ဖုံးကွယ် ဖျောက်ဖျက်ထားခြင်းခံရသော ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်း အပြည့်အစုံ

၁၉၆၂ ခုနှစ် မှ ယနေ့အထိ ဖုံးကွယ်ဖျောက်ဖျက်ထားခြင်းခံရသော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း။ အောက်ပါမိန့်ခွန်းမှာ ဂျပန်ခေတ် ၁၉၄၄ ခု၊ မတ်လ ၁၃ ရက်၊ နံနက်အချိန်တွင်မင်္ဂလာဒုံ ဗိုလ်သင်တန်း ကျောင်းဆင်းပွဲ၌ ဗမာ့ကာကွယ်ရေး တပ်မတော် စစ်သေနာပတိနှင့် စစ်ဝန်ကြီး ဗိုလ်ချုပ် အောင်ဆန်း ပြောကြားသော မိန့်ခွန်း တစ်ရပ် ဖြစ်သည်။ ရဲဘော်တို့ ယနေ့ ရဲဘော်တို့ အစုအချို့ဟာ စစ်ဗိုလ်လောင်းကလေးများအဖြစ် ဘွဲ့အဆင့်အတန်းကို ခံယူကြရတော့မယ်။ယနေ့အထိ ရဲဘော်တို့ဟာ ကျောင်းသားများဖြစ်ပြီး တာဝန်ရယ်လို့ မိမိတို့အပေါ်မှာ မရှိကြသေးဘူး။ယနေ့ကျောင်းကထွက်ပြီး ဗမာ့တပ်မတော်အသီးသီး ဋ္ဌာနအသီးသီးမှာ ရာထူး အလုပ်ဝတ္တရားများရတာနဲ့ တစ်ပြိုင်နက် ရဲဘော်တို့ အသီးသီးမှာ ကိုယ့်တာဝန်နှင့် ကိုယ့်ဝတ္တရားနှင့် ဖြစ်သွားပြီ။ ဒီလိုကိုယ့်တာဝန်ကိုယ့်ဝတ္တရားနှင့် ဗမာနိုင်ငံတော်နဲ့ ဗမာ့တပ်မတော်ရဲ့အမှုကို ထမ်းကြတဲ့အခါ ရဲဘော်တို့ကို မှာသင့်မှာ ရာ အချက်တွေကို ငါတို့ မှာကြားလိုတယ်။ ပထမဆုံး...

အိမ်ထောင်သက်တမ်း ၃ နှစ်ပြည့်ပြီဖြစ်တဲ့ ကောင်းခန့်တို့ ဇနီးမောင်နှံ

ကောင်းခန့် နဲ့ ဇနီးဖြစ်သူ ရှုပါ တို့ဟာ အိမ်ထောင်သက်တမ်း ၃ နှစ်ပြည့်ခဲ့ပြီလို့ သိရပါတယ်။ ဒီ ၃ နှစ်အတွင်းမှာလည်း ချစ်စရာကောင်းတဲ့ သမီးလေးကို ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ သရုပ်ဆောင်ကောင်းခန့်နဲ့ မရူပါတို့ ဇနီးမောင်နှံဟာ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့မှာ အိမ်ထောင်သက်တမ်း ၃ နှစ်ပြည့်ခဲ့ပြီးကြပြီလို့ သိရပါတယ်။ အခုဆိုရင်လည်း သူတို့ရဲ့ တစ်ဦးတည်းသော သမီးလေး ကြာဖြူကောင်းခန့်ကလည်း အသက် ၂ နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ‘’မနေ့က 3years Anniversary လေးပေါ့။ ကြာဖြူလေးမွေးနေ့နဲ့ တူနေတော့ ခုမှပဲ သတိရနိုင်တော့တယ်။မမေ့နိုင်တဲ့ အမှတ်တရ ထဲမှ ဘဝအစမှတ်တမ်းပါ’’ ဆိုပြီးတော့ သရုပ်ဆောင်ကောင်းခန့်ရဲ့ ဇနီးချောလေး ရှုပါ ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဇူလိုင်လ ၁၈ ရက်နေ့ ညနေ ၅ နာရီကျော်က ရေးသားခဲ့တာဖြစ်ပါတယ်။ မင်္ဂလာပွဲတုန်းက...

အပေါင်းအသင်းကြောင့် လမ်းမှားရောက်နေတဲ့ သမီးဖြစ်သူရဲ့အကြောင်းတွေကို ရင်နာနာနဲ့ဖွင့်ပြောလာတဲ့ ကစ်ကစ်

သရုပ်ဆောင် ကစ်ကစ်ကတော့ ကျန်းမာရေးချို့တဲ့မှုတွေကြောင့် ဆေးရုံမှာ ဆေးကုသမှုခံနေရတာဖြစ်ပါတယ်။ ကျန်းမာရေးမကောင်းမှုတွေဖြစ်လာတာနဲ့ အနုပညာအလုပ်တွေလည်းရပ်နားလိုက်ရပြီး ပရိသတ်တွေနဲ့အနုပညာရှင်တွေကလည်း ကစ်ကစ် ဆေးရုံစရိတ်အတွက် ထောက်ပံ့ကူညီပေးခဲ့ကြတာဖြစ်ပါတယ်။ ကစ်ကစ်ကတော့ သမီးဖြစ်သူရဲ့ အပေါင်းအသင်းကြောင့် လမ်းမှားရောက်နေခဲ့ရတာတွေကို ခုလိုပဲရင်နာနာနဲ့ ဖွင့်ပြောလာခဲ့တာဖြစ်ပါတယ်။ “သမီးကအဆာင်မှာနေတဲ့သူဖြစ်တဲ့အတွက် သမီးရဲ့ကျောက်ကပ်ကို သိန်း ၃၀ နဲ့ဝယ်မယ်လို့ ကျွန်မကစမ်းသပ်ပြီး ပြောလိုက်တယ်။ ဒါပေမဲ့သမီးနဲ့အတူနေတဲ့ သူငယ်ချင်းကနင့်ကို နင့်အမေကသတ်နေတာလို့ပြောတဲ့အပြင် သူ့ရဲ့အမေကပါ သားသမီးချင်းကိုယ်ချင်းမစာ ထပ်ပြီးတော့ကျွန်မသမီးကို နင့်ကိုနင့်အမေကသတ်နေတာဆိုပြီး ထပ်ပြီးသွေးထိုးတယ်။” လို့ ဟာသသရုပ်ဆောင် ကစ်ကစ်က အိမ်တွင်းရေးကိစ္စကို ဖွင့်ပြောလာပါတယ်။ ကစ်ကစ်ရဲ့ ရင်တွင်းခံစားချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ Source-အကုန်သိ  

မြန်မာ စစ်အရာရှိကြီး လေးဦးကို အမေရိကန်က ပိုမိုထိရောက်၊ ပြင်းထန်စွာ အရေးယူသင့်ဟု ရန်ဟီလီ ပြော

မြန်မာ့ စစ်အရာရှိကြီး လေးဦးနဲ့ ၄င်းတို့ရဲ့မိသားစုကို အမေရိကန်သို့ဝင်ရောက်ခွင့် ပိတ်ပင်ရုံမျှ ပိတ်ဆို့အရေးယူခြင်းဟာ မထိရောက်ကြောင်း ကုလ လူ့အခွင့်အရေးကိုယ်စားလှယ် ရန်ဟီလီက ဇူလိုင် ၁၈ ရက်မှာ ပြောကြားလိုက်ပါတယ်။ဇူလိုင် ၁၆ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ ပိတ်ဆို့အရေးယူချက်ဟာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှုးကြီး စိုးဝင်း၊ ဗိုလ်မှုးချုပ် သန်းဦးနဲ့ ဗိုလ်မှုးချုပ် အောင်အောင်တို့ကို အမေရိကန်သို့ဝင်ရောက်ခွင့် ပိတ်ပင်လိုက်ခြင်းဖြစ်ပြီး ၄င်းတို့ရဲ့မိသားစုဝင်တွေအပေါ်လည်း သက်ရောက်ပါတယ်။ ပိတ်ဆို့အရေးယူခြင်းနဲ့စပ်လျဉ်းပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယိုက ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့ အခြားအရာရှိတွေဟာ ဘင်္ဂလီ(မူရင်းအသုံး “ရိုဟင်ဂျာ”)တွေကို ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးစေခဲ့တဲ့ လူမျိုးရေးသုတ်သင်မှုမှာ ဥပဒေမဲ့သတ်ဖြတ်ခဲ့ခြင်းတွေအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ရှိတယ်လို့ ပြောခဲ့ပါတယ်။ ၄င်းမှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် ရန်ဟီလီက အမေရိကန်ရဲ့ အရေးယူမှုဟာ မလုံလောက်၊...

နေတိုးကြောင့် ပျော်ရွှင်ခဲ့ရတဲ့ ကင်ဆာရောဂါဝေဒနာခံစားနေရတဲ့ သရုပ်ဆောင် နွယ်နီ

ထပ်​ဆင့်​အကယ်​ဒမီ ​နေတိုး​ကြောင့်​ ​ကင်​ဆာ​ရောဂါ​ဝေဒနာခံစား​နေရတဲ့ သရုပ်​​ဆောင်​နွယ်​နီက​တော့ ​ပျော်​ရွှင်​ခဲ့ရပါတယ်​။ ဇာတ်​ပို့သရုပ်​​ဆောင်​ နွယ်​နီအတွက်​ သရုပ်​​ဆောင်​ ​နေတိုးမှ လှူဒါန်း​ငွေနှင့်​အတူ အဝတ်​အစားများ၊ ​လေ​အေး​ပေးစက်​တစ်​လုံးနှင့်​ အခြား​သောပစ္စည်း​တွေလည်း​ပေးပို့ကာ လှူဒါန်းခဲ့ပါတယ်​။ အခုလက်​ရှိမှာ ဇာတ်​ပို့သရုပ်​​ဆောင်​နွယ်​နီက​တော့ အရမ်းကိုဝမ်းသာ​ပျော်​ရွှင်​​နေပြီး အခုလိုသတိတရနဲ့လှူဒါန်း​ပေးခဲ့တဲ့ ​သရုပ်​​ဆောင်​​နေတိုးကိုလည်း ကျေးဇူအထူးတင်​ကြောင်းဆိုထားပြီး မောင်လေးလည်း ဒီ့ထက်မက အောင်မြင်ကျော်​ကြားပါ​စေလို့ ဆု​မွန်​​ကောင်းပြန်​လည်​​တောင်း​ပေးခဲ့ပါတယ်​။ Credit- အကုန်သိ

နှစ်ပေါင်း (၅၀)အတွင်း နိုင်ငံတော်သမ္မတတစ်ဦး အနေဖြင့် ပထမဆုံးအကြိမ် အာဇာနည်နေ့အခမ်းအနားကို တက်ရောက်ဂါရဝပြုမည်

(၇၂)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့် တက်ရောက်ဂါရဝ ပြုမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင်တဦးက အတည်ပြုပြောကြားသည်။ ယင်းမှာ နှစ်ပေါင်း ၅ဝ ကျော်ကာလအတွင်း နိုင်ငံတော်သမ္မတတဦးအနေဖြင့် အာဇာနည်နေ့အခမ်းအနားသို့ ပထမဆုံးအကြိမ်တက်ရောက်ခြင်းလည်းဖြစ်သည်။ အာဇာနည်နေ့အခမ်းအနားများသို့ နိုင်ငံတော်သမ္မတတက်ရောက်ခဲ့မှု မှတ်တမ်းများအရ ၁၉၅၈ ခုနှစ်မှ ၁၉၆၁ ခုနှစ်အထိ သမ္မတမန်းဝင်းမောင်၊ ၁၉၆၂၊ ၆၃၊ ၆၄ ခုနှစ်အထိ ဦးနေဝင်းတက်ရောက်ခဲ့သည်။ယခုလက်ရှိ အရပ်သားအစိုးရလက်ထက်တွင် အာဇာနည်နေ့အခမ်းအနားသို့ သမ္မတတက်ရောက်ဂါဝရပြုခြင်းမှာ နှစ်ပေါင်း ၅ဝ ကျော်အတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။ ”သမ္မတတက်မယ်ဆိုတော့ ကောင်းပါတယ်။ တကယ်ကောင်းတဲ့ အလုပ်ပါ။ အရင်တုန်းကတော့ သမ္မတကြီးမန်းဝင်းမောင်နဲ့ ဦးနေဝင်းကိုယ်တိုင်လာခဲ့တယ်။ အဲဒီတော့ နိုင်ငံအကြီးအကဲတွေလာတယ်ဆိုတော့ ကျွန်တော်တို့အတွက်ကတော့ ဂုဏ်ယူရတာပေါ့လေ။ နောက်တခုက ပြည်သူပြည်သားတွေကလည်း ကျေနပ်မှာပေါ့။ နိုင်ငံရဲ့ အကြီးဆုံးကလာပြီးတော့ ဂါဝရပြုတယ်ဆိုတော့ ပြည်သူပြည်သားတွေကလည်း ကြည်နူးဝမ်းသာကြမှာပါ” ဟု အာဇာနည်ခေါင်းဆောင်ကြီးဦးရာဇတ်၏သားအကြီးဆုံးဖြစ်သူ ဦးတင်မြင့်က ပြောသည်။ အာဇာနည်နေ့အခမ်းအနားများသို့ သမ္မတဦးစန်းယုလက်ထက်တွင်လည်း...

မိသားစုစုံစုံညီညီနဲ့ အင်္ဂလန်ကို သွားရောက် လည်ပတ်နေတဲ့ ကျော်သူ

ကျော်သူဟာဆိုရင် ဇာတ်လမ်းကာရိုက်တာပိုင်းတွေကို ပီပြင်အောင်သရုပ်ဆောင်နိုင်ပြီးတော့ အကယ်ဒမီနှစ်ဆုကို ပိုင်ဆိုင်ရရှိထားတာဖြစ်ပါတယ်။ လိုချင်တဲ့ ကာရိုက်တာမရရအောင် သရုပ်ဆောင်တွေကို သင်ကြားပေးတဲ့နေရာမှာ ထူးချွန်ပြောင်မြှောက်တဲ့ ဒါရိုက်တာတစ်ယောက်လည်းဖြစ်ပါတယ်။ အလွန်သန့်ရှင်းဖြူစင်တဲ့ ကိုယ်ချင်းစာနာစိတ်ထားပြီး ကူညီဖေးမတတ်တဲ့အပြင် ရန်ကုန်နာရေးကူညီမှုအသင်းကြီးရဲ့ ဥက္ကဌတစ်ယောက်အနေနဲ့လည်း ပါဝင်ဆောင်ရွက်နေတာလည်းဖြစ်ပါတယ်။ “ဂမ္ဘီရမျက်လုံး” နှင့် “ဒဏ္ဍာရီပင်လယ်”ဆိုတဲ့ ရုပ်ရှင်ကားကြီးနှစ်ကားကို ပုံဖော်ရိုက်ကူးခဲ့ပြီးနောက် လက်ရှိမှာ အနုပညာအလုပ်တွေကနေ ခဏတာအနားယူလို့ ပြည်ပမှာရှိတဲ့ သားကြီးပြည်သိမ်းကျော် ဆီသို့ ဇနီး၊သမီးမိသားစုမြေးငယ်များနှင့်အတူ သွားရောက်လည်ပတ်နေခဲ့တာပဲဖြစ်ပါတယ်။ ယခုလို အင်္ဂလန်နိုင်ငံ၊ ဆီယက်တာမြို့မှာ သွားရောက်လည်ပတ်ခဲ့ရတဲ့ ပျော်ရွှင်စရာကောင်းတဲ့ ပုံရိပ်လေးတွေကိုလည်း ကျော်သူက ဖော်ပြထားတာပါ။ “သားနေတဲ့ ဆီယက်တာသို့ အစ်မဖြစ်သူ Dr. ချိုချိုအေးလည်း အင်္ဂလန်မှရောက်ရှိပြီ။ မြေးငယ်လေးလည်း အဖိုးကိုကပ်ချွဲတတ်ပြီ။ အစ်မ၀ယ်လာတဲ့ ၀က်ဝံရုပ်ကလေးကို မြေးငယ်လေး ရာဇကျော်ဇင်က သည်းသည်းလှုပ်ကြိုက်သွားပြန်ပြီ။ အမေရိကန်နိုင်ငံ ဆီယက်တာမြို့ အထိ ဇနီးဖြစ်သူရွှေဇီးကွက်နဲ့ရောက်လာသလို ထူးထူးခြားခြား ထိုင်းစားသောက်ဆိုင်ကအပြန် ကားရပ်နားထားရာအရှေ့တည့်တည့်တိုက်ခေါင်မိုးပေါ်မှာ ဇီးကွက်ကြီးတစ်ကောင်နားနေလေရဲ့ဗျာ” ဆိုပြီးတော့...

မြန်မာနိုင်ငံက ဘာသာရေး နှိပ်ကွပ်ခံ (၄) ဦး အိမ်ဖြူတော်မှာ သမ္မတထရမ့်နဲ့ တွေ့ဆုံ

နိုင်ငံပေါင်း ၁၇ နိုင်ငံက ဘာသာရေးနှိပ်ကွပ်မှုကနေ ထွက်ပြေးလွတ်မြောက်လာ ကြသူပေါင်း ၂၇ ဦးကို အမေရိကန်သမ္မတ Donald Trump က အိမ်ဖြူတော်မှာ ဗုဒ္ဓဟူးနေ့က ဖိတ်ခေါ် တွေ့ဆုံခဲ့ပါတယ်။အဲဒီထဲမှာ မြန်မာနိုင်ငံက လေးဦးလည်း ပါဝင်ပြီး မြန်မာစစ်တပ်အနေနဲ့ ဘာသာရေးအရ ခွဲခြား ဖိနှိပ်မှုတွေကို ဆက်လက် ကျူးလွန်နေကြောင်း အမေရိကန်သမ္မတ Trump ကို တင်ပြခဲ့ကြပါတယ်။မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီး ပြောပြမှာပါ။အမေရိကန်နိုင်ငံခြားရေးဌာနက ဦးစီးပြီး ၀ါရှင်တန်ဒီစီမှာ ဇူလိုင်လ ၁၆-၁၈ ရက်နေ့ ထိသုံးရက်ကြာ ကျင်းပနေတဲ့ ဘာသာရေးလွတ်လပ်ခွင့် တိုးတက်ဖြစ်ထွန်းရေးဆိုင်ရာ ဒုတိယအကြိမ် နိုင်ငံတကာ ၀န်ကြီးများအဆင့် အစည်းအဝေးရဲ့ တစိတ်တပိုင်းအဖြစ် မြန်မာနိုင်ငံအပါအ၀င် နိုင်ငံပေါင်း ၁၇ နိုင်ငံက ဘာသာရေးဖိနှိပ်ခံရမှုမှာ ကိုယ်တိုင် ကြုံတွေ့ခံစားခဲ့ရသူပေါင်း ၂၇ ဦးကို မနေ့ ဗုဒ္ဓဟူးနေ့က သမ္မတ Donald Trump...

မေမေရုပ်ရှင်ပြန်ရိုက်မယ်ဆိုလို့ ရှိုက်ကြီးတငင်ငိုကြွေးနေတဲ့ နန္ဒာလှိုင်ရဲ့သမီးငယ်လေး

အိမ်ထောင်သက်တမ်း ဆယ်စုနှစ်တိုင်ကျော်ဖြတ်ပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူကတော့ ဝါရင့်သရုပ်ဆောင် မင်းသမီးချောလေး နန္ဒာလှိုင်ပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သမီးချောလေးတွေပိုင်ဆိုင်ထားတာပဲ ဖြစ်ပြီး သမီးလေးတွေရဲ့သိတတ်လိမ္မာမှုတွေကြောင့်လည်း ဇနီးမောင်နှံနှစ်ယောက်လုံး ကြည်နူးပီတိဖြစ်နေရတာပါ။ သမီး(၃)ယောက်လုံးဟာလည်း ပညာရေးမှာလည်း ထူးချွန်ထက်မြက်သူများဖြစ်ကြပြီး ချစ်စရာကောင်းလွန်းတာကြောင့်လည်း ပရိသတ်တွေကဝိုင်းချစ်နေရတာပါ။ သူတို့ဇနီးမောင်နှံဟာ အလှူအတန်းမှာလည်း လက်မနှေးသူတွေပဲဖြစ်ပါတယ်။ သူတို့ရဲ့အလှူအတန်းတွေဟာ မြင်ရသူတိုင်းကို ကြည်နူးစေတာပါ။ သမီးလေးတွေကိုအချိန်ပြည့် ပြုစုစောင့်ရှောက်နေတာကြောင့် အနုပညာအလုပ်တွေကိုမလုပ်တော့တဲ့ နန္ဒာလှိုင်ကတော့ အခုတစ်ခေါက်မှာ သမီးအငယ်လေးဖြစ်တဲ့ မဒီကို စနောက်ထားတဲ့ ဗီဒီယိုလေးကို ဝေမျှလိုက်တာပါ။ ဒီဗီဒီယိုလေးထဲမှာ မေမေအနုပညာအလုပ်တွေပြန်လုပ်မယ်လို့ မဒီလေးကိုစနောက်နေတာပဲဖြစ်ပြီး သမီးလေးကမလုပ်ရဘူးဆိုပြီး ရှိုက်ကြီးတငင်ငိုနေတာပါ။ ပရိသတ်ကြီးအတွက် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ရပါတယ်နော်။

ထိုင်းမြောက်ပိုင်းတွင် မိုးခေါင်ရေရှား၍ မိုးအတုဖြင့် ပက်ဖျန်းနေရ

ထိုင်းနိုင်ငံမြောက်ပိုင်းဒေသ ခရိုင်တချို့မှာ ဒီနှစ်ထဲ မိုးခေါင်ရေရှားတဲ့အတွက် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေ အဆင်ပြေဖို့ မိုးအတုတွေနဲ့ ပက်ဖျန်း ရွာသွန်းပေးနေရပါတယ်။ မြောက်ပိုင်းဒေသ မိုးတုပက်ဖျန်းပေးဖို့အတွက် ချင်းမိုင်က မိုးတုပုံဆောင်ခဲ အလေးချိန် ၂၀၀၀ ကီလိုဂရမ် တင်ဆောင်နိုင်တဲ့ လေတပ်ပိုင် လေယာဉ်ပျံအကြီးစားတစီး၊ ပိဿနုလုတ်ခရိုင်က မိုးတုပုံဆောင်ခဲ အလေးချိန် ၇၀၀ ကီလိုဂရမ်စီ တင်ဆောင်နိုင်တဲ့ လေယာဉ်ငယ်သုံးစီး၊ တာ့ခ်ခရိုင်က မိုးတုပုံဆောင်ခဲ အလေးချိန် ၁၀၀၀ ကီလိုဂရမ်စီ တင်ဆောင်နိုင်တဲ့ အလတ်စား လေယာဉ်ပျံနှစ်စီး အသုံးပြုခဲ့ရတယ်လို့ မိုးတုဆောင်ရွက်ရေး ဗဟိုဌာန ထုတ်ပြန်ချက်ကို ကိုးကားပြီး ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။ အခုလို မိုးတုဆောင်ရွက်ရာမှာ လက်ရှိ ထိုင်းမြောက်ပိုင်း ရာသီဥတု အခြေအနေအရ မိုးတိမ်တွေ နည်းပါးနေပြီး ရာသီဥတု ပူပြင်းတဲ့အတွက် ခက်ခက်ခဲခဲ ဆောင်ရွက်နေရတယ်လို့ ဆိုပါတယ်။ဒီလို အခက်အခဲတွေ ရှိနေပေမယ့် ဒီကနေ့ ဇူလိုင် ၁၈...