ဗစ်တိုးရီးယားလေး မေမေရဲ့ ထွက်ဆိုချက်နဲ့ ပတ်သက်ပြီး မေးခွန်းထုတ်လိုက်တဲ့ ဂျွန်လွင်

ယခုအချိန်ထိ ရှင်းနေတဲ့ ပြဿနာတစ်ခုကို အမှုမှန်ပေါ်ပေါက်ဖို့ ကြန့်ကြာနေဆဲဖြစ်တဲ့ နေပြည်တော်မှာ ဖွင့်လှစ်ထားတဲ့ မူကြိုကျောင်းတစ်ခုရဲ့ သက်ငယ်မုဒိမ်းမှုနဲ့ပတ်သက်ပြီး အများပြည်သူတွေ အရမ်းကို စိတ်ဝင်တစားရှိလှပါတယ်။ အဲ့ဒီအမှုကို အနုပညာရှင်တွေကလဲ ၀န်းရံနေကြသလို အခြားသော အဖွဲ့အစည်းတွေကလဲ ၀န်းရံနေကြတာရှိပါတယ်။ ဇူလိုင်လ (၂၄)ရက်နေ့ မှာတော့ ဒီနေ့နေပြည်တော်ဒက္ခိဏသီရိခရိုင်တရားရုံးမှာ စစ်ဆေးမှု တစ်ခုပြုလုပ်နေပြီး ဗစ်တိုးရီးယားလေးရဲ့ မိခင်ဖြစ်သူကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါစစ်ဆေးချက်မှာ တော့ “သမီးက သူ့ကို ကိုကိုလုပ်တဲ့အကြောင်း အမူအယာနဲ့ လုပ်ပြပါတယ်။ ကိုကိုက အပြင်ကလား၊ ကျောင်းကလားလို့ မေးမြန်းတဲ့အခါမှာတော့ အပြင်ကမဟုတ်ဘူးလို့ သမီးက ပြန်ပြောပါတယ်။ ဘယ်နေရာမှာလဲ မေးတဲ့ အခါ အခန်းကျယ်ထဲကို ကိုကို က ခေါ်သွားတယ်လို့ ပြောပြီး၊ ကိုကိုဘယ်နှစ်ယောက်လဲမေးတော့ Two လို့ အင်္ဂလိပ်လို ဖြေပါတယ်။ မြန်မာလိုလည်း နှစ်ယောက်လို့ ဖြေပါတယ်။ ဒါကို ဘယ်သူမှ...

အရာရာထူးချွန်တဲ့ ကျွန်တော့်ရဲ့ကောင်မလေးလို့ ချစ်သူကို အမွှန်းတင်လိုက်တဲ့ နေခြည်ဦးရဲ့ချစ်သူ

Beauty Blogger တစ်ဦးအနေနဲ့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားခဲ့တဲ့ နေခြည်ဦးကတော့ သူမရဲ့ပါရမီကြောင့် သရုပ်ဆောင်တစ်ဦးအနေနဲ့ပါ အနုပညာအလုပ်တွေ လုပ်နေရပြီပဲဖြစ်ပါတယ်။ အစစအရာရာ ပြီးပြည့်စုံတယ်လို့ ဆိုနိုင်တဲ့ နေခြည်ဦးကတော့ သူမကို အရမ်းချစ်တဲ့ ချစ်သူကောင်လေးကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ လတ်တလောမှာတော့ နေခြည်ဦးရဲ့ချစ်သူကောင်လေးက အရာရာထူးချွန်တဲ့ ချီချီ့ကို အမွှန်းတင်ထားတဲ့ စာလေးတစ်ခု လူမှုကွန်ယက်မှာ တင်ထားတာ တွေ့ရပါတယ်။ ချစ်သူကောင်မလေးရှေ့မှာ မားမားမတ်မတ် ရပ်တည်ပေးနေတဲ့ နေခြည်ဦးရဲ့ချစ်သူကတော့ အရမ်းကို ချစ်တတ်လွန်းသူကြီးပါပဲနော်။ ချစ်ပရိသတ်တွေအတွက် ကိုယ့်ကောင်မလေးကို ကိုယ်ပြန်အမွှန်းတင်ခဲ့တဲ့ နေခြည်ဦးရဲ့ချစ်သူအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေခြည်ဦးရဲ့ချစ်သူကောင်လေးကတော့ “စိတ်အမြဲကောက်တာကလွဲပြီး အရာရာထူးချွန်တဲ့ ကျွန်တော့ရဲ့ ကောင်မလေး 💞💞” ဆိုပြီး ချစ်သူကောင်မလေးရဲ့အကြောင်းကို ဂုဏ်ယူစွာ သူ့ရဲ့လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ ကောင်လေးတစ်ယောက်က သူ့ချစ်သူကောင်မလေးကို ဘယ်လောက်ထိချစ်လဲဆိုတာ ကြည့်တဲ့အကြည့်တွေ၊ အပြုအမူလေးတွေကတစ်ဆင့် ထင်ထင်ရှားရှား သိမြင်နိုင်ပါတယ်နော်။ နေခြည်ဦးနဲ့ သူမရဲ့ချစ်သူတို့နှစ်ဦးကတော့ ကိုယ်စီ စီးပွားရေးအလုပ်တွေ...

သင်္ဃန်းကျွန်းမြို့နယ် NLD ရုံးအနီးလက်ပစ်ဗုံးတွေ့ရှိမှုနှင့်ပတ်သက်၍ မသင်္ကာသူကိုစစ်ဆေးနေဟုဆို

သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရုံးအနီး လက်ပစ်ဗုံးတွေ့ရှိမှုနှင့်ပတ်သက်၍ မသင်္ကာသူကိုစစ်ဆေးနေကြောင်း တိုင်းဒေသကြီးအမှတ်(၂)မဲဆန္ဒနယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ပြောသည်။ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရုံးအနီး တွင် ဇူလိုင်လ ၂၄ ရက်၊ နံနက် ၆ နာရီ ၁၀ မိနစ်ခန့်က လက်ပစ်ဗုံးတစ်လုံးတွေ့ရှိခဲ့ခြင်းနှင့်ပတ်သက်ပြီး ယခုကဲ့သို့ဖြေကြားပေးခြင်း ဖြစ်သည်။ “အခု ရဲမှူးနဲ့စကားပြောပြီးပါပြီ။ ရဲမှူးရဲ့ရုံးခန်းမှာ ခရိုင်မှူးရော၊ တိုင်းမှူးရောရှိပါတယ်။ သူတို့ မသင်္ကာသူကို ခေါ်ယူစစ်ဆေးနေပါတယ်လို့ပြောတယ်။ တရားခံလို့သတ်မှတ်လို့ရတဲ့သူမရှိသေးပါဘူးလို့လည်းပြောတယ်” ဟု တိုင်းဒေသကြီးအမှတ်(၂)မဲဆန္ဒနယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက အကုန်သိသတင်းဌာနသို့ ဇူလိုင်လ ၂၅ ရက်၊ နေ့လယ် ၃ နာရီခန့်တွင် ပြောသည်။ အဆိုပါလက်ပစ်ဗုံးကို စွန့်ပစ်ပစ္စည်းကောက်သည့် လူငယ်တစ်ဦးကစတင်တွေ့ရှိသဖြင့် အနီးနားရှိကားသမား တစ်ဦးကို ပြောပြခဲ့ရာမှ သက်ဆိုင်ရာသို့အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။လက်ရှိတွင် ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်ရှိသူလူကြီးများက စစ်ဆေးဆောင်ရွက်နေဆဲဖြစ်ကြောင်းလည်း သိရသည်။

သူမဟုတ်တာကြောင့် သူ့ကိုထိုးကြိတ်ဝန်ခံခိုင်းလဲ သူအသေခံမှာပါတဲ့ သူဝန်မခံဘူးလို့ဆိုတဲ့ အောင်ကြီး

အောင်ကြီးက သူအဖေနဲ့သူအမေကိုပြောဖူးပါတယ် သူမဟုတ်တာကြောင်ြ သူကိုထိုးကြိတ်ဝင်ခံခိုင်းလဲ သူအသေခံမှာပါတဲ့သူဝန်မခံဘူးလို့ အကြိမ်ကြိမ်ပြောပါတယ် ကျွန်မကလဲ အောင်ကြီးမိဘတွေ အောင်ကြီးကိုသွားတွေ့တိုင်း အောင်ကြီးဘယ်လိုနေရတယ် ဘာဖြစ်နေလဲ ဘာပြောချင်လဲဆိုပြီးခဏခဏ မေးခိုင်းလေ့ရှိပါတယ် ကျွန်မနဲ့အောင်ကြီးကတော့ မတွေ့ရသေးပါဘူး ဒါပေမယ့် သူကို ကျွန်မမှာနေတာ ပြောနေတာ သူသိပါတယ် သူကိုစိတ်ပူနေကြောင်း သူတခုခုဖြစ်ရင် ကျွန်မကိုတော့ ပြောဖို့ လိုအပ်ကြောင်း ထပ်ခါခါမှာနေရတာပါ အခုကလေးကပြောလာပါပီ အရင်ကလဲ ကိုကိုနဲ့အတူကစားဖူးတယ်တဲ့ အဖြေကရှင်းနေပါပြီ အောင်ကြီးမဟုတ်ကြောင်း ကျွန်မ ဝမ်းသာလွန်းလို့ မျက်ရည်တောင်ကျမိတယ် အောင်ကြီးညီရဲ့စကားကိုသာ ကျွန်မရေးတာပါ သတင်းရရင်ထပ်တင်ပေးပါမယ် Credit မပိုးဖြူ

သားသမီးတွေကို လူတန်းစေ့ထားနိုင်အောင် ကြိုးစားရုန်းကန်ခဲ့ပုံတွေပြောလာတဲ့ ခင်လှိုင်

ခင်လှိုင်ဟာ အနုပညာအလုပ်တွေ လုပ်လာရတဲ့ သားနဲ့ သမီးအတွက် စိတ်ချမ်းသာရပြီလို့ဆိုပါတယ်။ သူကိုယ်တိုင်ကလည်း ငယ်ငယ်က ဆင်းရဲတဲ့သူဖြစ်တာကြောင့် မိသားစုကို တင့်တင့်တယ်တယ်ထားနိုင်ဖို့ အလုပ်ကြိုးစားခဲ့ရတဲ့ အချိန်တွေကို ပြောပြလာပါတယ်။ သရုပ်ဆောင် ခင်လှိုင်ဟာ အနုပညာအလုပ်တွေ လုပ်လာရတဲ့အချိန်မှာ မိသားစုကို လူတန်းစေ့ ထားနိုင်တဲ့အတွက် ဝမ်းသာပီတိဖြစ်မိတယ်လို့ဆိုပါတယ်။ သူဟာ ဆင်းရဲတဲ့ မိသားစုကနေ ရှင်သန်လာရသူဖြစ်လို့ သူ့ရဲ့ သားသမီးတွေကိုတော့ ဆင်းဆင်းရဲရဲ မထားချင်တဲ့အကြောင်း မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။ ‘’ ကျွန်တော်က ငယ်ငယ်တုန်းကတည်းက အရမ်းဆင်းရဲခဲ့တဲ့အခါကျတော့ ကျွန်တော့် သားသမီးတွေ အလှည့်ကျရင် လူတန်းစေ့လေး နေနိုင်အောင် ကျွန်တော် ကြိုးစားခဲ့တယ်။ ကျွန်တော့်အမျိုးသမီးတော်တာလည်း ပါ ပါတယ်။ သူလည်း စုဆောင်းတာပေါ့နော်၊ အလဟသ မသုံးဘူးပေါ့ တစ်လ တစ်လ ကျွန်တော် လှူလည်း လှူပါတယ်။ ကျွန်တော်တို့က မချမ်းသာပါဘူး မိသားစုကို လူတန်းစေ့လေး ထားနိုင်ရုံလောက်တည်ဆောက်ခဲ့တယ်’’...

လွိုင်ကော် ကိုယ်ဝန်ဆောင်မိခင်များကို H1N1 ကာကွယ်ဆေး အခမဲ့ထိုးပေး

ပြည်နယ်ကျန်းမာရေးဦးစီးဌာနက ကြီးမှူးပြီး လွိုင်ကော်မြို့နယ်က ကိုယ်ဝန်ဆောင် မိခင်တွေကို ရာသီတုပ်ကွေး H1N1 ရောဂါ ကာကွယ်ဆေး အခမဲ့ထိုးပေးနေပါတယ်။ ဒီကနေ့ လွိုင်ကော်မြို့နယ် ဒေသန္တရ ကျန်းမာရေးဌာနမှာ H1N1 ကာကွယ်ဆေး ထိုးနှံ ပေးနေတာဖြစ်ပြီး မြို့ပေါ် ၁၉ ရပ်ကွက်က ကိုယ်ဝန်ဆောင်မိခင် ၅၀၀ ကျော်ကို ထိုးနှံပေးမယ်လို့ ပြည်နယ်ကျန်းမာရေးဦးစီးဌာန အထူးရောဂါနှိမ်နင်းရေးတာဝန်ခံ ဒေါက်တာ ထွန်းနေ၀င်းက ပြောပါတယ်။ကျန်းမာရေးဦးစီးဌာနအနေနဲ့ တပြည်နယ်လုံးမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်း ၂၀၀၀ လောက်ကို ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီးဖြစ်ပြီး ပိုနေတဲ့ဆေးတွေကို ရောဂါကူးစက်မှုလွယ်ကူတဲ့ ကိုယ်ဝန်ဆောင်မိခင်ကို ရွေးချယ်ထိုးပေးတာလို့ ဒေါက်တာထွန်းနေ၀င်းက ပြောပါတယ်။ “ကျန်းမာရေးဝန်ထမ်းတွေကို ထိုးပြီးတဲ့အခါမှာ ဆေးလုံလောက်မှုအရ တွက်ချက်တဲ့ အခါမှာ ကိုယ်ဝန်ဆောင်မိခင်တွေကို ရွေးချယ်တယ်။ ကိုယ်ဝန်ဆောင်မိခင်တွေကို ရွေးချယ်တဲ့ အချိန်မှာလည်း ကျနော်တို့က လွိုင်ကော်မြို့ပေါ် ၁၉ ရပ်ကွက်က ကိုယ်ဝန်ဆောင်မိခင်တွေ အတွက်ကို ကျနော်တို့ တွက်ချက်ကြည့်တဲ့အခါမှာ ဦးရေ...

တရားရှိတဲ့ အန်တီဝါကိုကြည့်ပြီး ရင်ထဲအေးချမ်းမိတယ်ဆိုတဲ့ ခိုင်နှင်းဝေ

တစ်ချိန်က ပရိသတ်တွေ ရဲ့ ချစ်ခင်အားပေးခြင်းများစွာ ရရှိခဲ့တဲ့ နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဒေါ်ဝါဝါဝင်းရွှေ ဟာ ဆိုရင် ခုအချိန်ထိ ရုပ်ရှင်ဇာတ်ကားကြီး တစ်ချို့မှာ ပါဝင်သရုပ်ဆောင် နေတုန်း ဖြစ်သလို ခုအချိန် ထိ လှနေတုန်းပါ။ ပြီးခဲ့တဲ့၂၃ရက်နေ့ ၇ : ၁၂ မိနစ်မှာ ဒေါ်ဝါဝါဝင်းရွှေ ရဲ့ ခင်ပွန်း ဦးသန်းထွဋ် ကွယ်လွန်သွားတာကြောင့် ပရိသတ်တွေအားလုံးနဲ့ အနုပညာရှင်တွေပါ စိတ်မကောင်းဖြစ်နေကြတာပါ။ လတ်တလောမှာတော့ ခိုင်နှင်းဝေက အန်တီဝါကို သွားရောက်အားပေးစကားပြောခဲ့တာတွေ့ရပြီး၊ ခင်ပွန်း ကွယ်လွန်သွားတာတောင် တည်တည်ငြိမ်ငြိမ်နဲ့ တရားရှိလွန်းတဲ့ ဒေါ်ဝါဝါဝင်းရွှေကို ကြည့်ပြီး ရင်ထဲအေးချမ်းမိတဲ့အကြောင်း ပြောပြခဲ့ပါသေးတယ်။ ချစ်ပရိသတ်တွေအတွက် အန်တီဝါကို သွားရောက်အားပေးစကားဆိုခဲ့ကြတဲ့ ခိုင်နှင်းဝေတို့ သူငယ်ချင်းတွေရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ ခိုင်နှင်းဝေကတော့ “အန်တီဝါ ရဲ့ အမျိုးသား မင်းသားကြီး ဦးသန်းထွဠ် ကွယ်လွန်သွားလို့ မိသားစုနဲ့ ထပ်တူ...

“ဗစ်တိုးရီးယားမိခင် မျက်ရည်ကျခဲ့ရသည့် တရားခွင်”

‘‘ကျွန်တော် ဘာဆိုဘာမှ မသိဘူး။ တရားခံအစစ်လည်း မဟုတ်ဘူး” (အောင်ကြီး) လူငါးဦး ထိုင်ခုံ တန်းတွင် ခြောက်ဦး၊ ခုနစ်ဦးပြွတ် သိပ်ထိုင်နေကြသည်။ ၀င်ပေါက် တွင် ရဲနှစ်ဦးနှင့်တရားရုံးလုံခြုံရေး ၀န်ထမ်းများ စောင့်ကြပ်နေသော တရားခွင်အတွင်း စီတန်း၍ချထား သော အထက်ပါ ခုံတန်း ၁၀ ခု တွင်လူအပြည့်။ တရားရုံးပြင်ပ တွင်လည်း တရားခွင်သို့ဝင်ရောက် နားထောင်ခွင့်ရရန် တန်းစီစောင့် ဆိုင်းနေသူများ၊ လမ်းမထက်တွင် တရားခွင် အတွင်းမှ သတင်းစကားကို စောင့်မျှော်နေသူ ရာဂ ဏန်းကျော်ကလည်း ရွာသွန်းနေ သည့်မိုးကို အန်တုလျက်။ငါးနာရီခန့်ကြာသော တရား ခွင်နှင့်ပတ်သက်သည့် ဇူလိုင် ၂၄ ရက် နေပြည်တော်၊ ဒက္ခိဏခရိုင် တရားရုံးအတွင်း၊ အပြင်မြင်ကွင်း များဖြစ်သည်။ ဗစ်တိုးရီးယားအမှု ဒုတိယ ရုံးချိန်းတွင်ဖြစ်ပြီး တရားလိုပြ သက်သေတစ်ဦးဖြစ်သည့် သမီး ငယ်လေးမိခင်ကို စတင်စစ်ဆေး ခြင်းဖြစ်သည်။တရားသူကြီးနှစ်ဦးဖြင့်ကြား...

ကျား/မ ခွဲခြားမှု ပပျောက်ရန် ထိုင်ဝမ် ကျောင်းတစ်ခုတွင် ကျောင်းသားများအား စကတ်ဝတ်ခွင့် ပေးမည်

ထိုင်ဝမ်တွင် အထက်တန်းကျောင်းတစ်ခုဟာ ကျား/မ ခွဲခြားမှုကို ဆန့်ကျင်ပြီး တန်းတူညီမျှဖြစ်မှုကို ထောက်ခံအားပေးတဲ့အနေဖြင့် ကျောင်းသူတွေအပြင် ကျောင်းသားတွေကိုပါ စကတ်ဝတ်ခွင့် ပေးတော့မည်ဖြစ်ကြောင်း ဇူလိုင် ၂၄ ရက်မှာ ကြေညာလိုက်ပါတယ်။အဆိုပါ ကြေညာချက်ဟာ ကျား/မ လှေနံဓားထစ် ခွဲခြားသတ်မှတ်မှုတွေ အားကောင်းတဲ့ အာရှတိုက်အတွက်တော့ အထူးအဆန်းတစ်ရပ် ဖြစ်နေပါတယ်။ တိုင်ပေမြို့အနီးမှာ တည်ရှိတဲ့ ဘန်ကျောင် အထက်တန်းကျောင်းမှ ကျောင်းသားအချို့နဲ့ ဆရာအချို့ဟာ ထိုသို့ လှေနံဓားထစ် သတ်မှတ်မှုတွေ ပပျောက်ရေးအတွက် မေလတုန်းက တစ်ပတ်ခန့်ကြာအောင် စကတ်ဝတ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ ထိုကျောင်းရဲ့ ဝတ်စားဆင်ယင်မှုစည်းကမ်းမှာ ကျောင်းသားတွေအနေဖြင့် ဘောင်းဘီရှည်၊ ကျောင်းသူတွေအနေဖြင့် စကတ် ဝတ်ဆင်ရမယ်လို့ ဖော်ပြထားရာ သြဂုတ် ၃၀ ရက်မှာ စတင် အသက်ဝင်မယ့် စည်းကမ်းပြင်ဆင်ချက်မှာတော့ ကျား/မ အလိုက် သတ်မှတ်ချက်တွေ ပါရှိမှာ မဟုတ်တော့တဲ့အတွက် လွတ်လပ်စွာ ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။၎င်းပြင်ဆင်ချက်ဟာ ထိုင်ဝမ်ကျွန်းမှာ လစ်ဘရယ်ဝါဒ...

အရက်မသောက် ဆေးလိပ်မသောက် ကွမ်းမစားဘဲ ကျောက်ကပ်ထိလို့ ဆေးနေရတယ်ဆိုတော့ ဇစ်မြစ်လိုက်ကြည့်လိုက်တဲ့အခါ

အရက်မသောက် ဆေးလိပ်မသောက် ကွမ်းမစားသူတစ်ယောက်က ကျောက်ကပ်ထိလို့ ကျောက်ကပ်ဆေးနေရတယ်ဆိုတော့…ဇစ်မြစ်ကို လိုက်ကြည့်လိုက်တဲ့အခါမှာ…အဖြေကတော့ဒီလူဟာ မုန့်ဟင်းခါးအလွန်ကြိုက်လို့ နေ့တိုင်းစားသူပါတဲ့မုန့်ဟင်းခါးမှာပါတဲ့ မုန့်ဖတ် မချဉ်အောင် မပုတ်မသိုးအောင်သုံးတဲ့ ဓါတုဆေးဝါးတွေကြောင့်ပါတဲ့ …… မုန့်ဖတ်လုပ်တဲ့ဖို အားလုံးနီးပါးကလည်း မုန့်ဖတ်တွေ မပုတ်အောင် အတွက် လူသေတွေမပုတ်အောင်သုံးတဲ့ဖေါ်မလင်တွေ သုံးကြတယ်ဆိုတာ့ ကိုယ်တွေလည်း ကြားဖူးတာတော့ကြာပါပြီ….မုန့်ဖတ်ဖိုတွေရဲ့ လက်သုံးစကားက လူတကာ ကသုံးနေကြလို့ သူတို့လည်းမသုံးမဖြစ် သုံးလိုက်ရတာပါတဲ့.. ဒီကြားထဲ သစ်သီးသည်တွေက မှည့်ဆေးတွေသုံး..ပုဇွန်ခြောက်ငခြောက်က ဓါတုဆေးတွေဖြန်း….အစာအတု ဆေးအတု ရေသန့်အတု နဲ့ ဆိုးဆေးတွေ ဓါတုဆေးတွေကြားမှာ နေထိုင်ရှင်သန်နေကြရတဲ့ဘဝတွေထဲက….ကိုယ့်အလှည့် ဘယ်တော့ရောက်ပါ့မလဲတွေးရင်း 🙄🙄 Credit-ကျန်မာရေးနှင့်သတင်းများ