Category: ပြည်တွင်းသတင်း

ကျောက်မဲမြို့မှ အရပ် ၃ ပေရှိကျောင်းသူ ဆယ်တန်းစာမေးပွဲ ၄ နှစ်ဆက်ဖြေဆိုရာ အောင်မြင်

ကျောက်မဲမြို့မှ အရပ် ၃ ပေသာရှိသော ကျောင်းသူ မအင်ကြင်းခိုင်သည် ၄င်း၏အရပ်နှင့် ကျောင်းတက်ရသည်မှာ အဆင်မပြေဖြစ်ခဲ့သော်လည်း ဇွဲမလျှော့ပဲ ကြိုးစားခဲ့ရာ ၂၀၁၈-၁၉ ခုနှစ် ပညာသင်နှစ် တက္ကသိုလ် ၀င်စာမေးပွဲတွင် လေးနှစ်မြောက်ကြိုးစားမှုအဖြစ် စာမေးပွဲအောင်မြင်ခဲ့ကြောင်းသိရသည်။ ဖြေဆိုခဲ့ပြီး ပညာသင်ကြားရာ၌ အရပ်အမောင်းကြောင့် လွယ်အိပ်လွယ် သည်မှစ၍ စာသင်ခုံတွင် ထိုင်ရချိန်များ၌ အဆင်မပြေဖြစ်ခဲ့သော်လည်း သူငယ်ချင်းများ ဖေးကူမှုဖြင့် ကြိုးစားခဲ့သည်ဟုဆိုသည်။“ဆယ်တန်းအောင်တယ်ဆိုတာ သူ့ဆရာမတွေဖုန်းဆက်လာတော့ အရမ်းကိုဝမ်းသာသွားလို့ ဖုန်းကိုင်ထားတဲ့ လက်တွေတောင်တယ်။ သမီးလေးဆယ်တန်းအောင်သွားတာ ထီပေါက်သလို ဝမ်းသာတယ်။ မအောင်မချင်း ဖြေမှာလို့ပြောခဲ့ဘူးတယ်။ အခုတော့ သူပြောတဲ့အတိုင်း အောင်သွားပြီ” ဟု မိခင်ဖြစ်သူ ဒေါ်ညွန့်ညွန့်က ပြောသည်။ မအင်ကြင်းခိုင်မှာ ခုံနံပတ် ရမ-၁၀၇၉ ဖြင့် ဖြေဆိုခဲ့ပြီး အသက် ၂၀ နှစ်ပြည့်တော့မည်ဖြစ်၍ တက္ကသိုလ်ဝင်တန်းအောင်မြင်ရန် သူငယ်ချင်းများဖေးကူမှုနှင့်အတူ ဇွဲမလျှော့ပဲ အရမ်းကြိုးစားခဲ့ကြောင်း၊ သူငယ်ချများက အောင်မြင်သွားခဲ့စဉ် စိတ်ဓါတ်...

ဝရမ်းထုတ်ခံထားရသော မိုက်ကယ်ကျော်မြင့်အား ၎င်း၏ ယောက္ခမ အိမ်တွင်ဖမ်းမိ

ဝရမ်းထုတ်ထားသူ မိုက်ကယ်ကျော်မြင့်အား ဝမ်းတွင်းမြို့နယ်၊ ဖလမ်းကျင်းကျေးရွာရှိ ၎င်း၏ ယောက္ခမဖြစ်သူ နေအိမ် တွင် ယနေ့မွန်းလွဲ ၁ နာရီခွဲခန့်က ဖမ်းမိခဲ့ကြောင်း ဝမ်းတွင်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်က ဧရာဝတီသို့ အတည်ပြုပြောသည်။ ယောက္ခမဖြစ်သူထံ မိုက်ကယ်ကျော်မြင့် လာရောက်တည်းခိုနေကြောင်း ပြည်သူတဦး၏ သတင်းပေးချက်အရ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လတ်တလောတွင် ၎င်းအား မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့တွင် ဖမ်းဆီးထိန်းသိမ်းထားကာ အမှုစွဲထားရာ ရန်ကုန်တိုင်း ဒေသကြီး၊ တောင်ဒဂုံရဲစခန်းသို့ လွှဲပြောင်းမည်ဖြစ်ကြောင်း သိရသည်။ မိုက်ကယ်ကျော်မြင့် ဦးဆောင်သည့် လူများအနေဖြင့် မေလ ၁၅ ရက်နေ့ညနှင့် ၁၆ ရက်နေ့ညများတွင် တောင်ဒဂုံမြို့နယ်၊ ၂၆ ရပ်ကွက်၊ ၆၄ ရပ်ကွက်၊ ၁၀၆ ရပ်ကွက်တို့ရှိ ဘာသာရေးဝတ်ပြုနေရာများအား ဝတ်ပြုခြင်းမပြုရန် ဝင်ရောက်တာမြစ်မှုများ ပြုလုပ်ခဲ့သည်။ ထိုလုပ်ဆောင်မှုကြောင့် ဦးဆောင်သူ မိုက်ကယ်ကျော်မြင့်နှင့် သီဟမျိုးနိုင် ဆိုသူတို့အား အစိုးရအား အကြည်ညိုပျက် စေမှု...

လမ်းဘေးခွေးတွေကို လာရောက်ဖမ်းဆီးချိန် ဝှက်ထားပါက အကန့်အသတ်မရှိလက်ခံနိုင်တဲ့ နောင်ဘဝဆိုတဲ့နေရာကို ပို့ရလိမ့်မည်ဟုဆို

လမ်းဘေးခွေးတွေကို ဂေဟာပို့ဖို့ ဖမ်းချိန်မှာ ဝှက်မထားဖို့နဲ့ ဂေဟာက လက်မခံနိုင်တော့ရင် နောက်ကျကျန်နေတဲ့ ခွေးတွေကို အကန့်အသတ်မရှိလက်ခံတဲ့ နောင်ဘဝ လို့ အမည်ရတဲ့ နေရာကို ပို့ရလိမ့်မယ်လို့ ဗဟန်း မြို့နယ် စည်ပင်ကော်မတီ ဥက္ကဋ္ဌက ပြောပါတယ်။ လမ်းဘေးလေလွင့်ခွေးတွေကို ရှင်းလင်းဖို့အတွက် ကြိုတင်ကြေညာထားရင် ဝှက်ထားတတ်ကြတယ်လို့ သူက ဆိုပါတယ်။ဒါကြောင့် ဦးဝင်းဗိုလ်က အခုလို ဖမ်းပို့နေတာကို ကြည်ကြည်ဖြူဖြူကူညီကြဖို့ လူမှုကွန်ရက်ကနေ အသိပေးလိုက်တာပါ။“အဲဒီကိစ္စနဲ့ပတ်သက်လို့ ဝှက်ထားတတ်သူများကို အသိပေးပါရစေ။ အခုလမ်းပေါ်က ခွေးတွေကို ဖမ်းပို့နေတာဟာ အဲဒီလက်ခံတဲ့နေရာက လက်ခံနိုင်တဲ့ ခွေးအကောင်ရေ သတ်မှတ်ချက် ရှိပါတယ်။သတ်မှတ်အကောင်ရေပြည့်သွားရင် ဆက်လက်မခံတော့ပါ။ အဲဒါကြောင့် ခုချိန်မှာ ဖမ်းပြီး ပို့နေတာကို ကြည်ကြည်ဖြူဖြူနဲ့ ဝိုင်းဝန်းကူညီကြပါ။ လက်ခံနေတဲ့နေရာမှာ ဆက်လက်မခံ နိုင်တော့ဘူးဆိုရင် နောက်ကျကျန်နေတဲ့ခွေးတွေကို အကန့်အသတ်မရှိ လက်ခံတဲ့ နောင်ဘဝလို့ အမည်ရတဲ့ နေရာကို ပို့ရပါလိမ့်မယ်။ လက်ခံနိုင်တဲ့ ခွေးဂေဟာမရှိလို့...

မင်္ဂလာဒုံမြို့နယ်အတွင်းတရားမဝင် သစ်တင်ကားဖမ်းဆီးရာမှ ရဲတပ်ဖွဲ့ဝင်(၁) ဦး ဒဏ်ရာရရှိပြီး ပစ်ခတ်ဖမ်းဆီးရ

မင်္ဂလာဒုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဇွန်လ ၉ ရက်နေ့ နံနက်စောစော ၆ နာရီအချိန် ရဲလှည့်ကင်းယာဉ်ဖြင့်နယ်မြေအတွင်းလှည့်ကင်းဆောင်ရွက်စဉ် မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီး ကျေးရွာ၊ ဇေကမ္ဘာ R (၁၁)လမ်းပေါ်တွင် မောင်းနှင်လာသော 2D×××× (၆)ဘီးယာဉ်အား မသင်္ကာဖွယ်တွေ့ရှိ၍ တားဆီးစစ်ဆေးရန်ပြုလုပ်စဉ် ရပ်တန့်ပေးခြင်းမရှိသည့်အပြင် ကားခေါင်း ခန်းပါလူများမှဓားရှည်များ ထောင်ပြကာ လေးခွဖြင့်စတင်ပစ်ခတ်ခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင် (၁)ဦး၏ ဝဲပုခုံးထိမှန်ဖူးယောင်ဒဏ်ရာရရှိခဲ့ပြီး ၎င်းယာဉ်က ဆက်လက်မောင်းနှင်ထွက်ပြေး သွားကြောင်း၊ အဆိုပါယာဉ်ထွက်ပြေးလွတ်မြောက်စေရန် 9C××××MARK II ယာဉ်မှ လှည့်ကင်းယာဉ်အား တားဆီးပိတ်ဆို့မောင်းနှင်နေခြင်းများ ပြုလုပ်ကြောင်း၊ ၎င်းယာဉ်အား လှည့်ကင်းယာဉ်မှ ကျော်တက်ပြီး(၆)ဘီးယာဉ်အား ဆက်လက်လိုက်လံဖမ်းဆီးစဉ် ထောက်ကြန့်မြို့၊ လမ်းဆုံအရောက် ရဲတပ်ဖွဲ့မှ သတိပေးပစ်ခတ်တားဆီးရာ ယာဉ်၏နောက်ဘီးအား ထိမှန်ပြီး ၎င်းယာဉ်သည် အမှတ်(၃)လမ်းမကြီး ပိတ်ဆို့ရှာဖွေရေးဂိတ်ရှိ ဘယ်ရီဂိတ်အတားအဆီးများ အားလည်းကောင်း၊ အမြန်လမ်းမကြီးတိုးဂိတ်မောင်းတံအားလည်းကောင်း ဝင်တိုက်၍ ဆက်လက် မောင်းနှင်ထွက်ပြေးပြီး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်(၆/၁)အနီးတွင်...

တောင်ငူမြို့က စေတီဌာပနာ ဖောက်ထွင်းခံရ

ဖောက်ထွင်းခံရတဲ့ ဥမင်တောရကျောင်းကစေတီကို တည်ထားကိုးကွယ်ထားတာ တစ်နှစ်ကျော်ကာလသာရှိသေးပြီး ယခုပျံလွန်တော်မူသွားပြီဖြစ်တဲ့ ယခင်ကျောင်းထိုင်ဘုန်းကြီးက တည်ထားခဲ့တာပါ။ တောရဘုန်းကြီးကျောင်းရှိ စေတီတစ်ဆူကဌာပနာများကို ဖောက်ထွင်းခိုးယူမှုဖြစ်စဉ်တစ်ခု ဇွန်လ (၆)ရက်နေ့က ပဲခူးတိုင်းဒေသကြီးတောင်ငူမြို့နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။ ယခုဖြစ်စဉ်နဲ့ပက်သက်ပြီး တရားခံများကို ယနေ့ထိ စုံစမ်းဆဲဖြစ်ကာ ဖမ်းမမိသေးကြောင်း တောင်ငူမြို့နယ် ထုံးဘိုရဲစခန်းကနေ သိရပါတယ်။ တောင်ငူမြို့နယ် ဒိုးသောင်ကျေးရွာအုပ်စု၊ ပေါင်းလောင်းတိမ်ကျေးရွာ၊ ဥမင်တောရကျောင်းက(၂၄)ပစ္စည်းပဌာန်းစေတီတော် ဖောက်ထွင်းခိုးယူခံရတာပါ။ ဖြစ်စဉ်နဲ့ ပက်သက်လို့ သက်ဆိုင်ရာ နယ်မြေရဲစခန်းကို ဓူဝံ ကဆက်သွယ်မေးမြန်းတဲ့အခါမှာ“ သိရတာက ဇွန်လ(၆)ရက်နေ့ မနက်(၁၀)နာရီလောက်မှသိရတာ။ ဇွန်လ(၅)ရက်နေ့ ညနေပိုင်းကထိ ပုံမှန်တိုင်းဘာမှမဖြစ်သေးဘူးဆိုတော့ ကြားအချိန်အတွင်းမှာ ဖြစ်သွားတာ အချိန်တော့ အတိအကျပြောလို့မရဘူး။ တရားခံတွေကိုလည်းမမိသေးဘူး စုံစမ်းဆဲဆိုတော့ အတိအကျပြောလို့မရသေးဘူး။ စေတီထဲမှာ ဌာပနာပိတ်ထားတဲ့ ရွှေထည်တွေပါသွားတယ်။ တန်ဖိုးက (၁၁)သိန်းကျော်ကျော်လောက်ရှိမယ်။ အခုတရားခံတွေကို ပုဒ်မ (၂၉၅)၊ (၄၅၇) တို့နဲ့ အမှုဖွင့်ပြီး စုံစမ်းရှာဖွေနေတယ်” လို့ ဇွန်လ(၁၀)ရက်နေ့က...

အမြန်လမ်းမကြီးတွင် ထမင်းစားပြီးအပြန် လမ်းဖြတ်ကူးစဉ် ဒုရဲအုပ် ၁ ဦး ကားတိုက်ခံရပြီး သေဆုံး

ရန်ကုန်-နေပြည်တော်အမြန်လမ်း ရဲကင်းက ဒုရဲအုပ်တယောက် မနေ့ညက ထမင်းစားပြီး အပြန် လမ်းဖြတ်ကူးစဉ် ကားတိုက်ခံရလို့ သေဆုံးခဲ့ပြီး သူ့ကို အမြန်လမ်းမကြီး ဥပဒေနဲ့ အမှုဖွင့်လိုက်ပါတယ်။ မနေ့ည ၁၀ နာရီခွဲမှာ ရန်ကုန်-နေပြည်တော် အမြန်လမ်း မိုင်တိုင် ၁၅၈ စမိုးရဲကင်းက ဒုရဲအုပ်ထွန်းဝင်းဟာ လမ်းတဘက်မှာရှိတဲ့ စုပေါင်း သန့်စင်ခန်းနား ဈေးဆိုင်က ထမင်းစားပြီး ပြန်အလာမှာ လမ်းဖြတ်ကူးစဉ် ကားတိုက်ခံခဲ့ရတာလို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ပါတယ်။နေပြည်တော်ကနေ ရန်ကုန်ကို မောင်းလာတဲ့ ဟွန်ဒါဖစ်ကားက တိုက်မိခဲ့တာဖြစ်ပြီး ဒုရဲအုပ်ဟာ နေရာမှာပဲ သေဆုံးခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ တာဝန်အပ အမြန်လမ်းမပေါ် ဖြတ်သန်းသွားလာတာကြောင့် ဆိုပြီး အမြန်လမ်းမကြီး ဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ စမိုးရဲကင်းစခန်းမှူး ရဲအုပ်မင်းနိုင်က ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ထားတဲ့အတိုင်းပဲဖြစ်ပြီး ဖြစ်စဉ်အပေါ် မှတ်ချက်မပေးခဲ့ပါဘူး။ Credit-အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူး

ဖမ်းဝရမ်းထုတ်ခံထားရသော မိုက်ကယ်ကျော်မြင့်နှင့် အပေါင်းအပါများကို ပုဒ်မ ၁၀ ဖြင့် အမှုဖွင့်

ဖမ်းဝရမ်းထုတ်ခံထားရသော မိုက်ကယ်ကျော်မြင့်နှင့် အပေါင်းအပါများကို ပုဒ်မ- ၁၀ ဖြင့် တောင်ဥက္ကလာပမြို့မရဲစခန်းတွင် ယနေ့(ဇွန်လ ၉ ရက်)က အမှုဖွင့်လိုက်ကြောင်း သိရသည်။ အမှုဖွင့်ရခြင်းအကြောင်းအရင်းမှာ ပြီးခဲ့သည့် ဧပြီလ ၇ ရက်က တောင်ဥက္ကလာပမြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီကို ထောက်ခံသည့်ပွဲတွင် ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင်အား ဟောပြောမှုမရရှိအောင် မိုက်ကယ်ကျော်မြင့်နှင့်အပေါင်းအပါများက နှောင့်ယှက်ခဲ့သည့်အတွက် ယင်းကဲ့သို့ အမှုဖွင့်ရခြင်းဖြစ်ကြောင်း သိရသည်။ “တောင်ဥက္ကလာမှာ ပြုလုပ်ခဲ့တဲ့ အခြေခံဥပဒေပြင်ဆင်ရေး လူထုထောက်ခံပွဲမှာတုန်းက မိုက်ကယ်ကျော်မြင့်နဲ့ အပေါင်းအပါတစ်စုက အဲဒီပွဲကိုလာပြီးတော့ ဟန့်တားနှောင့်ယှက်ခဲ့တယ်။ အဲဒါကြောင့်မို့လို့ ကိုနေမျိုးဇင်ကနေ တရားလိုလုပ်ပြီးတော့ နိုင်ငံသားတစ်ယောက်ရဲ့လွတ်လပ်ပိုင်ခွင့်ကို လိုက်လံနှောင့်ယှက်တဲ့ ဥပဒေပုဒ်မ ၁၀ နဲ့ အမှုဖွင့်ခဲ့တယ်။ အဲဒီလိုဖွင့်ဖို့အတွက်ကို ကိုနေမျိုးဇင်ရဲ့တိုင်စာကို သွားရောက်ယူပြီးတော့ ကျွန်တော်က ရဲစခန်းမှာ အမှုဖွင့်ခဲ့တာပါ” ဟု ကိုနေမျိုးဇင်၏မိတ်ဆွေဖြစ်သူ ကိုမင်းမင်းက အကုန်သိသတင်းဌာနသို့ ပြောသည်။လက်ရှိတွင် မိုက်ကယ်ကျော်မြင့်နှင့်...

ပြည်သူအပေါ်မောက်မာသည့် ကိုယ်စားလှယ်များကို ရွေးကောက်ပွဲများတွင် မထည့်ဟု NLD ပြော

ပြည်သူလူထုအပေါ် မောက်မာစွာဆက်ဆံတဲ့ကိုယ်စားလှယ်တွေကို အရေးယူတဲ့အနေနဲ့ ရွေးကောက်ပွဲတွေမှာ ထည့်သွင်းတော့မှာ မဟုတ်ဘူးလို့ NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ပြောပါတယ်။ “ပြည်သူနဲ့ ဆက်ဆံတဲ့အခါမှာ မောက်မာတယ်။ နောက်တခါ ကျနော်တို့ စည်းကမ်း ထိန်းသိမ်းရေးအရ အရေးယူတဲ့အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကိုတော့ ပြန်ပါလာမှာ မဟုတ်တော့ပါဘူး။ ဒါကတော့ ကျတော်တို့ တင်းတင်းကြပ်ကြပ်စိစစ်မှာပါ”လို့ ဒေါက်တာ မျိုးညွှန့်က ပြောပါတယ်။ ဒါအပြင် ပါတီစည်းကမ်းထိန်းသိမ်းရေးကနေ အရေးယူထားတဲ့ ကိုယ်စားလှယ် ၄၅ ဦးကျော်အထိရှိနေပြီး အဲဒီလို အရေးယူမှုတွေထဲမှာဆိုရင် ပြည်သူနဲ့ ဆက်ဆံရာတွေ၊ ပါတီဝင်တွေနဲ့ ဆက်ဆံရာမှာ ပူးပေါင်းပါဝင်ဆောင်ရွက်မှုမရှိတဲ့ ကိုယ်စားလှယ်တွေ၊ အုပ်ချုပ်ရေးပိုင်းကို ၀င်ရောက်စွက်ဖက်တဲ့ ကိုယ်စားလှယ်တွေ ပါဝင်တယ်လို့ သိရပါတယ်။ ဒေါက်တာမျိုးညွှန့်က ဇွန်လ ၈ ရက်နေ့က နေပြည်တော်မှာရှိတဲ့ စည်ပင်ဧည့်ရိပ်သာ ၂ အတွင်းမှာ ကျင်းပခဲ့တဲ့ပါတီရဲ့ ဗဟိုအလုပ်အမှု့ဆောင် အစည်းအဝေးအပြီး သတင်းမီဒီယာတွေ မေးမြန်းမှုကို ဖြေကြားခဲ့တာပါ။...

မယ်ခွေရဲ့ လက်ဆောင်ကဗျာအား သင်ရိုးမှ ပယ်ဖျက်ခဲ့သူများကို အရေးယူပေးရန် တောင်းဆို

မယ်ခွေရဲ့ လက်ဆောင် ကဗျာကို အဋ္ဌမတန်းသင်ရိုးက ပယ်ဖျက်ခဲ့တဲ့ တာဝန်ရှိသူတွေကို အရေးယူပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က တောင်းဆိုလိုက်ပါတယ်။အဋ္ဌမတန်းသင်ရိုးမှာ ပြဋ္ဌာန်းထားတဲ့ မယ်ခွေ လက်ဆောင်ကဗျာဟာ ဆေးလိပ်သောက် တာကို အားပေးတယ်လို့ မှတ်ယူပြီး သင်ရိုးကနေ ပယ်ဖျက်ခဲ့တဲ့အတွက် အဖွဲ့ချုပ်အနေနဲ့ စိတ်မကောင်း ဖြစ်ရပြီး ကဗျာကို ပယ်ဖျက်စေသူ၊ ပယ်ဖျက်ဖို့ တိုက်တွန်းသူတို့ကို ပြင်းပြင်း ထန်ထန် ရှုတ်ချတယ်လို့ ဒီနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။ ဒီကိစ္စအတွက် တာဝန်ရှိသူတွေကိုလည်း သင့်လျော်သလို အရေးယူပေးစေလိုပြီး ဒီကဗျာကို အဋ္ဌမတန်း (G9) သင်ရိုးမှာ ခြွင်းချက်မရှိ ပြန်လည်ထည့်သွင်းပေးဖို့လည်း တောင်းဆိုပါတယ်။ဒီလိုပယ်ဖျက်ဖို့အတွက် လက်ဆောင် ကဗျာဟာ ဆေးလိပ်သောက်လိုစိတ် ဖြစ်ပေါ်စေ နိုင်တယ်လို့ စွပ်စွဲပြောဆိုနေကြပြီး ခိုင်မာတဲ့ သုတေသန မရှိဘူးလို့ သိရတယ်လို့လည်း အဖွဲ့ချုပ်က ဆိုပါတယ်။နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တက္ကသိုလ်မှာ ကျင်းပ...

ယခုနှစ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ကျောင်းသားကျောင်းသူ ၆ သိန်း နီးပါး ကျရှုံး

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဇွန်လ ၈ ရက်က ထုတ်ပြန်ကြေငြာခဲ့ရာ ဖြေ ဆိုသူ ၈၅၀၀၀၀ ကျော်တွင် အောင်မြင်သူ ၂၆၀၀၀၀ ကျော်သာရှိသည့်အတွက် ကျရှုံးသူ ၆ သိန်းနီးပါး ရှိကြောင်း သိရသည်။ ၂၀၁၈ – ၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မေးခွန်းပုံစံများပြောင်းလဲ စစ်ဆေးခဲ့ပြီး ယခင်နှစ်ကထက် (၁) ရာခိုင်နှုန်း အောင်ချက် လျော့ကျခဲ့ကြောင်း သိရသည်။“ ကျရှုံးတဲ့ သူတွေကလည်း စိတ်မညစ်ပါနဲ့ စာမေးပွဲဆိုတာက ဘဝတစ်ခုလုံးအတွက် ဆုံးဖြတ်ပေးတဲ့အရာ မဟုတ်ပါဘူး။ စာ မေးပွဲ ကျရှုံးတာလည်း ဘဝကြီးတစ်ခုလုံး ဆုံးရှုံးသွားတာမဟုတ်ပါဘူး။ နောက်နှစ်ပြန် ဖြေရင်လည်း မအောင်စရာ အကြောင်း မရှိပါဘူး”ဟု တစ်နိုင်ငံလုံး အမှတ်အများဆုံးဖြင့် အောင်မြင်ခဲ့သည့် မောင်ကျော်လင်းသန်းက ပြောသည်။ ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်း...