လှိုင်သာယာ ပေါ်ဆန်းမွှေး ၄ လမ်း မိသားစုလိုက်လူသတ်မှုဖြစ်စဉ် အစအဆုံးအား မျက်မြင်ကိုယ်တွေ့ဖြစ်ခဲ့တဲ့ သမီးဖြစ်သူရဲ့ ရေးသားမှုအပြည့်အစုံ
လွန်ခဲ့တဲ့ ရက်ပိုင်းလေးအတွင်းကပဲ လှိုင်သာယာ၊ ပေါ်ဆန်းမွှေး ၄ လမ်းမှာ တိုက်သစ်ဆောက်ဖို့အတွက် အိမ်ရှင်တွေက ငှါးရမ်းအလုပ်ပေးထားတဲ့ ပန်းရံအလုပ်သမားတစ်ဦးက ညသန်းခေါင်ချိန် အိမ်ပေါ်တက်ပြီး အိမ်ရှင်တွေကို မိသားစုလိုက်သတ်ဖြတ်မှု အခင်း ဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီ အခင်းဖြစ်စဉ်မှာ သမီးဖြစ်သူရဲ့ မျက်စိရှေ့မှာတင်ပဲ မိဘနှစ်ပါးအသတ်ခံခဲ့ပြီး မိခင်က ပွဲချင်းပြီးသေဆုံးခဲ့သလို ဖခင်က အရေးပေါ်ဌာနမှာကုသမှုခံယူနေရတယ်လို့ သမီးဖြစ်သူရဲ့ရေးသားထားခဲ့တာပါ။ သမီးဖြစ်သူမှာ သတင်းအပြည့်အစုံမဟုတ်ဘဲ လျှော့ပေါ့ရေးသားထားချက်တွေကြောင့် မိဘနှစ်ပါးအသတ်ခံရတဲ့ဖြစ်စဉ်အမှန်အတိုင်းကို မိခင်ရဲ့ဈာပနအတွင်း ရင်နာနာနဲ့ပဲ အခုလိုဖြေရှင်းပြသွားတာ တွေ့ရပါတယ်။ “ဖြစ်စဉ်အပြည့်စုံဖတ်ပေးပါရန်… လှိုင်သာယာ ပေါ်ဆန်းမွှေး ၄ လမ်း လူသက်မှု -တော်စပ်သူ #သမီး သတင်းအမှားများ ပေါ့လျော့ထားသောသတင်းများကြောင့် ရင်နာနာနှင့်တင်လိုက်ရပါသည်။ ကျမ၏အရှေ့တွင်မိဘနှပါး အသက်ခံခဲ့ရပါသည်။ မိခင်ဖြစ်သူမှာ ပွဲချင်းသေဆုံး ခဲ့ပြီး ဖခင်ဖြစ်သူမှာအရေးပေါ်ဌာနသို့ရောက်နေပါသည်။ဖြစ်စဉ်မှာ မောင်ရဲနိုင်ထွန်းဆိုသူသည် တိုက်သစ်ဆောက်နေသောကျမတို့အိမ်၌ အလုပ်သမား(ပန်းရံဆရာအတွဲ)အဖြစ်လာရောက်လုပ်ကိုင်သည်မှာ( ၂ )ပတ်မပြည့်သေးပါ။ ထိုသူအား အလွန်လိမ္မာသော အလုပ်သမားတစ်ဦး အဖြစ်သတ်မှတ်ပီး လုပ်နိုင်ကိုင်နိုင်သူဟုချီးကျူ...