ဝိတ်တန်းမတူပေမယ့် စိတ်ပူစရာ မရှိပါဘူး ယှဉ်ပြိုင်ဖို့ မစောင့်နိုင်တော့ဘူး ဆိုတဲ့ အောင်လအန်ဆန်း

ကမ္ဘာမှာ မြန်မာဟေ့လို့ ဂုဏ်ယူဝံ့ကြွားစွာ စွမ်းဆောင်နိုင်သော မြန်မာ့ဂုဏ်ဆောင် နှစ်ထပ်ကွမ်းချန်ပီယံကြီး အောင်လအန်ဆိုင်းကတော့ ဂျပန်နိုင်ငံမှာ ထိုးသတ်ရမယ့် ပွဲစဉ်အတွက် မစောင့်နိုင်အောင် ဖြစ်နေပါပြီတဲ့နော် အာရှ ရဲ့ အကြီးမားဆုံး နဲ့ အခမ်းနားဆုံး ဖိုက်တာ ပြိုင်ပွဲကြီး ဖြစ်တဲ့ One Century ပွဲစဉ်ကို လာမယ့် အောက်တိုဘာလ 13 ရက်နေ့မှာ၊ ဂျပန် နိုင်ငံ တိုကျို မြို့မှာ ကျင်းပ ပြုလုပ်သွားမှာ ဖြစ်ကြောင်း One Champions hip က တရားဝင် ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။

Image result for aung la n san

ဒီပြိုင်ပွဲမှာ One Championship ရဲ့ အတော်ဆုံး ဖိုက်တာတွေ ယှဉ်ပြိုင် ကစားမယ့် ပွဲကောင်းတွေကိုပါဝင်မှာ ဖြစ်တဲ့အပြင်၊ မြန်မာလူမျိုးတွေ အတွက် ဂုဏ်ယူဖို့ ကောင်းတာက ပြိုင်ပွဲရဲ့ Main Event အဖြစ် အောင်လ နဲ့ ဘရန်ဒန်ဗီရာ တို့ ထိုးသတ် မယ့်ပွဲစဉ်ကို သတ်မှတ်ပေးသွားခဲ့တာဖြစ်ပါတယ်။ UFC ပြိုင်ပွဲရဲ့ ချန်ပီယံဟောင်းတွေ ဖြစ်တဲ့ ဒီမက်ထရီယက် ဂျွန်ဆင် နဲ့ အက်ဒီ အယ်ဗာရက် တို့ဟာလဲ ဒီပြိုင်ပွဲမှာ သူတို့ရဲ့ ဝိတ်တန်း အသီးသီးက နောက်ဆုံး ချန်ပီယံလုပွဲတွေထိုးသတ် ယှဉ်ပြိုင် ကြမှာ ဖြစ်ပြီး၊ ဖိုးသော် ကတော့ တောင်ကိုရီးယားသား ယွန်ချန်မင် နဲ့ ထိုးသတ်သွားမှာ ဖြစ်ပါတယ်။

Image result for aung la n san

စိတ်ဝင်စားစရာ အကောင်းဆုံး ပွဲစဉ်ကတော့ လက်ရှိ ကမ္ဘာ့ နှစ်ထပ်ကွမ်းချန်ပီယံ ဖြစ်တဲ့ အောင်လအန်ဆန်း နဲ့ ဟဲဗီးဝိတ်ချန်ပီယံ ဗီရာတို့ ထိုးသတ်မယ့် ပွဲစဉ်ပဲ ဖြစ်ပါတယ်။ဖီလစ်ပိုင် ဖိုက်တာကြီးဟာ အောင်လအန်ဆန်း ရဲ့ Light Heavyweight ချန်ပီယံဆုကို ရယူလိုချင်တာကြောင့်၊ စိန်ခေါ်ခဲ့ရာ ကနေ အောင်လက လက်ခံပေးခဲ့တာကြောင့် အခုလို ဝိတ်တန်းမတူတဲ့ ချန်ပီယံနှစ်ယောက်ရဲ့ ပွဲစဉ် ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ လူကြိုက် အများဆုံး ပြိုင်ပွဲဖြစ်တဲ့ UFC မှာတော့ Light Heavyweight တန်းကို ခန္ဓာကိုယ် အလေးချိန် ပေါင် 186.1 ပေါင် ကနေ 205 ပေါင် အထိ သတ်မှတ်ထားတာ ဖြစ်ပေမယ့်၊ One Champions hip ကတော့ 224.9 ပေါင် အထိ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

Related image

သို့သော် ဗီရာဟာ အောင်လကို စိန်ခေါ်ထိုးသတ်ဖို့အတွက် သူ့ရဲ့ အလေးချိန်ကို 224.1 ပေါင် အထိ ချထားရမှာ ဖြစ်ပြီး၊ လက်ရှိမှာတော့ အဲဒီလို ဝိတ်ချတဲ့ အစီအစဉ် အပါအဝင်အခြား ပြင်ဆင်မှုတွေကိုလည်း အမေရိကန် နိုင်ငံ လော့စ်အိန်ဂျလိစ် မြို့မှာ ပြုလုပ်လျှက် ရှိနေပါတယ်။ ပြိုင်ပွဲ စည်းကမ်းတွေ အရ ကိုယ်ခန္ဓာအလေးချိန်အရ သတ်မှတ်ချက်အတိုင်း ပြည့်မီရမှာ ဖြစ်ပေမယ့်ဗီရာရဲ့ အရပ် အမောင်းဟာ အောင်လထက် 2 လက်မ အထိ ပိုရှည်နေဆဲ ဖြစ်မှာ ဖြစ်ပါတယ်။ ပြီးတော့ ကျနော့်တို့ရဲ့ မြန်မာ့ဂုဏ်ဆောင် ဖိုက်တာကြီး အောင်လအန်ဆိုင်းက သူ့ရဲ့ ဖေ့ဘုတ်စ်စာမျက်နှာမှာ ယခုလို ရေသားထား ပြန်ပါတယ်။ ကျွန်တော်တို့ရဲ့အသက်တာမှာသေးသေးမွှားမွှားကိစ္စတွေရဲ့နှောက်ယှက်မှုကို.အလေးထားဂရုစိုက်မနေပါနဲ့.ကျွန်တော်ကတော့ October 13 ဂျပန်မှာ ယှဉ်ပြိုင်ထိုးသတ်မယ့်ပွဲမှာအနိုင်ရရှိဖို့ကိုပဲ အာရုံစိုက်ကြိုးစားနေပါတယ်

Image result for aung la n san

“အောက်တိုဘာလ ၁၃ ရက်နေ့ ဂျပန်မှာယှဉ်ပြိုင်ထိုးသတ်ရမယ့် လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံခါးပတ် ကာကွယ်ပွဲမှာယှဉ်ပြိုင်ထိုးသတ်ဖို့ မစောင့်နိုင်တော့ပါဘူးပရိတ်သတ်တွေရော ကျွန်တော့်ကို အားပေးဖို့အတွက်..အဆင်သင့်ဖြစ်နေကြ ပြီလား“လို့လား မေးထားပါသေးတယ်နော်။ Can’t wait for Japan! On October 13th we put our Light Heavyweight title on the line. Are you guys ready to cheer me on. ကဲ ကြည့်ရှု့အားပေးဖို့ စောင့်စားမျှော်လင့်နေတဲ့ ပရိသတ်ကြီးကော ပြိုင်ပွဲကို အမြန်ဆုံးရောက်ချင်နေပြီမို့လား

Myanmar News