မော်လမြိုင်-ရန်ကုန် လမ်းပေါ် Express ကား ခဲထုခံရ

မော်လမြိုင်-ရန်ကုန် လမ်း၊ ပေါင်မြို့နယ် ကျုံကကျေးရွာက ကျုံက ဘုန်းကြီးကျောင်းနားမှာ ရမ်းကားသူ​တွေက Express ကားတွေကို လေးခွနဲ့ပစ်နေတယ်​လို့ သိရှိရပြီးရန်ကုန် မှ မော်လမြိုင်သို့ ညနေက ထွက်လာတဲ့ ရိုးရိုးလေး Express ကားတစ်စီးတော့ လက်ရှိ ခဲထိမှန်ထားပါတယ်။ ခဲထိမှန်​တဲ့အချိန်​က​ ဒီ​နေ့ ဇူလိုင်​ ၂၁ ရက်​​နေ့ ည ၈ နာရီ မိနစ်​ ၄၀ ဝန်းကျင်​လို့သိရပြီး အဆင်​အခြင်​မဲ့ ရှက်​ရွံ့ဖွယ်​လုပ်​ရပ်​အ​နေနဲ့ ပြည်​သူအများနဲ့အတူ ရှုံ့ချ​ပေးဖို့ တိုက်​တွန်း​ပေးလိုက်​ရပါတယ်​။အေး​အေးလူလူ သွားလာ​နေတဲ့ ခရီးသည်​​တွေကို ခရီး​နှောင့်​​နှေးကြန့်​ကြာပြီး စိတ်​အ​နှောင့်​အယှက်​ဖြစ်​​စေတဲ့အပြင်​ အများပြည်​သူ စိတ်ချလက်ချ ​​ခရီးသွားလာဖို့ အားကိုး​အသုံးပြု​နေရတဲ့ ခရီးသည်​တင်​ယာဉ်​ Express ကား​တွေကိုပါ အထိအခိုက်​ အပျက်​အစီးဖြစ်​​စေတာမို့ ရှက်​ရွံ့ဖွယ်​ရာလုပ်​ရပ်​အဖြစ်​ တင်​ပြ​ပေးလိုက်​ရခြင်းပါ။ Express ကားပေါ်မှာ ခရီးသွားပြည်​သူ​တွေရဲ့ အသက်​ပေါင်းများစွာပါဝင်​လာတာပဲ ဖြစ်​သလို တစ်​ခုခုများ ဖြစ်လာရင် အပြစ်​မဲ့သူ ပြည်သူ​လူအများ...

သူနဲ့ဖုန်းပြောပြီး နာရီပိုင်းအတွင်း ဆုံးပါးသွားတဲ့ သူငယ်ချင်းအတွက် ဖြေမဆယ်နိုင်ဖြစ်နေရှာတဲ့ ဝေဠုကျော်

ရုပ်ရှင်ဇာတ်ကား ပေါင်းများစွာ အတူတူရိုက်ကူးခဲ့ကြတဲ့ ဝေဠုကျော်နဲ့ အောင်ဇော်တို့ဟာ အရမ်းခင်ကြတဲ့ သူငယ်ချင်းတွေဖြစ်ပြီး မဆုံဖြစ်ကြတာ နှစ်နဲ့ ချီနြေ့ပီလို့ သိရပါတယ်။ သူတို့တွေက လူကြီးမတွေ့ရပေမယ့် ဖုန်းအဆက်အသွယ်ကတော့ ရှိကြတယ်ဆိုတဲ့ အကြောင်းကို ဝေဠုကျော်ကပြောပြလာပါတယ်။ ဝေဠုကျော်နဲ့ အောင်ဇော်တို့ဟာ ယနေ့ ဇူလိုင်လ ညပိုင်း ၇နာရီဝန်းကျင်က ဖုန်းပြောဖြစ်ခဲ့ကြပြီး ၉နာရီ ၄၅မိနစ်လောက်မှာတော့ ကိုအောင်ဇော်ဆုံးပြီဆိုတဲ့ သတင်းကို ကြားခဲ့ရတာဖြစ်လို့ သူ့အနေနဲ့ ဘယ်လိုမှကိုမယုံနိုင်သေးဘူးလို့ ဆိုပြီး စာတစ်ချို့ ရေးသားလာပါတယ်။ ဝေဠုကျော် ရေးသားခဲ့တာကတော့ “ သူငယ်ချင်း အောင်ဇော် မင်းငါ့ကို လှမ်း နှုတ်ဆက်သွားတာလားကွာ 😢 7 : 08 pm မှာ ငါ့ဆီကို မင်းဖုန်းဆက်တယ် ကားရိုက်ရှိလို့ 23 ရန်ကုန်လာမလို့တဲ့ အေး ငါကမနက်ဖြန် မန္တလေးလာမှာ စပိဘုတ် တစ်စီးပါဆွဲလာရမှာ လို့ပြော တော့...

ဇာတ်ပို့သရုပ်ဆောင် အောင်ဇော် ရုတ်တရက် ကွယ်လွန်

ပရိသတ်ကြီးရေ ရုပ်ရုပ်သရုပ်ဆောင် အောင်ဇော်ကတော့ နှလုံးရောဂါနဲ့ ရုတ်တရက် ကွယ်လွန်သွားတယ်လို့ကြားသိပါတယ်။ အောင်ဇော်ကတော့ ကျရာဇာတ်ရုပ်ကို ပိုင်နိုင်စွာ သရုပ်တောင်နိုင်တဲ့ ဇာတ်ပို့ တစ်ယောက်လဲဖြစ်ပါတယ်။ ဗီဒီယိုလောက ခေတ်ပျက်သွားတဲ့အတွက် ပရိသတ်တွေနဲ့ ဝေးကွာနေတာပဲဖြစ်ပါတယ်။ သရုပ်ဆောင် အောင်ဇော်ရုတ်တရက် ကွယ်လွန်သွားတဲ့အတွက် မိသားစုနဲ့ထပ်တူစိတ်မကောင်းဖြစ်ပါတယ်။ ကိုအောင်ဇော် ကောင်းရာမွန်ရာရောက်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ ပရိသတ်ကြီးလဲ သရုပ်ဆောင် အောင်ဇော်အတွက် ဝမ်းနည်းဆုတောင်းလေးတွေ ပြောခဲ့ကြပါဦး။ Source : Oasis Journal

အနုပညာလောကထဲရောက်ရှိခါစ နုပျိုငယ်ရွယ်စဉ်တုန်းက ပုံရိပ်လေးတွေကိုထုတ်ပြလိုက်တဲ့ အေးသောင်း

မအေးသောင်းကတော့ အရွယ်တင်နုပျိုလှပတဲ့ မင်းသမီးချောတစ်ဦးဖြစ်ပြီး ယနေ့တိုင်အောင် ပရိသတ်တွေရဲ့အသည်းကို ဖမ်းစားနိုင်သူလေး ဖြစ်ပါတယ်။ တစ်ခေတ်တစ်ချိန်ကတည်းက အရမ်းကို လူကြိုက်များအောင်မြင်ခဲ့တဲ့ မအေးသောင်းက အခုချိန်မှာလည်း နာမည်တစ်လုံးနဲ့ ကျော်ကြားနေဆဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အချစ်တော်လေး အေးသောင်းကတော့ ဇာတ်ရုပ်အမျိုးမျိုးကို ပီပြင်စွာသရုပ်ဆောင်နိုင်သူလေးပဲဖြစ်ပါတယ်။ မအေးသောင်းကတော့ တည်ငြိမ်ရင့်ကျက်တဲအလှတွေနဲ့ ယဉ်ယဉ်လေး လှသူလေး ဖြစ်ပါတယ်။ မြန်မာဆန်တဲ့အလှတွေနဲ့ ပရိသတ်တွေကို ဖမ်းစားတတ်တဲ့ မအေးသောင်းကိုတော့ အားလုံးက အပျိုကြီးမမလို့ ထင်မှတ်ထားကြတာ ဖြစ်ပါတယ်။ ယခုမှာတော့ အေးသောင်းဟာအနပညာအလုပ်တွေစလုပ်ခဲ့တဲ့ ငယ်ရွယ်စဉ် ဆယ်ကျော်သက်အရွယ်တုန်းက ချစ်စရာကောင်းတဲ့ငယ်ဘဝပုံရိပ်လေးတွေကိုထုတ်ပြလိုက်ရင်း သူမရဲ့ အသက်အမှန်ကိုပြောပြလိုက်ပါတယ်။အေးသောင်းကတော့ ” အယ်လယ် မွေးနေ့ Date ကလေးပါတယ်ဟ။ပထမဆုံး Fashion Image မျက်နှာဖုံးဓာတ်ပုံ ကိုအေးဇော်မိုး ရိုက်ထားတာလေး။ ကဲ ကိုယ့်အသက်ကို ငြင်းနေတဲ့ ဦးဦး ဒေါ်ဒေါ် ကိုကို မမ များရှင့်…… “ဆိုပြီးရေးသားထားခဲ့ပါတယ်။ source:အေးသောင်း

ယာဉ်ရပ်နားစခန်းတွင် ရပ်နားနေစဉ် ယာဉ်ပေါ်မှ ခရီးသည်တစ်ဦး၏ Laptop (၂) လုံး ခိုးယူခံရမှုဖြစ်ပွား

ဇူလိုင်လ (၂၁) ရက်နေ့  နံနက်(၀၉ ၀၀) နာရီချိန်တွင် ရန်ကုန်-နေပြည်တော်. Elite express ယာဉ် ဖြင့် လိုက်ပါလာသူ ဒေါက်တာ ဒေါ်သွယ်သွယ်ဝင်း(၆၁) နှစ် အကြံပေး ကျန်းမာရေး ဝန်ကြီးဌာန သည်. ၁၁၅ မိုင် ရပ်နားစခန်း feel စားသောက်ဆိုင်သို့  နေ့ လည် (၁၁၄၅) ချိန် ရောက်ရှိပြီး ယာဉ်ပေါ်မှ ဆင်းကာ နားနေပြီးနောက် ယာဉ်ပေါ် ပြန်တက်ချိန်တွင်. ပါရှိလာသည့် laptop(၂) လုံး ယာဉ်ပေါ်တွင် ပျောက်ဆုံးနေကြောင်း စစ်ဆေးတွေ့ ရှိရသဖြင့်. အမြန်လမ်းမကြီးရဲတပ်ဖွဲ့ . ဖြူးစခန်းသို့ လာရောက်ရ်ျ အမှုဖွင့်လှစ် တိုင်ကြားခဲ့သည်။ ဖြစ်စဉ်ကို သိလျင်သိခြင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ ဝင်များသည်. ယာဉ်ရပ်နားစခန်း အတွင်းရှိ ပြည်သူလူထု နှင့်ပူးပေါင်းရ်ျ သတင်းစုဆောင်းကာ တရားခံ...

ရွာထဲက သက်​ကြီးရွယ်​အို​တွေကို တစ်​အိမ်​တက်​ တစ်​အိမ်​ဆင်း လိုက်​လံကန်​​တော့ခဲ့တဲ့ ဖြူဖြူ​ထွေး

သူများထက်​ထူးတဲ့ ဟန်​ပန်​အမူအယာ​တွေ​ကြောင့်​ ပရိသတ်​​တွေကြားမှာ တစ်​ရှိန်​ထိုး နာမည်​ကြီးလာတဲ့ ဟာသသရုပ်ဆောင် မင်းသမီးချောလေး ဖြူဖြူထွေးက​တော့ အရမ်းကို ချစ်စရာကောင်းလွန်းခဲ့တာကြောင့် လူတိုင်းက ချစ်ခင်အားပေးနေခဲ့ကြရတဲ့ သူလေးတစ်ယောက်ပါ။ ဖြူဖြူထွေးကတော့ လတ်​တ​လောမှာ ရွာမှာရှိတဲ့ သက်​ကြီးရွယ်​အို​တွေကို တစ်​အိမ်​ဆင်း၊ တစ်​အိမ်​တက်​ လိုက်​ကန်​​တော့​နေတဲ့ သူမရဲ့ဗီဒီယို​လေးကို လူမှုကွန်​ယက်​မှာ ​ဝေမျှ​ပေးထားတာ ​တွေ့ရပါတယ်​။ ကြည်​နူးစရာ​ကောင်းတဲ့ ဖြူဖြူ​ထွေးရဲ့အလှူ​ကြောင့်​ ပရိသတ်​တွေကလည်း သ​ဘောကျ အချစ်​ပို​နေရတာပဲ ဖြစ်ပါတယ်။ ချစ်​ပရိသတ်​​တွေအတွက်​ အများကြီးမဟုတ်​​ပေမယ့်​ ရင်​ထဲထိသွား​စေတဲ့ အလှူ​လေးကို လုပ်​ခဲ့တဲ့ ဖြူဖြူ​ထွေးရဲ့ဗီဒီယို​လေးကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။ ဖြူဖြူ​ထွေးက​တော့ ” ဖြူဖြူထွေလေး ပီတိအဖြစ်ဆုံးအချိန်ဒီလိုလေးပဲ အမြဲရှေ့ဆက်ပါရစေ🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏” ဆိုပြီး သူမရဲ့ကြည်​နူးစရာ ဗီဒီယို​လေးကို လူမှုကွန်​ယက်​မှာ တင်​ထားတာပါ။ အများကြီးမဟုတ်​​ပေမယ့်​ ရင်​ထဲထိသွား​စေတဲ့ အလှူ​လေးကို လုပ်​ခဲ့တဲ့ ဖြူဖြူ​ထွေးရဲ့ဗီဒီယို အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်ရင်း ပရိသတ်တွေ ပျော်ရွှင်​အောင် ဖျော်ဖြေပေးနေတဲ့ ဖြူဖြူထွေးက​တော့ အခုဆို ဇာတ်​ကား​တွေပါ...

မေမေနန္ဒာလှိုင်ရဲ့ စိန်ဆွဲကြိုးကိုယူဝတ်ပြီး အိုက်တင်အမျိုးမျိုးနဲ့ ပဲများပြလိုက်တဲ့ သမီးလေး မဒီ

တစ်ခေတ်တစ်ခါမှာ အောင်မြင်ကျော်ကြားလူကြိုက်များခဲ့တဲ့အကယ်ဒမီနန္ဒာလှိုင်ကတော့ အခုချိန်မှာလည်း ပရိသတ်တွေရဲ့မေတ္တာကိုခံယူနေဆဲဖြစ်ပါတယ်။နန္ဒာလှိုင်ကတော့ အနုပညာအလုပ်တွေမလုပ်တော့ဘဲ မိသားစုလေးနဲ့သာအေးချမ်းပျော်ရွှင်စွာနေထိုင်ရင်း အလှူအတန်းတွေကို ရက်ရက်ရောရောလှူဒါန်းနေတာကိုတွေ့ရပါတယ်နော်။နန္ဒာလှိုင်ရဲ့ချစ်ခင်ပွန်းကလည်း ဇနီးသည်ရဲ့စိတ်ကူးနဲ့တစ်ထပ်တည်းကျတာကြောင့် ဇနီးမောင်နှံနှစ်ယောက်က မကြာခဏဆိုသလို အလှူတွေလုပ်နေကြတာကိုတွေ့ရပါတယ်။ နန္ဒာလှိုင်ရဲ့ ချစ်စရာသမီးတွေကလည်း မေမေ့လိုပဲအရမ်းချစ်စမွှေးပါကြတဲ့ကလေးလေးတွေဖြစ်ကြပါတယ်နော်။သမီးသုံးယောက်ရဲ့နာမည်လေးတွေကိုတော့ ဇေဝတီလှိုင် ဇေရတီလှိုင် ဇေမဒီလှိုင်ဆိုပြီး ခင်ပွန်းနဲ့သူမနာမည်ကိုပေါင်းစပ်ပြီး နာမည်လှလှလေးတွေပေးထားပါတယ်နော်။ပရိသတ်တွေကတော့ မေမေနန္ဒာလှိုင်ကိုလည်း ချစ်ခင်အားပေးကြသလို့ သူ့ရဲ့သမီးသုံးယောက်ကိုလည်း ချစ်ကြပါတယ်။ နန္ဒာလှိုင်ရဲ့သမီးငယ်လေး ဇေမဒီလှိုင်ကတော့ အိမ်မှာအငယ်ဆုံးလေးလည်းဖြစ်သလို အိမ်ရဲ့ဆည်းလည်းလေးလည်းဖြစ်ပါတယ်နော်။မဒီလေးက စကားတွေလည်း အရမ်းပြောတတ်ပြီး ချစ်စရာကောင်းတဲ့အပြုအမူလေးတွေကြောင့် ပရိသတ်တွေကပါအရမ်းချစ်နေရတာပါ။အခုဆိုရင်လည်း မေမေ့ရဲ့ ဆွဲကြိုးကြီးကို သူ့ရဲ့လည်ပင်းမှာဝတ်ထားပြီး အသည်းယားစရာကောင်းတဲ့အပြုအမူလေးတွေလုပ်ပြနေတဲ့ မဒီလေးရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။ Source:Nandar Hlaing

တစ်ဖက်သတ်ကြိုက်နေသည့်အမျိုးသားက အိမ်ထောင်ရှင်အမျိုးသမီးကို မုဒိမ်းကျင့်

တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်တွင် အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးကို တစ်ဖက်သတ်ကြိုက်နေသူအမျိုးသားက ဓားဖြင့်ခြိမ်းခြောက် မုဒိမ်းကျင့်ခဲ့သဖြင့် အမှုဖွင့်ထားကြောင်း ကျိုင်းတုံမြို့၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ ထိုအမျိုးသမီး၏ ယောက်ျားနှင့် အမေဖြစ်သူတို့ အလုပ်သွားချိန် ဇူလိုင် ၁၈ ရက်၊ ညနေ ၄ နာရီခန့်က အိမ်ထဲဝင်ပြီး မုဒိမ်းကျင့်ခဲ့ခြင်းဖြစ်ကြောင်း၊ အမျိုးသမီးက အော်ဟစ်ရာ ပါလာသည့် မြက်ခုတ်ဓားဖြင့် ခြိမ်းခြောက်ပြီး ပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ ဓားပြခြိမ်းခြောက် မုဒိမ်းကျင့်မှုနှင့်ပတ်သက်၍ ကျူးလွန်သူဆိုသူ နေလင်းဦး (၂၀ နှစ်) ကို ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ထားပြီး ဖမ်းမိရန်စုံစမ်းနေကြောင်း တာချီလိတ်မြို့မရဲစခန်းထံမှ သိရှိရသည်။ Credit-The Voice

ပညာရှင်တွေ သုံးသပ်ပြထားတဲ့ တိုင်တန်းနစ်နစ်မြှုပ်ရခြင်းရဲ့ အဓိကတရားခံ

လူတွေ သိထားကြတာက တိုင်တန်းနစ်သင်္ဘောကြီး နစ်မြှုပ်ရခြင်းရဲ့အဓိကအကြောင်းရင်းဟာ ရေခဲကျောက်ဆောင်ကြီးကြောင့် ဖြစ်တယ်ဆိုတာပါ။ စာအုပ်တွေ၊ ဇာတ်ကားတွေထဲမှာလည်း ဒီအတိုင်းပဲ လက်ခံထားကြပါတယ်။ ဒါပေမယ့် လတ်တလော တွေ့ရှိချက်တွေအရ တိုင်တန်းနစ်ဟာ အများသိထားသလို ရေခဲကျောက်ဆောင်ကြောင့် မြှုပ်တာမဟုတ်ပဲ မီးလောင်ပေါက်ကွဲမှုဖြစ်ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ Vaghinak Byurat ဆိုသူ အမျိုးသားကတော့ တိုင်တန်းနစ်သင်္ဘောနစ်မြှုပ်မှုထဲမှာ အသက်ရှင်ကျန်ခဲ့တဲ့ သူတစ်ယောက် ဖြစ်ပါတယ်။ သင်္ဘောကြီးနစ်မြှုပ်သွားတာကို မျက်စိရှေ့တင် တပ်အပ်မြင်လိုက်ရတဲ့ သူ့ကို အင်တာဗျူးကြည့်တဲ့အခါမှာတော့ Vaghinak Byurat ဟာ ရေခဲဆောင်နဲ့ ပတ်သက်လို့ တစ်ခုမှ မပြောခဲ့ပါဘူး။ သူပြောခဲ့တာက မီးလောင်မှုကြောင့် ပေါက်ကွဲမှုကြီးဖြစ်ပြီး သင်္ဘောကြီးဟာ နစ်မြှုပ်သွားခဲ့ရပါတယ်လို့သာ အဖြေပေးခဲ့ပါတယ်။ သူတင် မကပါဘူး။ သင်္ဘောကြီးနစ်မြှုပ်မှုထဲ အလားတူ အသက်ရှင်ကျန်ခဲ့သူတွေကလည်း ဒီလိုပဲ အဖြေပေးသွားခဲ့ပါတယ်။ တိုက်တန်းနစ်နဲ့ ပတ်သက်ပြီး သုတေသနပြုသူတွေကတော့ တကယ်လို့ သင်္ဘောသာ မီးမလောင်ဘူးဆိုရင် ခရီးသည်တွေအားလုံးဟာ...

ဆရာဖြစ်သူ ဒါရိုက်တာဝိုင်းအတွက် မျက်ရည်ဝဲမတတ် ဝမ်းသာနေတဲ့ ဖွေးဖွေး

ဒါရိုက်တာဝိုင်းရဲ့ သမီးလေး အတွက် ဖွေးဖွေးကတော့ ဝမ်းသာလွန်းလို့ မျက်ရည်လေးတောင် ဝဲမတက်ပါပဲတဲ့။ ဆရာဖြစ်သူ ဒါရိုက်တာ ဝိုင်း တို့ မိသားစုကိုလည်း ဂုဏ်ပြုစကားဆိုခဲ့ပါတယ်။သရုပ်ဆောင် ဖွေးဖွေးကတော့ ဆရာဖြစ်သူ ဒါရိုက်တာ ဝိုင်းတို့ရဲ့ မိသားစုဝင်အသစ်လေးအတွက် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ မျက်ရည်လေးတောင် ဝဲသွားရတဲ့အထိပါပဲတဲ့။ ‘’Congratulations ဆရာ နဲ့ဆရာကတော်။ သမီးလေးနံမည် က “အသဲ’’တဲ့ Xo cuteee..ပုံလေးတွေကြည့်ပြီး ကြည်နူးရလို့မျက်ရည်ပါဥမိသွားတယ်… ဟီး’’ ဆိုပြီးတော့ ဇူလိုင်လ ၂၁ ရက်နေ့ နေ့လယ် ၁နာရီ ၅၈ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။ ဖွေးဖွေး ဟာ ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ လက်ပံရုပ်ရှင်ဇာတ်ကား၊ ကျွန်မ နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကား၊ ရွှေကြာရုပ်ရှင်ဇာတ်ကားတွေနဲ့ အကယ်ဒမီ ရရှိခဲ့သူပါ။ .ဒါရိုက်တာ ဝိုင်းတို့ရဲ့ မိသားစုဘဝထဲကို ဒုတိယမြောက်ရင်သွေးလေးဖြစ်တဲ့ သမီးလေး သဲသဲ ရောက်ရှိလာပြီဖြစ်ပါတယ်။...