သားလေးရဲ့ အချွဲပိုတဲ့ အလွမ်းသည်ပုံကို ပြောပြလိုက်တဲ့ သက်မွန်မြင့်

ပြည်သူ့အချစ်တော် မင်းသမီးတလက်ဖြစ်တဲ့ သက်မွန်မြင့်ကတော့ လက်ရှိမှာဆိုရင် ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေလောက်ကတည်းက အနုပညာလောကကို ခြေချခဲ့တာ ဖြစ်ပြီး အနုပညာသက်တမ်းတလျှောက် ပရိသတ်တွေရဲ့ အားပေးမှုကို ပိုပိုပြီး ရရှိလာတဲ့ မင်းသမီး တယောက်ဆိုလည်း မမှားပါဘူး။ သက်မွန်မြင့်ကတော့ ယခုနောက်ပိုင်းမှာ အနုပညာလုပ်ငန်းတွေကို အဆက်မပြတ်လုပ်ကိုင်တာကိုတော့ မတွေ့ရပေမယ့်လည်း သူမရဲ့ ပရိသတ်တွေနဲ့တော့ ဘယ်တော့မှ အဆက်မပြတ်ခဲ့ပါဘူး။ ပရိသတ်တွေနဲ့ အမြဲတရင်းတနှီးရှိနေတာကြောင့် ပရိသတ်တွေရဲ့ အချစ်ကိုလည်း ယနေ့တိုင် သိမ်းပိုက်ထားနိုင်တာ ဖြစ်ပါတယ်။ သက်မွန်မြင့်ကတော့ လက်ရှိမှာလည်း သူ့ရဲ့ မိသားစုလေးနဲ့ အလုပ်ကိစ္စကြောင့် ခွဲနေရတဲ့ အချိန်လေးမှာ သူ့ရဲ့သားနဲ့ သမီးတွေကို Video call ခေါ်ထားတဲ့ ပုံလေးတွေနဲ့ ကလေးတွေကြောင့် သူ့ရဲ့စိတ်အေးရတဲ့အကြောင်းလေးကို သူ့ရဲ့ပေ့ခ်ျမှာ တင်ထားတာ ဖြစ်ပါတယ်။ သက်မွန်မြင့်ကတော့ “အားချစ်ကပြောတယ် မေမေရယ် အားချစ် သတိရနေပြီ...

ပုံပြင်တစ်ပုဒ်လုံးကို အင်္ဂလိပ်လိုပြောပြပြီး ပရိသတ်တွေကို မျက်လုံးပြူးအံ့အားသင့်စေခဲ့တဲ့ ထိပ်ထားသခင်

ချစ်စရာကောင်းတဲ့ စကားပြောဆိုပုံလေးနဲ့အတူ ပရိသတ်တွေကြားထဲ ဝင်ရောက်လာခဲ့တဲ့ ထိပ်ထားသခင်လေးဟာ ကြေငြာတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေကိုပါ လက်ခံရိုက်ကူးနေရပြီဖြစ်ပါတယ်။ ထိပ်ထားလေးဟာ အိုင်ဒေါဖြစ်သူ ဖွေးဖွေးရဲ့အိုက်တင်လေးတွေကို လိုက်လံသရုပ်ဆောင်ရာကနေ သူမရဲ့ဗီဒီယိုလေးတွေဟာ ပရိသတ်တွေကြား လူကြိုက်များရေပန်းစားလာခဲ့တာဖြစ်ပါတယ်။ ထိပ်ထားသခင်လေးဟာ အနုပညာပိုင်းမှာသာမကဘဲ ပညာရေးပိုင်းမှာပါ တော်တဲ့ သမီးလေးတစ်ယောက်ဖြစ်နေပါတယ်။ သူမဟာ သူမတတ်မြောက်ထားတဲ့ အင်္ဂလိပ်စာစွမ်းရည်ကို ပရိသတ်တွေ မျက်လုံးပြူးသွားလောက်အောင်အထိ ထုတ်ပြနိုင်ခဲ့ပါတယ်။ ထိပ်ထားသခင်လေးဟာ ပရိသတ်တွေကို ပုံပြင်တစ်ပုဒ်ပြောပြခဲ့ပြီးတော့ ထိုပုံပြင်အစအဆုံးကိုတော့ မြန်မာလို တစ်လုံးမှ မပြောဘဲ အင်္ဂလိပ်လိုသာ ပြောပြသွားခဲ့တာဖြစ်ပါတယ်။ ဒီလိုတော်လွန်းတဲ့ ထိပ်ထားသခင်လေးရဲ့ အင်္ဂလိပ်စာစွမ်းရည်ကြောင့် ပရိသတ်တွေကလည်း အံ့အားသင့်ပြီး ချီးကျူးထောပနာပြု မှတ်ချက်ပေးခဲ့ကြတာတွေ့ရပါတယ်။ ပရိသတ်တွေကရော ထိပ်ထားလေးပြောပြတဲ့ ပုံပြင်ကိုနားထောင်ပြီး ဘယ်လိုမှတ်ချက်ပေးချင်လဲဆိုတာ ပြောပြခဲ့ပါဦး။ Video Source-ထိပ်ထားသခင်

မိသားစုနဲ့ အတူတူနေချင်တယ်လို့ ရင်ဖွင့်လာတဲ့ မင်းသန့်မောင်မောင်

မင်းသန့်မောင်မောင်ဟာ မိဘနှစ်ပါးနဲ့ အတူတူနေချင်တဲ့ သူ့ရဲ့ ခံစားချက်တွေကို ပြောပြလာပါတယ်။ ဒါပေမယ့် သူကိုယ်တိုင်ကလည်း ရင့်ကျက်လာပြီဖြစ်လို့ မိဘနှစ်ပါးကို နားလည်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါရိုက်တာ စင်ရော်မောင်မောင်နဲ့ သရုပ်ဆောင် မေသန်းနု တို့ရဲ့ တစ်ဦးတည်းသော သားလေး မင်းသန့်မောင်မောင် ဟာ မိဘနှစ်ပါးစလုံး အသက်ရှိနေပေမယ့် အတူတူနေခွင့်မရတဲ့ ခံစားချက်တွေကို မီဒီယာ အင်တာဗျူးကနေ ဖြေဆိုခဲ့ပါတယ်။ ‘’ဘဝဆိုတာကို လက်ခံရတာပေါ့နော်။ ကျွန်တော်လည်း အတူတူနေချင်တာပေါ့။ တစ်ခါတလေ အဖေနဲ့လည်း အတူတူနေသလို၊ အမေနဲ့လည်း အတူတူနေချင်တာပေါ့။ အကောင်းဆုံးကတော့ နှစ်ယောက်စလုံးနဲ့ အတူတူနေတာ အကောင်းဆုံးပေါ့။ ဒါပေမယ့် နှစ်ယောက်စလုံးမှာလည်း အခက်အခဲတွေရှိတာပေါ့နော်။ ဘဝဆိုတာ ဒီလိုပဲ ကလေးစာအုပ်လို မဟုတ်တော့လည်း လူကြီးဆန်ရမယ်။ လူကြီးဆန်ဖို့အတွက်လည်း အကောင်းဆုံး ကြိုးစားရမှာပေါ့နော်’’ ဆိုပြီးတော့ ဇူလိုင်လ ၁၈ ရက်နေ့က JCGV ရုပ်ရှင်ရုံသစ် ဖွင့်ပွဲမှာ ဖြေဆိုခဲ့တာပါ။...

KTV တွင်သီဆိုအသုံးပြုနေသော တေးသီချင်းများအတွက် အခကြေးငွေကောက်ခံမည်

KTV တွင်အသုံးပြုနေသည့်သီချင်းများအတွက် အနုပညာကြေးကောက်ခံသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)မှဒုတိယဥက္ကဋ္ဌ(၃) ဦးစိုးမိုးဖေကပြောသည်။မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)တွင် ဇူလိုင်လ ၂၂ ရက်က ကျင်းပသည့် တစ်နှစ်ခွဲကာလအတွင်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်သောသတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ “ လက်ရှိမှာ ဂီတသမားတွေရဲ့အကျိုးခံစားခွင့်ကိုရရှိနိုင်ဖို့အတွက် တင်ဒါခေါ်ယူနေတာရှိပါတယ်။ တင်ဒါနဲ့ ပတ်သက်ပြီးလာရောက်လျှောက်ထားတာက ၁၀ ဖွဲ့ရှိပြီးတော့ ၆ ဖွဲ့ကိုတော့ ပမာဏရွေးချယ်ထားပါတယ်။ ဒီတင်ဒါမှာဘာတွေပါလဲဆိုရင် KTV မှာအသုံးပြုနေတဲ့ သီချင်းတွေအတွက်ပါ အနုပညာကြေးကောက်ခံဖို့ စီစဉ်ထားတယ်” ဟု မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)မှဒုတိယဥက္ကဋ္ဌ(၃) ဦးစိုးမိုးဖေက ပြောသည်။ KTV များတွင် အနုပညာကြေးကောက်ခံရာ၌လည်း ပိုင်ရှင်တစ်ဦးတည်းသာပေးဆောင်ရမည်ဖြစ်ကာ လာရောက်အပန်းဖြေသူများအနေဖြင့် ပေးဆောင်ရန်မလိုကြောင်း သိရသည်။အနုပညာရှင်များအနေဖြင့် လက်ရှိတွင် FM များ၌လွှင့်နေသည့်တေးသီချင်းများအတွက်သာ အနုပညာကြေး ခံစားခွင့်ရကြပြီး သဇင် FM၊ မြဝတီနှင့် မြန်မာ့သံတို့တွင် ထုတ်လွှင့်နေသည့် တေးသီချင်းများကို အနုပညာကြေး ကောက်ခံခြင်းမရှိကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် ကာရာအိုကေ(ခေါ်) KTV များမှာ အရှေ့ပိုင်းခရိုင်တွင်...

ကွယ်လွန်သွားတဲ့ အောင်ဇော်ရဲ့နေရာမှာ အစားထိုးသရုပ်ဆောင်သွားမယ့် ဝေဠုကျော်

ကွယ်လွန်သွားပြီဖြစ်တဲ့ ဇာတ်ပို့သရုပ်ဆောင် အောင်ဇော်ရဲ့ ရိုက်လက်စ ရုပ်ရှင်ဇာတ်ကားကြီးထဲက ကာရိုက်တာကို သရုပ်ဆောင်ဝေဠုကျော်က အစားထိုးပါဝင်သရုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဒါရိုက်တာ ညိုမင်းလွင်က ပြောပါတယ်။ ညိုမင်းလွင်ဟာ ‘’မနုစာရီ’’ရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်လျှက်ရှိတဲ့ ဇာတ်ပို့သရုပ်ဆောင် အောင်ဇော် ကွယ်လွန်သွားတဲ့အတွက် စိတ်မကောင်းဖြစ်လို့နေပါတယ်။ ဒါပေမယ့် သရုပ်ဆောင် ဝေဠုကျော်ဟာ ကိုအောင်ဇော်ရဲ့ နေရာမှာ ပါဝင်သရုပ်ဆောင်ပေးသွားမယ်လို့လည်း သိရပါတယ်။ ‘’ကိစ္စရှိလို့ခဏပြန်လာခဲ့ပါတယ်။ ၁-မနုစာရီ ဇာတ်ကားမှကိုအောင်ထွန်းအဖြစ်သရုပ်ဆောင်ခဲ့သော ( ကို )အောင်ဇော် နှလုံးရောဂါဖြင့်ရုတ်တရက်ကွယ်လွန်ကြောင်းကြားသိရသည့်အတွက် အနုပညာရှင်တစ်ဦးဆုံးရှူံးရခြင်းအပေါ် များစွာစိတ်မကောင်းဖြစ်ရပါကြောင်း၊ ၂-မနုစာရီ ဇာတ်ကားတွင်ရိုက်ကူးရန်ကျန်ရှိနေသော ကိုအောင်ထွန်းပါဝင်သည့်ဇာတ်ဝင်ခန်းများအတွက် အစ်ကိုအကယ်ဒမီဝေဠုကျော်မှ ရုပ်ရှင်လောကသားချင်းရိုင်းပင်းကူညီသည့်အနေဖြင့် ဆက်လက်သရုပ်ဆောင်ပေးမည်ဖြစ်ပါကြောင်း။ Sincerely yours, ညိုမင်းလွင်’’ ဆိုပြီးတော့ ဇူလိုင်လ ၂၂ ရက်နေ့ နေ့လယ် ၂ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ ဇာတ်ပို့သရုပ်ဆောင် အောင်ဇော်ဟာ ဇူလိုင်(၂၁) ရက်နေ့ ည(၈)နာရီဝန်းကျင်က ဦးနှောက်သွေးကြောပြတ်ပြီး ရုတ်တရက်...

ချောက်ထဲ တွန်းချလုပ်ကြံခဲ့တဲ့ ခင်ပွန်းသည်ကို သေဒဏ်ပေးဖို့  ကိုယ်ဝန်သည်ဇနီး တောင်းဆို

ထိုင်းနိုင်ငံမြောက်ပိုင်း Pha Taem အမျိုးသားဥယျာဉ်ကို သွားရောက်လည်ပတ်ခဲ့စဉ် သူ့ကို ချောက်ထဲ တွန်းချလုပ်ကြံခဲ့တဲ့ ခင်ပွန်းသည်ကို သေဒဏ်ပေးဖို့ ဇနီးဖြစ်သူ တရုတ်အမျိုးသမီးက တောင်းဆိုခဲ့ပါတယ်။ အသက် ၃၂ နှစ်ရှိ Wang Nan အမည်ရအဆိုပါအမျိုးသမီးကို ဇွန်လတုန်းက Pha Taem အမျိုးသား ဥယျာဉ်ထဲက ၃၄ မီတာနက်တဲ့ချောက်ထဲ ခင်ပွန်းဖြစ်သူက တွန်းချခဲ့တာဖြစ်ပြီး ကံကောင်းစွာနဲ့ အသက် မသေခဲ့ပါဘူး။ ချောက်ထဲ တွန်းချခံခဲ့ရစဉ်က သူ့မှာ ကိုယ်ဝန်သုံးလလည်းရှိနေခဲ့တာလည်း ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေအရ လောင်းကစားအကြွေးတွေကို ဆပ်ဖို့အတွက် သူပိုင်ဆိုင်တဲ့ ပေါင် ၂.၅ သန်း ကိုလိုချင်တာကြောင့် အခုလိုလုပ်ခဲ့တာဖြစ်ကြောင်း ၀န်ခံခဲ့တာကြောင့် ခင်ပွန်းဖြစ်သူ Yu Xiaodong ၃၃ နှစ် အား လူသတ်ရန်ကြိုးပမ်းမှုနဲ့ ထိုင်းရဲတွေက ဇွန်လ ၁၇ ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။ ယခုဖြစ်ရပ်မှာ သူရဲ့ခင်ပွန်းဟာ...

ဒီနှစ်တရုတ်ပြည်က နာနတ်သီးတင်သွင်းခွင့် ပိတ်လိုက်တယ်တဲ့ နာနတ်သီးခြံရှင်တွေ၊ ပွဲရုံတွေ ရှုံးလိုက်ကြတာ

🍍နာနတ်သီးစားကြပါ🍍 ဒီနှစ်တရုတ်ပြည်က နာနတ်သီးတင်သွင်းခွင့် ပိတ်လိုက်တယ်တဲ့။ နာနတ်သီးခြံရှင်တွေ၊ ပွဲရုံတွေ ရှုံးလိုက်ကြတာ။ နာနတ်သီးဟာ မြန်မာ-တရုတ် ကုန်သွယ်မှုမှာ MOU စာချုပ်ထိုးထားတဲ့ထဲမပါလို့ တရားဝင်တင်သွင်းခွင့်မရပါဘူး။ တရုတ်နယ်စပ်မှာ နာနတ်သီးကို တရားမဝင် ကုန်စည်အနေနဲ့ သတ်မှတ်ထားပြီး ရောင်းဝယ်မှုပြုရင် ဖမ်းသတဲ့။ အရင်ကတော့ တရားမဝင်လမ်းကြောင်းက သွင်းကြပေမယ့် ဒီနှစ်တော့မရတော့ပါဘူး။ နာနတ်ဟာ တစ်ရာသီမှာ တစ်ပင်ကို တစ်လုံးပဲ သီးတဲ့အမျိုး။ အသီးချိန်ကို အားခဲပြီးစိုက်ရတာ။ ရှမ်းပြည်မြောက်ပိုင်း နောင်ချို-ကျောက်မဲ-သီပေါ-လားရှိုး-မူဆယ်တစ်ဝိုက်မှာ နာနတ်ခင်းတွေ မနည်းဘူးရှိတယ်။ ဒီခြံရှင်တွေ အရှုံးပေါ်ရင် ဒေသစီးပွားရေးထိခိုက်မယ်။ စားကုန်သီးနှံတွေ ဈေးကွက်မဖြစ်ထွန်းရင် သီးပင်စားပင်ထပ်မစိုက်တော့ဘဲ လူတွေပြည်ပထွက်မယ်။ တရားမဝင်သီးနှံတွေစိုက်ကြလိမ့်မယ်။ ဒီနာနတ်ရာသီကိုအားခဲပြီး ချေးငွေယူထားတဲ့ တောင်သူတွေရှိရင် ဘဝပျက်ကြတော့မယ်။ ပြည်ပဈေးကွက်ကပျက်၊ပြည်တွင်းမှာ ကုန်ချောထုတ်လုပ်ဖို့ စည်သွပ်ဘူးစက်ရုံ၊ ဖျော်ရည်စက်ရုံတွေရဲ့ ဝယ်လိုအားကလည်းမရှိတော့ ပြည်တွင်းက စားသုံးသူ end user တွေရဲ့ ဝယ်လိုအားကိုပဲ အားကိုးရပါတော့မယ်။ အခုချိန်...

အများပြည်သူနှင့်ဆိုင်သည့်နေရာများ၌ တိရစ္ဆာန် အစာကျွေးပါက အရေးယူမည်

ရန်ကုန်မြို့ရှိ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ တိရစ္ဆာန်တွေ အစာကျွေးရင် အရေးယူတော့မယ်လို့ ပုဇွန်တောင်မြို့နယ် စည်ပင်သာယာရေးကော်မတီက သတိပေးလိုက်ပါတယ်။ မြို့တော်နယ်နမိတ်အတွင်း အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာတွေမှာ ကျန်းမာရေးနဲ့ သန့်ရှင်းရေးကို ထိခိုက်စေတဲ့ တိရစ္ဆာန်တွေကို အစာမကျွေးဖို့၊ မလိုက်နာဘူးဆိုရင် စည်ပင်ဥပဒေအရ အရေးယူမယ်ဆိုတဲ့ သတိပေးစာတွေကို ဒီနေ့ လိုက်လံ ချိတ်ဆွဲနေပါတယ်။ မလိုက်နာသူကို ပုဒ်မ ၃၂၂ (မ) အရ အရေးယူမယ်လို့ဆိုပြီး ဒီပုဒ်မအရ ငွေဒဏ်ကျပ် ၅၀၀၀၀ ကနေ ကျပ် တသိန်းအထိဖြစ်စေ၊ ထောင်ဒဏ် ၃ လ၊ ဒါမှမဟုတ် ဒဏ် ၂ ရပ်လုံး ချမှတ်နိုင်မှာ ဖြစ်ပါတယ်။ ရပ်ကွက်တွေက ရပ်မိရပ်ဖတွေအနေနဲ့လည်း ကိုယ့်ရဲ့ လမ်းတွေမှာ ဒီအသိပေးစာတွေကို ချိတ်ဆွဲနိုင်တယ်လို့ မြို့နယ်စည်ပင်ဥက္ကဋ္ဌက အသိပေးထားပါတယ်။ စည်ပင်ဥပဒေ ပုဒ်မ၃၂၂ (ယ) အရလည်း အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေနဲ့ လမ်းတွေပေါ်ကို...

အသက်(၉) နှစ်နဲ့ နိုင်ငံကိုယ်စားပြုမော်ဒယ်ဖြစ်လာခဲ့ပြီး မြန်မာနိုင်ငံအတွက် ဒုတိယဆု ရယူပေးနိုင်ခဲ့တဲ့ ရခိုင်တိုင်းရင်းသူလေး

ရခိုင်တိုင်းရင်းသူလေး Isabell ကတော့ အသက်(၉)နှစ်သာရှိပြီး စူပါမော်ဒယ်တစ်ဦးအဖြစ် ပရိသတ်များရဲ့ ချစ်ခြင်းခံနေရသူလေးလည်းဖြစ်ပါတယ်။ အရွယ်နဲ့မလိုက်အောင် Talent ရှိသူဖြစ်ပြီး ဆရာဂျွန်လွင့်ရဲ့ အကောင်းဆုံးတပည့်များထဲက တစ်ယောက်အပါအ၀င်လည်းဖြစ်ပါတယ်။သူမကတော့ မြန်မာရိုးရာအငြိမ့်အကကိုလည်း ၀ါသနာပါသူပီပီ ထူးချွန်ပြောင်မြောက်စွာကတတ်သူလည်းဖြစ်ပါတယ်။ Isabell လေးရဲ့ နာမည်အရင်းကတော့ ကြယ်စင်ဝင့်နိုင် ဖြစ်ပြီး လက်တလောမှာတော့ တရုတ်နိုင်ငံ မှာလက်ခံကျင်းပတဲ့ C Plan Kids Supermodel 2019 ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။သူမကတော့ မြန်မာနိုင်ငံအတွက် ဆုတွေအများကြီးသယ်ဆောင်လာနိုင်ဖို့ အားလုံးရဲ့အားပေးမှုတွေနဲ့အတူ အကောင်းဆုံးကြိုးစားသွားပါ့မယ် လို့ဆိုထားပါသေးတယ်။ ထိုပြိုင်ပွဲကြိးမှာ သူမ၀ါသနာဖြစ်တဲ့ မြန်မာရိုးရာအငြိမ့်အကကိုလည်း ကပြဖျော်ဖြေခဲ့ပြီး ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ နိုင်ငံပေါင်း (၄၅) နိုင်ငံက ပြိုင်ပွဲဝင်ပေါင်း (၁၂၈) ယောက်မှ သူမကတော့ မြန်မာကိုယ်စားပြုအနေဖြင့် First Runner Up (ဒုတိယ) ဆုကြီးကို ရရှိခဲ့ပါတယ်။ Kids Fashion Week World...

YBS ယာဉ်တစ်စီး လီဗာနင်းမရသောကြောင့် ကျွတ်ကျွတ်ကြိုးနှင့်သွယ်တန်းပြီး လက်ဖြင့်မောင်းနှင်

ရန်ကုန်မြို့တွင် YBS ယာဉ်သည် လူတန်းစား အမျိုးမျိုးအတွက် အခြေခံကျသော ပို့ဆောင်ရေးစနစ်တစ်ခုဖြစ်သည်။ ယခင် မထသစနစ်မှ YBS သို့ကူးပြောင်းလာပြီးနောက် အဆင့်မြင့်တင်မှုတွေပြုလုပ်လာခဲ့တာဖြစ်ပါတယ်။ ယခုနှစ်ပိုင်းအတွင်းမှာ Bus Station အများအပြားကိုလည်း တည်ဆောက်နိုင်ခဲ့ပြီး YPS လို့ခေါ်တွင်တဲ့ Card Payment စနစ်ကိုလည်း အကောင်အထည်ဖော်ဖို့ စတင်စမ်းသပ်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ယနေ့ လူမှုကွန်ယက်ပေါ်တွင် YBS 7 မှ လီဗာနင်းမရသောကြောင့် ကျွတ်ကျွတ်ကြိုးဖြင့်သွယ်တန်းပြီး လက်ဖြင့်မောင်းနှင်တာကို ခရီးသည်အချို့စီးနင်းခဲ့ရကြောင်း ပုံနှင့်တကွ ပျံ့နှံ့လာခဲ့တာပါ။ ထိုပုံတွေဟာ လူမှုကွန်ယက်ပေါ်တွင် ပျံ့နှံ့သွားပြီး ဝေဖန်မှတ်ချက်ပေးမှု အမျိုးမျိုးထွက်ပေါ်နေတာ ဖြစ်ပါတယ်။ Photos-Wai Yan