မင်းသမီးချောလေး စံရတီမိုးမြင့်ကို လက်ထပ်ခွင့်တောင်းလိုက်တဲ့ သရုပ်ဆောင် ပိုင်တံခွန်

သရုပ်ဆောင် မင်းသမီးချောလေး စံရတီမိုးမြင့်ကတော့ ကြွေရုပ်လေးတစ်ရုပ်ပမာ လှပလွန်းတာကြောင့် မိန်းကလေးချင်းတောင် ကြွေနေရတာ ဖြစ်ပါတယ်။ အပြစ်ပြောစရာမရှိအောင် ပြီးပြည့်စုံလွန်းတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ စံရတီမိုးမြင့်က ယောက်ျားလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ်ချစ်ခင်အားပေးမှုကို ရရှိထားသူလေး ဖြစ်ပါတယ်။ စံရတီမိုးမြင့်က ပရိသတ်တွေအားလုံးအပေါ်မှာ ကြင်ကြင်နာနာ ဆက်ဆံတတ်သူလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ စံရတီမိုးမြင့်တစ်ယောက် Photo Shooting တွေရိုက်ကူးနေရပြီး ပွဲအခမ်းအနားတွေလည်း တက်ရောက်နေတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ စံရတီမိုးမြင့်က သူရဲ့ပရိသတ်တွေအတွက် သတင်းထူးလေးတစ်ခုကို ကြေညာလိုက်တာ တွေ့ရပါတယ်။ စံရတီမိုးမြင့်က ချစ်သူလက်ထပ်ခွင့်တောင်းတာကို  လက်ခံခေါင်းညိမ့်လိုက်ပြီဖြစ်ကြောင်း ပုံလေးနဲ့အတူ ပရိသတ်တွေကို အသိပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဒါကတော့ ပိုင်တံခွန်က လက်ထက်ခွင့်တောင်းခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေကတော့ စံရတီမိုးမြင့် လက်ထပ်တော့မှာလားဆိုပြီး ထင်နေကြပါတယ်။အမှန်ကတော့ စိန်နန်းတော် လက်ထပ် လက်စွပ် Wedding Campaign ကြော်ငြာ ရိုက်ကွင်းမှ သရုပ်ဆောင် ပိုင်တံခွန် က...

အရမ်းတော်​တဲ့ ကလေးအထူးကုဆရာဝန်​ကြီးတစ်​ယောက်​ရဲ့အကြောင်း စိတ်​မကောင်းခြင်းများစွာနဲ့ ဒီစာကိုရေးပါတယ်

ကျမကလေး ၇လပါ ချောင်းဆိုးနေတာ ကြာပါပီ ၁လကျော်​လောက်​ရှိနေပြီ ခလေးနဲ့ ချောင်းစဆိုးထဲက အင်္ဂလိပ်​ဆရာဝန်​ အထူးကုနဲ့ကော မြန်​မာ ဆရာဝန်​နဲ့ပါ ပြပါတယ်​ လုံးဝမသက်​သာပါဘူး အစပိုင်းက ချောင်းခြောက်​ အပူချောင်းဆိုးရာကနေ အင်္ဂလိပ်​ဆရာဝန်​ကမသက်​သာလို့ မြန်​မာဆရာဝန်​နဲ့ပြောင်းပြတဲ့အခါ ချွဲတွေပါထလာတယ်​ ပိုဆိုးလာတယ်​ ခလေး အသက်​ရှုရကြပ်​လာတယ်​ ညအိပ်​ရင်​ ချွဲထပြီး ခလူးခလူးနဲ့ ကလေးဆေးခန်းတစ်​ခါသွားပြရင်​ ကိုယ့်​ရှေ့မှာ လူ အယောက်​ ၇၀စောင့်​ရတယ်​ စိတ်​တွေညစ်​တာပေါ့နော်​ ကိုယ့်​ခလေးလိုဘဲ ချောင်းဆိုးနေတဲ့ခလေး အရှင်းပျောက်​သွားတယ်​ အဲ့ဆရာဝန်​ကြီးနဲ့သွားပြပါလားလို့ အကြံပေးလာတဲ့အတွက်​ ခုလက်​ရှိပြနေတဲ့ ဆရာဝန်​ကြီးဆီပြောင်းပြခဲ့ပါတယ်​ ၈မိုင်​ လမ်းဆုံ သမားတော်​ဆေးခန်းမှာထိုင်​တဲ့ စစ်​ဆေးဆရာဝန်​ကြီး ဒေါက်​တာ ဦးစောအောင်​မြတ်​သိန်းပါ သမားဆို အိုမှ စကားပုံအတိုင်း ဆရာဝန်​ကြီး အသက်​ ၈၀ကျော်​နေပါပီ လက်​ရှိလဲ သူကိုယ်​တိုင်​ ကင်​ဆာရောဂါကို အန်​တုနေရရှာသူပါ ခလေးအရမ်းချစ်​တက်​တယ်​ အသပြာဆရာမဟုတ်​ဘူး စေတနာဆရာဝန်​ကြီးပါ ဒီလောက်​ဆရာဝန်​ကြီးတော်​နေတာ ကလေးတွေအရမ်းများမှာဘဲ စောင့်​ရဦးမယ်​...

ဆရာမနှင်းနု ပျောက်သွားတာမဟုတ်ဘဲ တရားစခန်းဝင်နေကြောင်း နှင်းနုရဲ့ ဖခင်ဖြစ်သူပြော

နေပြည်တော်၊ဇူလိုင်လ(၉)ရက်။နေပြည်တော်က ဗစ်တိုးရီးယားကလေးငယ်လေးရဲ့ အမှုနဲ့ ပတ်သက်ပြီး ဆရာမ မနှင်းနုကို လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ အမျိုးမျိုးဝေဖန်ပြောဆိုနေကြတာဟာ ဖြစ်စဉ်အစကတည်းက ဖြစ်ပါတယ်။ဒါပေမယ့် အခုအချိန်မှာတော့ ဆရာမ မနှင်းနု ပျောက်သွားပြီ၊ထွက်ပြေးသွားပြီ လို့ ဆိုကာ လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ပြောဆိုဝေဖန်နေကြပြန်ပါတယ်။ ဒါ့ကြောင့် ဆရာမ မနှင်းနု ဘယ်ရောက်နေတယ် ၊ဘာလုပ်နေတယ်ဆိုတာ သိရှိစေဖို့ ဆရာမ မနှင်းနု နေအိမ်ကိုသွားရောက်ကာ ဆရာမရဲ့ ဖခင် ဦးဝင်းမြင့်နဲ့ တွေ့ ဆုံမေးမြန်းထားပါတယ်။ မေးမြန်းချက်တွေထဲမှ အချို့ ကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။ Source – ကုမုဒြာ

မီတာတစ်ယူနစ်ဈေး ကွမ်းတစ်ယာဖိုးနဲ့ ခိုင်းနှိုင်းတွက်ပြလိုက်တဲ့ လျှပ်စစ်အတွင်းဝန်

လျှပ်စစ်မီတာဟာ ရောင်းကုန်ပစ္စည်းတစ်ခုသာဖြစ်ပြီး ဖုန်း ဘီလ်လိုပဲ ကိုယ်သုံးသလောက်  ကျသင့် တာဖြစ်လို့ မီတာခတွေ တိုးမြှင့်ကောက်ခံ တာဟာ ကုန်ဈေးနှုန်းအပေါ် ရိုက်ခတ် မှု  အနည်းအကျဉ်းသာ  ရှိနိုင်တယ်လို့  လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာနက သိရ ပါ တယ်။လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိ ယ အမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က “ပြည် သူတွေရော အားလုံးတော်တော်များများ က ပြောကြတယ်၊ မီးခွန်ဆိုပြီး  ပြောကြ တယ်၊  ဒါအယူအဆလေး တစ်ခု လွဲနေတာ ပါ၊  အဲဒါ မီးခွန်မဟုတ်ပါဘူး၊  ဒါက  ရောင်း ကုန် ပစ္စည်းတစ်ခုပဲ၊ ကျွန်တော်တို့က ရောင်းတဲ့ဌာနကြီး၊ ကျွန်တော်တို့ က ဝယ် သုံးရတယ်၊ ဖုန်းဘီလ်လိုပဲ၊  ဖုန်းဆိုလဲ ဖုန်း ဘီလ်လို့သာ ပြောတယ်။ တယ်လီဖုန်း အ ခွန်လို့ မခေါ်ကြဘူး၊ ဖုန်းဘီလ်လိုပဲ...

ဗုဒ္ဓဘာသာအဖြစ် ခံယူလိုက်တဲ့ အောင်လရဲ့အကြောင်း ပြောလာတဲ့ ဝိုင်းစုခိုင်သိန်း

ပရိသတ်တွေ အားကျရတဲ့ ကြည်နူးဖွယ်ကောင်းတဲ့ အောင်လတို့စုံတွဲလေးကတော့ မကြာခဏဆိုသလို ခရီးတွေထွက်ပြီးတော့ ချစ်သူဘဝကို အပူအပင်ကင်းကင်းနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတာပါ။ အလှူအတန်းဆိုလည်း လက်မနှေးတဲ့ သူတို့ချစ်သူနှစ်ဦးကတော့ မကြာခဏဆိုသလိုလည်း ကုသိုလ်ရေးတွေ အတူလုပ်လေ့ရှိတဲ့ စိတ်တူကိုယ်တူ ချစ်သူနှစ်ဦးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဝိုင်းစုခိုင်သိန်းက ဗုဒ္ဓဘာသာအဖြစ် ခံယူပြီး ကုသိုလ်တွေ လုပ်ဖြစ်နေတဲ့ ချစ်သူ အောင်လရဲ့အကြောင်းကို ထုတ်ပြောလာတာ တွေ့ရပါတယ်။ ချစ်ပရိသတ်တွေအတွက် ဗုဒ္ဓဘာသာသို့ ယုံယုံကြည်နဲ့ ကူးပြောင်းသွားတဲ့ ချစ်သူအောင်လရဲ့အကြောင်းကို ပြောပြလာတဲ့ ဝိုင်းစုခိုင်သိန်းရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ ဝိုင်းစုကတော့ ချစ်သူ ဗုဒ္ဓဘာသာ ကိုးကွယ်ဖြစ်တဲ့အကြောင်းကို “သူ ဗုဒ္ဓဘာသာကို ရွေးချယ်လိုက်တာ သူကိုယ်တိုင် သူ့စိတ်နဲ့သူ ရွေးချယ်တာပါ၊ သူကိုယ်တိုင်ယုံကြည်လို့ ကိုးကွယ်တာပေါ့နော် ဘုန်းကြီးဝတ်ဖို့ကလည်း သူကိုယ်တိုင် သူ့စိတ်က ဖြစ်လာတာပဲ။ ဒါပေမယ့် သွားဝတ်ဖို့ မဝတ်ဖို့ တိုင်ပင်ပြီးတော့ ဘယ်အချိန်ဝတ်မယ် ဘာညာကတော့ နှစ်ယောက်တိုင်ပင်တာပေါ့နော်။ ကျန်တဲ့ဟာကတော့...

Group Chat ပေါက်ကြားသွားခဲ့ပြီး အကောင့်ပါပိတ်ထားလိုက်ရတဲ့ Wisdom Hill ပိုင်ရှင်၏အမဖြစ်သူ သီရိမေ

Wisdom Hill ကိစ္စနဲ့ပတ်သတ်ပြီးလူမှုကွန်ယက်ပေါ်မှာအပြန်အလှန်ဖြေရှင်းနေကြတာကိုစာဖတ်သူတွေသိပြီးသားဖြစ်သလို ကျောင်းပိုင်ရှင်ရဲ့အစ်မဖြစ်သူ သီရိမေဟာလည်း အမှုကိစ္စဖြစ်ကတည်းက အမှုနဲ့ပတ်သတ်ပြီးဝေဖန်ပြောဆိုမှုများကိုလူမှုကွန်ယက်စာမျက်နှာမှာ နေ့စဉ်နှင့်အမျှတွေ့မြင်ရနေရတာဖြစ်ပါတယ်။ ယခုအချိန်ထိ ဗစ်တိုးရီးယားလေးရဲ့အမှုမှာ အမှုမှန်မပေါ်သေးပဲ ယာဉ်မောင်းအောင်ကြီးအား တရားခံအဖြစ်စွပ်စွဲထားတာလည်းဖြစ်ပါတယ်။ ယခုလိုအမှုကိစ္စတွေကြားထဲမှာ ဗစ်တိုးရီးယားလေးကဲ့သို့ လိင်အကြမ်းဖက်မှုခံခဲ့ရဖူးတဲ့ သဇင်ထက်ရဲ့သားလေးရဲ့အဖြစ်အားအမေဖြစ်သူမှလူမှုကွန်ယက်စာမျက်နှာမှာရေးသားရင်းနဲ့ ကျောင်းအုပ်ရဲ့အစ်မဖြစ်သူ သီရိမေနှင့်အခြေအတင်တွေဖြစ်ခဲ့ပါတယ်။   ထိုသို့အခြေအတင်ဖြစ်ပီး မသဇင်ထက်တို့သားအမိမှာ ဂျပန်နိုင်ငံသို့ပြန်သွားရကြောင်းအား စာဖတ်သူတို့လည်းသိခဲ့တဲ့ပြသနာတစ်ခုလဲဖြစ်ပါတယ်။ ယခုအခါ သီရိမေတို့ရဲ့ Group Chat ထဲမှာပြောထားသောပုံများလူမှုကွန်ယက်မှာပျံ့နှံ့သွားပြီး သီရိမေအကောင့်မှာလည်း Deactivate လုပ်ထားကြောင်းတွေ့ရပါတယ်။အနယ်နယ်အရပ်ရပ်တွင်လည်း ဗစ်တိုးရီးယားလေးအမှုအား အမှုမှန်ပေါ်ပေါက်ရန်အဖက်ဖက်မှ ၀ိုင်းဝန်းကူညီနေကြသလိုဆန္ဒထုတ်ဖော်မှုတွေလည်းရှိနေတာကိုတွေ့ရပါတယ်။

အနုပညာအလုပ်ပါးနေတဲ့အချိန် ဖြတ်သန်းနေရတဲ့ ဘဝအခြေအနေကိုပြောပြလာတဲ့ ယွန်းရွှေရည်

ချစ်စရာမျက်နှာထားလေးနဲ့ ဇာတ်တစ်ခုလုံးကို အကောင်းဆုံးပုံဖော်ဖန်တီးခွင့်ရအောင် ထောက်ပံ့ပေးနေတဲ့ ဇာတ်ပို့သရုပ်ဆောင်လေး ယွန်းရွှေရည်ကတော့ အနုပညာကို ချစ်မြတ်နိုးသူတစ်ဦးပါ။ သွက်သွက်လက်လက်လေးနဲ့ အပိုအလိုမရှိအံဝင်ဂွင်ကျစွာနဲ့ သူမရဲ့သရုပ်ဆောင်ချက်တွေဟာ ပရိသတ်တွေ အသိအမှတ်ပြုလက်ခံခဲ့ရတဲ့ အနုပညာသွေးတွေပါပဲ။ ဗီဒီယိုရိုက်ကူးမှုတွေနည်းပါးသွားတဲ့အချိန်မှာတော့ ဇာတ်ပို့သရုပ်ဆောင်တွေအတွက် အနုပညာလုပ်ကိုင်ခွင့်တွေ အတော်လေး လျော့ကျလာခဲ့တာဖြစ်ပါတယ်။ ယွန်းရွှေရည်က ဇာတ်ကားရိုက်ကူးမှုပါးနေတဲ့အချိန်မှာ သူမဖြတ်သန်းနေရတဲ့ ဘဝအခက်အခဲတချို့ပုံစံလေးတွေကို မီဒီယာတွေနဲ့တွေ့ဆုံစဉ် အင်တာဗျူးမှာဖြေကြားလာခဲ့တာဖြစ်ပါတယ်။ “အဲ့လိုမျိုးတော့မခံစားရပါဘူး အလုပ်မလုပ်ရတဲ့အတွက်တော့ အလုပ်နဲ့နည်းနည်းဝေးကွာတဲ့အတွက် စိတ်ဓာတ်ကျတာတွေဘာတွေတော့ မရှိဘူး။ တချိန်ကျရင် ကိုယ်တွေ အနုပညာအလုပ်ကိုပြန်ကောင်းလာမှာပဲလေ ဒါကိုယ်တစ်ယောက်တည်းလည်း မဟုတ်ဘူး။ အကုန်လုံးဖြစ်နေတာဆိုတော့ စိတ်ဓာတ်ကျတယ်လည်းမဟုတ်ဘူး။ အနုပညာနဲ့ပတ်သက်ပြီးလုပ်ချင်စိတ်က အမြဲအပြည့်ရှိနေတာ ဘယ်အချိန်၊ ဘယ်နေရာ၊ ဘယ်ကပဲခေါ်ခေါ်ပေါ့နော် ကိုယ့်ဘက်က အမြဲအဆင်သင့်ဖြစ်နေတယ်။” “ဇာတ်ကားမရိုက်ရတဲ့အချိန်မှာ ရှေ့ကရိုက်ထားတာတွေ စုထားဆောင်းထားတာတွေနဲ့ ထိုင်စားနေတယ်ပေါ့။ အဲ့လိုပဲ ပွဲလေးဆိုလိုက် ပွဲကရတဲ့ အနုပညာလေးစုလိုက်ပေါ့နော်။ ရှေ့ကလည်း ကိုယ်သီချင်းဆိုထားတာတွေ၊ ရိုက်ထားတာတွေ စုရတယ်လေ။ အနုပညာရှင်တွေဆိုတာ ဒီအလုပ်တစ်ခုတည်း လုပ်တတ်တာ အခုလိုမျိုးကားတွေကျဲသွားတယ် ရပ်တန့်သွားတဲ့အခါမျိုးဆို ရှိတာလေးနဲ့ပဲ...

မြန်မာတွေ ဝင်ခွင့်မရှိတဲ့ ပြည်သူ့ရင်ပြင်က တရုတ်ပိုင် ကျောက်ဝိုင်း

ရွှေတိဂုံဘုရားရှေ့ ပြည်သူ့ရင်ပြင်ထဲက Myanmar Culture Valley ဆိုတဲ့ ကုန်တိုက် မြေအောက်ထပ်မှာ ရှောက်စန်း ဖွင့်ထားတဲ့ တရားမဝင်ကျောက်မျက်ရောင်းဝယ်ရေးလုပ်ငန်း မြေအောက်ထပ်ဆင်းတဲ့လှေကားတွေကို ဘယ်သူမှ လာလို့မရအောင် ပိတ်လိုက်ကြတယ်။ ကောင်းရောင်းကောင်းဝယ် လုပ်စားနေတဲ့ တိုင်းရင်းသားပြည်သူတွေကို တရုတ်ရှောက်စန်းက ပထမထပ် အတင်းရွှေ့ခိုင်းတယ်။ ပြီးတော့ အဲ့မြေအောက်ထပ်ကိုပြင်ဆင်ပြီး ပြည်မကြီးက တရုတ်ဘဲ သီးသန့်လာဝယ်လို့ရတဲ့ ကျောက်မျက်ရောင်းဝယ်ရေး နေရာလုပ်တယ်။ အဲ့ဘေးအပေါက်ကနေ မြေအောက်ခန်းဆင်းဖို့ လှေကားသပ်သပ် ထပ်လုပ်တယ်။ လုံခြုံရေးအချိန်ပြည့်ရှိတယ်။ ဘယ်မြန်မာတိုင်းရင်းသားပြည်သူမှ ဆင်းခွင့်မရှိဆိုဘဲ။ အဲ့ဒီမှာငွေမချေဘူး။ တရုတ်ပြည်မှာဘဲ ငွေချေတယ်။ (ရောင်းဝယ်ခွန်၊ ကုန်သွယ်ခွန် ဘာအခွန် ညာအခွန်တွေ လာမပြောနဲ့) သိသိကြီးနဲ့ မှိန်းနေကြလို့ အော်ပေးကြပါလို့အကူအညီတောင်းပါတယ်… Source – အမှန်​တရားဘက်​​တော်​သားများကွန်​ယက်၊ Tun Win Than ၏ ဖေ့ဘုတ်မှ ကူးယူဖော်ပြပါသည်။

ခင်ပွန်းဖြစ်သူကိုထားခဲ့ပြီး တရုတ်မယားအဖြစ်ချမ်းသာစွာနေထိုင်ရမည်ဟုစည်းရုံးကာ လူကုန်ကူးရန်ကြံစည်မှု ဖြစ်ပွား

ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့တွင် စီးပွားရေးမပြေလည်သည့် အမျိုးသမီးအား တရုတ်မယားအဖြစ်ချမ်းသာစွာ နေထိုင်ရန်ပြောဆိုကာ လူကုန်ကူးရန်ကြံစည်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့နေ မ၀ိုင်း၊ ၃၁ နှစ်တို့ လင်မယားတွင် သားတစ်ဦးရှိပြီး စီးပွားရေး မပြေလည်မှုကြောင့် မကြာခဏ ကတောက်ကဆဖြစ်ကြကြောင်း သိရသည်။ ထိုအခြေအနေကို အခွင့်ကောင်းယူကာ မ၀ိုင်း၏အိမ်နီးချင်းဖြစ်သူ မအေးဖြူ၊ ၃၃ နှစ်က လက်ရှိခင်ပွန်းကို ထားခဲ့ပြီး တရုတ်မယားအဖြစ်ချမ်းသာစွာနေထိုင်ရန်နှင့်ကလေးကိုလည်း ခေါ်သွားနိုင်ကြောင်းစည်းရုံးပြောဆိုခဲ့ခြင်းဖြစ်သည်။ထို့ကြောင့် မ၀ိုင်းသည် လွယ်ဂျယ်ရဲတပ်ဖွဲ့ထံသို့ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၇ ရက်၌ သွားရောက်တိုင်ကြားခဲ့ရာ ရဲတပ်ဖွဲ့က မအေးဖြူကိုဖမ်းဆီးနိုင်ရေးအတွက် ၎င်းပြောဆိုသည့်အတိုင်းလိုက်နာပြီး ပူးပေါင်းပါဝင်ပေးရန် တောင်းဆိုကာ ဖမ်းဆီးနိုင်ရေးအကွက်ချစီစဉ်ဆောင်ရွက်ခဲ့ကြသည်။ ရဲတပ်ဖွဲ့၏ညွှန်ကြားမှုအတိုင်း မ၀ိုင်းသည်ကလေးကိုခေါ်ကာ မအေးဖြူခေါ်ဆောင်သည့် တရုတ်နိုင်ငံ၊ ကျန်းဖုန်းမြို့သို့ ဇူလိုင်လ ၈ ရက်တွင်ရောက်ရှိစဉ် ယင်းမြို့ကားဂိတ်၌တရုတ်အမျိုးသားတစ်ဦးနှင့် မအေးဖြူတို့ စကားပြောနေချိန်၌ ရဲတပ်ဖွဲ့ကဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရသိရသည်။ ထို့နောက်...

လက်​ထပ်​ခွင့်​​တောင်းခံလိုက်ရတဲ့ မင်းသမီး​ချော​လေး စံရတီမိုးမြင့်

မျက်နှာဝိုင်းဝိုင်းလေးနဲ့ ချိုသာတဲ့အပြုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့ စံရတီမိုးမြင့်ကတော့ အချိုးအစားကျတဲ့ ခန္တာကိုယ်အချိုးအစားနဲ့ ကြွေလောက်တဲ့ အမူအယာလေးတွေကြောင့် ပရိသတ်တွေရဲ့ချစ်ခင်ခြင်းကို အပြည့်အဝရရှိထားတာပဲ ဖြစ်ပါတယ်။ မကြာခင်အချိန်က စံရတီမိုးမြင့်ဟာ မိုးယံဇွန်နဲ့ စုံတွဲတွေဆိုတဲ့ ကောလဟာလတွေကိုလဲ သူငယ်ချင်းသားဖြစ်ကြောင်း ပရိသတ်တွေ အထင်မှားနေတာကို ဖြေရှင်းခဲ့ရပါသေးတယ်။ ဒီနေ့မှာတော့ စံရတီမိုးမြင့်ဟာ ပုရိသတွေကို အသဲကွဲအောင်လုပ်ခဲ့တာပဲဖြစ်ပါတယ်။ စံရတီမိုးမြင့်က marry me ဆိုတဲ့နေရာမှာ I Said Yes ဆိုပြီး ပြောခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေကတော့ လက်ထပ်ခွင့်တောင်းခံရတယ်ဆိုပြီး Congratulation တွေလုပ်ထားကြတာပဲဖြစ်ပါတယ်။ တစ်နေ့တစ်ခြား ပိုပိုပြီးလန်းလာတဲ့ စံရတီမိုးမြင့်ကတော့ Gymဆော့ရင်းနဲ့ အလှအပကို သေသေချာချာလေး ဂရုစိုက်ဖြစ်နေတာကြောင့် အခုလိုအမိုက်စားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် စံရတီမိုးမြင့်ရဲ့ လက်ထပ်ခွင့်တောင်းခံလိုက်ရတဲ့ ပုံရိပ်လေးကိုဖော်ပြပေးလိုက်ပါတယ်နော်။