အဖိုး၊အဖွားတွေအတွက် ရည်စူးပြီး ဆွမ်းကပ် အလှူလုပ်ခဲ့တဲ့ ဖွေးဖွေးတို့မိသားစု

ပရိသတ်တွေချစ်တဲ့ နိုင်ငံကျော် မင်းသမီးချောလေး ဖွေးဖွေးက မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံး ထိပ်တန်း မင်းသမီးလေး တစ်လက်ပဲ ဖြစ်ပါတယ်။ ဖွေးဖွေးက သူမရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ အောင်မြင်မှုတွေများစွာ ရရှိခဲ့ပြီး အကယ်ဒမီဆုကြီး သုံးဆုကိုလည်း ရရှိထားတာ ဖြစ်ပါတယ်။ ဖွေးဖွေးက လက်ရှိမှာလည်း သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ဖွေးဖွေးတို့ မိသားစုက ကွယ်လွန်သွားပြီဖြစ်တဲ့ သူမတို့ရဲ့ အဖိုး၊ အဖွားတွေကို ရည်စူးပြီး ဘုန်းကြီးဆွမ်းကပ် အလှူလေး လုပ်ခဲ့တာကို တွေ့ရပါတယ်။ ပရိသတ်တွေအတွက် ဖွေးဖွေးတို့ မိသားစုတွေရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဖွေးဖွေးတို့ မိသားစုတွေကတော့ အမျိုးတွေ စုံစုံလင်လင်နဲ့ တော်တော်လေး ပျော်နေတာကို တွေ့ရပါတယ်။ ဖွေးဖွေးကလည်း မြန်မာဝတ်စုံလေးနဲ့ အရုပ်လေးတစ်ရုပ်လို လှနေတာပဲနော်။

ဖွေးဖွေးကတော့ လက်ရှိမှာ ကြော်ငြာတွေကို လက်ခံရိုက်ကူးနေပြီး မကြာခင်မှာလည်း သူမရဲ့ အနုပညာခြေလှမ်းအသစ်ဖြစ်တဲ့ “Love Equation” ရုပ်ရှင်ဇာတ်ကားကြီးကို ဒေါင်း၊ မိုးဟေကိုတို့နဲ့အတူတူ ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။

ဖွေးဖွေးကတော့ အမျိုးတွေနဲ့ ဆုံတုန်း တေော်တော်လေး ပျော်နေပုံပါပဲနော်။ ပရိသတ်ကြီးလည်း ဖွေးဖွေးတို့ရဲ့ အလှူလေးကိုကြည့်ပြီး သာဓုခေါ်ပေးကြပါဦးနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Credit-Momolay

Myanmar News