Wisdom Hill ကျောင်းမှာ တိုက်ကွမ်ဒိုနည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးဇော်မင်းထွန်းရေးတဲ့စာ

ကျွန်တော်ပြောချင်ပါတယ် ဆရာဦးပညာ မပြောသင့်ဘူးလို့ထင်ပြီးနေခဲ့တာ အခုတော့ ဆရာနဲ့ အတူ တခြား ဆရာ/ဆရာမတွေ ကျောင်းသိက္ခာတွေ လုံးပါးပါးတော့မယ် WISDOM HILLဆိုတာ ဒီကိစ္စမတိုင်ခင်က အရမ်းအောင်မြင်ခဲ့တဲ့ကျောင်းပါ ။WISDOM HILLမှာ တိုက်ကွမ်ဒိုနည်းပြအဖြစ် ဧပြီလကုန်ထိ သင်ကြားပေးခဲ့ပါတယ်။ဆရာကိုယ်တိုင် ကျွန်တော့် ကိုနည်းပြအဖြစ် ယုံကြည်စွာ တာဝန်ပေးအပ်ခဲ့လို့ ကျောင်း သိက္ခာနဲ့ ဆရာတို့ရဲ့ သိက္ခ္ဒာအတွက် ကျွန်တော်ဝင်ပြောမှဖြစ်မယ်ထင်တယ်။ နေ့လည်က ဆရာ့ အင်တာဗျူး ကြည့်လိုက်ရတယ် ။ကားသမားအောင်ကြီးမဖြစ်နိုင်ဘူးဆို တာ ကျွန်တော် သိလိုက်တယ်။ တကယ့်တရားခံအစစ်ကို ဆရာဖြေဖို့ခက်ခဲနေတယ်ဆိုတာ ရိပ်မိလိုက်တယ်။တရားခံအစစ်မိသားစုနဲ့ ဆရာတို့ အချိန်ကုန်ငွေကုန် လူပင်ပန်းခံတည်ဆောက်ထားတဲ့ ကျောင်းနဲ့ မိသားစုများစွာအတွက် အလုပ်လုပ်နေတဲ့ ဆရာ/ဆရာမတွေ သိက္ခာ ကျောင်းကိုယုံကြည်စွာအပ်နှံထားတဲ့ ကလေးမိဘတွေရဲ့ သိက္ခာ ကိုငဲ့ညှာသောအားဖြင့် တရားခံအစစ်ကိုဖော်ထုတ်ပေးပါ ကျေးဇူးပြု၍။ တကယ်ဆို မူကြိုကျောင်းအုပ်ကိုအစစအရာရာ တာဝန်အပြည့်ယူခိုင်းပါ ဆရာဦးပညာတို့ဘက်က အမှန်တရားအတွက် ဖြေဖို့မခက်ခဲပါနဲ့လို့ အကြံပေးပါရစေ...

ဦးသောဝိဏအဖြစ် သာသနာ့ဘောင်ကို ဝင်ရောက်သွားတဲ့ အဆိုတော် ဟိန်းမင်းသူ

ဟိန်းမင်းသူကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အားပေးမှုကို အခိုင်အမာ အပြည့်အ၀ရရှိထားတဲ့ အဆိုတော် တစ်ဦးပဲဖြစ်ပါတယ်။ ယောက်ျားပီသတဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ ဆွဲဆောင်မှုရှိတဲပမျက်နှာလေးကိုပိုင်ဆိုင်ထားတာကြောင့် ယောက်ျားလေးပရိသတ်တွေရဲ့ အားကျမှုကို ရရှိထားတဲ့ သူဆိုရင်လည်းမမှားပါဘူးနော်။ နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ်အားပေးမှုကိုရရှိတာကြောင့် ယောက်ျားလေးပရိသတ်တွေရဲ့ Trollခြင်း၊စနောက်ခြင်းကို ခံနေရတဲ့ အောင်မြင်တဲ့အမျိုးသားအနုပညာရှင်တွေထဲမှာလည်း ဟိန်းမင်းသူက တစ်ယောက်အပါအ၀င်ဖြစ်နေပါတယ်။ဟိန်မင်းသူရဲ့ “တိုးတိုးတိတ်တိတ်”သီချင်းဟာဆိုရင်လည်း ထွက်ရှိလာချိန်မှာ လူငယ်တွေရဲ့ ပါးစပ်ဖျားမှာ စွဲနေအောင် ရေဗန်းစားပြီးအောင်မြင်ခဲ့တာလည်းအမှန်ပါ။ လတ်တလောမှာတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲဖြစ်တဲ့ အဆိုတော်ဟိန်းမင်းသူက “ဦးသောဝိဏ” အဖြစ်နဲ့ သာသနာ့ဘောင်ကို ခဏတာဝင်ရောက်သွားတာပဲဖြစ်ပါတယ်။သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “လူနတ်ဗြဟ္မာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေ”ဆိုပြီး ရဟန်းဝတ်နဲ့ ရွှေတိဂုံဘုရားသွားရောက်ဖူးမြော်နေတဲ့ ပုံတွေကိုဖော်ပြထားတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးရေ သာသနာ့ဘောင်ကို ဝင်ရောက်နေတဲ့ ဟိန်းမင်းသူအတွက် သာဓုခေါ်သွားပေးပါဦးနော်.. Source : Hein Min Thu

WISDOM HILL မူကြိုကျောင်းအမှုရဲ့အဓိကသက်သေ ဆရာမနှင်းနု ပျောက်ဆုံးနေ

Wisdom Hill ကလေးမူကြိုကျောင်းမှာ ဖြစ်ခဲ့တဲ့ သက်ငယ်မုဒိန်းမှုရဲ့ အဓိက မျက်မြင်သက်သေဟု ယူဆဏသော ဆရာမလေး နှင်းနု ပျောက်ဆုံးနေတယ်လို့ tomorrow သတင်းဂျာနယ်မှာ ဖော်ပြထားပါတယ်။ လတ်တလောဖြစ်ပွားနေတဲ့အမှုမှာ အဓိကသက်သေဖြစ်နေတဲ့ နှင်းနုဆိုတဲ့ ဆရာမနဲ့ ဂျူလိုင်လ ၆ ရက်နေ့က ဘီဘီစီ သတင်းဌာနနဲ့ တိုက်ရိုက် အင်တာဗျူးထုတ်လွှင့်အပြီးမှာ ပျောက်ဆုံးသွားတာလို့ ဆိုပါတယ်။၆ ရက်နေ့မှာ တိုက်ရိုက်အင်တာဗျူး ရတယ်ဆိုတာ သိရတာနဲ့ ကျနော်တို့ သတင်းမီဒီယာတွေ အင်တာဗျူးဖို့ သွားရောက် စောင့်ဆိုင်းခဲ့ကြတာပါ။နေ့လည် ၁၂နာရီကနေ ညနေ ၃နာရီအထိ Wisdom Hill ကျောင်းရဲ့ ဝင်ပေါက်ကနေ စောင့်ဆိုင်းခဲ့ပါတယ်။ ဒါပေမယ့် တွေ့ခွင့်မရသလို အရိပ်အယောင်မျှ မတွေ့ခဲ့တာကြောင့် ဆရာမ နှင်းနုအိမ်ကို ၇ ရက်နေ့မှာ သွားရောက် ကြပါတယ်။အိမ်မှာလည်း မတွေ့ခဲ့ရပါဘူး ကျောင်းမှာလည်း မတွေ့ခဲ့ရပါဘူး။ဒါကြောင့် ဆရာမလေး ပျောက်ဆုံးနေသလားဆိုတာ သံသယ...

ဆရာမ နှင်းနုကို ကျွန်တော်တို့ မေးပါတယ်ဆိုတဲ့ ဒုရဲချုပ် အောင်နိုင်သူ

နေပြည်တော် မူကြိုကျောင်းမှ ၂ နှစ် ၁၁လအရွယ် သမီးငယ်လေး လိင်အကြမ်းဖက်ခံရမှုနဲ့ ပက်သတ်ပြီး တရားခံကို ဖမ်းဆီးရရှိပြီလို့ ခရိုင်တရားရုံးပြန်ကြားရေးအရာရှိမှ ဇူလိုင်လ(၄) ရက်နေ့မှ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ တရားခံလို့ဆိုသူဟာ မူကြိုကျောင်းမှ ယာဉ်မောင်း အောင်ကျော်မျိုး(ခ)အောင်ကြီး ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ထိုထုတ်ပြန်ချက်အပေါ် ပြည်သူတစ်ရပ်လုံးက ကျေနပ်မှုမရှိခဲ့ပါဘူး။ ဆရာမနှင်းနုသိတယ်ဆိုတာနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက “မပြောတာကို ပြောအောင်လုပ်လို့ဖြစ်တယ်ဆိုတာ ကျွန်တော်တို့မှာ အင်မတန်ခက်ပါတယ်။ ကျွန်တော်တို့မှာ သက်မဲ့အထောက်အထားတွေရှိတယ်။ အဲ့တော့ ကလေး ကပြောထားတဲ့ အချက်သည် ကိုကို၊ ကိုကိုလို့ ပြောတယ်။ ဒီကလေးက ကိုကို၊ ကိုကိုလို့ ဘာလို့ခေါ်သလဲ၊ ကျွန်တော်တို့က ဒီကလေးရဲ့ သဘောသဘာဝကိုလည်း သူ့အတန်းထဲမှာ ရွယ်တူတွေအားလုံးကို Friend လို့ပဲ ခေါ်တယ်။ သူက သူ့အဖေအရွယ်တွေလောက်ကိုပဲ ကိုကိုလို့ ခေါ်ပါတယ်။ ဒါတွေကလည်း သူ့ရဲ့ ထူးခြားချက်ပဲဖြစ်ပါတယ်။...

အကြွေးတောင်းပြီးပြန်လာသည့် ၈၃ နှစ်အရွယ် အဖွားအိုအား အသက် ၂၀ အရွယ် အမျိုးသားက အဓမ္မပြုကျင့်

အကြွေးတောင်းပြီး ပြန်လာသည့် ၈၃ နှစ်အရွယ် အဖွားအိုအား ၂၀ နှစ် အရွယ်အမျိုးသားက အဓမ္မပြုကျင့်ခဲ့မှု ခင်ဦးမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ကြို့ကန်ကျေးရွာနေ ဒေါ် ——- (၈၃) နှစ်သည် ဇူလိုင်လ ၅ ရက်၊ နံနက် ၈ နာရီခန့်က တစ်မိုင်ခန့်ကွာဝေးသော ကျွန်းပင်ကန်ကျေးရွာသို့ အကြွေးသွားတောင်းပြီး ပြန်လာစဉ် မိုးဒီ (၂၀)နှစ်က အဓမ္မပြု ကျင့်ခဲ့ကြောင်း ခင်ဦးမြို့မရဲစခန်းမှ သိရသည်။ “အဖွားကြီးက ကျွန်းပင်ကန်ကျေးရွာမှာ မနက်အစောကြီး အကြွေးတောင်းသွားခဲ့တယ်။ အဲဒီကနေ ပြန်အလာမှာ ကောင်လေး က နောက်ကနေ ပါလာပြီး ကုန်းကြားအရောက်မှာ တွန်းလှဲပြီး အဓမ္မပြုကျင့်တယ်လို့ ပြောတာပဲ။ ကောင်လေးက စကားမပြော တတ်တော့ အခုထိ ဟုတ်တိပတ်တိမေးလို့ မရသေးဘူး။ ပြီးတော့ သူက ဒီကိစ္စကို ဝန်မခံဘူး။ဒါပေမဲ့ အခင်းဖြစ်စဉ်နေရာမှာ...

တရားခံအဖြစ်စွပ်စွဲခံနေရတဲ့ ကားဆရာကိုအောင်ကျော်မျိုး(ခ)အောင်ကြီးထွက်ဆိုချက်

“အမှန်တရားဘက်ကို ရပ်တည်ပေးကြပါလို့ ကျွန်တော် တောင်းဆိုချင်ပါတယ်” ဗစ်တိုးရီးယားအမှုတွင် ပြစ်မှုကျူးလွန်သည်ဟုဆိုဖမ်းဆီးတရားစွဲခံထားရသော ကိုအောင်ကျော်မျိုး(ခ)အောင်ကြီးကို မိသားစုဝင်များက ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် အချုပ်ထောင်တွင် သွားရောက်တွေ့ဆုံခွင့် ရရှိခဲ့သည်။ တွေ့ဆုံခွင့်ရခဲ့သောမိသားစုဝင်တစ်ဦး၏ပြန်လည်ပြောကြားချက်များကို အခြေခံ၍တွေ့ဆုံမေးမြန်မှုအဖြစ် ဖော်ပြခြင်းဖြစ်ပါသည်။ AKH   ကျောင်းမှာ အလုပ်လုပ်တာ ဘယ်နှစ်ရက်ရှိပြီလဲ။ အလုပ်စဆင်းတဲ့နေ့မှာ အဲ့လိုစဖြစ်တာပဲ။ ကျွန်တော် ဒီကလေးလေးကို မြင်တောင်မမြင်ဖူးဘူး။ အဲဒီနေ့ ဖြစ်တယ်ဆိုတဲ့နေ့က ကျောင်းထဲ ဘာကိစ္စနဲ့ ရောက်တာလဲ။ ကျွန်တော်က ဆရာမကြီးခေါ်လို့ ဝင်တယ်။ အခွေပေးတယ်၊ ကျွန်တော်မောင်းတဲ့ ကားကမလာသေးလို့၊ ဆရာမကြီး (ဒေါ်ဥမ္မာလှိုင်) ထိုင်ခိုင်းလို့ ကျွန်တော်ထိုင်နေတာပါ။ ထိုင်စောင့်ခိုင်းလို့ စောင့်နေတာ။ ကျွန်တော်ထိုင်စောင့်နေတာကို ဆရာမတွေ မြင်တယ်။ ကျွန်တော်ပြန်ထွက်တော့လည်း ဆရာမတွေမြင်တယ်။ကျွန်တော်ကို ၂၄ ရက်နေ့အထိ ခေါ်ချုပ်ထားပြီး စိတ်ကြိုက်စစ်ဆေးပြီးသွားပြီ၊ ဆေးစာအရ DNA တွေ ဆရာဝန်တွေရဲ့ဆေးစာတွေ ယူလာပြီး အောင်တယ် အပြစ်မရှိဘူးလို့ဆိုပြီး ပြန်လွတ်ပေးတယ်။...

ယူနက်စကိုမှ ပုဂံကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သက်မှတ်လိုက်လို့ ဝမ်းသာနေတဲ့ မအေးသောင်း

ဒီကနေ့ ဇူလိုင်လ(၆)ရက်နေ့ အဇာဘိုင်ဂျန် ဘာကုမြို့တော်မှာ (၄၃)ကြိမ်မြောက် ယူနက်စကို အစည်းအဝေးကြီးကို ကျင်းပပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ ထိုယူနက်စကိုအစည်းအဝေးပွဲကြီးကတဆင့် မြန်မာတွေအတွက် ဝမ်းသာစရာ သတင်းစကားကြီးကို သယ်ဆောင်လာပါပြီ။ အဲ့ဒါကတော့ မြန်မာနိုင်ငံမှ ပုဂံဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သက်မှတ်လိုက်တာပဲ ဖြစ်ပါတယ်။ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် အေးဝတ်ရည်သောင်းကလည်း ယူနက်စကို အစည်းအဝေးပွဲကြီးကို တက်ရောက်နေတာပဲ ဖြစ်ပါတယ်။ ပုဂံကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သက်မှတ်လိုက်တဲာ့ သတင်းစကားကြောင့် မအေးသောင်းတစ်ယောက် တော်တော်လေး ဝမ်းသာနေတာကို တွေ့ရပါတယ်။ ပုဂံကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သက်မှတ်လိုက်ခြင်းကြောင့် စစ်မဲ့ဇုန်အဖြစ် သတ်မှတ်ခြင်း၊ ကမ္ဘာလှည့်ခရီးသွား ပိုမိုဝင်ရောက်လာနိုင်ခြင်း၊ ထောက်ပံ့ငွေ ရရှိခြင်း၊ ကမ္ဘာအနှံ့က ပညာရှင်တွေဆီကနေ နည်းပညာတွေ ရရှိနိုင်ခြင်း၊ ဥပဒေမဲ့လုပ်ရပ်တွေ စည်းကမ်းမဲ့ပြုလုပ်တာတွေ သိသိသာသာ လျော့ကျသွားနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိမှာပဲ ဖြစ်ပါတယ်။ (၁၉၉၇) ခုနှစ်က ကျင်းပခဲ့တဲ့ (၂၁) ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီအစည်းအဝေးက...

မိဘတွေကို ကိုယ်တိုင်လေယာဉ်မောင်းပြီး အိမ်ပြန်ပို့ခွင့်ရခဲ့တဲ့ လူငယ်လေး

လေယာဉ်မှုးလူငယ်လေးတစ်ယောက်ဟာ မိဘတွေရဲ့ အပန်းဖြေခရီးစဉ်ကို ကိုယ်တိုင်လေယာဉ်မောင်းပို့ပြီး ပျော်ရွှင်စွာပြီးဆုံးစေခဲ့ပါတယ်။ ရာဖာအယ်လျောင်းအမည်ရတဲ့ ၄င်းလူငယ်လေးဟာ Jetstar လေယာဉ်လိုင်းမှာ လေယာဉ်မှုးအဖြစ် အလုပ်လုပ်လာတာ တစ်နှစ်ပဲ ရှိပါသေးတယ်။ သူဟာ ဟိုချီမင်းမြို့ကနေ စင်္ကာပူနိုင်ငံကို ပျံသန်းလာတဲ့ ခရီးစဉ်မှာ လေယာဉ်မှုးအဖြစ် တာဝန်ယူမောင်းနှင်လာခဲ့တာပါ။ ရာဖာအယ်ရဲ့ မိဘတွေက သားဖြစ်သူမောင်းနှင်တဲ့ လေယာဉ်ကို တစ်ခါမှ စီးနင်းလိုက်ပါဖူးခြင်း မရှိပါဘူး။ ဒါကြောင့် ရာဖာအယ်က မိဘတွေကို အံ့သြသွားစေချင်တာကြောင့် မိဘတွေရဲ့ ဗီယက်နမ်သွားအပန်းဖြေခရီးစဉ်အပြီး စင်္ကာပူနိုင်ငံဆီ ပြန်လာမယ့်ခရီးစဉ်မှာ လေယာဉ်မှုးအဖြစ် လိုက်ပါမောင်းနှင်ခဲ့တာ ဖြစ်ပါတယ်။ လေယာဉ်က ဂိတ်ကနေ ထွက်ခွာပြီးတာနဲ့ လေယာဉ်မှုးရာဖာအယ်ဟာ မိုက်ကရိုဖုန်းကိုယူပြီး ခရီးသည်တွေကို မိတ်ဆက်စကားပြောပါတယ်။ ပြီးတဲ့နောက် အခုပျံသန်းမယ့် ခရီးစဉ်ဟာ မိဘတွေနဲ့အတူပျံသန်းတဲ့ ပထမဆုံးခရီးစဉ်ဖြစ်တဲ့အတွက် သူ့အနေနဲ့ များစွာ ဂုဏ်ယူမိကြောင်း ပြောပြခဲ့ပါတယ်။ ဒါ့အပြင် ရာဖာအယ်က မိဘတွေကို အခုလို ပြန်ပို့ဖို့အတွက် သူဟာ...

Victoria မေမေမျက်ရည်ကျပြီးပြောပြတဲ့ သမီးလေးနဲ့ပက်သက်ခံတဲ့စားချက်တွေကြားသိရပြီး မျက်ရည်ကျတဲ့အထိခံစားခဲ့ရတဲ့ချစ်သုဝေ

ခေတ်၊သစ်တို့ရဲ့ မေမေချစ်သုဝေကတော့ ချစ်စရာကောင်းလွန်းလှတဲ့ သူမရဲ့အပြုအမူလေးတွေကြောင့် ပရိသတ်တိုင်းကချစ်နေရတာပါ။ ကလေးအမေလို့ထင်မှတ်စရာမရှိရလောက်အောင် နုပျိုလွန်းသူလေးလည်းဖြစ်ပါတယ်။ သရုပ်ဆောင်တဲ့နေရာမှာလည်း ပီပြင်ကျွမ်းကျင်ရုံမကပဲ အဆိုဘက်မှာလည်း ပါရမီရှိသူတစ်ဦးလည်း ဖြစ်ပါတယ်။ သူမဟာ လတ်တလောမှာဖြစ်နေတဲ့ နေပြည်တော်က ဗစ်တိုးရီးယားလေးရဲ့အမှုကိစ္စအတွက်စိတ်မကောင်းကြီးစွာဖြစ်နေရတာပါ။ သမီးလေးနဲ့ပက်သက်ပြီးတော့လည်း သူမတို့ဇနီးမောင်နှံနှစ်ယောက်လုံးဟာ တက်တက်ကြွကြွပါဝင်ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။ ဒီအမှုနဲ့ပက်သက်ပြီးတော့လည်း ထွက်ရှိသမျှသတင်းတွေကိုလည်းအချိန်နဲ့တစ်ပြေးညီဝေမျှပေးနေတာပါ။ လွန်ခဲ့တဲ့ မိနစ်ပိုင်းကလည်း ဒီအမှုကိစ္စနဲ့ပက်သက်ပြီး သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာအခုလိုရေးသားခဲ့တာပဲ ဖြစ်ပါတယ်။ ” Victoria အမှုဟာ တစ်နိုင်ငံလုံးကသားသမီးရှိတဲ့မိသားစုတွေနဲ့ဆက်ဆိုင်တဲ့အမှုပါ..” နေပြည်တော်ကပြန်လာပြီးကတည်းကစိတ်ကအင်မတန်မှ ငြိုးနွမ်းနေတယ်.. သမီးလေးမေမေရဲ့ မျက်ရည်နဲ့ပြောတဲ့ သမီးလေးအပေါ်ထားတဲ့သူ့ရဲ့မေတ္တာတွေ,ယူကျုံးမရမှုတွေ,ကြောက်ရွံ့သိမ်ငယ်ရမှုတွေက နားထဲပဲ့တင်နေရောပဲ..နဂိုကစိတ်နုတဲ့ကိုယ့်မှာ ခေါင်းထဲမရောက်ချင်ပဲရောက်လာတိုင်း မျက်ရည်တွေကျရတယ်.. ကိုယ်သမီးလေးတွေအတွက်လည်း ဒီမြေဒီရေ ဒီဥပဒေအောက်မှာ ကြီးပြင်းလာရမှာတွေးရင်းရင်တွေပူ ဗလောင်ဆူ ,,မဖြစ်သေးတာတွေကြိုတွေးပူ..,, အလုပ်တွေဆက်တိုက်လုပ်ဖို့ရှိသေးတော့ အလုပ်ကိုစိတ်ထဲနှစ်ထားရမယ် နို့မို့ဆိုအားတာနဲ့ တွေးမိပြီးရင်ထဲစို့နေရာ.. အလုပ်နဲ့ပတ်သက်တဲ့ကြော်ငြာpostလေးတွေရယ် အလှပုံတွေရယ် ဒီချိန် မတင်ရက်ဘူး မတင်ချင်ဘူး..(လလယ်လောက်မှပုံမှန်ပြန်တင်ပေးပါ့မယ်နော်) ” ဆိုပြီးရေးသားထားတာပါ။ Source- Chit Thu Wai

သားဖြစ်သူရဲ့ကွာရှင်းမှုက သူကိုယ်တိုင်နဲ့ ကာယကံရှင် Song Joong Ki ရဲ့အပြစ်တွေသာဖြစ်တယ်လို့ ဆိုလိုက်တဲ့ Song Joong Ki ရဲ့ဖခင်

Song Joong Ki ရဲ့ဖခင်ဖြစ်သူ Song Yong Gak ဟာ သားဖြစ်သူ Song Joong Ki နဲ့ ချွေးမဖြစ်သူ Song Hye Kyo တို့ရဲ့ ကွာရှင်းတဲ့သတင်းထွက်ပေါ်ပြီး ၈ ရက်အကြာမှာတော့ သူ့ရဲ့အသိမိတ်ဆွေတွေထံကို စာတစ်စောင်ပေးပို့ပြီး ထွက်ပေါ်နေတဲ့ ကောလဟာလတွေနဲ့ ပတ်သတ်လို့ ဖြေရှင်းချက်ထုတ်ပေးလိုက်ပါတယ်။ ပေးပို့လိုက်တဲ့ စာထဲမှာတော့ သားဖြစ်သူရဲ့ ကွာရှင်းမှုအတွက် တောင်းပန်ကြောင်းနဲ့ ဒီကွာရှင်းမှုဟာ သူနဲ့ သူ့သားဖြစ်သူတို့ရဲ့ လိုအပ်ချက်တွေကြောင့်သာဖြစ်တယ်လို့ဆိုကာ သားဖြစ်သူကိုသာမက သူ့ကိုယ်သူလည်း အပြင်တင်ထားတာ ဖြစ်ပါတယ်။ “ရုတ်တရက်ထွက်ပေါ်လာတဲ့ သတင်းဆိုးနဲ့ ပတ်သတ်ပြီး ကျွန်တော် တောင်းပန်ပါတယ်။ ဒါတွေအားလုံးက ကျွန်တော်နဲ့ Joong Ki ရဲ့ လိုအပ်ချက်တွေကြောင့်ပါပဲ။ အရာအားလုံးကို မှန်မှန်ကန်ကန်နဲ့ပဲ အဆုံးသတ်ပေးသွားမှာပါ။ ဒီလိုမျိုး ပြီးဆုံးဖို့အတွက် သတ္တိတွေ၊ လမ်းညွှန်မှုတွေပေးပြီး ကျွန်တော်တို့ကို စောင့်ကြည့်နေပေးပါ။...