ထီပေါက်အောင် ဧရာဝတီတိုင်းမှာ အိမ်ဝယ်ပြီးနေတော့မယ်ဆိုတဲ့ စမိုင်းလ်

စမိုင်းလ်ကတော့ အောင်မြင်နေတဲ့ အနုပညာရှင်တွေထဲကတစ်ယောက်အပါအ၀င်ဖြစ်တဲ့ သရုပ်ဆောင်မင်းသမီးတစ်ယောက်ပဲဖြစ်ပါတယ်။စမိုင်းလ်ဟာ မကြာသေးခင်ကမှ” မောင်နာလီဇာ”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို မြင့်မြတ် ၊ ခိုင်သင်းကြည်၊ အေးဝတ်ရည်သောင်းတို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ စမိုင်းလ်က အလှူအတန်းလုပ်တဲ့ နေရာမှာ စိတ်အားထက်သန်သူတစ်ယောက်ဖြစ်သလို ၀ါတွင်းသုံးလ ခြေလေးချောင်းသားနှင့် အရက်ဘီယာကို စွန့်လွတ်လှူဒါန်းထားတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ တနေ့တာဖြတ်သန်းမှုတွေကို လူမှုကွန်ရက် စာမျက်နှာထက်မှာ ဖော်ပြတတ်သူတစ်ယောက်ဖြစ်သလို လက်ရှိမှာလည်း လူမှုကွန်ရက် စာမျက်နှာထက်မှာ ဂယက်ခိုက်နေတဲ့ ဧရာဝတီတိုင်းဘက်က ကံကောင်းစွာ ထီပေါက်နေကြတာနဲ့ ပတ်သက်ပြီးတော့ ရင်ဖွင့် ပြောခဲ့တာဖြစ်ပါတယ်။ ထီပေါက်အောင် ဧရာဝတီတိုင်းမှာ အိမ်ဝယ်ပြီးနေတော့မယ်ဆိုတာကို ” ဧရာဝတီ ရာဇဝင်များရဲ့သတို့သမီး ထီများရဲ့မိခင် ဧရာဝတီဟီး။ ဧရာဝတီမှာပဲအိမ်ဝယ်တော့မယ် ထီပေါက်အောင်” ဆိုပြီးတော့ ချစ်စရာကောင်းအောင် စနောက်ပြောဆိုခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ဧရာဝတီတိုင်းမှာ နေတော့မယ်ဆိုတဲ့ စမိုင်းလ်အတွက် မှတ်ချက်လေး ပြောပြခဲ့ပါဦးနော်။

(၂၄) နှစ်ကြာအောင် မိသားစုနဲ့ ခွဲခွာနေခဲ့ရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ရင်နင့်စရာဖြစ်ရပ်

ဗီယက်နမ်နိုင်ငံက Nguyen Thi Lien မိသားစုရဲ့ တစ်ထပ်တိုက်အိမ်လေးက ခါတိုင်းနေ့တွေထက် လူတွေပိုပြီး ရှုပ်လို့နေပါတယ်။ အရေးကြီးတဲ့လူတစ်ယောက် ပြန်လည်ရောက်ရှိမှာဖြစ်တာကြောင့် ဆွေမျိုးတွေနဲ့ အိမ်နီးနားချင်းတွေ စုရုန်းနေကြတာပါ။ ရာသီဥတုက အရမ်းပူပြင်းလှပေမယ့် အမှတ်တရဖြစ်မယ့် နေ့တစ်နေ့ဖြစ်တာကြောင့် ဘယ်သူမှ အဲ့ဒီနေရာကနေ လှည့်ထွက်မသွားကြပါဘူး။ အသက် (၆၉) နှစ်အရွယ် Lien ဟာ သူ့ရဲ့သမီး Le Thi Lan တရုတ်နိုင်ငံမှာ လူကုန်ကူးခံလိုက်ရကတည်းက မတွေ့ရတာ (၂၄) နှစ်ရှိပါပြီ။ အခုအခါမှာတော့ သူ့ရဲ့သမီးနဲ့ ပြန်ဆုံစည်းရတော့မှာပါ။ “သမီးကို ဘယ်တော့မှာ မတွေ့ရတော့ဘူးလို့ ထင်ထားခဲ့တာပါ။ ကျွန်မ့သမီးလေး ပြန်လာတော့မယ်လို့ တွေးရင်းနဲ့တောင် အိပ်မပျော်နိုင်ခဲ့ပါဘူး။ ပြန်လည်ဆုံစည်းရအောင် ကျွန်မသမီးနဲ့ပတ်သက်တဲ့ သတင်းတွေကို ဖြန့်ပေးရင်း ကူညီပေးခဲ့တဲ့ မီဒီယာတွေကို ကျွန်မတို့မိသားစုတွေက စိတ်ရင်းနဲ့ကို ကျေးဇူးတင်ချင်ပါတယ်” လို့ ပီတီမျက်ရည်တွေနဲ့ ပြောပါတယ်။Lienရဲ့ အိမ်နီးနားချင်းဖြစ်သူ Nguyen...

ချစ်သူကို အင်စတာဂရမ်မှာ မထင်မရှားလေးချပြလိုက်တဲ့ ခင်လေးနွယ်

ပရိသတ်တွေကြားမှာ အပျိုကြီးမမအဖြစ် နာမည်ကြီးပြီး အနုပညာသက်တမ်းတစ်လျှောက်မှာ တည်ငြိမ်အေးချမ်းစွာနေထိုင်နေပြီး အချစ်ရေးနဲ့ပတ်သက်လို့လဲ အမြဲအေးဆေးပါဘဲလို့ ပြောလေ့ရှိတဲ့ သရုပ်ဆောင်ခင်လေးနွယ်က မကြာသေးခင်ကမှ သူ့ရဲ့ ချစ်သူကောင်လေးကို အင်စတာဂရမ်မှာ ချပြလာပါတယ်။ သူမက တိုင်းရင်းသူ တစ်ယောက် ဖြစ်သလို ရိုးစင်းစွာနေထိုင်ပြီး သူငယ်ချင်းတွေနဲ့ သွားလာစားသောက်နေတဲ့ ပုံတွေကိုသာ တင်လေ့ရှိတာကြောင့် ယခုလို ချစ်သူကို တိတ်တိတ်လေး ချပြလိုက်တဲ့အခါမှာတော့ အားလုံးရဲ့ စိတ်ဝင်စားခြင်းကို အတိုင်းထက်အလွန်ရရှိခဲ့ပါတယ်။ သူမကအမြဲလိုလို အပျိုကြီးဘ၀နဲ့နေရတာ လွတ်လပ်ပေါ့ပါးတယ်လို့ ပြောလေ့ရှိတာကြောင့် ခုလို ချပြလာတဲ့အပေါ် သူ့ရဲ့ ပရိသတ်တွေက အပျိုကြီးဘ၀ကို စွန့်လွှတ်တော့မှာလားလို့လဲ မေးမြန်းလာတာတွေရှိနေပါတယ်။ သူမကတော့ အတိအလင်းကြေညာထားခြင်းမရှိပေမယ့် အင်စတာဂရမ်မှာတင်ထားတဲ့ ပုံမှာတော့ လွမ်းနေတယ်လို့ ရေးသားခဲ့ပါသေးတယ်။ သူမက အင်တာဗျူးတစ်ချို့မှာလဲ ဖူးစာဆိုတာရှိသေးတော့ တကယ်ကြိုက်ဖြစ်တဲ့သူ ချစ်တဲ့သူတွေ့လာရင်တော့ အိမ်ထောင်ပြုဖြစ်ရင်လဲ ပြုဖြစ်မှာပေါ့လို့လဲ ဖြေဆိုခဲ့ဖူးတာရှိပါတယ်။ ခင်လေးနွယ်ဟာ ရုပ်ရှင်ကားတွေရိုက်ကူးမှုမရှိတော့ပေမယ့် ဖက်ရှင်ပွဲတွေမှာတော့ တွေ့ရတက်ပါတယ်။ သူမက...

ပြည့်တန်ဆာအလုပ် လုပ်ရတာ အနှောက်အယှက်ဖြစ်နေလို့ သမီးလေးနှစ်ယောက်ကို သတ်ခဲ့တဲ့မိခင်

အသက် ၂၃နှစ်အရွယ်မိခင်တစ်ယောက်ဟာ ပြည့်တန်ဆာအလုပ်ကိုအချိန်ပေးလုပ်ကိုင်နိုင်ဖို့အတွက် သမီးငယ်လေးနှစ်ယောက်ကိုသတ်ခဲ့တဲ့ဖြစ့်ရပ်ဖြစ်ပွားခဲ့ပါတယ်။ သူမသတ်ခဲ့တဲ့ ကလေးငယ်လေးနှစ်ယောက်ဟာ အသက် ၃နှစ်အရွယ်နဲ့ အသက် ၈လအရွယ်တွေသာရှိပါသေးတယ်။ သတ်ပြီးနောက်မှာ မိခင်ဖြစ်တဲ့သူမဟာ အသက် ၈လအရွယ်ကလေးငယ်ရဲ့အလောင်းကို ကားရဲ့အနောက်ထိုင်ခုံမှာတင်ပြီး ဓာတ်ဆီဆိုင်မှာ ပြုံးပြုံးပျော်ပျော်နဲ့ ဓာတ်ဆီဖြည့်နေခဲ့တဲ့ စီစီတီဗီမှတ်တမ်းတွေလည်းထွက်ပေါ်လာခဲ့ပါတယ်။ သူမဟာ သမီးအကြီးလေးကိုသတ်ပြီး ၂၄နာရီတောင်မပြည့်သေးခင်မှာပဲ လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ Facebook ပေါ်မှာ Friend Request ၄၁ခုကို လက်ခံခဲ့ပါသေးတယ်။ ကျန်တဲ့ သမီးငယ်လေးတစ်ယောက်ကို မသတ်ခင် နှစ်ရက်အလိုမှာလဲ နာရေးစီစဉ်တဲ့နေရာမှာ ရယ်မောနေခဲ့တာကို အခြားသူတွေကတွေ့ခဲ့ရတယ်လို့ဆိုပါတယ်။ အဲ့တာအပြင်ကို သမီးငယ်လေးနှစ်ယောက်ကိုသတ်ပြီး ဖမ်းမမိခင်မှာ အရှက်မဲ့စွာနဲ့ Facebook ပေါ်မှာ သမီးငယ်လေးနှစ်ယောက်ရဲ့ဓာတ်ပုံကိုတင်ကာ မေမေ့ရဲ့သမီးငယ်လေးတွေကို မေမေ့ဆီကအခေါ်သွားခံရတာသိပ်စောလွန်းနေတယ်။ မေမေ့သမီးလေးတွေကို ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး။ အေးချမ်းစွာအနားယူပါ ဆိုတဲ့စာသားနဲ့ ၀မ်းနည်းချင်ယောင်ဆောင်ပြီး တင်ခဲ့သေးတာပါ။ သူမရဲ့သမီးငယ်လေးတွေကို မသတ်ခင်ကလည်း အမျိုးသားတွေဆီကငွေလက်ခံက လိင်ဆက်ဆံပေးတဲ့ပြည့်တန်ဆာအလုပ်ကိုလုပ်ကိုင်နေခဲ့တာဖြစ်ပြီး ပြည့်တန်ဆာအလုပ်လုပ်ဖို့အတွက် ကလေးငယ်လေးနှစ်ယောက်ကို အဖိုးအဖွားတွေနဲ့ ဒါမှမဟုတ်ရင် သူငှားနေခဲ့တဲ့...

ဧရာဝတီတိုင်းကပြန်လာလို့ ထီဆုကြီးပေါက်သွားတယ်ဆိုတဲ့ ဖြိုးလေး

လူငယ်ပရိသတ်တွေ အရမ်းအားပေးကြတဲ့ အဆိုတော်တစ်ဦးဖြစ်တဲ့ ဖြိုးလေးကတော့ Snare အဖွဲ့ဝင်တစ်ဦးအနေနဲ့ အောင်မြင်မှုတွေ ရရှိနေသူတစ်ဦးဖြစ်ပြီး၊ တစ်ကိုယ်တော် သီချင်းတွေလည်း ပရိသတ်လက်ထဲကို ချပြထားနိုင်သူတစ်ဦးပါ။ တလောကပဲ ချစ်ရသူတွေနဲ့ ချောင်းသာကမ်းခြေသို့ အလည်အပတ်သွားခဲ့တဲ့ ဖြိုးလေးကတော့ ဒီနေ့လေးမှာ ထီ ၂ သိန်းခွဲဆုပေါက်တဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ထီ ၂သိန်းခွဲဆုကြီးပေါက်သွားတဲ့ ဖြိုးလေးကတော့ ဧရာဝတီတိုင်းက ပြန်လာလို့ ကံကောင်းတယ်ဆိုပြီးတော့လည်း စနောက်ထားပါသေးတယ်။ ချစ်ပရိသတ်တွေအတွက် ခရီးက ပြန်ရောက်ရောက်ချင်း ကံကောင်းမှုတွေ ရောက်ရှိလာလို့ ပျော်နေတဲ့ ဖြိုးလေးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ ဖြိုးလေးကတော့ “ထီ ၂ သိန်းခွဲ ဆု ပေါက်တယ်ကွ ဧရာဝတီတိုင်းက ပြန်လာလို့ ထင်တယ် 😬😂” ဆိုပြီး ကံကောင်းတဲ့ သူ့ရဲ့အကြောင်းကို ဟာသလေးနှောပြီး ပြောထားတာပါ။ တစ်ဦးကို တစ်ဦး အရမ်းကို ချစ်ကြတဲ့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ ချစ်သူနှစ်ဦးကတော့...

ထိုင်းနိုင်ငံမှာ ကျင်းပမယ့် Fan Meeting အတွက် ဘန်ကောက်ကို ရောက်ရှိနေပြီဖြစ်တဲ့ ပိုင်တံခွန်

နိုင်ငံကျော် မော်ဒယ်၊ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ပိုင်တံခွန်က ရှည်လျားတဲ့ အရပ်အမောင်းနဲ့ ယောကျာ်းဆန်တဲ့ မျက်နှာကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲမင်းသားလေးတစ်ဦး ဖြစ်နေတာပဲ ဖြစ်ပါတယ်။ အခုဆိုရင် ပိုင်တံခွန်က မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံက ပရိသတ်တွေကြားမှာပါ တော်တော်လေး အောင်မြင်နေတာပဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာလည်း ပရိသတ်တွေ အခိုင်အမာ ရရှိထားတဲ့ ပိုင်တံခွန်က မကြာခင်မှာလည်း ဘန်ကောက်မှာ Fan Meeting ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဒီကနေ့ နံနက်မှာတော့ ပိုင်တံခွန်က သူ့ရဲ့ ထိုင်းပရိသတ်တွေနဲ့ တွေ့ဆုံဖို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ပရိသတ်တွေကလည်း ပိုင်တံခွန်ကို လေဆိပ်ထိ တကူးတက လာကြိုကြတာကို တွေ့ရပါတယ်။ ပရိသတ်တွေကလည်း လေဆိပ်ထိကို လာကြိုပြီး အားပေးကြတာနော်။ ပိုင်တံခွန်ရဲ့ ပထမဆုံးအကြိမ် Fan Meeting ကို လာမယ့် သြဂုတ်လ(၃) ရက်နေ့...

မှုခင်းသတင်းထောက်များအနေဖြင့် ပြည်သူထံမှခြိမ်းခြောက် ငွေကြေးတောင်းမှုများပြုလုပ်နေ၍ စီစစ်ကြပ်မတ်ပေးရန် လွှတ်တော်တွင်တောင်းဆို

မှုခင်းသတင်းပရဟိတအဖွဲ့၊ မှုခင်းသတင်းထောက်များအနေဖြင့် သတင်းလိုက်/သတင်းရေး ခြိမ်းခြောက်ငွေကြေးတောင်းခံမှု များပြုလုပ်နေသဖြင့် စိစစ်ကြပ်မတ်ရန်လိုကြောင်း ယနေ့ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆွေးနွေး ပြောဆိုခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် ၈ မှ ဒေါ်အိအိပြုံး က “မှုခင်းသတင်းပရဟိတအဖွဲ့ ဖွဲ့စည်းထားခြင်း၏ ရည်ရွယ်ချက်များ လုပ်ငန်းစဉ်အဆင့်ဆင့်နှင့်တကွ မည်သည့်ဌာနမှ တာဝန်ခံချိတ်ဆက်၍ ကြီး ကြပ်ကွပ်ကဲနေသည်ကိုသိရှိလိုခြင်း ” ဟု မေးမြန်းခဲ့ခြင်းဖြစ်သည်။ပရဟိတဟူသောစကားရပ်အရ “မှုခင်းသတင်းပရဟိတအဖွဲ့” အနေဖြင့် ပြည်သူများအပေါ် မည်သို့ကူညီကြောင်း သိရှိလို၍ စုံစမ်းကြည့်ရာ အားရဖွယ်သတင်းမကြားမိဘဲ ၊ သတင်းလိုက်သတင်းရေးခြိမ်းခြောက်ငွေကြေးတောင်းခံမှုများ ၊ မှုခင်းသတင်းထောက်များကို ငွေကြေးပေးရကြောင်း စသဖြင့် သတင်းများသာကြားမိကြောင်း မေးခွန်းမေးမြန်းသူ ဒေါ်အိအိပြုံးက ပြောသည်။ “မှုခင်းသတင်းအဖွဲ့ရဲ့ ၀တ်စုံများဟာ ဆိုရင်ဌာနဆိုင်ရာများကဲ့သို့ဖြစ်နေသဖြင့် ပြည်သူများအမြင်မှားနိုင်စရာအခြေအနေလည်းရှိပါတယ်” ဟု ၎င်းကဆိုသည်။မှုခင်းသတင်းထောက်အမည်ခံ အချို့သတင်းထောက်များသည် မှုခင်းများတွင် အမှုလိုက်အကျိုးဆောင်အဖြစ်လုပ်ကိုင်ခြင်း ၀င်ရောက်စွက်ဖက်၍ ငွေကြေးတောင်းခံခြင်း အသင်းဝင်အဖြစ်လျှောက်ထားသူများထံမှ ငွေကြေးကောက်ခံခြင်း မြေယာကိစ္စများတွင်...

ဖေဖေ့သားလေး အဖေတို့ဆီနောက်တစ်ခေါက်ပြန်လာခဲ့ပါ..အဖေနဲ့အမေ စောင့်နေပါတယ်

အဖေ့ရင်တွေ နာလွန်းလှပါတယ် သားလေးရေဖေဖေ့သားလေး အဖေတို့ဆီနောက်တစ်ခေါက်ပြန်လာခဲ့ပါ ….အဖေနဲ့အမေ စောင့်နေပါတယ်….😢😢😢မိသားစုနဲ့ထပ်တူခံစားရပါတယ်သားလေးရေ….နောက်ဘဝဆိုတာရှိခဲ့မယ်ဆိုရင်ဒီလိုဝေဒနာဆိုမျိုးမခံစားရပါစေနဲ့….ကောင်းတဲ့ဘုံမှာစံမြန်နိုင်ပါစေသားလေးရေ….ဖြူ စင်​​စေတနာရဲ့ ချစ်​လှစွာ​သော သားဇွဲရဲ့ ​နောက်​ဆုံးခရီး😥😥😥ဘဝတစ်​ခု ပြီးပြန်​ပြီ​ပေါ့😥😥😥😥😥​ကောင်းရာမွန်​ရာ ဘုံဘဝကို ​ရောက်​ရှိပါ​စေသား​ရေ😥😥😥ဘဝဆက်​တိုင်း သက်​ရှည်​ကျန်းမာတဲ့ဘဝကိုပဲ ပိုင်​ဆိုင်​နိုင်​ပါ​စေ…. သဂြိုလ်​ပြီးချိန်​ 11:30 AM( 26.7.2019) သားငယ်လေး ဘဝအဆက်အဆက်သံသရာအဆက်ဆက်ကျမ်းမာပြီး မိဘတွေနဲ့အတူရာသက်ပန်ထာဝရပျော်ရွှင်စွာနေနိုင်င်သူဖြစ်ပါစေသာ သားလေးရေ….အားလုံးက ဘယ်ဆေးရုံဘယ်နေရာလဲမေးနေကြတော့ သိတဲ့လူတွေလည်းရှိပြီးသားပါ…..ရန်ကင်းကလေးဆေးရုံ ခွဲစိတ်ကုသဆောင် .အရာအားလုံးအဲဒီမှာဖြစ်ပျက်ခဲ့တာပါ….ရှေ့ကတင်ထားတဲ့ ပို့စ်တွေကိုမကြည့်ပဲ ဖွတယ်လို့ထင်နေတဲ့ သူတွေ သိရအောင်လို့ပါ။…moe winကနဦးသတင်း….. ယိုယွင်းနေတဲ့ မြန်မာပြည်ကျန်းမာရေးစနစ်ရဲ့ နောက်ထပ် မြေစာပင်လေး တစ်ပင်အကြောင်းရင်နာတယ် အဖေ့သားလေးရေ၊ ငါ့သားလေး မသွားချင်ပါဘူးလို့ ခဏခဏပြောနေတဲ့ကြားက အဖေတို့ခေါ်သွားမိခဲ့တာလေ….. ဒီလိုတွေဖြစ်လာလိမ့်မယ်ဆိုတာကို အဖေသားလေး ကြိုများသိနေသလား သားလေးရယ်…..သားရယ် အဖေတို့က ကောင်းစေချင်တဲ့ မေတ္တာနဲ့ ဒီနေရာကိုခေါ်လာခဲ့မိတာပါ ငါ့သားရယ်…. ဒါပေမဲ့မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပဲ မမျှော်လင့် ထားတာတွေဖြစ်လာခဲ့ရတယ်ငါ့သားရယ်။အဖေ့သားလေးလည်းပါတယ်လေ ခွဲစိတ်ဆရာမကြီး ဆီသွားတွေ့တော့ သူကပြောတယ်လေကွာ …..သားရဲ့ရောဂါက အူလမ်းကြောင်း...

ချစ်ခင်ပွန်းကို ဆယ်သိန်းကျော်တန် တန်ဖိုးကြီးပစ္စည်းတစ်ခုကိုလက်ဆောင်ပေးလိုက်တဲ့ စမိုင်းလ်

မော်ဒယ်ခေတ်ဦးမှာထဲကကျော်ကြားခဲ့ပြီး ခုချိန်ထိ လှပကျော့ရှင်းနေဆဲဖြစ်တဲ့သူကတော့ စမိုင်းလ် ပဲဖြစ်ပါတယ် ။ သူမဟာ အနုပညာလောကတွင် အောင်မြင်ကျော်ကြားတဲ့ သရုပ်ဆောင်တစ်ယောက်အဖြစ် ယနေ့ထိတိုင်ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ သူမဟာ ချစ်ခင်ပွန်းနဲ့အတူ သမီးလေးနှစ်ယောက်ကို ရင်အုပ်မကွာထိန်းသိမ်းစောင့်ရှောက်ကာ သာယာတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားကြတာပါ။ သူတို့ဇနီးမောင်နှံနှစ်ယောက်ဟာလည်း တစ်ယောက်နဲ့တစ်ယောက် Surprise လေးတွေလုပ်ကြတာ ရိုမန့်တစ်ဆန်လွန်းတာကြောင့် ပရိသတ်တွေက အားကျနေရတာပါ။ သူမတို့မိသားစုလေးဟာ LA ကို အလည်အပတ်သွားရောက်နေကြတာပဲ ဖြစ်ပါတယ်။ အခုတစ်ခေါက်မှာလည်း သူမရဲ့ချစ်ခင်ပွန်းအတွက် ဆယ်သိန်းကျော်တန် LV ပိုက်ဆံအိတ်လေးကို လက်ဆောင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော ဒီလိုချစ်စရာကောင်းတဲ့မိသားစုလေးကို အားမကျကြဘူးလား…….

ဖေဖေမြင့်မြတ်ထိုင်နေကျ ပုံစံအတိုင်းထိုင်ပြပြီး အိုက်တင်လေးတွေလုပ်ပြနေတဲ့ ဂျူနီယာမြင့်မြတ်ပေါက်စလေး

သရုပ်ဆောင် မင်းသားချော မြင့်မြတ်ကတော့ ပရိသတ်အချစ်တော်တစ်ဦးအဖြစ် အနုပညာလောကမှာ ထွန်းလင်းတောက်ပနေတဲ့ ငွေကြယ်ပွင့်တစ်ဦး ဖြစ်ပါတယ်။ ဆက်ဆံရေးကောင်းပြီး ဟန်ဆောင်မှုကင်းတဲ့ မြင့်မြတ်ကိုတော့ ဝိုင်းချစ်နေရတဲ့သူတွေကလည်း တကယ့်ကိုများပြားလွန်းတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဖေဖေမြင့်မြတ်သာမက မြင့်မြတ်ရဲ့သားမြတ်သူလေးကလည်း တကယ့်ကိုချစ်စရာလေးမို့ ပရိသတ်တွေက ပိုတိုးလို့ ချစ်နေရတာ ဖြစ်ပါတယ်။ ပါးဖောင်းဖောင်းကစ်ကစ်လေးတွေနဲ့ အသည်းယားစရာကောင်းတဲ့ မြင့်မြတ်ရဲ့သားလေးကိုတော့ ပရိသတ်တွေက ဖိုးဝရုပ်လေးလို့တောင် ချစ်စနိုးခေါ်ဝေါ်ကြတာ ဖြစ်ပါတယ်။ ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာတဲ့ ဂျူနီယာမြင့်မြတ်လေးက လက်မောင်းလေးတွေကအစ ၀၀ကစ်ကစ်လေးနဲ့ ချစ်စရာကောင်းနေတာ ဖြစ်ပါတယ်။ အခုလည်း မြတ်သူလေးက ဖေဖေရဲ့ရှုတင်ကို အလည်လိုက်ရင်း ဖေဖေမြင့်မြတ်ရဲ့အိုက်တင်အတိုင်း လိုက်လုပ်ပြနေတာ တွေ့ရပါတယ်။ မြတ်သူလေးက ကားပေါ်မှာ လက်ကလေးထောက်ပြီး ထိုင်နေပုံလေးကလည်း ဖေဖေမြင့်မြတ်ထိုင်နေကျပုံစံလေးအတိုင်း တစ်ပုံစံတည်းတူနေတာ ဖြစ်ပါတယ်။ ” Now ဖေဖေရှုတင်ကိုလိုက်ရတာပျော်နေတဲ့ ချစ်တုန်းကြီးမြတ်သူ အိုက်တင်တွေလုပ်ပြနေတယ် ” ဆိုပြီး မြတ်သူလေးရဲ့ချစ်စရာပုံလေးတွေကို တင်ထားတာပဲ ဖြစ်ပါတယ်။...