ဒီကနေ့မှာဖွင့်တဲ့ သိန်းတစ်သောင်းခွဲဆုကို ဟင်္သာတမြို့က ၂ ကြိမ်ဆက်ကံထူး

ပရိသတ်ကြီးရေ ဒီကနေ့မှာဖွင့်တဲ့ အောင်ဘာလေသိန်းတစ်သောင်းခွဲဆုကြီးကတော့ ဟသာင်္တမြို့ကနေ့ ဆွတ်ခူးသွားတာပဲဖြစ်ပါတယ်။ အများမြှော်လင့်နေတဲ့ အကြီးဆုံးထီဆုကြီးကတော့ ထီဖွင့်ပွဲ မပြီးခင်မှာပဲ ဟသာင်္မြို့ကပေါ်ထွက်လာတာပဲဖြစ်ပါတယ်။ ဒီနေ့မနက်ဖွင့်တဲ့ အောင်ဘာလေထီဖွင့်ပွဲရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ သိန်းတစ်သောင်းခွဲကို ဟင်္သာတမြို့ရဲ့ စွယ်တော်ထီဆိုင်က ရရှိသွားပါတယ်။ ဒါပေမယ့် ကံထူးရှင် မည်သူမည်ဝါ ဖြစ်တယ်ဆိုတာ မသိရသေးပဲ ကံထူးသူကို စုံစမ်းစဲလို ဆိုပါတယ် ။ ဟင်္သာတမြို့က သိန်းတစ်သောင်းခွဲဆုကို ၂ လဆက်တိုက် ရရှိခဲ့တာ ဖြစ်ပါတယ်။ ဘယ်သူပေါက်တယ်ဆိုတာ ပရိသတ်တွေ သိရှိဝမ်းသာရအောင် ဆက်လက်ဖော်ပြပေးပါမယ်နော်။ Video ကြည့်ရန် CRD-Delta News Agency

ခိုင်နှင်းဝေရဲ့ဂေဟာမှာ မွေ့ရာနဲ့အိပ်ရာခင်းတွေကိုရာသက်ပန်လှူဒါန်းမယ့် ဒေါက်တာကေသရီကျော်

ခိုင်နှင်းဝေကတော့ အောင်မြင်နေတဲ့ ဝါရင်သရုပ်ဆောင်တွေထဲက တစ်ယောက်အပါအဝင် ဖြစ်ပြီးတော့ ပရိသတ်အားပေးမှုကို ပိုင်ဆိုင်ရရှိထားတာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမဟာ ခိုင်နှင်းဝေ ပရဟိတဂေဟာလေး တည်ထောင်ကာ မိဘမဲ့ကလေးတွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ ပရဟိတ မေမေကြီးတစ်ယောက်ဆိုနိုင်ပါတယ်။ Single mother မိခင်တွေကို ကူညီစောင့်ရှောက်ပေးရင်းကနေ ကလေးတွေကို စပြီးတော့မွေးဖြစ်သွားသူတစ်ယောက်ဖြစ်ပြီးတော့ ဘဝအတွက်ခက်ခက်ခဲခဲ လျှောက်လှမ်းနေရတဲ့ မိဘတွေရဲ့ ကလေးတွေကို ကျွေးမွေးစောင့်ရှောက်နေတာဖြစ်ပါတယ်။လာရောင်အပ်နှံထားတဲ့ ကလေးတွေအပြင် မွေးစား စောင့်ရှောက်ထားတဲ့ ကလေးအားလုံးကို မူရင်းမိဘတွေဆီ ဘယ်တော့မှ ပြန်ပေးမှာ မဟုတ်ကြောင်း မခိုင်နှင်းဝေကဆိုထားပြီး ဂေဟာမှာ (၁)နှစ်ထက်ကလေးတွေကိုလည်း လက်မခံဘူးလို့ သိရှိရပါတယ်။ လတ်တလောမှာတော့ တဖြည်းဖြည်းနဲ့ အရေအတွက် တိုးပွားလာတဲ့ မိဘမဲ့ကလေးတွေအတွက် တိုက်ခန်းကျယ်လေးကို ငှါးလိုက်ရတာဖြစ်ပြီး တိုက်ခန်းအသစ်လေးကို ပြောင်းရွှေ့လာခဲ့တာ လက်ရှိမှာ (၄)ရက်မြောက်နေ့မှာတော့ ” ဂေဟာလေး(၁)နှစ်စာချုပ်နဲ့ ငှားတဲ့ သတင်းကို ကြားလိုက်တော့ ကလေးတွေအတွက် မွေ့ရာ အိပ်ရာခင်း ခြင်ထောင်...

အိန္ဒိယမှ မြန်မာနိုင်ငံသို့ နှစ်ပေါင်း ၃၀ ကျော်သက်တမ်းရှိရေငုပ်သဘောင်္လွှဲပြောင်းပေးမည်

အိန္ဒိယမှ နှစ်ပေါင်း ၃၀ ကျော်သက်တမ်းရှိရေငုပ်သဘောင်္ကို မြန်မာနိုင်ငံသို့လွှဲပြောင်းပေးမည် ဖြစ်ကြောင်း အိန္ဒိယနိုင်ငံရှိ ပြည်တွင်းသတင်းဌာနများတွင်ဖော်ပြထားချက်အရ သိရသည်။အဆိုပါ ရေငုပ်သင်္ဘောမှာ INS sindhubvir အမည်ရှိပြီး အိန္ဒိယက ရုရှားနိုင်ငံမှ ၁၉၈၀ ခုနှစ်တွင် ၀ယ်ယူခဲ့ခြင်း ဖြစ်သည်။ “အဲဒီရေငုပ်သဘောင်္ကက ရုရှားက၀ယ်ထားတာ။အခု အဆင်မြှင့်နေတယ်လို့သိရတယ်။ ဒီဇယ်လျှပ်စစ် အင်ဂျင်နဲ့သွားတယ်။ ဘာပဲပြောပြောကမ်းရိုးတန်းပိုင်ဆိုင်တဲ့နိုင်ငံတစ်ခုအနေနဲ့ လေပေါ်ရေပေါ် ကာကွယ်ရေးရှိတာပိုကောင်းတယ်။ ဒါပေမဲ့ ရေငုပ်သင်္ဘောကတစ်စီးနဲ့တော့မလုံလောက်ဘူးဗျ။ ကျွန်တော်ထင်တယ်။ ၂ စီးတော့ ၀ယ်လိမ့်မယ်’’ဟု တပ်မတော်အသိုင်းအ၀ိုင်းနှင့်နီးစပ်သူ ဗိုလ်မှူးကြီးဟောင်းဦးလှဆွေက ပြောသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လအတွင်း အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ်ရောက်ရှိနေပြီး ဇူလိုင်လ ၂၉ ရက်တွင် အိန္ဒိယနိုင်ငံပြည်ပရေးရာဝန်ကြီးနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံလုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးဝက်ဘ်ဆိုဒ်မှလည်း ထုတ်ပြန်ထားသည်။အဆိုပါ INS sindhubvir အမည်ရှိရေငုပ်သင်္ဘောမှာ တန်ချိန် ၃၀၀၀ ရှိကာ ရေအနက် မီတာ...

(၆) ကြိမ်မြောက် အောင်ဘာလ သိန်းတစ်သောင်းခွဲ ထီပေါက်စဉ် တိုက်ရန်

(၆) ကြိမ်မြောက် ထီပေါက်စဉ် ၁.၈.၂၀၁၉ သိန်းတစ်သောင်းခွဲဆု – မ ၇၁၄၂၉၁ / သိန်းတစ်သောင်းဆု – ကက ၉၈၆၅၄၅ / သိန်း ၅၀၀၀ဆု – ဎ ၃၁၂၀၇၅ / င ၆၄၈၄၉၆ / သိန်း ၂၀၀၀ဆု – င ၈၄၁၁၂၇ / န ၈၂၈၇၆၁ / ဓ ၆၃၂၄၅၀ သိန်း ၁၀၀၀ဆု – ဎ ၃၁၈၉၄၉ / ဋ ၉၄၄၉၈၀ / ည ၅၄၇၃၈၆ / ထ ၃၇၂၆၀၁ / အ ၃၃၉၉၈၁ / ဆ ၈၂၅၀၆၈ သိန်းတစ်သောင်းခွဲမှငါးသိန်းထိ အားလုံးအစဉ်လိုက်တူမှရမည်(တွတ်မရပါ ဒဲ့မှပေါက်မည်) ဝေဝေဆာဆာပဒေသာ(၃)သိန်းဆု ရှေ့အက္ခရာနဲ့ရှေ့ဂဏန်း ၅...

လယ်တီဆရာတော်ဘုရားကြီးရဲ့ အရပ်(၁၀)မျက်နှာ မေတ္တာပို့ကို အလွတ်ရွတ်ဖတ်ပူဇော်ပြခဲ့တဲ့ မယ်လိုဒီရဲ့သားသားလေး

မယ်လိုဒီကတော့ အောင်မြင်တဲ့ မော်ဒယ်သရုပ်ဆောင်တစ်ယောက်အနေနဲ့ လွန်ခဲ့တဲ့ ဆယ်ဆုနှစ်တစ်ခုကျော်လောက်ကတည်းကအနုပညာလောကမှာ ရပ်တည်နေတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။သူမရဲ့ ပီပြင်လှတဲ့ သရုပ်ဆောင်မှုတွေကြောင့် (၂၀၁၁) ခုနှစ်မှာ “ထာဝရအလင်းတန်းများ” ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု ရရှိခဲ့ပါသေးတယ်။ လက်ရှိမှာဆိုရင်တော့ မယ်လိုဒီဟာချစ်စရာကောင်းတဲ့ သားသားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြိး ပျော်ရွှင်သာယာတဲ့မိသားစုဘ၀လေးကိုတည်ဆောက်ထားတာပဲဖြစ်ပါတယ်။ မယ်လိုဒီရဲ့ သားသားလေး “သိဒ္ဓိစစ်”ဟာလည်း ချစ်စရာကောင်းပြီး လိမ္မာရေးခြားရှိတဲ့ ကလေးလေးတစ်ယောက်ဖြစ်တဲ့ အပြင် ဘုရားတရား ကိုင်းရှိုင်းတဲ့ကလေးလေးတစ်ယောက်ဆိုလည်းမမှားပါဘူးနော်။ ဒီနေ့ ဇူလိုင်လ (၃၁)ရက်နေ့မှာတော့ မယ်လိုဒီရဲ့ သားသားလေး”သိဒ္ဓိစစ်”ဟာ “လယ်တီဆရာတော်ဘုရားကြီးရဲ့ အရပ်(၁၀)မျက်နှာ မေတ္တာပို့”ကို အသံနေအသံထားမှန်မှန်နဲ့ အလွတ်ရွတ်ဖတ်ပူဇော်နေတာဖြစ်ပြီး သားသားလေး မေတ္တာပို့နေတဲ့ ဗီဒီယိုလေးကို “သူတစ်ပါးကိုကောင်းသောဘက်မှကူညီနိုင်တဲ့လူကောင်းလေးဖြစ်ပါစေ သားသားရေ Siddhi Sitt (သိဒ္ဓိစစ်) မေတ္တာလေး ရကြပါစေရှင်”လို့ သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေပေးထားတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ လိမ္မာယဉ်ကျေးတဲ့ သားသားလေး သိဒ္ဓိစစ်ရဲ့ မေတ္တာပို့ ဗီဒီယိုလေးကို ကြည့်ပြီး မှတ်ချက်လေးတွေရေးပေးသွားပါဦးနော်။

ချင်းပြည်နယ်က တောင်သူဦးကြီးတွေ စိုက်ပျိုးစားသုံးဖို့ ဒန့်ဒလွန်မျိုးစိတ် (၇၀၀) ခန့် လှူဒါန်းခဲ့ပြန်တဲ့ ဝေဠုကျော်

ဝေဠုကျော်ကတော့ ပရိသတ်အားပေးမှုကို တခဲနက်ပိုင်ဆိုင်ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီးတော့ ကျရာကာရိုက်တာပိုင်းကို ပီပြင်အောင်သရုပ်ဆောင်နိုင်ပြီး သူရဲ့ ပထမဆုံးအကယ်ဒမီဆုကို “ပင်လယ်ထက်က နေ၀န်းနီ”ရုပ်ရှင်ဇာတ်ကားနဲ့ ပိုင်ဆိုင်ရရှိထားတာဖြစ်ပါတယ်။ လက်တလောမှာတော့ ဒါရိုက်တာညိုမင်းလွင် ရိုက်ကူးမယ့် “မနုစာရီ”ဇာတ်ကားမှာ ကွန်လွန်သွားတဲ့ အချစ်ဆုံးသူငယ်ချင်း အောင်ဇော်နေရာမှာ ပါဝင်ကူညီသရုပ်ဆောင်ခဲ့ရတာဖြစ်ပါတယ်။ ဝေဠုကျော်ဟာ “Wai Lu Kyaw Foundation ” ဆိုတဲ့ ဖောင်ဒေးရှင်းတည်ထောင်ကာ ပြည်သူတွေအတွက် ရေးဘေး၊လေဘေးစတဲ့ ဒုက္ခခံစားနေရတဲ့ နေရာတွေမှာ ကူညီကယ်ဆယ်ပေးနေတဲ့ ပြည်သူ့အကျိုးပြု အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ဇူလိုင်လ (၂၉)ရက်နေ့ကလည်း ချင်းပြည်နယ်မှာ အမှန်တကယ်လိုအပ်နေတဲ့ စာသင်ကျောင်း(၇)ကျောင်းကို အလှူရှင်တွေနဲ့ အတူကိုယ်တိုင်လည်း ပါဝင်ဆောက်လုပ်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ ချင်းပြည်နယ်က တောင်သူဦးကြီးတွေ စိုက်ပျိုးစားသုံးဖို့ အတွက် ဒန့်ဒလွန်မျိုးစိတ် (၇၀၀) ခ န့် ကိုယ်တိုင်လှူဒါန်းခဲ့တဲ့ အကြောင်း”ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ မှ ရွာများတွင် စိုက်ပျိုးရန်အတွက် အိန္ဒိယမျိုး (၆)လ ဒန့်ဒလွန်စေ့...

ဘုန်းကြီးထွက်ပြီးမိန်းမယူသွားသူအား တစ်ကျောင်းတည်းသတင်းသုံးခဲ့သည့်ဘုန်းကြီးက ဓားဖြင့်လှီးသတ်မှု ဖြစ်ပွား

ဘုန်းကြီးထွက်ပြီးမိန်းမယူသွားသူအား တစ်ကျောင်းတည်းသတင်းသုံးခဲ့သည့်ဘုန်းကြီးက ဓားဖြင့်လှီးသတ်မှု သင်္ဃန်းကျွန်းမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ (က)ရပ်ကွက်၊ ဇေယျသုခလမ်းရှိ စစ်ကိုင်းစာသင်တိုက်တွင် ဇူလိုင်လ ၃၀ ရက်၊ နံနက် ၄ နာရီခန့်က ဘုန်းကြီးကျောင်းသားဖြစ်သူ ဖိုးအေး၊ (၂၅)နှစ်ဆိုသူအား လည်ပင်းပြတ်ရှဒဏ်ရာနှင့်တွေ့ရှိခဲ့သဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ အဆိုပါသေဆုံးမှုကို သက်ဆိုင်ရာရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးခဲ့ရာ ယင်းကျောင်းတိုက်မှ ဦးပညာသီရိ(ခ) ကိုဖြိုး၊(၂၄)နှစ်၊ ဝါတော်(၅)ဝါကသတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းသည် မိန်းမစိတ်ပေါက်နေသူဖြစ်ကြောင်းလည်း သိရသည်။ ပြစ်မှုကျူးလွန်သူ၏ထွက်ဆိုချက်အရ သေဆုံးသူဖိုးအေးသည် လွန်ခဲ့သော(၃)နှစ်ခန့်က ဦးသုစိတ္တဘွဲ့ အမည်ဖြင့်ဘုန်းကြီးဝတ်ကာ ၎င်းနှင့်အတူသီတင်းသုံးနေထိုင်ခဲ့ပြီး ယခု ၂၀၁၉ ခုနှစ်တွင်လူထွက်ကာ ရွာသို့ပြန်သွား၍ အိမ်ထောင်ပြုခဲ့ကြောင်း သိရသည်။ ထိုသို့အိမ်ထောင်ပြုသွားသည်ကို မကျေနပ်သဖြင့် သေဆုံးသူအားရန်ကုန်သို့ပြန်လာရန်နှင့် အလုပ်အကိုင် ရှာဖွေပေးမည်ဖြစ်ကြောင်းပြောဆို၍ခေါ်ယူခဲ့ရာမှ သေဆုံးသူမှာ ယင်းကျောင်းသို့ရောက်ရှိလာပြီး ဘုန်းကြီးကျောင်းသားအဖြစ် နေထိုင်နေခဲ့ကြောင်း သိရသည်။ ထို့နောက် ဇူလိုင်လ...

မွေးနေ့မှာ စုဆောင်းထားတဲ့အနုပညာကြေး သိန်း ( ၁၀၀ )နဲ့ မိဘနှစ်ပါးကို ကန်တော့ခဲ့တဲ့ နေဆန်း

နေဆန်းကတော့ မွန်တိုင်းရင်းသားလေး တစ်ဦးဖြစ်ပြီး လူမှုကွန်ရက်စာမျက်နှာထက်ကနေ ဟာသဗီဒီယိုလေးတွေနဲ့ လူသိများလာတာပဲဖြစ်ပြီး ဟာသဗီဒီယိုလေးတွေအပြင် ပညာပေးဗီဒီယိုလေးတွေကိုလည်းတင် ဆက်ပေးလေ့ရှိသူပဲဖြစ်ပါတယ်။ သူ့ ရဲ့ ဗီဒီယို ဇာတ်လမ်းလေးတွေကို ပရိသတ်တွေက အချိန်နဲ့တပြေးညီ စောင့်ကြည့်အားပေးရတဲ့အထိ ကြိုက်နှစ်သက်ကြတာပဲ ဖြစ်ပါတယ်။ နေဆန်းဟာ မကြာသေးမီက နေဆန်းဟာဆွမ်းကျွေးအလှူလေးလည်း ပြုလုပ်ခဲ့တာဖြစ်ပြီး အလှူ အတန်းတွေလည်း မကြာခဏလုပ်လေ့ရှိသူဖြစ်ပါတယ်။ မွန်ပြည်နယ် ၊ မော်လမြိုင်မြို့က Food Boxမှာ မုန့်တွေကိုသွားရောက်လှူ ဒါန်း ခဲ့သေးတာပဲ ဖြစ်ပြီး စကားပြောပွင့်လင်း ရိုးသားတဲ့သူ့ ကို မိန်းကလေးပရိသတ်တွေကလည်း အမှန်အကန်အားပေးဝန်းရံကြတာပဲ ဖြစ်ပါတယ်။ မိဘအပေါ်မှာလည်း သိတတ်ကာ အလုပ်အကျွေးပြုစုနေသူဖြစ်တဲ့နေဆန်းကတော့ ဒီနေ့မှာကျရောက်တဲ့ သူ့ရဲ့မွေးနေ့ရက်မြတ်မှာ စုဆောင်းထားတဲ့အနုပညာကြေး သိန်း ( ၁၀၀ )ကို သူ့ရဲ့မိဘနှစ်ပါးအား ကန်တော့ခဲ့တာပဲ ဖြစ်ပါတယ်။ ” ဒီနေ့မွေးနေ့မှာ ဒီလစုထားတဲ့အနုပညာကြေး သိန်း ( ၁၀၀ )...

သမီးလေးနဲ့ ပြန်ဆုံနိုင်မယ့် တနေ့နေ့ကို မျှော်လင့်နေတယ်ဆိုတဲ့ ထက်ထက်မိုးဦး

ဘဝမှာ ပူလောင်မှုတွေထဲက အဆိုးဝါးဆုံးပူလောင်မှုဟာလည်း ကိုယ်မွေးထားတဲ့ သားသမီးတွေနဲ့ တကွဲတပြား ရှင်သန်နေရတာပါပဲ။ ထက်ထက်မိုးဦးဟာ တချိန်က သူမနာမည်နဲ့ ခေတ်တစ်ခုကို အောင်မြင်အောင် ထူထောင်နိုင်ခဲ့ပေမယ့်လည်း သူမဘဝဖြတ်သန်းခဲ့ရမှုတစ်ချို့ကတော့ အခက်အခဲတွေနဲ့ပါ။ ထက်ထက်မိုးဦးဟာ သမီးလေး စစ်လွန်းဝတီကိုမွေးဖွားခဲ့ပေမယ့် ယနေ့အချိန်မှာတော့ သူမတစ်ဦးတည်း ဘဝကို ရပ်တည်ရှင်သန်နေရတာဖြစ်ပါတယ်။ ထက်ထက်မိုးဦးဟာ ကံတရားကြောင့်ဖြစ်လာတဲ့အရာတွေအပေါ်မှာ ဖြေသိမ့်ပြီးတော့ ရှင်သန်နေခဲ့ပါတယ်။ သူမ အသက် (၇) နှစ်အရွယ်မှာ မိထွေးနဲ့ နေထိုင်ခဲ့ရပြီးတော့ ယခု သမီးလေးကို မွေးဖွားပြီး (၇) နှစ်အကြာမှာလည်း သမီးလေးနဲ့ ဝေးခဲ့တာကြောင့် သူမရဲ့ ငယ်စဉ်ဘဝအချိန်တွေကို ပြန်လည်တွေးမိနေခဲ့တာဖြစ်ပါတယ်။ သူမဘဝအတွက်တော့ အဲ့ဒီအချိန်တွေဟာ မိသားစုအသိုက်အဝန်းနဲ့မဟုတ်ဘဲ တစ်ယောက်တည်း အပြင်လောကကို ဖြတ်သန်းရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ထက်ထက်ဟာ သူမသမီးလေးကို ဝမ်းနဲ့လွယ်ပြီးမွေးဖွားထားတာဖြစ်တဲ့အတွက်ကြောင့် ဘယ်မိဘမှ ကိုယ်မွေးထားတဲ့ သားသမီးကို အစိမ်းဖြတ်မဖြတ်နိုင်ဘူးလို့ ဝမ်းနည်းစွာနဲ့ ဆိုပါသေးတယ်။ ဒါပေမယ့်လည်း ဖြစ်လာခဲ့တဲ့ ကံတရားကြောင့် အခြေအနေတစ်ခုကို လက်ခံရပေမယ့်...

မင်္ဂလာတောင်ညွှန့်မြို့နယ် ၁၁၈ လမ်းတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုအား CID က ကိုင်တွယ်စုံစမ်းနေ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မင်္ဂလာညွှန့်ရပ်ကွက်၊ အမှတ် (၇၉/၄၁) ၄ လွှာတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုအား မှုခင်းသတင်းတပ်ဖွဲ့ (CID) မှ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းရင်းမြစ်တခုမှ သိရသည်။ဖြစ်စဉ်မှာ ဇူလိုင်လ ၃၀ ရက်နေ့မနက် ၄ နာရီကျော်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ မင်္ဂလာတောင်ညွန့်ရပ်ကွက်၊ ၁၁၈ လမ်းထိပ်၊ အမှတ်(၇၉/၄၁) (၄)လွှာ တိုက်ခန်းအား လူတဦးက ဖောက်ထွင်းဝင်ရောက်စဉ် အိမ်ရှင်များနိုးလာသည့်အတွက် ၎င်းက အိမ်ရှင်များကိုဓားဖြင့်ထိုးကာ ပစ္စည်များလုယူထွက်ပြေးခဲ့ရာ အိမ်ရှင်အမျိုးသားမှာ ရရရှိသည့်ဓားဒဏ်ရာများဖြင့် ပွဲချင်းပြီးသေဆုံးခဲ့ပြီး၊ ဇနီးဖြစ်သူမှာ ကျောကုန်းတွင် ဓါးဒဏ်ရာများ(စိုးရိမ်ရ) ရရှိခဲ့ခြင်းဖြစ်သည်။ “ဖြစ်စဉ်ကတော့ ည ၂ နာရီနဲ့၊ ၃ နာရီကြားမှာ သေတယ်လို့သိရတယ်။ ကျောမှာ ဓားဒဏ်ရာအပြည့်နဲ့ မနက် ၆ နာရီလောက်ကျတော့ တာဝန်ရှိပုဂ္ဂိုလ်တွေက သွားတယ်ပေါ့နော်။ သွားပြီး တံခါးကိုခေါက်တော့ သေဆုံးတဲ့သူရဲ့အမျိုးသမီးက တံခါးကိုဖွင့်ပေးတယ်။ အဲ့ဒီ တခါးဖွင့်ပေးတဲ့အမျိုးသမီးမှာလဲ...