နေမကောင်းဖြစ်နေတဲ့ မေမေမယ်လိုဒီကို ကိုယ်တိုင်သွေးပေါင်ချိန်ပြီး ပြုစုပေးနေတဲ့ သားသားလေး သိဒ္ဓိစစ်

Last modified date

မယ်လိုဒီကတော့ (၂၀၁၁) ခုနှစ်ကတည်းက “ထာဝရအလင်းတန်းများ” ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု ရရှိခဲ့ပြီးအောင်မြင်မှုတွေရရှိပိုင်ဆိုင်ထားတဲ့ မော်ဒယ်သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။လက်ရှိမှာဆိုရင်တော့ မယ်လိုဒီဟာချစ်စရာကောင်းတဲ့ သားသားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး ပျော်ရွှင်သာယာတဲ့မိသားစုဘဝလေးကိုတည်ဆောက်ထားတာပဲဖြစ်ပါတယ်။

မယ်လိုဒီရဲ့ သားသားလေး “သိဒ္ဓိစစ်”ဟာလည်း ချစ်စရာကောင်းပြီး အသက်အရွယ်နဲ့မလိုက်အောင် လိမ္မာရေးခြားရှိတဲ့ ကလေးလေးတစ်ယောက်ဖြစ်တဲ့ အပြင် ဘုရားတရား ကိုင်းရှိုင်းတဲ့ကလေးလေးတစ်ယောက်ဆိုလည်းမမှားပါဘူးနော်။မကြာသေးမီကလည်း လယ်တီဆရာတော်ဘုရားကြီး အရပ်ဆယ်မျက်နှာ မေတ္တာပို့ကို အသံနေအသံထားမှန်မှန်နဲ့ အလွတ်ရွတ်ဖတ်ပူဇော်နေတဲ့သားသားလေးရဲ့ ဗီဒီယိုဖိုင်လေးကြာင့် ပရိသတ်တွေက သားသားလေးကို အချစ်ပိုခဲ့ကြပါသေးတယ်။

သားသားလေးသိဒ္ဓိစစ်ဟာ ဘာသာတရားကို ကိုင်းရှိင်းသူပီပီ မိဘတွေအပေါ်မှာလည်း သိတတ်လိမ္မာတဲ့ သားလေးတစ်ယောက်ဖြစ်ပါသေးတယ်။လတ်တလောမှာလည်း သားသားလေး သိဒ္ဓိစစ်ဟာေ မေမေမယ်လိုဒီနေမကောင်းဖြစ်နေတာကို စိတ်ပူပြီး သွေးပေါင်ချိန်ပေးကာ ဆရာဝန်ကြီးတစ်ယောက်လို ဂရုတစိုက်နဲ့ ပြုစုနေတာပဲဖြစ်ပါတယ်။မေမေမယ်လိုဒီကတော့ သားသားလေးရဲ့ သိတတ်လိမ္မာမှုတွေကြောင့် ပီတိတွေဖြစ်နေရပြီး သားသားလေး ဂရုတစိုက်ပြုစုနေတဲ့ ဗီဒီယိုလေးကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ပရိသတ်တွေအတွက် မျှဝေပေးထားတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ မေမေမယ်လိုဒီကို ဂရုတစိုက်ပြုစုနေတဲ့ သားသားလေးရဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်။

Myanmar News