Line Walker 2 မှာ သူ့ရဲ့ ဇာတ်ဝင်ခန်းတစ်ခုမှ မပါဝင်ခဲ့တဲ့ အကြောင်းပြောပြလာတဲ့ သရုပ်ဆောင် Hu Go

Last modified date

မြန်မာနိုင်ငံမှာ လာရောက်ရိုက်ကူးခဲ့တဲ့ Line Walker 2ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ခဲ့တဲ့ မြန်မာနိုင်ငံမှ မော်ဒယ် သရုပ်ဆောင် Ho Go ဟာ တစ်ချိန်က Mister ပြိုင်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး ပရိသတ်လဲ အနည်းငယ်ရရှိခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ Line Walker 2ရုပ်ရှင်ဇာတ်ကားကြီးမှာ အောင်မြင့်မြတ်တို့နဲ့အတူ ၀င်ရောက်ရိုက်ကူးခဲ့ပြီး သူ့ကို သိရှိခဲ့တဲ့ ပရိသတ်တွေများပြားခဲ့ပါတယ်။ သူတို့တွေဟာ အဆိုပါရုပ်ရှင်ဇာတ်ကားကြီးမှာ ပင်ပင်ပန်းပန်း ရိုက်ကူးခဲ့ကြပေမယ့် သူ့ရဲ့ ဇာတ်ဝင်ခန်းကတော့ ပိတ်ကားပေါ်မှာ ပါဝင်ခဲ့ခြင်းမရှိပါဘူး။

အဆိုပါကိစ္စ နဲ့ ပတ်သက်ပြီး သူက “ Line Walker 2 မကြည့်ဖြစ်သေးဘူး ။ အခွေထွက်မှဘဲ ရှိတော့မယ် မကြည်တာ နည်းနည်းရှက်လို့ သွားကြည့်ရင် အဲ့တုန်းက ကျွန်တော်တို့အဖွဲ့ဘယ်လောက်ပင်ပန်းခဲ့တယ် ဆိုတာကို ပြန်ပြီး မြင်ယောင်တယ်။ ဇာတ်ဝင်ခန်းတွေသိပ်မပါလာပါဘူး။ တစ်ချို့အခန်းတွေ ထင်သလောက်မပါပါဘူး။ သူများနိုင်ငံမှာ လာရိုက်တော့လဲ သူများ နိုင်ငံက မော်ဒယ်တွေ ခေါ်သုံးရတာပေါ့ နောက်သူတို့ နိုင်ငံပြန်ရောက်မှ ဖျက်သင့်လဲ ဖျက်ရမှာဘဲလေ”

“သူတို့ဘက်ကလဲ လိုအပ်တယ်မထင်လို့ မထည့်တာလေ လုံးဝကိုမပါတာ ကျွန်တော့ အခန်းက သူငယ်ချင်း တွေကပြောတယ် မပါဘူး ဟျောင့် မင်းကိုမတွေ့ဘူးတဲ့ နောက်ဆုံးစာတန်းထိုးတော့ နာမည်လေး ပါတယ် အဲ့အတွက်ကျေးဇူးတင်ပါတယ်။ ပိုက်ဆံတွေအများကြီးအကုန်ခံပြီး ကျွန်တော့်ကိုဘဲ လူသိအောင်လာ လုပ်ပေးသွားလား မသိဘူး။ ကျေးဇူးတင်တယ် အဲ့အတွက်လဲ ကံပေါ့ဗျာ” လို့ ဆိုပြီး ဖြေဆိုခဲ့ပါတယ်။

အဲ့ဒီနောက် လက်ရှိ အနုပညာလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး “ ကြော်ငြာတွေ ၊ ဓာတ်ပုံရိုက်ကူးမှုပိုင်း တွေအများကြီး ပါလာပါတယ်။ အဲ့အတွက် လဲ ယုံယုံကြည်ကြည်နဲ့ အလုပ်အပ်တဲ့သူတွေကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်။ နောက်ပြီး ရုပ်ရှင်တွေအများကြီးရိုက်ဖို့ရှိပါတယ်။ ဒီလိုတွေအောင်မြင်လာလို့ ကျွန်တော့် အနေနဲ့မာန်တက်တာလဲမရှိပါဘူး ။ အရင်လို လွတ်လွတ်လပ်လပ် သွားလာတက်တယ် ၊ အရင်ကပေါင်းတဲ့ သူငယ်ချင်းတွေနဲ့ ပါဘဲ” လို့လဲ ပြောခဲ့ပါတယ်။

Hu Go ဟာ စာပေဗဟုသုတလဲအများကြီး လေ့လာသလို ၊ ကိုယ်ခံပညာတွေ တိုးသထက်တိုးအောင်လုပ်နေပါတယ် ။ လက်ရှိ အာခီနို တက်နေပါတယ်။ နောက်ပြီး မိန်းကလေး၊ယောကျာ်းလေး အကုန် တက်ထားသင့်ပါတယ် ။ လက်ရှိ ပြည်တွင်းမှာ စစ်ဖြစ်နေတာလေ ဘယ်အချိန်ကိုယ့်ဆီရောက်လာမလဲဆိုတာမသိနိုင်ဘူးလေ အာ့ကြောင့် တက်ထား သင့်တယ် လို့လဲ သူ့ရဲ့ ပရိသတ်တွေကို အကြံပေးခဲ့ပါတယ်။

ဖတ်ရှု့ပေးကြတဲ့ ချစ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Credit-Momolay

Myanmar News