ဗိုလ်ချုပ်နှင့် ဂဠုန်ဦးစော အခြေအတင်စကားများခဲ့ကြပုံ…. (၅) မိနစ်အချိန်လေးပေးပြီးဖတ်ကြည့်ပါ😢😢

ဂဠုန်ဦးစောဘာလဲ ( သို့ ) ဗိုလ်ချုပ်နှင့်ဦးစော အခြေအတင်စကားများခဲ့ကြပုံ…. (၅) မိနစ်အချိန်လေးပေးပြီးဖတ်ကြည့်ပါ😢😢 ဂဠုန်ဦးစောကား နယ်ချဲ့အင်္ဂလိပ်အလိုတော်ရိကြီး ဖြစ်သည် ။ နိုင်ငံနှင့်လူမျိုးကိုချစ်သည့် ၊ နိုင်ငံနှင့်လူမျိုးကောင်းကျိုးကိုဆောင်ရွက်လိုသည့် ပုဂ္ဂိုလ်မဟုတ် ။ အာဏာကုလားထိုင် မြင့်မြင့်ကိုသာ တက်ချင်သူဖြစ်၏ ။ သူက ရက်စက်၏ ။ ကြမ်းကြုတ်ခက်ထန်၏ ။ အငြိုးအတေးကြီး၏ ။သူ နန်းရင်းဝန်ဖြစ်စဉ်က ကြည့်ပါ ။ နယ်ချဲ့လက်အောက်ကျွန်ဘဝမှလွတ်မြောက်ရန်ကြိုးပမ်းနေကြသော တို့ဗမာအစည်းအရုံးဝင်များကို သူ၏ဂဠုန်တပ်ဖွဲ့ဖြင့် အကြမ်းဖက်နှိပ်ကွပ်ခဲ့သည် ။ နယ်ချဲ့ဆန့်ကျင်ရေး မျိုးချစ်စာဆိုကြီးဖြစ်သည့် တို့ဗမာအစည်းအရုံး နာယကကြီးသခင်ကိုယ်တော်မှိုင်းလို ပုဂ္ဂိုလ်မျိုးကိုပင်ချမ်းသာမပေးခဲ့ ။ ပုသိမ်ဘူတာရုံတွင် သုံးတစ်လက်မတုတ်ဖြင့် ခေါင်းရိုက်ခွဲခဲ့သည့် နယ်ချဲ့အင်္ဂလိပ်တို့အလိုကျ မိုက်နေသည့် အလိုတော်ရိကြီးဖြစ်သည် ။ နယ်ချဲ့အင်္ဂလိပ်ခေတ်တွင် ရှိခဲ့ကြသည့် တခြားအလိုတော်ရိတွေထက် သူကဆိုး၏ ။ ဒေါက်တာဘမော် ၊ သခင်ဗစိန် ၊ ဦးပု ၊...

ပုဂံက ထူးထူးခြားခြား မလာဖြစ်ဂူဘုရား နဲ့ မလုံးဖြစ်ဂူဘုရားအကြောင်း

ထူးထူးခြားခြား နာမည်တွေနဲ့ ဘုရားတွေဖြစ်တာကြောင့် ပြန်လည်ဝေမျှလိုက်ခြင်း ဖြစ်ပါတယ်။ မလာဖြစ် ဂူဘုရား (ဘုရားအမှတ် ၆၆၄) တရုတ်ပြေးဂူဘုရားကြီး တံတိုင်း နှင့် မင်းဝိုင်းအစုတံတိုင်းအကြားရှိ လှည်းလမ်းအတိုင်း အနောက်မြောက်ဘက်သို့သွားသော် အနည်းငယ်ဝေးသော နေရာတွင် မလာဖြစ်ဂူဘုရား တံတိုင်းသို့ ရောက်ပေမည်။ မလာဖြစ်ဂူဘုရားမှာ တံတိုင်း၏ အရှေ့တောင်ထောင့်တွင်ရှိသည်။ တံတိုင်းအနောက်ဘက်ထောင့်တွင် အုတ်ကျောင်းပျက်ကြီး ရှိလေသည်။ ဂူအတွင်းရှိသော ကျောက်စာအရ သက္ကရာဇ် ၆၃၆ခုတွင် တရုတ်ပြေးမင်း၏ အမတ်တျာသည် ဤအမနာမြေအရပ်တွင် တံတိုင်း ၊ ဂူဘုရား ၊ ကျောင်းကြီး ၊ တန်ဆောင်း ၊ ကပ္ပိယကုဋီ စသောအဆောက်အအုံများတည်ဆောက်ကြောင်း သိရလေသည်။၎င်းကျောက်စာတွင်ပင် တကာကြီ မ္လဖြစ် ဟုပါရှိသောကြောင့် ထိုအမတ်တျာ၏ အမည်မှာ မ္လဖြစ် (မလဖြစ်) ဟု ယူဆပြီး ဂူဘုရား၏ အမည်ကိုလည်း မလာဖြစ် ဂူဘုရားဟု ခေါ်ဝေါ်နေကြသည်မှာ ယနေ့တိုင်ပင်ဖြစ်သည်။ ဂူအတွင်းတွင်...

နိုင်ငံတော်လုပ်ကြံမှု၌ အစဖျောက်ခံလိုက်သောတရားခံတယောက်

“မကောင်းမှုဟူသည်ဆိတ်ကွယ်ရာမရှိ”ဆိုသော မြန်မာ့ဆိုရိုးစကားရှိသည်။ ထိုစကား မှန်နိုင်ဖွယ်ရာရှိသည်ဟုထင်သည်။ အဘယ်ကြောင့်ဆိုမူ နိုင်ငံတော်လုပ်ကြံမှုတွင်ကျဆုံးခဲ့ရသော ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံခေါင်းဆောင်ကြီးတို့ ကျဆုံးခဲ့ရသည်မှာ နှစ်ပေါင်း ၇၂နှစ်ပင်ပြည့်ခဲ့သော်လည်း လုပ်ကြံသူတို့နှင့် ပတ်သက်သောသံသယတို့ကား တိုးပွားနေဆဲဖြစ်သည်။တချိန်ကလျှို့ဝှက်ထားခဲ့ကြသောကိစ္စရပ်များကို ယခုအချိန်တွင်ပြန်လည်ဖေါ်ထုတ်လာ သည်ကို တွေ့နေရသည်။ မကြာမီကပင် သမိုင်းပညာရှင်ဒေါက်တာအောင်ခင်၏ Who Killed Aung San ဆိုသော စာအုပ်ထွက်ပေါ်လာခဲ့သည်။ ထို့အပြင်ပြည်တွင်းပြည်ပပညာရှင်တို၏ ရှာဖွေဖေါ်ထုတ်ခဲ့ကြသော အချက်လက်အသစ်များလည်း ပေါ်ထွက်လာခဲ့ပါသည်။ အဆိုပါစာအုပ်များမထွက်မီကတည်းက ရှေ့မီနောက်မီနိုင်ငံရေးသမားတို့၏ ပြောပြချက်များတွင်လည်း ဂဠုန်ဦးစောအပြင် ကြံရာပါတွေ ရှိသေးသည်ဆိုသောအချက်ဖြင့် မေးမြန်းရှာဖွေခဲ့သည့်မှတ်ချက်များကိုလည်း ပြန်လည်သုံးသပ်ကြည့်မိသည်။ အထူးသဖြင့် နိုင်ငံတော်လုပ်ကြံမှုတရားခွင်စစ်ဆေးချက်အချို့ကို ပြန်လေ့လာမိသည်။ထိုမှတ်တမ်းများထဲမှ လက်လှမ်းမီရာရှာကြည့်သောအခါတွင်စိတ်ဝင်စားစရာအချက်အချို့ကို ဂဠုန်စောနှင့် သူ့ ရှေ့နေတို့စစ်ဆေးချက်မှတ်တမ်း၌…. “စောရန်နောင်က နိုင်ငံရေးနယ်ထဲမှာ နေချင်ရင် ၁၉၄၇နိုင်ငံရေးကိုလုပ်ရမယ်လို့ ကျနော်အားပြောပါတယ်။ ဘညွန့်က ထောက်ခံပါတယ်။ သူတို့နှစ်ယောက်ကပဲ ဝန်ကြီးအဖွဲ့ဝင်များနှင့် ဖဆပလခေါင်းဆောင်များကို သုတ်သင်ပြစ်ရင် ကောင်းမယ်လို့ပြောပါတယ်။”ဟု ဂဠုန် ဦးစောက ခုံရုံးတွင်ထွက်ဆိုခဲ့သည်။ ထိုစကားကိုပြောသောအချိန်ကိုမေးရာ၌...

ဂျပန်နိုင်ငံရဲ့ ရုပ်သံလိုင်းတစ်ခုမှာ ဖော်ပြခြင်းခံလိုက်ရတဲ့ နေခြည်ဦး

မန်မာနိုင်ငံမှာ ပရိသတ်အခိုင်အမာနဲ့ ရုပ်တည်နေတဲ့ သရုပ်ဆောင်နေခြည်ဦးကတော့ အောင်မြင်တာထက်ပိုနေပြီလားလို့တောင် ထင်ရမှာပါ။ သူမဟာ ဂျပန်ရုပ်သံတစ်ခုမှာ သူမရဲ့ ငယ်ဘ၀ကနေစပြီး လက်ရှိအချိန်အထိ ဖြတ်သန်းလာခဲ့တဲ့ သူမရဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ထုတ်လွင့်ပြသခဲ့တာလဲ ဖြစ်ပါတယ်။ သူမကိုယ်တိုင်ကလဲ အင်တာဗျူးတွေ ဖြေဆိုထားခဲ့ပြီး ခွဲစိတ်မပြုပြင်ခင်ကစပြီး မျက်နှာအစိတ်အပိုင်းတစ်ချို့ ခွဲစိတ်ထားတယ်ဆိုတဲ့ အကြောင်းအရာတွေလဲ ပါဝင်ပါတယ်။ သူမကတော့ သူမရဲ့ ယုံကြည်ချက်နဲ့ အတူ ကြိုးစားရုန်းကန်ရင်း အောင်မြင်မှုတွေကို တဖြေးဖြေးရရှိလာခဲ့တာလဲ ဖြစ်ပါတယ်။ ချီချီက ပွင့်လင်းစွာပြောဆိုတက်သူဖြစ်တာကြောင့် ချစ်ခင်ကြတဲ့ ပရိသတ်တွေရှိသလို သဘောထားချင်းမတိုက်ဆိုင်တဲ့ ပရိသတ်တွေလဲ ရှိပါတယ်။ သူမကို Beauty Blogger ဘ၀ထဲအားပေးတဲ့ ပရိသတ်တွေ များစွာရှိခဲ့ပါတယ်။ အဲ့ဒီနောက် သရုပ်ဆောင် စတင် လုပ်ဆောင်စဉ်မှာ တော့ ပိုမိုများပြားစွာ အားပေးလာကြတာလဲဖြစ်ပါတယ်။ ချီချီရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတွေထဲမှာ ရုံတင်ပြသပြီးတာတော့ ၂ ကားရှိနေပါပြီ။ တခြားရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီးတွေရော...

အာဇာနည်နေ့မှာ ကျဆုံးသွားခဲ့တဲ့ ခေါင်းဆောင်တွေကို ရိုရိုသေသေအလေးပြုခဲ့တဲ့ သက်မွန်မြင့်ရဲ့ သားသားနဲ့မီးမီး

ဝါရင့်​အနုပညာရှင်​တစ်​ဦးဖြစ်​တဲ့ သက်​မွန်​မြင့်​က​တော့ သရုပ်​​ဆောင်​ပိုင်းမှာထူးချွန်​တာ​ကြောင့်​​ရော သူမရဲ့ပွင့်​လင်းတဲ့စိတ်​ဓာတ်​​လေး​ကြောင့်​ပါ ပရိသတ်​​​တွေက အရမ်းချစ်​ကြတာပါ။ ​ပျော်​စရာ​ကောင်းတဲ့ အိမ်​​ထောင်​​ရေးကိုပိုင်​ဆိုင်​ထားတဲ့ သက်​မွန်​မြင့်​က​တော့ မိခင်​​ကောင်းတစ်​ဦးရဲ့တာဝန်​​တွေကိုလည်း အပြည့်​အဝ​ကျေပြွန်​သူတစ်​ဦးပဲ ဖြစ်​ပါတယ်​။ ဒီ​နေ့က​တော့ မြန်​မာနိုင်​ငံသားတိုင်းရဲ့ရင်​ထဲမှာ ဘယ်​​တော့မှ မ​မေ့နိုင်မယ့်​​ ၇၂ ကြိမ်​​မြောက်​ အာဇာနည်​​နေ့​လေးဖြစ်​တာ​ကြောင့်​ အကယ်​ဒမီ သက်​မွန်​မြင့်​ရဲ့ သားသား​လေးနဲ့ မီးမီး​လေးကလည်း ကျဆုံးခဲ့တဲ့ အာဇာနည်​​တွေကို ရိုရို​သေ​သေနဲ့ အ​လေးပြုခဲ့ကြတာပါ။ ချစ်​ပရိသတ်​​တွေအတွက်​ အရမ်းကိုချစ်​ဖို့​ကောင်းတဲ့ သက်​မွန်​မြင့်​ရဲ့​ဘေဘီ​လေး​တွေရဲ့ပုံရိပ်​​တွေကို ​ဝေမျှ​ပေးလိုက်​ပါတယ်​​နော်​။ ကျဆုံး​လေပြီး​သော အာဇာနည်​​တွေကို အ​လေးပြု​နေတဲ့ က​လေး​လေး​တွေ သက်​မွန်​မြင့်​က​တော့ “၁၉ ဇူလိုင်မမေ့နိုင်..အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု!!!” ဆိုပြီး က​လေး​တွေရဲ့ပုံရိပ်​​လေး​ကို ​ဝေမျှ​ပေးထားတာပါ။ ​ပျော်​ရွှင်​​အေးချမ်းတဲ့ မိသားစုဘဝ​လေးကို ပိုင်​ဆိုင်​ထားတဲ့ လင်းလင်းနဲ့ အကယ်​ဒမီသက်​မွန်​မြင့်​က​တော့ အရမ်းကိုချစ်​ဖို့​ကောင်းတဲ့ သားသား​လေးနဲ့ မီးမီး​လေးကို ပိုင်​ဆိုင်​ထားတာပဲ ဖြစ်​ပါတယ်​။ အနုပညာကိုလည်းချစ်​မြတ်​နိုးလွန်းတဲ့ ​မေ​မေသက်​မွန်​မြင့်​က​တော့ လတ်​တ​လောမှာ ဇာတ်​ကား​တွေဆက်​တိုက်​ ရိုက်​ကူးဖြစ်​​နေတာပါ။ ချစ်​ပရိသတ်​​တွေလည်း က​လေး​တွေကို မျိုးချစ်​စိတ်​ရှိ​အောင်​...

စိတ်ဓာတ်ကြံ့ခိုင်လွန်းတဲ့ မိခင်ဖြစ်သူလင်းဇာနည်ဇော်ကို မွေးနေ့ဆုတောင်းပေးလိုက်တဲ့ မြူလင်းကိုကို

မေမေ လင်းဇာနည်ဇော်အတွက် သမီးလေး မြူလင်းကိုကိုက မွေးနေ့ဆုတောင်းစကားတွေ ပြောလာပါတယ်။ သူမကတော့ အခုဆိုရင် သြစတေးလျနိုင်ငံUniversity of Technology Sydney ကျောင်းမှာ ပညာသင်ကြားနေတာပါ။ ဇူလိုင်လ ၁၉ ရက်နေ့ကတော့ သရုပ်ဆောင် လင်းဇာနည်ဇော်ရဲ့ မွေးနေ့ဖြစ်ပါတယ်။ ဒါကြောင့် သူမရဲ့ တစ်ဦးတည်းသော သမီးလေး မြူလင်းကိုကို က မေမေ့အတွက် မွေးနေ့ဆုတောင်းစကားပြောခဲ့ပါတယ်။ ‘’ Happy Birthday ပါ အမေ။ အရွယ်ရောက်တဲ့အထိ စောင့်ရှောက်ပေးခဲ့တဲ့ အမေ့ကို ကျေးဇူးတင်ပါတယ်။ သမီးအရှေ့မှာ လွတ်လပ်ပေါ့ပါးတဲ့အမေ၊ စိတ်ဓာတ်ကြံ့ခိုင်တဲ့ အမေ အဖြစ် ရပ်တည်ပေးနိုင်ခဲ့တာတွေကို ဂုဏ်ယူလို့ မဆုံးပါဘူး။ အရမ်းချစ်တယ်။ (Thank you for always staying by my side and I am so very proud...

“ခြိမ်းခြောက်တိုင်းလည်း မကြောက်သလို၊ မြှောက်တိုင်းလည်း မမြောက်ဘူး”လို့ ပြောတဲ့ သင်းသင်း

အလှမယ် သင်းသင်းကတော့ သရုပ်ဆောင် ဝေဠုကျော်ကို တရားစွဲဆိုခဲ့ရာမှ အစပြုပြီး ဝေဖန်မှုများစွာနဲ့ တိုက်ခိုက်မှုများ ခံနေရပြီး သူ့အနေနဲ့ ခြိမ်းခြောက်တိုင်းလည်း မကြောက်သလို မြှောက်တိုင်းလည်း မမြောက်ဘူးလို့ ပြောပါတယ်။ဇူလိုင်လ ၁၇ ရက်နေ့ ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့မှာ ပြုလုပ်ခဲ့တဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပြင်ဆင်ရေး လူထုထောက်ခံပွဲကို သွားရောက်ခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း သင်းသင်းဟာ ဝေဖန်ခံခဲ့ရတယ်လို့ သိရပါတယ်။ “အမှုနဲ့ သက်ဆိုင်မှု ရှိတာ၊ မရှိတာတော့ မသိဘူး။ လောလောဆယ်မှာ သင်းထက် ဖြစ်နေတဲ့ အမှုနဲ့တော့ မဆိုင်ဘူးလို့ ထင်ပါတယ်။ ကိုယ်က အမေစုကို ချစ်လို့ သွားလိုက်တယ်။ ဒါကို ဘယ်လိုကြောင့် တိုက်ခိုက်လဲပေါ့။ ဆိုးဆိုးရွားရွားကို ရေးထားတယ်။ ကိုယ်လည်း ဘာမှ မပြောခဲ့ပါဘူး။ သင်းထက်က ခြိမ်းခြောက်တိုင်းလည်း မကြောက်တတ်ဘူးရှင့်။ မြှောက်တိုင်းလည်း မမြောက်ဘူး။ ကိုယ့်ဦးနှောက်နဲ့ ကိုယ်လုပ်တာပါ”...

ဖေဖေ့မြင့်မြတ် ရှုတင်လိုက်မလို့ စတိုင်အမိုက်စားပြင်ဆင်ထားတဲ့ သားသားမြတ်သူ

ပရိသတ်ကြီးရေ အောင်မြင်ကျော်ကြားလူကြိုက်များနေတဲ့ အကယ်ဒမီမင်းသားချော မြင့်မြတ်ကတော့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေကို ရရှိထားတာဖြစ်ပါတယ်။မြင့်မြတ်ကတော့ ကျရာဇာတ်ရုပ်တိုင်းကိုပီပြင်အောင်သရုပ်ဆောင်ပြီး သဘာဝကျတယ်လို့ ပရိသတ်တွေကချီးကျူးနေကြတာဖြစ်ပါတယ်။မြင့်မြတ်ကတော့ အခုချိန်မှာဆိုရင် ပျော်ရွှင်စရာမိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်နော်။ မြင့်မြတ်ကတော့ အရမ်းချစ်စရာကောင်းတဲ့သားလေးကို မြတ်သူလို့နာမည်ပေးထားပြီး ပရိသတ်တွေကတော့ ဂျင်းကောင်လေး ဂျူနီယာမြင့်မြတ်လေးဆိုပြီး ချစ်စနိုးလေးနဲ့ခေါ်ဝေါ်ကြပါတယ်နော်။မြတ်သူလေးကလည်း အရမ်းချစ်စရာကောင်းပြီး တီတီတာတာလေးနဲ့မပီကလာပီကလာလေးပြောတတ်လို့ ဖေဖေမြင့်မြတ်က ချစ်မဝဖြစ်နေရတာဖြစ်ပြီး သားလေးအတွက်အတတ်နိုင်ဆုံး အချိန်အများကြီးပေးဖြစ်ပါတယ်။ ဖေဖေမြင့်မြတ်ကတော့ သားလေးနဲ့အတူရှိချိန်တွေဆို လက်ပေါ်ကမချနိုင်လောက်အောင် ရင်ခွင်ထဲပိုက်ပြီး အရမ်းချစ်နေတာပါနော်။သားလေးမြတ်သူကလည်း မေမေ့ရဲ့အလှအပတွေရယ် ဖေဖေ့ရဲ့ယောက်ျားပီသတာတွေရယ် နှစ်မျိုးလုံးကိုရထားတာကြောင့် ကြီးလာရင် အရမ်းချောမယ့် ကလေးလေးပါနော်။အခုဆိုရင်တော့ မြတ်သူလေးက ဖေဖေနဲ့ ရှုတင်လိုက်ချင်လို့ စတိုင်လ်အမိုက်စားပြင်ဆင်ထားပြီး အရမ်းလန်းနေတဲ့ပုံရိက်လေးကို ပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါရစေနော်။

မဟုတ်မမှန် စွပ်စွဲပြောဆိုနေသူတွေကို တရားစွဲမယ်ဆိုတဲ့ နေခြည်ဦး

နေခြည်ဦးဟာ သူမအပေါ် မဟုတ်မမှန် စွပ်စွဲပြောဆိုနေမယ်ဆိုရင် တရားစွဲမယ်လို့ဆိုပါတယ်။ သတင်းဖြန့်နေတဲ့အပေါ်မှာလည်း သည်းခံနေမယ့်လူမဟုတ်ဘူးလို့လည်းသူက ပြောပါတယ်။ နေခြည်ဦးဟာ သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာတင်ခဲ့တဲ့ စာတစ်ကြောင်းကြောင့် မျက်နှာပူစရာတွေ ဖြစ်ခဲ့ရပြီလို့ဆိုပါတယ်။ ဒီစာကြောင့် မဟုတ်မမှန်စွပ်စွဲပြောဆိုသူတွေကိုလည်း တရားစွဲဆိုသွားမယ်လို့ ဆိုပါတယ်။ ‘’အသေရေ ဖျက်မှု ၆၆(ဃ) နဲ့ တရားစွဲမှာပါ။ အရင် ဂယက်တွေမှာ ထင်မြင်ချက်တွေပေးပြီး ဆဲကြဆိုကြတာကို မုန်းလို့ကြည့်မရလို့ ပြောချင်လို့ကို ပြောတာဘဲ လို့တွေးလိုက်လို့ရတယ်။ အခုကိစ္စတော်တော် လွန်ပါတယ်။နာမည်နဲ့ပါတပ်ပြီး ကိုယ်မပြောဘဲနဲ့ စွပ်စွဲတာက ဥပဒေနဲ့ ငြိစွန်းပါတယ်။ ဒါထားလိုက်ပါ လုပ်ရမယ့် ကိစ္စမဟုတ်ပါဘူး’’ဆိုပြီးတော့ ဇူလိုင်လ ၁၉ရက်နေ့မနက် ၁၂ နာရီ ၃၆ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ နေခြည်ဦးဟာ ‘’တစ်ကိုယ်လုံး fake တွေကြီးဘဲ ဘာ talent မှရှိတာမဟုတ်ဘူး ပြောတဲ့ အမကြီးက အခုတော့ ဆံပင်တုတွေနဲ့ပါလား’’...

ဘားအံ အာဇာနည်နေ့ အခမ်းအနား လူဦးရေ ၁ သောင်းခန့် လွမ်းသူပန်းခွေချ

ဒီနေ့ ကျရောက်တဲ့ ၇၂ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ကရင်ပြည်နယ် ဘားအံမြို့ အမှတ် ၃ ရပ်ကွက်၊ အာဇာနည်ကျောက်တိုင်ကွင်းမှာပြုလုပ်ခဲ့ပြီး လူဦးရေ ၁ သောင်းလောက် လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့ကြပါတယ်။ ၇၂ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲဝင် ၀န်ကြီးတွေ၊ ဌာနဆိုင်ရာတွေ၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းတွေ၊ ၈၈ မျိုးဆက် ငြိမ်း/ပွင့်အဖွဲ့ဝင်တွေ၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေနဲ့ ကျောင်းသားသမဂ္ဂ၊ အခြေခံပညာကျောင်းသား ကျောင်းသူတွေနဲ့ ဒေသခံပြည်သူတွေက အာဇာနည်ဗိမာန်မှာ လွမ်းသူပန်းခွေချ အလေးပြုခဲ့ကြတာပါ။ ကရင်ပြည်နယ် စီမံကိန်း၊ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က “နောင်လာနောင်သားတွေ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်းခေါင်းဆောင်ကြီးတွေကို မမေ့ပျောက်အောင် ဘာလုပ်ရမလဲဆိုတော့ ဗိုလ်ချုပ်လမ်းညွှန်မှာကြားတဲ့ လမ်းညွှန်ချက်တွေအတိုင်း တိုင်းပြည်ကောင်းအောင် စိတ်ရင်းစေတနာနဲ့ ဆောင်ရွက်ပေးကြဖို့” လို့ တိုက်တွန်း ပြောဆိုပါတယ်။ ကျဆုံးသွားတဲ့ အာဇာနည်ခေါင်းဆောင် မန်းဘခိုင်ရဲ့မြေး ဘားအံမြို့နယ်၊ ဘီဂျီကျေးရွာနေ...