Category: အနုပညာ

” အိမ်ထောင်သက်၁၄နှစ်မှာ ပထမဆုံး ( ၉ )ရက်တောင်ခွဲခွာရမယ့်ခရီးမို့ မိန်းမကိုစိတ်မချဖြစ်နေတဲ့ ပိုင်ဇေရဲထွန်း “

ပရိသတ်ကြီးရေ တစ်ခေတ်တစ်ခါက အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းသားချော ပိုင်ဇေရဲထွန်းကတော့  လက်ရှိမှာ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခုကို ပိုင်ဆိုင်ထားပြီး သူတို့ဇနီးမောင်နှံဟာဆိုရင် တစ်ယောက်နဲ့တစ်ယောက် အသက်၁၀နှစ်ဝန်းကျင်ကွာပေမယ့် စိတ်သဘောထားချင်းတွေ တိုက်ဆိုင်သလို အရမ်းရိုမတ်တစ်ဆန်တဲ့  ဇနီးမောင်နှံဆိုရင်လည်း မမှားပါဘူးနော်။အိမ်ထောင်စကျကတည်းက နားလည်မှု၊ချစ်ခြင်းမေတ္တာ၊ ဂရုစိုက်မှုတွေ အပြည့် နဲ့ တည်ဆောက်ထားတဲ့ တို့  အိမ်ထောင်ရေးလေးမှာ ချစ်စရာကောင်းတဲ့  သားသားမီးမီး (၃) ယောက် ကို ပိုင်ဆိုင်ထားပြီ ဖြစ်ပြီး သမီးကြီးလေးကလည်းလိမ္မာရေးခြားရှိကာ သူမအတွက်အဖော်ရတဲ့ အပြင် သားလေးနှစ်ယောက်ကတော့ အရမ်းကိုချစ်စရာကောင်းပြီး သွက်လက်ထက်မြက်တဲ့ကလေးလေးတွေမို့ သားသမီးရေးမှာလည်းကံကောင်းတယ်လို့ ဆိုရမှာပါနော်။ လတ်တလောမှာတော့ ဇင်သဲနိုင်ကတော့Myanmar Women Ledars Program က အမျိုးသမီးစီးပွားရေးသမား (၁၅)ယောက်ရွေးချယ်တဲ့ထဲမှာ အသက်အငယ်ဆုံးအမျိုးသမီးအဖြစ် ပါဝင်ခဲ့တာ ဖြစ်ပြီး Europe (၄)နိုင်ငံ မြို့ (၅) မြို့ ...

အနုပညာနဲ့ ပက်သတ်ပြီးတော့ ခံစားခဲ့ရတဲ့ စိတ်ဖိစီးမှုတွေကို ရင်ဖွင့်လာတဲ့ တေးရေးဝေကြီး

ပရိသတ်တွေကို သီချင်းကောင်းလေးတွေကို ခံစားနားဆင်စေခဲ့တဲ့ တေးရေးဆရာ ဝေကြီးက သူ့ရဲ့ပြောင်မြောက်လှတဲ့ အနုပညာ အရည်အသွေးကြောင့် အများက အားပေးကြတဲ့ တေးရေးဆရာ တစ်ဦးဖြစ်ပါတယ်။ ဝေကြီး ရေးသားပေးတဲ့ သီချင်းတိုင်းက ပရိသတ်တွေကြားမှာ တော်ာတော်လေး ရေပန်းစားခဲ့ပြီး အောင်မြင်တာကို တွေ့ရပါတယ်။ အဲ့ဒါကြောင့်လည်း ဝေကြီးက နောက်ပိုင်းပေါ်ထွန်းခဲ့တဲ့ တေးရေးဆရာတွေထဲကမှ အအောင်မြင်ဆုံးသူတစ်ယောက် ဖြစ်နေတာပဲ ဖြစ်ပါတယ် ပရိသတ်တွေချစ်တဲ့ တေးရေးဆရာ ဝေကြီးက လတ်တလောမှာ အနုပညာလုပ်ငန်းတွေနဲ့ အနည်းငယ် အဆက်အသွယ် ပြတ်တောက်နေတာပဲ ဖြစ်ပါတယ်။ များစွာလှတဲ့ အလုပ်ကိစ္စနဲ့ ပက်သတ်ပြီး စိတ်ဖိစီးမှုတွေကို ခံစားနေရတဲ့ ဝေကြီးက ဒီတစ်ခေါက်မှာတော့ သူ့ရဲ့အနုပညာနဲ့ ပက်သတ်ပြီး ပြင်းပြင်းထန်ထန် ခံစားနေရတာကို အခုလိုပဲ ရင်ဖွင့်ထားပါတယ်။ “(အနုပညာ…) ငွေရေးကြေးရေးနဲ့ပက်သက်နေရတဲ့ အနုပညာ၊ အချိန်တွေအကန့်အသတ်နဲ့ဖြစ်လာတဲ့အနုပညာ၊ စိတ်ပါပါ မပါပါ လုပ်လိုက်ရတဲ့အနုပညာ၊ ပေးသော်လည်းပေးတိုင်းပြန်မရတဲ့ အနုပညာ၊ online ပေါ်မှာပျော်တဲ့အနုပညာ၊...

“လေးစားအားကျရတဲ့ စီနီယာမမ မင်းသမီးတွေကို အနမ်းတွေ တ၀ချည်းပေးခဲ့တဲ့ ခင့်ဝင့်ဝါ”

ကျော့ရှင်းတဲ့ ဘော်ဒီလေးနဲ့ ချစ်စရာကောင်းတဲ့အမှုအရာ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကြောင့် ပရိသတ်ရဲ့ အချစ်တော်လေးဖြစ်နေတဲ့ မင်းသမီးလေးခင်ဝင့်ဝါကိုတော့ အထူး မိတ်ဆက်ပေးစရာမလိုဘူးထင်ပါတယ်။ သူကတော့ မေ(၂၀)ရက်နေ့မှာကျရောက်ခဲ့တဲ့ မိုးစက်ဝိုင်ရဲ့ မွေးနေ့ကို အနုပညာရှင် ညီအကိုမောင်နှမတွေအတူ တက်ရောက်ခဲ့တာဖြစ်ပါတယ် ။ အဲပွဲလေးမှာ ချစ်တဲ့သူတွေကို နမ်းခဲ့တဲ့ အမှတ်တရပုံလေးတွေကို ရိုက်ခဲ့ပြီးတော့ သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မသိဘူးနမ်းမယ်ဆိုပြီးတော့ဖော်ပြထားတာဖြစ်ပါတယ်။.. ခင်ဝင့်ဝါကတော့ မိုးစက်ဝိုင်ရဲ့ မွေးနေ့မှာ သူ့မွေးနေ့လို့မှားရလောက်အောင် ချစ်စရာကောင်းပြီးတော့ ပျော်ရွှင်နေတာဖြစ်ပါတယ်။ မိုးစက်ဝိုင်ရဲ့ မွေးနေ့မှာ ချစ်ရသူတွေနဲ့အတူ ပျော်ရွှင်နေပြီး အနမ်းတွေ ခြွေခဲ့တဲ့ပုံလေးတွေကို အမှတ်တရရိုက်ကူးခဲ့ပြီးတော့ သူရဲ့လူမှုကွန်ယက်စာမျက်နှာမှာဖော်ပြထားတာဖြစ်ပါတယ်။ သူအနမ်းခြွေခဲ့တဲ့ ချစ်မမတွေကတော့ မကစ်လို့ခေါ်တဲ့ ၀တ်မှုံရွှေရည်၊ မဖွေလို့ခေါ်တဲ့ ဖွေးဖွေး ၊ မိစန္ဒီ၊ မွေးနေ့ရှင်လေးဖြစ်တဲ့ မိုးစက်ဝိုင်တို့နဲ့အတူပျော်ရွှင်ခဲ့တယ်ဆိုတဲ့အကြောင်းကို အမှတ်တရပုံလေးတွေရိုက်ကူးခဲ့တာလည်းဖြစ်ပါတယ်။ မိုးစက်ဝိုင်ကတော့ သူရဲ့မွေးနေလေးကို ဒီနှစ်မှာတော့ထူးခြားစွားပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အနုပညာရှင် ညီအကိုမောင်နှမတွေဖြစ်ကြတဲ့ ခင်ဝင့်ဝါ၊ အေးမြတ်သူ ၊မိစန္ဒီ၊ တင်ဇာမော်၊ နန်းမြတ်ဖြိုးသင်းတို့...

ဒီနေ့မနက်မှာ မွေးဖွားလာတဲ့ ဗုဒ္ဓဟူးသမီးလေးတစ်ယောက်ကို မွေးစားလိုက်ပြန်တဲ့ ခိုင်နှင်းဝေ

မွန်​မြတ်​တဲ့စိတ်​ထား​ပိုင်ရှင်လေး ခိုင်နှင်းဝေကတော့ အကူအညီလိုအပ်နေတဲ့ နေရာတွေမှာ အားလေးတစ်ခုအဖြစ် ကြိုးစားဖြည့်ဆည်းပေးနေတဲ့ ပရဟိတ အကျိုးဆောင်တစ်ဦးဖြစ်တဲ့အပြင်၊ သက်ငယ်မုဒိန်းနဲ့ Single Mother တွေက မွေးဖွားလာတဲ့ ကလေးတွေကို မွေးစားနေတဲ့ မိခင်ကြီးတစ်ဦးဆိုရင်လည်း မမှားပါဘူး။ ဒီ​နေ့​လေးမှာ​တော့ ခိုင်​နှင်း​ဝေက သူမကိုယ်တိုင် ကူညီစောင့်ရှောက်ထားတဲ့ ကိုယ်ဝန်ဆောင်သည်တစ်ဦးက မွေးဖွားလာတဲ့ ဗုဒ္ဓဟူးသမီးလေးတစ်​​ယောက်ကို​ ​မွေးစားလိုက်​ပြန်​ပါပြီ။ ​ပရိသတ်​​တွေအတွက်​ သူမရဲ့စောင့်ရှောက်မှုအောက်မှာ ရှိနေတဲ့ ကိုယ်ဝန်ဆောင်သည်တစ်ဦးရဲ့ သမီး​လေး​ကို ​မွေးစားလိုက်​ပြန်​တဲ့ ခိုင်​နှင်း​ဝေရဲ့အ​ကြောင်းကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။ အဆိုပါအကြောင်းကိုတော့ ခိုင်နှင်းဝေက “ဗုဒ္ဓဟူး သမီးလေးတဲ့ ❤ကျမ ကူညီစောင့်ရှောက်ထားတဲ့ ကိုယ်ဝန်ဆောင်သည် တစ်ဦးက ဒီမနက်ခင်း လေးမှာ ကျမ အတွက် မွေးဖွားပေးလိုက်တယ် …..တကယ့် စိတ်ရင်းစေတနာနဲ့ တကယ် ရင်ထဲက လာတဲ့ ပီတိမျိုးဆိုတာကလေ စားသုံးဖူးသူတွေပဲ သိတယ် ပြောမပြ တတ်တဲ့ အပျော်မျိုးက ရင်ထဲက လာတာမို့ လေးနက်မှုက...

Rain နဲ့ Kim Tae Hee တို့ဆီကနေ လှတယ်လို့ ချီးကျူးခံလိုက်ရတဲ့ ချမ်းချမ်း

Melody World သီချင်းဆိုပြိုင်ပွဲကနေတစ်ဆင့် လူသိများအောင်မြင်လာတဲ့ အဆိုတော် ချမ်းချမ်းကတော့ အဆိုပိုင်းမှာ ထူးချွန်ရုံသာမကပဲ မော်ဒယ်ပိုင်းမှာလည်း လူသိများအောင်မြင်သူတစ်ဦးပဲ ဖြစ်ပါတယ်။ Internation ဆန်တဲ့ ရုပ်ရည်နဲ့ မြင့်မားလှတဲ့ အရပ်ကိုပိုင်ဆိုင်ထားတဲ့ သူမကတော့ ရုတ်တရက်ကြည့်ရင် နိုင်ငံခြားမင်းသမီးတစ်ဦးနဲ့တောင် အထင်မှားရလောက်အောင် လှရက်လွန်းသူလေးပါ။ လတ်တလောမှာတော့ ချမ်းချမ်းက အမေရိကသို့ ခရီးသွားရင်းနဲ့ သူမအနေနဲ့ ဂုဏ်ယူစရာကောင်တဲ့ ဖြစ်ရပ်လေးတစ်ခုကို ကြုံတွေ့ခဲ့ရတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အဲ့ဒါကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ ထိတ်ထိတ်ကြဲ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်ကြတဲ့ မင်းသား Rain နဲ့ မင်းသမီး Kim Tae Hee တို့ ဇနီးမောင်နှံတို့ဆီကနေ လှတယ်လို့ ချီးကျူးခံလိုက်ရလို့ပဲ ဖြစ်ပါတယ်။ ချမ်းချမ်းကတော့ “မ​နေ့က LA ​လေဆိပ်​မှာ ကိုရီးယား မင်းသမီး​တွေ အဆို​တော်​​တွေ နဲ့ တူတူ immigration ဖြတ်​​တော့...

MRTV 4 ဇာတ်လမ်းတွဲများထဲမှ ပရိသတ်အားပေးမှုကို တစ်ခဲနက်ရရှိထားတဲ့ မင်းသမီး (၁၀) ဦး

နိုင်ငံတကာရုပ်ရှင်လောကမှာ နာမည်ကြီးရုပ်ရှင်ဇာတ်ကားတွေနဲ့ တန်းတူ နေရာယူနိုင်လာတာကတော့ TV Series(ရုပ်သံဇာတ်လမ်းတွဲ)တွေပဲဖြစ်ပါတယ်။ အထူးသဖြင့် ကိုရီးယားရုပ်သံဇာတ်လမ်းတွဲတွေဟာ အာရှတိုက်မှာတင်မကပဲ ကမ္ဘာတစ်ဝှမ်းလုံးက ပရိသတ်တွေအားပေးလာကြတဲ့အထိ အောင်မြင်နေတာကြောင့် အခုနောက်ပိုင်း မြန်မာရုပ်ရှင်လောကမှာလည်း ဇာတ်လမ်းတွဲတွေ ဆက်တိုက်ရိုက်ကူးလာတာတွေ့ ရပြီး ပရိသတ်တွေလည်း အကြိုက်တွေ့ ခဲ့ကြတာဖြစ်ပါတယ်။ ဒီတစ်ခောက်မှာတော့ မိုမိုလေးပရိသတ်တွေအတွက် တီဗီဇာတ်လမ်းတွဲတွေကတဆင့် အောင်မြင်မှုတွေ များစွာ ရရှိခဲ့တဲ့ မင်းသမီးးတွေကို တင်ဆက်ပေးလိုက်ပါတယ်။ မေမြင့်မိုရ် မေမြင့်မိုရ်ကတော့ “ပန်းနုသွေး” ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေ သတိထားအားပေးခြင်းခံရပြီးတဲ့နောက် “အရိပ်”၊ “ပုဂံမြို့သူ” စတဲ့ ဇာတ်လမ်းတွဲတွေမှာလည်း ပရိသတ်တွေရဲ့ အားပေးခြင်းကို ရရှိခဲ့သူလေးတစ်ဦးပါ။ မေမြင့်မိုရ်က ဇာတ်လမ်းတွဲတွေအပြင် “အလျှံပယ်” ၊ “ဇာတ်လိုက်” စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလဲ ဝါရင့်သရုပ်ဆောင်တွေနဲ့ အပြိုင်သရုပ်ဆောင်နိုင်သူတစ်ဦးပါ။ မေမြင့်မိုရ်က မကြာသေးခင်ကလဲ “မိုးပန်းပွင့်ရဲ့သင်္ကေတ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ Star Awards ရဲ့ Best Rising Star...

“တိုင်းရင်းသားတွေဆီက မတူညီတဲ့ ရိုးရာဓလေ့တွေကိုကြိုက်တယ်ဆိုတဲ့အေးမြတ်သူ”

မမြတ်လေးလို့ခေါ်တဲ့ အေးမြတ်သူကတော့ ပုရိသတွေရဲ့ပါးစပ်ဖျားမှာရေပန်းစားနေတဲ့ ဘော်ဒီလှတဲ့ မင်းသမီးလေးတစ်ယောက်လို့ဆိုနိုင်ပါတယ်။ ရန်ကုန်မြို့မှာ ပထမဆုံး အကြိမ်ကျင်းပ ပြုလုပ်တဲ့ အာခါရိုးရာ တိုင်းရင်းသားဝတ်စုံများကိုပြသမယ့် ပွဲလေး “YSTONE FASHION & AKHA Traditional Fashion Show” ပွဲကို အေးမြတ်သူအပါအဝင် အနုပညာရှင်ပေါင်း များစွာတက်ရောက်ခဲ့တာဖြစ်ပါတယ်။ အဲပွဲလေးမှာ တိုင်းရင်သားတွေဆီက အတူညီတဲ့ ရိုရာဓလေ့တွကိုကြိုက်တယ်ဆိုတဲ့အကြောင်းမီဒီယာတွေကို ပြောပြခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့အဓိကကတော့လက်မှုပညာဖြစ်တယ်။ ကိုယ်တိုင်လက်နဲ့ရက်ထားတဲ့ချည်တွေကို အေးမြတ်သူသဘောကျတယ်။ ရိုးရာအစဉ်တွေကို ကြိုက်တယ် ပြီးတော့ ချည်နဲ့လုပ်ထားတဲ့ လက်ရက်ကန်းဆင်တွေကိုကြိုက်တယ်။ တိုင်းရင်းသားတွေက သူတို့ဟာသူတို့ ဝါဂွမ်းစိုက်တယ် ဝါဂွမ်းကနေမှ ချည်ရအောင်လုပ်တယ်။ ပြီးတော့မှ ကိုယ်ခြုံမယ့် စောင်တို့အဝတ်တို့ပြန်လုပ်တယ်။ တိုင်းရင်သားတွေက ကိုယ်စိုက်လို့ရတဲ့ဟာနဲ့ကိုယ်သုံးစွဲဖို့လုပ်ကြတယ်။ တိုင်းရင်းသားတွေမှာမတူညီတဲ့ ရိုးရာအမွေအနှစ်တွေနဲ့ ချစ်ရာကောင်းတဲ့ ရိုရာအမွေအနှစ်တွေအများကြီးရှိတယ် အဲလိုမျိုးကိုအေးမြတ်သူအရမ်းကြိုက်တယ်။ တချို့ဗမာစကားသိပ့်မတတ်တဲ့လူတွေဆို တအားချစ်ဖို့ကောင်းတယ်။လူစိမ်းကြောက်တယ် အရှက်လည်းကြီးတယ်လို့ထင်ပါတယ် လို့ ပြောပြထားပြီးတော့ ရိုးရာဆင်တွေနဲ့ပတ်သက်ပြီးတော့လည်း“ ရိုးရာဆင်တွေကို နိုင်ငံခြားကလည်း သဘောကျတယ်ထင်တယ်။...

အနုပညာခြေလှမ်းတွေ ကျဲသွားတာ ဘာကားမှမရိုက်ချင်တော့လို့ပါလို့ပြောလာတဲ့ မေကဗျာ

နိုင်ငံကျော် ရုပ်ရှင် မင်းသမီး မေကဗျာ တစ်ယောက် ကားရိုက်ကျဲ သွားတာကို ပရိသတ်တွေသတိထားမိလာကြမှာပါ ။ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေကို ထူထောင်ထားပြီး ဝါသနာကို မစွန့်လွှတ်နိုင်သေးတဲ့အတွက် မေကဗျာတစ်ယောက် ကားရိုက်တွေကို သူမအတွက် အဆင်ပြေနိုင်မယ့် ဇာတ်ကားတွေကို သေသေချာချာ စိစစ်လက်ခံပြီးမှ ရိုက်ကူးပေးနေပေမယ့် နောက်ပိုင်းလာငှားတဲ့ ကားတွေက မကြိုက်လို့အဆင်မပြေလို့ မရိုက်ဖြစ်ဘူးလို့ ဆိုလာပါတယ် ။ မကြိုက်လို့ ဆိုတာက နောက်ပိုင်းကားလာငှားတဲ့အခါ အနုပညာကိုဈေးပဲ အလကားနီးနီးလိုချင်နေသလို မျိုးလုပ်နေလို့ မရိုက်ဖြစ်ဘူးလို့သိရပါတယ် ။ ခုလတ်တလောမှာတော့ ဇာတ်လမ်းတွဲလေးတွေ ရိုက်ကူးဖြစ်နေတယ်လို့ မေကဗျာက ပြောပြခဲ့ပါတယ် ။ ဇာတ်လမ်းတွဲကျတော့ ကိုယ်ပြောတဲ့ဈေး သူတို့အဆင်ပြေရင် စာချုပ်ချုပ်မယ် ရိုက်မယ်ဆိုတော့ ပိုအဆင်ပြေတယ်လို့ မေကဗျာက ပြောပြခဲ့ပါတယ် ။ ကားကြီးတွေ မရိုက်ဖြစ်တဲ့အကြောင်းကတော့ အနုပညာလောကသားအချင်းချင်း ဈေးအရမ်းနှိမ်ပြီး အနုပညာကြေးကိုတန်ဖိုးဖြတ်နေတဲ့အတွက် မရိုက်တော့ဘူးလို့သိရပါတယ် ။ နောက်ပိုင်းမှာ ဘာကားမှလည်း...

“ရန်ကုန်စရောက်တုန်းက ဗမာစကားကိုပြောဖို့ကြောက်တယ်ဆိုတဲ့ ဝင့်ယမုံနိုင်”

မြန်းဆိုတဲ့ ဝင့်ယမုံနိုင်ကတော့ ပရိသတ်ကြီးအားပေးမှုကိုရရှိထားတဲ့ MRTV-4 မင်းသမီးလေးတစ်ယောက်ပဲဖြစ်ပါတယ်။ သူကတော့ တိုင်းရင်းသားတွေထဲက ထားဝယ်သူလေးတစ်ယောက်လဲဖြစ်ပါတယ်။ ရန်ကုန် စရောက်တုန်းက ဗမာစကားပြောရမှာကြောက်တယ်ဆိုတဲ့အကြောင်းကို မီဒီယာတွေနဲ့ တွေ့ဆုံစဉ်ဖြေကြားခဲ့တာဖြစ်ပါတယ်။ “ရန်ကုန်စရောက်တုန်းက မပြောရဲဘူး မပြောတတ်ဘူး ငါပြောလိုက်လို့မှားသွားရင်ငါ့ကိုလှောင်မလားရယ်မလား ငါကရန်ကုန်ကမဟုတ်ဘူးဆိုတာသိသွားမလားဆိုပြီးတွေးမိတယ်။ လူကြီးတွေက တိုက်ပေါ်ကနေ အောက်မှာတစ်ခုခုသွားဝယ်ခိုင်းရင် ဒါလေးပေးပါလို့ပြောရမှာမပြောရဲဘူး။ စကားတစ်ခွန်းပြောဖို့ရင်တွေတုန်တယ် နောက်ပိုင်းကြတော့လည်းအဆင်ပြေသွားတာပဲ။ တိုင်းရင်းသားတွေက အသဲဝဲဝဲ လေးတွေနဲ့ချစ်ဖို့ကောင်းတယ်။ တိုင်းရင်းသားတွေမှာထူးခြားတာတစ်ခုက သူတို့ရိုးရာအစားအစာတွေပဲ။ အဲလိုအစားအစာတွေနဲ့ ပတ်သက်ပြီးတော့လည်း ယမုံသဘောကျတယ်။ ဒေသအစားအစာတွေကိုကြိုက်ပါတယ်လို့ပြောပြထားပြီးတော့ ထားဝယ်သူလေးပီပီ ထားဝယ်ဒေသအကြောင်းကိုလည်း“ ထားဝယ်ကခုတော့လမ်းပန်းဆက်သွယ်ရေးကောင်းနေပြီ။ အရင်တုန်းက ထားဝယ်ကလမ်းပန်းဆက်သွယ်ရေးက မငြိမ်းချမ်းသေးတဲ့ကာလဆိုတော့ ကားလမ်းလာဖို့ကြောက်ကြတယ်။ အခုတော့ လမ်းတွေက အရမ်းကောင်းနေပြီ ယမုံတောင်တခါတလေ ကားလမ်းအတိုင်းသွားတယ်။ ထားဝယ်ကိုလာလည်ကြပါ ထားဝယ်မှာပျော်စရာတွေအများကြီးရှိပါတယ် ကမ်းခြေတွေအများကြီးရှိတယ် လာလည်ဖို့ဖိတ်ခေါ်ပါတယ်“လို့ဆက်ပြီးပြောပြထားတာဖြစ်ပါတယ်။ လာလည်မယ်ဆိုရင်ယမုံရှိရင်တော့ ဒေသအစားစားတွေကို အကုန်လိုက်ကျွေးပါ့မယ်လို့လည်းပြောသွားပါသေးတယ်။ပရိသတ်ကြီးရေ တိုင်းရင်းသူလေးတစ်ယောက်ဖြစ်တဲ့ ထားဝယ်သူလေး ဝင့်ယမုံနိုင်တို့ ဆီကိုအလည်သွားကြမယ်မဟုတ်လား မှတ်ချက်လေးရေးပေးခဲ့ပါဦး။