ကိုအောင်ကြီး မောင်းတဲ့Wisdom Hill မူကြိုကျောင်းကားမှာ လူစီးအဖြစ် အသုံးပြုခွင့်မရှိတဲ့ လုပ်ငန်းသုံးယာဉ် (Delivery Van)အမျိုးအစားဖြစ်နေ

Wisdom Hill ကျောင်းကြီးကြပ်ရေးမှူးဒေါ်ဥမ္မာလှိုင်ရဲ့ ခင်ပွန်းဖြစ်သူက ကိုအောင်ကြီးကို တစ်လကို လစာ တစ်သိန်းသုံးသောင်းနဲ့ Suzuki Every Weagon ယာဉ်မောင်းအဖြစ် ကျောင်းကြိုပို့ရန် ခေါ်ယူခဲ့တယ်လို့ ဒီကနေ့ (၈)ကြိမ်မြောက်ရုံးချိန်းမှာ သက်သေထွက်ဆိုခဲ့ပါတယ်။ သံသယတရားခံကိုအောင်ကြီးကို ယာဉ်မောင်းအဖြစ် မောင်းနှင်ခိုင်းခဲ့တဲ့ Suzuki Every မော်တော်ယာဉ်ဟာ လူစီးအဖြစ်အသုံးပြုခွင့်မရှိတဲ့ Delivery Van အမျိုးအစားဖြစ်နေတယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အချက်အလက်တွေအရသိရပါတယ်။ ဒေါ်ဥမ္မာလှိုင်ရဲ့ ခင်ပွန်း ဦးရန်နောင်စိုးရဲ့ထွက်ဆိုချက်အရ သူတို့ အနေနဲ့ အခုနှစ် ငါးလပိုင်းမှာ Suzuki Every Weagon ကားကိုကျောင်းကားအဖြစ်အသုံးပြုဖို့ဝယ်ယူခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။Delivery Van အမျိုးအစား မော်တော်ယာဉ်တွေအနေနဲ့ စတင်တင်သွင်းစဉ်ကထဲက လုပ်ငန်းသုံးယာဉ်Delivery Van အမျိုးအစားဖြစ်နေတာကြောင့် ယာဉ်ကို နောက်ခုံ တပ်ခွင့်မရှိသလို အနောက်ဖက်ဘေးတံခါးတွေကိုလည်း သံပြားအသေပိတ်ပြီး ကုန်ပစ္စည်းများတင်ဆောင်ရန်အတွက်သာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ လက်ရှိမှာတော့ Wisdom Hill ကျောင်းကြီးကြပ်ရေးမှူးဒေါ်ဥမ္မာလှိုင်ရဲ့ခင်ပွန်း တရားရုံးတော်မှာ ထွက်ဆိုချက်အရ...

ဝင်းနှင့်ဇော်တို့အတွက် အသနားခံစာ အောက်တိုဘာ ၂၁ ရက်နေ့ ထိုင်းဘုရင်ထံ တင်သွင်းမည်

ထိုင်းနိုင်ငံမှာ သေဒဏ်ကျနေတဲ့ မြန်မာနိုင်ငံသား အကျဉ်းသား ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့အတွက် အသနားခံစာကို အောက်တိုဘာ ၂၁ ရက်နေ့မှာ ထိုင်းဘုရင်ဆီ တင်သွင်းမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းဟာ မနေ့က ထိုင်းရှေ့နေများကောင်စီရဲ့ လုပ်ငန်းအဖွဲ့အကြီးအကဲ Mr. Nakhon Comphuchat ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ဘန်ကောက်မှာ တွေ့ဆုံခဲ့ပြီး သေဒဏ်ချခံထားရတဲ့ မြန်မာနိုင်ငံသား ဇော်လင်းနဲ့ ဝင်းဇော်ထွန်း (ခေါ်) ဝေဖြိုး တို့အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်လျှော့ပေါ့ရေးအတွက် အသနားခံစာတင်ရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ထိုင်းရှေ့နေများကောင်စီက ပြင်ဆင်ထားသည့် အသနားခံစာ(မူကြမ်း)ကို အောက်တိုဘာ ၁၀ ရက်၊ မနက်ဖြန်မှာ မြန်မာသံရုံးကို ပေးပို့တင်ပြမှာဖြစ်ပြီး အဲဒါကို မြန်မာနိုင်ငံ ဥပဒေအကြံပြုအဖွဲ့က အတည်ပြုပြီးရင် ထိုင်းဘုရင်ဆီကို အောက်တိုဘာ ၂၁ ရက်မှာ တင်သွင်းမှာ...

တရားစွဲခံရသော်လည်း တွန့်ဆုတ်မည်မဟုတ်ကြောင်း ဗစ်တိုးရီးယားအမှုမှ အောင်ကြီး၏ ရှေ့နေ ပြော

တရားစွဲဆိုခံထားရသော်လည်း တွန့်ဆုတ်ခြင်းရှိမည်မဟုတ်ကြောင်း ဗစ်တိုးရီးယားအမှုတွင် အောင်ကြီး၏ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။ နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးတွင် အောက်တိုဘာ ၉ ရက်က ထပ်မံစစ်ဆေးခဲ့သည့်ဗစ်တိုးရီးယားအမှုရုံးချိန်း၌ အောင်ကြီး၏ရှေ့နေ ဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ “ အခုဆိုရင် တရားစွဲမခံရတာ ဥပဒေအရာရှိပဲ ကျန်တော့တယ်။ ဥပဒေအရတော့ နှစ်ဖက်စလုံးမှာ တွန့်ဆုတ်ခြင်းရှိမှာ မဟုတ်ပါဘူး။ တရားစွဲခံရတဲ့ ရှေ့နေရော၊ အစွဲမခံရတဲ့ရှေ့နေရော။ကျွန်တော်တို့ အမှန်တရားကို ရှာဖွေတဲ့အခါမှာ တစ်ခါတစ်ခါမှာတော့ ထူးခြားဆန်းပြားတဲ့ ကိစ္စလေးတွေ ရှိတာပေါ့ဗျာ။ ထူးခြားလေ၊ နောက်ဆုံးကျ ပွင့်လင်းလာလေပေါ့ ’’ ဟု ၄င်းက ပြောသည်။ အောက်တိုဘာ ၉ ရက်က တရားရုံးချိန်းတွင် တရားလိုပြသက်သေအဖြစ် ရဲအုပ်ရန်နောင်စိုးနှင့် ကားသမား ၃ ဦးတို့အား စစ်ဆေးခင်းဖြစ်ပြီး စီစီတီဗီကင်မရာကိုင်သည့် ကိုရန်နောင်ဌေးကိုပါ အချိန်ရပါက ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း...

YBS ပေါ်တွင် တောင်းရမ်းနေသူများကို ရှင်းလင်းမည်

ရန်ကုန်၊ အောက်တိုဘာ ၈။  ။ YBS ဘတ်စ်ကားများပေါ်တွင် စာရွက်များဝေကာ လိုက်လံတောင်းရမ်းစားသောက်နေသူများကို ရှင်းလင်းထိန်းသိမ်းရန်အတွက် သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေးကော်မတီများကို အကြောင်းကြားထားကြောင်း လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဌာနမှ ဌာနမှူး ရဲမှူးကြီး သက်လွင်က ပြောကြားသည်။ ယခုလက်ရှိ လူစည်ကားရာနေရာများနှင့် YBS ဘတ်စ်ကားများပေါ်တွင် ကလေးသူငယ်များက မိတ္တူဆွဲထားသည့် အလှူခံစာရွက်များကို ကားပေါ်ရှိ ခရီးသည်များကို လိုက်လံဝေငှကာ တောင်းရမ်းစားသောက်သည့် ဖြစ်စဉ်များ များပြားလာကြောင်း ခရီးသွားက တိုင်ကြားသဖြင့် ယခုကဲ့သို့ ထိန်းသိမ်းရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “တောင်းရမ်းစားသောက်တဲ့ သူတွေကို လက်ရှိအချိန်မှာတော့ ထိန်းသိမ်းပြီးတော့ ထိန်းသိမ်းစောင့်ရှောက်ရေးဂေဟာကို ပို့ဆောင်ပေးတယ်။ အခုလက်ရှိ တောင်းရမ်းစားသောက်သူတွေကို တွေ့ရှိရင် ထိန်းသိမ်းဖို့အတွက် စည်ပင်ရဲ့ လက်ရှိ လူအင်အားနဲ့ ဆောင်ရွက်နေပါတယ်”ဟု ရဲမှူးကြီးသက်လွင်က ဆိုသည်။ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဌာနမှ ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလ...

ပေါက်ခေါင်းမြို့က အ.ထ.က ကျောင်းကို စက်ဘီအစီး ၅၀၀ လှူမယ်လို့ဆိုကာ ဒုမြို့နယ်ပညာရေးမှူးနှင့်ကျောင်းအုပ်ကြီးဆီမှ ငွေလိမ်လည်မှုဖြစ်ပွား

အောက်တိုဘာလ ၈ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့ အ.ထ.က ကျောင်းရှိ ကျောင်းသား၊ကျောင်းသူတွေကို အဖွဲ့အစည်းတစ်ခုမှ စက်ဘီးအစီး ၅၀၀ လှူဒါန်းမယ်ဟုဆိုကာဒုတိယမြို့နယ် ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာကြီးတို့ဆီမှ ငွေလိမ်လည်မှု ဖြစ်ပွားခဲ့ကြောင်း ပြည်ခရိုင် ပညာရေးမှူးရုံးမှ သိရသည်။ ဖြစ်စဉ်တွင် လိမ်လည်သူများမှ စက်ဘီးများတင်ဆောင်လာသည့်ကားမှာ လမ်းတွင်ယာဉ်တိုက်မှုဖြစ်ပွားနေ၍ လျှော်ကြေးပေးရန် လက်တလောငွေလိုသဖြင့် ငွေလွှဲပေးရန် ပြောဆိုလာသောကြောင့် Wave Money ဖြင့် ငွေ ၁၇၀၀၀၀ ကျပ်ကို လွှဲပေးခဲ့ပြီး၊ ဒုတိယအကြိမ် ၂ သိန်းထပ်မံလွှဲပေးရန်ပြောဆိုရာမှ သံသရဖြစ်လာပြီး ငွေလွှဲမပေးနိုင်တော့ကြောင်း ပြောဆိုပြီးနောက်၊ လိမ်လည်သွားသူများကို ဖုန်းဆက်သွယ်ရန်ကြိုးစားရာ ဖုန်းဆက်သွယ်မှုမရရှိတော့ခြင်းဖြစ်ကြောင်း ပြည်ခရိုင်ပညာရေးမှူးရုံး လက်ထောက်ညွန်ကြားရေးမှူး၏ပြောကြားချက်အရ သိရသည်။ “ မနက် ၇ နာရီလောက်က အဖွဲ့အစည်းတခုက ခွင့်ပြုချက်မရှိပဲ ပေါက်ခေါင်းအထက ကို စက်ဘီအစီးငါးရာလှူမယ်ပြောဆိုပြီး ငွေလိမ်တောင်းသွားတာပါ။ စက်ဘီးသယ်လာတဲ့ကားက လမ်းမှာ...

နေပြည်တော်မှာ သိန်း ၆၀၀၀ ကျော်တန် Gym ခန်းမ ဆောက်လုပ်၊ ဝန်ထမ်းတွေ အခမဲ့ကစားနိုင်

အဆိုပါ Gym Fitness Center မှာ ကျပ်သိန်း (၁၇၅၇) တန်ဖိုးရှိတဲ့ စက်ကိရိယာပစ္စည်း (၂၆) မျိုး ထားရှိပြီး နေပြည်တော်က ဝန်ထမ်းတွေ အခမဲ့လာရောက် ဆော့ကစားနိုင်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သိရပါတယ်။ Gym Fitness Center ဟာ အနံပေ (၆၀)၊ အလျားပေ (၁၂၀) ကျယ်ဝန်းပြီး ကျပ် (၆၂၄၅) သိန်းခန့် အကုန်အကျခံတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ခန်းမအတွင်း နှလုံးလည်ပတ်မှု အားကောင်းစေတဲ့ စက်ကိရိယာတွေ၊ ကြွက်သားများ ကြံ့ခိုင်သန်စွမ်းမှုရှိစေတဲ့ စက်ကိရိယာတွေနဲ့ စွယ်စုံ အသုံးပြုနိုင်တဲ့ စက်ကိရိယာတွေဆိုပြီး ခွဲခြားထားပါတယ်။ဝန်ထမ်းတွေအနေနဲ့ အောက်တိုဘာ ၁၆ ရက်က စတင်ကာ မှတ်ပုံတင်ဝင်ခွင့်ကဒ်ပြုလုပ်ပြီး လာရောက်ကစားနိုင်တယ်လို့လည်းသိရပါတယ်။လေ့ကျင့်ချိန်ကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ်လုပ်ပေးထားပြီး လိုအပ်ပါက အချိန်တိုးပေးမှာဖြစ်သလို၊ စက်ကိရိယာတွေကိုလည်း တပ်ဆင်တိုးချဲ့ဆောင်ရွက်ပေးမယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက မှာကြားခဲ့ပါတယ်။ နေပြည်တောင်ပြည်ထောင်စုနယ်မြေအတွင်းက ဝန်ထမ်းတွေ...

ဆေးရုံတက်နေရတဲ့ သားကို ကြည့်ပြီး စိတ်မကောင်းဖြစ်နေတဲ့ ခင်ဇာခြည်ကျော်

ခင်ဇာခြည်ကျော်ရဲ့ တစ်ဦးတည်းသော သား ဘုန်းမင်းနေလကတော့ အူအတက်ပေါက်လို့ အရေးပေါ် ဆေးရုံတက်ခဲ့ရတာပါ။ ခွဲစိတ်မှု အောင်မြင်ပေမယ့် လည်း လက်ရှိမှာ အဖျားမကျလို့ ဆေးရုံပေါ်က မဆင်းရသေးလို့ သိရပါတယ်။ ခင်ဇာခြည်ဇော်ကတော့ ဆေးကုသမှု ခံယူနေရတဲ့ သားကို ကြည့်ပြီး စိတ်မကောင်း ဖြစ်လို့နေပါတယ်။ အူအတက်ပေါက်တာကြောင့် အရေးပေါ်ဆေးကုသမှု ခံယူခဲ့ရပြီး အူအတက်ဖြတ်ပြီးပေမယ့် အဖျားက တက်လိုက်ကျလိုက်ဖြစ်နေတာကြောင့် ဆေးရုံက မဆင်းရသေးဘူးလို့ ခင်ဇာခြည်ဇော်က ပြောပါတယ်။“သားသား ဘုန်းမင်း ဆေး ရုံ တက် အူ အတက် ဖြတ်ပြီး ပေမယ့် ဖျား က တက် လိုက် ကျ လိုက် အဖျား တက် ရင် ၁၀၄ အထိ တက် တယ်။သားသား ကို ကြည့် ပြီး သနား မိတယ်။ကိုယ် ပဲ ဖြစ်...

မူးယစ်ဆေးဝါးကြောင့် အနုပညာလောကက ကျောခိုင်းခဲ့ရသူတစ်ယောက်

အဲသည်နေ့က သူယဉ်းနည်းနည်းထနေတာ။ မူးယစ်ဆေးဝါး နံပါတ်ဖိုးထိုးဖို့အပ်ကို သူရှာလိုက်တာပေါ့။ ဆေးကို မိုးရေတွေနဲ့ဖျော်ပြီး သူ့ရဲ့လက်ဖျံရိုးထဲ ထည့်ထိုးလိုက်တဲ့အချိန်မှာပဲ အခန်းတံခါးဝမှာ ပေါ်လာတာက သူ့ရဲ့အမေပါ။သူပစ္စည်းတွေကို လုံးဝသိမ်းလို့မမီ တော့ဘူး။ သူအခါတိုင်း ရုပ်ရှင်ရိုက်ရင် တိုင်ပင်ကိုက် ထားတာတောင် သူ့အဖြစ် အပျက်လောက် တိုင်ပင်မကိုက်နိုင်တော့ပါ ဘူး၊ ဘိန်းဖြူထိုးရင်းတန်းလန်းမှာပဲ သူ့ အမေတွေ့သွားတာကြောင့် ဘယ်လိုမှ ရှင်းပြချိန် မရလိုက်ပါဘူး။ လက်မှာ ဆေးထိုးအပ်တန်းလန်းနဲ့ တွေ့လိုက်တဲ့အချိန်မှာပဲ သူ့အမေအခန်း တံခါးဝမှာ ပုံလျက်သားလဲကျသွားတာကို သူတွေ့လိုက်ရပေမဲ့ ဆေးထိုးအပ်ထိုး ထားတာကို ချက်ချင်းမဖြုတ်သေးဘဲ နောက်တစ်ကြိမ် ပြန်သွင်းဖို့သာ သူကြိုး စားနေပါတယ်။ကမ္ဘာပျက်တဲ့နေ့ အဲသည်နေ့က သူရော သူ့အမေပါ ကမ္ဘာပျက်တဲ့နေ့ပေါ့။ အမေ့ကို သည်လို ပုံစံမျိုးနဲ့ တစ်သက်လုံး မမြင်ခဲ့ဖူးဘူးလေ။ သူ့အမေရဲ့ဘဝမှာ ပြိုလဲသွားပြီဆိုပြီး ငိုလိုက်တာ သူငိုင်ပြီးငေးကြည့်နေပေမဲ့ ဆေးထိုးအပ်တန်းလန်းနဲ့ ထိုးနေတာကို တော့ ရပ်မသွားဘဲ  ပြီးဆုံးအောင်...

မေမေ့ကို ချစ်လွန်းလို့ အလုအယက်ဝိုင်းဖက်ကာ ပျော်ရွှင်နေကြတဲ့ နန္ဒာလှိုင်ရဲ့ ချစ်စရာသမီးသုံးယောက်

ပရိသတ်ကြီးရေ မင်းသမီးချော နန္ဒာလှိုင်တို့မိသားစုလေးဟာဆိုရင် မိသားစုဝင်တွေအများကြီးနဲ့ နွေးနွေးထွေးထွေးရှိလို့ ပျော်ရွှင်ချမ်းမြေ့စရာကောင်းတဲ့မိသားစုဘဝလေးပဲဖြစ်ပါတယ်နော်။နန္ဒာလှိုင်က သမီးသုံးယောက်ကို မွေးဖွားထားပြီး မိသားစုကိုသာအချိန်ပေးဂရုစိုက်နေရတာကြောင့် အနုပညာအလုပ်တွေနဲ့အလှမ်းဝေးကွာနေတာဖြစ်ပါတယ်။ပရိသတ်တွေကတော့ အနုပညာအလုပ်တွေကိုမလုပ်တော့တဲ့ နန္ဒာလှိုင်ကို အားပေးချစ်ခင်နေကြဆဲပဲဖြစ်ပါတယ်။ နန္ဒာလှိုင်ရဲ့ သမီးချောလေးတွေကတော့ ၀၀တုတ်တုတ်လေးတွေနဲ့ အရမ်းချစ်စရာကောင်းပြီး အမေတူသမီးလေးတွေဖြစ်ပါတယ်နော်။နန္ဒာလှိုင်ရဲ့ ချစ်ခင်ပွန်း ဦးဇေသီဟကလည်း ချစ်ဇနီးလေးကိုအရမ်းချစ်ပြီး ကြင်နာယုယသလို သမီးတွေအတွက်လည်း လိုလေသေးမရှိအောင်ထားပေးနိုင်တဲ့ ဖခင်ကောင်းတစ်ယောက်ဖြစ်ပါတယ်နော်။ နန္ဒာလှိုင်တို့မိသားစုလေးကို ပရိသတ်တွေကအရမ်းချစ်ကြပြီး ဝတီ၊ရတီ၊မဒီ တို့သုံးယောက်ကိုလည်း အရမ်းချစ်ကြပါတယ်နော်။အခုဆိုရင်တော့ နန္ဒာလှိုင်တို့ သားအမိလေးယောက်က ညအိပ်ရာဝင်ခါနီးအချိန်မှာ ချစ်ချစ်ခင်ခင်နဲ့ ပျော်ရွှင်နေကြတာဖြစ်ပါတယ်။မေမေနန္ဒာလှိုင်ကို သမီးသုံးယောက်က ချစ်လွန်းလို့ဝိုင်းဖက်ထားကြတဲ့ ချစ်စရာပုံရိပ်လေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

မော်ဒယ်သရုပ်ဆောင် ညိမ်းသော် တာဝန်မယူဘဲ တိုက်ပြေးလုပ်ခဲ့လို့ ရဲစခန်းရောက်သွား

မော်ဒယ်၊ သရုပ်ဆောင် မင်းသားချော ညိမ်းသော်ကတော့ ဆယ်ကျော်သက်အရွယ် ပျိုပျိုမေလေးတွေကြားမှာ သည်းသည်းလှုပ် ရေပန်းစားအောင်မြင်နေတဲ့ အနုပညာရှင် တစ်ဦး ဖြစ်ပါတယ်။ လူသိများအောင်မြင်လာတဲ့ ညိမ်းသော်ဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ သီချင်းဗီဒီယိုတွေ ဆက်တိုက် ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ တစ်ချက်ပြုံးလို က်တိုင်း ပျိုပျိုမေလေးေ တွရဲ့ ရင်ခုန်သံတွေကို မြန်ဆန်စေနိုင်ခဲ့သူလေးလည်းဖြစ်ပါတယ်။ ငြိမ်းသော် တစ်ယောက် မနေ့ညက ကားနဲ့လူ တစ်ယောက်ကို တိုက်ပြေးခဲ့တယ်ဆိုတဲ့ သတင်းထွက်ပေါ် လာတာပါ။ ညိမ်းသောရဲ့ ကားတိုက်ခြင်းကို ကြုံတွေ့ခဲ့ရတဲ့ Thu Set Chyu Eime အကောင့် ပိုင်ရှင်က သူ့အကောင့်ကနေ အခုလိုပြောဆိုထားတာပါ ။ ကာယကံရှင် မိန်းကလေးကလည်း ငြိမ်းသော် ကားနံပါတ်နဲ့ တကွတင်ထားတာဖြစ်ပါတယ်။ ငြိမ်းသော် တစ်ယောက် ရဲစခန်းမသွားချင်ဘဲ အခင်းဖြစ်ရာတံတားအောက်မှာတင် အခုအဖြစ်အပျက်ကို ရှင်းဖို့ ညှိခဲ့တယ်လို့ ဆိုပါတယ်။ အခုအဖြစ်အ ပျက်လေးအတွက် မှတ်ချက်ကနေတစ်ခုခုပြောပြပေးခဲ့ပါဦးနော်...