Gym က သူငယ်ချင်းတွေကို လွမ်းတယ်ဆိုတဲ့ စန္ဒီမြင့်လွင်

စန္ဒီမြင့်လွင်က ကိုယ်ဝန်လွယ်ထားရတဲ့ အချိန်မှာ သူလွမ်းနေတဲ့အရာလေးတွေကို ရင်ဖွင့်ထားတာဖြစ်ပါတယ်။ အရင်လို စီးနေကျ ဒေါက်ဖိနပ်အမြင့်ကြီးကို လွမ်းတယ် ဆိုတာလည်း ပါပါသေးတယ်။ မကြာခင် လပိုင်းလောက်မှာ သမီးဦးလေး မွေးတော့မယ့် စန္ဒီမြင့်လွင်က အပျိုတုန်းက စီးနေကျ ဒေါက်ဖိနပ်တွေ၊ ဝတ်နေကျ ဘောင်းဘီအကျပ်တွေနဲ့ သွားနေကျ Gym ကို လွမ်းနေတယ်လို့ ဆိုပါတယ်။ သူအမြဲသောက်နေကျ ကော်ဖီကိုလည်း အရမ်းလွယ်တယ်ဆိုပြီး ပြောထားပါတယ်။ “စီးနေ ကျဒေါက်ဖိနပ်အမြင့်ကြီးလွမ်းတယ်၊ ဝတ်နေကျ ဘောင်းဘီအကျပ်တွေလွမ်းတယ်၊ ဝတ်နေကျ အပေါ်ထပ်ကုတ်အင်ကျီတွေလွမ်းတယ်၊ဆိုးနေကျဆံပင်အရောင်တွေလွမ်းတယ်၊ သောက်နေကျကော်ဖီအရမ်းလွမ်းတယ်၊ စတိတ်စင်ရိုးပွဲတွေအရမ်းလွမ်းတယ်၊ တူတူသွားနေကျရိုးပွဲတူတူဆိုနေကျသူငယ်ချင်းတွေလွမ်းတယ်။ သွားနေကျ gym တွေလွမ်းတယ် gym ကသူငယ်ချင်းတွေလဲလွမ်းတယ်” ဆိုပြီး မေလ(၂၄) ရက်နေ့က စန္ဒီမြင့်လွင်ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။ သူမလွမ်းတဲ့အရာလေးတွေက သမီးလေး မွေးပြီးလို့ သမီးလေးမျက်နှာမြင်ရင် ပျောက်သွားမယ်ဆိုတာ သိပါတယ်တဲ့။“ဒါတွေအားလုံးသမီးလေးမွေးပီးရင်သမီးလေးမျက်နှာမြင်တာနဲ့ ပျောက်သွားမှာဆိုတာသိပေမဲ့လဲ မသိဘူးလွမ်းတယ်” လို့ သူမက...

မိန်းကလေးပရိသတ်တွေအားပေးကြလို့ မောင်လေးကိုသူ့လိုပဲ အနုပညာကိုလုပ်စေချင်တဲ့ ဆိုင်းမိုင်

ပိုးကြာဖြူခင်ကတော့ MRTV 4 ဇာတ်လမ်းတွဲမင်းသမီးတစ်ဦးဖြစ်ပြီး ” မိုးကောင်းကင်အိမ်မက်” ရဲ့ ဇာတ်လမ်းတွဲ မှာဆိုင်းမိုင်အဖြစ် လူသိများလာပြီး ပုရိသတွေအသည်းစွဲ ဖြစ်လာတဲ့မင်းသမီးလေးတစ်လက်ပဲ ဖြစ်ပါတယ်။ သူမရဲ့မြန်မာဆန်ဆန်အလှလေးနဲ့ ပုရိသတွေကြားမှော ရေပန်းစားနေပြီး မြန်မာဆန်တဲ့ မိန်းကလေးမျိုးကိုကြိုက်တဲ့ အမျိုးသားထု ကြီးအတွက် ရိုးရိုးလေးနဲ့ လှတဲ့ အလှမှာ မကျရှုံးဖူးတဲ့ အမျိုးသားကတော့ မရှိသလောက်ကို နည်းမယ် ထင်ပါတယ်နော်။ သူမရဲ့ အနုပညာလှုပ်ရှားမှုနဲ့ နေ့စဉ်လှုပ်ရှားမှုများကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြပေးလေ့ရှိပါတယ်။ လတ်တလောမှာတော့ ပရိသတ်တွေက သူမရဲ့မောင်လေးကိုအရမ်းစိတ်ဝင်စားနေကြတာပဲ ဖြစ်ပါတယ်။သူမမောင်လေးနဲ့ပတ်သတ်ပြီး”မောင်လေးကတော့အသက် ၁၆နှစ်ဖြစ်ပြီး သူအသက်၁၀နှစ်ကျော်လောက်ကွာတယ်။ပရိသတ်တွေအရမ်းစိတ်ဝင်စားတယ်ဆိုတာအရမ်းရုပ်တူတယ်ပေါ့နော်။မောင်နှမကလေးယောက်ရှိတယ်။အဲ့မှာအကြီးဆုံးရယ် အလတ်ရယ်ကျတော့ ရုပ်တူတယ်။မောင်အငယ်ဆုံးနဲ့ညီမကျရုပ်တူတယ်။ညီမတို့ကျတော့ အမေနဲ့တူပြီး ကျန်တဲ့နှစ်ယောက်ကအဖေဘက်တူတယ်။အာ့လိုကျတော့ညီမနဲ့ရုပ်တူတယ်ဆိုပြီးကြိုက်သွားကြတာပေါ့နော်။ကောင်မလေးတွေအရမ်းအားပေးတယ်ပေါ့နော်။မောင်လေးကအေးလည်းအေးတယ်။ပြီးတော့လူများတဲ့နေရာတွေဘာတွေသွားတာသိပ်မကြိုက်ဘူး။ဒါပေမယ့်သူကအနုပညာတော့ဝါသနာပါတယ်။ပြီးတော့ အားသာချက်တစ်ခုကသူများတွေလိုဆာဂျင်ရီ တွေဘာတွေသိပ်လုပ်စရာမလိုဘူးချောတယ်ပေါ့နော်။အရမ်းဖိုတိုဂျန်းနစ်ဖြစ်တယ်။ သူနဲ့ကိုယ်နဲ့ယှဉ်ရိုက်တာတောင် သူ့ကိုယ်ပဲ ဟာအရမ်းမိုက်တယ်ချောတယ်လို့ ပြောကြတာ။အာ့ကြောင့်အတွေးတစ်ခုဝင်တယ်။သူ့ကိုလဲကိုယ့်လိုပဲအနုပညာလမ်းကြောင်းထဲဝင်ခိုင်းမလားပေါ့နော်။ဒါပေမာ့်တစ်ဖက်ကကြည့်တော့လည်းသနားလည်းသနားတယ်။အနုပညာသာပြောတာအရမ်းကိုအကြမ်းပတမ်းဆန်တယ်။စိတ်လည်းပင်ပန်းတယ်လူလည်းပင်ပန်းတယ်။အာ့ခါကျတော့သူစိတ်ညစ်သွားမှာလည်းဆိုးတယ်။ပြီးတော့အလုပ်တစ်ခုလုပ်တယ်ဆိုတာကလည်း ဝါသနာပါရုံမပြီးဘူး စန်းနဲ့လည်းဆိုင်တယ်။ကံတရားနဲ့လည်းဆိုင်တယ်။ဒီ၆လပိုင်းကျမှ စာမေးပွဲအောင်စာရင်းထွက်တော့မှာမို့ အာ့ကျမှပဲ ဒီအလုပ်ကိုဆက်လုပ်မလားပညာရေးဘက်ပဲသွားမလားဆုံးဖြတ်ရမှာပေါ့နော်”ဆိုပြီးပြောပြခဲ့ပါတယ်။  ပရိသတ်ကြီးရော ဆိုင်းမိုင်ရဲ့ မောင်လေး အနုပညာအလုပ်လုပ်ရင် အားပေးမှာလားဆိုတာမှတ်ချက်ပေးသွားပါဦးနော်။

ကိုရီးယားရောက်မြန်မာပရိသတ်တွေကိုယ်စား ကင်ဆာရောဂါခံစားနေရတဲ့ မနွယ်နီကို ထောက်ပံ့ငွေပေးခဲ့တဲ့ ခိုင်နှင်းဝေ

ခိုင်နှင်းဝေက ကင်ဆာဝေဒနာခံစားနေရတဲ့ ဇာတ်ပို့ သရုပ်ဆောင်နွယ်နီအတွက် ကိုရီးယားရောက် မြန်မာပရိသတ်များကိုယ်စား ငွေကျပ် ၆သိန်း ၈သောင်းကျော် သွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ ပရဟိတအလုပ်တွေ စွမ်းစွမ်းတမံဆောင်ရွက်လေ့ရှိတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေက ဇာတ်ပို့သရုပ်ဆောင် နွယ်နီအတွက် ကိုရီးယားနိုင်ငံမှာရှိတဲ့ ပရိသတ်တွေရဲ့ အလှူငွေကို ကိုယ်တိုင်သွားရောက် လှူဒါန်းခဲ့တာဖြစ်ပါတယ်။ ‘’ရှေ့တစ်ပတ်က ဇာတ်ပို့ သရုပ်ဆောင် မနွယ်နီကို ကျွန်မ သွားရောက် လှူဒါန်းခဲ့သော အလှူလေးကိုမြင်ပြီး ကိုရီးယားနိုင်ငံရောက် ကြယ်စင်ကိုနှင့်သူငယ်များ အဖွဲ့မှ အလှူငွေကျပ် ၆၈၄၅၀၀ ကျပ်တိတိကို ယနေ့ ညနေတွင် ကျွန်မ သွားရောက်လှူဒါန်းပေးရင်း အားပေးစကားများလည်းပြောကြားပေးခဲ့ပါတယ်ရှင်’’ အဲဒီနောက် ကင်ဆာရောဂါ ခံစားနေရတဲ့ မနွယ်နီကလည်း ကျန်းမာရေးသက်သာတာကို တွေ့ရပြီး တုတ်ထိုးအကင်လေးတွေ ရောင်းချနေတာကို တွေ့ရပါတယ်။ ‘’မနွယ်နီက အခုဆို ကင်ဆာဆေး တစ်ကြိမ် သွင်းပြီးသွားပြီဖြစ်ပြီး ကျွန်မ သွားရောက်လှူဒါန်းထားသော အလှူငွေများကိုလည်း ဘဏ်အကောင့်ဖွင့် စုထားကာ ကျွန်မ...

ဒီကနေ့ဖြစ်ပွားတဲ့ မန္တလေးချမ်းမြသာစည်မြို့မီးလောင်မှုကြားမှတွေ့ရှိခဲ့တဲ့တဲ့ ရွှေလက်ကောက်တွေကို ပြန်လည်ပေးအပ်ခဲ့တဲ့ မီးသတ်သမားလေး

နေ့စဉ်ကြားသိနေရတဲ့ ပြည်တွင်းသတင်းတွေထဲမှာ မီးလောင်မှုသတင်းတွေကတော့ များစွာရှိနေပြီး ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်များစွာကိုလည်း ဖျက်ဆီးခဲ့တာအားလုံးအသိပဲဖြစ်မယ်ထင်ပါတယ်။ ဒီကနေ့ မေလ ၂၃ရက်နေ့ နေ့လည်ပိုင်းမှာလည်း မန္တလေးတိုင်းဒေသကြီးအတွင်း မီးလောင်မှုကြီးတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ အဆိုပါဖြစ်စဉ်ကတော့ ဒီကနေ့ မေလ ၂၃ ရကနေ့ နေ့လည် ၁၁ နာရီ ၅၅ မိနစ်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ဂန်ရွာတွင် စတင်လောင်ကျွမ်းခဲ့တာဖြစ်ကြောင်း သိရပါတယ်။ မီးလောင်မှုကို မီးသတ်ရေယာဉ် Level 4 အဆင့်ဖြင့် သွားရောက်ငြိမ်းသတ်ခဲ့ရပြီး နေ့လည် ၁၂ နာရီ ၂၀ မိနစ်ခန့်တွင် ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရပါတယ်။ မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးများစွာရှိခဲ့သလို မီးလောင်ရာနေရာမှာ ရွှေလက်ကောက်များကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ရွှေလက်ကောက်များကို ဟေတောင်အရန်မီးသတ်တပ်ဖွဲ့ဝင် ရန်နိုင်ရှင်း ကတွေ့ရှိခဲ့တာဖြစ်ပြီး အများပြည်သူအရှေ့သို့ ပြန်လည်အပ်နှံ့ခဲ့ကြောင်း သိရပါတယ်။ ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုပုံရိပ်အချို့ကို ချစ်ပရိသတ်တွေအတွက်...

အားချစ်လေးနဲ့ ဆုံရလို့ ပျော်နေတဲ့ ငွေဇင်လှိုင်း

ငွေဇင်လှိုင်းက သူသိပ်ချစ်ရတဲ့ သူတွေနဲ့ဆုံရလို့ ပျော်နေတာပါ။ သက်မွန်ဟာ ငွေဇင်လှိုင်း ချစ်ရတဲ့ အနုပညာရှင်တစ်ဦးဖြစ်သလို အားချစ်လေးကလည်း သူမရဲ့ အသည်းကျော်လေးပါ။ Myanmar Idol Season 3 က ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ အဆိုတော် ငွေဇင်လှိုင်းက သူချစ်ရတဲ့ သက်မွန်မြင့်နဲ့ အားချစ်လေတို့ကို တွေ့ဆုံရလို့ ပျော်နေပါတယ်။ ငွေဇင်လှိုင်းဟာ သူချစ်ရတဲ့ ချစ်သူတွေနဲ့အတူ ရှိရတဲ့ နေရက်တိုင်းက လှပလို့နေပါတယ်ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။“နေ့ရက်တိုင်းဟာ လှပနေပါတယ် အချစ်တွေနဲ့ အတူရှိရတယ်” ဆိုပြီး မေလ(၂၁) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားသလို သက်မွန်တို့နဲ့အတူ ရိုက်ထားတာ ပုံလေးကို တင်ထားတာတွေ့ရပါတယ်။ သက်မွန်ဟာ သူမချစ်ရတဲ့ အနုပညာရှင်တစ်ဦးဖြစ်သလို ငွေဇင်လှိုင်း ပြိုင်ပွဲဝင်စဉ်ကလည်း သက်မွန်က အားပေးခဲ့တာ တွေ့ရပါတယ်။သက်မွန်မြင့်ဟာ ငွေဇင်လှိုင်း Fan Meeting လုပ်တုန်းကလည်း ငွေဇင်လှိုင်းဆီ သွားရောက်ခဲ့တာတွေ့ရပါတယ်။...

” အိမ်ထောင်သက်၁၄နှစ်မှာ ပထမဆုံး ( ၉ )ရက်တောင်ခွဲခွာရမယ့်ခရီးမို့ မိန်းမကိုစိတ်မချဖြစ်နေတဲ့ ပိုင်ဇေရဲထွန်း “

ပရိသတ်ကြီးရေ တစ်ခေတ်တစ်ခါက အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းသားချော ပိုင်ဇေရဲထွန်းကတော့  လက်ရှိမှာ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခုကို ပိုင်ဆိုင်ထားပြီး သူတို့ဇနီးမောင်နှံဟာဆိုရင် တစ်ယောက်နဲ့တစ်ယောက် အသက်၁၀နှစ်ဝန်းကျင်ကွာပေမယ့် စိတ်သဘောထားချင်းတွေ တိုက်ဆိုင်သလို အရမ်းရိုမတ်တစ်ဆန်တဲ့  ဇနီးမောင်နှံဆိုရင်လည်း မမှားပါဘူးနော်။အိမ်ထောင်စကျကတည်းက နားလည်မှု၊ချစ်ခြင်းမေတ္တာ၊ ဂရုစိုက်မှုတွေ အပြည့် နဲ့ တည်ဆောက်ထားတဲ့ တို့  အိမ်ထောင်ရေးလေးမှာ ချစ်စရာကောင်းတဲ့  သားသားမီးမီး (၃) ယောက် ကို ပိုင်ဆိုင်ထားပြီ ဖြစ်ပြီး သမီးကြီးလေးကလည်းလိမ္မာရေးခြားရှိကာ သူမအတွက်အဖော်ရတဲ့ အပြင် သားလေးနှစ်ယောက်ကတော့ အရမ်းကိုချစ်စရာကောင်းပြီး သွက်လက်ထက်မြက်တဲ့ကလေးလေးတွေမို့ သားသမီးရေးမှာလည်းကံကောင်းတယ်လို့ ဆိုရမှာပါနော်။ လတ်တလောမှာတော့ ဇင်သဲနိုင်ကတော့Myanmar Women Ledars Program က အမျိုးသမီးစီးပွားရေးသမား (၁၅)ယောက်ရွေးချယ်တဲ့ထဲမှာ အသက်အငယ်ဆုံးအမျိုးသမီးအဖြစ် ပါဝင်ခဲ့တာ ဖြစ်ပြီး Europe (၄)နိုင်ငံ မြို့ (၅) မြို့ ...

အနုပညာနဲ့ ပက်သတ်ပြီးတော့ ခံစားခဲ့ရတဲ့ စိတ်ဖိစီးမှုတွေကို ရင်ဖွင့်လာတဲ့ တေးရေးဝေကြီး

ပရိသတ်တွေကို သီချင်းကောင်းလေးတွေကို ခံစားနားဆင်စေခဲ့တဲ့ တေးရေးဆရာ ဝေကြီးက သူ့ရဲ့ပြောင်မြောက်လှတဲ့ အနုပညာ အရည်အသွေးကြောင့် အများက အားပေးကြတဲ့ တေးရေးဆရာ တစ်ဦးဖြစ်ပါတယ်။ ဝေကြီး ရေးသားပေးတဲ့ သီချင်းတိုင်းက ပရိသတ်တွေကြားမှာ တော်ာတော်လေး ရေပန်းစားခဲ့ပြီး အောင်မြင်တာကို တွေ့ရပါတယ်။ အဲ့ဒါကြောင့်လည်း ဝေကြီးက နောက်ပိုင်းပေါ်ထွန်းခဲ့တဲ့ တေးရေးဆရာတွေထဲကမှ အအောင်မြင်ဆုံးသူတစ်ယောက် ဖြစ်နေတာပဲ ဖြစ်ပါတယ် ပရိသတ်တွေချစ်တဲ့ တေးရေးဆရာ ဝေကြီးက လတ်တလောမှာ အနုပညာလုပ်ငန်းတွေနဲ့ အနည်းငယ် အဆက်အသွယ် ပြတ်တောက်နေတာပဲ ဖြစ်ပါတယ်။ များစွာလှတဲ့ အလုပ်ကိစ္စနဲ့ ပက်သတ်ပြီး စိတ်ဖိစီးမှုတွေကို ခံစားနေရတဲ့ ဝေကြီးက ဒီတစ်ခေါက်မှာတော့ သူ့ရဲ့အနုပညာနဲ့ ပက်သတ်ပြီး ပြင်းပြင်းထန်ထန် ခံစားနေရတာကို အခုလိုပဲ ရင်ဖွင့်ထားပါတယ်။ “(အနုပညာ…) ငွေရေးကြေးရေးနဲ့ပက်သက်နေရတဲ့ အနုပညာ၊ အချိန်တွေအကန့်အသတ်နဲ့ဖြစ်လာတဲ့အနုပညာ၊ စိတ်ပါပါ မပါပါ လုပ်လိုက်ရတဲ့အနုပညာ၊ ပေးသော်လည်းပေးတိုင်းပြန်မရတဲ့ အနုပညာ၊ online ပေါ်မှာပျော်တဲ့အနုပညာ၊...

“လေးစားအားကျရတဲ့ စီနီယာမမ မင်းသမီးတွေကို အနမ်းတွေ တ၀ချည်းပေးခဲ့တဲ့ ခင့်ဝင့်ဝါ”

ကျော့ရှင်းတဲ့ ဘော်ဒီလေးနဲ့ ချစ်စရာကောင်းတဲ့အမှုအရာ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကြောင့် ပရိသတ်ရဲ့ အချစ်တော်လေးဖြစ်နေတဲ့ မင်းသမီးလေးခင်ဝင့်ဝါကိုတော့ အထူး မိတ်ဆက်ပေးစရာမလိုဘူးထင်ပါတယ်။ သူကတော့ မေ(၂၀)ရက်နေ့မှာကျရောက်ခဲ့တဲ့ မိုးစက်ဝိုင်ရဲ့ မွေးနေ့ကို အနုပညာရှင် ညီအကိုမောင်နှမတွေအတူ တက်ရောက်ခဲ့တာဖြစ်ပါတယ် ။ အဲပွဲလေးမှာ ချစ်တဲ့သူတွေကို နမ်းခဲ့တဲ့ အမှတ်တရပုံလေးတွေကို ရိုက်ခဲ့ပြီးတော့ သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မသိဘူးနမ်းမယ်ဆိုပြီးတော့ဖော်ပြထားတာဖြစ်ပါတယ်။.. ခင်ဝင့်ဝါကတော့ မိုးစက်ဝိုင်ရဲ့ မွေးနေ့မှာ သူ့မွေးနေ့လို့မှားရလောက်အောင် ချစ်စရာကောင်းပြီးတော့ ပျော်ရွှင်နေတာဖြစ်ပါတယ်။ မိုးစက်ဝိုင်ရဲ့ မွေးနေ့မှာ ချစ်ရသူတွေနဲ့အတူ ပျော်ရွှင်နေပြီး အနမ်းတွေ ခြွေခဲ့တဲ့ပုံလေးတွေကို အမှတ်တရရိုက်ကူးခဲ့ပြီးတော့ သူရဲ့လူမှုကွန်ယက်စာမျက်နှာမှာဖော်ပြထားတာဖြစ်ပါတယ်။ သူအနမ်းခြွေခဲ့တဲ့ ချစ်မမတွေကတော့ မကစ်လို့ခေါ်တဲ့ ၀တ်မှုံရွှေရည်၊ မဖွေလို့ခေါ်တဲ့ ဖွေးဖွေး ၊ မိစန္ဒီ၊ မွေးနေ့ရှင်လေးဖြစ်တဲ့ မိုးစက်ဝိုင်တို့နဲ့အတူပျော်ရွှင်ခဲ့တယ်ဆိုတဲ့အကြောင်းကို အမှတ်တရပုံလေးတွေရိုက်ကူးခဲ့တာလည်းဖြစ်ပါတယ်။ မိုးစက်ဝိုင်ကတော့ သူရဲ့မွေးနေလေးကို ဒီနှစ်မှာတော့ထူးခြားစွားပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အနုပညာရှင် ညီအကိုမောင်နှမတွေဖြစ်ကြတဲ့ ခင်ဝင့်ဝါ၊ အေးမြတ်သူ ၊မိစန္ဒီ၊ တင်ဇာမော်၊ နန်းမြတ်ဖြိုးသင်းတို့...

ဒီနေ့မနက်မှာ မွေးဖွားလာတဲ့ ဗုဒ္ဓဟူးသမီးလေးတစ်ယောက်ကို မွေးစားလိုက်ပြန်တဲ့ ခိုင်နှင်းဝေ

မွန်​မြတ်​တဲ့စိတ်​ထား​ပိုင်ရှင်လေး ခိုင်နှင်းဝေကတော့ အကူအညီလိုအပ်နေတဲ့ နေရာတွေမှာ အားလေးတစ်ခုအဖြစ် ကြိုးစားဖြည့်ဆည်းပေးနေတဲ့ ပရဟိတ အကျိုးဆောင်တစ်ဦးဖြစ်တဲ့အပြင်၊ သက်ငယ်မုဒိန်းနဲ့ Single Mother တွေက မွေးဖွားလာတဲ့ ကလေးတွေကို မွေးစားနေတဲ့ မိခင်ကြီးတစ်ဦးဆိုရင်လည်း မမှားပါဘူး။ ဒီ​နေ့​လေးမှာ​တော့ ခိုင်​နှင်း​ဝေက သူမကိုယ်တိုင် ကူညီစောင့်ရှောက်ထားတဲ့ ကိုယ်ဝန်ဆောင်သည်တစ်ဦးက မွေးဖွားလာတဲ့ ဗုဒ္ဓဟူးသမီးလေးတစ်​​ယောက်ကို​ ​မွေးစားလိုက်​ပြန်​ပါပြီ။ ​ပရိသတ်​​တွေအတွက်​ သူမရဲ့စောင့်ရှောက်မှုအောက်မှာ ရှိနေတဲ့ ကိုယ်ဝန်ဆောင်သည်တစ်ဦးရဲ့ သမီး​လေး​ကို ​မွေးစားလိုက်​ပြန်​တဲ့ ခိုင်​နှင်း​ဝေရဲ့အ​ကြောင်းကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။ အဆိုပါအကြောင်းကိုတော့ ခိုင်နှင်းဝေက “ဗုဒ္ဓဟူး သမီးလေးတဲ့ ❤ကျမ ကူညီစောင့်ရှောက်ထားတဲ့ ကိုယ်ဝန်ဆောင်သည် တစ်ဦးက ဒီမနက်ခင်း လေးမှာ ကျမ အတွက် မွေးဖွားပေးလိုက်တယ် …..တကယ့် စိတ်ရင်းစေတနာနဲ့ တကယ် ရင်ထဲက လာတဲ့ ပီတိမျိုးဆိုတာကလေ စားသုံးဖူးသူတွေပဲ သိတယ် ပြောမပြ တတ်တဲ့ အပျော်မျိုးက ရင်ထဲက လာတာမို့ လေးနက်မှုက...

Rain နဲ့ Kim Tae Hee တို့ဆီကနေ လှတယ်လို့ ချီးကျူးခံလိုက်ရတဲ့ ချမ်းချမ်း

Melody World သီချင်းဆိုပြိုင်ပွဲကနေတစ်ဆင့် လူသိများအောင်မြင်လာတဲ့ အဆိုတော် ချမ်းချမ်းကတော့ အဆိုပိုင်းမှာ ထူးချွန်ရုံသာမကပဲ မော်ဒယ်ပိုင်းမှာလည်း လူသိများအောင်မြင်သူတစ်ဦးပဲ ဖြစ်ပါတယ်။ Internation ဆန်တဲ့ ရုပ်ရည်နဲ့ မြင့်မားလှတဲ့ အရပ်ကိုပိုင်ဆိုင်ထားတဲ့ သူမကတော့ ရုတ်တရက်ကြည့်ရင် နိုင်ငံခြားမင်းသမီးတစ်ဦးနဲ့တောင် အထင်မှားရလောက်အောင် လှရက်လွန်းသူလေးပါ။ လတ်တလောမှာတော့ ချမ်းချမ်းက အမေရိကသို့ ခရီးသွားရင်းနဲ့ သူမအနေနဲ့ ဂုဏ်ယူစရာကောင်တဲ့ ဖြစ်ရပ်လေးတစ်ခုကို ကြုံတွေ့ခဲ့ရတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အဲ့ဒါကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ ထိတ်ထိတ်ကြဲ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်ကြတဲ့ မင်းသား Rain နဲ့ မင်းသမီး Kim Tae Hee တို့ ဇနီးမောင်နှံတို့ဆီကနေ လှတယ်လို့ ချီးကျူးခံလိုက်ရလို့ပဲ ဖြစ်ပါတယ်။ ချမ်းချမ်းကတော့ “မ​နေ့က LA ​လေဆိပ်​မှာ ကိုရီးယား မင်းသမီး​တွေ အဆို​တော်​​တွေ နဲ့ တူတူ immigration ဖြတ်​​တော့...