ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ် ရုပ်ရှင်ဇာတ်ကားရိုက်ကူးခြင်းနှင့်ပတ်သက်ပြီး စာရေးသူ ဆရာမခင်ခင်ထူး၏ခင်ပွန်း ဆရာနေဝင်းမြင့်မှ အသိပေးစာ

“ပရိသတ်သို့ အသိပေးခြင်း” ၁။ ဆရာမခင်ခင်ထူး၏ “ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်” လုံးချင်းဝတ္ထုကို ရန်ကုန်မြို့ ခရေဖြူရုပ်ရှင်ထုတ်လုပ်ရေးမှ ဝယ်ယူကာ ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် စတင်ရိုက်ကူးတော့မည် ဖြစ်ပါသည်။ ၂။ ယင်းဇာတ်ကားအတွက် ကနဦးစီစဉ်မှုအရ ဒါရိုက်တာအဖြစ် “မီးပွား”ကိုလည်းကောင်း၊ ဇာတ်ညွှန်းအဖြစ် ကျွန်တော့်ကိုလည်းကောင်း ကမ်းလှမ်းလာပါသဖြင့် ၂၀၁၉ မတ်လအတွင်း ရေစကြိုမြို့နယ် ပခန်းကြီးဒေသတဝိုက် ကိုကြီးကျော် နတ်နန်းတည်ရှိရာ ကျေးရွာများသို့ ကျွန်တော်နှင့် ဒါရိုက်တာမီးပွားတို့ ရိုက်ကွင်းရွေးချယ်ရန် သွားရောက်ခဲ့ပြီး မှတ်တမ်းများ ရိုက်ယူခဲ့ကြပါသည်။ ၃။ နောက်ပိုင်းတွင် အကြောင်းအားလျော်စွာ ဦးမီးပွား နှုတ်ထွက်သွားသဖြင့် ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်နှင့် ဆက်လက်ရိုက်ကူးရန် ရုပ်ရှင်ထုတ်လုပ်သူက စီစဉ်ခဲ့ပါသည်။ ဇာတ်ညွှန်းကို ကျွန်တော့်အား ဆက်လက်အပ်နှံခဲ့ပါသည်။ ကျွန်တော့်အနေဖြင့်မူ အခန်း ၅၉ ခန်းပါ ရုပ်ရှင်ဇာတ်ညွှန်း အပြည့်အစုံကို ရုပ်ရှင်ထုတ်လုပ်သူထံ ပေးအပ်ခဲ့ပြီး ဖြစ်ပါသည်။ ၄။ သို့ရာတွင် အခြားအကြောင်းများရှိလာသည့်အတွက်...

တရားလိုဘက်က တင်သွင်းထားတဲ့ အသံဖိုင်များကို နားထောင်စစ်ဆေးခဲ့တဲ့ ဝေဠုကျော်နဲ့သင်းသင်းတို့ရဲ့ ဒီကနေ့ ရုံးချိန်း

ဒီနေ့ရုံးချိန်းမှာလည်း ရုံးတော်ကို တင်သွင်းထားတဲ့ အသံဖိုင်တွေကို နားထောင်နေဆဲပဲ ဖြစ်ပါတယ်။ ဝေဠုကျော်ကတော့ သူ့အမှုကို ယုံကြည်ချက်အပြည့်နဲ့ ဆက်လက်ရင်ဆိုင်သွားမယ်လို့ ဆိုပါတယ်။ကာမလိမ်လည်ရယူမှု ပုဒ်မ(၄၁၇) နဲ့ တရားစွဲဆိုခံထားရတဲ့ ဝေဠုကျော်က ဒီနေ့ (ဇူလိုင်၁၈) ရက်နေ့ ရုံးချိန်းကို တက်ရောက်လာခဲ့ပါတယ်။ ဒီနေ့ ရုံးချိန်းမှာလည်း တရားလိုဘက်က တင်သွင်းထားတဲ့ အသံဖိုင်များကို နားထောင် စစ်ဆေးနေဆဲ ဖြစ်ပြီး အမှုအခြေအနေနဲ့ ပတ်သက်လို့ ဝေဠုကျော်က ယခုလို ပြောပြခဲ့ပါတယ်။ “ဒီနေ့ကလည်း တရားလိုတွေဘက်က တင်ထားတဲ့ သက်သေ ဖုန်းဖိုင်တွေကို ဖွင့်နားထောင်တယ်။ အသံဖမ်းခိုင်းတယ်ဆိုတာကတော့ ကျွန်တော်ဖမ်းထားခိုင်းတာ မဟုတ်ပါဘူး။ ဒါတွေကလည်း တစ်ချိန်ကျရင် ပြီးသွားမှာပါ” လို့ ဒီနေ့ ရုံးချိန်းအပြန်မှာ မီဒီယာတွေကို ပြောပြခဲ့ပါတယ်။အမှုရင်ဆိုင်နေရတာနဲ့ ပတ်သက်လို့ သူ့ရဲ့ ဂုဏ်သိက္ခာပိုင်းနဲ့ ပတ်သက်ပြီး ထိခိုက်မှု ရှိမရှိကိုလည်းပြောပြခဲ့ပါသေးတယ်။ “ဂုဏ်သိက္ခာနဲ့ ပတ်သက်ပြီးတော့ အမှုပြီးသွားရင် အားလုံးပြီးသွားမှာပါ။...

ပြန်ဝယ်ရခက်တဲ့ BMW ကားအမျိုးအစား ကားတံဆိပ်ပြားဒုတိယအကြိမ် အခိုးခံလိုက်ရပြန်တဲ့ ဧငြိမ်းဖြူ

ဧငြိမ်းဖြူ ကတော့ Cover Dance တွေကို ကပြတင်ဆက်ရင်း ပရိသတ်တွေသတိထားမိလာတာပဲ ဖြစ်ပြီး ဒါ့အပြင် ” စိုးမိုးမေတ္တာ ” ကဲ့သို့သော ရှေးခေတ် ရေဒီယိုဇာတ်လမ်းတွေကို နောက်ခံအသံနဲ့ပြန်သရုပ်ဆောင်ရင်း ပိုအောင်မြင်လာတာပဲ ဖြစ်ပါတယ်။လက်ရှိမှာမော်ဒယ်လ်တစ်ယောက် အဖြစ်သာမက သရုပ်ဆောင်မင်းသမီးတစ်ဦးပါဖြစ်တဲ့ သူမကို ယောကျာ်းလေးပရိသတ်တွေ အားပေးဝန်းရံခြင်းခံထားရတာပဲ ဖြစ်ပါတယ်။ ဧငြိမ်းဖြူ ကိုချစ်တဲ့ပရိသတ်တွေက Queen Aလို့ ချစ်စနိုးနဲ့ခေါ်လေ့ရှိတာပဲဖြစ်ပြီး ဘာသာတရားကိုင်းရှိုင်းသလို အလှူအတန်းမကြာခဏပြုလုပ်လေ့ရှိသူဆိုလည်းမမှားပါဘူးနော်။ ဓာတ်ပုံရိုက်တာဝါသနာပါတဲ့သူမကတော့ မကြာခဏ အမိုက်စားဖက်ရှင်တွေနဲ့အတူ ခပ်မိုက်မိုက်စတိုင်နဲ့ပုံရိပ်လေးတွေကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဝေမျှလေ့ရှိတာပဲ ဖြစ်ပါတယ်။သူမရဲ့ပရိသတ်တွေကသူမရဲ့မွေးနေ့ရောက်တိုင်း Surprise လေးတွေလုပ်ပေးလေ့ရှိပြီး ပရိသတ်နဲ့အတူအလှူလေးတွေလုပ်လေ့ရှိသူပါ။ လတ်တလောမှာတော့ သူမရဲ့ကားဘီးကတံဆိပ်ပြားကို ခိုးခံလိုက်ရတာကြောင့် ဝမ်းနည်းနေတာပဲ ဖြစ်ပြီး အခုလိုကားတံဆိပ်ပြား အခိုးခံရတာဟာ ဒီတစ်ခါမှာတော့ ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။ ပထမအကြိမ်မှာတုန်းကလည်း ကားအဖုံးက တံဆိပ်ပြားကိုခိုးခံခဲ့ရတာပဲဖြစ်ပြီး သူမရဲ့ကားမော်ဒယ်လ်အမျိုးအစားကြောင့် ပြန်ရှာရတာခက်တာမို့ ” သြော် ဘယ်နှယ့် …ဘယ်လိုစိတ်ဓာတ်နဲ့လူတွေလဲ။ဘာလို့ကားတံဆိပ်ပြားတွေခိုးကြတာလဲ...

ချစ်သူကောင်းပြည့်နဲ့ပြတ်ပြီလားလို့ မေးနေကြတဲ့သူတွေကို တိကျပြတ်သားတဲ့စကားလုံးတွေနဲ့ပြန်ဖြေလိုက်တဲ့ သန္တာဗိုလ်

ပရိသတ်ကြီးရေ အကယ်ဒမီချောရတနာရဲ့ညီမချောလေးတစ်ယောက်ဖြစ်တဲ့သန္တာဗိုလ်ကတော့ မော်ဒယ်လ်သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်နော်။သရုပ်ဆောင်မော်ဒယ်လ်ကောင်းပြည့်နဲ့လည်း အပြန်အလှန်မေတ္တာမျှနေကြကာ နှစ်ယောက်လုံးက အရပ်တွေလည်းရှည်ပြီး အရမ်းချောကြလို့ နေနဲ့လရွှေနဲ့မြလို လိုက်ဖက်ညီတဲ့စုံတွဲလေးဖြစ်ပါတယ်နော်။ကောင်းပြည့်နဲ့သန္တာဗိုလ်တို့ရဲ့ချစ်သူသက်တမ်းကလည်း နှစ်ပေါင်းမနည်းတော့တာကို ပရိသတ်ကြီးလည်းသိကြမှာပါ။ သန္တာဗိုလ်နဲ့ကောင်းပြည့်တို့စုံတွဲလေးက အနုပညာရှင်တွေဖြစ်ကြတာကြောင့် တစ်ယောက်ကိုတစ်ယောက်နားလည်မှုအပြည့်ပေးနိုင်ပြီး အလုပ်နဲ့ပက်သက်ရင်လည်းအကြံဉာဏ်တွေပေးကြပါတယ်နော်။သန္တာဗိုလ်တို့စုံတွဲလေးက ပွဲအခမ်းအနားတွေကိုလည်း နှစ်ယောက်တူယှဉ်တွဲပြီးတက်ရောက်နေကြတာကို တွေ့မြင်ရပါတယ်။နှစ်ယောက်လုံးက လူငယ်တွေဖြစ်ကြတာကြောင့် ပေါ့ပါးလွတ်လပ်စွာနဲ့ပျော်ပျော်ပါးပါးနေထိုင်တတ်ကြပါတယ်နော်။ ကောင်းပြည့်ကလည်း ချစ်သူသန္တာဗိုလ်ကိုအရမ်းချစ်ပြီး ကြင်နာယုယကာအလိုလိုက်အကြိုက်ဆောင်သလို သန္တာဗိုလ်ကလည်း ချစ်သူအပေါ်မှာ ချစ်စရာကောင်းအောင်ဆိုးနွဲ့တတ်သူလေးပါ။အရမ်းလိုက်ဖက်ညီတဲ့သူတို့စုံတွဲလေးကို ပရိသတ်တွေကလည်းအရမ်းချစ်ကြပြီး အခုဆိုရင်တော့ သန္တာဗိုလ်က”ဒီအကိုကြီးနဲ့တွဲနေဆဲ တွဲနေမြဲပါနော် ပြတ်ပြီလား မေးမေးနေကျလို့”ဆိုပြီး အမေးများနေတဲ့သူတွေအတွက် နှစ်ယောက်တွဲပုံလေးနဲ့အတူ ရေးသားမျှဝေထားပါတယ်နော်။ Source:Thandar Bo

အရုပ်ပေါင်း (၁၅၀၀) နီးပါးကို လှိုင်သာယာ၊ ရွှေပြည်သာက ချို့တဲ့ကလေးငယ်များအတွက် သွားရောက်လှူဒါန်းမယ့် အိမ့်ချစ်ချော

TravelKueen လို့ လူသိများတဲ့ နေဝင်းရဲ့ ချစ်စရာ ချစ်သူလေး အိမ့်ချစ်ချောကတော့ ထူးထူးခြားခြား လှူဒါန်းမှုလေးတစ်ခုကို ပြုလုပ်မယ်လို့သိရပါတယ်။ ချစ်သူနဲ့အတူ ခရီးပေါင်းမြောက်မြားစွာကို ဖြတ်သန်းခဲ့ပြီး လူငယ်တွေအားကျရလောက်အောင် နှစ်တွေအကြာကြီး ချစ်ပြနိုင်ကြတဲ့ စံပြစုံတွဲလေးဖြစ်ပါတယ်။ အိမ့်ချစ်ချောဟာ လူငယ်တစ်ယောက်ပီပီ အရုပ်လေးတွေကို ချစ်မြတ်နိုးသူလည်းဖြစ်ပါတယ်။ သူမပိုင်ဆိုင်ထားတဲ့ အရုပ်တွေနဲ့အတူ ၊အရုပ်ပေါင်း (၇၅၀)  အလှူခံထားတဲ့အရုပ်တွေ၊ ဒါ့အပြင် နယ်အရပ်ရပ်က အချိန်မှီပေးပို့ထားကြတဲ့ အရုပ်တွေကိုစုပေါင်းပြီး လှိုင်သာယာနဲ့ ရွှေပြည်သာမြို့နယ်တွေက ချို့တဲ့ကလေးငယ်တွေကို သွားရောက်လှူဒါန်းမယ်လို့ ဇူလိုင် (၂) ရက်နေ့က သူမရဲ့ ဖေ့ဘုတ်စာမျက်နှာထက်မှာ ယခုလို ဖော်ပြထားတာတွေ့ရပါတယ်။ “TravelKueen နဲ့ အရုပ်ပေါင်း ၇၅၀ 🥰🥰🥰Yseali Women နှင့် အတူ TravelKueen က အိမ်မှာ မသုံးဖြစ်တော့တဲ့ အမွှေးပွှ အရုပ်လေးများကို အိမ်တိုင်ရာရောက်အလှူလိုက်ခံခဲ့ပါတယ်။ ချောအလှူခံတဲ့ ၁၀ ရက်အတွင်း ရန်ကုန်ကအများဆုံးလှူပေးကြတဲ့သူတွေ၊ နယ်ကနေကားဂိတ်ကို အချိန်မှီ ပို့လှူပေးကြတဲ့သူတွေနဲ့ အရုပ်...

အစွန်းချွတ်ဆေး မလိုဘဲ အဝတ်တွေကို သဘာဝအတိုင်း ဖြူစင်စေမယ့် နည်းလမ်း ၃ မျိုး

အဖြူရောင် အဝတ်အစားတွေဟာ အချိန်ကြာလာတာနဲ့အမျှ ဝါညစ်ညစ် အရောင်မျိုး ဖြစ်လာတတ်ပြီး အသစ်အတိုင်း ဖြူစင်လာဖို့ ခဲယဉ်းတတ်ပါတယ်။ အစွန်းချွတ်ဆေးတွေဟာ အဝတ်တွေကို ဆွေးမြေ့လာစေပြီး အရေပြားကိုလည်း ထိခိုက်စေနိုင်တာကြောင့် အခုဖော်ပြမယ့် သဘာဝနည်းလမ်းတွေနဲ့ ပြုလုပ်ကြည့်ဖို့ ဖော်ပြပေးချင်ပါတယ်။ (၁) ရှာလကာရည် ဝါညစ်ညစ်ဖြစ်နေတဲ့အဖြူရောင် အဝတ်အစားတွေကို ဖြူစင်အောင် ပြုလုပ်ဖို့ ရှာလကာရည်ကို ရှာလကာရည် ဘူးအဖုံးခွက် ၁ ခွက် (သို့မဟုတ်) ၂ ခွက်နဲ့ ရေအနည်းငယ်တို့ကို ရောစပ်ကာ ၁၅ မိနစ်ခန့် စိမ်ပြီး အဝတ်လျှော်ဆပ်ပြာနဲ့ လျှော်ပေးရမှာ ဖြစ်ပါတယ်။ ရှာလကာရည်ကို အသုံးပြုပြီး အဝတ်လျှော်ခြင်းဟာ အဖြူရောင် အဝတ်အထည်တွေကို ပိုမို ဖြူစင်စေတဲ့အပြင် အနံ့ဆိုးတွေကိုပါ ဖယ်ရှားပေးနိုင်ပါတယ်။ (၂) မုန့်ဖုတ်ဆိုဒါ မုန့်ဖုတ်ဆိုဒါဟာ အဝတ်အထည်တွေကို ဖြူစင်စေတဲ့ ဓာတု အစွန်းချွတ်ဆေးတွေလိုမျိုးပဲ သက်ရောက်မှု ရှိပါတယ်။ အဝတ်လျှော်တဲ့အခါ အဝတ်လျှော်...

အာဇာနည်ခေါင်းဆောင် ဦးရာဇတ်ရဲ့သား မေးလိုက်တဲ့ စိတ်အဝင်စားဆုံး မေးခွန်း (၂) ခု

“ကျွန်တော် စိတ်အဝင်စားဆုံး နှစ်ခုပဲရှိပါတယ်။ ကျွန်တော့်အဖေ ဝတ်ခဲ့တဲ့လက်စွပ်၊ သက်တော်စောင့်ကိုထွေးရဲ့သေနတ် ဘယ်မှာလဲ”(အာဇာနည်ခေါင်းဆောင် ဦးရာဇတ်၏သားကြီး ဦးတင်မြင့်နှင့်အင်တာဗျူး) အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည်မှာ ယခုနှစ် ဇူလိုင်လ ၁၉ ရက်ဆိုလျှင် ၇၂ နှစ်ပြည့်ပြီဖြစ်သည်။ ဦးရာဇတ် သည် ထိုစဉ်က ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော အစိုးရအဖွဲ့တွင် ပညာရေးနှင့် အမျိုးသား စီမံကိန်း ဝန်ကြီးအဖြစ် တာဝန်ယူနေသူဖြစ်ပြီး ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက် (စနေနေ့) နံနက် ၁ဝ နာရီ ၃၇ မိနစ်အချိန်တွင် အတွင်းဝန်ရုံး၌ မသမာသူ တို့၏လက်ချက်ဖြင့် အခြားခေါင်းဆောင်များနှင့်အတူ အသက်ဆုံးရှုံးခဲ့ရသည်။ ယင်းအဖြစ်အပျက်သည် မြန်မာ နိုင်ငံအတွက် အစားထိုး၍မရသော ဆုံးရှုံးမှုကြီးတခုဖြစ်ခဲ့ရသည်။ ထို့ကြောင့် အာဇာနည်နေ့နှင့်ပတ်သက်၍ အာဇာနည် ခေါင်းဆောင်ကြီး ဦးရာဇတ်၏ သားအကြီးဆုံးဖြစ်သူ ဦးတင်မြင့်နှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်။ x အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးတဲ့အချိန်မှာ ဆရာက...

ရန်ကုန်မြို့အတွင်း တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ငန်းများခွင့်မပြုတော့

ရန်ကုန်မြို့ရှိ မြို့နယ်များတွင် တစ်နိုင်တစ်ပိုင် မွေးမြူရေးများခွင့်မပြုတော့ဘဲ လှည်းကူးမြို့နယ်ရှိ ညောင်နှစ်ပင်မွေးမြူရေးစခန်းတွင်သွားရောက်မွေးမြူခွင့်ပြုရန် စီစဉ်ထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးသန်းကပြောသည်။ ရန်ကုန်မြို့ကိုသန့်ရှင်းသည့် မြို့တော်ကြီးအဖြစ် တည်ဆောက်ရာတွင် အဟန့်အအတားမဖြစ်စေရန် ယင်းကဲ့သို့လုပ်ဆောင်ရခြင်းဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့ လာမယ့် ၂၀၄၀ မှာရေးဆွဲထားတဲ့ ရန်ကုန်မြို့ကိုတည်ဆောက်ရေး Master Plan မှာ မြို့အနေနဲ့ရောဂါတွေကင်းပြီး သန့်ရှင်းတဲ့မြို့တော်ကြီးအဖြစ် တည်ဆောက်ရေးကအဓိကဖြစ်ပါတယ်။ အဲဒီအထဲမှာမွေးမြူရေးတွေကလူတွေနေထိုင်တာနဲ့ ရောနှောနေလို့မရပါဘူး။ အရင်က ၃ မြို့နယ်ကို တစ်နိုင်တစ်ပိုင် မွေးမြူရေးတွေလုပ်ကိုင်ခွင့်ပေးခဲ့ပေမဲ့ အခုတော့မရပါဘူး။ အဲဒီကမွေးမြူချင်တဲ့သူတွေအနေနဲ့ ညောင်နှစ်ပင်မွေးမြူရေးစခန်းမှာသွားရောက်ပြီးမွေးမြူနိုင်အောင်စီစဉ်ထားပါတယ်”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှတွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောသည်။ ပြီးခဲ့သည့် (၆)လပတ် ဘတ်ဂျက်နှစ်မှ စတင်ပြီး သာကေတ၊ ဒေါပုံ၊ သင်္ဃန်းကျွန်းစသည့် မြို့နယ်များကို မမွေးမြူရနယ်မြေများအဖြစ် သတ်မှတ်ခဲ့ပြီး ယခင်က ၁၉ မြို့နယ်တွင် မမွေးမြူရနယ်မြေများအဖြစ် သတ်မှတ်ထားခြင်းလည်း ဖြစ်သည်။ လက်ရှိတွင် သာကေတနှင့်...

ချစ်သူနဲ့ စေ့စပ်ပြီးနောက်တစ်ရက်မှာ သာသနာ့ဘောင်ထဲသို့ဝင်ရောက်သွားတဲ့ ကောင်းထက်ဇော်

နိုင်ငံကျော် အစီအစဉ်တင်ဆက်သူတစ်ဦးဖြစ်တဲ့ ကောင်းထက်ဇော် က Forever Group မှ စီစဉ်ထုတ်လွှင့်တဲ့ MRTV- 4, Channel 7 အစရှိတဲ့ free to air ရုပ်သံလိုင်းတွေမှာ အစီအစဉ် တင်ဆက်သူအဖြစ် လုပ်ကိုင် ဆောင်ရွက် နေသူဖြစ်ပါ တယ်။ သူက အစီအစဉ်ကြေညာသူဖြစ်နေပေမယ့် လဲ ယခုနောက်ပိုင်းမှာဆိုရင်ကြော်ငြာတွေမှာပါ ပါဝင်သရုပ်ဆောင် လာခဲ့ပြီဘဲ ဖြစ်ပါတယ်။ သူက အသက်၃၃ နှစ်အရွယ် လူပျိုကြီးတစ်ဦးဖြစ်ပြီး နောက်နှစ်ထဲမှာတော့ မင်္ဂလာသတင်း ကြားရတော့မယ် လို့ဆိုပါတယ်။ ကောင်းထက်ဇော်ကတော့ ချစ်သူနဲ့ စေ့စပ်ပြီးနောက်တစ်ရက်မှာပဲ သာသနာ့ဘောင်ထဲသို့ (၅) ရက်တာဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ ကောင်းကြီးက ဇွန်လနောက်ဆုံးအပတ်လောက်က မိသားစုတွေနဲ့အတူ သာသနာ့ဘောင်ဝင်ခဲ့ပြီး အဲ့ဒီလိုသာသနာ့ ဘောင်ဝင်တဲ့အထဲမှာ သူ့ရဲ့ချစ်သူကောင်မလေးကပါ သီလရှင်ဝတ်ခဲ့တာလို့လဲပြောခဲ့ပါတယ်။ ကောင်မလေးက ဖားအံကဖြစ်ပြီး သူ့အနေနဲ့ သူတို့သေချာညှိနှိုင်းပြီးတဲ့ အခါမှာတော့ ပရိသတ်တွေကိုရော မီဒီယာတွေကိုပါ အတိအလင်းကြေညာပေးသွားမယ်လို့...

ဖြုံဘူးရွာမှာ ရွာဓလေ့တွေလေ့လာရင်း မမေ့နိုင်စရာအဖြစ်အပျက်လေးတွေ ရခဲ့တဲ့ ဝတ်မှုန်ရွှေရည်

ဝတ်မှုံရွှေရည် တစ်ယောက် ခင်နှောင်းကာရိုက်တာဖြစ်လာဖို့ တကယ့်ကို ဖြုံဘူးရွာသူလေး တစ်ယောက်လို လေ့ကျင့်ရေးတွေ လုပ်နေပါပြီ။ ဖြုံဘူးရွာရဲ့ ဓလေ့တွေကိုလည်း သူမအတွက် လေ့လာလို့ မဆုံးနိုင်အောင် ဖြစ်နေပါပြီတဲ့။ သရုပ်ဆောင် ဝတ်မှုံရွှေရည်ဟာ ‘’ဝတ်လဲတော် ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်’’ ရုပ်ရှင်ကားကြီး ရိုက်ဖို့အတွက် ရေစကြိုမြို့အကျော်က ဖြုံဘူးရွာသူလေး ခင်နှောင်းဖြစ်ဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။ ဒီလို ကြိုးစားနေတဲ့အချိန်ကတော့ သူမအတွက် မမေ့နိုင်စရာ အမှတ်တရတွေ များနေတယ်လို့ ဆိုပါတယ်။ ‘’ဝတ်လဲတော်ရွှေပုဆိုးတန်းထိုးလို့ ကြိုမယ်’’ ဇာတ်ကားကြီး မရိုက်ခင်ဖြုံဘူးရွာဓလေ့ များကိုကွင်းဆင်းလေ့လာ နေတဲ့အမှတ်တရနေ့ရက်များ။ ဇာတ်ကားအတွက်ဆို ပေမယ့်ကစ်အတွက်တော့တကယ့်ကို မမေ့နိုင်စရာအတွေ့အကြုံ တွေနဲ့ပျော်စရာ နေ့ရက်တွေပါ။ ဇာတ်ကားစရိုက်တော့မယ်ဆိုရင်လည်း ပုံလေးတွေ တင်ပေးမယ်နော့။ ဒါခင်နှောင်းအစစ် မဟုတ်သေးဘူးနော့’’ ဆိုပြီးတော့ ဇူလိုင်လ ၁၇ ရက်နေ့ ည ၇ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ ‘’ဝတ်လဲတော်...