အငယ်ဆုံးသမီးလေးရဲ့ စကားကြောင့် အံ့သြသွားခဲ့ရတဲ့ နိုင်းနိုင်း

နိုင်းနိုင်းတစ်ယောက် နံပတ် ၄ သမီးလေးရဲ့ စကားကြောင့် အံ့သြသွားခဲ့ရပါတယ်တဲ့။ သားအဖ နှစ်ယောက် စကားတွေ အပြန်အလှန်ပြောဖြစ်တဲ့အကြောင်းကို ပြောပြလာခဲ့ပါတယ်။ နိုင်းနိုင်းဟာ အငယ်ဆုံး သမီးလေးနဲ့ စကားတွေ အပြန်အလှန်ပြောဖြစ်ကြရင်းက သမီးလေးရဲ့ စကားကြောင့် အံ့သြခဲ့ရတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ရင်သွေးလေးတွေကတော့ အမေရိကန်မှာ နေထိုင်ပေမယ့် မြန်မာစကားကိုလည်း ပြောတတ်ကြပါတယ်။ ‘’ကျွန်တော် မနက်စာစားနေတုန်း ရဲဘော် နံပါတ် ၄ ဝင်လာပြီးရေလာသောက်တယ်။ ဘာရယ်မဟုတ်… သူ့ကိုမေးခွန်း မေးလိုက်တယ်၊ မင်းအဖေ နာမည် ဘယ်လိုခေါ်လဲ? သူကပြန်ဖြေတယ်။ Daddy..တဲ့။ နာမည်ကိုပြောဆိုလို့ နိုင်းနိုင်း တဲ့။ နောက်နာမည်တစ်ခုထပ်ပြောလို့ပြောလိုက်တယ်။ သူကချက်ချင်းပဲ ပြန်ဖြေလိုက်တယ်…. ယောကျာ်း တဲ့ဗျား’’ ဆိုပြီးတော့ သြဂုတ်လ ၁ ရက်နေ့ည ၈ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ ရေးသားခဲ့ပါတယ်။ နိုင်းနိုင်းကို စနောက်လိုက်တဲ့ သမီးလေးကတော့...

ဖေဖေ့ရဲ့မျက်နှာလေးကို ကိုင်ပြီးနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ အောင်သူရဲ့သားချောလေး Koe Koe

ပရိသတ်ကြီးရေ ဘောလုံးသမားအောင်သူနဲ့ သရုပ်ဆောင်ပိုးအိအိခန့်တို့ ဇနီးမောင်နှံက တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြပြီး နားလည်မှုအပြည့်နဲ့ချစ်ခြင်းမေတ္တာတွေခိုင်မြဲနေတာကြောင့် ပရိသတ်တွေကတောင် အားကျရပါတယ်နော်။အောင်သူကတော့ အရမ်းတော်တဲ့ဘောလုံးသမားဖြစ်ပြီး ဝါသနာပါရာအလုပ်ကိုလည်းတစိုက်မက်မက်လုပ်ဆောင်နေသလို ချစ်ဇနီးလေးကိုလည်း ယုယကြင်နာမှုတွေအပြည့်အဝပေးတတ်သူဖြစ်ပါတယ်။ အောင်သူနဲ့ပိုးအိအိခန့်တို့ကတော့ ဇူလိုင်လ၂၀ရက်နေ့မှာ သားဦးလေးတစ်ယောက်ကို မွေးဖွားထားပြီး ပိုးအိအိခန့်ကတော့ ချစ်ခင်ပွန်းနဲ့တူတဲ့ သားချောလေးကို မွေးဖွားပေးနိုင်လို့ အတိုင်းမသိကိုဝမ်းသာပျော်ရွှင်ခဲ့ရပါတယ်။အောင်သူကလည်း သားလေးကို တစိမ့်စိမ့်ကြည့်ပြီး လက်ကမချနိုင်ရလောက်အောင် အရမ်းချစ်တာဖြစ်လို့ ပိုးအိအိခန့်နဲ့အောင်သူတို့က ပျော်ရွှင်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်သွားပါပြီနော်။ သားလေးကိုတော့ “koekoe”လို့ ချစ်စနိုးခေါ်ဝေါ်ပြီး ပိုးအိအိခန့်တို့ ဇနီးမောင်နှံကတော့ သားလေးကို သေသေချာချာဂရုစိုက်စောင့်ရှောက်နေတာပဲဖြစ်ပါတယ်။အခုဆိုရင်လည်း ဖေဖေအောင်သူက သားလေးနားမှာအိပ်ပျော်နေပြီး koekoeလေးကလည်း ဖေဖေ့ရဲ့မျက်နှာကိုကိုင်ကာ အိပ်ပျော်နေလို့ ချစ်စရာသားအဖနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။ Source:Aung Thu

ပြည်ကြီးတံခွန်မြို့ရှိ ဘီယာဆိုင်တွင် လူတစ်ဦးကို ဝိုင်းဝန်းရိုက်နှက်သတ်​ဖြတ်ခဲ့သည့်​ လူ ၁၀ ဦးကို ရဲတပ်​ဖွဲ့က ညတွင်းချင်းဖမ်းမိ

မန္တလေး ပြည်ကြီးတံခွန်မြို့နယ် စက်မူ (၁) ရပ်ကွက်၊ (၅၈) လမ်းနှင့် ကျန်စစ်သားလမ်းထောင့်ရှိ ဘီယာဆိုင်တွင် ဇူလိုင် (၃၁) ရက် ညနေပိုင်းက အမျိုးသားတစ်ဦးကို လူ (၁၀) ဦးက အုတ်ခဲဖြင့်ထု၊ ဝိုင်းရိုက်သဖြင့် သေဆုံးမှုဖြစ်ပွားခဲ့ရာ ပြစ်မှုကျုးလွန်သူများကို ညပိုင်းအတွင်း ဖမ်းဆီးရမိခဲ့သည်။ ဖြစ်စဉ်မှာ ဇူလိုင်(၃၁)ရက်၊ ညနေ(၄)နာရီခန့်က (၅၈)လမ်းနှင့် ကျန်စစ်သားလမ်းထောင့်ရှိ ဘီယာဆိုင်တွင် သေဆုံးသူ အမျိုးသား အရက်သေစာ သောက်စားနေစဉ် အနောက်ဘက်စားပွဲဝိုင်းရှိ လူသုံးဦးမှာစကားများနေသဖြင့် သွားရောက်တားဆီးရာမှ ပြသနာစတင်ဖြစ်ပွားခဲ့ရာ ၎င်းတို့သုံးဦးအနက် တစ်ဦးက ဆိုင်ပြင်ထွက်သွားပြီ အမည်မသိလူ(၇)ဦးနှင့် ပြန်လည်ရောက်ရှိလာကာ တစ်ဦးတည်းထိုင်နေသည့် အမျိုးသားကို အုတ်ခဲဖြင့် ထုကာ ဝိုင်းဝန်းရိုက်နှက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူအမျိုးသားမှာ အုတ်ခဲဖြင့် ထုခံရသဖြင့် မျက်နှာတွင် ဖုရောင်ဒဏ်ရာများ ရရှိကာ ဝဲဘက်နားထင်မှ သွေးထွက်ဒဏ်ရာများဖြင့် ဘီယာဆိုင်ရှိ အိမ်သာသွားသည့်လမ်း ချောင်ထဲတွင် သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။...

ကယားပြည်မှာ ထိုးခဲ့တဲ့ထီကြောင့် ဘဝမှာ (၄) ကြိမ်မြောက် ထီပေါက်သွားခဲ့တဲ့ ကိုပေါက်

ကိုပေါက်က သူ့အတွက် ထီ ၄ ခါမြောက် ပေါက်ပြန်ပါပြီတဲ့။ ဒီတစ်ခါမှာလည်း ၅ သောင်းဆုပဲ ပေါက်တာပါလို့ သူကဆိုပါတယ်။ဒါရိုက်တာကိုပေါက်ဟာ ၆ ကြိမ်မြောက် သိန်းတစ်သောင်း ထီမှာတော့ ငွေကျပ် ၅သောင်းဆု ပေါက်ပါတယ်တဲ့။ သူဟာ ကယားပြည်နယ်ကို ဇာတ်ကားရိုက်ဖို့ သွားရင်းနဲ့ ထိုးခဲ့တဲ့ ထီပါလို့ ဆိုပါတယ်။ ‘’စစ်ကားရုပ်ရှင်အတွက် ကယားပြည်နယ် ဟိုယာ ကယောဒေသသို့ scouting သွားရင်း မိုးဗြဲဈေးမှာ လက်ပွေ့ထီသည်အစ်မကြီးက ထီလာရောင်းလို့ ထိုးလိုက်တာ ၅ သောင်းဆု ပေါက်ပါတယ်ခင်ဗျ ။ အခုအကြိမ်နဲ့ဆိုရင် ၅ သောင်းဆုပေါက်တာ ၄ ကြိမ်ရှိပါပြီ။ စစ်ကားအတွက် အမှတ်တရပါပဲ’’ ဆိုပြီးတော့ သြဂုတ်လ ၁ ရက်နေ့ ည ၁၁ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။ စစ်ကားရုပ်ရှင်ဇာတ်ကားကြီးကိုတော့ 7 Sense Production...

ဗစ်တိုးရီးယားအမှု – ဆရာမနှင်းနုကို သီးသန့် အမှုမဖွင့်ဘူးလို့ ရှေ့နေပြော

မူကြိုကျောင်းသူ ဗစ်တိုးရီးယား အမှုမှာ ဆရာမ နှင်းနုကို နောက်တိုးတရားခံ အဖြစ် လျှောက်ထားဖို့က ဥပဒေနဲ့ မညီဘူးဆိုပြီး တရားလို ဥပဒေ အရာရှိက မှတ်ချက်ပေး ပယ်ချပေမဲ့ ဆရာမနှင်းနုကို ကလေးမိဘတွေက ရဲစခန်းမှာ သီးခြား အမှုဖွင့်ဖို့ မရှိဘူးလို့ ဗစ်တိုးရီးယားဘက်က လိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေ ဒေါ်ရွက်နုအောင်က ပြောပါတယ်။ အခုလို နောက်တိုး တရားခံ အဖြစ် မတင်သွင်းခင်ကတည်းက သီးသန့် အမှုမဖွင့်ဖို့ ကလေးအမေက သဘောထားရှိတယ်၊ ဒါက သူတို့ လုပ်ရမယ့် အလုပ်မဟုတ်ဘူးလို့ ကလေး မိဘဘက်က ယူဆထားတဲ့ အတွက် ရဲစခန်းမှာ သီးသန့် အမှု မဖွင့်တာလို့ ဒေါ်ရွက်နုအောင်က ပြောတာဖြစ်ပါတယ်။ဒါ့အပြင် “တရားလို မိခင်အနေနဲ့ကတော့၊ အဖေ အနေနဲ့ရော၊ အမေအနေနဲ့ရော ဒါကြီးကို လျှောက်ဖို့ အစီအစဉ်မရှိဘူး။ ရှိမှာလည်း မဟုတ်ဘူး။ ဘာလို့လဲ...

သားဖြစ်သူဘုန်းမင်းနေလရဲ့ လိမ္မာမှုတွေကြောင့် ပီတီဖြစ်နေရတဲ့ မေမေခင်ဇာခြည်ကျော်

ခင်ဇာခြည်ကျော်ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ နိုင်ငံကျော် သရုပ်ဆောင်မင်းသမီးကြီး တစ်လက်ပဲဖြစ်ပါတယ်။ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် ပိုင်ပိုင်နိုင်နိုင်နဲ့ သရုပ်ဆောင်နိုင်တာကြောင့်လည်း အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကိုရရှိပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်ပါ။ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်နဲ့ သမီးလေးတစ်ယောက်ကိုပိုင်ဆိုင်ထားပြီး အသက်အရွယ်နဲ့ မလိုက်အောင် လှပနုပျိုမှုတွေကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ ခင်ဇာခြည်ကျော်ရဲ့ သားချောလေးဖြစ်တဲ့ ဘုန်းမင်းနေလဟာလည်း အနုပညာလောကထဲကို ရွေကြိုတစ်ဦးအနေနဲ့ စတင်ဝင်ရောက်လာတာဖြစ်ပြီး နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ်အားပေးချစ်ခင်ခြင်းကို ခံနေရတဲ့ သူတစ်ယောက်ဆိုလည်းမမှားပါဘူးနော်။လတ်တလောမှာတော့ ဘုန်းမင်းနေလဟာ အနုပညာအလုပ်တွေကို ခတ္တရပ်နားထားပြီး စင်ကာပူနိုင်ငံမှာ သွားရောက်ပညာသင်ကြားနေတာပဲဖြစ်ပါတယ်။ ခင်ဇာခြည်ကျော်ကတော့ သားဖြစ်သူ လိမ္မာမှုတွေကြောင့် ပီတိဖြစ်နေရတဲ့ အကြောင်းကို “အမေဆိုတော့ သားတော်မောင် စင်ကာပူမှာ အိမ်အလုပ်တွေလုပ်နတာ တွေ့တော့ ပီတိဖြစ်နေရသူပါ၊”လို့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြထားတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ လိမ္မာတဲ့ မေမေခင်ဇာခြည်ကျော်ရဲ့ သားသားလေးဘုန်းမင်းနေလအတွက် မှတ်ချက်လေးတွေရေးပေးခဲ့ပါဦးနော်။

ဒဂုံဧရာအဝေးပြေးကားဝင်းတွင် ခရီးသည်လုခေါ်ကြရာမှ လူသတ်မှုဖြစ်ပွား

ဒဂုံဧရာအဝေးပြေးကားဝင်းအတွင်းသို့ လာရောက်သည့်ခရီးသည်များကိုလုခေါ်ကြရာမှ လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ သြဂုတ်လ ၁ ရက်၊ နံနက် ၅ နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး၊ လိုင်သာယာမြို့နယ်၊ ဒဂုံဧရာ အဝေးပြေးကားဝင်းအတွင်းသို့ လာရောက်စီးနင်းသည့် ခရီသည်များကိုလုခေါ်ကြရာမှ စကားများရန်ဖြစ်ကာ လူသတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ဖြစ်စဉ်ကတော့ အဝေးပြေးဝင်းထဲကိုကားလာစီးတဲ့ခရီးသည်တွေကို လုခေါ်ကြရင်းနဲ့ အဝေးပြေးဝင်းအရှေ့က ကားလမ်းမကြီးအပေါ်မှာ စကားများရန်ဖြစ်ကြရင်း ဖြစ်သွားတာပါ။ ဓားနဲ့အထိုးခံရတဲ့ကောင်လေးကတော့ နေရာမှတင်ပွဲချင်းပြီး သေသွားတယ်။ ကျူးလွန်သူကိုတော့ စုံစမ်းစစ်ဆေးနေတုန်းပါပဲ” ဟု သောင်ကြီး နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး သေဆုံးသူ ရဲမင်းအောင်(၂၃)နှစ်အလောင်းကို အင်းစိန်ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။ အမှုနှင့်ပတ်သက်၍ သောင်ကြီးနယ်မြေရဲစခန်း၌ (ပ)၂၀၇၉/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၀၂ ဖြင့် အမှုရေးဖွင့်ကာ ကျူးလွန်သူကိုဖမ်းဆီးရမိရေးဆောင်ရွက်နေကြောင်း သိရသည်။ Credit-အကုန်သိ

ယိုယွင်းနေတဲ့ မြန်မာပြည်ကျန်းမာရေးစနစ်ရဲ့ နောက်ထပ် မြေစာပင်လေး တပင်အကြောင်း

ရင်နာတယ် အဖေ့သားလေးရေ၊ ငါ့သားလေး မသွားချင်ပါဘူးလို့ ခဏခဏပြောနေတဲ့ကြားက အဖေတို့ခေါ်သွားမိခဲ့ တာလေ ဒီလိုတွေဖြစ်လာလိမ့်မယ်ဆိုတာကို အဖေသားလေး ကြိုများသိနေသလား သားလေးရယ်၊ သားရယ် အဖေတို့က ကောင်းစေချင်တဲ့ မေတ္တာနဲ့ ဒီနေရာကိုခေါ်လာခဲ့မိတာပါ ငါ့သားရယ်၊ ဒါပေမဲ့မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပဲ မမျှော်လင့် ထားတာတွေဖြစ်လာခဲ့ရတယ်ငါ့သားရယ်။ အဖေ့သားလေးလည်းပါတယ်လေ ခွဲစိတ်ဆရာမကြီး ဆီသွားတွေ့တော့ သူကပြောတယ်လေကွာ သားရဲ့ရောဂါက အူလမ်းကြောင်း အာရုံကြောအားနည်း နေတာတဲ့ အဲဒီနေရာလေးကို စအိုကနေတစ်ဆင့် အသေးစား ခွဲစိတ်လိုက်ရင် ကောင်းသွားမှာပါ၊ စိုးရိမ်စရာမရှိပါဘူး ခွဲစိတ်ပြီး ဆေးရုံမှာနေရ ၅ ရက်ပေါ့ဆိုတော့ အဖေတို့လည်း ဝမ်းသာပြီး ပျော်သွား တာပေါ့။ ဆရာမကြီးကို ကျေးဇူးတင်လွန်းလို့ အဖေတို့လက်အုပ်လေးတောင်ချီခဲ့ကြသေးတယ်၊။ ဒါနဲ့ပဲ သူတို့ချိန်းလိုက်တဲ့ရက်မှာ ငါ့သားလေးကိုအဖေတို့ပြန် ခေါ်လာခဲ့မိတာ, ကျန်းမာရေး ဗဟုသုတနည်းပါးလွန်း တော့ ကိုယ်တွေထက်တတ်ကျွမ်းတဲ့သူတွေကို ယုံခဲ့မိတာ, ငါ့သားလေး နားလည်ပေးပါကွာ ဆေးရုံမှာလည်း ခွဲရက်ကိုစောင့်ရင်း...

အောင်ဘာလေထီဆုကြီး (၂) ဆုပေါက်သွားခဲ့တဲ့ နှင်းဆီအဖွဲ့သားများ

ပရိသတ်ကြီးရေ ပြည်သူချစ်အနုပညာရှင်တွေပေါင်းစုကာ ဖွဲ့စည်းထားတဲ့ အငြိမ့်အဖွဲ့လေးကတော့ နှင်းဆီအဖွဲ့လေးပဲ ဖြစ်ပါတယ်။ ထိုအဖွဲ့လေးမှာ နိုင်ငံကျော်မင်းသားများစွာပါဝင်ကြပြီး သူတို့အဖွဲ့ရဲ့ပြက်လုံးတွေဟာလည်း ပရိသတ်တွေ မရီဘဲမနေနိုင်အောင်ကို ပြောင်မြောက်လွန်းတာပါ။ သူတို့အဖွဲ့လေးဟာ အနုပညာလောကမှာ နေရာအသီးသီးတွင် အောင်မြင်နေကျတဲ့သူတွေပဲ ဖြစ်ပြီး လူရွှင်တော်အလုပ်ကို ဝါသနာအရဖွဲ့စည်းထားတဲ့ အငြိမ့်အဖွဲ့လေးပါ။ ဒါ့အပြင် နှင်းဆီရင်ခွင်လူမှုရေးဖောင်ဒေးရှင်းကို တည်ထောင်ထားကာ ပရဟိတလုပ်ငန်းတွေကို တစ်တပ်တစ်အားလုပ်ဆောင်နေကြတာလည်း ဖြစ်ပါတယ်။ သူတို့ရဲ့လူမှုကွန်ယက်စာမျက်နှာတွင်လည်း လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်က ဝမ်းသာစရာသတင်းတစ်ခုကို ဝေမျှထားတာပဲ ဖြစ်ပါတယ်။ ” နှင်းဆီရင်ခွင် ၏ ပရဟိတလုပ်ငန်းများအတွက် ရည်ရွယ်၍- အမည်မဖော်လိုသူ အလှုရှင်တစ်ဦးမှ လစဉ် ထီလက်မှတ်များ လှုဒါန်းခဲ့ရာ ယခုလတွင် (၅၀,၀၀၀) ဆု နှစ်ဆု ဆွတ်ခူးရရှိပါသည်။ ” ဆိုပြီး ဝေမျှထားတာပဲ ဖြစ်ပါတယ်။ Source- နှင်းဆီရင်ခွင် လူမှုကူညီရေးဖောင်ဒေးရှင်း

အင်းလေးမှာ မြင့်မြတ်နဲ့အတူ လိုက်ဖက်ညီစွာသရုပ်ဆောင်နေတဲ့ ထိုင်းမင်းသမီးလေး ဆွန်ဆွန်

ထိုင်းအလှမယ်လေး ဆွန်ဆွန်ဟာ သူမရဲ့ ခံယူမှုပြင်းပြလှတဲ့ ယုံကြည်ချက်တွေကြောင့် ထိုင်းနိုင်ငံမှာတင်မကဘဲ မြန်မာနိုင်ငံကပရိသတ်တွေကြားပါ နာမည်ကြီးရေပန်းစားနေသူလေးဖြစ်ပါတယ်။ ဆွန်ဆွန်ဟာ ပထမဆုံးအကြိမ်အဖြစ် အဆိုတော် ဟန်ထူးဈာန်ရဲ့ဖိတ်ခေါ်မှုနဲ့အတူ မြန်မာနိုင်ငံကို ရောက်ရှိခဲ့ဖူးသူဖြစ်ပါတယ်။ ဟန်ထူးဈာန်ရဲ့ သီချင်းတစ်ပုဒ်မှာ သူနဲ့အတူ ဆွန်ဆွန်က လိုက်ဖက်ညီစွာ တွဲဖက်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဆွန်ဆွန်ရဲ့ မြန်မာပြည်ရောက်အနုပညာလှုပ်ရှားမှုကလည်း အဲ့ဒီအချိန်တုန်းက ပရိသတ်တွေအတွက် စိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။ ဆွန်ဆွန်ဟာ မြန်မာနိုင်ငံကိုရောက်ရှိချိန်မှာ ဘုရားတွေဖူးခဲ့ပြီးတော့ ဗိုလ်တထောင် ဘိုးဘိုးကြီးဆီမှာလည်း မြန်မာနိုင်ငံကို အမြဲလာခွင့်ရပါစေလို့ ဆုတောင်းခဲ့ဖူးသူဖြစ်ပါတယ်။ အဲ့ဒီဆုတောင်းလေး ပြည့်ခဲ့တယ်လို့ ပြောရမယ့် ဆွန်ဆွန်တစ်ယောက် ဒုတိယအကြိမ် မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။ သူမ မြန်မာနိုင်ငံသို့ရောက်ရှိလာရတဲ့အကြောင်းအရင်းကတော့ သရုပ်ဆောင် မြင့်မြတ်နဲ့အတူ ရုပ်ရှင်ဇာတ်ကားရိုက်ကူးဖို့ပဲဖြစ်ပါတယ်။ ဒါရိုက်တာပြည်ဟိန်းသီဟ ရိုက်ကူးမယ့် သရွီးဇာတ်ကားမှာ သရုပ်ဆောင် မြင့်မြတ်၊ ထက်ထက်ထွန်း၊ ရွှေအိမ်စည် နဲ့ နန်းခင်ဇေယျာတို့အပြင် ထိုင်းမင်းသမီးလေး ဆွန်ဆွန်ကပါ တွဲဖက်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ယနေ့မှာတော့ ထိုဇာတ်ဝင်ခန်းတွေကို အင်းလေးမှာ ရိုက်ကူးနေပြီးတော့ သရုပ်ဆောင် မြင့်မြတ်နဲ့ ဆွန်ဆွန်တို့ရဲ့ ရိုက်ကွင်းပုံရိပ်လေးတွေကိုလည်း ပရိတ်သတ်ကြီးအတွက် ဖော်ပြပေးချင်ပါတယ်။ Credit-We Love Cele