစ်တဲ့ ချိုးရုပ်နဲ့ တောက်ချလိုက်မယ် ဇာတ်ကားတွေနဲ့လည်း ပရိသတ်အသိမှတ်ပြုအားပေးခြင်းကို ရရှိထားပြီး နောက်ထပ်တစ်ကားအနေနဲ့ အထိန်းတော်ဇာတ်ကားကြီးကို ဒါရိုက်တာအဖြစ်ရိုက်ကူးနေပါသေးတယ်။ ဒါ့အပြင်သားဖြစ်သူ နေရဲနဲ့ သမီးဖြစ်သူ သဇင်ထူးမြင့်တို့ကလည်း ဖခင်လိုပဲ အနုပညာသွေးအပြည့်အဝပါကာ အနုပညာခရီးလမ်းကို လျှောက်လှမ်းနေကြပြီဖြစ်ပါတယ်။တစ်မိသားစုလုံးရှာသမျှငွေကြေးတွေကို မိခင်ဖြစ်သူကိုပဲ အပ်လေ့ရှိတဲ့ခင်လှိုင်တို့မိသားစုလေးကတော့ မနက်ဖြန်မှာ သူတို့ရဲ့ချွေးနဲစာလေးနဲ့ ငွေကြေးမတတ်နိုင်သူတွေအတွက် ဆန်လှူဒါန်းပေးသွားမှာဖြစ်ပါတယ်။ဆန်အိတ်(၄၀)ကို လူတစ်ယောက်ကို ဆန်နို့ဆီဘူး(၄)လုံးစီ လှူဒါန်းပေးသွားမှာဖြစ်ပြီး ဘုန်းကြီး၊သီလရှင်တွေနဲ့ ခင်လှိုင်အဖွဲ့သားတွေကိုလည်း လှူဒါန်းပေးသွားမှာပါ။ဆန်၊ဆီ၊ကြက်သွန်နဲ့ အချိုမှုန့်တွေကို အဆင်ပြေသလိုလှူဒါန်းပေးသွားမှာဖြစ်ပါတယ်။ သူ့ရဲ့အလှူလေးနဲ့ပတ်သက်ပြီးတော့ “လေးစားချစ်ခင်ရတဲ့ ချစ်မိတ်ဆွေအပေါင်းတို့ခင်ဗျာ.. ကျွန်တော်တို့မိသားစုချွေးနဲစာလေးရဲ့ တစ်နိုင်တစ်ပိုင်အလှူလေးပါ… ကျွန်တော်ရဲ့ခင်လှိုင်တို့အဖွဲ့သူအဖွဲ့သားများနဲ့ အနီးအနားပတ်ဝန်းကျင်ပရိသတ်များကို ဆန်များဝေငှလှူဒါန်းမည်ဖြစ်ပါသဖြင့် (၂၃.၃.၂၀၂၀)နေ့တွင် ကျွန်တော်နေအိမ်အရှေ့ အမှတ်(၁၃/၆) ပေါ်ဆန်းမွှေး(၁)လမ်း၊ သုဝဏ္ဏတွင် မနက်(၉)နာရီ စတင်လှူဒါန်းပါမည်” ဆိုပြီးရေးသားဖော်ပြခဲ့ပါတယ် ပရိသတ်ကြီးရေ..လတ်တလောဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် စက်ရုံအချို့ပိတ်လိုက်ကြပြီး အခြေခံလူတန်းစားအချို့ကတော့...

COVID-19 ကာကွယ်ဖို့ ဆေးပစ္စည်းတွေလှူခဲ့တဲ့ ချစ်သုဝေ

ဒီရောဂါအတွက် ခေတ်သစ်ဖောင်ဒေးရှင်းက သိန်း ၁၀၀ မတည်ထားတယ်လို့ သိရပါတယ်။ အဆိုတော်လင်းလင်းနဲ့ ချစ်သုဝေတို့က COVID-19 ကာကွယ်ဖို့အတွက် လိုအပ်တဲ့ ဆေးပစ္စည်းတွေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။  အဆိုတော်လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံကတော့ ရန်ကုန်ဆေးရုံကြီးနဲ့ ဝေဘာဂီဆေးရုံတို့မှာ COVID-19 ကာကွယ်ရေးအတွက် လိုအပ်တဲ့ ဆေးပစ္စည်းတွေကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။  “သမီး Tereza ဒေါက်တာChit Thu Wai နှင့် သား ကိုလင်း Htwe Lynn Ko တို့ရဲ့ ခေတ်သစ် ဖောင်ဒေးရှင်းမှ လက်ရှိကြုံတွေ့နေရသည့် COVID -19 အတွက် Front Liner ကျန်းမာရေးဝနိထမ်းများအတွက် မဖြစ်မနေလိုအပ်သည့် PPE အစုံ (၁၀၀) တန်ဖိုးငွေ(၄၅) သိန်းအား ရန်ကုန်ဆေးရုံကြီးသို့ အစုံ(၄၀) ဝေဘာဂီ အထူးကုဆေးရုံကြီးသို့ အစုံ(၆၀) သွားရောက်လှူဒါန်းခဲ့ပ့ါသည်။ PPE ကို...

အနုပညာလောကမှာ (၂၅) နှစ်လောက်ရုန်းကန်ပြီးမှ အိမ်လေးတစ်လုံးဆောက်နိုင်တော့မယ်ဆိုတဲ့ မင်းညီ

မင်းညီကတော့ ဇာတ်ပို့ဇာတ်ရံတစ်ယောက်အနေနဲ့ အနုပညာလောကမှာကျင်လည်လာသူတစ်ယောက်ပါ။ ဟိုးအရင်အချိန်တွေကတည်းက ကျရာဇာတ်ရုပ်တိုင်းကို အကောင်းဆုံးပုံဖော်သရုပ်ဆောင်ခဲ့ပြီး မင်းညီကိုတော့ ဟာသဇာတ်ရုပ်တွေနဲ့အများဆုံးတွေ့ခဲ့ရမှာပါ။ နောက်ပိုင်းမှာတော့ သူကသရုပ်ဆောင်အလုပ်တင်မကဘဲ ဇာတ်ညွှန်းရေး၊ဒါရိုက်တာတစ်ယောက်အနေနဲ့ပါ သူရူးသွပ်တဲ့အနုပညာအလုပ်မှန်သမျှကို အင်တိုက်အားတိုက်လုပ်ကိုင်လာသူလည်းဖြစ်ပါတယ်။ ဒီနေ့မှာတော့ အနုပညာလောကမှာ နှစ်အစိတ်လောက်ရုန်းကန်ခဲ့ပြီးမှ အိမ်လေးတစ်လုံးဆောက်နိုင်ခဲ့ပြီဖြစ်တဲ့အကြောင်းကို ပရိသတ်ကြီးကိုမျှဝေခဲ့ပါတယ်။ ဗွီဒီယိုခေတ်ပျက်ပြီးနောက်ပိုင်းမှာ ဇာတ်ပို့ဇာတ်ရံအချို့အနုပညာအလုပ်တွေနဲ့အလှမ်းကွာခဲ့ပြီး ရရာအလုပ်တွေဝင်လုပ်နေကြရတာကို ပရိသတ်တွေ တွေ့မြင်ခဲ့ရမှာပါ။ဇာတ်ပို့ဇာတ်ရံအနုပညာကြေးနည်းပါးလွန်းတဲ့ မြန်မာနိုင်ငံမှာတော့ ဇာတ်ပို့ဇာတ်ရံအချို့ကတော့ ဝါသနာအရင်းခံကာ လုပ်နေကြတာဖြစ်ပြီး ငွေကြေးလုံလောက်စွာစုဆောင်းနိုင်တဲ့အထိ မရရှိခဲ့ကြပါဘူး။ဒီနေ့မှာလည်း မင်းညီကတော့ သူ နှစ်အစိတ်လောက် ကြိုးစားပမ်းစားနဲ့ ရုန်းကန်ခဲ့ပြီးနောက်မှာမှ အိမ်လေးတစ်လုံးဆောက်နိုင်ခဲ့တဲ့အကြောင်းကို မျှဝေခဲ့ပါတယ်။ “ဒီအခြေအနေလေးဖြစ်လာအောင်.. ဘယ်လောက်ရုန်းကန်ရသလဲ.. သိလား… ဦးကျော်ဟိန်းလိုပြောရင်..နှစ်အစိတ်..ကွ.. နှစ်အစိတ်….ဒါတောင်ဇာတ်ပို့ဇာတ်ရံတစ်ခုထဲမဟုတ်ဘူး.. ဇာတ်ညွှန်းလည်းရေး..ဒါရိုက်တာ လည်းလုပ်…သီချင်းလည်းဆို.. သံချပ်လည်းထိုး.. အငြိမ့်လည်းက… ဘောလုံးလည်းကန်… သူများခိုင်းသမျအနုပညာနဲ့ပတ်သက်သမျှအောက်ခြေသိမ်း.. လုပ်ပြီး.. စုတာတောင်.. အမေ အကို.. ဦးလေး.. မိတ်ဆွေ..ဆရာ… .မိန်းမလုပ်ခ.. အားလုံးထောက်ပံ့သမျတို့က.. သိန်း(၁၂၅)သိန်း..ထောက်ပံ့ ထောက်ပံ့ပေးမှ.. အဲလို.. လေး.. ဖြစ်ရသဗျ…...

အမေစုကို ရှိခိုး ကန်တော့ခဲ့တဲ့ ခီမောင်နှံတို့ရဲ့ ကြည်နူးစရာ ဗီဒီယို ဖိုင်လေး

“မုဒြာခေါ်သံ” .. “ဥပါယ်တံမျဉ်” စတဲ့ ရုပ်ရှင်ကားတွေနဲ့ မြန်မာပြည်က ရုပ်ရှင်ကြည့် ပရိသတ်တွေရဲ့ အသည်းနှလုံးကို သိမ်းပိုက်ရယူနိုင်ခဲ့တဲ့ ခီမောင်နှံဖြစ်တဲ့ ဇာဏ်ခီနဲ့ ခရစ်စတီးနားခီတို့ဟာ လက်ရှိမှာလည်း “Now and Ever-ထာဝရနှောင်ကြိုး” ရုပ်ရှင်ကားကြီးနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ထပ်မံရယူထားတာပါ….. ဇနီးဖြစ်သူက ဒါရိုက်တာ…ခင်ပွန်းဖြစ်သူက မင်းသား ဒီလိုအတွဲညီပြီး ဇာတ်ကားကောင်းတွေ ဖန်တီးနေတဲ့ သူတို့စုံတွဲဟာ အနုပညာအရရော လူမှုရေးအရပါ ပရိသတ်တွေက ချစ်ခင်ကြတဲ့ ဇနီးမောင်နှံ အနုပညာရှင်တွေပဲ ဖြစ်ပါတယ်….သူတို့ ဇနီးမောင်နှံဟာ ယနေ့မှာတော့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရရှိခဲ့ပါတယ်… အဲဒီလိုတွေ့ဆုံရာမှာ ခီမောင်နှံဟာ ဒေါ်အောင်ဆန်းစုကြည်ထံ “ထာဝရနှောင်ကြိုး” ဇာတ်ဝင်တေးသီချင်းခွေနဲ့ ဇာဏ်ခီရေးထားတဲ့ “ကိုယ်တိုင်သိရှိသွားမှု” ဆိုတဲ့ အက်ဆေးစာအုပ်လေးကို လက်ဆောင်ပေးခဲ့ပါတယ်…..ဒါ့အပြင် ခီမောင်နှံဟာ ဒေါ်အောင်ဆန်းစုကြည်ကို တလေးတစားနဲ့ မိခင်ရင်းသဖွယ် ရှိခိုးကန်တော့ခဲ့ကြပါတယ်… ခုလို တွေ့ဆုံခွင့်ရသလို ကန်တော့ခွင့်လည်းရ...

ပရိသတ်ကို မနှိပ်စက်ချင်တော့တဲ့အတွက် နောက်ပိုင်းမှာ ရုပ်ရှင်ရိုက်ကူးမှု လျှော့ချသွားမယ်ဆိုတဲ့ အိန္ဒြာကျော်ဇင်

နိုင်ငံကျော် မင်းသမီးချောလေး အိန္ဒြာကျော်ဇင်က အနုပညာနယ်ပယ်မှာ အောင်မြင်မှုတွေများစွာ ရရှိပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်က အသက်လေးဆယ်အရွယ် ကလေးနှစ်ယောက်မိခင်တစ်ဦးဖြစ်နေပေမယ့် သူမရဲ့ လှပတဲ့ ရုပ်ရည်ကတော့ ပြောင်းလဲသွားခြင်း မရှိပါဘူး။ ပရိသတ်တွေကလည်း အိန္ဒြာကျော်ဇင်ရဲ့ အနုပညာလှုပ်ရှားမှုတိုင်းကို စိတ်ဝင်တစား စောင့်ကြည့်အားပေးကြတာ ဖြစ်ပါတယ်။ အသက်အရွယ်တစ်ခု ရရှိလာပြီး အိမ်ထောင်ရှင်မတစ်ယောက်အနေနဲ့ မိသားစုကို ဂရုစိုက်နေရတဲ့ မင်းသမီးချော အိန္ဒြာကျော်ဇင်က နောက်ပိုင်းမှာတော့ ရုပ်ရှင်ရိုက်ကူးမှုတွေကို တော်တော်ကြီး လျှော့ချသွားမယ်လို့ ထုတ်ပြောလာပါတယ်။ အိန္ဒြာကျော်ဇင်က ” အဓိကကတော့ နှစ်ပေါင်းများစွာ ပရိသတ်ကို နှိပ်စက်နေတာ ကြာပြီလေ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ဟာကိုယ်တောင် ဒီမျက်နှာကြီးကိုပဲ မြင်နေရတာ တော်တော်လေး ငြီးငွေ့နေပြီလေနော်။” ” ဒီမျက်နှာနဲ့ ဒီလက်နှစ်ဖက်နဲ့ ဒီမျက်လုံးနဲ့ ဒီပါးစပ်နဲ့ ဒီထက် ဆန်းအောင် လုပ်ပြလို့ မရတော့ဘူးလေ။ ဒီထက် ကွဲလွဲအောင် အိုက်တင်တွေ လုပ်ပြဖို့လည်း...

မူးယစ်ဆေးမဟုတ်လို့ ပြန်လွှတ်လိုက်တာလို့ ဗဟန်းရဲစခန်းမှ စခန်းမှူးပြော

အောက်တိုဘာလ ၉ ရက်နေ့ ညနေက ဖြိုးပြည့်စုံပြန်လည်လွတ်မြောက်လာပါပြီ။ ဖြိုးပြည့်စုံနဲ့ အတူ လက်ဝယ်တွေ့ရှိထားတဲ့ ဆေးဝါးတွေဟာ မူးယစ်ဆေးဝါး မဟုတ်လို့ ပြန်လည်လွှတ်ပေးလိုက်ခြင်းဖြစ်တယ်လို့ ဗဟန်းမြို့နယ် ရဲစခန်းမှ ရဲမှူးဦးသိန်းဝင်းကပြောပါတယ်။ အဆိုတော်ဖြိုးပြည့်စုံကတော့ မီဒီယာတွေနဲ့ တွေ့ဆုံပွဲလုပ်သွားမယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက် နှာကနေတဆင့် ကြေညာလိုက်ပြီဖြစ်ပါတယ်။ သူ့အတွက် စိုးရိမ်နေကြတဲ့ ပရိသတ်တွေကလည်း ဝမ်းသာပီတိဖြစ်လို့နေကြပါတယ်။ ‘’ကျွန်တော် ၊ ရော်နီ နဲ့ ငြိမ်းချမ်းကိုတို့ရဲ့ မှန်ကန်မှုကို ယုံကြည်ပေးတဲ့ တစ်ယောက်ချင်းစီ ကို ကျေးဇူးအထူးတင်ပါတယ်။ မကြာခင်မှာ media conference လေးတခု လုပ်နိုင်ဖို့ ကျွန်တော် စီစဉ်ပါ့မယ်’’ ဆိုပြီးတော့ အောက်တိုဘာလ ၉ ရက်နေ့ ညနေ ၆နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ ဖြိုးပြည့်စုံကို လွှတ်ပေးလိုက်ရတဲ့ အကြောင်းအရင်းကိုလည်း ဗဟန်းမြို့နယ် ရဲစခန်းမှ ရဲမှူးဦးသိန်းဝင်းက အောက်တိုဘာလ ၉...

မူးယစ်ဆေးမှုနဲ့ မှားယွင်းစွပ်စွဲ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အဆိုတော်ဖြိုးပြည့်စုံ လွတ်မြောက်ပြီ

အဆိုတော် ဖြိုးပြည့်စုံနဲ့ တေးရေးဆရာ နှစ်ဦးတို့ကို သတင်းပေးမှုအရ မူးယစ်အဖွဲ့တပ်ဖွဲ့က အောက်တိုဘာလ (၇) ရက်နေ့ ညနေပိုင်းမှာ ရန်ကုန်မြို့ မြန်မာပလာဇာ ရှော့ပင်းမောလ်တွင် ဖမ်းဆီးခဲ့တဲ့ သတင်းက တော်တော်လေး ဟိုးလေးတကြော်ကြော် ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဖြိုးပြည့်စုံအတွက် ပရိသတ်တွေက စိတ်မကောင်းခြင်းများစွာ ဖြစ်နေကြသလို မယုံကြည်နိုင်ဖြစ်နေကြတာကိုလည်း တွေ့ရပါတယ်။ ဖြိုးပြည့်စုံနဲ့ တေးရေး ငြိမ်းချမ်းကို၊ ရော်နီဆန်းလွင် တို့က လက်ရှိမှာတော့ ဗဟန်းမြို့မစခန်းမှာ ထိန်းသိမ်းခံထားရတာ ဖြစ်ပါတယ်။ ဒီနေ့နေ့လယ်ပိုင်းမှာတော့ ဖြိုးပြည့်စုံတို့ သုံးယောက်ကပြန်လည်လွတ်မြောက်လာပြီပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ “ကိုဖြိုးပြည့်စုံ အပါအဝင်ြ ငိမ်းချမ်းကို ၊ ရော်နီစန်းလွင် (၃) ဦးလုံး ဒီနေ့ခင်းဘဲ မှားယွင်းစွပ်စွဲမှုမှ လွတ်မြောက်ပြီး အိမ်ပြန်ရောက်ခဲ့ကြပါပြီ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလဲ ဖြိုးပြည့်စုံတို့အတွက် ဝမ်းသာစကားလေးပြောပေးခဲ့ကြပါဦးနော်။ Source : တေးချစ်သူ

အရင်ဘဝက ဝဋ်ကြွေးရှိလို့ ကျွန်တော်တို့ခံရတာပါ ဆိုပြီး အမှန်တရားကို ပြောပြလာတဲ့ ဖြိုးပြည့်စုံ

မနက်က မောင်လေးဖြိုးပြည့်စုံကို ဗဟန်းရဲစခန်းမှာ သွားပြီး အားပေးဖြစ်တယ်။တကယ့်ကို မယုံနိုင်စရာကောင်းလောက်အောင် အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်ပါ။ သူနဲ့အတူ အဖမ်းခံရတဲ့မောင်လေး ၂ ယောက်ကလည်း တကယ့်ကို အေးအေးဆေးဆေးသမားတွေ။ ဘယ်သူ့ကိုမှလည်း အပြစ်မပြောကြရှာဘူး။ အစပိုင်းကတော့ ဘာမှန်းမသိတော့ လန့်ပြီးစိတ်ပူမိတယ် အစ်မရယ်တဲ့… အခုတော့ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ယုံတယ်… မဟုတ်တာ မလုပ်ထားတာမို့… အမှန်တရား ပေါ်လာမှာပါတဲ့… 😢😢😢 ဘယ်သူ့ကိုမှလည်း အပြစ်မပြောကြရှာဘူး ဖမ်းတဲ့သူတွေကလည်း သတင်းပေးလို့ ဖမ်းရတာပါလေတဲ့  အရင်ဘဝက ဝဋ်ကြွေးရှိလို့ ကျွန်တော်တို့ခံရတာပါတဲ့  အခုကံနိမ့်နေတဲ့အချိန်မို့ထင်တယ်  အခုလို မထင်ထားတာတွေ ဖြစ်တာတဲ့… 😢😢😢 ဖြစ်တာက သတင်းပေးသူက အဲ့ဒီဆိုင်မှာ ၂ ယောက်ထိုင်နေတဲ့ ဝိုင်းဆိုပြီး ဝိုင်းနေရာကို ပြောသွားတော့ လာဖမ်းတဲ့အချိန်မှာ ဖြိုးပြည့်စုံက တခြားမှာစကားသွားပြောနေတဲ့အချိန် ပိုက်ဆံအိတ်နဲ့ ကားသော့ပဲ ကျန်ခဲ့တော့ ၂ ယောက်ထဲရှိနေတဲ့ သူ့မိတ်ဆွေတွေ ဆွမ်းခံရင်းငှက်သင့်တာလည်း ဖြစ်နိုင်ပါတယ်လေ...

ဆေးရုံတက်နေရတဲ့ သားကို ကြည့်ပြီး စိတ်မကောင်းဖြစ်နေတဲ့ ခင်ဇာခြည်ကျော်

ခင်ဇာခြည်ကျော်ရဲ့ တစ်ဦးတည်းသော သား ဘုန်းမင်းနေလကတော့ အူအတက်ပေါက်လို့ အရေးပေါ် ဆေးရုံတက်ခဲ့ရတာပါ။ ခွဲစိတ်မှု အောင်မြင်ပေမယ့် လည်း လက်ရှိမှာ အဖျားမကျလို့ ဆေးရုံပေါ်က မဆင်းရသေးလို့ သိရပါတယ်။ ခင်ဇာခြည်ဇော်ကတော့ ဆေးကုသမှု ခံယူနေရတဲ့ သားကို ကြည့်ပြီး စိတ်မကောင်း ဖြစ်လို့နေပါတယ်။ အူအတက်ပေါက်တာကြောင့် အရေးပေါ်ဆေးကုသမှု ခံယူခဲ့ရပြီး အူအတက်ဖြတ်ပြီးပေမယ့် အဖျားက တက်လိုက်ကျလိုက်ဖြစ်နေတာကြောင့် ဆေးရုံက မဆင်းရသေးဘူးလို့ ခင်ဇာခြည်ဇော်က ပြောပါတယ်။“သားသား ဘုန်းမင်း ဆေး ရုံ တက် အူ အတက် ဖြတ်ပြီး ပေမယ့် ဖျား က တက် လိုက် ကျ လိုက် အဖျား တက် ရင် ၁၀၄ အထိ တက် တယ်။သားသား ကို ကြည့် ပြီး သနား မိတယ်။ကိုယ် ပဲ ဖြစ်...

မူးယစ်ဆေးဝါးကြောင့် အနုပညာလောကက ကျောခိုင်းခဲ့ရသူတစ်ယောက်

အဲသည်နေ့က သူယဉ်းနည်းနည်းထနေတာ။ မူးယစ်ဆေးဝါး နံပါတ်ဖိုးထိုးဖို့အပ်ကို သူရှာလိုက်တာပေါ့။ ဆေးကို မိုးရေတွေနဲ့ဖျော်ပြီး သူ့ရဲ့လက်ဖျံရိုးထဲ ထည့်ထိုးလိုက်တဲ့အချိန်မှာပဲ အခန်းတံခါးဝမှာ ပေါ်လာတာက သူ့ရဲ့အမေပါ။သူပစ္စည်းတွေကို လုံးဝသိမ်းလို့မမီ တော့ဘူး။ သူအခါတိုင်း ရုပ်ရှင်ရိုက်ရင် တိုင်ပင်ကိုက် ထားတာတောင် သူ့အဖြစ် အပျက်လောက် တိုင်ပင်မကိုက်နိုင်တော့ပါ ဘူး၊ ဘိန်းဖြူထိုးရင်းတန်းလန်းမှာပဲ သူ့ အမေတွေ့သွားတာကြောင့် ဘယ်လိုမှ ရှင်းပြချိန် မရလိုက်ပါဘူး။ လက်မှာ ဆေးထိုးအပ်တန်းလန်းနဲ့ တွေ့လိုက်တဲ့အချိန်မှာပဲ သူ့အမေအခန်း တံခါးဝမှာ ပုံလျက်သားလဲကျသွားတာကို သူတွေ့လိုက်ရပေမဲ့ ဆေးထိုးအပ်ထိုး ထားတာကို ချက်ချင်းမဖြုတ်သေးဘဲ နောက်တစ်ကြိမ် ပြန်သွင်းဖို့သာ သူကြိုး စားနေပါတယ်။ကမ္ဘာပျက်တဲ့နေ့ အဲသည်နေ့က သူရော သူ့အမေပါ ကမ္ဘာပျက်တဲ့နေ့ပေါ့။ အမေ့ကို သည်လို ပုံစံမျိုးနဲ့ တစ်သက်လုံး မမြင်ခဲ့ဖူးဘူးလေ။ သူ့အမေရဲ့ဘဝမှာ ပြိုလဲသွားပြီဆိုပြီး ငိုလိုက်တာ သူငိုင်ပြီးငေးကြည့်နေပေမဲ့ ဆေးထိုးအပ်တန်းလန်းနဲ့ ထိုးနေတာကို တော့ ရပ်မသွားဘဲ  ပြီးဆုံးအောင်...