Category: ပြည်တွင်းသတင်း

သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် ၂၀၂၀ ရွေးကောက်ပွဲ ၀င်ပြိုင်မည်

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ၀င်ရောက်ယှဉ် ပြိုင်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပြောခွင့်ရ ဒေါက်တာမျိုးညွှန့်က ပြောပါတယ်။“၂၀၂၀ မှာ ရွေးကောက်ခံဖို့ဆိုတာ ဒါကတော့ ကျနော်တို့ ၀င်ရောက်အရွေးခံမှာပါ။ ဘာလို့လဲဆိုတော့ အင်မတန်အရည်အချင်းရှိတဲ့ လူတွေဆက်ပြီးတော့ တိုင်းပြည်အတွက် သူတို့ရဲ့ လုပ်အားကို ယူရမယ်။ နိုင်ငံတော်သမ္မတကြီးရော၊ နိုင်ငံတော်အတိုင်ပင်ခံရော ဆက်ပြီးတော့ ရွေးကောက်ခံမှာပါ။” ဒါ့အပြင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အစွမ်းကုန်ကြိုးစားသွားမယ်လို့ ဆိုပါတယ်။ဇွန်လ ၈ ရက်နေ့က နေပြည်တော်မှာရှိတဲ့ စည်ပင်ဧည့်ရိပ်သာ ၂ ၀န်းအတွင်းက စားရိပ်သာ ခန်းမမှာ အန်အယ်လ်ဒီပါတီရဲ့ လစဉ်ပုံမှန် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးအပြီးမှာ သတင်းမီဒီယာတွေမေးမြန်းမှုကို ဖြေကြားခဲ့တာပါ။အစည်းအဝေးမှာတော့ ပါတီအတွင်းကိစ္စတွေ၊ ပါတီရေးရာအဖွဲ့ ဖွဲ့စည်းခြင်းကိစ္စတွေ၊ ပါတီရုံး တိုးချဲ့ဖွင့်လှစ်တာတွေနဲ့ ပါတီစည်းကမ်းထိန်းသိမ်းရေးကနေ တင်ပြလာတဲ့ တိုင်ကြားစာ ၂၄...

ကျူရှင်လုံးဝမယူဘဲ တက္ကသိုလ်ဝင်တန်း ၀ိဇ္ဇာဘာသာတွဲမှာ အမှတ်အများဆုံး ရခဲ့သူ မသဇင်ဝင်း

🥇၀ိဇ္ဇာဘာသာတွဲ – မသဇင်ဝင်း၊ ရမှတ်စုစုပေါင်း ၄၉၃ (အထက၊ ကောက်တဲ့ရိုး၊ ကျုံပျော်၊ ဧရာဝတီတိုင်းဒေသကြီး) 👏👏👏 ဧရာဝတီတိုင်း ကျုံပျော်မြို့ နယ် တောက်တဲ့ရိုးက ၂၀၁၉ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ၀ိဇ္ဇာဘာသာတွဲ မှာ အမှတ်အများဆုံးနဲ့ အောင်မြင်ခဲ့သူ မသဇင်ဝင်းက ပြင်ပ ကျူရှင် မယူခဲ့ဘဲ အောင်မြင်ခဲ့သူ ဖြစ်တယ်လို့ မိဘတွေက ဘီဘီစီကို ပြောပါတယ်။ မသိတဲ့စာတွေကို ကျောင်းက ဆရာမတွေကိုမေးခဲ့တယ်၊ တစ်နေ့ စာ တစ်နေ့ ပြီးအောင် ဖတ်လို့ အခုလို ဂုဏ်ထူးနဲ့ ထူးထူးချွန်ချွန် အောင်ခဲ့တာလို့ ဆိုပါတယ်။ မသဇင်ဝင်းက ကလေးတွေကို စာပြန် သင်ပေးချင်လို့ ဆရာမဖြစ်ချင် ပြီး ပညာရေး တက္ကသိုလ် ဆရာ အတတ်သင် တက်ပြီး ဘီအီးဒီ ဘွဲ့ယူနိုင်ဖို့ ရည်မှန်းထားတယ်လို့ မသဇင်ဝင်းက ပြောပါတယ်။ Credit-ဘီဘီစီ

ဗိုလ်ကြီးဟောင်းနေမျိုးဇင်၏ သားဖြစ်သူမောင်အောင်သန့် ဇင် ၅ ဘာသာဂုဏ်ထူးဖြင့် အောင်မြင်

အများပြည်သူအကျိုးပျက်စီးစေမှု ၊နိုင်ငံတော်အကြည်ညိုပျက် စေမှု ပုဒ်မ ၅၀၅(က)(ခ)ဖြင့် တပ်မတော်၏တရားစွဲဆိုခဲ့ခြင်းခံထားရသည့် ဗိုလ်ကြီးဟောင်းနေမျိုးဇင်၏သားဖြစ်သူ မောင်အောင်​သန့်​ဇင်​မှာယနေ့ (ဇွန် ၈ )တွင်ထုတ်ပြန်ခဲ့သည့် ၂၀၁၈-၁၉ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းတွင် ၅ ဘာသာဂုဏ်ထူးဖြင့်အောင်မြင်ခဲ့ကြောင်းသိရသည်။ ဗိုလ်ကြီးဟောင်း နေမျိုးဇင်သည် ဧပြီ ၂ ရက်နေ့ ညနေပိုင်းက အဖျောက်မြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်အနီးတွင် ပြုလုပ်ခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဟောပြောပွဲမှ ပြောကြားချက်များနှင့်ပတ်သက်၍ တပ်မတော်၏ တရားစွဲဆိုမှု့ ကို ခံခဲ့ရခြင်းဖြစ်သည်။ ယမန်နေ့ ( ဇွန် ၇ ရက်နေ့ )က တိုက်ကြီးတရားရုံးတွင် ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ၅ ကြိမ်မြောက်ရုံးထုတ်ခဲ့ရာတွင် လိုင်သာယာ၊ရွှေပြည်သာ၊သန်လျင်၊တိုက်ကြီးနှင့်အဖျောက်မြို့များမှ ပြည်သူများက “တပ်မတော်၏ တရားစွဲဆိုမှုများ ရုပ်သိမ်းပေးပါ” စာသားပါအင်္ကျီများကိုဝတ်ဆင်ကာ လာရောက်ဝန်းရံခဲ့ကြသလို တာဝန်ရှိသူများကလည်း လုံခြုံရေးတင်းကျပ်စွာ ချထားခဲ့သည်ကို တွေ့ ရသည်။ Credit-The Ladies

စာမေးပွဲကံမကောင်းတဲ့ အဘဦးစိုင်းအောင်ညွှန့် မလျှော့သောဇွဲဖြင့် ပြန်ဖြေမည်

အသက် ၇၃နှစ်အရွယ် ဦးစိုင်အောင်ညွှန့်သည် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝန်တန်းစာမေးပွဲ မအောင်မြင်ခဲ့သော်လဲ ဇွဲမလျှော့ပဲ ဆက်လက်ဖြေဆိုမည်ဖြစ်သည်။ “ ဒီနှစ်တော့မအောင်ဘူး။ ဒါပေမယ့် အားလုံးအောင်ပြီး အဖိုးကြီးမအောင်တာတော့မဖြစ်ချင်ဘူး၊ အဲ့ဒါကြောင့် ဒီနှစ်ပြန်ဖြေမယ်။” ဟု ဦးစိုင်အောင်ညွှန့်က News Watch ကိုပြောသည်။ ပြီးခဲ့သည့်နှစ်က နှစ်ဝက်လောက်မှစ၍ စာကိုလေ့လာခဲ့သည့်အတွက် စာမေးပွဲဖြေသည့်အတွက် အကန့်အသတ်ရှိခဲ့ပြီး ယခုနှစ်တွင် နှစ်စမှစတင်ကာ စာများကိုလေ့လာမည်ဖြစ်ကြောင်း ၄င်းကပြောသည်။ အဘိုး ဦးစိုင်းအောင်ညွှန့်သည် ၂၀၁၉တက္ကသိုလ်ဝင်စာမေးပွဲကို သိပ္ပံဘာသာတွဲ(အတွဲ ၇)ဖြင့်ချမ်းအေးသာစံမြို့နယ် အမှတ် ၅ အခြေခံပညာ အထက်တန်းကျောင်းတွင် ဖြေဆိုခဲ့ခြင်းဖြစ်သည်။ Credit-စောင့်ကြည့်သတင်းဂျာနယ်

မီရုပ်ရှင်ကားကို ဝေဖန်ခဲ့သည့် ဆရာဝန်မကြီး၏ အကြံပေးချက်ကြောင့် မယ်ခွေကဗျာကို သင်ရိုးမှ ပယ်ဖျက်ခဲ့ခြင်းဖြစ်ဟုဆို

မီရုပ်ရှင်တွင် ပိုင်ဖြိုးသုဆေးလိပ်သောက်သည်ကို ဝေဖန်သည့်ဆရာဝန်မကြီး၏ အကြံပေးချက်ကြောင့် မယ်ခွေကဗျာကို ပညာရေးဝန်ကြီးဌာနက သင်ရိုးမှပယ်ဖျက်ခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံတော်သမ္မတရုံးကပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးကပြောသည်။ “အဲ့တော့ ဒီပါရဂူဆရာမကြီးပေါ့။သူကတော့အရင်တုန်းက ဆေးလိပ်ဆန့်ကျင်ရေးတော်တော် တက်တက်ကြွကြွလုပ်လာတဲ့လူလို့ ကျွန်တော်တို့သိရတယ်။ မီရုပ်ရှင်ဇာတ်ကားမှာလည်းမင်းသမီးပိုင်ဖြိုးသုဆေးလိပ်သောက်တဲ့အတွက် သူဝေဖန်လို့ အဲဒီမှာတော်တော်များများ အုတ်အော်သောင်းနင်းဖြစ်ပြီးတော့ ပြန်ပြီးတော့သတင်းစာရှင်းလင်းပွဲလုပ်ရတဲ့အနေအထားရှိခဲ့တယ်လို့သိရတယ်” ဟု ဦးဇော်ဌေးကပြောသည်။ပညာရေးဝန်ကြီးဌာနက အမည်မဖော်လိုသူညွှန်ကြားရေးမှူးချုပ်တစ်ဦးကို ပါမောက္ခဆရာဝန်မကြီးတစ်ဦးက ကမ္ဘာနှင့်တစ်ဝှမ်းတွင်ဆေးလိပ်သောက်သုံးမှုတိုက်ဖျက်နေသည့် အချိန်တွင်မြန်မာစာသင်ရိုးညွှန်းတမ်း၌ပါဝင်သည့် မယ်ခွေ၏လက်ဆောင်ကဗျာကြောင့် ကျောင်းသူ/သားများ ဆေးလိပ်သောက်သုံးမှုကို အကောင်းမြင်ပြီး ဆေးလိပ်သောက်လာနိုင်ကြောင်း အကြံပေးခဲ့သည်ဟုသိရသည်။ ထို့ကြောင့် မယ်ခွေ၏လက်ဆောင်ကဗျာကို သင်ရိုးညွှန်းတမ်းကဖြုတ်သင့်ကြောင့်အကြံပေးမှုကို ၎င်းညွှန်ကြားရေးမှူးချုပ်က ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယင်းအကြောင်းအရာနှင့်ပတ်သက်၍ စာတင်ခဲ့ကြောင်း ဦးဇော်ဌေးကပြောသည်။ထိုအချိန်မှစ၍ မြန်မာစာအဖွဲ့အစည်းအဝေးနှင့် ပညာရေးဝန်ကြီးဌာနမှပြုလုပ်သည့် အစည်းအဝေးအဆင့်ဆင့်တို့တွင် ဆွေးနွေး၍ယင်းကဗျာနှင့် ခုနှစ်တူညီသည့် ဦးကျော့သမီးရေးသားသည့် ‘အေးခွင့်မဖန်’ကဗျာကို ‘လက်ဆောင်’ကဗျာနေရာတွင် အစားထိုးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထိုကဗျာကြောင့် ကျောင်းသူ/ကျောင်းသားများ ဆေးလိပ်သောက်သုံးမှုရှိမရှိ၊ သုသေနစစ်တမ်းများ မပြုလုပ်ဘဲ သင်ရိုးမှဖြုတ်ချခဲ့မှုအပေါ် ပညာရေးဝန်ကြီးဌာနမှတာဝန်ရှိသူများကို သတိပေးထားကြောင်းသိရသည်။“နောင်တစ်ချိန်မှာတော့ ဒီလိုမျိုးသင်ရိုးညွှန်းတမ်းပြင်တဲ့ကိစ္စတွေမှာတော့ ကျန်းမာရေးကိစ္စပေါ့ထားပါတော့ဒီလိုမျိုးကိစ္စနဲ့ပတ်သက်လို့တော့ ပေါ့ပေါ့ဆဆမလုပ်ဖို့တော့လိုတယ်။ ဒါလည်းပညာရေးကတာဝန်ရှိတဲ့သူကိုကျွန်တော်တို့ပြောပါတယ်”...

စီမံခန့်ခွဲမှုကောင်းမွန်သဖြင့် မီးအလှည့်ကျပေးနိုင်ခဲ့ဟု ရန်ကုန်တိုင်းလျှပ်စစ်ဝန်ကြီးပြော

ရန်ကုန်တိုင်းဒေသကြီးအတွင်း စီမံခန့်ခွဲမှုကောင်းမွန်သည့်အတွက် အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်ခြင်းမရှိဘဲ အလှည့်ကျလျှပ်စစ်မီးပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါ်နီလာကျော်က ပြောသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ဇွန်လ ၅ ရက်ကကျင်းပသော ၂၀၁၈-၁၉ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တတိယ(၁)နှစ်တာလုပ်ငန်းဆောင်ရွက်မှုသတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ ပြောခြင်းဖြစ်သည်။“ မိုးတွင်းမရောက်သေးတဲ့နွေမှာ ဆည်တွေမှာရေခမ်းတဲ့ကိစ္စရော၊ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေ ဖြစ်ပါတယ်။ အားလုံးသိပြီးလည်းဖြစ်ပါတယ်။ သို့သော်လည်း ဒီနှစ်မှာတော့ စီမံခန့်ခွဲမှုကောင်းမွန်တဲ့အတွက် လျှပ်စစ်ကိုအရင်းတုန်းကလို နာရီပေါင်းများစွာရှည်ကြာပြတ်တောက်ခြင်းမျိုးမဟုတ်တော့ဘဲ စနစ်တကျ အလှည့်ကျပေးနိုင်ခဲ့တယ်” ဟု ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လျှပ်စစ်ထုတ်လုပ်ရေး၊ လျှပ်စစ် သွယ်တန်းခြင်းနှင့် လျှပ်စစ်ဖြန့်ဖြူးခြင်းအပိုင်းသုံးပိုင်းတွင် လျှပ်စစ်သွယ်တန်းခြင်းနှင့် ဖြန့်ဖြူးခြင်းအပိုင်းကိုသာ ဆောင်ရွက်ပြီး လျှပ်စစ်ထုတ်လုပ်ခြင်းကိုပြည်ထောင်စုအစိုးရအဖွဲ့ကသာဆောင်ရွက်ခြင်းဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၀ ခုနှစ်၌ ၁၄၀၀ မဂ္ဂါဝပ်အထိ အသုံးပြုနိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့က...

YBS ယာဉ်စီးခငွေပေးချေတဲ့ ကဒ်ကို ဈေးဝယ်ကဒ်အဖြစ်ပါ အသုံးပြုလို့ရအောင် စီစဉ်နေ

YBS ယာဉ်တွေမှာ ငွေပေးချေတဲ့ ကတ်ကို ဈေးဝယ်ကတ်အဖြစ်ပါ အသုံးပြုနိုင်အောင် စီစဉ်နေတာကြောင့် အချိန်ယူ ပြင်ဆင်နေရတယ်လို့ ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားလိုက်ပါတယ်။ဇွန်လ ၅ ရက်က ရန်ကုန်တိုင်းအစိုးရရုံးခန်းမှာ ပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းအစိုးရ တတိယ (၁) နှစ်တာ ဆောင်ရွက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ YBS ယာဉ်လိုင်းတွေမှာ ကားခပေးတဲ့စနစ်ကို ငွေကြေးအစား (Yangon Payment Service) YPS ကတ်စနစ်နဲ့ ပေးနိုင်ဖို့အတွက် စီစဉ်နေရာ အဆိုပါကတ်ကို YBS ယာဉ်တွေ၊ Water Bus၊ မီးရထား အစရှိတဲ့ အခြားသယ်ယူပို့ဆောင်ရေးကဏ္ဍတွေ အပြင် ဈေးဝယ်တာက အစအသုံးပြုလို့ရတဲ့ ကတ်စနစ်ဖြစ်အောင် ဆောင်ရွက်နေတယ်လို့ ဒေါ်နီလာကျော်က ပြောကြားခဲ့တာပါ။“ စနစ်တိုင်းမှာ အသုံးပြုလို့ရမယ့် ကတ်ဖြစ်တဲ့အတွက် စနစ်တကျ စီစဉ်ဆောင်ရွက်နေတာဖြစ်ပါတယ်။ မကြာခင်လပိုင်းအတွင်းမှာ YPS လို့ခေါ်တဲ့...

လာမည့်နှစ်များအတွင်း ကားများမီးခိုးထွက်နေလို့ မရတော့ဟု ဦးဖြိုးမင်းသိန်း ပြော

လေထုမညစ်ညမ်းစေရေးအတွက် ယခု ၂၀၁၉ ခုနှစ်အတွင်း မီးခိုးအလုံးလိုက်ထွက်သောကားများကို ဖမ်းဆီးတော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောလိုက်သည်။ ရန်ကုန်တက္ကသိုလ်ရှိ စိန်ရတုခန်းမတွင် ဇွန်လ ၅ ရက်ကကျင်းပသော ၂၀၁၉ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။“ ကျွန်တော်တို့မြို့မှာမောင်းနှင်နေတဲ့ကားတွေမီးခိုးထွက်နေတဲ့ကားတွေကို ထိန်းသိမ်းရမှာဖြစ်ပါတယ်။ အင်ဂျင် ကျနေတဲ့ မီးခိုးထွက်နေတဲ့ကားတွေကို လမ်းမပေါ်မှာမောင်းလို့မရနိုင်ပါဘူး။ ကျွန်တော်တို့က တတ်နိုင်သလောက် လူထုရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် တချို့အခြေအနေတွေကို တတ်နိုင်သလောက် ထိန်းသိမ်းပြီးဆောင်ရွက်နေတာတွေရှိပါတယ်။ လာမယ့်နှစ်တွေထဲမှာတော့ ကားတွေက မီးခိုးထွက်နေလို့ မရတော့ဘူးလို့ ပြောရတော့မှာဖြစ်ပါတယ်။ လေထုမညစ်ညမ်းစေဖို့ ၂၀၁၉ ခုနှစ်အတွင်း မီးခိုးအမဲရောင် အလုံးလိုက်ထွက်နေတဲ့ကားတွေကို ဖမ်းဆီးတော့မှာပါ” ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။ လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ်သေဆုံးသူဦးရေ ၃.၇ သန်းရှိပြီး အဆိုပါသေဆုံးမှုအနက် ၂.၆ သန်းသည် အရှေ့တောင်အာရှနှင့်အနောက်ပစိဖိတ်ဒေသများမှဖြစ်ကြောင်း သိရသည်။ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁၉၃ နိုင်ငံအနက် နိုင်ငံပေါင်း ၉၀ တွင်...

သနပ်ပင်မြို့တွင် မင်္ဂလာဆောင်ခါနီးသတို့သားအား ရည်ရွယ်ချက်ရှိရှိ ကားဖြင့်တိုက်သတ်သည်ဟုဆိုကာ သတင်းစာရှင်းလင်း

မေ ၁၇ ရက် နံနက်ပိုင်းက ပဲခူးနှင့်သနပ်ပင်ကြားတွင် မင်္ဂလာဆောင်ရန်ရက်အနည်း ငယ်သာလိုသော အမျိုးသားတစ်ဦးမှာယာဉ် တိုက်မှုကြောင့် သေဆုံးသွားခဲ့ပြီး သနပ်ပင်မြို့မရဲစခန်းတွင် သာမန်ယာဉ်တိုက်မှုဖြင့် အမှုဖွင့်ထားခြင်းမှာ မှန်ကန်မှုမရှိဘဲ ကားဖြင့် မသေမချင်းတိုက်သတ်သည့် အမှုဖြစ်သည်ဟုဆိုကာ နစ်နာသူကာယကံရှင်များက ဇွန် ၅ ရက် ညနေပိုင်းက သနပ်ပင်မြို့ ဗိုလ်ချုပ်အောင်ဆန်းခန်းမတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည် ဖြစ်စဉ်မှာ မေ ၁၇ ရက်နံနက် ၉ နာရီ မိနစ်၂၀ ခန့်က ပဲခူး-သနပ်ပင်ကားလမ်းမိုင် တိုင်အမှတ်၅/၄နှင့် ၅/၅အကြားတွင် ပဲခူးမြို့ဘက်မှ သနပ်ပင်မြို့ဘက်သို့ လင်းအောင် (၂၇ နှစ်) (အဘ) ဦးတင်မောင် သနပ်ပင်မြို့ ရေကျော်ရပ်ကွက်နေသူမောင်းနှင်လာသော ယာဉ်အမှတ် ၆၈ယ/၂၆၀၅၄၁ Honda Dream 125 အမျိုးအစားအနက်ရောင် ဆိုင်ကယ်အား လားရာတူ ပဲခူးဘက်မှ သနပ်ပင်ဘက်သို့ ယာဉ်မောင်း ပြည့်စုံ (အဘ)ဦး အောင်ရွှေသနပ်ပင်မြို့...

ရန်ကုန်မြို့ရှိ မီးပွိုင့်အသစ်များမှာ ကားပိတ်ခြင်းကိုမဖြေရှင်းနိုင်သဖြင့် ပြန်လည်အဆင့်မြှင့်တင်မည်

လက်ရှိ ရန်ကုန်မြို့အတွင်းအသုံးပြုနေသော ဆင်ဆာစနစ်သုံးမီးပွိုင့်များမှာ ယာဉ်ကြောကျပ်တည်းမှုကို မဖြေရှင်းနိုင်သဖြင့် နည်းပညာပြန်လည်အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံး (နေပြည်တော်)မှ သိရသည်။ ပြီးခဲ့သည့်အစိုးရလက်ထက်တွင် နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်၏ရန်ပုံငွေအနက် ငွေကျပ်ဘီလျံ ၂၀ ဖြင့် ရန်ကုန်မြို့တွင်းရှိ မီးပွိုင့်ပေါင်း ၁၅၄ ပွိုင့်ကို ဆင်ဆာစနစ်သုံးစနစ်ဖြင့် အသစ်တပ်ဆင်ခဲ့ခြင်းဖြစ်သည်။ “ မီးပွိုင့်တွေက တပ်လို့ပြီးပြီ။ ဒါပေမယ့် ယာဉ်ကြောကျပ်တည်းမှုကို မဖြေရှင်းနိုင်သေးဘူး။ နည်းပညာကို ပြန်အဆင့်တင်ဖို့အတွက် ကုမ္ပဏီဘက်က ပြင်ဆင်နေတယ်။ ပြီးတော့ မီးပွိုင့်တွေကအကုန်လုံးတပ်ပြီးနေပြီ။ ဒါပေမယ့် တိုင်းအစိုးရအဖွဲ့ကိုလွှဲတဲ့အခါမှာ စာချုပ်မှာ သတ်မှတ်ထားတဲ့ အချက်အလက်တွေက မပြည့်စုံသေးဘူး။ ဒါကိုပြန်ပြီးတော့ ညှိနှိုင်းနေတယ်လို့ သိရတယ်။ လက်ရှိမှာလည်း မီးပွိုင့်ကနေပြီးတော့ အရေးယူမှုတွေ ပြုလုပ်နေတာတွေရှိပါတယ်” ဟုယာဉ်ထိန်းတပ်ဖွဲ့မှူးရုံး(နေပြည်တော်)မှ (တပ်ဖွဲ့စုမှူး အောင်ကိုဦး) တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါ ဆင်ဆာစနစ်သုံး မီးပွိုင့်များကို ယာဉ်ကြောကျပ်တည်းမှု ဖြေရှင်းဆောင်ရွက်ရန် အဆင့်မြှင့်တင်ခဲ့ဖြစ်ပြီး မီးပွိုင့်များကိုထိန်းချုပ်နိုင်ရန် ပြည်သူ့ရင်ပြင်နက္ခတ်တာရာ ပြခန်းအနီးတွင်...