ဆယ်တန်းအမှတ်စာရင်းလေးကို ထုတ်ပြလိုက်ပြီး အပျော်လေးတွေ မျှဝေလိုက်တဲ့ အဆိုတော်မလေး မေလသံစဉ်

ပရိသတ်ကြီးရေ.. မြန်မာသံစဉ်တေးသီချင်းကောင်းလေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားသူလေးကတော့ အဆိုတော်မလေး မေလသံစဉ်ပဲ ဖြစ်ပါတယ်နော်..။အမိုက်စားအသံချိုချိုအေးအေးလေးနဲ့ သီချင်းကောင်းလေးတွေအပြင် ချစ်စရာကောင်းတဲ့ဟန်ပန်လေးတွေနဲ့ အပြုံးလှလှလေးတွေကလည်း ပရိသတ်တွေကို အချစ်ပိုစေတာပဲ ဖြစ်ပါတယ်နော်..။

ပရိသတ်တွေရဲ့ အချစ်တော်အဆိုတော်မလေး မေလသံစဉ်ကတော့ အောင်မြင်တဲ့ အနုပညာရှင်မလေးတစ်ယောက်အဖြစ် ရပ်တည်နေသလို တဖက်မှာလည်း ပညာရေးအတွက် ကြိုးစားနေပြီး ဒီနှစ်မှာဖြေဆိုခဲ့တဲ့ ဆယ်တန်းစာမေးပွဲကြီးကိုလည်း အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့ပါတယ်..။တက္ကသိုလ်ဝင် ဆယ်တန်းစာမေးပွဲကို အောင်မြင်ခဲ့တဲ့ ဝမ်းသာစရာသတင်းကောင်းလေးကိုလည်း မေလသံစဉ်က သူမရဲ့ချစ်ပရိသတ်တွေကိုလည်း အပျော်လေးတွေ မျှဝေထားခဲ့ပြီး အခုတစ်ခါမှာလည်း ဆယ်တန်းအောင်လက်မှတ်လေးကို ပရိသတ်တွေကို ထုတ်ပြလိုက်ပြန်ပါတယ်နော်..။

“နည်းတဲ့အမှတ်စာရင်းတွေပြောမပြတော့ဘူးနော်..” ဆိုပြီး ချစ်ပရိသတ်တွေကို တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်လေးကို ထုတ်ပြလိုက်တာပဲ ဖြစ်ပါတယ်..။

သူမရဲ့ တေးသီချင်းလေးတွေဟာ ပရိသတ်တွေရဲ့ အကြီုက်နဲ့ ထပ်တူကျပြီး Cover Song ဆိုထားတဲ့ သီချင်းလေးတွေကလည်း ပရိသတ်တွေကြားရေပန်းစားလောက်အောင် ပြည်သူပရိသတ်တွေရဲ့ စိတ်အာရုံတွေဖမ်းစားနိုင်ခဲ့တဲ့ ဂီတအနုပညာရှင် အဆိုတော်မလေးပဲ ဖြစ်ပါတယ်..။

Myanmar News