တို့ဆေးမိပြီး ပျောက်သွားသည့် လက်ပံပြားရွာက မိန်းကလေးကို ပြန်တွေ့

ကျောက်ပန်းတောင်းမြို့နယ်က တို့ဆေးမိပြီး ပျောက်သွားတဲ့ မိန်းကလေးကို အခု ပြန်တွေ့ပြီဖြစ်ပြီး ၀တ်ဆင်ထားတဲ့ ရွှေတွေတော့ ပါသွားတယ်လို့ ရွာလူကြီးတယောက်က ပြောပါတယ်။ကျောက်ပန်းတောင်းမြို့နယ် လက်ပံပျားရွာက အသက် ၂၂ နှစ်အရွယ် မအေးမြလင်းဟာ ဇူလိုင် ၂၀ ရက်ညက ရွာကနေ ပျောက်သွားလို့ အဲဒါကို သူ့အဖေရဲ့ သူငယ်ချင်းက ဖေ့စ်ဘွတ်ခ်မှာ တင်ခဲ့ပြီး လူပေါင်း ၂၀၀၀၀ ကျော်က ပြန်ပြီးမျှဝေခဲ့ပါတယ်။ မိန်းကလေးဟာ ည ၈ နာရီလောက်က ကြက်ကြော်ရောင်းနေတဲ့ သူ့အမေဆီကို သွားနေတုန်း လမ်းမှာပဲ ပျောက်သွားခဲ့တာပါ။လက်ပံပျားရွာလူကြီး ဦးရဲသူက “လမ်းမှာ ကားတစီးနဲ့လာတဲ့ မိန်းမကြီးတယောက်က တောင်ကြီးလမ်း ဘယ်ဘက်က သွားရလဲ မေးတယ်တဲ့။ သူက မသိဘူးဖြေပြီး သူ့ပခုံးကို ပုတ်လိုက်တာပဲ သိလိုက်တယ်။ တို့ဆေးမိတဲ့ပုံစံပေါ့’’ လို့ ပြောပါတယ်။ မိန်းကလေးဟာ ဇူလိုင် ၂၁ ရက် မနက်ပိုင်းကတော့...

ကုသိုလ်က တစ်ပဲ ငရဲက တစ်ပိသာ လို့ ဝေဖန်နေကြတဲ့ ကိစ္စကို ဖြေရှင်းလိုက်တဲ့ နန္ဒာလှိုင်

ပရိသတ်ကြီးရေ မကြာသေးခင်က ကျောင်းတော်ရာဘုရား မှာ ခြိမ့်ခြိမ့်သဲ အလှူတစ်ခုကိုပြုလုပ်နိုင်ခဲ့တဲ့ ဇေကမ္ဘာ မိသားစုနဲ့ ပတ်သက်ပြီး အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ ဓါတ်ပုံတစ်ပုံကြောင့် လူမှုကွန်ရက်ပေါ်မှာ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့တာပါ ။ ဇေကမ္ဘာ ဦးခင်ရွှေ ဖိနပ်စီးထားတယ်ဆိုတဲ့ ဓါတ်ပုံတစ်ပုံ အတွက် ပြန်လည် ဖြေရှင်းလိုက်သူက နိုင်ငံကျော် အကယ်ဒမီ နန္ဒာလှိုင် နဲ့ ခင်ပွန်းဖြစ်သူ ဦးဇေသီဟပါ။ ဖိုတိုရှော့ နဲ့ ပြင်ဆင်ထားတဲ့ ဓါတ်ပုံဟာ ဘုရားဆီသွားတဲ့ အဝင်လမ်းမ (ကားပါကင်)ပါ…. ဈေးသည်၊အိမ်သာ၊အများနားနေတဲ့ကားဝန်းပါ ။ ဖိနပ်စီးလို့ရပါတယ်။အားလုံးလည်းစီးလို့ ရပါတယ်၊ ခြင်္သေ့ကျော်မှ ရင်ပြင်အတက်လှေကားပါ နေရာဖြစ်ပါတယ်။ နန္ဒာလှိုင်ရော ကိုဇေသီဟရော အဆိုပါကိစ္စအတွက် ကောင်းကောင်းပြန်လည်ဖြေရှင်းထားတာကို တွေ့ရတာပါ။အခုလို ကုသိုလ်တပဲ ငရဲတပိဿာ လုပ်ရပ်အတွက် မှတ်ချက်ပေးခဲ့ကြပါဦး ။

ဒလတံတားလုပ်ငန်းခွင်ဧရိယာနှင့်မလွတ်၍ စံပြရုပ်ရှင်ရုံပေါ်တီကို ၅ ပေခန့် နောက်ဆုတ်ပေးရမည်

ကိုရီးယား-မြန်မာချစ်ကြည်ရေးတံတား(ဒလတံတား)စီမံကိန်းဖော်ဆောင်ရာတွင် ရန်ကုန်ဘက်ခြမ်း ဘုန်းကြီးလမ်းပေါ်တွင် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်စဉ် လုပ်ငန်းခွင်ဧရိယာနှင့် မလွတ်ကင်းသည့်အတွက် စံပြရုပ်ရှင်ရုံ၏ပေါ်တီကို(ဆင်ဝင်)အား နောက်သို့ ၅ ပေ ခန့်ဆုတ်၍ ပြန်ဆောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။ တံတားလုပ်ငန်းများဆောင်ရွက်စဉ် ဘုန်းကြီးလမ်းအားတဖက်လျှင်ယာဉ် ကြော ၂ လမ်းစီဖွင့်ထားပေးမည်ဖြစ် ကြောင်း တံတားဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်ကောင်းချိုက ပြောသည်။”စံပြရုပ်ရှင်ရုံရဲ့ ပေါ်တီကို ၅ ပေ လောက်နောက်ဆုတ်ပေးရပါမယ်။ အဲဒါကို ပြန်ပြင်မယ်။ စံပြရုပ်ရှင်ရုံမှာ ကားကျပ်မှာစိုးတဲ့အတွက် စံပြရုပ်ရှင်ရုံနဲ့ ပေါ်တီကို ၅ ပေနောက်ဆုတ်ပြီးတော့ ပြန်ဆောက်ပေးရမှာပါ။ ဆောက်လုပ်ရေးက ပြန်ဆောက်ပေးမှာပါ”ဟု ၎င်းကပြောသည်။ စံပြရုပ်ရှင်ရုံ၏ ပေါ်တီကိုအားနောက် သို့ ၅ ပေခန့်ဆုတ်၍ပြန်ဆောက်ရာတွင် အနော်ရထာလမ်းဘက်ခြမ်းသို့ မျက်နှာမူသည့်တိုင်များပါဝင်ခြင်းမရှိဘဲ ဘုန်းကြီးလမ်းဘက်ခြမ်းသို့ မျက်နှာမူသည့်တိုင်များကိုသာ ပြင်ဆင်ပြန်ဆောက်မည်ဖြစ်ကြောင်း ဦးကျော်ကောင်းချိုက ပြောသည်။ ဘုန်းကြီးလမ်းသည် လက်ရှိအချိန်တွင် ၆ လမ်းသွားလမ်းဖြစ်ပြီး၊ တံတားတည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ပါက တဖက်လျှင်အကျယ် ၄ ဒသမ...

မိန်းမလိုချင်နေလို့ ဈေးဗန်းခင်းနေတဲ့ လူပျိုကြီးညီမင်းခိုင်ကို ဆုံးမသြဝါဒ ခြွေလိုက်တဲ့ ကော်နီ

ကော်နီကတော့ နိုင်ငံကျော်ဝါရင့်အမျိုးသမီးအဆိုတော်တစ်ဦး အဖြစ် အောင်မြင်မှုအခိုင်အမာရရှိထားသူဖြစ်ပြီး အသံပါဝါကောင်းကောင်းနဲ့ Rock သီချင်းတွေသီဆိုတတ်မှုကြောင့် ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကိုရရှိထားပါတယ်။ သူမရဲ့ ” ဆေး ” ဆိုတဲ့ သီချင်းဟာဆိုရင်လည်း ထွက်ရှိချိန်မှ ပရိသတ်တွေရဲ့ပါးစပ်ဖျားမှာ ရေပန်းစားခဲ့တဲ့အထိ အောင်မြင်မှုရရှိခဲ့ပါတယ်။ လက်တလောမှာတော့ ရခိုင်တိုင်းရင်းသားအဆိုတော် လူပျိုကြီးညီမင်းခိုင်ကတော့ သူရဲ့လူမှုကွန်ရက်စာမျက်နာမှာ တစ်ကိုယ်တည်းဘ၀ကိုဖြတ်သန်းရတာအထီးကျန်ဆန်ပြီး လူပျိုကြီးဘ၀မှကျွတ်ချင်ပြီးလို့ ရေးသားဖော်ပြထားပါတယ်။ မိန်းမလိုချင်နေပြီးလို့ဆိုလာတဲ့ လူပျိုကြီးညီမင်းခိုင်ကို ပညာသားသားပါပါနဲ့ ကော်နီကတော့ ဆုံးမစကားပြောကာနားချခဲ့တာဖြစ်ပြီး။ ” အချစ်ဆိုတာ သူ့အကြောင်းကျိုးရှိတဲ့အခါ ကိုယ်ဆီတန်းတန်းမတ်မတ်ရောက်လာပါလိမ့်မယ်။ အဲ့အခါရှောင်ချင်ရင်တောင်ရှောင်လို့ မရပါဘူးဆရာ၊ လိုချင်လေမရလေးဘဲ၊ ဒီတော့ စိတ်လျှော့ လောကကြီးမှာ ပျော်စရာတွေ လုပ်စရာတွေများလွန်းလို့ အချိန်တောင်မလောက်ပါဘူးကွယ် ” လို့ ဆုံးမနားချခဲ့ပါတယ်။ ပရိသတ်ကြီးရော ကော်နီပြောသွားတာလေးကို လက်ခံရင်မှတ်ချက်ပေးခဲ့ပါနော်။

ရွှေပြည်သာတွင် အကြွေးတောင်းရာမှ တစ်မိသားစုလုံးကို ဓားဖြင့်ထိုးသတ်မှုဖြစ်ပွား

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၌ အိမ်တိုင်ရာရောက်အကြွေးသွားတောင်းရာမှ စကားများပြီး ဓားဖြင့်ထိုးရာမှ ၁ ဦးသေဆုံးသွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ရွှေပြည်သာမြို့နယ်၊ အောင်တော်မူပန်းခြံ၊ အမှတ်(၈)ရပ်ကွက်၊ အိမ်အမှတ်(၂၆၀)တွင် ဇူလိုင်လ ၂၁ ရက်၊ ည ၆ နာရီခွဲတွင် ဓားထိုးမှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့်အတူ အသိသက်သေ လူကြီးများက သွားရောက်စစ်ဆေးခဲ့ကြသည်။စစ်ဆေးချက်အရ အခင်းဖြစ်နေအိမ်၌ အသက် ၆၅ နှစ်ခန့်အရွယ်ရှိဒေါ်ခင်အေးသန်းတွင် ရင်ညွှန့်ထိုးသွင်းရာ တစ်ချက်၊၎င်း၏သမီးမဥမ္မာမြင့်(၄၃)နှစ်မှာ ၀ဲနားအောက်နှင့်ဝဲလက်ပြင်အောက်ထိုးသွင်းဒဏ်ရာနှင့် ၃ နှစ် အရွယ်မြေးဖြစ်သူ မလင်းလင်းဥမ္မာ၌ ၀မ်းဗိုက်ထိုးသွင်းဒဏ်ရာများနှသ့် လဲကျနေသဖြင့် ဆေးရုံသို့ပို့ဆောင်ပေးစဉ် မဥမ္မာမြင့်၊ (၄၃)နှစ်မှာသေဆုံးသွားခဲ့သည်။ “ အခင်းဖြစ်နေချိန်မှာ ခင်ပွန်းကအပြင်သွားနေတယ်။ သားလေးတစ်ယောက်က ကျူရှင်သွားနေတဲ့အချိန်မို့လို့ မိန်းမသား ၃ ယောက်ပဲရှိနေတာပေါ့။ အကြွေးလာတောင်းတာလို့သိရတယ်။ ကားနဲ့နေအိမ်ကိုရောက်လာပြီး အကြွေးလာတောင်းရင်းစကားများကြပြီး အခုလိုဓားနဲ့ထိုးပြီးထွက်ပြေးသွားတာတဲ့။အခုတော့ တရားခံကိုမိပြီလို့ ကြားတယ်” ဟုမျက်မြင်တွေ့ရှိသူအိမ်နီးချင်းတစ်ဦးက ပြောသည်။ဓားဖြင့်ထိုးသွားသူမှာ လှမိုးဦး၊ (၃၄)နှစ်ဖြစ်ပြီး Toyota Corolla...

ဗိုလ်ချုပ်ရုပ်ရှင်ကို ၅ လနဲ့အပြီးရိုက်မယ်ဆိုတဲ့ လူမင်းကို ဒဲ့ဝေဖန်လိုက်တဲ့ ဒါရိုက်တာပန်းချီစိုးမိုး

မြန်မာနိုင်ငံရဲ့ ပရိသတ်အချစ်တော် မင်းသားကြီး လူမင်းကတော့ လက်ရှိချိန်မှာ သရုပ်ဆောင်ကောင်း တယောက်အနေနဲ့ အောင်မြင်မှုတွေကို ဆက်လက်ထိန်းသိမ်ထားရုံ သာမက တဖက်မှာလည်း ဒါရိုက်တာ တယောက်အဖြစ် တချို့သော ရုပ်ရှင်တွေကို ပရိသတ်တွေကို ချပြထားပြီး ဖြစ်ပါတယ်။ လက်ရှိမှာလည်း လူမင်းကတော့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့ အကြောင်းကို ရုပ်ရှင်ရိုက်ကူးဖို့ အကောင်အထည် ဖော်နေတာ ဖြစ်ပါတယ်။ ဒီိကိစ္စနဲ့ ပတ်သက်ပြီး လူမင်းကတော့ ပြီးခဲ့တဲ့ အင်တာဗျူးမှာ ဗိုလ်ချုပ် ရုပ်ရှင်ကို ၅ လအတွင်း အပြီးရိုက်ကူးမယ်လို့ ပြောကြားခဲ့တာပါ။ လူမင်းရဲ့ ပြောစကားကိုတော့ ဝါရင့်ဒါရိုက်တာ တယောက်ဖြစ်တဲ့ ဒါရိုက်တာ ပန်းချီစိုးမိုးကတော့ ကန့်ကွက်ခဲ့ပြီး မဖြစ်နိုင်ဘူးလို့ ပြောကြားသွား ခဲ့တာ ဖြစ်ပါတယ်။ ဒါရိုက်တာ ပန်းချီစိုးမိုး “သူပြောရင်သူလုပ်ကြည့်လိုက် ဘယ်လိုလို့ရမှာလဲ ရိုက်ကူးရေးသာ ၅လပြီးရင်ပြီးမယ် ဒီမှာလုပ်ဖို့အများကြီးရှိတယ် မဖြစ်နိုင်ဘူး...

ငယ်ငယ်တုန်းက ထော်လာဂျီမောင်းခဲ့ရတဲ့ အတွေ့အကြုံကိုပြောပြလာတဲ့ စိုင်းစိုင်းခမ်းလှိုင်

ငယ်ငယ်တုန်းက ကားအရမ်းမောင်းချင်ပေမယ့် အဖိုးက ထော်လာဂျီမောင်းတတ်အောင် အရင်လုပ်ခိုင်းခဲ့တာလို့ ဆိုပါတယ်။ ကားမောင်းခွင့်ရဖို့ စိုင်းစိုင်းတစ်ယောက် ဘယ်လောက်ကြိုးစားခဲ့ရလဲဆိုတာကိုလည်း ပြောပြခဲ့ပါသေးတယ်။ တောဂေါ်လီ သီချင်းထဲက စာသားတွေက အဲဒီက လာတာတဲ့။စိုင်းစိုင်းကတော့ ခုနှစ်တန်းဖြေပြီးတဲ့အချိန် ငယ်ငယ်က အမှတ်တရလေး တစ်ခုကို ပြောပြခဲ့တာ ဖြစ်ပါတယ်။ ခြောက်တန်း ခုနှစ်တန်းအရွယ်လောက် ကားအရမ်းမောင်းချင်တဲ့ စိုင်းစိုင်း ဟာ ကားစမမောင်းခင် ထော်လာဂျီမောင်းတတ်အောင် အရင်ကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။ အဖိုးဖြစ်သူက ထော်လာဂျီမောင်းတတ်မှ ကားပေးမောင်းမယ်ဆိုလို့ ထော်လာဂျီမောင်းတတ်ဖို့ သူဘယ်လို ကြိုးစားခဲ့လဲဆိုတာကို ပြောပြထားတာပါ။ “ခြောက်တန်း ခုနှစ်တန်းလောက်က (ခုနှစ်တန်းဖြေပြီးတဲ့ နွေရာသီထင်တယ် ) ကားအရမ်းမောင်းချင်တော့ ဖိုးဖိုးက ထော်လာဂျီမောင်းတတ်မှ ကားပေးမောင်းမယ်ဆိုလို့ ဒါကြီးအရင်မောင်းဖို့ကြိုးစားရတယ်။အဲဒီတုန်းက စတီယာရင် အဝိုင်းနဲ့ ထော်လာဂျီတွေ ပင်လုံမှာ မရှိသေးတာလား ကျွန်တော်ပဲ မမှတ်မိတာလား တောလမ်းတွေမှာဆို ဂလုပ်ဂလုပ်နဲ့ လူမလွင့်သွားအောင် လက်ကိုင်ကို အသေဖိထားရသေးတယ် သိတယ်မလား...

အမြန်လမ်း Express ယာဉ်တိမ်းမှောက်မှုမှ အသက်ဆုံးပါးသွားခဲ့ရသူလေး

ဇူလိုင်လ ၂၁ ရက်၊ ညနေ ၂နာရီခွဲ အချိန်၊ နေပြည်တော်-ရန်ကုန် အမြန်​လမ်းမကြီး မိုင်တိုင် ၁၆၅/၃ အနီးမှာ ဖြစ်​ပွားခဲ့တဲ့ ထွန်းဧရာ(ပခုက္ကူ-ရန်ကုန်) Express ယာဉ်ရဲ့ အရှိန်လွန်တိမ်းမှောက်​မှု​ကြီး​ကြောင့်​ ခရီးသည်​ ၅၁ ဦးထဲ ဒဏ်​ရာရရှိသူအများအပြားရှိခဲ့တယ်​လို့ ကနဦးသတင်းအရ သိရှိခဲ့ရပြီး ဒီထဲမှာ ​သေဆုံးသူတစ်​ဦး ​အမျိုးသမီးတစ်​ဦးပါဝင်​ခဲ့ပါတယ်​။ယာဉ်​တိမ်း​မှောက်​မှု​ကြောင့်​ ​သေဆုံးသွားရသူအမျိုးသမီးဟာ အသက်​ငယ်​ငယ်​ရွယ်​ရွယ်​နဲ့ပဲ ပွဲချင်းပြီး ​အသက်​​သေဆုံးလို့သွားခဲ့ပါတယ်​။ အမြန်​လမ်းမကြီး ရဲတပ်​ဖွဲ့မှူးရုံးရဲ့ ည​နေ ငါးနာရီခွဲအချိန်​ သတင်းထုတ်​ပြန်​ချက်​အရ အသက်​ဆုံးသွားသူဟာ ​ဒေါပုံမြို့နယ်​မှာ​နေထိုင်​တဲ့ အသက်​ ၂၆ နှစ်​အရွယ်​ မသဲသဲအိလို့ သိရှိရပြီး ဒီ​​မော်​​တော်​ယာဉ်​တိမ်း​မှောက်​မှု မ​တော်​တဆမှု​ကြောင့်​ မသဲသဲအိဟာ သူ့ရဲ့​မွေး​နေ့အပြီး ဇူလိုင်​လအတွင်းမှာပဲ ရင်​နာဖွယ်​ရာ​ အသက်​ဆုံးသွားခဲ့ရတာဖြစ်​​ကြောင်း ဝမ်းနည်းဖွယ်​ရာသိရှိခဲ့ရတာပါ။ အမြန်​လမ်း ယာဉ်​တိမ်း​မှောက်​မှုကြီးမှာ ဒဏ်ရာရရှိခဲ့သူများကိုလည်း ​​​အမြန်လမ်းမကြီးရဲတပ်ဖွဲ့က​နေ အထောက်အကူပြု အင်အားများနဲ့ ကူညီဆောင်ရွက်ပေးခဲ့တယ်​လို့ သိရပါတယ်​။ အမြန်​လမ်းမကြီး မ​တော်​တဆမှု​တွေဟာ တဖြည်းဖြည်းနဲ့...

အလွန်​​ခြောက်​ခြားဖွယ် ​​ကောင်းတဲ့နှိပ်​စက်​မှုပါ ရုပ်​ရှင်​​တွေထဲမှာဘဲ ရှိမယ်​လို့ ထင်​ထားခဲ့တဲ့ ပြစ်​မှုမျိုးကို ယ​နေ့ ည​ဦးပိုင်းမှာဘဲ ​တွေ့ ကြုံခဲ့ရပါတယ်

အလွန်​​ခြောက်​ခြားဖွယ်​​ကောင်းတဲ့နှိပ်​စက်​မှုပါ ရုပ်​ရှင်​​တွေထဲမှာဘဲ ရှိမယ်​လို့ ထင်​ထားခဲ့တဲ့ ပြစ်​မှုမျိုးကို ယ​နေ့ ည​ဦးပိုင်းမှာဘဲ ​တွေ့ ကြုံခဲ့ရပါတယ်​ – ရုပ်​ရှင်​ထဲမှာ​တွေ့ ရတတ်​တဲ့ မိန်းက​လေး​တွေကို အယုံသွင်း​ခေါ်လာ – အိမ်​ထဲမှာဘဲ ပိတ်​​လှောင်​ထား ​သွေး​အေး​အေးနဲ့ အ​ကြောင်းမဲ့ နှိပ်​စက်​ ထွက်​​ပြေးရင်​ သတ်​ -ခုလဲ ကနဦး သိရသ​လောက်​ အိမ်​ထဲမှာဘဲ ​သွေး​အေး​အေးနဲ့ နှိပ်​စက်​ခံ​ ​နေရတဲ့ ၂၂ အရွယ်​ ညီမ​လေးဟာ ​ရတဲ့နည်းနဲ့ ရွံထဲဗွက်​ထဲဖြတ်​​ကျော်​ပြီး  ထွက်​​ပြေးလာတယ်​ – နီးရာဆိုင်​ထဲ  ဝင်​​ပြေးပုန်းတယ်​ -ကျွန်​​တော်​ သွား​ရောက်​​ ​တွေ့ ဆုံချိန်​ ​မေးကြည့်​လို့ ရသ​လောက်​ အမှုက ထင်​ထားတာထက်​ ​ကြောက်​ဖို့ ​​ကောင်း​နေတယ်​ မျက်​နှာတခုလုံး ဖူး​ယောင်​​ညိုမဲ​နေပြီး ​ဆေးလိပ်​မီးနဲ့ ထိုးထား​သော ဒဏ်​ရာ ကတ်​​ကြေးနဲ့ မွှန်းထား ထိုးထား​သော ဒဏ်​ရာ – လက်​နှစ်​ဖက်​ ညိုမည်းစွဲဒဏ်​ရာ...

တရားဝင်ကွာရှင်းလိုက်ကြပြီဖြစ်တဲ့ Song Joong Ki နဲ့ Song Hye Kyo

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးအနုပညာရှင်စုံတွဲတစ်တွဲဖြစ်တဲ့ Song Joong Ki နဲ့ Song Hye Kyo တို့စုံတွဲဟာ အိမ်ထောင်သက်တမ်း ၁ နှစ်နဲ့ ၈ လအကြာမှာ ကွာရှင်းပြတ်စဲကြတော့မယ်ဆိုတာကို ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့က တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ကွာရှင်းခွင့်ကို Song Joong Ki ဘက်က ဇွန်လ ၂၆ ရက်နေ့မှာ ဦးစွာလျှောက်ထားခဲ့တာဖြစ်ပြီး ပရိသတ်တွေကိုတော့ ဇွန်လ ၂၇ ရက်နေ့မှာ ၂ ယောက်လုံးက အသိပေးခဲ့ကြတာ ဖြစ်ပါတယ်။ တရားရုံးက သူတို့ ၂ ဦးရဲ့ ကွာရှင်းခွင့်ကို တစ်လအတွင်း (ခန့်မှန်းခြေ သြဂုတ်လအစောပိုင်းလောက်) မှာ အပြီးသတ်ဆောင်ရွက်မှာဖြစ်တယ်လို့ ကြေညာထားခဲ့တာဖြစ်ပြီး ပရိသတ်တွေကတော့ သူတို့ချစ်ကြတဲ့ အနုပညာမောင်နှံကို ဒီအချိန်တောအတွင်းမှာ ပြန်လည်အဆင်ပြေဖို့အတွက် မျှော်လင့်ထားခဲ့ကြပါတယ်။ ဒါပေမယ့် ပရိသတ်တွေရဲ့ အဲဒီမျှာ်လင့်ချက်တွေက အခုဆိုရင် ဖြစ်မလာနိုင်တော့ပါဘူး။...