Category: အားကစား

မော်လ်ဒိုက်နိုင်ငံတွင်ကျင်းပမည့်နိုင်ငံတကာပြိုင်ပွဲ(၂)ခုသို့ သက်ထားသူဇာ သွားရောက်ယှဉ်ပြိုင်

မြန်မာ့လက်ရွေးစင်ကြက်တောင်မယ် သက်ထားသူဇာသည် နိုင်ငံတကာကြက်တောင်ပြိုင်ပွဲ(၂)ခုကိုယှဉ်ပြိုင်ရန် စက်တင်ဘာလ(၁၆)ရက်၌ မော်လ်ဒိုက်နိုင်ငံသို့ ထွက်ခွာသွားကြောင်းသိရသည်။ အကုန်သိသတင်းဌာန၏ဆက်သွယ်မေးမြန်းမှုအပေါ် သက်ထားသူဇာ၏ ဖခင်ဖြစ်သူ ဦးထွန်းထွန်းဇော်က ဖြေကြားပေးခြင်းဖြစ်သည်။“ ပြိုင်ပွဲကတော့(၂)ခုပါ။ ဒီနေ့ပဲသွားပါပြီ။ အများကြီးတော့မျှော်မှန်းမထားပါဘူး။ ကစားသမားကောင်းတွေလည်း ပါလာမှာဆိုတော့ဒီလိုပဲကြိုးစားရမှာပေါ့။ ပြီးသွားတဲ့ပြိုင်ပွဲကနေ အမှတ် ၁၇၅၀ ရသွားပါတယ်။ မနက်ဖြန် Ranking တစ်ဆင့်အပြောင်းအလဲဖြစ်မယ်။ အခုပြိုင်ပွဲ(၂)ခုကနေလည်း အိုလံပစ်ပြိုင်ပွဲဝင်ရောက်နိုင်ရေး အထောက်အကူပြုနိုင်မှာပါ။”ဟု ဦးထွန်းထွန်းဇော်ကပြောသည်။ ယင်းပြိုင်ပွဲနှစ်ခုမှာ International Seriesနှင့် Future Series ပြိုင်ပွဲဖြစ်ပြီး စက်တင်ဘာလ(၁၇)ရက်မှ ၂၉ရက်အထိ မော်လ်ဒိုက်နိုင်ငံတွင်ကျင်းပသွားမည် ဖြစ်သည်။သက်ထားသူဇာသည် စက်တင်ဘာလ(၁၀)ရက်မှ (၁၅)ရက်အထိ မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သော နိုင်ငံတကာစီးရီးပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သည်။သက်ထားသူဇာသည် ၂၀၂၀ အိုလံပစ်ပြိုင်ပွဲဝင်ရန်ရည်မှန်းကာ ဒိန်းမတ်နိုင်ငံတွင် လေ့ကျင့်ရေးဆင်းပြီး တစ်ဖက်တွင်လည်း နိုင်ငံတကာစီးရီးပွဲများဝင်ရောက်ယှဉ်ပြိုင်၍ ရွှေတံဆိပ်များရယူနေသူဖြစ်သည်။ Credit-အကုန်သိ

Myanmar International Series (2019) ပြိုင်ပွဲမှာ တတိယဆုရရှိခဲ့တဲ့ သက်ထားသူဇာ

သက်သားသူဇာဟာ အသက်(၇)နှစ်အရွယ်ကတည်းက ကြက်တောင် အားကစားကိုစတင်ကစားခဲ့တာဖြစ်ပြီး လက်ရှိမှာ ရွှေတံဆိပ်ဆု (၆)ဆု၊ ငွေတံဆိပ်ဆု(၂)ဆုကို ရရှိပိုင်ဆိုင်ထားတဲ့အပြင် ထိုင်းနိုင်ငံရဲ့ ဘုရင်မင်းမြတ်ကိုယ်တိုင်က ပေးအပ်ချီးမြှင့်တဲ့ဂုဏ်ထူးဆောင်ဆု (၆)ဆုကို ရရှိထားတဲ့ မြန်မာ့ဂုဏ်ဆာင် ကြက်တောင်အားကစားမယ်လေးတစ်ယောက်ပဲဖြစ်ပါတယ်။(၂၀၁၈)ခုနှစ် နှစ်ကုန်ပိုင်းကနေစတင်ပြီး နိုင်ငံတကာအားကစားပြိုင်ပွဲတွေမှာ ကြက်တောင်အားကစားနည်းနဲ့ အောင်မြင်မှုများ ဆက်တိုက်ရယူပေးနိုင်ခဲ့တဲ့ နိုင်ငံဂုဏ်ဆောင် အားကစားမယ်လေးလို့လည်း ဆိုနိုင်ပါတယ်။ သက်ထားသူဇာဟာ လက်ရှိမှာ Myanmar International Series (2019)ကြီးကို ပါဝင်ယှဉ်ပြိုင်နေတာပဲဖြစ်ပါတယ်။ဒီပွဲကြီးမှာ သူမရဲ့ ပထမဆုံးပွဲစဉ်အနေနဲ့ ထိုင်းနိုင်ငံကိုယ်စားပြုကစားသမားဖြစ်တဲ့ Saranporn PORNPATTANAMONGKOL နဲ့ ယှဉ်ပြိုင်ပြီး (၂၁-၁၀) (၂၁-၁၄)မှတ်ဖြင့် အနိုင်ရရှိခဲ့တဲ့ အပြင် ဒုတိယပွဲစဉ်မှာလည်း အိန္ဒိယနိုင်ငံကိုယ်စားပြုကစားသမား SAMIYA IMAD FAROOQUIကို (၂၁-၁၃) (၁၃-၂၁) (၂၁- ၁၆)မှတ်ဖြင့် ထပ်မံအနိုင်ရရှိကာ (၂)ပွဲဆက်တိုက်အနိုင်ဖြင့် Semi-Final ပွဲစဉ်ကို တက်ရောက်ခဲ့ပါတယ်။   Semi-Finalပွဲစဉ်ကြီးမှာတော့ သက်ထားသူဇာဟာ အင်ဒိုနီးရှားနိုင်ငံမှ...

အကြိုဗိုလ်လုပွဲတွင် အင်ဒိုကြက်တောင်ကစားသမားကို သက်ထားသူဇာ ရှုံးနိမ့်

မြန်မာနိုင်ငံမှာလက်ခံကျင်းပနေတဲ့ International Series 2019 မှာ သက်ထားသူဇာဟာ အင်ဒိုနီးရှား ကြက်တောင်ကစားသမား ဘာတာရီကို (၂)ပွဲပြတ်နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။ စက်တင်ဘာ(၁၄)ရက်က ယှဉ်ပြိုင်ခဲ့တဲ့ အဲဒီအကြိုဗိုလ်လုပွဲမှာ အင်ဒိုနီးရှားကစားသမား ဘာတာရီ ဟာ (၂၁ – ၁၅) မှတ်၊ (၂၁ -၁၇) မှတ် နဲ့ အနိုင်ရပြီး ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာပါ။ ဗိုလ်လုပွဲမှာ တစ်ရက်တည်းယှဉ်ပြိုင်နေတဲ့ ထိုင်း နဲ့ အင်ဒိုနီးရှား နှစ်သင်းက အနိုင်ရတဲ့ကစားသမားနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ Credit-One News

နိုင်ငံတကာကြက်တောင်ပြိုင်ပွဲတွင် သက်ထားသူဇာ ဆီမီးဖိုင်နယ် တက်ရောက်

မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ နိုင်ငံတကာကြက်တောင်ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်မှာ မြန်မာကြက်တောင်မယ် သက်ထားသူဇာက ပြိုင်ဘက် အိန္ဒိယကစားသမား ဆာမီရာအား ၂ ပွဲ ၁ ပွဲနဲ့ အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။ သက်ထားသူဇာဟာ အိန္ဒိယကစားသမားအား ခက်ခက်ခဲခဲ ယှဉ်ပြိုင်ကစားခဲ့ရတာ ဖြစ်ပြီး ၂၁-၁၃၊ ၁၃-၂၁၊ ၂၁-၁၆ မှတ် ၂ ပွဲ ၁ ပွဲနဲ့ အနိုင်ရရှိခဲ့တာပါ။ မြန်မာကြက်တောင်မယ် သက်ထားသူဇာက ၁၆ ယောက်အဆင့်မှာ ထိုင်းကြက်တောင်မယ် ဆာရာပွန်းကို ၂၁:၁၀ ၊ ၂၁:၁၄ မှတ်နဲ့ ၂ ပွဲပြတ် အနိုင်ရခဲ့ပြီး ကွာတားဖိုင်နယ် တက်ရောက်ခဲ့တာပါ။သက်ထားသူဇာဟာ ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ အင်ဒိုနီးရှားကစားသမား ဘာတာရီနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဒီနေ့ မွန်းလွဲ ၁ နာရီ စတင်ကစားမှာပါ။ နိုင်ငံတကာကြက်တောင်ပြိုင်ပွဲကို စက်တင်ဘာလ ၁၅ ရက်ထိ လမ်းမတော်မြို့နယ်ရှိ အမျိုးသားကြက်တောင်ကွင်းမှာ...

အိုလံပစ်အိပ်မက်ကို ပိုပြီးတော့ နီးကပ်ဖို့ ကြိုးစားနေရပါတယ်ဆိုတဲ့ သက်ထားသူဇာ

ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်ထံကနေ ဂုဏ်ထူးဆောင်ဆု (၆)ဆုအား ချီးမြှင့်ခံခဲ့ရသူ တစ်ယောက်ဖြစ်တဲ့ သက်ထားသူဇာကတော့ အားကစားလောကမှာ ထူးချွန်ထက်မြတ်တဲ့ ကြက်တောင်မယ်လေးတစ်ယောက်ပဲဖြစ်ပါတယ်။ အီဂျစ်နိုင်ငံတွင် ကျင်းပသည့် နိုင်ငံတကာ စီးရီးကြက်တောင်ပြိုင်ပွဲ (Egypt International Series 2018)အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ရွှေတံဆိပ်ဆုကို ရရှိခဲ့တဲ့ သူတစ်ယောက်ပါ။ ဒါအပြင် နီပေါအပြည်ပြည်ဆိုင်ရာစီးရီး (2018) တွင် ဒုတိယဆု၊ Iran International challenge (2018)တွင်လည်း တတိယဆုတွေကို အသီးသီးရရှိခဲ့ပါတယ်။ ဂရိနိုင်ငံက ကြက်တောင်ပြိုင်ပွဲမှာ ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တဲ့ သက်ထားသူဇာဟာ ဆီမီးဖိုင်နယ်မှာ ပြင်သစ် ကြက်တောင်မယ် လီယိုနစ်ဟူအဲကို (၃)ပွဲဆက်တိုက်ရိုက်ပြီးတော့ အနိုင်ရရှိခဲ့တယ်လို့သိရပါတယ်။ ဗိုလ်လုပွဲမှာတော့ မလေးရှားကြက်တောင်မယ် ဆယ်ဗာဒူရေးနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတာဖြစ်ပြီးတော့ ကောင်းကောင်းမကစားနိုင်ခဲ့ဘူးလို့လည်း သိရပါသေးတယ်။ အဲဒီပြိုင်ပွဲပြီးပြီးချင်း ဘူဂေးရီးယားနိုင်ငံမှာ ကျင်းပတဲ့ ကြက်တောင်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ခရီးပန်းတာကြောင့် ကောင်းကောင်းမကစားနိုင်ခဲ့ပေမယ့် ဆုတွေကို သိမ်းပိုက်နိုင်ခဲ့တယ်လို့လည်း ပြောပြထားပါသေးတယ်။...

မြန်မာကလေးငယ် ၂၀၀ ကျော်ကို စပါးနည်းပြ ၂ ဦး လာရောက်လေ့ကျင့်ပေး

အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် စပါးအသင်းရဲ့ စပွန်ဆာတခုဖြစ်တဲ့ AIA ရဲ့ စီစဉ်မှုနဲ့ မြန်မာကလေးငယ် ၂၄၀ ကို စပါးနည်းပြ ၂ ဦးက ဘောလုံးအခြေခံကစားပုံတွေကို လာရောက်သင်ကြားပေးခဲ့ပါတယ်။ စပါးနည်းပြ ၂ ဦးဟာ ရန်ကုန်ယူနိုက်တက်အသင်းက နည်းပြတချို့နဲ့အတူ အသက် ၇ နှစ် ကနေ ၁၄ နှစ်ကြားရှိ မြန်မာကလေးငယ် ၂၄၀ ကို အုပ်စု ၂ ခု ခွဲပြီး စက်တင်ဘာ ၁ ရက် မနက်ပိုင်းမှာ တကြိမ်၊ ညနေပိုင်းမှာ တကြိမ် ရန်ကုန်ယူနိုက်တက် အားကစားရုံမှာ လေ့ကျင့်သင်ကြားပေးခဲ့တာပါ။စပါးလူငယ်အသင်းမှာ ကစားခဲ့ဖူးပြီး ဒဏ်ရာကြောင့် နည်းပြဘဝကို ကူးပြောင်းခဲ့တဲ့ ဘောလုံးဖွံ့ဖြိုးတိုးတက်ရေး နည်းပြ ဘလက်ဝုခ်နဲ့ နိုင်ငံတကာ ဘောလုံးဖွံ့ဖြိုးရေးနည်းပြ အာရွန် တဲလ်ဘရုခ်တို့ လာရောက်သင်ကြားပေးခဲ့တာပါ။ ဘောလုံးနည်းပြတဦးအနေနဲ့ မြန်မာပြည်ကို ပထမဆုံးအကြိမ် လာရောက်ပြီး ကလေးငယ်တွေရဲ့ တိုးတက်မှုအတွက်...

အိုလံပစ်ပြိုင်ပွဲ ဝင်နိုင်ရေး ရုန်းကန်နေရသည့် ကြက်တောင်မယ် သက်ထားသူဇာ

မြန်မာ့ကြက်တောင်ကစားသမား သက်ထားသူဇာသည် ဘူဂေးရီးယားနိုင်ငံတွင် ကျင်းပသည့် BULGARIAN OPEN CHAMPIONSHIP 2019 ပြိုင်ပွဲတွင် တူရကီ ကြက်တောင်မယ် နက်စ်လီဟန် ရီဂစ်ကို ကွာတားဖိုင်နယ် အဆင့်တွင် ရှုံးနိမ့်သွားခဲ့သည်။ပြိုင်ပွဲတိုင်း လိုလို အောင်မြင်မှုများ ရရှိနေသည့် မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာသည် ထိုပွဲစဉ်မတိုင်မီ ဂရိ Hellas Open ကြက်တောင်ပြိုင်ပွဲမှာလည်း မလေးရှား ကြက်တောင်မယ် ဆယ်ဗာဒူးရေးကို ရှုံးနိမ့်ကာ ဒုတိယဆု ရရှိခဲ့သည်။ သို့ဖြစ်ရာ ယခု ပွဲစဉ်တွင်လည်း ၎င်းနှင့်လက်ရည် မကွာသည့် တူရကီကြက်တောင်မယ်ကို ဘာကြောင့် ရှုံးနိမ့်ရသလဲ၊ လက်ရည်များ ကျဆင်းလာပြီလားဟု တွေးတောစရာများလည်း ရှိလာနေသည်။သက်ထားသူဇာ၏ ဖခင် ဦးထွန်းထွန်းဇော်က သူ၏ သမီးသည် ဒိန်းမတ်နိုင်ငံ၌ ASIA OLYMPIC PROJECT TRAINING ကို ၂ လကြာ လေ့ကျင့်နေရင်း ပြိုင်ပွဲများကြောင့် စိတ်ဖိစီးမှုများ ရှိသည့်...

အဖွားဖြစ်သူအိမ်မှာစိုက်ထားတဲ့ ငှက်ပျောပင်ကို တစ်ချက်တည်းနဲ့ ကျိုးအောင်ကန်ပြခဲ့တဲ့ အောင်လအန်ဆန်းရဲ့ ခြေအစွမ်း

MMA ပြိုင်ပွဲတွေမှာ နိုင်ပွဲတွေနဲ့တူတူ ချန်ပီယံခါးပတ်တွေနဲ့ နိုင်ငံ့ဂုဏ်ဆောင်နေတာကတော့အာင်လအန်ဆန်ပဲဖြစ်ပါတယ်။သူကတော့ အောက်တိုဘာ၁၃ရက်နေ့ ဂျပန်မှာ ကျင်းပမယ့် လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံခါးပတ်ကာကွယ်ပွဲအတွက် လေ့ကျင့်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။အောင်လကတော့ ဒီချန်ပီယံခါးပတ်ပြိုင်ပွဲမှာလည်း ချန်ပီယံဖြစ်ဖို့ကြိုးစားနေတာပါ။ ဒီပွဲဟာဂျပန်နိုင်ငံမှာ ယှဉ်ပြိုင်ထိုးသတ်ရမှာဖြစ်ပေမယ့်လည်း မြန်မာနိုင်ငံကပရိသတ်တွေကလည်းအားပေးဖို့အဆင့်သင့်ပဲဖြစ်ပါတယ်။အောင်လကလည်း အမိမြေကပရိသတ်တွေပျော်ရွှင်ဖို့အတွက် ကမ္ဘာကျော် ကစားသမားတွေနည်းပြတွေနဲ့လေ့ကျင့်မှုတွေပြုလုပ်နေတာပါ။သူရဲ့လေ့ကျင့်မှုတွေကိုလည်းပရိသတ်တွေအတွက်တင်ဆက်ပေးလေ့ရှိပြီးအားရစရာကောင်းတာပါ။ ခုမှာလည်း ပရိသတ်တွေကိုအမိုက်စားကန်ချက်တွေပြသလိုက်တာဖြစ်ပါတယ်။သူကတော့ ခုမှာ ငှက်ပျောပင်ကိုကန်ချိုးပြလိုက်တာဖြစ်ပါတယ်။သူကတော့ငှက်ပျောပင်ချိုးရလွယ်တယ်ဆိုတာကိုအဖွားအိမ်ကငှက်ပျောပင်ချိုးပြလိုက်တာဖြစ်ပါတယ်။တစ်ချက်ထဲနဲ့တင်ငှက်ပျောပင်ချိုးပြလိုက်တဲ့ အောင်လရဲ့videoလေးကိုလည်းပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ကပါတယ်။ Source:Aung La Nsang

ဒုတိယမြောက်ရင်သွေးငယ်လေးကို ထပ်မံပိုင်ဆိုင်တော့မယ့်အကြောင်း အသိပေးခဲ့တဲ့ အောင်လအန်ဆန်

Burmese Python၊ MMA ရဲ့အကောင်းဆုံးဖိုက်တာတစ်ယောက်။ သံလှောင်အိမ်ထဲမှာတော့ အဲဒီလိုမျိုးဂုဏ်ပုဒ်တွေနဲ့ ကိုက်ညီနေအောင်လို့ အောင်လအန်ဆန်မှာ ခက်ထန်မှုတွေ၊ ကြမ်းတမ်းမှုတွေ အပြည့်ရှိနေရပါတယ်။ သံလှောင်အိမ်ထဲက Burmese Python ရဲ့မျက်လုံးတွေဟာ တောက်ပမှုအပြည့်၊ ပြိုင်ဘက်ကို ဘယ်လိုအသာစီးရယူမလဲ၊ ဘယ်လိုနှိမ်နင်းရမလဲဆိုတာပဲ အောင်လအန်ဆန်ရဲ့ ခေါင်းထဲမှာ တွေးထားပါလိမ့်မယ်။ ဒါပေမဲ့ သံလှောင်အိမ်ထဲက ထွက်လိုက်တာနဲ့ အောင်လအန်ဆန်ရဲ့အရေခွံ့ဟာ ဘာမှမတူအောင် ကူးပြောင်းသွားတတ်ပါတယ်။ သံလှောင်အိမ်မှာ ခက်ထန်မှုတွေနဲ့ ပြည့်နှက်နေသလောက် အောင်လအန်ဆန်ရဲ့ ပြင်ပနေထိုင်မှုဘ၀ကတော့ သိပ်ကိုအေးချမ်းလွန်းပါတယ်။ အသက်ထက်ဆုံးချစ်ရတဲ့ဇနီး၊ သားငယ်လေးအဒီးလေးတို့နဲ့အတူ အောင်လအန်ဆန်ဟာ ဘ၀ကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းလျက်ရှိနေပါတယ်။ အခုအခါမှာတော့ အောင်လအန်ဆန်ဟာ သူ့အနေနဲ့ နောက်ထပ်ရင်သွေးငယ်လေးတစ်ယောက်ကို ပိုင်ဆိုင်တော့မှာဖြစ်တဲ့အကြောင်း ပရိသတ်ကို အသိပေးသွားခဲ့ပါတယ်။ အောင်လအန်ဆန်ဟာ သူ့ရဲ့ Facebook စာမျက်နှာမှာ သားငယ်လေး အဒီးက “PINK OR BLUE? EITHER WILL DO#2..COMING SOON”ဆိုတဲ့ စာတန်းကို ကိုင်ထားတဲ့ပုံနဲ့အတူ...

ကြက်တောင်မယ် သက်ထားသူဇာ ကွာတားဖိုင်နယ်တွင် ရှုံးနိမ့်

မြန်မာနိုင်ငံမှ ကြက်တောင်မယ် သက်ထားသူဇာသည် ဘူဂေရီးယားနိုင်ငံတွင် ကျင်းပသည့် BULGARIAN OPEN CHAMPIONSHIP 2019 ပြိုင်ပွဲ ကွာတားဖိုင်နယ်၌ တူရကီ ကြက်တောင် မယ် နက်စ်လီဟန် ရီဂစ်ကို ရှုံးနိမ်းသွား သည်။ဘူဂေရီးယားနိုင်ငံတွင် သြဂုတ်လ(၁၂)ရက်နေ့မှ(၁၅)ရက်နေ့အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် Inter national Series ရှုံးထွက်(၃၂)ဦးပြိုင်ပွဲတွင် သက်ထားသူဇာက တူရကီကြက်တောင်မယ်ကို ၂၁-၁၂ / ၁၉-၂၁ / ၂၁-၁၈ဖြင့် ယမန်နေ့က ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဂရိနိုင်ငံတွင် ကျင်းပသည့် ဟယ်လက်စ်အိုးပင်း(Hellas Open)ကြက် တောင်ပြိုင်ပွဲတွင် ဒုတိယဆုရရှိထားသော သက်ထားသူဇာသည် ယခုရှုံးထွက်ပွဲစဉ်တွင်လည်း ဆီမီးဖိုင်နယ် မရောက်မီ ကွာတားဖိုင်နယ်၌ ရှုံးနိမ့်သွားခြင်းဖြစ်ကြောင်း သိရသည်။“သူနည်းနည်း နာနေတယ်။ နောက်ခံစစ်လည်း ဖြစ်နေတာကြောင့်မို့ ရှုံးသွားတယ်ပေါ့။ အမှတ်က တော့ သိပ် အကွာကြီး မဟုတ်ပါဘူး။ နည်းပြကထောက်ပြပေးဖို့ လိုအပ်တာလေးတွေရှိတယ်။...